Sunday, October 28, 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် သိရှိနိုင်ရန် တပ်မတော်နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေြး


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် သိရှိနိုင်ရန် တပ်မတော်နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခြင်းနှင့် ရွှေ့ပြောင်း မိသားစုဝင်များအား လိုအပ်သည်များ ကူညီဆောင် ရွက်ပေး လျက်ရှိ

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ ရခိုင်ပြည်နယ် ဝန်

ကြီးချုပ် ဦးလှ မောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်နှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ အစည်းများ၏ ဌာနေကိုယ်စားလှယ် Mr.Ashok Nigam ဦးဆောင်သော ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များ ဖြစ်သည့်WFP၊ UNOCHA၊ UNHCR တို့မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွား လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ ပကတိ ဖြစ်ရပ် မှန်များအား ဖော်ထုတ်သိရှိနိုင်ရန် မြေပုံမြို့သို့ သွားရောက်စစ်ဆေးကြရာ မြေပုံမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူးက မြေပုံမြို့နယ် တွင် အောက်တိုဘာ ၂၃ ရက် ည ၈ နာရီမှ စတင်ဖြစ်ပွားခဲ့သော အခြေအနေ အရပ်ရပ်နှင့် စပ်လျဉ်း၍ ပကတိဖြစ်ရပ်မှန် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လှမင်းက တိုင်းပြည်တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို လေးစားလိုက်နာ နေထိုင်သွားကြရန်၊ ဥပဒေနှင့် ညီညွတ်မှုမရှိသော လုပ်ရပ် များအား ရှောင်ကြဉ်ကြရန်နှင့် မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ဖန်တီး သူများအား တရားဥပ ဒေအရ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ရှင်းလင်းဆွေးနွေး ပြော ကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက နိုင်ငံတော်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း၊ ပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးခြင်းများကို ဆောင်ရွက်နေ သည့် ကာလတွင် ယခုကဲ့သို့ မတည်ငြိမ်မှုများသည် နိုင်ငံတော်၏ လုပ်ငန်းစဉ်များအပေါ် ထိခိုက် သက်ရောက်မှုများ ရှိစေကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ပထမအဆင့် လတ်တလော ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး မည်ဖြစ်ပြီး ဒုတိယ အဆင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ ယခုဖြစ်ပွားလျက် ရှိသည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အခြေအနေ မှန်ပေါ်ပေါက်အောင် ဖြေရှင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ပြည် သူလူထုမှလည်း ဝိုင်းဝန်းကူညီပါဝင် ရန် လိုကြောင်းဖြင့် ရှင်းလင်း ပြောကြား သည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam က မိမိသည် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ကိုယ်စား လာရောက် ဆွေးနွေး ပြောကြားခြင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် လူသားချင်းစာနာမှု အကူအညီများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ ကူညီပေး သွားမည် ဖြစ်ကြောင်း၊ ဒေသနေပြည်သူ များကလည်း တည်ငြိမ်အေးချမ်းစွာ နေထိုင်မှသာ ဒေသစည်ပင်ဝပြော မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနည်း လမ်းအရ ငြိမ်းချမ်းစွာ အတူတကွပူး ပေါင်းနေထိုင်၍ ကောင်းမွန်သော အနာဂတ်ကို ပြည်သူများက ဖော်ဆောင်သွားရန် လိုအပ်ကြောင်းဖြင့် ရှင်း လင်းပြော ကြားသည်။

ထို့နောက် မြေပုံမြို့ ပြည်သူလူထုကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ဖြစ်စဉ် ဖြစ်ပွားရခြင်းနှင့် ပတ် သက်၍ ရှင်းလင်း တင်ပြသည်။
၎င်းနောက် ဒေသခံပြည်သူများအတွက် ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့က အလှူငွေများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အဝတ်အထည်၊ အစားအသောက်နှင့် ကယ်ဆယ်ရေး ပစ္စည်းများကို လည်းကောင်း အသီးသီး ပေးအပ် လှူဒါန်း သည်။ ထို့နောက် မြေပုံ မြို့အတွင်း မီးလောင်ပျက်စီးမှု အခြေအနေများအား လှည့်လည် ကြည့်ရှုကြပြီး တောင်ပေါ်ရပ်ကွက်ရှိ ရွှေ့ပြောင်းမိသားစုဝင်များနှင့် ကံသာထွက်ဝ ရပ်ကွက်ရှိ ရွှေ့ပြောင်း မိသားစုဝင်များအား တွေ့ဆုံ အားပေးစကား ပြောကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ကလည်း ဖြစ်ရပ်မှန် အခြေ အနေများအပေါ် သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ ကြသည်။

ယင်းနောက် မင်းပြားမြို့ စမ္ဘလေ ကျေးရွာနှင့် ယိုင်သည်ကျေးရွာများမှ ရွှေ့ပြောင်း မိသားစု ဝင်များနှင့် တွေ့ဆုံအားပေး စကားများပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ဘကြီးသက်
Unknown at 10:25 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.