Sunday, October 28, 2012

နောက်ကြောင်းပြန်မလှည့်ချင်သော်လည်း ရှေ့ဆက်သွားလို့မရအောင် ပိတ်ဆို့နေသူများ ရှိနေ




နှစ်ပေါင်း ၁၀၇ ခုနှစ် သက်တမ်းရှိသော တိုင်းတရားလွှတ်တော်ချုပ်အား ရှေ့နေများကွန်ရက်အနေဖြင့် ထိန်းသိမ်းလိုပါက ကြိုဆိုကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်။

သို့သော် စုပေါင်းရုံးကြီးကို နှစ်သုံးဆယ် ပုဂ္ဂလိကသို့ ဟိုတယ်ဖွင့်လှစ်ရန် ငှားရမ်းပါက အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်း ရရှိမည့်အပြင် နှစ်စဉ်အမြတ်ငွေမှ ၇ ရာခိုင်နှုန်း ရရှိမည်ဖြစ်သ
ည့်အတွက် စဉ်းစားစေလိုကြောင်း ဆက်လက်ပြောသည်။

"တရားလွှတ်တော်ရုံးနဲ့ ပတ်သက်သို့ ၀န်ကြီးရဲ့ စေတနာကို သိရလို့ ကျေးဇူးတင်ပါတယ်။ စုပေါင်းရုံးကတော့ ဟိုတယ်လုပ်ဖို့ လုံးဝမသင့်တော်ပါဘူး။ တိုင်းပြည်ရဲ့ဂုဏ်အတွက် ပြောတာပါ"ဟု ရှေ့နေကွန်ရက်မှ ဦးကိုနီကပြောသည်။

ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်နှင့် ရှေ့နေကွန်ရက်မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အဦ၌ တွေ့ဆုံခဲ့ကြသည်။

ရန်ကုန်တိုင်းတရားလွှတ်တော်ချုပ် အဆောက်အဦအား ၁၉၀၅ ခုတွင် တည်ဆောက်ခဲ့ပြီး စုပေါင်းရုံးကိုမူ ၁၉၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့ကြသည်။


  Myanmar Express
ဘကြီးသက်
Unknown at 3:16 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.