Wednesday, October 24, 2012

နိုင်ငံပိုင် ရုပ်ရှင်ရုံများကို ထပ်မံရောင်းချခြင်း မပြုလုပ်တော့ဟုဆို


Photo

နိုင်ငံပိုင် ရုပ်ရှင်ရုံများကို ထပ်မံရောင်းချခြင်း မပြုလုပ်တော့ဟုဆို

အောက်တိုဘာလ ၂၃ ရက်။    ။ မြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံများ နည်းပါးလာတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်များကို လွှဲပြောင်းရောင်းချခြင်းတွေ ထပ်မံ မပြုလုပ်ကြဖို့  ပြန်ကြားရေး ဝန်ကြီးဌာနမှ အကြောင်းကြားလာကြောင်း၊ ယခုလို ရုပ်ရှင်ရုံနည်းပါးမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ရုပ်ရှင်ရုံသစ်များ ထပ်မံ ထွက်ပေါ်လာစေရန် ရုပ်ရှင်အစည်းအရုံးကနေ တင်ပြတောင်းဆိုခဲ့ရာမှာ ယခုလို အကြောင်းပြန်ကြားလာခြင်း ဖြစ်ကြောင်း၊ “ရုပ်ရှင်ရုံတွေကို ထပ်မံလွှဲပြောင်း ရောင်းချခြင်း မပြုတော့ဘူးလို့ တရားဝင် အသိပေး အကြောင်းကြားလာပါတယ်။ ဒီဝမ်းသာစရာ သတင်းကို ရုပ်ရှင်လောကသား အားလုံး သိနိုင်ဖို့ သတင်းစကား ပါးချင်တာပါ။ နောက်တစ်ဆင့်ဖြစ်တဲ့ ရုပ်ရှင်ရုံအသစ်တွေ ထပ်မံထွက်ပေါ်လာဖို့ ဆိုတာကတော့ နိုင်ငံတော်အဆင့် ပေါ်ထွက်လာရမယ့် အဆင့်ပါ။ အဲဒါကိုလည်း အဆင့်ဆင့် တင်ပြထားပါတယ်” လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်နဲ့ နှစ်ရှည်ငှား ရုပ်ရှင်ရုံ ၁၁၆ ရုံ ရှိတယ်လို့ မြန်မာ့ရုပ်ရှင်လုပ်ငန်းမှာ ကောက်ယူထားတဲ့ စာရင်းများအရ သိရှိရပြီး၊ အဆိုပါ ရုပ်ရှင်ရုံများဟာ နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများကို ရုပ်ရှင်ရုံလုပ်ငန်း လုပ်ကိုင်ရန် အပြီး လွှဲပြောင်း ရောင်းချထားတဲ့ ရုပ်ရှင်ရုံ ၄၉ ရုံ၊ ပုဂ္ဂလိကပိုင် ရုပ်ရှင်ရုံ ၃၉ ရုံ၊ နိုင်ငံတော်က နှစ်ရှည်ငှားရမ်းထားတဲ့ ရုပ်ရှင်ရုံ ၂၈ ရုံ ရှိတယ်လို့ သိရပါတယ်။

ရတနာပုံသတင်း


ဘကြီးသက်
Unknown at 11:12 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.