Wednesday, October 24, 2012

"မပြေလည်သေးသော ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်"

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ စိုးရိမ်စိတ်များ ရှိနေပြီး မြန်မြန် ဆန်ဆန် ပပျောက်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
''ရခိုင်ပြည်နယ်အရေး အတွက် စိုးရိမ်မှုတော့ ရှိတာပေါ့။ ဒီလိုဖြစ်နေ မယ် ဆိုတာက ခန့်မှန်းလို့လည်း ရတယ်လေ။ ဒါကြောင့် အန်တီ အမြဲ ပြောတယ်။ ရခိုင်ပြည်နယ်မှာ အဓိက တော့ ပြဿနာတွေဖြစ်လို့ရှိရင် ဒီ ပြဿနာတွေ မြန်မြန်ဆန်ဆန် ပပျောက်သွားအောင်လို့ ဥပဒေစိုးမိုး ရေး ရှိရမယ်ဆိုတာ ပြောတာ။
တချို့က ဒီဟာကို မကျေနပ်ကြ ဘူး၊ ဟိုလူ့ကိုအပြစ်ပြော ဒီလူ့ကို အပြစ်ပြောစေချင်တယ်။ ဒီလို ဟိုလူ့ ဒီလူ့ကိုပြောလို့လည်း ဒီပဋိပက္ခတွေ က ပြေလည်သွားမှာ မဟုတ်ဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
လက်ရှိ ပဋိပက္ခ ဆက်ဖြစ်နေ သော ရခိုင်-ဘင်္ဂါလီ အရေးနှင့် ပတ် သက် ၍ ဥပဒေထိန်းသိမ်းရေး တာ ဝန်ယူထားသော သူများသာ အကြမ်း ဖက်မှု တာဆီးရေး ပြုလုပ်ရမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ပြောကြားလိုက်သည်။
''ဒီလို လူမျိုးစုနှစ်စု ဘာသာမတူတဲ့ သူတွေ အကြမ်းဖက်မှု ပဋိ ပက္ခဖြစ်တယ် ဆိုတာ နေ့ချင်းညချင်း ဖြေရှင်း လို့မရဘူး၊ ဒါက အချိန်ယူ ရမယ်၊ ဒီကြားထဲ အပူချိန် လျော့သွားအောင် လို့၊ ဒေါသတွေ လျော့ သွားအောင်လို့၊ တစ်ယောက်နဲ့တစ်ယောက် ကြားထဲ မှာ အကြမ်းဖက်မှုတွေ မဖြစ်အောင် လို့တားဆီး ပိတ်ပင်ဖို့ဆိုတာ ဥပဒေ ထိန်းသိမ်းရေး တာဝန် ယူထားတဲ့ သူတွေက လုပ်ရမှာပေါ့။ ဒါတွေကို ထပ်ပြီးဖြစ်နေရင် ဘယ်လို အဆင်ပြေ အောင်လုပ်မှာလဲ '' ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

အောင်ထက်၊(NYK)
"မပြေလည်သေးသော ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်"

    ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ စိုးရိမ်စိတ်များ ရှိနေပြီး မြန်မြန် ဆန်ဆန် ပပျောက်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
   ''ရခိုင်ပြည်နယ်အရေး အတွက်  စိုးရိမ်မှုတော့ ရှိတာပေါ့။ ဒီလိုဖြစ်နေ မယ် ဆိုတာက ခန့်မှန်းလို့လည်း ရတယ်လေ။ ဒါကြောင့် အန်တီ အမြဲ ပြောတယ်။ ရခိုင်ပြည်နယ်မှာ အဓိက တော့ ပြဿနာတွေဖြစ်လို့ရှိရင် ဒီ ပြဿနာတွေ မြန်မြန်ဆန်ဆန် ပပျောက်သွားအောင်လို့ ဥပဒေစိုးမိုး ရေး ရှိရမယ်ဆိုတာ ပြောတာ။
     တချို့က ဒီဟာကို မကျေနပ်ကြ ဘူး၊ ဟိုလူ့ကိုအပြစ်ပြော ဒီလူ့ကို အပြစ်ပြောစေချင်တယ်။ ဒီလို ဟိုလူ့ ဒီလူ့ကိုပြောလို့လည်း ဒီပဋိပက္ခတွေ က ပြေလည်သွားမှာ မဟုတ်ဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
    လက်ရှိ ပဋိပက္ခ ဆက်ဖြစ်နေ သော ရခိုင်-ဘင်္ဂါလီ အရေးနှင့် ပတ် သက် ၍ ဥပဒေထိန်းသိမ်းရေး တာ ဝန်ယူထားသော သူများသာ အကြမ်း ဖက်မှု တာဆီးရေး ပြုလုပ်ရမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ပြောကြားလိုက်သည်။
    ''ဒီလို လူမျိုးစုနှစ်စု ဘာသာမတူတဲ့ သူတွေ အကြမ်းဖက်မှု ပဋိ ပက္ခဖြစ်တယ် ဆိုတာ နေ့ချင်းညချင်း ဖြေရှင်း လို့မရဘူး၊ ဒါက အချိန်ယူ ရမယ်၊ ဒီကြားထဲ အပူချိန် လျော့သွားအောင် လို့၊ ဒေါသတွေ  လျော့ သွားအောင်လို့၊ တစ်ယောက်နဲ့တစ်ယောက် ကြားထဲ မှာ အကြမ်းဖက်မှုတွေ မဖြစ်အောင် လို့တားဆီး ပိတ်ပင်ဖို့ဆိုတာ ဥပဒေ ထိန်းသိမ်းရေး တာဝန် ယူထားတဲ့ သူတွေက လုပ်ရမှာပေါ့။ ဒါတွေကို ထပ်ပြီးဖြစ်နေရင် ဘယ်လို အဆင်ပြေ အောင်လုပ်မှာလဲ '' ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။         

အောင်ထက်၊(NYK)

ဘကြီးသက်
Unknown at 12:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟွန်းတီးသင့် မတီးသင့်

 
၉-၉-၂၀၁၂ နေ့ထုတ် ကြေးမုံ သတင်းစာ စာမျက်နှာ-၅ ကော်လံ-၃မှာ ‘တက္ကစီများ ဟွန်းမတီးရ နယ်မြေ ဟွန်းတီးပါက ယာဉ်မောင်းလိုင်စင် သုံးနှစ် ပိတ်သိမ်းမည်’ ခေါင်းစဉ်ဖြင့် ၈-၉-၂၀၁၂ ရက်စွဲ တပ်ထားတဲ့ သတင်းကို အောက်ပါ အတိုင်း ဖတ်ရပါသည်။

‘ရန်ကုန်တိုင်း ဒေသကြီး အတွင်း ပြေးဆွဲနေသော တက္ကစီယာဉ် များအား စက်တင်ဘာလ ၃ ရက်မှစတင်ပြီး ‘ဟွန်းမတီးရ’ နယ်မြေတွင် ဟွန်းတီးပါက ယာဉ်မောင်း လိုင်စင် သက်တမ်း တိုးချိန်တွင် သုံးနှစ် ပိတ်သိမ်း သွားမည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။ ရန်ကုန်မြို့ အတွင်းတွင် ဟွန်းမတီးရ နယ်မြေ သတ်မှတ် ထားသော်လည်း စည်းကမ်းမဲ့ ဟွန်းတီးမှုများ ရှိနေသောကြောင့် ယခုကဲ့သို့ အရေးယူရခြင်း ဖြစ် ကြောင်း၊ ဆက်လက်ပြီး ကိုယ်ပိုင် ယာဉ်မောင်းသူများကိုလည်း အရေးယူ သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။ ဟွန်းတီးသော ယာဉ်မောင်းများကို ယာဉ်ထိန်း တပ်ဖွဲ့ ဝင်များ မှတ်တမ်း တင်ထားပြီး က.ည.နရုံးသို့ ၄င်းတို့၏ ယာဉ်မောင်း လိုင်စင်များ ပေးပို့ကာ လိုင်စင်သက်တမ်း တိုးပါက သုံးနှစ် လိုင်စင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် အသစ် တင်သွင်းလာသော ကားများ များပြားလာမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ် နေပြီး ဟွန်းတီးမှုများလည်း များပြားလာကြောင်း သိရသည်။ ပွင့်ဦး(ရန်ကုန်)’

အထက်ပါ သတင်းကို ဖတ်ရပြီးနောက် ရန်ကုန်မြို့ကြီးတွင် နေ ပြီး တက္ကစီယာဉ်မောင်းများ၊ ကိုယ်ပိုင်ယာဉ်များတွင် အငှားမောင်းနေ သူများဘက်မှ စဉ်းစားကာ စိတ်ထဲတွင် ကသိကအောင့် နောက်ကျိစွာ ခံစားရပြီး မေးခွန်းများ၊ စောဒက တက်စရာများ၊ ဆွေးနွေးစရာများ ရှိလာသဖြင့် အခြေခံ လူတန်းစား ယာဉ်မောင်းများဘက်မှ ကိုယ်စား အုပ်ချုပ်သူ စည်းကမ်း သတ်မှတ်သူများနှင့် အများပြည်သူများအား အောက်ပါအတိုင်း တိုင်တည် တင်ပြအပ်ပါသည်။

ပထမဦးစွာ ‘ဟွန်းမတီးရ’ ဟူသော စည်းကမ်းချက်ကို မည်သည့် ရည်ရွယ်ချက်နှင့် သတ်မှတ်ခြင်း ဖြစ်ပါသနည်း။ ရန်ကုန်မြို့ ကြီး ၏လက်ရှိအခြေအနေအရ သတ်မှတ်ရန် လိုအပ်ပါသလား။)
ဒုတိယ အနေဖြင့် ယင်းစည်းကမ်းသည် မည်မျှ အရေးကြီး အန္တရာယ်များ ရှိနေသဖြင့် လိုင်စင်သက်တမ်း သုံးနှစ် ပိတ်သိမ်းရန် အထိ ကြီးလေးသော ပြစ်ဒဏ် ချမှတ်ခြင်း ဖြစ်ပါသနည်း။ (လိုင်စင်သုံးနှစ် ပိတ်သိမ်းခြင်းသည် ၄င်းယာဉ်မောင်းအား ထမင်းစား လက်မှတ် သုံးနှစ် သိမ်းခံရ၍ အလုပ်လက်မဲ့ ဘဝသို့ ပို့လိုက် ခြင်းဖြစ်ပါသည်။)

အထက်ပါ မေးခွန်းများကို သက်ဆိုင်သူများ အနေဖြင့် စဉ်းစား ဖြေကြားရာ၌ တိုင်းပြည်၏ လက်ရှိ ပကတိ အခြေအနေ၊ အောက်ခြေ လူတန်းစားများ၏ ရုန်းကန် လှုပ်ရှားနေရမှု အခြေအနေများကို အမှန်အတိုင်းကြည့်မြင်ပြီး တရားမျှတမှု၊ စာနာထောက်ထားမှု၊ ကရုဏာထားမှုတို့ဖြင့် ချင့်ချိန်ဆုံးဖြတ်ပေးကြပါလို့ မေတ္တာရပ်ခံ ချင်ပါသည်။

ထိုသို့စဉ်းစားရာ၌ အထောက်အကူရစေရန် မိမိ၏ရှိသမျှ အသိဉာဏ်၊ အတွေ့အကြုံများ ကို အောက်ပါ အတိုင်း အကြံပြု ဆွေးနွေး တင်ပြအပ် ပါသည်။

၁။ ယာဉ်မောင်းသူများ အနေဖြင့် ဘာကြောင့် ဟွန်းတီးခြင်း အမှု ပြုပါသနည်း။ ယာဉ်မောင်းသူတိုင်း- ဟွန်းတီးခြင်း အမှုပြုကြခြင်း မှာ အများအားဖြင့် (၉၅ ရာခိုင်နှုန်းသည်)ယာဉ်တိုက်မှု အန္တရာယ် မဖြစ် စေရန် ကာကွယ်သည့် အနေဖြင့် ရှေ့မှကားကို ကြိုတင် သတိပေးခြင်း၊ လမ်းကူးသူများကို သတိပေးခြင်း စသဖြင့် အများပြည်သူများ၏ အသက်အန္တရာယ် အတွက် မဖြစ်မနေ တီးကြရခြင်းဖြစ်ကြောင်း အထူး ရှင်းပြရန် လိုမည်မထင်ပါ။ ကျန်အနည်းစု (၅ ရာခိုင်နှုန်းခန့်သည်) ဒေါသအလျောက် မလိုအပ်ဘဲ ဟွန်းတီးသူများ ရှိနိုင်ပါသည်။ မလိုအပ် ဘဲ ဟွန်းတီးသူများမှာ အလွန် နည်းပါးသည်ဟု ယူဆပါသည်။

၂။ ဟွန်းကို မော်တော်ကားတိုင်း၌ ဘာကြောင့် တပ်ဆင်ထားရ ပါသနည်း။ လိုအပ်လျှင် ရပ်နိုင်ရန် ဘရိတ် တပ်ထားရသည်။ လိုအပ် သလို အနှေးအမြန် မောင်းနှင်နိုင်ရန် လီဗာ တပ်ဆင်ထားရသည်။ လိုအပ်လျှင် မှန်အတင်/အချလုပ်နိုင်ရန် မှန်တင်/ချ ခလုတ်များထား ရှိရသည်။ လိုအပ်လျှင် အန္တရာယ် ကြိုတင် သတိပေးနိုင်ရန် ဟွန်းကို တပ်ဆင်ပေးထားရသည်။ (မြို့တွင်း/မြို့ပြင် နေရာတိုင်းမှာ အထူး သဖြင့် လူ/ကားရှုပ်သည့် ရန်ကုန်မြို့ကြီး မြို့တွင်းမှာ ပို၍ အသုံးပြုရန် လိုအပ် ပါသည်။)

၃။ ရန်ကုန်မြို့တော်ကြီးမှာ ယခုအခါ အရေးကြီး (VIP) (ဥပမာ - သမ္မတ အိမ်တော်၊ လွှတ်တော် အစည်းအဝေး ကျင်းပသည့် နေရာ စသည်ဖြင့် မရှိတော့သဖြင့် ဟွန်းမတီးရ နယ်မြေ သတ်မှတ်ရန် လိုအပ်မှု ရှိနေပါသေး သလား။

၎။ လိုအပ်၍ ဟွန်းတီး သူများကို စည်းကမ်းမဲ့သူ အဖြစ် သတ်မှတ်ပြီး အရေးယူရာ၌ ယာဉ်မောင်းလိုင်စင် သက်တမ်း သုံးနှစ် ပိတ်သိမ်းသွားမည်ဟု ပြစ်ဒဏ်ပေးခြင်းမှာ ပြစ်မှုနှင့် ပြစ်ဒဏ မျှတပါရဲ့ လား။ တရားမျှတမှု ရှိပါရဲ့လား။ ဟွန်းတီး လိုက်သဖြင့် လူသေနိုင် ပါသလား။ ယာဉ်တိုက်မှု ပိုမိုဖြစ်နိုင်ပါသလား။ အန္တရာယ်များသော ယာဉ်စည်းကမ်း ဖောက်ဖျက် သူများကို တကယ် တိတိကျကျ အရေးယူ နေပါသလား။ နိုင်နိုင်နင်းနင်း အရေးယူမှု (လာဘ်ပေး လာဘ်ယူ မလုပ် ဘဲ)လုပ်နေနိုင် ကြပါပြီလား။ (ဥပမာ-မီးပွိုင့် အဝင်တွင် မိမိယာဉ်ကြော မှ မဟုတ်ဘဲ အခြားယာဉ်ကြောမှ အတင်းဝင်ရောက်ခြင်း မလိုအပ်ဘဲ အပြိုင်မောင်းနှင်ခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ လူကိုတိုက်၍ ယာဉ်မောင်းများထွက်ပြေးတိမ်ရှောင်မှုများ ဖြစ်နေခြင်း။)

၎။ တက္ကစီ ယာဉ်မောင်းများသည် မရှိဆင်းရဲသား လက်လုပ် လက်စားများ ဖြစ်ပြီး တစ်ပိုင်တစ်နိုင် မိသားစုများကို ရှာဖွေ ကျွေးမွေး နေကြသူများ ဖြစ်ကြပါသည်။ ကျွန်တော်သိသမျှ တက္ကစီ ယာဉ်မောင်း အချို့၏ ဘဝက အောက်ပါအတိုင်း ဖြစ်ပါသည်။
မြောက်ဥက္ကလာပမှ ယာဉ်မောင်း တစ်ဦးကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့် ကတည်းက သိကျွမ်း ခဲ့ပါသည်။ ၄င်းသည် ဘွဲ့ရ တစ်ဦး ဖြစ်သော်လည်း မိခင်အိုကြီးနှင့် ညီလူမိုက် တစ်ယောက် တို့ကို တက္ကစီမောင်း၍ လုပ်ကျွေးနေသူ ဖြစ်ပါသည်။ မိခင်အိုကြီးမှာ အိပ်ရာထဲ လဲမနေသော်လည်း ကျန်းမာရေး သိပ်မကောင်းပါ။ ညီဖြစ်သူမှာလည်း အရက်စွဲ နေပြီး ဘာအလုပ်မှ မလုပ်ဘဲ ဆိုးပေ တေနေသူဖြစ်ပါတယ်။ ၄င်းညီကို မိခင်အိုကြီးမှ မပစ်ပယ် နိုင် သဖြင့် သားကြီး ဖြစ်သူကပါ ဒဏ်ခံ၍ မိခင်နှင့်ညီကို အိုးမကွာ၊ အိမ်မကွာ တက္ကစီ မောင်းကျွေးနေသူ ဖြစ်ပါသည်။ အစိုးရ အလုပ်လည်း မလုပ်နိုင် မိန်းမလည်းမယူ၊ ယခုအချိန်ထိ လူပျိုကြီး ဘဝနှင့် အသက် ၅ဝ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ယခုအခါ မိခင်ကော၊ ညီငယ်ပါ ကွယ်လွန် သွားကြပြီ ဖြစ်သော်လည်း ကိုယ်ပိုင် ယာဉ်တစ်စီးတောင် မဝယ်နိုင်ဘဲ အငှားယာဉ်မောင်း ဘဝဖြင့် သက်ရှိ ထင်ရှား ရပ်တည် နေရဆဲဖြစ်ပါသည်။

နောက်တစ်ဦး သင်္ဘောသား။ သင်္ဘောတက်ပြီး ပြန်အလာ၊ မိန်းမဖြစ်သူ ဖောက်ပြန်သွား၍ သားတစ်ယောက်နှင့်ကျန်ရစ်ကာ သင်္ဘော ပြန်မတက်နိုင်ဘဲ စုမိသမျှနှင့် တက္ကစီတစ်စီး ဝယ်ပြီး ဘဝ ဝမ်းကျောင်း နေသူ။ နောက်- မိဘများ အရင်က ချမ်းသာ၍ ပညာ ကောင်းစွာမသင်၊ မိဘများ ကွယ်လွန်၍ အရွယ်လွန်မှ ပညာမတတ်၍ အငှား တက္ကစီ ယာဉ်မောင်း လုပ်နေသူ စသည့် စသည်နှင့် ကျွန်တော် မသိသော ဘဝကို ရုန်းကန် လှုပ်ရှားနေရသူ ယာဉ်မောင်းများ များစွာ ရှိနေပါဦးမည်။ မည်သို့ဖြစ်စေ မည်သူမျှ ပိုက်ဆံ ချမ်းသာပြီး အပျော်တမ်း တက္ကစီ မောင်းစားနေသူများ မဟုတ်သည်မှာ သေချာပါ သည်။ ထိုသူများကို ဟွန်းတီးရုံမျှနှင့် လိုင်စင်သက်တမ်း သုံးနှစ် ပိတ်သိမ်းမည် ဆိုပါက ၄င်းတို့အား မှီခို အားထားနေရသော ၄င်းတို့၏ မိသားစုများ၏ စား/ဝတ်/နေရေးကို လူသားဆန်စွာ ကိုယ်ချင်းစာ ငဲ့စောင်း ကြည့်စေချင်ပါသည်။
၅။ ‘ဟွန်းတီးသော ယာဉ်မောင်းများကို ယာဉ်ထိန်း တပ်ဖွဲ့ဝင် များက မှတ်တမ်း တင်ထားပြီး က.ည.နရုံးသို့ ၄င်းတို့၏ ယာဉ်မောင်း လိုင်စင် ပေးပို့ကာ လိုင်စင်သက်တမ်း တိုးပါက သုံးနှစ် လိုင်စင်ပိတ် သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်ဟူသော စာသားများနှင့် ပတ်သက်၍ ကျွန်တော် ဉာဏ် မမီသဖြင့် နားမလည်ပါ။ မှတ်သား ဖမ်းဆီး လုပ်မှာလား။ ဟွန်းတီးသူကို ချက်ချင်းဖမ်းပြီး လိုင်စင် သိမ်း မှာလား။ နောက်ပြီးမှ က.ည.နရုံး ပို့မှာလား။ ဘယ်လို လုပ်ကြမှာလဲ။

နောက်တစ်ခုတင် ပြချင်သည်မှာ ဟွန်းသံကြားရုံမျှနှင့် ဘယ်ကားက ဟွန်းတီးသည်ဟု တစ်ခါတစ် ရံ သဲကွဲစွာ မသိနိုင်ခြင်း ဖြစ်ပါသည်။ ကားများထပ်ခြင်း၊ ရှေ့နောက် နီးကပ်စွာ ရပ်ထားခြင်းများကြောင့် တကယ် ဟွန်းတီးသည့် ကားကို မဖမ်းဘဲ ဟွန်းမတီးသည့်ကားကို ဖမ်းမိပါက အဖမ်းခံရသူ အနေဖြင့် များစွာ နစ်နာ နိုင်ပါသည်။ အငြင်းပွားစရာ ကိစ္စများ ဖြစ်နိုင်ပါသည်။ အမှန်ကို ပြောရလျှင် မှတ်သား ဖမ်းဆီးကို ယခုထိ မယုံကြည်နိုင်သေးဟု ဆိုလျှင် မှားမည် မထင်ပါ။

သတင်းစာတွင် ‘ဆက်လက်ပြီး ကိုယ်ပိုင်ယာဉ် မောင်းသူများ ကိုလည်း အရေးယူ သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် အရ သိရသည်’ ဟုပါရှိပါသည်။

ကိုယ်ပိုင်ယာဉ်မောင်း ဆိုရာ၌ ကိုယ်ပိုင်ယာဉ်ကို ကိုယ်တိုင်မောင်း သူများရှိသလို ချမ်းသာသောမိသားစုများ၊ ကုမ္ပဏီများ အနေဖြင့် ကိုယ်ပိုင်ကား၊ ကုမ္ပဏီကားများကို အငှားယာဉ်မောင်း တင်၍ မောင်း နေသော (လခစား ယာဉ်မောင်းများ) ဟူ၍ရှိပါသည်။
ထိုလခစား အငှားယာဉ်မောင်း များသည်လည်း ဆင်းရဲသား လူတန်းစား မိသားစု စား/ဝတ်/နေရေးအတွက် ယာဉ်မောင်းစားနေသူ များ အများစုဖြစ်ပါသည်။ ထိုအထဲတွင် ကျွန်တော်တို့လို အစိုးရ ဌာနမှ အငြိမ်းစားယူပြီး ချွေးနှဲစာဖြင့် ဈေးပေါပေါခေတ်က ဝယ်ထားခဲ့မိ သောကားကို မအပ်နိုင်၊ အပ်ပြီးလျှင်လည်း နောက်ထပ် အသစ်ဝယ်ရန် ငွေထပ်မလိုက်နိုင်၊ ဒရိုင်ဘာလည်း မငှားနိုင်သဖြင့် ယင်းကားအိုလေး ကို ကိုယ်တိုင်မောင်း၍ အရွယ်ရောက်လာသည့် သားသမီးများအား ကျောင်းပို့/ ကျောင်းကြို ကိစ္စ၊ မိန်းမ ဈေးသွားသည့် ကိစ္စ၊ ဟိုနား သည်နား သာရေး၊ နာရေး ကိစ္စများ၌ အသက်ကြီးမှ ဒရိုင်ဘာ လုပ်နေရသူ အနည်းစုလည်း ရှိနေပါသေးသည်။

မည်သို့ဆိုစေ တက္ကစီ ယာဉ်မောင်းများ၊ ကိုယ်ပိုင်ယာဉ် ကုမ္ပဏီပိုင်ယာဉ် အငှား မောင်းသူများသည် စားဝတ် နေရေးအတွက် မိမိတတ်သည့် ပညာလေးဖြင့် ဝင်ငွေရှာနေကြရသော ဆင်းရဲသား လူတန်းစား အလုပ်သမားများသာ ဖြစ်ကြောင်း အထူးပြောရန် မလိုပါ။
နောက်ပြီး ဟွန်းတီးတဲ့ ပြစ်ဒဏ်က သုံးနှစ်တောင် လိုင်စင် အသိမ်းခံရမှာ ဆိုတော့ ယာဉ်မောင်းပြီး ပိုက်ဆံရှာရတဲ့ သူတွေ အနေနဲ့ သုံးနှစ် ထမင်းစားလ က်မှတ် အသိမ်းခံရတာပါပဲ။ သူ့ရဲ့ မိသားစုကို လုပ်ကိုင် ကျွေးမွေးနေသူ ဖြစ်ခဲ့ရင် သူ့မိသားစုတွေရဲ့ နောင်ရေး ကိစ္စကိုကော စဉ်းစားကြည့်ကြပါဦး။

ဒီပြစ်ဒဏ် အတွက် အဖမ်းခံရပြီ ဆိုရင် ဒီယာဉ်မောင်း ဘာလုပ် မလဲ။ ယာဉ်ထိန်းရဲနဲ့ ညှိတော့မယ်။ ဘယ်လိုညှိ မလဲ။ ပထမ တောင်း ပန်မယ်။ တောင်းပန်လို့ မရရင် ဒီကိစ္စက လာဘ်ပေးလာဘ်ယူ ဆောင် ရွက်အောင် အားပေးသလိုများ ဖြစ်မနေဘူးလား။ ယာဉ်ထိန်းရဲ တွေကကော လာဘ်မယူဘဲ တကယ် မှန်မှန်ကန်ကန် တာဝန် ထမ်းဆောင် နေကြပြီလား။
လမ်းတွေ ပေါ်မှာ ယာဉ်ထိန်းရဲတွေ ကားတစ်စင်းနဲ့ လျှောက်ပြီး ကားတွေဖမ်းဖို့ စီးလာတဲ့ကား ကုန်ကျစရိတ်တွေ ဘယ်က ရပါသလဲ။ အစိုးရ ဘတ်ဂျက်နဲ့ ခွင့်ပြုထားပါသလား။ သူတို့ရဲ့တစ်နေ့တာ အသုံးစရိတ်(စားသောက်စရိတ် စသည်)ဘယ်ကရပါသလဲ (သောက်ရေအတွက် ရေသန့်ဘူးတွေကို ရေသန့်ဘူးပို့တဲ့ ကားတွေ ဆီကရမယ် ထင်ပါတယ်။) ဒါဥပမာပြောတာပါ။

နောက်လမ်းတွေကကော ဖြောင့်ဖြောင့်မှန်မှန် သွားနိုင်အောင် ချောမွေ့ ကောင်းမွန် နေပါပြီလား။ ခုံးကျော်တံတားတွေ ဆောက် လုပ်နေဆဲ၊ လမ်းအပေါက်အပြဲတွေ နောက်ကလိုက်ပြီး အလျင်မီ အောင် မနည်းကြိုးစားပြီး ဖာထေးနေရဆဲ မဟုတ်ပါလား။ လမ်းဖြတ် ကူးသူ၊ ခြေလျင် ခရီးသွားများ ကကော တကယ် စည်းကမ်းလိုက်နာ နေကြပြီလား။ ယာဉ်အို ယာဉ်ဟောင်းတွေ (ကားသစ် မလဲသေးသော) ရဲ့ကားရဲ့ကြံ့ခိုင်မှုတွေ ရာခိုင်နှုန်း အတော်များများ ပြုပြင် ပြေးဆွဲနေ ကြပါရဲ့လား။ လူကူး မျဉ်းကျားတွေကော သတ်သတ်မှတ်မှတ် လုံလုံလောက်လောက် ရေးဆွဲ ထားပါသလား။

အများကြီး အများကြီး လုပ်စရာတွေ ပြုပြင်စရာတွေ ရှိနေပါ သေးသည်။ အခုမှ တိုင်းပြည်ကို ဒီမိုကရေစီ စနစ် ထူထောင်ပြီး ရုပ်ပိုင်းရော စိတ်ပိုင်းရော အပြင်းအထန် ပြင်ဆင် ပြောင်းလဲ နေကြဆဲ ကာလမှာ ဘာမဟုတ်တဲ့ အသေးအဖွဲ ကိစ္စတွေ အတွက် ဆင်းရဲသား လူတန်းစား အများအပြား ဒုက္ခရောက်အောင်၊ ပိုပြီး ပြဿနာ တက်အောင် ငယ်တဲ့ အမှုကြီး၊ ကြီးတဲ့ အမှု ကိုယ်ကျိုးနည်းအောင် မလိုအပ်တဲ့ စည်းကမ်း သတ်မှတ် သလိုများ ဖြစ်မနေဘူးလား။ ဒီစည်းကမ်းကို ဘယ်နိုင်ငံက အတုယူပြီး ဒီနိုင်ငံအတွက် ပြဋ္ဌာန်း ပါသလဲ မသိပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ရေ၊ မြေ လက်ရှိ အခြေအနေများ အရ တကယ်လိုအပ်မှု ရှိ မရှိ လိုက်လျောညီ မျှမှုရှိ မရှိ ဝိုင်းစဉ်းစား ဆုံးဖြတ်နိုင်ကြပါ ရန် တင်ပြခြင်း ဖြစ်ပါသည်။

မြိုင်ကြီး (ဝမ်းတွင်း)

The Voice Weekly Vol.8/ No.42 ပါ Opinion ကဏ္ဍ မှ ဖော်ပြချက်

REF: The Voice Weekly

ဘကြီးသက်
Unknown at 12:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမေရိကန် သံအမတ် ဗုဒ္ဓဘာသာ ကူးပြောင်းမယ်ဆိုတာ ငြင်းဆိုထား


မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်နဲ့ ဇနီးတို့ဟာ လာမယ့် သတင်းပတ် သတင်းကျွတ်အခါသမယမှာ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းမှာ ဖြစ်တယ်ဆိုတဲ့စကားအပေါ် သူ့မှာ အဲဒီလို လုပ်ဖို့ အစီအစဉ် မရှိဘူးလို့ ရန်ကုန် အမေရိကန် သံရုံး ဖေ့စ်ဘုတ် စာမျက်နှာမှာ မကြာသေးခင် နာရီပိုင်းကပဲ ဖော်ပြသွားပါတယ်။


မျိုးရိုးစဉ်ဆက်က ဂျူးမိသားစုက ဆင်းသက်လာပေမယ့်လို့ ကျနော့်ရဲ့ ဘာသာရေး ယုံကြည်မှု အပေါ် ကျနော် ဂုဏ်ယူကြောင်း သူက သံရုံး ၀န်ထမ်းတွေကို ပြောလိုက်ပါတယ်။

သူ့ဇနီးဖြစ်သူကတော့ ဗုဒ္ဓဘာသာကို နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားကြောင်း၊ ဗုဒ္ဓ ဘာသာဝင် ကိစ္စကို အချိန်တော်တော်ကြာ လေ့လာထားကြောင်းတွေလည်း ပြောဆိုထားပါတယ်။

အမေရိကန် သံရုံး ဖေ့စ်ဘုတ်စာမျက်နှာ ပါ ဖော်ပြမှု
U.S. Embassy Rangoon Liked · about an hour ago

Ambassador Mitchell Discusses His Religious Beliefs:

Despite reports that Ambassador Derek Mitchell and his wife will convert to Buddhism during Thadingyut next week, the Ambassador said that he does not have any plans to do so. ud of my religious heritage, having come from a Jewish family going back many generations,” he told Embassy employees.
“At the same time, my wife has tremendous interest in Buddhism, and I myself have spent much time studying Buddhist tenets. I have nothing but the greatest respect and admiration for the wisdom embodied in its teachings -- as I do for all the traditions and religions in this wonderfully diverse country.”(Credit:Irrawaddy)

Photo: အမေရိကန် သံအမတ် မစ္စတာ ဒဲရစ်မစ်ချဲလ်နှင့် ဇနီး ဇူလိုင်လ လယ်က ရွှေတိဂုံ လာရောက်ဖူးမြှော်စဉ်၊ ဓာတ်ပုံ- ရန်ကုန် အမေရိကန်သံရုံး ဖေ့စ်ဘုတ်စာမျက်နှာ


ဘကြီးသက်
Unknown at 11:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထောင်တစ်သက်လွတ်ရက်မရှိ လင်္ကျာထွန်းကိုမမေ့ကြနဲ.



ထောင်တစ်သက်လွတ်ရက်မရှိ လင်္ကျာထွန်းကိုမမေ့ကြနဲ.တဲ့ ထိုစာလေးကိုဖတ်ပြီး ကျွန်တော်ရင်ထဲမှာနာကျင်သွားခဲ့ရပါတယ်။ ဘာလို.လဲဆိုတော့ လင်္ကျာထွန်းကို စွပ်စွဲခဲ့တဲ့ ပုဒ်မမျိုးနဲ. ကျွန်တော်လည်းသေဒဏ်ကျခဲ့ဖူးလို့ပါပဲ။

ဒါပေမယ့် ခုကျွန်တော်ကအပြင်မှာ ၀ါသနာပါတဲ့ အလုပ်တွေကို မမောတမ်းလုပ်ကိုင်နေတဲ့အချိန် လင်္ကျာထွန်းကတော့သာယာဝတီထောင်ထဲမှာအချိန်ကာလတွေကိုအထီးကျန်ဖြတ်သန်းလျက်ရှိပါတယ်။ကိုယ်ချင်းစာနာစိတ်နဲ.လင်္ကျာထွန်းအကြောင်းတွေးမိတဲ့ အခါ ၁၉၈၈ဒီမိုကရေစီလှုပ်ရှားမှုအရေးတော်ပုံကြီးမှာ သူပါဝင်လှုပ်ရှားခဲ့တဲ့ ပုံရိပ်တွေကို ပြန်ပြီးမြင်ယောင်လာပါတယ်။

၁၉၇၂ ခုနှစ်၊ ဧပြီလ (၅) ရက်နေ.မှာမွေးဖွားခဲ့တဲ့ လင်္ကျာထွန်းဟာ ၁၉၈၈ ခုနှစ်မှာ (၁၆) နှစ်သာသာပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီး ဆောင်ရွက်ခဲ့တဲ့ အတွက် ၁၉၈၉ ခုနှစ်မှာပဲ ပုဒ်မ ၅(ည)၊ ၁ရ(၁)တွေနဲ. ထောင်ဒဏ် (၅) နှစ် အပြစ်ပေးခံခဲ့ရပါတယ်။

လင်္ကျာထွန်းဟာ ထောင်ထဲမှာ ဘာသာဗေဒကို စိတ်ဝင်စားခဲ့ပြီး အထူးသဖြင့် အင်္ဂလိပ်စာ၊ ပြင်သစ်ဘာသာ တွေကိုလေ့လာခဲ့ပါ တယ်။ ၁၉၉၆ ခုနှစ် အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပြီး ဟော်တယ်နဲ. ခရီး သွားများဌာနမှာဘာသာပြန်အလုပ် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အလုပ်ကအဆင်ပြေပေမယ့် စစ်ဖိနပ်အောက်က သူ.တိုင်းပြည်ကိုမချိတင်ကဲကြည့်ရင်း ဒီမိုကရေစီအရေး ဆက်လက်လှုပ်ရှား ဆောင်ရွက်နေသူတွေနဲ. ပြန်လည်ချိတ်ဆက်လှုပ်ရှားခဲ့ပါတယ်။

လင်္ကျာထွန်းဟာ ဗကသကျောင်းသားတွေဖြစ်တဲ့ ကိုအောင်ဒင် ( Burma Canpaign USA )၊ ကိုခင်လှိုင် (ခ) ကိုဖိုးဆောင်း၊ ဆက်နိုင်အောင် ( ဦးလှရွှေ၏သား )၊ သုတအောင် (ကွယ်လွန်)၊ ကျော်ဇော ( ကဗျာဆရာ ကြည်ဦး ၏သား ) တို.နှင့်ပူးပေါင်းပြီး လက်တွဲလှုပ်ရှားခဲ့တာပါ။ ၁၉၉၈ မှာ စစ်အုပ်ချုပ်ရေး ကာလတလျှောက် အခွင့်အရေးတွေနစ်နာခဲ့ရတဲ့ ကျောင်းသားထုအတွက် " ကျောင်းသားထုအခွင့်အရေး ကာကွယ်မှုကော်မတီ " ကို ဖွဲ.စည်းပြီး လှုံဆော်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

အဲဒီနောက် ABSDF တပ်ရင်း ၂၀ရ ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့တဲ့ မင်္ဂလာတောင်ညွှန်.သား ကိုသိန်းနဲ. ခင်မင်ရင်းနှီးရာကနေ ပြည်တွင်းကျောင်းသားလှုပ်ရှားမှု အရှိန်မြှင့်တင်ဖို. ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ သို.သော်လည်း လင်္ကျာထွန်းဟာ ပြည်တွင်းမှာ ဖေါက်ခွဲဖျက်ဆီးရေးတွေလုပ်ဖို.ဆိုပြီး ဆွေးနွေးတိုင်ပင်ခဲ့တာ မရှိပါဘူး။ ၁၉၉၈ ခုနှစ် မတ်လမှာတော့ လင်္ကျာထွန်းဟာပြည်တွင်းမှာ အကြမ်း ဖက်သူ တွေနဲ.တိုင်ပင်ပြီး ဖောက်ခွဲဖျက်ဆီးရေးတွေလုပ်ဖို. ကြံစည်တယ်ဆိုပြီး စစ်ထောက်လှမ်း ရေးရဲ. ဖမ်းဆီးခြင်းကိုခံခဲ့ရပါတော့တယ်။


ဒီအမှုမှာ လင်္ကျာထွန်းဟာ ကိုသိန်း၊ ခင်လှိုင်(ခ)ဖိုးဆောင်းနဲ.အတူ နိုင်ငံတော်ပုန်ကန်မှု ၁၂၂(၁) နဲ. သေဒဏ် အပြစ်ပေးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန်.ကြောင့် သေဒဏ်ကနေ ပယ်ဖျက်ထားခဲ့ပေမယ့် ယခုအချိန်ထိတော့ ထောင်တစ်သက်လွတ်ရက်မရှိပြစ်ဒဏ်ကို ခံနေရဆဲဖြစ် ပါတယ်။
လင်္ကျာထွန်းတစ်ယောက် ထောင်ထဲမှာ (၁၅) နှစ်ကျော်နေထိုင်ပြီးတဲ့ အချိန် သူ.အမှုတွဲတွေလည်း လွတ်မြောက်သွားကြပြီ။ သူနဲ.အတူ သေဒဏ်ကျထားတဲ့ ခင်လှိုင်လည်း အပြင်ပြန်ရောက်သွားပါပြီ။ သာယာဝတီထောင်ထဲမှာ လင်္ကျာထွန်း နဲ. ကိုသိန်းသာ ကျန်ပါတော့တယ်။ ယနေ.အချိန်အထိ သားပြန်လာမယ့်လမ်းကို စောင့်မျှော်နေသူကတော့ အသက် (၈၅) နှစ်ရှိပြီဖြစ်တဲ့ မိခင်ကြီး ဒေါ်ရီ ဖြစ်ပါတယ်။ ဒေါ်ရီ ရဲ.ကျန်းမာရေး အခြေအနေကလည်း ဆိုးဝါးနေပါပြီ။ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးတိုင်း သူ.သားပါမလာတဲ့အတွက် မိခင်တစ်ယောက်ရဲ.ရင်မှာ နာကျင်ထိခိုက်ခံစားခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။
သားရဲ.ထောင်ဝင်စာကို လေဖြတ်သွားပြီးကတည်းက သွားမတွေ.နိုင်တော့တဲ့အတွက် ခုတော့ လင်္ကျာထွန်းရဲ. အကိုကြီးကပဲ ပုံမှန်သွားတွေ.နေရပါတယ်။ လင်္ကျာထွန်းရဲ. ထောင်တွင်း ကျန်းမာရေး အခြေအနေကတော့ ကောင်းမွန်လျက်ရှိပါတယ်။ သူဝါသနာပါတဲ့ ဘာသာဗေဒတွေကိုလည်း ဆက်လက်ပြီး လေ့လာဆည်းပူးလျက်ရှိပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် နိုင်ငံရေးဖိနိုပ်မှုများကြောင့် ကံဆိုးပြီး သေဒဏ် ကျခဲ့တဲ့ လင်္ကျာထွန်းဟာ အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်ကို အကောင်အထည် ဖော်နေတာ အစစ်အမှန်ဆိုရင် လွတ်မြောက်ဖို. အချိန်တန်နေပါပြီ။ ၁၉၈၈ က ၁၆ နှစ်သား လူငယ်တစ်ယောက်ဟာ ၂၀၁၂ ခုနှစ်မှာမြန်မာနိုင်ငံရဲ. ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးဖို. အချိန်တန်နေပါပြီ။
အသက် (၈၅) နှစ်အရွယ် မိခင်ဘေးမှာလည်း ခြေဆုပ်လက်နယ်ပြုလုပ်ခွင့်ကို သားတစ်ယောက်အနေနဲ. အခွင့်အရေးရသင့်နေပါပြီ။ ဆက်လက်ပေးမယ့် လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ လင်္ကျာထွန်းနံမည်ကို တွေ.ရရင် ကျွန်တော်တို.အားလုံး ကိုယ်ချင်းစာနာစိတ်နဲ. ပျော်ကြရမှာ သေချာပါတယ်။
အနာဂတ်မြန်မာအမျိုးသားတွေရဲ. စည်းလုံးညီညွှတ်မှုအလားအလာကို အားရကျေနပ်မိမှာအမှန်ပါပဲ။ ခုလို အခြေအနမှာတော့ ထောင်တစ်သက်လွတ်ရက်မရှိ လင်္ကျာထွန်းကို အားလုံးမမေ့ကြပါန.ဲလို.ပဲ တိုက်တွန်းလိုက်ချင်ပါတယ်။
( ဇော်သက်ထွေး )
လင်္ကျာထွန်း၏မိခင် ဒေါ်ရီက နိုင်ငံတော်သမတထံပေးသောစာ ------------------------------------------------------------------ သို.
ဦးသိန်းစိန်
သမတကြီး
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ကျွန်မအမည်မှာ ဒေါ်ရီဖြစ်ပါသည်။ အသက် (၈၅) နှစ်ရှိပြီး ထောင်တစ်သက်လွတ်ရက်မရှိ ကျခံနေရသော မောင်လင်္ကျာထွန်း မိခင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို.နယ်၊ (၁၅) လမ်း၊ အမှတ်-၁၁၆ ( ၃လွှာ )၊ ၀ဲခန်းတွင်နေထိုင်သည့် ဗမာလူမျိုး ဗုဒ္ဓဘာသာကိုးကွယ်သူတစ်ဦးဖြစ်ပါသည်။
အမေအို၏သား မောင်လင်္ကျာထွန်းသည် အရွယ်နှင့်မမျှသော ပြစ်ဒဏ်များကို ခံခဲ့သည်မှာ ယခုလက်ရှိအချိန်အထိဖြစ်ပါသည်။ သားနှင့်ပတ်သက်သောစွပ်စွဲချက်များသည် မမှန်ကန်ပါလို. အမေ့အနေဖြင့် ကျမ်းသစ္စာပြုနိုင်ပါသည်။ အမေ၏သားငယ်ကို ၁၉၉၈ ခုနှစ်ကဒုတိယအကြိမ်ဖမ်းဆီးပြီးခံခဲ့ရပါသည်။ ၄င်းတို.စွပ်စွဲသောအရာများတွင် အမေ့၏သားငယ်အတွက် တဖက်သတ်စွပ်စွဲချက်များသာ ဖြစ်ပါသည်။
သားငယ်ကို သေဒဏ်ချပြီး(၃)လအကြာမှ သိရပြီး၊ရှေ.နေငှားခွင့်မရှိ၊ မည်သည့်တရားရုံးကပင် အမိန်.ချသည်ကို မသိရှိခဲ့ရဘဲ ထိုကဲ့သို.ကြီးမားသည့် ပုဒ်မကြီးများနှင့်လူငယ်တစ်ယောက်၏ဘ၀ ယနေ.ထိတိုင်အောင် ဆုံးရှူံးခဲ့ရပါသည်။
မောင်လင်္ကျာထွန်းကို ပထမအကြိမ် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးပြီး နယ်စပ်ဖြတ်ကျော်မှု နှင့် ပုဒ်မ ၁ရ(၁)၊၅(ည) နှင့် ထောင်ဒဏ် (၅) နှစ်ချမှတ်ခဲ့ပြီး၁၉၉၆ ခုနှစ်တွင် လွတ်လာပြီး ၄င်းဘ၀အတွက် စာကြိုးစားပြီး ဟိုတယ်နှင့်ခရီးသွားဌာနတွင် ဘာသာပြန်အလုပ်ကိုလုပ်ကိုင်ပြီးနေချိန်တွင်၁၉၈၉ ခုနှစ်တွင် ထပ်မံဖမ်းဆီးပြီး ယခုကဲ့သို. သေဒဏ်ချမှတ်ခဲ့ပါသည်။
သူ.ကို အမေတို. ပထမဦးဆုံးထောင်ဝင်စာသွားတွေ.ချိန်တွင် သူပြောခဲ့သောစကားကို အမေ့တစ်သက် မေ့လို.မရပါ။ " အဖေနှင့်အမေ ကျွန်တော်ကိုယ်ကျွန်တော်မယုံဘူး။ ကျွန်တော်ဘာမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော်ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ပါ။ သူတို. မတရားစွပ်စွဲခဲ့တာပါ။ အမှန်တရားဆိုတာ ကျွန်တော်တို.နိုင်ငံမှာမရှိတော့ပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတာလည်း မရှိတော့ဘူးလား "ဟူသော စကားဖြစ်ပါသည်။
ယခုအချိန်တွင် သားငယ်လေးက သာယာဝတီထောင်ထဲမှာ သူတတ်တဲ့ စာတွေဖတ်၊ စာမတတ်တဲ့သူတွေကို စာသင်၊ ဘာသာရေးတွေဖိဖိစီးစီးလုပ်၊ဂိုလ်အင်ကာတရားစဉ်တွေကိုလည်း အကြိမ်ကြိမ်ဝင်ပြီး လွတ်မယ့်ရက်ကို မသိတဲ့ထောင်တစ်သက်ကို ရင်ဝယ်ပိုက်ပြီးစောင့်မျှော်နေသည်မှာ အမှန်ပဲ။
ယခု ပြည်သူ.လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သားလွတ်မြောက်ရေးအတွက်ကူညီနိုင်မည်ဟု မျှော်လင့်ပြီး အမေ့သားလည်း သူတတ်သည့်စာပေတို.နှင့် တိုင်းပြည်ကို အုတ်တစ်ချပ်သဲတစ်ပွင့်ပမာကူညီခွင့်ပြုပေး နိုင်ပါစေ။သား မောင်လင်္ကျာထွန်းကပြောပါသည်။ သူ.ဘ၀ တစ်စိတ်တစ်ဒေသ ဟာ ထောင်တွင်းတွင်သာကြီးပြင်းခဲ့ပြီးပညာမသင်နိုင်ခဲ့ပေ။ သူအမြဲတမ်း သူ.ရဲ.စာဖတ်စာရေးဝါသနာကြောင့် သူလေ့လာဖတ်ရှူမှု ကို ထောင်တွင်းတွင်သာပြုလုပ်နိုင် ပေမယ့်ထောင်တွင်းမှလည်း သူ.ထက်ပညာတတ် တွေ တွေ.ခဲ့ပြီး သူတို.ဆီကအလွတ်မခံ သင်ကြားမှတ်ယူနေသူတစ်ယောက်ဖြစ် ပါသည်။
အမေ့အနေဖြင့် သားမောင်လင်္ကျာထွန်းတစ်ယောက်ပင် မဟုတ်ဘဲ သားကဲ့သို. ယုံကြည်ချက်ရှိသော အကျဉ်းသားများ အားလုံးလည်း ပြန်လည်လွတ်မြောက်စေလိုပါသည်။ အားလုံးဝိုင်းဝန်း၍ ကူညီပေးပါရန် မေတ္တာစေတနာဖြင့် တောင်းဆိုပါသည်။ သားငယ်၏အမှုတွဲဖြစ်သူ ကျောင်းဆရာ ဦးခင်လှိုင်(ခ)ဦးဖိုးဆောင် သေဒဏ်နှင့် ထောင်ဒဏ် (၁၄)နှစ် ကျခံရသောသူသည် နိုင်ငံတော်သမတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၂ ခုနှစ်၊ဇန်န၀ါရီလ(၁၃)ရက်နေ.ကလွတ်မြောက်လာသည့် အကျဉ်းသားထဲတွင် ပါဝင်ခဲ့သည်ကိုလည်း ကြားသိရှိခဲ့ရပါသည်။ ထို.ကြောင့် အမေ့အနေဖြင့်လည်းသားအတွက် မသေခင်ပြန်လည်ဆုံဆည်း မည် ဟု များစွာမျှော်လင့်ပါသည်။
ရိုသေလေးစားစွာဖြင့်
ဒေါ်ရီ
၁၂/ကတတ (နိုင်) ၀၀၄၀၅၃
အမှတ်-၁၁၆/ ၃ ထပ် (၀ဲခန်း)၊ (၁၅) လမ်း
လမ်းမတော်မြို.နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဘကြီးသက်
Unknown at 11:30 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျောက်ဖြူမြို့ မှာ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေ

၂၄.၁၀.၂၀၁၂ ရက်နံနက် ၉း၀၀ နာရီ ကျောက်ဖြူမြို့ သတင်း
---------------------------------
ယမန်နေ့က စတင်ခဲ့သော ကျောက်ဖြူမြို့ အကြမ်းဖက်မှုမှာ ယခုအခါ အရှိန်အဟုန်း ပြင်ထန်းလျှက် ရှိပါသည်။

မနေ့ ညဥ့် အချိန်တုန်းက ဘင်္ဂလီများသည် ညအမှောင် အားကိုးဖြင့်
ရခိုင်များကို ဂျင်ကလီများဖြင့် ပစ်ခတ်မှုကြောင်း ရခိုင်များဖက်မှ ဒဏ်ရာ ရရှိမှု များပြားခဲ့ပါသည်။

အတည်အပြုနိုင်သော သတင်းအရ ရခိုင် (၂၀) လောက် ဒဏ်ရာ အပြင်းအထန်းရရှိခဲ့သည်ဟု သိရှိရပါသည်။

ယခုအခါ ပိုက်ဆိပ် ရပ်ကွက်အတွင်း တဖက်နှင့် တဖက် အပြန်အလှန် တိုက်ခိုက်မှု၊ မီးရှိုးမှုများ ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိပါသည်ဟု သိရှိရပါသည်။

သတင်း- (ဓါတ်ပုံ) Rakhine Straight Views




ဘကြီးသက်
Unknown at 11:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရဌာနများအတွင်းက မိုးကျရွှေကိုယ်များ

“အရပ်ဘက် အစိုးရဌာန များအတွင်း မိုးကျရွှေကိုယ် တပ်မတော် အရာရှိများ ၀င်ရောက် တာဝန် ထမ်းဆောင်ခြင်းက လုပ်သက်ရှိ အရပ်သား ၀န်ထမ်းတို့အား မျှော်လင့်ချက် ကင်းမဲ့စေ”

အရပ်သား အစိုးရ လက်ထက်တွင် နိုင်ငံအတွင်း အပြောင်းအလဲ များစွာ ဖြစ်ပေါ် တိုးတက် ခဲ့သော်လည်း အစိုးရ ဌာနများ အတွင်း လူမှန်၊နေရာမှန် မရှိခြင်းက အောက်ခြေ အဆင့်ပါ လိုက်လျော ညီထွေ ပြုပြင်ပြောင်းလဲမှုဖြစ်လာစေရန် အဟန့်အတား တစ်ခုဖြစ်ကြောင်း အစိုးရဌာနများ၌ တာဝန် ထမ်းဆောင်ခဲ့သူ အရာရှိများနှင့် ပညာရှင်တို့က သုံးသပ်သည်။

သူတို့အခေါ် လေထီးတပ်သား (သို့မဟုတ်) မိုးကျရွှေကိုယ်များဟု လူသိများသည့် တပ်မတော်မှ ပြောင်းရွှေ့လာသည့် လုပ်ငန်းမကျွမ်းကျင်သူများအား ရာထူးကြီးကြီးပေးကာ   ဌာနအတွင်းရှိ  ကျွမ်းကျင်သူများအထက်တွင် ထားရှိစေခြင်းသည် အဆိုပါဝန်ထမ်းများအတွက် အနာဂတ်မျှော်လင့်ချက် ပျောက်သွားကာ လုပ်ချင်ကိုင်ချင်စိတ်များ ကုန်ခန်းစေသည့် အချက်များအနက် တစ်ခုဖြစ်ကြောင်း အငြိမ်းစားနှင့် လက်ရှိလုပ်ကိုင်နေသည့်  ဌာနဆိုင်ရာဝန်ထမ်းများက ပြောကြားသည်။

“အဲဒီစနစ်ကတော့ အလွန်ကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ။ တိုင်းပြည်ကို ဘယ်လိုမှ အကျိုးမရှိတဲ့ကိစ္စပဲ” ဟု ကြားဖြတ်နေရာပေးသည့် စနစ်အပေါ် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတွင် ၄၅ နှစ်ခန့် လုပ်ကိုင်ခဲ့ပြီး အငြိမ်းစားယူခဲ့သူ ဒေါက်တာထွန်းလွင် ကပြောသည်။

ဌာနဆိုင်ရာမှ အရာရှိရာထူးများ ခန့်အပ်ပါက နိုင်ငံတော် ပြန်တမ်းများမှတစ်ဆင့် ထုတ်ပြန်ချက်များ ထုတ်ပြန်လေ့ရှိသည်။

ယင်းပြန်တမ်းများအရ ၂၀၁၀ ခုနှစ်အတွင်း ဒုတိယလက်ထောက် ညွှန်ကြားရေးမှူးမှ ညွှန်ကြားရေး မှူးချုပ်အထိ ရာထူးနေရာများတွင် အပြောင်းအလဲ ၂၀၀ ခန့် ဖြစ်ခဲ့ရာ ယင်းတို့ အနက်မှ ဆယ်ရာခိုင်နှုန်း ခန့်ဖြစ်သော နေရာ ၁၉ နေရာခန့်မှာ တပ်မတော်ဘက်မှ ပြောင်းရွှေ့ တာဝန်ပေးခံရ သူများဖြစ်သည်။

၂၀၁၁ ခုနှစ် ပြန်တမ်းများ၏ ဖော်ပြချက်တွင်မူ ရာထူး နေရာ ၃၀ ခန့်အထိ တပ်မတော်ဘက်မှအရာရှိများ ပြောင်းလဲကာ အဆိုပါ
ရာထူးနေရာများတွင် ခန့်ထားခဲ့ကြောင်း တွေ့ရှိရသည်။ အခြားအဆင့် ရာထူးအပြောင်းအရွှေ့များ ထည့်တွက်မည်ဆိုပါက အရေအ
တွက်မှာ ယခုထက် ပိုများလာနိုင်သည်။  ပြောင်းလဲတာဝန်ပေးသည့်  နေရာများမှာ ပြည်ထဲရေးဝန်ကြီးဌာနကဲ့သို့ ၀န်ကြီးဌာနများ ပါဝင်သကဲ့သို့ သမ၀ါယမ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနစသည်တို့လည်း ပါဝင်သည်။

 အစိုးရအဖွဲ့အတွင်းတွင် စက်တင်ဘာလက ပြည်ထောင်စုအဆင့် ၀န်ကြီးနေရာများတွင် ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ပြီး ယင်းပြောင်းလဲမှုတွင် အရပ်ဘက် မှ ကျွမ်းကျင်သူအချို့ ပါဝင်လာ သောကြောင့် စောင့်ကြည့်လေ့ လာသူအချို့က အဆိုပါအပြောင်း အလဲကို အကောင်းမြင်ကြိုဆိုခဲ့ ကြသည်။

နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန်တာဝန်ယူပြီးနောက်ပိုင်းတွင် တိုင်းပြည်တွင် အံ့အားသင့်ဖွယ်ပြောင်းလဲမှုများကို လုပ်ဆောင်
ပြခဲ့သည်။ နိုင်ငံတော်သမ္မတသည် သူကိုယ်တိုင်အပြောင်းအလဲများ ကို ဦးဆောင်နေသလို သူ၏ ၀န်ထမ်းများအားလည်း အပြောင်းအလဲနောက် လိုက်ပါလာကြရန် အကြိမ်ကြိမ် သတိပေးထားသည်။ တိုးတက်လိုတဲ့ အမြင်မရှိတဲ့ရှေး ရိုးစွဲများ၊ ခေတ်နောက်ပြန်ဆွဲ သူများကို ချန်ထားခဲ့မည်ဟု သတိပေးခဲ့သည်။  ၎င်းအပြင် လုပ်နည်းလုပ်ဟန်တွေ၊ ကြိုးနီစနစ်တွေ ဆက်လက် လက်စွဲကိုင်ထားသူများ၊   တာဝန်သိမှု၊  တာဝန်ယူမှုကင်းမဲ့ပြီး အဂတိလိုက်စားမှုများကိုလည်း ထိရောက်စွာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်းလည်း တိုင်းပြည်ကို ကတိပေးခဲ့သည်။

အဆိုပါ ကြားဖြတ်စနစ်အပေါ် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကိုယ် တိုင် ယခုနှစ် မေလ ၁၃ ရက်က
ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ထောက်ပြပြောဆိုခဲ့သေးသည်။

ဒုသမ္မတက “သာမန်အားဖြင့်အောက်ခြေမှ တက်လာသော ၀န်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုတွင် ပြောရန်မရှိသော်လည်း
ကြားမှဖြတ်ဝင်လာသော ပုဂိုလ်များရှိလာပါက မူလ၀န် ထမ်းများ စိတ်ဓာတ်ကျဆင်းစေ နိုင်ကြောင်း၊ ၎င်းအပြင် ၀န်ကြီးဌာန၏ လုပ်ငန်းလည်း အထိုက်အလျောက်   ကျဆင်းသွားနိုင်ကြောင်း...”ပြောကြားသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ရေးသားထားသည်။ သို့သော်လည်း ကြားဖြတ်ရွှေ့ပြောင်း နေရာပေးမှုများမှာ ရှိနေဆဲဖြစ်သည်။

တပ်မတော်ဘက်မှ ပြောင်း ရွှေ့လာသူတို့သည် စီမံအုပ်ချုပ် ရေးဘက်တွင် သက်ဆိုင်ရာဌာနများ၌ ထူးချွန်ကြသော်လည်း နှစ်ပေါင်းများစွာ လုပ်ကိုင်လာခြင်း မဟုတ်သည့် လုပ်ငန်းများတွင် ဦးစီးရသောအခါ လုပ်ငန်းခွင်အခက်အခဲများနှင့်  ကြုံတွေ့ရလျက်ရှိသည်။

 ကြားဖြတ်ဝင် ရောက်နေရာယူသူများသည် ပညာရှင်များကို တန်ဖိုးထားတတ်သူ၊ အောက်ခြေမှ ကျွမ်းကျင်ဝန်ထမ်းများ၏လုပ်ငန်းအပေါ် နားလည်မှု ရှိသူဖြစ်ပါက ဌာနတွင်းလုပ်ငန်း များတွင် အောင်မြင်မှုများ ရရှိသော်လည်း၎င်းနှင့်ဆန့်ကျင်ဘက် ဖြစ်ပါက ၀န်ထမ်းများ လုပ်ငန်းခွင် အတွင်း အားစိုက်မှုလျော့သွား လေ့ရှိကြောင်း ဒေါက်တာထွန်းလွင်ကပြောသည်။ မျှော်လင့်ချက် မရှိသော ဘ၀အတွက် ကြိုးစား အားထုတ်မှုမရှိတော့ကြောင်း ၎င်းကပြောသည်။

“အောက်ကလူတွေက ဘယ် လိုခံစားရလဲဆိုရင် တစ်သက်လုံး မျှော်လင့်ထားတဲ့ ရာထူးရာခံအ တန်းအစားကို မရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အကုန်လုံးအ ပေါ်စီးနေရာမှန်သမျှ တပ်ကသူ တွေချည်းပဲ”ဟု စိုက်ပျိုးရေးပညာ ရှင် ဒေါက်တာထွန်းဝင်းက ပြောသည်။

“အဓိကကတော့ လူမှန်နေ ရာမှန် မဟုတ်တဲ့အတွက် အစိုးရ ၀န်ထမ်းတွေ အကျင့်ပျက်တာတို့၊  စိတ်ဓာတ်ကျတာတို့၊ အလုပ်မလုပ်တာတို့ ဖြစ်လာတာ။ အကျိုး ဆက်က အဲဒါပဲ” ဟု အစိုးရ၀န်ထမ်းအဖြစ် နှစ်ပေါင်း ၄၀ နီးပါးတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုအချိန်တွင် ကမ္ဘောဇဘဏ်၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူ ဦးသန်းလွင်ကပြောသည်။

“သူတို့လည်း ဒုက္ခရောက်တယ်။ တာဝန်ပေးလို့သာ လာလုပ်နေရတာ။ သူတို့လည်း မလုပ်တတ် မကိုင်တတ်နဲ့ဆိုတော့ သူတို့ လည်း စိတ်ညစ်တာပဲ။ အောက်က ၀န်ထမ်းလည်းပဲ စိတ်ညစ်တာပဲ” ဟု ၎င်းကပြောသည်။

မိုးကျရွှေကိုယ်အချို့၏ ဌာနတွင်း အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုများကလည်း အစိုးရ၀န်ထမ်းများအတွက် ဒုက္ခတစ်ရပ်ဖြစ်သည်။
ပုဂ္ဂိုလ်ရေးအလေးပေးသည့် အဆိုပါစနစ်ကြောင့် ၀န်ထမ်းများမှာ အလုပ်ကြိုးစားလုပ်ကိုင်ခြင်းဖြင့်ရာထူး၊ လစာတိုးမြှင့် ခံစားရမည် မဟုတ်သောကြောင့် အထက်လူကြီးအကြိုက်များသာ  လုပ်ဆောင်လာကြကြောင်း  အငြိမ်းစားဝန်ထမ်းများကပြောသည်။

“ဘာမှမတတ်ဘဲ လူကြီးက ခန့်လိုက်လို့ နေရာရရင် လူကြီးငြိုငြင်မှာကို သေမလောက်ကြောက်တယ်။ လူကြီးငြိုငြင်တာဟာ သူ့ ဘ၀ရဲ့အဆုံးအဖြတ်ပဲ။ဒါကြောင့်လူကြီးမငြိုငြင်အောင် အကုန်လုပ်တယ်” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ အစိုးရ တစ်ခုလုံးကို ဦးဆောင်နေသည့် နိုင်ငံတော်သမ္မတက “မိဘပြည်သူများ”ဆိုသည့် အသုံးအနှုန်းကို တန်ဖိုးထားသုံး စွဲနေချိန်တွင် အောက်ခြေ၀န်ထမ်း အချို့က ပြည်သူလူထုအား သားသမီး၊ လက်အောက်ငယ်သားကဲ့သို့ ဆက်ဆံနေဆဲဖြစ်သည်။ ရှေးကကျင့်သုံးလာသည့် နည်းဟောင်းများကို ယခုချိန်ထိ စွဲမြဲစွာဖက် တွယ်ထားဆဲဖြစ်သည်။ အမှန်တရားနှင့် ပြောင်းလဲတိုးတက်မှုထက် အထက်အရာရှိ၏ ငြိုငြင်မခံရရေးကို ဦးစားပေးနေဆဲဖြစ်သည်။

ဌာနအတွင်း တက်လမ်းမရှိခြင်း၊ အနာဂတ်မျှော်လင့်ချက်မဲ့ နေခြင်း၊ လုပ်ကိုင်ခွင့် ကန့်သတ်ခြင်းတို့ကြောင့် ၀န်ထမ်းများအတွက် ဦးတည်ရာမှာ ငွေရပေါက် ရလမ်းရှာခြင်းပင်ဖြစ်သည်။
    
အဂတိလိုက်စားမှုဟာအောက်ခြေအဆင့်ဆင့်မှာ နေရာတိုင်းလိုလိုရှိနေသေးသည်ဟု နိုင်ငံတော် သမ္မတကိုယ်တိုင် ထုတ်ဖော်ပြော ဆိုခဲ့သည်။ မိန့်ခွန်းတစ်ခုတွင် နိုင်ငံတော်သမ္မတက အဂတိလိုက်စားမှုကို “အမျိုးသားရေး စိန်ခေါ်မှုကြီး”ဟုပင်  တင်စားသွားပြီး ဘက်စုံ
နည်းလမ်းတွေသုံးကာ အရေးယူ ဆောင်ရွက်နေသည်ဟုဆိုသည်။

ဝန်ထမ်းများအတွက် လူမှန်နေရာမှန် မဖြစ်မှုများကလည်း အဂတိလိုက်စားမှုများကို အားပေးသကဲ့သို့ ဖြစ်နေခဲ့သည်။ အောက်ခြေ၀န်ထမ်းများ၏ လုပ်ငန်းအပေါ် တာဝန်ယူမှု၊ စွမ်း ဆောင်ရည်မြင့်မှုစသည်တို့ကို အသိအမှတ်ပြုပေးခြင်း၊ ရသင့်ရ ထိုက်သော ခံစားခွင့်များကို ထူးချွန်မှုအလိုက် တရားမျှတစွာ ပေးခြင်းတို့သည် လက်ရှိဖြစ်နေသည့် “မလုပ်၊ မရှုပ်၊ မပြုတ်”ကိစ္စများကို ဖြေရှင်းနိုင်သည့်နည်းလမ်းကောင်း များဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန သံလျင်လူငယ်သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ် (ငြိမ်း) ဦးကြီးမြင့်ကပြောသည်။

အစိုးရ၀န်ထမ်း အရေအတွက်သည် နှစ်သန်းခန့်ရှိပြီး အဆိုပါအရေအတွက်မှာ တစ်နိုင်ငံလုံးလူဦးရေ၏ ၃ ဒသမ ၃ ရာခိုင်နှုန်းခန့်ဖြစ်သည်။ ၀န်ထမ်းများလစာတိုးပေးရေး ဆွေးနွေးမှုများကြောင့်ကုန်ဈေးနှုန်းများ ရုတ်တရက်တက်လာလေ့ရှိသဖြင့် အစိုးရသစ်အနေဖြင့် လစာတိုးမြှင့်ပေး လိုက်သောကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်ကို အစိုးရ၀န်ထမ်း မဟုတ်သော ကျန် ၅၈ သန်းသော ပြည်သူများ ကြုံတွေ့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက တာဝန်ထမ်းဆောင်မှုတစ်နှစ်ပြည့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဝန်ထမ်းများတွင် ဖြစ်ပေါ်နေသည့် နေရာနှင့် အပိုဝင်ငွေရမှ လုပ်ချင်ကိုင်ချင်ဖြစ်နေသည့် စိတ်ဓာတ်များကို ပြုပြင်ရမည်ဖြစ် ကြောင်း၊ အဆိုပါပြဿနာ ဖြေရှင်းနိုင်ရန် အတွက် ၀န်ထမ်းများအား လစာတိုးပေးခြင်းအပြင် စိတ်ဓာတ်မြှင့်တင်ခြင်းလုပ်ငန်းများလည်း
ဆောင်ရွက်ရမည်ဖြစ်ကြောင်း လူ့စွမ်းအား အရင်းအ မြစ် တိုးတက်ရေးအတွက် ဟော ပြောပို့ချပွဲများ လုပ်ဆောင်နေသူ ပါမောက္ခဒေါက်တာအောင်ထွန်း သက်ကပြောသည်။

“တာဝန်ကျေရမယ်ဆိုတဲ့ စိတ်၊ အများအတွက် ဆောင်ရွက်ရမယ်ဆိုတဲ့စိတ်တွေ ၀န်ထမ်းတွေမှာ ရှိဖို့လည်း အရေးကြီးတယ်။ အဲဒီတော့ အစိုးရအနေနဲ့ရော မီဒီယာကရော ပြောပေးဖို့လိုလာပြီ။ နိုင်ငံ့ဝန်ထမ်းဆိုတာ အခွင့်အရေးလိုချင်လို့လုပ်တာ မဟုတ်ဘူး။ Servant ဆိုတဲ့စကားအတိုင်း အလုပ်အကျွေးပြု တယ်ဆိုတာကို ၀န် ထမ်းတွေကို လေ့ကျင့်သင်ကြား ထားဖို့ လိုအပ်တယ်”ဟု ဒေါက်
တာအောင်ထွန်းသက်က ဆက်ပြောသည်။

အများပြည်သူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံနေရသော ၀န်ထမ်းများသည် အများပြည်သူအား ၀န်ဆောင်မှုပေးနေသည်ဆိုသည့် အသိ ကာလကြာမြင့်စွာပျောက် ဆုံးနေခဲ့ခြင်းများသည်  အစိုးရ ယန္တရား ဟန်ချက်ညီညီ လည်ပတ်ရေးအတွက် အနှောင့်အယှက် တစ်မျိုးလည်း ဖြစ်ပေသည်။ နှစ် ပေါင်းများစွာ ကျဆင်းနေသော အစိုးရ၀န်ထမ်းများ၏ စွမ်းဆောင် ရည်များကို ပြန်လည်တိုးတက် ကောင်းမွန်လာရေး အတွက် လူမှန်နေရာမှန်ဖြစ်ရေးသည် အသက်တမျှအရေးပါလှသည်။

ဝေဖန်သူများအနေဖြင့် ၀န်ထမ်းများအား ပြစ်တင်နေမှုများ သာများပြားပြီး ၀န်ထမ်းများ ကြုံ တွေ့နေရသည့် အခက်အခဲများ ကိုမူ ဂရုမပြုကြကြောင်း အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဆယ်စုနှစ်တစ်ခုနီးပါး လုပ်ကိုင်ခဲ့ ပြီး အနားယူခဲ့သူ အသက် ၄၀ နှစ် အရွယ် အငြိမ်းစားဝန်ထမ်းတစ်ဦးကပြောသည်။

“၀န်ထမ်းတွေ ဆက်ဆံရေး မကောင်းတာ၊ ပိုက်ဆံယူတာပဲ လူတွေက ပြောကြတယ်။ ဘာ ကြောင့် ဒီလိုဖြစ်တာလဲဆိုတာ တော့ ဘယ်သူမှ စိတ်မ၀င်စားကြဘူး” ဟု ၎င်းကပြောသည်။

တိုင်းပြည်တွင် လူမှန်နေရာ မှန် မဟုတ်ခဲ့သောကြောင့် နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည်အထိနာခဲ့သည်ဟု ဒေါက်တာထွန်းဝင်းကပြောသည်။

လူမှန်နေရာမှန်မရှိပါကနောင်နှစ် ၅၀၊ ၁၀၀ ကြာလျှင်လည်း ယခုလိုပင်ဆက်ဖြစ်နေဦးမည်ဟု ၎င်းကဆက်လက်သုံးသပ်ခဲ့သည်။

7Day News Journal
အတွဲ (၁၁)၊ အမှတ်(၃၃)
ထွန်းခိုင်ရေးသား၍ မြတ်စုမွန်၊ အိဖြူမွန်၊ ၀တ်ရည်အောင် အားဖြည့်သည်



ဘကြီးသက်
Unknown at 11:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗြိတိသျှ victoria and albert ပြတိုက် ဆီက ပြန်တောင်းသင့်သော တွေ့ရှိသမျှ နန်းစဉ်ရတနာများ


မြန်မာ့ နန်းစဉ်ရတနာများ ဆိုသည်မှာ မြန်မာမင်း အဆက်ဆက် တန်ဖိုးထား အသုံးပြုခဲ့ကြသော အသုံးအဆောင်ပစ္စည်း ရတနာများကို ခေါ်သည်။ မြန်မာပြည်သည် အဖိုးတန် သယံဇာတများ၊ တွင်းထွက်ကျောက်မျက်ရတနာများနှင့် ပြည့်နှက်နေသော နိုင်ငံတစ်နိုင်ငံအဖြစ် နှစ်ပေါင်းများစွာကပင် ရပ်တည်လာခဲ့သလို ကမ္ဘာကျော်စေခဲ့သော အဖိုးတန် ကျောက်မျက်ရတနာတွေ ကြောင့်လဲ ကမ္ဘာ့အလည်မှာ နာမည်ဂုဏ်သတင်း ကျော်စောခဲ့ပါသည်။ မြန်မာ့ နန်းစဉ်ရတနာများသည် (တစ်နည်း) သမိုင်းဝင်ရတနာတွေဖြစ်ပင် ဖြစ်သည်။
 ရတနာပုံရွှေတိုက်တော်စာရင်းအရ မြန်မာ့နန်းစဉ်ပတ္တမြားတွေက-
၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
 ၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား
 ၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
 ၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။
               

အောက်ဖော်ပြပါ ပုံများကတော့ ပြတိုက်ထဲမြန်မာ ယဉ်ကျေးမှုပစ္စည်းများအထိမ်းအမှတ်များ ကိုတွေ့နိုင်ပါတယ်

 







လောလောဆယ်တော့ ဗြိတိသျှ victoria and albert ပြတိုက်ထဲမှာ တွေ့ရှိရတဲ့ မြန်မာ့ယဉ်ကျေးမှုပစ္စည်းတွေကိုတော့ အောက်မှာ ဖော်ပြပေးပါ့မယ် ။

  • ရွှေခေါင်းဆောင်း(သရဖူ)
  •  ပတ္တမြား ခေါင်းဘီး
  •  လည်တုန် 
  •  ၁၉ ရာစု လည်ဆွဲဘယက် 
  •  ၁၉ ရာစု ခြေချင်းတစ်စုံ 
  •   နဂါးလက်ကောက် 
  •   ဝန်ကြီးအဆောင်ယောင် 
  •   ရတနာပုံ ငွေဒင်္ဂါး 
  •  မန္တလေးနန်းသုံးယပ်တောင် 
  •   ၁၈၅၄ခုနှစ်က ပန်းချီကား 
  •   ဘုရားလောင်းဗောဓိသတ်လောကနာထ 
  •   ခေါင်း၃လုံး ဗြဟ္မာနတ်မင်း 
  •   ၁၂ ရာစု ပုဂံ စဥ့်ထည် ကျောက်ပြား 
  •   မာန်စစ်သည် မြွေခေါင်းထွက် 
  •   မာန်နတ်မင်းရဲ့သမီးပျို

 ရွှေခေါင်းဆောင်း(သရဖူ)
 အမျိုးအစား - ရွှေခေါင်းဆောင်း
အချိန်ကာလ - ဘုရင်မကြီး ရှင်စောပု(၁၄၅၃-၁၄၆၀)အသုံးပြုခဲ့သည်ဟု ယူဆရသည်။ တွေ့ရှိရာနေရာ -(၁၈၅၅)ရွှေတိဂုံဘုရား ၊ မြန်မာ
 ပြုလုပ်ပုံနည်းပညာ -ရွှေသားဖြင့်ပြုလုပ်ထားပြီး ရတနာ စီခြယ်ထားသော ခေါင်းဆောင်း
 အရွယ်အစား - မသိ
လက်ရှိတည်နေရာ - လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက် ပြတိုက်ပစ္စည်း အမှတ် -
 စကားချပ်။ ။ရှင်စောပုဘုရင်မကြီး အသုံးပြုခဲ့သည်ဟုဆိုသော ရွှေခေါင်းဆောင်းတစ်ခုကို လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်ကြီးတွင် ယနေ့တိုင် ပြသထားလေသည်။

ပတ္တမြား ခေါင်းဘီး ပတ္တမြား ခေါင်းဘီး အမျိုးအစား
- ပတ္တမြား ခေါင်းဘီး
 အချိန်ကာလ - ၁၈ ရာစုရဲ့ နောက်ဆုံး ၂၅ နှစ် တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ ပြုလုပ်ပုံနည်းပညာ - သစ်သား ပေါ် ရွှေကပ်၊ ပတ္တမြား နှင့် မြ ကို ရွှေပေါ်မှာ မြုပ်ပြီး အလှဆင်။ အရွယ်အစား - အရှည် ၈.၂ စင်တီမီတာ ၊ ဘေးတိုက်အကျယ် ၅.၁ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊
လန်ဒန် ပြတိုက်ပစ္စည်း အမှတ် - IS.2-1902 စကားချပ်။

။မြင်နေကျ မြန်မာဟန်ပန်အတိုင်းဖြစ်သည်။ ထို ၂ ဘက်လှ သစ်သားဘီးလေးသည် ရွှေကို အပေါ်က ကပ်ထားသည်။ ပတ္တမြား နှင့် မြ ကို စီမြုပ်ပြီးအလှဆင်ထားသည်။ ဘီး၊ ဆီ( ခေါင်းလိမ်းဆီ/အလှဆီ)၊ ရေမွှေး၊ သနပ်ခါး နှင့် ဆံစု စတာတွေ ပါတတ်တဲ့ နန်းတွင်း အမျိုးသမီး တစ်ဦးရဲ့ အလှပြင်သေတ္တာ ထဲမှ တစ်ခု အပါဝင်ပါသည်။ အဖိုးတန် ရတနာ ပစ္စည်းများ နှင့် အလှဆင်ထားသော ထိုခေါင်းဘီးသည် ကုန်းဘောင် မင်းဆက် ( ၁၇၂၅-၁၈၈၅ ) မိဘုရား နှင့် မင်းမျိုးမင်းနွယ် တွေသာ သုံးနိုင်တဲ့ တော်ဝင် ပစ္စည်း တစ်ခုဖြစ်သည်။

 * (ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။ ...............။)
 လည်တုန် အမျိုးအစား -
လည်ဆွဲဘယက် အချိန်ကာလ - ၁၉ ရာစုနှစ် နှစ်လယ်
တွေ့ရှိရာနေရာ - တနင်္သာရီ၊ မြန်မာ
 ပြုလုပ်ပုံနည်းပညာ - - ရွှေချည် နဂထာ ကို နီကျင်ကျင်အရောင်ဆင်း ရရှိအောင် မဂျီးသီး(မန်ကျည်းသီ:) နှင့် ရွှေကို ရေနွေးထဲ ထည့် ပြုပ်တယ်၊ ဒါမှမဟုတ် ဆာလဖာ ကိုမီးရှို့ပြီး ရွှေအရောင်ရင့်လာ အောင်မှိုင်းတိုက် တယ်။
 အရွယ်အစား - အရှည် ၂၈ စင်တီမီတာ ၊ အကျယ် ၈ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊
လန်ဒန် ပြတိုက်ပစ္စည်း အမှတ် - 123-1852
 ၁၉ ရာစုအလယ်ပိုင်း မှာ မြန်မာအမျိုးသမီးများ ဝတ်သည့် လည်ဆွဲ ။ နီကျင်ကျင်အရောင်ရှိပြီး လည်မှာဆွဲထားရင် တလှုပ်လှုပ်နှင့် မို့ "လည်တုန်" လို့ခေါ်သည်။ အပြောက်အမွန်းကောင်းကောင်း၊ ဆွဲသီး အတော်များများ (၂၃ ခု) ၊ ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) အမှတ်လက္ခဏာ ဒေါင်းတံဆိပ် တို့နှင့် အလှဆင်ထားသဖြင့် ဝတ်ဆင်သူသည် အင်မတန် အဆင့်တန်းမြင့်သော အသိုင်းဝိုင်းကဖြစ်ပေမည်။ စကားချပ်။ ။ထားဝယ်မှာ ဆင်ဖြူမရှင် နေထိုင်စဉ် ထုတ်ရောင်းသော ပစ္စည်းများ ထဲမှ တစ်ခုဖြစ်မယ်ဟု ထင်ပါသည်။
 ၁၉ ရာစု လည်ဆွဲဘယက် အမျိုးအစား - လည်ဆွဲဘယက် 

အချိန်ကာလ - ၁၉ ရာစု

 တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
 ပြုလုပ်ပုံနည်းပညာ - - ရွှေချည်ကြိုးငယ်များတွင် ပုလဲလုံးငယ်ကလေးများ သီကုံး၍အလှဆင်။
 အရွယ်အစား - မသိ လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊
လန်ဒန် ပြတိုက်ပစ္စည်း အမှတ် - 03165(IS)

စကားချပ်။ ။ပုလဲလုံးငယ်လေးတွေကို ရွှေချည်ကြိုးတွေနှင့် သေချာသီပြီး အလှဆင်ထားတဲ့ ဒီလည်ဆွဲဘယက် ဟာ လူတစ်ကိုယ်အတွက် တစ်ဆင်စာ ခြေချင်း၊ လက်စွတ်၊ နားတောင်း ၊ လည်ဆွဲ စတာတွေထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီလို လူတစ်ကိုယ်အတွက် တစ်ဆင်စာပြည့် ဝတ်စားဆင်ယဉ်မှုဟာ မျိုးရိုး အဆင့်တန်းမြင့် မြန်မာအမျိုးသမီး တစ်ဦးအတွက်တော့ မရှိမဖြစ်ပါ။ (ပြတိုက်ကတော့ မင်းတုန်းမင်း ခေတ်လို့ အရိပ်အမွတ်ပြောနေပါတယ်။)

 ၁၉ ရာစု ခြေချင်းတစ်စုံ ၁၉ ရာစု ခြေချင်းတစ်စုံ
 အမျိုးအစား - ရွှေခြေချင်း
 အချိန်ကာလ - ၁၉ ရာစု
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
 ပြုလုပ်ပုံနည်းပညာ - - ရွှေသားစစ်စစ် တွင် ပတ္တမြား အရိုင်းတုံးများဖြင့်အလှဆင်။ အရွယ်အစား - အပြင်ဘက် ကွင်းအကျယ် ၈.၉ စင်တီမီတာ ၊ အတွင်းဘက် ကွင်း အကျယ် ၈.၂ စင်တီမီတာ။
 လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊
လန်ဒန် ပြတိုက်ပစ္စည်း အမှတ် - 03159:1, 2/(IS)
 စကားချပ်။ ။ရွှေသားစစ်စစ် မှာ မသွေးရသေးတဲ့ ပတ္တမြား အရိုင်းတုံးကလေး တွေနှင့် အလှဆင်ထားတဲ့ ဒီ မိန်းမဝတ် ခြေချင်းတစ်စုံ ဟာ ၁၉ ရာစုအစော ပိုင်းနှစ်များ ဆီကပါ။ ဒီလို တန်ဖိုးကြီးပြီး လှပနှစ်လိုဖွယ်ရာ ရတနာကို ဝတ်ဆင်သူဟာ ဘုရင့် မိသားစုဝင်၊ ဆွေတော်မျိုးတော် ဒါမှမဟုတ် ဝန်ကြီးကတော် တွေထဲက ဘဲဖြစ်နိုင်ပါတယ်။
 နဂါးလက်ကောက် လည်ဆွဲ လက်ကောက် အမျိုးအစား - လက်ကောက်၊ လည်ဆွဲ အပါ ရတနာ တစ်ဆင်စာ 
အချိန်ကာလ - ၁၉ ရာစု (၁၈၅၀)
 တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
 ပြုလုပ်ပုံနည်းပညာ - ကျစ်ဆံမြှိးကျစ် ထားသလိုမျိုး ရွှေကြိုး ဖွတ်မြှီးထိုး မှာ ပတ္တမြား ဖြင့်ပုံဖော်အလှဆင်။
 အရွယ်အစား - အရှည်(အလျား) ၇ လက်မ၊ အနံ ၀.၂၅ လက်မ ။ အရှည် (အလျား) ၆ စင်တီမီတာ ( ပုံပါအတိုင်း) အနံ ၆.၂ စင်တီမီတာ( ပုံပါအတိုင်း) အထူ (ထူ) ၁.၁ စင်တီမီတာ( ပုံပါအတိုင်း) လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊
လန်ဒန် ပြတိုက်ပစ္စည်း အမှတ် - M.39-1939
 စကားချပ်။ ။၁၈၆၀ ခုနှစ် လောက်မှာ ပန်းချီဆရာ ဒိန်း ဂါဘရီရယ် ရိုဆက်စတီ ( Dante Gabriel Rossetti ) ဟာ ပန်းချီ ရေးဖို့ရာအတွက် အရောင်းသွေးစုံပြီး အသွင်စန်းတဲ့ နိုင်ငံရပ်ခြားဖြစ် ကျောက်မျက် ရတနာ နှင့် အခြား လိုတဲ့အပ်ပစ္စည်း တွေကို လစ်စစ်စတာ စကွဲရား (Leicester Square) ၊ ဟမ်းမားစမစ် (Hammersmith) တဝိုက်ရှိ ထူးစန်းပစ္စည်း အရောင်းဆိုင် မှာ ဝယ်ယူခဲ့ပါတယ်။ ၁၈၆၅-၁၈၆၆ ခုနှစ် ပတ်ဝန်းကျင် လောက်က ရိုဆက်စတီ ရေးခဲ့တဲ့ ပန်းချီကားမှာ သူ့ချစ်သူ သတို့ သမီးကို ဒီ နဂါးလက်ကောက် ဆင်မြန်းစေကာ ပုံတူကိုရေးခဲ့ပါတယ်။ ပန်းချီဆရာ ဒိန်း ဂါဘရီရယ် ရိုဆက်တီ (Dante Gabriel Rossetti) ဟာဂျိန်းမောရစ်(Jane Morris) ကိုလည်း မကြာခဏ အမျိုးသမီး ပုံတူ ရေးလေ့ရှိတယ်။ နောက်ပိုင်းမှာ ရိုစစ်စတီ က ဒီလက်ကောက်အပါဝင် ပစ္စည်း အချို့ ဂျိန်းမောရစ် ကိုပေးခဲ့တယ်။ ဂျိန်းမောရစ်(Jane Morris)အဖြစ် လူသိများတဲ့ ဂျင်နီ (Janey) ဟာ ဆိုရှယ်လစ် ပန်းချီ၊ ပန်းပု နှင့် ဒီဇိုင်းပညာရှင် ဝီလျန် မောရစ် (William Morris) ရဲ့ ဇနီးပါ။
 ၁၉၃၈ မေ၊ မှာ ဂျိန်းမောရစ် ရဲ့ သမီးဖြစ်သူဟာ ရတနာ ပစ္စည်း အချို့ကို ဗစ်တိုးရီးယား နှင့် အယ်ဘာတ်ပြတိုက် ကို သေတမ်းစာ နှင့်လှူဒါန်းခဲ့ပါတယ်။ သီပေါမင်းပါတော်မူ ပြီးနောက် ၅ နှစ်အကြာမှာ ဒီလို မြန်မာပြည်က နန်းတွင်းသုံးရတနာ ပစ္စည်းဟာ အင်္ဂလန်နိုင်ငံ လစ်စစ်စတာ ကိုရောက်နေပါပြီ။ ဒီပစ္စည်းမူလ လာရာလမ်းကြောင်း ၂ ခုရှိတယ်။ မန္တလေး နှင့် ရတနာဂီရိ ။ ပါတော်မူတဲ့ နေ့မှာ ရတနာပစ္စည်း တွေပျောက်တယ်လို့ ဘုရင်က ရော၊ ဆင်ဖြူမရှင် ကပါ အင်္ဂလိပ်အစိုးရကို တိုင်းတန်းထားတာရှိပါတယ်။ ရတနာဂီရိ ကိုပါတော်မူတဲ့ သီပေါဘုရင် ကလည်း ပါလာတဲ့ ရတနာ ပစ္စည်းတွေကို မကြာခဏဆိုသလို ထုတ်ရောင်းလေ့ရှိပါတယ်။ ဒီပစ္စည်းတွေဟာ နန်းတွင်းသုံးပစ္စည်း ရယ်လို့ ကံသေကံမ ပြောလို့မရပါ။ မန္တလေးမှာ သိပ်ချမ်းသာ တဲ့ ကုလား၊ တရုတ် နှင့် မြန်မာ သူဋ္ဌေးတွေ ဆီကလည်းဖြစ်နိုင်ပါသေးတယ်။ အင်္ဂလန်နိုင်ငံ ကို ပညာတော်သင် နှင့် သံအမတ်တွေအဖြစ်လာတဲ့ မြန်မာတွေက စရိတ်ပြတ်လို့ ရောင်းခဲ့တာမျိုး ရောမဖြစ်နိုင် ဘူးလား လို့ လူကပ် တွေက မေးလာရင် လည်းမဖြစ်နိုင်ပါလို့ဘဲဖြေရပါမယ်။ ရတနာ ပစ္စည်းတွေက အမျိုးသမီးသုံး တွေဖြစ်ပြီး ပညာတော်သင် နှင့် သံအမတ်တွေ အားလုံး အမျိုးသားတွေကြီးပါ။ မြန်မာသံ အဖွဲ့တစ်ဖွဲ့ ကတော့ စရိတ်ပြတ်ပြီး ရက်အတော်ကြာသောင်တင်နေဖူးပါတယ်။ ဒီလက်ကောက်ကို ပြတိုက်က နဂါးလက်ကောက်လို့ ပြောပါတယ်။ ကျွန်တော့်အမြင်က တော့ ပုံသိပ်မရှင်းပါ။ ဘေးတိုက်ပုံဖြစ်နေပါတယ်။ ရွှေသိပ်မကြိုက်ပေမယ့် လက်ရာ ဟာ သိပ်အနုစိတ်ပြီး အဆင့်မြင့်တယ်လို့ထင်တယ်။
 ဝန်ကြီးအဆောင်ယောင် အမျိုးအစား - ဝန်ကြီးအဆောင်ယောင်
အချိန်ကာလ - ၁၉ ရာစု တတိယ နှစ်အစိတ်၊ မန္တလေး၊ Gold relief work, formed by raising and finished with repoussé and incised work(Ear tube) Gold sheets and filigree work(Ear tube) Gold sheets and filigree work(Foil order) Engraved thin gold metal foil
တွေ့ရှိရာနေရာ - မန္တလေးမြို့ ၊ မြန်မာ
 ပြုလုပ်ပုံနည်းပညာ - -သစ်သားချောင်းငယ်လေးများကိုအသုံးပြုပြီး ယပ်တောင်ပုံအရင်ဖော်ယူပါတယ်၊ ပြီးနောက်အသင့်အနေတော် ပိုးထည်စကပ်ပါမယ်၊ ပိုးထည်စပေါ်မှာ ရိုးရာကြက်ဥအကာရောထားတဲ့ရေဆေး၊ ရွှေ နဲ့ ငွေရောင် တွေကိုအသုံးပြုပြီး ရေးဆွဲတာမျိုးပါ။ အရွယ်အစား -(Shoulder belt) Length 61 cm(Shoulder belt) Width 13.4 cm (maximum)(Ear tube) Length 9.5 cm(Ear tube) Width 3.2 cm (maximum)(Ear tube) Length 9.5 cm(Ear tube) Width 3.2 cm (maximum)(Foil order) Length 28 cm(Foil order) Width 7 cm
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊
လန်ဒန် ပြတိုက်ပစ္စည်း အမှတ် - IS.15 to C-1947
 စကားချပ်။ ။မန္တလေး၊ သီပေါမင်းက အမှုထမ်း အဆင့်မြင့်နန်းတွင်း အမတ်ကြီးတစ်ဦးအတွက်ချီးမြင့်တဲ့ ဘွဲ့တဆိပ်ပါရွှေပြား၊ ရွှေနားတောင်း၊ ၁၂ ကြိုးရွှေစလွယ်အဆောင်ယောင်တွေပါ။ ဒီလိုအဆောင်ယောင်မျိုးကို ဘုရင်ရှေ့တော် ညီလာခံဝင်တဲ့အကာမှာဝတ်ဆင်တာပါ။ ရာထူးရာခန် ဘယ်လောက်အဆင့်မြင့်တယ်ဆိုတာကို ရွှေစလွယ်မှာပါတဲ့ ရွှေကြိုးအရေတွက်ကိုကြည့်ပြီးသိနိုင်ပါတယ်။ ရွှေစလွယ်ထိပ် ချိပ်မှာပါတဲ့ အရုပ် ၃ခုမှာ ဒေါင်းပုံဟာ ကုန်းဘောင်မင်းဆက်ကို ကိုစားပြုပါတယ်။ ဝန်ကြီးရဲ့ ဘွဲ့နာမည်ကိုရွှေပြားပေါ်မှာ ရေးထိုးထားသလို အနီရောင်ဖဲကြိုးစကိုဖြင့် ခေါင်းပေါင်း ဒါမှမဟုတ် နဖူးမှာစီးပြီးမှသာ ဘုရင့်ရှေ့တော်ကိုအခစားဝင်မှာပါ။ (ပြတိုက်ရဲ့မှတ်ချက်ကဒီလောက်ဘဲရေးထားပါတယ်။) အမှန်ကိုဝင်ခံရရင် မန္တလေးခေတ် မင်းတုန်း၊ သီပေါ ခေတ်အနုပညာလက်ရာတွေကို သိပ်အကြိုက်ကြီးမဟုတ်လှပါ။ ဒေါင်းရုပ်ဘေးကအရုပ်က "ဗျာလ" ပါ။
 ပုဂံ ထီးလိုင်မင်း ကျန်စစ်သား လက်ထက်ကတည်းက နန်းတွင်းအလှဆင်ရာမှာတွင်ကျယ်စွာအသုံးပြုပါတယ်။ ရခိုင်ဘုရင်တွေလည်းသုံးပါတယ်။ ယခုလည်းသုံးဆဲပါ။ သိန်းငှက်ပုံကို အောက်ဆုံးမှာတွေ့ရပါမယ်။ ရွှေပြားပေါ်မှာတော့ အများသိ ခြင်္သေ့ ပါ။ ဒီဝန်ကြီး " သတိုးမင်းကြီးမဟာမင်းထင်စည်သူ" အကြောင်းသေသေချာချာ သိပ်မသိပါ။ သိသလောက်ပြောပါံမယ်။ မန္တလေး ဒုတိယ ရွှေအင်ပင် ကျောင်းတကာ တရုတ်သူဋ္ဌေး ဦးစက်ရွှင်(၁၇ မတ် ၁၉၁၇ မှကွယ်လွန်) သင်္ချိုင်းစာ ၂၉-၃၅မှာ (မူရင်းအတိုင်း) သတိုးမင်းကြီး မဟာမင်းထင်စည်သူဟူသော အမတ်ကြီးသည် ကြံအား ဘန်အား ညဏ်အား လုံးလကိုသိသဖြင့် သားနှယ်တမျှ ထင်မှတ်၍၊ သီပေါရွှေနန်းလျှင်ဘုရားရှေ့တော် ဆက်သွင်းရာ၊ အလွန်ဝမ်းမြောက်တော်မူ၍၊ ကျောက်စိမ်းအလုပ် အခွန်တော်ထမ်းဆောင်၊ ကောင်းမွန်စွာ ကူးသန်းရောင်းဝယ်စေ၊ ဟူသောအမိန့်တော်မြတ် ခပ်အပ်တော် မူလိုက်သည်အတိုင်း၊ ကူးသန်းရောင်းဝယ်၍၊ ဥစ္စာအင်ခွင်တို့သည်များစွာ တင့်တယ်လေသည်။ သတိုးမင်းကြီးမဟာမင်းထင်စည်သူ ဟာ ဝင်ရှင်တော်တောင်ခွင်မြို့စားဖြစ်ပြီး ၁၂၅၄ နတ်တော်လပြည့်ကျော် ၂ ရက် (၁၅ ဒီဇင်ဘာ ၁၈၉၂)မှာကွယ်လွန်။

ရတနာပုံ ငွေဒင်္ဂါး ရတနာပုံ ငွေဒင်္ဂါး(1) ရတနာပုံ ငွေဒင်္ဂါး(2) အမျိုးအစား - ငွေဒင်္ဂါး အချိန်ကာလ - ၁၉ ရာစု တွေ့ရှိရာနေရာ - မန္တလေးမြို့ ၊ မြန်မာ ပြုလုပ်ပုံနည်းပညာ - အရွယ်အစား - လက်ရှိတည်နေရာ - ပြတိုက်ပစ္စည်း အမှတ် - မန္တလေးနန်းသုံးယပ်တောင် အမျိုးအစား - ယပ်တောင် အချိန်ကာလ - ၁၈၈၀ တွေ့ရှိရာနေရာ - မန္တလေးမြို့ ၊ မြန်မာ ပြုလုပ်ပုံနည်းပညာ - -သစ်သားချောင်းငယ်လေးများကိုအသုံးပြုပြီး ယပ်တောင်ပုံအရင်ဖော်ယူပါတယ်၊ ပြီးနောက်အသင့်အနေတော် ပိုးထည်စကပ်ပါမယ်၊ ပိုးထည်စပေါ်မှာ ရိုးရာကြက်ဥအကာရောထားတဲ့ရေဆေး၊ ရွှေ နဲ့ ငွေရောင် တွေကိုအသုံးပြုပြီး ရေးဆွဲတာမျိုးပါ။ အရွယ်အစား -အရှည် ၃၄ စင်တီမီတာ ၊အကျယ်(ပွင့်လျက်)၆၆.၆ စင်တီမီတာ လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်ပစ္စည်း အမှတ် - IM.292-1921 စကားချပ်။ ။သစ်သားချောင်းငယ်လေးများကိုအသုံးပြုပြီး ယပ်တောင်ပုံအရင်ဖော်ယူပါတယ်၊ ပြီးနောက်အသင့်အနေတော် ပိုးထည်စကပ်ပါမယ်၊ ပိုးထည်စပေါ်မှာ ရိုးရာကြက်ဥအကာရောထားတဲ့ရေဆေး၊ ရွှေ နဲ့ ငွေရောင် တွေကိုအသုံးပြုပြီး ရေးဆွဲတာမျိုးဟာ နန်းတော်ထဲမှာအမှုထမ်းနေတဲ့ တော်ဝင်ပန်းချီ ဆရာတွေရဲ့လက်ရာပါ။ မြန်မာပြည် နောက်ဆုံးဘုရင် ဖြစ်တဲ့ သီပေါကို နန်းချပြီး အစောင့်အရှောက်နဲ့ပြည်နှင်ဒဏ်ပေး တဲ့ ၁၈၈၅ ခုနှစ်မှာတွေ့ရှိပါသည်။ မန္တလေးနန်းတော် အတွင်းရှိ ဥယာဉ်တော်တွင်းမှာ ဂီတပညာရှင်၊ အကပညာရှင်တွေ ဖျော်ဖြေတဲ့ဇာတ်ပွဲကို သီပေါမင်း၊ မိဖုခေါင်ကြီးဖြစ်တဲ့ စုဖုရားလတ်၊ မောင်းမ ချွေရံတွေ နန်းတွင်းအဝတ်တန်ဆာတွေအပြည့်နဲ့ ရှူစားပုံပါ။ ဒီယပ်တောင်လေးက စိတ်ဝင်စားစရာပါ။ မန္တလေးနန်းသုံးယပ်တောင် အတော်များများကို တွေ့ဖူးပါသည်။ ဒီယပ်တောင်ဟာ လက်ရာအကောင်ဆုံးပါ။ Repair ပြန်ပြင်ထားတာမျိုးမဟုတ်ဘူးဆိုရင်တော့ အဆင့်တန်းမြင့်နေပြီဖြစ်တဲ့ မြန်မာပန်းချီအဆင့်တန်းမြင့်မားမှုကိုတွေ့မြင်လေ့လာလို့ရမှာပါ။ တွေ့ဖူးသမျှမန္တလေးခေတ် ယပ်တောင်တွေက ဆင်စွယ်ကိုသုံးတာများပါသည်။ အဲဒိခေတ်အခါကိုထင်ဟပ်စေတဲ့ပန်းချီတော်တော်များများကို ဆရာချုံရေးတာများပါသည်။ ဘယ်သူရေးသည် မသိရပါ။

 ၁၈၅၄ခုနှစ်က ပန်းချီကား(1)
  ၁၈၅၄ခုနှစ်က ပန်းချီကား(2)
  အမျိုးအစား - ပန်းချီကား
အချိန်ကာလ - ၁၉ ရာစု
တွေ့ရှိရာနေရာ - ကာလကတ္တား
 ပြုလုပ်ပုံနည်းပညာ - ရေဆေးပန်းချီ။
 အရွယ်အစား - အမြင့် ၄၃.၅ စင်တီမီတာ ၊ အကျယ် ၃၅ စင်တီမီတာ။
 လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊
လန်ဒန် ပြတိုက်ပစ္စည်း အမှတ် - IS.180-1950, IS.179-195, IS.181-1950
 စကားချပ်။ ။ ၁၈၅၂ အင်္ဂလိပ် မြန်မာ ဒုတိယအကြိမ် စစ်ဖြစ်ပြီး မြန်နိုင်ငံ အောက်ပိုင်း နဲ့ ရခိုင် ကိုပါ အင်္ဂလိပ်က သိမ်းယူလိုက်ပါတယ်။ ၁၈၅၄ ကုန်ခါနီးမှာ မြန်မာဘုရင် မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) ဟာ အရှေ့နန်းမတော် ဘုရားဝန်မင်းကြီး ဦးဆောင်တဲ့ သံအဖွဲ့ကို အိန္ဒိယ ဘုရင်ခံချူပ် လော့ဒလဟိုစီ နဲ့တွေ့ဖို့ရာ ကာလကတ္တား ကိုသွားပါတယ်။ ဆာအာသာဖယ်ရာ ကဒီခရီးမှာ စကားပြန်အဖြစ်လိုက်ပါခဲ့တာပါ။ ဆာအာသာဖယ်ရာရဲ့ တူမက ပြတိုက်ကို လှူဒါန်းခဲ့တာပါ။ အတူပါလာတဲ့ နန်းတွင်း ပန်းချီပညာရှင် မှတ်တမ်းတင်ရေးဆွဲထားတဲ့ ဒီရေဆေး ပန်းချီကား သုံးကားလုံးမှာ မြန်မာသံအမတ်များရဲ့ ခန်းနားထည်ဝါမှုကို လေ့လာခွင့်ရပါတယ်။
 ဘုရားလောင်းဗောဓိသတ်လောကနာထ 
  အမျိုးအစား - ရုပ်ထု/ ရုပ်ပွားတော်
အချိန်ကာလ - ၁၀ ရာစု
တွေ့ရှိရာနေရာ - ပုဂံ၊ မြန်မာ
 ပြုလုပ်ပုံနည်းပညာ - - ကြေးနီပုံသွင်း၊ ရွှေချ ရုပ်ထု/ ရုပ်ပွားတော် အရွယ်အစား - အမြင့် ၇.၂၅ လက်မ ၊ အကျယ် ၄.၇၅ လက်မ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊
လန်ဒန် ပြတိုက်ပစ္စည်း အမှတ် - IM.39-1922
 စကားချပ်။ ။
ဘုရားလောင်းဗောဓိသတ်လောကနာထ မင်းထိုင်ပုံ ဟာ ၁၀-၁၁ ရာစုနှောင်းပိုင်းဖြစ်ပြီး အတော်လေးကိုရှားရှားပါးပါးနဲ့ ၁၀ ရာစု သို့မဟုတ် ၁၁ရာစု နှောင်းလား ဆိုတာ ဝိရောဓိ ဖြစ်စေနိုင်တဲ့လက်ရာမျိုးပါ။ သို့သော်လည်းဘဲ အစောပိုင်းခေတ်ဦး သေသေသပ်သပ် အနုစိတ်ခြယ်မှုန်းတတ်တဲ့ လက်ရာမျိုးအဖြစ်တွေ့ရပါမယ်။ ဒီမင်းဝတ်တန်ဆာယောက်ျားပုံ ရုပ်ထု/ ရုပ်ပွားတော်ကို ပုဂံဘုရားပုထိုး မှာလှူဒါန်းခဲ့တာပါ။ ပုဂံခေတ် လက်ရာတွေမှာ အိန္ဒိယ,ပါလ( India, Pala )ဟန်လွှမ်းမိုးမှုတွေကို အများအားဖြင့် ဘုရားဆင်းတုတော်တွေမှာတွေ့ရ ပြီး၊ မဟာယာနဟန် တွေကိုတော့မြေပုံဘုရား၊ နံရန်ဆေးရေးပန်းချီတွေမှာအတွေ့များပါတယ်။ အပယ်ရတနာ ဘုရားဟာမဟာယာနဟန်ပါ။ ဟင်ဒူဘာသာ( Hindu )အယူဝါဒကိုတော့ ဗေဒင်၊ အခါပေး နဲ့ နတ်ဘုရားရုပ်ထုအချို့ တွေမှာတွေ့ရပါတယ်။ ဒါကြောင့် ပုဂံခေတ် ကိုးကွယ်ယုံကြည်မှု ဟာအများထင်သလို ဗုဒ္ဓဘာသာ တစ်ခုတည်းမဟုတ်ပါ။ နောက်ပြီး စိတ်ဝင်စားစရာအဖြစ် လူပြောများလှတဲ့ အရည်းကြီး ကိုးကွယ်မှု ကိုဘယ်ကျောက်စာ၊ ဘယ်လိုအထောက် ထားမျိုးမှာမှရှာမရပါ။ အုပ်ချုပ်တဲ့မင်း တွေအနေဖြင့် ဘယ်ကိုးကွယ်ယုံကြည်မှုကိုမှ ဖိနှိပ်တာမျိုးကိုမရှိပါ။ အနိရုဒ္ဓ (အများခေါ် အနော်ရထာ) မင်းဟာ မဟာယာနဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကိုပါ ချီးမြင့်တယ်ဆိုတာ သူကိုယ်တိုင်ပြုလုပ်လှူဒါန်းတဲ့ မြေပုံဘုရား နောက်ကျောစာမှာ ဧသော လောကနထော မဟာရာ ဇသိရီ အနိရုဒ္ဓဒေဝေနကတော မိမုတ္တ မုတံ္တ သဟတ္တေနေဇာတိ (မြန်မာလိုပြန်ကတော့) ဤလောကနာထ(ဘုရားလောင်း) ပုံတော်ကို သိရီ အနိရုဒ္ဓဒေဝ မင်းကြီးလည်း သံသရာမှ ထွက်မြောက်ရန် ကိုယ်တိုင်လုပ်သည်။ ဒီမြေပုံဘုရား(အုတ်ခွတ်ဘုရား)ကို ခန့်မှန်း ၁၉၃၈လောက်က ပခုက္ကူရေစကြို ကားလမ်း၊ ပခုက္ကူက ၁၂ မိုင်ကွာ ကန်သစ်ရွာသူကြီး ဦးဘတင်က ကျောက်စာဝန်ဟောင်း ဦးမြဆီလာပေး/လာပြ (ပေးလား/ပြလား မသေချာ) တယ်လိုဆိုပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲမမြင်ဖူးပါ။

ခေါင်း၃လုံး ဗြဟ္မာနတ်မင်း အမျိုးအစား
-
 ခေါင်းသုံးလုံး ဗြဟ္မာနတ်မင်း အချိန်ကာလ - ၁၁ ရာစု
တွေ့ရှိရာနေရာ - ပုဂံ၊ မြန်မာ (သိပ်မသေချာ၊ ဖြစ်နိုင်ချေရှိ)
 ပြုလုပ်ပုံနည်းပညာ - - ခဲညိုရောင်(မီးခိုးရောင်)သဲကျောက်အမာတစ်မျိုးကို ကျောက်စစ်ပညာရှင်က ထွင်းထုထားသည်။ အရွယ်အစား - အမြင့် ၃၃.၅ စင်တီမီတာ ၊ အောက်ခြေအကျယ် ၂၂.၂ စင်တီမီတာ လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊
လန်ဒန် ပြတိုက်ပစ္စည်း အမှတ် - IM.39-1917 စကားချပ်။ ။

ခေါင်းသုံးလုံး ဗြဟ္မာနတ်မင်း ကျောက်စစ်ရုပ်ကြွ
သည် ဟိန္ဒူ (Hindu) နတ်ဘုရားတွေဖြစ်သည့် " ဗြဟ္မာ"ဆိုတဲ့ ဖန်ဆင်းရှင်၊ "ဗိဿနိုး"ဆိုတဲ့ စောင့်ရှောင့်သူ၊ "သိဝ"ဆိုတဲ့ ဖျက်စီးသူ ဟု ဆိုသော နတ်ဘုရားတွေကိုကိုယ်စားပြုပါသည်။ ဟိန္ဒူ (Hindu) နတ်ဘုရားကျောင်းနံရံ ခပ်မြင့်မြင့်နေရာမှာ ဒီကျောက်စစ်ရုပ်ကြွပုံပါ ကျောက်ပြားကို ကပ်ပြီး အလှဆင်မယ်။ နတ်မင်းဟာ ခြေတမလင်ခွေထိုင်လျှက် လက်အုပ်ချီထားပါသည်။ နမသ္ကာရမုဒြာပါ ။ ခေါင်းသုံးလုံးဟာသက်ဆိုင်ရာအရပ်တွေကိုမျက်နှာမူထားပါသည်။ ကျစ်ဆံမီးကျစ်ထားတဲ့ဆံပင်တွေသည် အပေါ်ကို အဖျားရှူးချွန်တက်သွားပြီး ကြာပန်းထိပ်ဖူးနဲ့အပေါ်မှာအဆုံးသတ်ထားတဲ့ အသေးစိပ်လက်ရာပါသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာတော့အဝတ်မပါ။ အောက်ပိုင်းမှာ အဝတ်စည်းထားတယ် ဆိုတာသိသာစေဖို့ အရေးကြောင်း(ကောက်ကြောင်း)အဖြစ်တွေ့ရပါမည်။ ဗုဒ္ဓဘာသာရဲ့အငွေ့သက်တွေပြစ်တဲ့ လက်အုပ်ချီထားပုံ၊ ထိုင်နေပုံ ကိုယ်နေဟန်ထား၊ နားရွက်ရှည် စတာတွေကိုဒီကျောက်စစ်ရုပ်ကြွလေးမှာတွေ့ရမှာပါ။ ဒီကျောက်စစ်ပြားဟာ အရင်းမူလနေရာ ဘယ်နေရာကဆိုတာအတိအကျမသိနိုင်သေးပါ။ အရှေ့ဘင်္ဂလား ကလဲ ဖြစ်နိုင်ပါတယ်။ ဒေါက်တာ ဂျေ. အန်ဒါစင် (Dr J. Anderson) ရဲ့ ကိုယ်ပိုင်စု ဆောင်းမှုတွေထဲက တစ်ခုဖြစ်ပြီး သူ့ဇနီးသည် Mrs G.S. Anderson အတွက်ထားရစ်ခဲ့တာပါ။ ဒေါက်တာ ဂျေ. အန်ဒါစင်ဟာ ၁၈၉၆ ခုနှစ်၊ဗြိတိသျှ အစိုးရရဲ့ ပထမဆုံး လေ့လာရေးခရီးစဉ်ဖြစ်တဲ့ မြန်မာနိုင်ငံအထက်ပိုင်း ကိုဖြတ်ပြီး တရုတ်ပြည် ယူနန်ဘက် လေ့လာရေး ခရီးသွားအဖွဲ့ဝင်တွေထဲက တစ်ဦးပါ။

[5]
၁၂ ရာစု ပုဂံ စဥ့်ထည် ကျောက်ပြား အမျိုးအစား -
စဥ့်ထည် ကျောက်ပြား အချိန်ကာလ - ၁၂ ရာစု ( ပုဂံ )
တွေ့ရှိရာနေရာ - ပုဂံ
 ပြုလုပ်ပုံနည်းပညာ - - ရွှင့်စေး ကိုအုတ်ရအောင်အရင်ဖုတ်၊ ပြီးရင်စဥ့်ရည်သုတ်လို့အလွယ်ရှင်းပါရစေ။ အရွယ်အစား -အမြင့် ၂၆.၅ စင်တီမီတာ ၊ ထု(အထူ) ၃.၅ စင်တိမီတာ ၊အကျယ် ၂၆.၅ စင်တီမီတာ၊ လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊
 လန်ဒန် ပြတိုက်ပစ္စည်း အမှတ် - IS.127-1999 စကားချပ်။ ။

ဒီအစိမ်းရောင် စဥ့်ထည်ကျောတ်ပြား ဟာ ၁၂ ရာစုမှပြစ်ပြီး ယနေ့မြန်မာလို့ခေါ်တဲ့ ဘားမားကပါ။ နံရံ ဒါမှမဟုတ် ကြမ်းခင်းအဖြစ် အသုံးပြုတာမျိုးပါ။ ဖြစ်နိုင်ခြေရှိတာက စေတီ ရဲ့အောက်ခြေရှိ နံရံမှာ အလှဆင်ကျောတ်ပြား အဖြစ်အသုံးပြုတာမျိုးပါ။ ဒီလိုအလှဆင်ကျောတ်ပြားတွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ဘဝဟောင်းဖြစ်စဉ်တွေဖြစ်တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေကို ဖော်ပြတာပါ။ Alex Biancardi ကပြတိုက်ကိုလှူဒါန်း ခဲ့တာပါ။ စဥ့်ရည်သုတ်လိမ်းတဲ့ သဲအုတ်ဇာတ်တော် တွေ့နိုင်တဲ့နေရာတွေကတော့ ရွှေစည်းခုံ- ၁၁ ရာစုနှစ် အာနန္ဒာ- ၁၁ ရာစုနှစ် စူဋ္ဌာမုနိ - ၁၂ ရာစုနှစ် စိုးမင်းကြီးစေတီ - ၁၃ ရာစုနှစ် ထီးလိုမင်းလို- ၁၃ ရာစုနှစ် ဓမ္မရာဇက- ၁၃ ရာစုနှစ် မင်္ဂလာစေတီ - ၁၃ ရာစုနှစ် မာန်အောင်စေတီ- ၁၃ ရာစုနှစ် ၁၈၉၁ ခုနှစ်လောက်က ဂျာမန်အမျိုးသား ဘူမိဗေဒပညာရှင် Dr. Fritz Von Noetling ခိုးယူစဉ်က စဥ့်ထည် ကျောတ်ပြား ၅၀၀ ခန့်ပါသွားနိုင်ပါတယ်။ အခုမြင်နေရတဲ့ ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်က စဥ့်ထည် ကျောတ်ပြားဟာ အဲဒိအခိုးခံရတဲ့ အထဲက တစ်ခုဖြစ်နိုင်ပါတယ်။

 မာန်စစ်သည် မြွေခေါင်းထွက် အမျိုးအစား -
 စဥ့်ထည် ကျောက်ပြား အချိန်ကာလ - ၁၉ ရာစု အစောပိုင်း
တွေ့ရှိရာနေရာ - အင်းဝမြို့ဟောင်း၊
 ပြုလုပ်ပုံနည်းပညာ - - ရွှင့်စေး ကိုအုတ်ရအောင်အရင်ဖုတ်၊ ပြီးရင်စဥ့်ရည်သုတ်လို့အလွယ်ရှင်းပါရစေ။ အရွယ်အစား -အမြင့် ( ပတ်လည် ) ၂၂ ဒသမ ၅ စင်တီမီတာ
 လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊
လန်ဒန် ပြတိုက်ပစ္စည်း အမှတ် - IM.134-1925 စကားချပ်။

။မြတ်စွာဘုရားရှင် တရားအားထုတ်စဉ် သဗ္ဗေညုတညဏ် (အရာအားလုံးကိုထိုးထွင်းသိမြင်တော်မူသောညဏ်) မရအောင် မာန်နတ်မင်းနဲ့သူ့စစ်သည်တော်တွေက ဘုရားရှင်ကိုခြိမ်းခြောက်နှောင့်ယှက် ရာမှာပါတဲ့ မာန်စစ်သည် နှစ်ဦးပုံပါ။ စစ်သည်နှစ်ဦး၏ ဦးခေါင်းထက်တွင် မြွေဆိုးကိုလည်ကောင်း၊ လက်တွင်ဓားကိုင်စွဲထားသည်ကိုလည်ကောင်းတွေ့ရပါမယ်။ အောက်ကစာ " မာန်စစ်သည်မြွေခေါင်းထွတ်" ကိုတော့ရှင်းပြရန်မလိုတော့ပါ။


၁၉ရာစုအစောပိုင်းကာလ ဘိုးတော်ဘုရား လက်ထက် မင်းကွန်းပုထိုးတော်ကြီးတည်ဆောက်စဉ် ဒီအလှဆင်ကျောတ်ပြား(စဥ့်ပြား) တွေကိုအသုံးပြီပြုခဲ့တာပါ။ ၁၈၁၉ မှာ ဘိုးတော်ဘုရားနတ်ရွာလားတော့ ပူထိုးတော်ကြီးလဲ မပြီးဘဲကျန်ခဲ့ပါတယ်။ ဒီနေရာမှာ ပြောစရာတွေအများကြီးရှိပါတယ်။ ဒီစဥ့်ကိုစပြောမယ် ပြတိုက်က ဘာကြောင့်များ အောက်ခြေက ဂဏန်း၄၄၉ ကို မရှင်းလဲမသိပါ။ ပုံကိုသေချာကြည့်ရင်မြင်နေရပါတယ်။ ပြစ်နိုင်ခြေရှိတာက ဒီစဥ့်ကွင်းရဲ့ အမှတ်စဉ်ဖြစ်မယ်လို့ထင်ပါတယ်။ နောက်ပြီး ဘေးဘောင် အနားသတ်မှာ ပန်းပွင့်လိုလိုထင်ရပေမဲ့ အလှဆင်တဲ့ပန်းပွင်ရိုးရိုးမဟုတ်ပါဘူး။ ဓမ္မလှည်းဘီးလို့လူသိများတဲ့ The Wheel Of Dharma ပါ။ မာန်နတ်မင်းနဲ့အပေါင်းပါတွေကို တရားဓမ္မဖြင့်အောင်မြင်ခြင်းကိုဖော်ဆောင်ပါတယ်။

ဝတ်စားဆင်ယဉ်မှုမှာအောက်ပိုင်း ကုန်းဘောင်ခေတ်အဝတ်စား နဲ့ အပေါ်ပိုင်းအဝတ်မပါ။ မျက်နှာတွင်အမွှေးရှည်ရှည် မှုတ်ဆိတ်တွေ.ရပါမယ်။ ထူးထူးခြားခြားလို. ထင်မိပါတယ်၊ ၁၉ရာစုဦးလက်ရာတွေမှာ ဒီလိုအမွှေးရှည်ရှည်အတွေ.ရနည်း လွန်းလို.ပါ။ ဒီလိုအလှဆင်စဥ့်ကွင်းတွေကို ၁၁ရာစုခေတ်လယ် ပုဂံ ငကျွဲနတောင်းဘုရားမှာစတွေ.ရ ပါတယ်။ ပုဂံခေတ် စဥ့်ဖိုဟောင်းကိုမြင်းကပါရွာမှာတွေ.ရတယ်။ ရခိုင်ဘက်မှာတော့၁၄၃၀တည်တဲ့ မြောက်ဦးမြို့ မှာတွေ.နေရပါပြီ။ အခုဒီ ၁၉ရာစုဘိုးတော် လက်ထက်စဥ့်ကွင်းကိုတော့ ၁၇ရာစုလယ်ကစပြီးအတွေ.ရများတဲ့ စစ်ကိုင်း ဝင်းကျင်ကစဥ့်ဖိုတွေကဘဲဖြစ်မယ်။ စဥ့်ဖိုဟောင်းတော့ မတူးလို့ မတွေ.ရသေးပါ။ နောက်ဆုံးပြောချင်တာက ပုထိုးတော်ကြီးပါ။ ဘိုးတော်ဘုရားနောက် ဘယ်မြန်မာဘုရင်မှ ပြီးအောင်ဆက်မတည်ပါ။ " ဘုရားလဲပြီးပြည် ကြီးလဲပျက်" ဆိုတဲ့ တဘောင် ကြောက်လို့ဘဲဖြစ်မှာပါ။ ဒါလည်း ကောင်းပါတယ်။ ရှေးလက်ရာမပျက်လေ့လာလို့ရတာပေါ့။ မာန်နတ်မင်းရဲ့သမီးပျို အမျိုးအစား - မြေ စဥ့်ထည် အချိန်ကာလ - ၁၅ ရာစု တွေ့ရှိရာနေရာ - မြန်မာ (သိပ်မသေချာ၊ ဖြစ်နိုင်ချေရှိ) ပြုလုပ်ပုံနည်းပညာ - - မီးဖုတ် မြေ/ကြွေ ပြားကို အစိမ်းရောင်၊အညိုရောင် စဥ့်ရည်သုပ်လိမ်း။ အရွယ်အစား -အမြင့် ၄၃.၅ စင်တီမီတာ ၊ အကျယ် ၃၅ စင်တီမီတာ။ လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်ပစ္စည်း အမှတ် - 173-1875 စကားချပ်။ ။အစိမ်းရောင် နောက်ခံပေါ်မှာ ဖန်တီးထားတဲ့ သပ်ရပ် လှပကျော့ရှင်းတဲ့ မာန်နတ်မင်းရဲ့သမီးပျိုတွေပါ။ အစိမ်းရောင် အဝတ်ပေါ်မှာ အနီရောင်အဆင်းရှိ ပဝါစနဲ့ထပ်ဆင့်အလှဆင်ထားတယ်၊ အသေးစိပ် ဖန်တီးပုံဖော်ထားတဲ့ ဦးခေါင်းပိုင်း၊ ဆင်မြန်းထားတဲ့ လက်ဝတ်ရတနာ၊ လက်တစ်ဘက် ဘေးမှာကိုစီချလျက် ကျန်လက်တစ်ဘက်က ခပ်မြင့်မြင့်အနေထား ယပ်တောင်ကို ကိုင်လျှက်တွေ့ရပါမယ်။
 မြတ်ဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါးထဲက မာန်နတ်မင်းနဲ့ သူ့စစ်သည်တွေကို အောင်မြင်တော်မူခန်း ကိုပုံဖော်တဲ့ အခန်းဆက်စဥ့်ထည် အတွဲလိုက်ထဲက တစ်ခုပါ။ မြတ်ဗုဒ္ဓ သဗ္ဗေညုတညဏ် ရည်သန်လျှက် တရားအားထုတ်စဉ် နှောင့်ယှက်ကြတဲ့ မာန်နတ်မင်းရဲ့ စစ်သည်တော်တွေကို ပဲခူးမြို့ရွှေဂူကြီး ဘုရားရဲ့ အောက်ခြေပတ်လည်မှာတွေ့ရပါမယ်။ မြတ်ဗုဒ္ဓ၏ ဘဝဟောင်း ဇာတ်နိပါတ်တော် စဥ့်ထည်တွေ ကိုလည်းဘဲ တစ်စုတစည်းတွေ့ရနိုင်ပါတယ်။ ဒီလို မီးဖုတ်မြေထည်ကိုစဥ့်ရည်သုပ်လိမ်းထားတဲ့ ဇာတ်နိပါတ်တော် စဥ့်ထည်တွေနဲ့ ဘုရားတွေမှာအလှဆင်တဲ့ အလေ့ထ ကိုမွန်တို့ရဲ့နေပြည်တော် သထုံ မှာစပါတယ်။ ၁၁ ရာစု အလယ်ပိုင်း မြန်မာဘုရင် အနိရုဒ္ဓ(အနော်ရထာ) သထုံကို သိမ်းယူပြီး နောက် စဥ့်ထည်လုပ်ပညာရပ် ပုဂံရောက်တယ်။ နောက်ပိုင်း ၁၅ ရာစုရောက် လာတဲ့အခါ စဥ့်ထည်ပညာရပ်ဟာ များစွာ အဆင့်မြင့်တိုးတက်နေပါပြီ။ အခု စဥ့်ထည်ကို မြန်မာပြည်ကရသလာဆိုတာလည်း မသေချာ၊ ပဲခူး က ရ သလိုလို၊ ဘာလိုလို နဲ့အဆုံးသတ်ထားတယ်။ မသေချာရင် ဖြင့်လည်ဘဲ ကမ္ဘာကျော် ပြတိုက်တစ်ခုအနေနဲ့ ဆက်ပြီး သုတေသန ပြုသင့်ပါတယ်။ ပြတိုက်က ၁၅ ရာစုလို့ပြောပါတယ်။ ဝတ်စား ဆင်ယင်မှုကို ကြည့်ပြီး ဟုတ်နိုင်လောက်တယ်လို့ ပြောရပါမယ်။ မသေချာပါ။ မွန်တွေရဲ့ ဟန်ပန်မျိုးတွေ့ရပေမယ့် ရခိုင်ဘက်ကလဲ ဖြစ်နိုင်ပါတယ်။ အပေါ်ထိပ်ကစာကိုကောင်းကောင်းဖတ်မရပါ။ ဒီစဥ့်ထည်ဟာ အနာဆာများတယ် တချို့နေရာပြင်ထားပုံရတယ်။ စဥ့်ထည်ပညာနဲ့ပတ်သက်ပြီး ၁၁ ရာစု နောက်ပိုင်း ဆိုရင်ဖြင့် ပိုင်ပိုင်နိုင်နိုင် ပြောနိုင်ပါတယ်။ ဒိထက်စောပြီး ပြောဖို့ရာ အထောက်ထား မပြည့်စုံသေးပါ။ သရေခတ္တရာ မှာ စဥ့်ထည်မတွေ့ဘူးလို့ ရဲရဲပြောဝံတယ်။ ဟန်လင်းမှာလည်း မတွေ့။ ၁၂ ရာစုထက်စောတဲ့ ပစ္စည်း ဘာတစ်ခုမှ မတွေ့ရတဲ့တကောင်းကိုလဲ ထည့်တွက်စရာ မလို။ ရှင်းရှင်းပြောရင် ပျူတွေရဲ့မြို့ တော်မှာ စဥ့်ထယ်မတွေ့ရပါ။

ဒါဆို ဒီစဥ့်ထည်ပညာရပ်ကို ပုဂံက မြန်မာတွေဘယ်ကရလဲ။ တချို့ပညာရှင်တွေက တရုတ်ကမှတဆင့် ရှမ်းကရတယ်၊ ရှမ်းကတဆင့် မြန်မာကရတယ် လို့ဆိုတယ်။ ၉-၁၀ ရာစုလောက်မှာ စဥ့်နဲ့မြေထည်တွေ သိပ်ထွက်တဲ့ တရုတ်ပြည်နဲ့ ကူးသန်းရောင်းဝယ်မှုတော့ရှိပါတယ်။ တရုတ်က ရတယ် ဆိုလည်းဘဲ ယနေ့ထိတော့ ဘာအထောက်ထားမှမရှိသေးလို့ မသေချာသေးပါ။ ရခိုင်ဘက်မှာ စဥ့်ထည်တွေအများကြီးတွေ့ရလို့ ဒါလဲစဉ်းစားစရာပါ။ ပြတိုက်ကပြောသလို မွန်တို့ရဲ့ သထုံကရတယ်ဆိုရင် သထုံဘက်မှာ စဥ့်ထည်တွေကို အများကြီး တွေ့နိုင်စရာရှိတာပေါ့။ ခုထိမတွေ့သေးပါ။ နောက်ပြီး မွန်တွေ ကတဆင့်ရတယ်ဆိုရင်ဖြင့်လဲ နောက်ပိုင်းဘာဖြစ်လို့များ သထုံမှာ စဥ့်ပညာ အဆက်ပြတ်သွားရလဲ။ ဘာအထောက်ထားနဲ့ ပြောလဲဆိုတာ ပြတိုက်ကို လှမ်းမေးပါမယ်။ အပေါ်ထိပ်ကစာကိုသီးသန့်ပုံတောင်းရပါမယ်။ ပြီး ရင် ဒီ ပိုစ် ကို လိုအပ်ရင် ပြန်ပြင်ရပါမယ်။ (ဒီလို မာန်နတ်မင်းရဲ့သမီးပျို ပုံတွေဟာ ထိုင်း၊ နိပေါ၊ တိဘက်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ဘက်မှာ ၅ရာစုလောက်ကတည်းကတွေ့နေရပါပြီ။ ၂ ရာစုကတည်းက ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘလုချိစ္စတန်ဘက်မှာ သိပ်ရေပန်းစားနေပါ ပြီ။)

 (ကိုးကား)
1. (မူရင်း- ကလျာမဂ္ဂဇင်း)
2. မူရင်း Deposed King Thibaw of Burma in India, 1885-1916 by W.S Desai ကို ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက် ဆောင်းပါး များမှ 3. မန္တလေးရက်စွဲသမိုင်း ၊ ဒေါက်တာသန်းထွန်း။ ဦးစက်ရွှင် တရုတ် သင်္ချိုင်းစာ။
4. ဒေါက်တာသန်းထွန်း၏ ပုဂံ ( ၂ )သုတေသနစာတမ်း၊ အမှတ် ၁၄ ၊ ဒီဇင်ဘာ ၁၉၉၆၊ ကလျာမဂ္ဂဇင်း 5. ဒေါက်တာ သန်းထွန်း ၏ မြန်မာမီးဖုတ်မြေထည်ပစ္စည်း သုတေသနစာတမ်း
 (မောင်ကျောက်ခဲ အဖွဲ့)
__________________

ဘကြီးသက်
Unknown at 11:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံပိုင် ရုပ်ရှင်ရုံများကို ထပ်မံရောင်းချခြင်း မပြုလုပ်တော့ဟုဆို


Photo

နိုင်ငံပိုင် ရုပ်ရှင်ရုံများကို ထပ်မံရောင်းချခြင်း မပြုလုပ်တော့ဟုဆို

အောက်တိုဘာလ ၂၃ ရက်။    ။ မြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံများ နည်းပါးလာတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်များကို လွှဲပြောင်းရောင်းချခြင်းတွေ ထပ်မံ မပြုလုပ်ကြဖို့  ပြန်ကြားရေး ဝန်ကြီးဌာနမှ အကြောင်းကြားလာကြောင်း၊ ယခုလို ရုပ်ရှင်ရုံနည်းပါးမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ရုပ်ရှင်ရုံသစ်များ ထပ်မံ ထွက်ပေါ်လာစေရန် ရုပ်ရှင်အစည်းအရုံးကနေ တင်ပြတောင်းဆိုခဲ့ရာမှာ ယခုလို အကြောင်းပြန်ကြားလာခြင်း ဖြစ်ကြောင်း၊ “ရုပ်ရှင်ရုံတွေကို ထပ်မံလွှဲပြောင်း ရောင်းချခြင်း မပြုတော့ဘူးလို့ တရားဝင် အသိပေး အကြောင်းကြားလာပါတယ်။ ဒီဝမ်းသာစရာ သတင်းကို ရုပ်ရှင်လောကသား အားလုံး သိနိုင်ဖို့ သတင်းစကား ပါးချင်တာပါ။ နောက်တစ်ဆင့်ဖြစ်တဲ့ ရုပ်ရှင်ရုံအသစ်တွေ ထပ်မံထွက်ပေါ်လာဖို့ ဆိုတာကတော့ နိုင်ငံတော်အဆင့် ပေါ်ထွက်လာရမယ့် အဆင့်ပါ။ အဲဒါကိုလည်း အဆင့်ဆင့် တင်ပြထားပါတယ်” လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်နဲ့ နှစ်ရှည်ငှား ရုပ်ရှင်ရုံ ၁၁၆ ရုံ ရှိတယ်လို့ မြန်မာ့ရုပ်ရှင်လုပ်ငန်းမှာ ကောက်ယူထားတဲ့ စာရင်းများအရ သိရှိရပြီး၊ အဆိုပါ ရုပ်ရှင်ရုံများဟာ နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများကို ရုပ်ရှင်ရုံလုပ်ငန်း လုပ်ကိုင်ရန် အပြီး လွှဲပြောင်း ရောင်းချထားတဲ့ ရုပ်ရှင်ရုံ ၄၉ ရုံ၊ ပုဂ္ဂလိကပိုင် ရုပ်ရှင်ရုံ ၃၉ ရုံ၊ နိုင်ငံတော်က နှစ်ရှည်ငှားရမ်းထားတဲ့ ရုပ်ရှင်ရုံ ၂၈ ရုံ ရှိတယ်လို့ သိရပါတယ်။

ရတနာပုံသတင်း


ဘကြီးသက်
Unknown at 11:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဥပဒေပါ သမ္မတအရည်အချင်း


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ

အခြေခံဥပဒေကို အခြေပြုပြောကြားမှုများရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကိစ္စမှာ နိုင်ငံရေးအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်အချို့နှင့်မီဒီယာများတွင် ပြောဆိုမှုများကြောင့်အများပြည်သူ

အာရုံစိုက်မိလာသည့် အကြောင်းရပ်တစ်ခုဖြစ်လာသည်။

“ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့၊ မဖြစ်ဖို့ဆိုတာ ပြည်သူရဲ့ သဘောထားပေါ်မှာပဲ မူတည်တယ်။

ပြည်သူ့သဘောထားက လက်ခံတယ်ဆိုရင် ကျွန်တော်ကလည်း လက်ခံရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော့် ကြားမှာ

ဘာပြဿနာမှ မရှိပါဘူး။ အခုလည်း လက်တွဲပြီးတော့ ကျွန်တော်တို့ လုပ်နေကြတာဖြစ်ပါတယ်”ဟု သမ္မတကြီးက အင်တာဗျူး တစ်ခုတွင်

ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ခရီးစဉ်များပြီးဆုံး၍ မြန် မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန် တွင် ပြုလုပ်သော သတင်းစာရှင်း လင်းပွဲ၌

“ကျွန်မက နိုင်ငံရေးပါ တီတစ်ခုရဲ့ ခေါင်းဆောင်ပဲ။ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ဆိုမှတော့ သမ္မတလည်း လုပ်ရဲတဲ့ သတ္တိရှိရမယ်။

ပြည်သူလူထုက လို လားရင်လုပ်မှာပဲ”ဟု ပြောကြားသည်။

ထိုသို့ ခေါင်းဆောင်နှစ်ဦးက ပြောကြားခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် အချို့သည် ဒေါ်အောင်ဆန်းစု ကြည်

သမ္မတဖြစ်ရေးအတွက် အတားအဆီးသဖွယ်ဖြစ်နေသည်။ သူမအား နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်လိုပါလျှင် အဆိုပါ အ ချက်အချို့အား

ယခုလွှတ်တော် သက်တမ်းအတွင်း ပြင်ဆင်နိုင်ရန် လိုအပ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေ အခန်း(၃)ရှိ ပုဒ်မ-၅၉ နိုင်ငံ တော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများဆိုင်ရာ ပြဋ္ဌာန်းချက်

အပိုဒ်ခွဲ(စ)တွင် မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ မိ မိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး (သို့မဟုတ်)

ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏

လက်အောက်ခံဖြစ်သူ (သို့မဟုတ်) တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ များ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်
ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်း ကောင်း၊ ခံစားရသော အခွင့်အ ရေးများနှင့် ကျေးဇူးခံစားခွင့်များ ကို
ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ဖော်ပြထားသည်။

အဆိုပါအပိုဒ်သည် လွှတ်တော်အမတ်ဦးရေ ၇၅ ရာခိုင်နှုန်းက ထောက်ခံရမည့်အပြင် ပြည် လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်
ရှိသူများ၏ ၅၀ ရာခိုင်နှုန်းက ထောက်ခံဆနမဲပေး မှသာ ပြင်ဆင်နိုင်ခွင့်ရှိမည့် အ ချက်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည် ပြည်သူများ ၏ သဘောထားပေါ် မူတည်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို
မိမိတစ်ဦးတည်း၏ သဘောဖြင့် ပြင်ဆင်၍ မဖြစ်နိုင်ကြောင်း သမ္မတကြီးက BBC ရုပ်သံဌာနနှင့် အင်တာဗျူး တွင် ပြောကြားခဲ့သည်။

သူမအား သမ္မတဖြစ်ရန် ပြောဆိုနေကြသော်လည်း အခြေ ခံဥပဒေပါ ကန့်သတ်ချက်များအား ပြင်ဆင်ရန်မှာမူ ၃ နှစ်ကျန် ရှိသေးသည့်
လွှတ်တော်သက် တမ်းအတွင်း ဖြစ်နိုင်ခြေနည်းပါး ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များက သုံးသပ်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအနေဖြင့် လွှတ်တော်တွင်းရောက်ရှိပါက အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေ
စိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်ဦး ဖြိုးမင်းသိန်းက အခြေခံဥပဒေမှာ တပ်မတော်ရဲ့ ပါဝင်ပတ်
သက်မှုတွေကို ချောချောမွေ့မွေ့ပြင်ဆင်နိုင်အောင် ဆောင်ရွက်ရမှာပါ။ ကျွန်တော်တို့ဘက်က ဒီလွှတ်တော်သက်တမ်းအတွင်းမှာ
ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ နောက်တစ်ချက်ကဥပဒေနဲ့အညီ ပြင်ဆင်နိုင်ဖို့အတွက်
ဒီဖွဲ့စည်းပုံက ဘယ်အချက်အလက်တွေက ဘောင်ဝင်မယ်ဆိုတာ ကျွန်တော်တို့ ဆန်းစစ်ရပါမယ်” ဟု ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက “NLD က ဖွဲ့စည်းပုံ အခြေခံဥပ
ဒေပြင်ချင်တယ်ဆိုရင်တော့ သမ္မတရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ အ ချက်တချို့ ဖြစ်ကောင်းဖြစ်နိုင် တယ်။ အဲဒါကို ပြင်မယ်ဆိုရင်
ကျွန်တော်ထင်တယ်။ ၇၅ ရာခိုင်နှုန်းကျော်နဲ့ နိုင်မယ်မထင်ဘူး။ ဒီသုံးနှစ်ကာလအတွင်းမှာ ပြင်နိုင် မယ်လို့ ကျွန်တော်တော့
မထင်ပါဘူး”ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယကအဖွဲ့ဝင် ဦးဝင်းတင်က ပြောဆိုရာတွင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စအား ၂၀၁၅ ခုနှစ်မတိုင်မီ
ပြင်ဆင်နိုင်လိမ့်မည်ဟု မထင်ကြောင်း၊ ဒီမိုကရေစီ ပြောင်းလဲရေးတွင် အဓိကအဟန့် အတားမှာ စစ်တပ်ဖြစ်နေကြောင်း
ဆိုသည်။

လူတစ်ဦးတစ်ယောက်အတွက် အခြေခံဥပဒေပြင်ဆင်ရသည်မှာ မသင့်လျော်သော်လည်း ပြင်ဆင်ပေးရမည့်သူသည် နိုင်ငံအား ထူးထူးခြားခြား
ပြောင်းလဲ သွားနိုင်အောင် စွမ်းဆောင်ရည်ရှိသူဖြစ်ပါက ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း၊ လူတစ်ဦးတစ်ယောက်နှင့် ပုဂ္ဂိုလ်စွဲ ကိုးကွယ်မှု
များရှိခဲ့လျှင် ဒီမိုကရေစီမဟုတ်သေးကြောင်း အမျိုးသားဒီမိုက ရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦး ခင်မောင်ဆွေက ထောက်ပြပြော ကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရာ တွင် လွှတ်တော်တွင်း ထောက်ခံဆန္ဒမဲများ ရရှိရန် လိုအပ်သဖြင့် အနိုင်ရပါတီသည် အရေးပါသော
အခြေအနေတွင်ရှိသည်။ ယခု လွှတ်တော်သက်တမ်းအတွင်း အနိုင်ရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်
အခြေခံဥပဒေကို ပြင်ဆင်ရန် အခြေအနေနည်းပါးနေသည်။

အခြေခံဥပဒေပြင်ဆင်ရေး ကို မိမိ၏ သဘောဆနဖြင့် ပြုလုပ်၍မရဘဲ လွှတ်တော်ကိုယ်စား လှယ်များ၏ သဘောဆန္ဒဖြင့်သာ
သွားရမည်ဖြစ်ကြောင်း ယခုလ ၂၁ ရက်က နိုင်ငံတော်သမ္မတ အိမ်တော်၌ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါ တီဥက္ကဋ္ဌအဖြစ်
ပြန်လည်ရွေးချယ် တင်မြှောက်ခံထားရသူ သမ္မတ ဦးသိန်းစိန်က ထပ်မံပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဆို တာ ပြင်လို့ရတယ်။ အများသဘောတူတယ်ဆိုရင် လုပ်လို့ရပါတယ်။ အများသဘောအတိုင်းသွားမှာပဲ။
လက်ရှိမှာတော့ ပါတီ အနေနဲ့ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ အဆိုတင်သွင်းဖို့ မရှိသေးပါဘူး”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး
ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး က ပြည်ပမီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

၂၀၁၅ ခုနှစ်အထိ သက် တမ်းရှိနေသည့် ယခုလွှတ်တော် သက်တမ်းအတွင်း အခြေခံဥပဒေပြင်ဆင်ရေးသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များ၏
သဘောသက်ရောက်မှုအပေါ် မူတည်နေကြောင်း ဦးခင်မောင်ဆွေက သုံးသပ်သည်။

“သမ္မတနဲ့ ပတ်သက်တဲ့အ ချက်တွေကို ပြည်ခိုင်ဖြိုးဘက်က ပြင်ဖို့ ခက်လိမ့်မယ်ဗျ။ ဒီ၂၀၀၈ ဖွဲ့စည်းပုံကို ပုဂ္ဂိုလ်အချို့ကကာဖို့
ကြိုးစားတာဖြစ်ချင်ဖြစ် မယ်။ ဒါပေမဲ့ အဲဒီကာတဲ့ပုဂ္ဂိုလ်တွေကို လူထုကလက်ခံမှကိုး။ နိုင် ငံတော်သမ္မတအရည်အချင်းမှာ ကန့် သတ်မှုတွေ
များနေရင်အများလက်ခံနိုင်တဲ့ ဝေါဟာရကိုပြင်ဖို့ တော်တော်ခက်ပါလိမ့်မယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စား လှယ်
ဒေါက်တာအေးမောင်က ပြောသည်။

ဦးရဲထွန်းက သူ၏အမြင်ကို ပြောဆိုရာတွင် “ပြည်ခိုင်ဖြိုးပါတီ က ပြင်ဖို့လုံးဝမရှိဘူး။ NLD ကအာရုံရှိလို့ ပြင်ဖို့ကြိုးစားရင်တောင်
သိပ်ပြီးအရာရောက်မှာ မဟုတ်ဘူး” ဟု ဆိုသည်။

အခြေခံဥပဒေပြင်ဆင်ရေး တွင် သမ္မတနှင့်ပတ်သက်သည့် အရည်အချင်းများ ပြုပြင်ရန်သာမက အခြားသော တိုင်းရင်းသား ရေးရာနှင့်
သက်ဆိုင်သည့်ကိစ္စရပ် များ၊ တပ်မတော်၏ ပါဝင်မှုအခန်းကဏ္ဍကို လျှော့ချရေးကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား

ယခုထက်ပိုမို၍ အခွင့်အလမ်းများပေးအပ်ရန် ကိစ္စများအစရှိသည့် အချက်အလက်များ ကို အာရုံစိုက်သင့်ကြောင်း မြန်မာ့ နိုင်ငံရေး
အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် များ၏ ထင်မြင်ယူဆမှုများ ရှိနေသည်။

တပ်မတော်နှင့် ပတ်သက်သော အချက်အလက်များကို ပြင်ဆင်ရန်သာမက နိုင်ငံတော်တွင် လတ်တလော အရေးတကြီးလို အပ်နေသည့်
ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မှန်မှန်ကန်ကန် ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်နိုင်ရန်
ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်မဖြစ် ပြင်ဆင်ရန်လိုအပ်နေကြောင်းလည်း တိုင်းရင်းသား ပါတီအချို့က သုံးသပ်ဝေဖန်သည်။

အခြေခံဥပဒေပြင်ဆင်ရေးကို အဓိကထား လုပ်ဆောင်မည်ဟု ကြွေးကြော်၍ လွှတ်တော်တွင်းဝင်ရောက်ခဲ့သော NLD ပါ တီအနေဖြင့်
အခြေခံဥပဒေပြင်ဆင်ရေးထက် အခြားသော လွှတ် တော်တွင်း လုပ်ငန်းများကို အာရုံစူးစိုက်လုပ်ဆောင်သင့်ကြောင်း
သုံးသပ်သူများလည်းရှိသည်။

ဦးရဲထွန်းက သုံးသပ်ပြော ဆိုရာတွင် “ဖွဲ့စည်းပုံပြင်ဖို့ကိုပဲ အာရုံစိုက်နေမယ်ဆိုရင် ဒီအချိန် က ဖွဲ့စည်းပုံပြင်ဖို့ အချိန်ကောင်း၊
အချိန်မှန်မဟုတ်သေးဘူး။ ဒီအချိန်မှာ သွားပြင်ရင် အချင်းချင်း နားလည်မှုလွဲတာပဲရှိမယ်”ဟု ဆိုသည်။

အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် အဆင့်များစွာကို ကျော်ဖြတ်ရမည်ဖြစ်ပြီး အချို့အဆင့်များသည် ယုတ္တိမဲ့သောအချက် များရှိကြောင်း၊
၎င်းအချက်များကို ကျော်ဖြတ်ပြီးမှသာ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်ရမည် ဖြစ်သည့်အတွက် အခက်အခဲများ ကြီးမားနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုပြုံးချိုက သုံးသပ်ပြောကြားသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် NLD အနိုင်ရရှိပါက ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြောင်းလဲပြင် ဆင်နိုင်မည်ဟု
ထင်ကြေးပေးမှုများရှိသော်လည်း တပ်မတော် သားကိုယ်စားလှယ်များ ပါဝင်ထောက်ခံမှသာလျှင် ပြင်ဆင်နိုင်မည်ဟု
ထင်မြင်ယူဆသူများလည်းရှိသည်။

လွှတ်တော်သက်တမ်းသည် ၂ နှစ်နီးပါး ချင်းနင်းဝင်ရောက် လာပြီဖြစ်သော်လည်း အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍
တစ်စုံတစ်ရာဆွေးနွေးမှုကို မတွေ့ရှိရသေးပေ။

ပြည်ထောင်စု လွှတ်တော်အနေဖြင့် စတုတ္ထပုံမှန်အစည်းအဝေး ပြီးစီး သည့်အချိန်ထိ ဥပဒေ ၃၂ ခုကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး နိုင်ငံ
အတွက် အရေးကြီးသော ဥပဒေ အချို့ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။

ယခုကျင်းပဆဲ လွှတ်တော် အစည်းအဝေးများတွင် မပြီးပြတ်သေးသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း၊ အလုပ်သမားများ
လုပ်ခလစာနှင့် သက်ဆိုင်သည့်ဥပဒေကြမ်း စသည့် ကိစ္စများကိုဆွေးနွေးရန်ရှိပြီး အခြားဝင်ရောက်လာမည့် အဆိုများ ဥပဒေကြမ်း
များကိုလည်း ဆွေးနွေးရန် ရှိသဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အရေးတကြီး ကိစ္စရပ်အဖြစ် ၀င်ရောက်လာရန် အလှမ်းဝေးမှု
များရှိနေသည်ဟု သုံးသပ်ကြသည်။

ယခုလက်ရှိ နိုင်ငံ၌ ကျင့် သုံးနေသော အခြေခံဥပဒေတွင် အားနည်းချက်များ ပါဝင်သော်လည်း အဆိုပါ အချက်များကို ပြင်ဆင်ရန်မှာမူ
အလှမ်းဝေးနေ ဆဲဖြစ်ပြီး အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် အပြောင်းအလဲလုပ်ငန်းစဉ်များ ပိုမိုဖြစ်ထွန်းလာရေးကိုသာ
ဦးစားပေးဆောင်ရွက်ရမည့် အချိန်ကာလဖြစ် ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်း အချို့ကပြောဆိုမှုများရှိနေသည်။

“အခြေခံဥပဒေပြင်ဆင်ခွင့် ရရင် သမ္မတအရည်အချင်းနဲ့ ပတ်သက်တဲ့ အချက်အချို့ကိုလည်း ဦးစားပေးပြင်ဖို့ရှိပါတယ်။ သမ္မတဟာ
စစ်ရေးအမြင်ရှိရမယ်ဆိုတာ အမျိုးသားတွေကိုပဲ ဦးစားပေးတဲ့ သဘော ဖြစ်နေပါတယ်။ ပုဒ်မ ၅၉(စ)ကိုလည်း ပြင်ရမယ်။ တိုင်းပြည်အတွက်
တကယ်လိုအပ်ရင် ဒီအချက်တွေကို ဖယ်ရှားနိုင်မယ် လို့ ထင်ပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ် တော်ကိုယ်စားလှယ်
ဒေါ်မေ၀င်းမြင့်က ပြောသည်။


ဘကြီးသက်
Unknown at 11:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

KIA ရဲ့လုပ်ရပ်ကြောင့် ကချင်မတွေ ယိုးဒယားဘက်မှာ ပြည့်တန်ဆာဘ၀သို့ ရောက်ရှိနေကြ




ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ကချင်ပြည်သူများ စစ်ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြသည်။ကချင်ပြည်နယ်ရှိ ရွာများတွင်လည်း KIA အကြမ်းဖက်သောင်းကျန်းသူတို့မှ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊သမီးပျို၊တခုလပ်၊မုဆိုးမ များအား KIA ထဲသို့ ၀င်ခိုင်းကာ ကချင်သောင်းကျန်းသူများ၏ ဇနီးမယားဘ၀ အဖြစ်သို့ရောက်ရှိကြသည်။စစ်ဒဏ်ကြောင့်ထွက်ပြေးတိမ်းရှောင်ကြသော မိသားစုများ၏စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ကချင်သမီးပျိုလေး များ တစ်ဖက်နိုင်ငံ ဖြစ်သည့် ယိုးဒယား ဘက်သို့ကူးကာ ရသည့် အလုပ်ဖြင့် စားဝတ်နေရေး ကို ဖြေရှင်းနေရကြောင်း သိရှိရသည်။ယိုးဒယာနိုင်ငံ တွင် အလုပ်လုပ်နေသည့် ကချင်မိန်းကလေး အများစုသည် ပြည့်တန်ဆာ ဘ၀သို့ရောက်ရှိကာ အသက်မွေးဝမ်းကျောင်းအဆင်ပြေစေ ရန်အတွက် လုပ်ကိုင်နေရကြောင်းသိရှိရသည်။

 
 Myanmar Express
ဘကြီးသက်
Unknown at 10:30 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ နိုဝင်ဘာလအတွင်း ထွက်ပေါ်လာဖွယ်ရှိ

အောက်တိုဘာလ ၂၂ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ နိုင်ငံတော် သမ္မတက ပေးပို့လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းအပေါ် သဘောထားမှတ်ချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေမှာ နိုဝင်ဘာလအတွင်း ထွက်ပေါ်လာဖွယ်ရှိကြောင်း
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ပြောခဲ့သည်။

“နိုင်ငံတော်သမ္မတ ပေးပို့လာတဲ့  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း အပေါ် သဘောထားမှတ်ချက်မှာ ပြင်ဆင်စရာရှိတဲ့ အချက် အများအပြား မရှိတဲ့အတွက် နိုဝင်ဘာလဆန်းပိုင်းမှာ အပြီးသတ် ထွက်လာဖို့ ခန့်မှန်းပါတယ်” ဟု ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်(လသာ)က ပြောကြားပါသည်။
ပြည်ထောင်စုလွှတ်တော်က ဥပဒေအဖြစ်ထုတ်ပြန်ရန် နိုင်ငံတော်သမ္မတထံပေး ပို့ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို သဘောထားမှတ်ချက် ၁၁ ချက်ဖြင့် နိုင်ငံတော်သမ္မတက ပြန်လည်ပြင်ဆင်ပေးပို့လာသည့်အပေါ်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာကို အောက်တိုဘာလ ၂၂ ရက်နေ့က  ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေကြမ်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့၌ အတည်ပြုချက်ရယူခဲ့ပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာနိုင်ရန် ပြည်ထောင်စုလွှတ်တော်နာယက က ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက စက်တင်ဘာလ ၂၂ ရက်နေ့တွင် သဘောထားမှတ်ချက် ၁၁ ချက်ဖြင့် ပြန်လည်ပေးပို့ခဲ့ပြီး ယင်းမှတ်ချက်များအား ပြည်ထောင်စုလွှတ်တော်တွင် တင်ပြနိုင်ရန် ဥပဒေကြမ်းပူးပေါင်းကော်မတီက အောက်တိုဘာလ ၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ အစည်းအဝေးများပြုလုပ်ခဲ့ကာ သဘောထားမှတ်ချက်များ ပြန်လည်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့  နိုင်ငံတော်သမ္မတက အချက် (၁၁) ချက်နှင့် ဥပဒေရေးထုံးငါးချက်ကို ပြင်ဆင်သည့်အပေါ် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ညှိနှိုင်းသဘောတူပြင်ဆင်ချက်များအပေါ် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အောက်တိုဘာလ ၂၅ ရက်နေ့မတိုင်မီ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က အစည်းအဝေးတွင် ထည့်သွင်းကြေညာခဲ့သည်။
'' အန်တီကိုယ်တိုင်တော့ ၀င်ဆွေးနွေးဖို့မရှိပါဘူး။ ဒါပေမယ့် အန်တီတို့အဖွဲ့ထဲကသူတွေတော့ ဆွေးနွေးမယ့်ထဲမှာပါမယ်။ နိုင်ငံခြားကနေ မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေဝင်လာမယ်ဆိုရင်တော့ အန်တီတို့ သဘောတူတာပေါ့။ ဒါပေမယ့် အားလုံးကိုတော့ သေသေချာချာ အသေးစိတ်ဆွေးနွေးပြီးမှ ပြန်ပြီးတော့ တင်ပြရမှာပေါ့'' ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကပြော ကြားခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က'' အခြေအနေပေးရင်တော့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက တင်ထားတဲ့ အချက် ၁၁ ချက်ထဲက တစ်ချက်ကို ကျွန်တော်ဝင်ဆွေးနွေးဖို့ရှိပါတယ်။ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ အထူးသဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်ကြီးတွေရဲ့ စိုးရိမ်မှုကိုမူတည်ပြီးတော့ ပြဋ္ဌာန်းပေးထားတဲ့ အချက်တစ်ချို့ဟာ နိုင်ငံခြားသားတွေအတွက်၊ တစ်ချိန်တည်းမှာ ကျွန်တော်တို့နိုင်ငံအတွက် သူတို့ဘက်က စိုးရိမ် ထိတ်လန့်မှုတွေ ရှိနိုင်တာပေါ့ဗျာ။ ဆိုလိုတာကတော့ ဆွဲဆောင်မှုအားနည်းစေတာမျိုးတွေပေါ့။ အဲဒါမျိုးတွေကိုတော့ လက်တွေ့ကျကျနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဆိုတာ နိုင်ငံခြားသားတွေဝင်လာဖို့ ကျွန်တော်တို့က ဆွဲဆောင်ရမှာကိုး။ အဲဒီတော့ သူတို့လည်း အရင်းအနှီးတွေ လုပ်တဲ့အခါမှာ သူတို့လုပ်သာကိုင်သာဖြစ်အောင်တော့ ကျွန်တော်တို့ရဲ့ ပြဋ္ဌာန်းချက်တွေကို သေသေချာချာ ဂရုစိုက်ဖို့လိုတာပေါ့'' ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သော 'ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းပါက နိုင်ငံခြားမတည်ငွေသည် စုစုပေါင်းမတည်ငွေရင်း၏ ၃၅ ရာခိုင်နှုန်း အနည်းဆုံးပါဝင်ရမည်' ဆိုသည့်အချက်ကို နိုင်ငံတော်သမ္မတက  'ဖက်စပ်လုပ်ငန်းအဖြစ်ဖွဲ့စည်းပါက နိုင်ငံခြားမတည်ငွေနှင့် နိုင်ငံသားမတည်ငွေအချိုးကို ဖက်စပ်လုပ်ငန်းပြုလုပ်သည့် နိုင်ငံခြားသားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု နှစ်ဖက်သဘောတူညီချက်အရ သတ်မှတ်နိုင်သည်' ဟု မှတ် ချက်ပြုခဲ့သည်။
ယင်းအချက်ကို ဥပဒေကြမ်းပူးပေါင်းကော်မတီက နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်တွင် ဖော်ပြထားသော စကားရပ်များကို အနည်းငယ်ဖြည့်စွက်သင့်ကြောင်း စိစစ်တွေ့ရှိရပါသဖြင့် ' ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းပါက နိုင်ငံခြားမတည်ငွေရင်းအချိုးကို နှစ်ဖက်သဘောတူညီချက်အရ သတ်မှတ်နိုင်သည်' ဟု ညှိနှိုင်းသဘောတူ ပြင်ဆင်ခဲ့သည်။
' နိုင်ငံခြားသားသည် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့် လုပ်ငန်းများကို နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်ပါက စုစုပေါင်း နိုင်ငံခြားမတည်ငွေရင်း၏ ၅၀း၅၀ အချိုးအတိုင်းဆောင်ရွက်ရန် အဆိုပြုနိုင်သည်'ဆိုသောအချက်ကို ' နိုင်ငံခြားသားသည် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့်လုပ်ငန်းများကို နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်ပါက နိုင်ငံခြားမတည်ငွေရင်းအချိုးကို နည်းဥပဒေဖြင့် ပြဋ္ဌာန်းထားသည့် အချိုးအတိုင်းအဆိုပြုနိုင်သည်' ဟု ပြဋ္ဌာန်းသင့်ကြောင်း နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။
ယင်းအချက်ကိုလည်း ဥပဒေကြမ်းပူးပေါင်းကော်မတီက ' နိုင်ငံခြားသားသည် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့်လုပ်ငန်းများကို နိုင်ငံသားနှင့်ဖက်စပ်လုပ်ကိုင်ခွင့်ရပါက နိုင်ငံခြားမတည်ငွေရင်းအချိုးကို နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းရေးကို မထိခိုက်စေသော နှစ်ဖက်သဘောတူညီသည့် အချိုးအတိုင်း ဆောင်ရွက်ရန် အဆိုပြုနိုင်သည်' ဟု ပြင်ဆင် ပြဋ္ဌာန်းသင့်ကြောင်း ညှိနှိုင်းသဘောတူခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
'ပညာရှင်အဆင့် အချိုးကျခွဲဝေမှုအဖြစ် နိုင်ငံခြားသားဝန်ထမ်းများနည်းတူ မြန်မာနိုင်ငံသား ၀န်ထမ်းများအား ခန့်ထားရာတွင် လုပ်ခအဆင့်ကို ခွဲခြားမှုမရှိစေရန် အခွင့်အရေးများ စီမံဆောင်ရွက်ပေးရမည်' ဆိုသောအချက်ကို နိုင်ငံတော်သမ္မတက ' ပညာရှင်အဆင့် အချိုးကျခွဲဝေမှုအဖြစ် နိုင်ငံခြားသားဝန်ထမ်းများနည်းတူ မြန်မာနိုင်ငံသား ၀န်ထမ်းများအား ခန့်ထားရာတွင် နိုင်ငံခြားသားဝန်ထမ်းများနှင့် ပညာအရည်အချင်း၊ လုပ်သက်၊ အတွေ့အကြုံစသည့် အချက်များတူညီသည့် မြန်မာနိုင်ငံသားဝန်ထမ်းများ၏ အခြေခံလုပ်ခအဆင့်ကို ခွဲခြားမှုမရှိစေရန် အခွင့်အရေးများ စီမံဆောင်ရွက်ပေးရမည်' ဟု ပြင်ဆင်ရေးသားသင့်ကြောင်း သဘောထားမှတ်ချက်ကိုမူ ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့်အတိုင်းသာ ဆက်လက်အတည်ပြု သင့်ပါသည်' ဟု ဖော်ပြခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ မကြာမီရက်ပိုင်းအတွင်း၌ ထွက်ပေါ်လာလိမ့်မည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က အောက်တိုဘာလ ၂၁ ရက်နေ့တွင်ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဘကြီးသက်
Unknown at 6:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဧရာဝတီတိုင်းဒေသကြီးက NLD ပါတီဝင်များ နှုတ်ထွက်ခြင်းနှင့်အတူ ပါတီရုံးဆိုင်းဘုတ်၊ ပါတီအလံ၊ ပါတီတိုက်ပုံ ပင်နီကို မီးရှို့ဖျက်စီးခြင်း အခမ်းအနား ပြုလုပ်ရန် စီစဉ်

From:''ဒီမိုပါပါကြီး

ဒီချုပ်ဗဟိုရဲ့ သဘောထားကို လက်မခံနိုင်တော့တဲ့  ဧရာဝတီတိုင်းဒေသကြီးက NLD ပါတီဝင်များ နှုတ်ထွက်ခြင်းနှင့်အတူ ပါတီရုံးဆိုင်းဘုတ်၊ ပါတီအလံ၊ ပါတီတိုက်ပုံ ပင်နီကို မီးရှို့ဖျက်စီးခြင်း အခမ်းအနား ပြုလုပ်ရန် စီစဉ်နေပါပြီ ။27-10-2012 ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စကားဝါလမ်းက မြို့နယ် NLD ပါတီရုံး (ဒီချုပ်ဗဟိုက နာယကကြီး ဦးတင်ဦး လာဖွင့်လှစ်ပေးခဲ့တဲ့ရုံး) (ဗဟိုက အသိအမှတ်မပြုတော့တဲ့ရုံး)မှာ NLD ပါတီနဲ့အတူ နှစ်ပေါင်းများစွာ လက်တွဲ ပါတီအတွက် အနစ်နာခံ အကျဉ်းကျခံခဲ့ရတဲ့ ပါတီဝင်ဟောင်းများဖြစ်တဲ့ ဒေါက်တာ သန်းထိုက်၊ ဦးသန်းဝင်း၊ မြင့်စိုး စတဲ့ ပါတီဝင်များဦးဆောင်ပြီးတော့ ပုသိမ်မြို့ပေါ်ရပ်ကွက်များ၊ ရွှေမြင်တင်ကျေးရွာ၊ ကန်ကြီးထောင့်၊ မြောင်းမြ၊ ငွေဆောင်၊ ရွှေသောင်ယံ(ချောင်းသာ)မြို့နယ်များက ယနေ့အချိန်ထိဆက်သွယ်ပြီး ပါတီဝင် အင်အား(၅၀၀ မှ ၁၀၀၀)ကျော် (အင်အားတိုးနိုင်သေးသည်) ပါတီဗဟိုရဲ့ ခွဲခြားဆက်ဆံမှု၊ ဥက္ကဌ ဒေါ်စုကြည်နဲ့ နာယက ဦးတင်ဦးတို့အပေါ်မှာပါ ယုံကြည်မှုမရှိတော့တဲ့ ပါတီဝင်များက ပါတီကနေ နှုတ်ထွက်မယ်၊ ပါတီဆိုင်းဘုတ်ကို ထင်းလုပ်မယ်၊ ပါတီအလံကို မီးရှို့မယ်၊ ပါတီတိုက်ပုံ ပင်နီကို မီးရှို့မယ်ဆိုတဲ့ အခမ်းအနားကို ခမ်းခမ်းနားနား ကျင်းပသွားမယ်လို့ သိရပါတယ်။




 ဒီမို ဒီမို အော်နေတဲ့ ဒေါ်စုကြည်ကိုယ်တိုင် ဒီမိုကရေစီဆိုတာ နကန်းတစ်လုံးမှမသိဘဲ မြှောက်ပေးတိုင်းယုံ၊ သူများပြောတိုင်းလုပ်ခဲ့တဲ့ အတွက် အခုလို မလိုလားအပ်တဲ့ ပြသနာတွေဖြစ်ပွားခဲ့တာ ဧရာဝတီတိုင်းဒေသကြီးအပါအ၀င် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှာ NLD ပါတီဝင်တွေ အာဏာမက် နေရာမက်လို့ ပြသနာတွေများစွာ ဖြစ်ပွားလျှက်ရှိပါတယ်၊ ဒါနဲ့များ ကိုယ့်လူတောင်ကိုယ် နိုင်အောင်မထိမ်းနိုင်တဲ့ ဒေါ်စုကြည်ဟာ နိုင်ငံ့ခေါင်းဆောင်လုပ်ချင်ပါတယ်တဲ့.. စဉ်းစားတာကြည့်ကြပါကုန်တော့ အရပ်ကတို့ရယ်... ပါတီအပေါ် အနစ်နာခံ၊ ဗိုလ်ချုပ် သမီးဆိုပြီးချစ်၊ နိုင်ငံတကာရဲ့ ဂုဏ်ထူးဆောင်မိခင်ကြီး ကိုမှ ချစ်ခင်ပါတယ်၊ သူ့အတွက်ဆို အသက်ပါအသေခံပါ့မယ်ဆိုပြီး ထောင်အကြိမ်ကြိမ်ကျ ဘာကိုမှ မကြောက် လုပ်ဆောင်ခဲ့တဲ့ ဒီလိုဝါရင့်ပါတီဝင်ဟောင်းတွေက မှ ဒေါ်စုကို မယုံတော့ဘူးဆိုတော့ သူ့ကို မလိုတဲ့ ပါပါကြီးလို လူမျိုးက ဝေးသေးဗျာ သောက်ထင်ကို တစ်စက်မှ မကြီးဘူး၊ နိုင်ငံတစ်ကာက ပေးတဲ့ဆုတွေတော့ရပါရဲ့ ဖင်ဘယ်နှစ်ကြိမ်ခံခဲ့ရပြီးပြီလဲ မေးကြည့်ရမလိုဖြစ်နေပြီ....
မိုးရေထဲမှာတစ်နေ့လုံးဆန္ဒပြသော်လည်းဒေါ်စုမှအရေးမလုပ်ပဲခွေးတွေလိုပစ်ထားခြင်းခံရတဲ့ ဧရာဝတီNLDပါတီဝင်များ

ဒေါ်စုကိုတနေ့လုံးစောင့်သော်လည်းဒေါ်စုမှခွေးလေခွေးလွင့်တွေကိုအရေးမထားသလိုဆက်ဆံခံရတဲ့ ဧရာဝတီNLD ပါတီဝင်များ


ဘာလို့လဲဆိုတော့ ဘာသောက်သုံးမှမကျဘဲနဲ့ နိုင်ငံတစ်ကာက ဆုတွေရတာ ဘာလို့ပါလိမ့်လို့ ၊ သူ့မှာပေးစရာက ဖင်ပဲရှိတယ်လေ..... သူများတွေအုပ်ချုပ်တုန်းကတော့ အရိုးများသလေး ချေးခါးသလေးနဲ့ တစ်နိုင်ငံလုံးက လူတွေကို အုပ်ချုပ်နေတဲ့ သူကိုပြောတယ် သူမှ မအုပ်ချုပ်ရင် တိုင်းပြည်ပဲ ပျက်တော့မလို၊ သူကပဲ တိုင်းပြည်ကယ်တင်ရှင်လိုလို နဲ့၊ အခုတော့ ဒေါ်စု ဘယ်လောက်များ အရည်အချင်းရှိပါသလဲ အခုဖြစ်စဉ်ကြည့်ပါ ကိုယ့်ပါတီဝင်တောင် နိုင်အောင် မအုပ်ချုပ်နိုင်ဘူး တိုင်းပြည်အုပ်ချုပ်မလို့တဲ့.... ဟား ဟား ဟားး.. ရီလိုက်ရ... စဉ်းစားကြည့်ကြပါ အရပ်ကတို့ရတယ် တိုင်းပြည်တော့ ပျက်ရချည်သေးရဲ့..... ပျက်ရချည်သေးရဲ့......

နိုင်ငံခြားမှာ မာလီလုပ်ပြီး "ဆု"တွေမျှော်နေတဲ့ မီးမီးလေး စု


 ဧရာဝတီတိုင်းဒေသကြီးမှာ NLD ပါတီဝင်တွေနဲ့၊ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီညီလာခံကျင်းပရေးကော်မရှင် ကအဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲအောင်နိုင်ရေးက အဖွဲ့ဝင်တွေ မြောက်မြားလှတဲ့ အဖွဲ့တွေဖွဲ့ ဖင်မနိုင်ပဲ ဆင်က ကတော့ ဖင်ကို ဒုတ်ထိုးမိပြီပေါ့.. ကဲဗျာ.. ၂၇ ရက်နေ့မှာ ပါတီနှုတ်ထွက်ပဲ ဘယ်လိုများ ဆက်မလဲဆိုတာ ပါပါကြီးနဲ့အတူ စောင့်မျှော်ကြပါဦးစို့ .. ဒီမိုမိတ်ဆွေတို့ရေ......

(မောင်ကျောက်ခဲ အဖွဲ့)
ဘကြီးသက်
Unknown at 6:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.