Saturday, October 13, 2012

ဈေးကွက်ကို ချိန်ဆပြီး ဖွင့်စေချင်ပါတယ်



အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် စစ်အစိုးရလက်အောက်တွင် မြန်မာ့စီးပွားရေးသည် လက်သင့်ရာ လုပ်ပိုင်ခွင့်ပေးမှုများ၊ လူနည်းစုကို လက်ဝါးကြီးအုပ်ခွင့်ပေးသော ခရိုနီးစီးပွားရေး၊ မိုနိုပိုလီ စီးပွားရေးစနစ်များ ဖြစ်ပေါ်ခဲ့သည်။
လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း (ဓာတ်ပုံ – Loi Hein / Facebook)
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးများကို အသိအမှတ်ပြုသည့်အနေဖြင့် ပိတ်ဆို့အရေးမှုများ တဆင့်ချင်း ဖယ်ရှာပေးလာခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မည့် အခြေအနေနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ပြည်တွင်းမှ ပို့ကုန်များ အလားအလာ၊ အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (AFTA) အသက်ဝင်ချိန် မြန်မာ့ ကုန်သွယ်ရေး အလားအလာတို့နှင့် ပတ်သက်ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သော လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းကို ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက် ဂျူးဂျူးလှိုင်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။   ။ အမေရိကန် အပါအ၀င် အနောက်နိုင်ငံကြီးတွေက စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းနေပြီ ဖြစ်တဲ့အတွက်
ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေအနေနဲ့ ၀င်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ဘယ်လိုပြင်ဆင်မှုတွေ လုပ်နေပြီလဲ။
ဖြေ ။    ။ နိုင်ငံခြားရင်းမြှုပ်နှံမှုတွေက လောလောဆယ် အားရပါးရ ၀င်ရောက်လာတာမျိုး မရှိသေးဘူး။ ပြည်တွင်း ကုမ္ပဏီတွေအနေနဲ့လည်း ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေ လာဖို့ဆိုတာကလည်း မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေကို စောင့်နေတာလည်း ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို လေ့လာနေတဲ့ အချိန်လည်းဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုကတော့ ၀င်လာမှာပါ။ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် လုပ်ငန်းချင်း တူတဲ့ဟာတွေကတော့ သူတို့နဲ့ ပေါင်းရင်ပေါင်း၊ မပေါင်းရင်တော့ သူတို့ကိုရောင်းပေါ့။ မပေါင်းနိုင်ရင်တော့ ငွေအရင်းအနှီးထုတ်ပြီး ယှဉ်ပြိုင်ရမယ်။ လုပ်ငန်းသစ်တွေလည်း အများကြီး ပေါ်ပေါက်လာနိုင်တယ်။ အရင်တုန်းက ခရီးသွားလုပ်ငန်းဆိုရင် မြန်မာနိုင်ငံကိုလာတာ လူဦးရေ ၅ သိန်းလောက်ပဲရှိတယ်။ နောက်ပိုင်းမှာ စင်ကာပူ၊ ယိုးဒယားဘက်ကနေ ၁၀ သန်း၊ သန်း ၂၀ လောက်ဝင်လာဖို့ ရှိတယ်။ ဒီလို လူတွေဝင်လာတဲ့ အခါ သူတို့ဆီက နည်းပညာတွေ အများကြီး ရလာနိုင်တယ်။
မေး ။    ။ လက်ရှိ ပြည်တွင်းစီးပွားရေး အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။    ။ လက်ရှိ စီးပွားအခြေအနေကတော့ တိတိကျကျ ကောင်းမွန် ပြောင်းလဲတယ်ဆိုတာတော့ မရှိသေးပါဘူး။ ပြင်ဆင်နေကြတုန်းပဲ။ အခြေခံကတော့ နဂိုအတိုင်းပဲရှိနေသေးတယ်။
မေး။    ။ နဂိုအတိုင်းရှိနေတဲ့ စီးပွာေးရးအခြေအနေကို ပြောင်းလဲဖို့ဆိုရင် အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ဘာတွေလုပ်သင့်လဲ။
ဖြေ။    ။ နိုင်ငံတော်အနေနဲ့ကလည်း သူတို့တတ်နိုင်သမျှ  လုပ်နေသေးတာပဲ။ စီးပွားရေးမှာ လိုအပ်တာတွေက အများကြီးရှိနေသေးတဲ့ အခါကျတော့ ဖြည်းဖြည်းချင်း လုပ်သွားရမှာလို့ ပြောချင်ပါတယ်။
မေး။   ။နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် ပြည်တွင်းမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း (SME) တွေအနေနဲ့ ဘာစိန်ခေါ်မှုတွေ ဖြစ်လာနိုင်မလဲ။
ဖြေ။    ။ တခြား ကုမ္ပဏီတွေကတော့ မသိဘူး။ ကုမ္ပဏီကြီးတွေက စိန်ခေါ်မှုတွေက ရင်ဆိုင်နေရတာပဲ။ တိုင်းပြည်ကို ဈေးကွက်စီးပွားရေးစနစ်ပီပီ တံခါးတွေဖွင့်လိုက်တော့ ကုမ္ပဏီကြီးတွေ ၀င်လာတယ်။ ပြည်တွင်းမှာ ပြင်ဆင်ထားတဲ့ ကုမ္ပဏီတွေကတော့ ခံနိုင်ရည်ရှိမယ်၊ ယှဉ်ပြိုင်နိုင်မယ်။ ဒါတောင် သုံး၊ လေး၊ ငါးနှစ်အတွင်းမှာ ထိခိုက်ဆုံးရှုံးသွားနိုင်သလို
အကြီးအကျယ် ရှင်သန်ကြီးထွားသွားနိုင်တယ်။ ဒီနှစ်ခုကိုပဲ ရင်ဆိုင်ရမယ်။
မေး။  ။ အခုဆိုရင် အမေရိကန် မြန်မာ့ပို့ကုန်တွေ ပိတ်ပင်ထားမှုကို ဖယ်ရှားလိုက်ပြီဆိုတော့ မြန်မာပို့ကုန် အလားအလာနဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။    ။ လောလောဆယ် ရုတ်တရက်တော့ ဘာမှ မဖြစ်နိုင်သေးဘူး။ အမေရိကန်က သူ့ဈေးကွက်ကို ဖွင့်ပေးလိုက်တဲ့ အတွက်ကြောင့် ပြည်တွင်းက သားငါးတွေ ပို့လို့ရမယ်။ အထည်ချုပ်လုပ်ငန်းတွေ ပို့လို့ရမယ်။ ကိုယ့်နိုင်ငံမှာရှိတဲ့ ပြည်တွင်း ထုတ်ကုန်တွေကို တန်ဖိုးမြှင့် ထုတ်ကုန်လုပ်ပြီး တင်ပို့နိုင်ပြီ။ အဲဒါတွေလုပ်ဖို့က အချိန်ယူရဦးမယ်။
မေး။  ။ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်ပြီးတဲ့နောက် နိုင်ငံခြားထုတ်ကုန်တွေ ပြည်တွင်းကို ၀င်လာတော့မယ်။ အဲဒီတော့ ပြည်တွင်း ထုတ်ကုန်တွေအနေနဲ့ ၀င်လာမယ့် နိုင်ငံခြားထုတ်ကုန်တွေကို ယှဉ်ပြိုင်နိုင်ပါ့မလား။
ဖြေ။    ။ ပြည်တွင်း ထုတ်ကုန်တွေအနေနဲ့ နိုင်ငံခြားထုတ်ကုန်တွေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ တော်တော်လေး ဒုက္ခရောက်တယ်။ ဥပမာ – ဘီယာ ဆိုရင် အိမ်နီးချင်းနိုင်ငံတွေက အမျိုးမျိုးဝင်ရောက်လာတော့ ပြည်တွင်းဘီယာတွေ
တော်တော်လေး ဒုက္ခရောက်တယ်။ ယှဉ်ပြိုင်ဖို့ဆိုတာ နည်းပညာ၊ အရည်အသွေးတွေ အများကြီး လိုအပ်နေသေးတယ်။ စက်ရုံအများကြီး တည်ဆောက်မယ်ဆိုရင် စက်ရုံဈေးနှုန်း လျှော့ချဖို့လိုတယ်။ စီမံကိန်းတွေ လုပ်နိုင်ဖို့က ချေးငွေတွေ လိုအပ်သလို ချေးငွေတွေရဲ့ အတိုးနှုန်းကလည်း လောလောဆယ် စီးပွားရေးအရ တော်တော်လေး မြင့်နေသေးတယ်။ လျှပ်စစ်မီးဆိုတာကလည်း သိပ်ကျေနပ်လောက်အောင် မရသေးဘူး။ တဖြည်းဖြည်းချင်း လုပ်ရမယ်။ နိုင်ငံတော်ကတော့ တတ်နိုင်သမျှတော့ လုပ်ပေးနေတာပဲ။ ဒီကြားထဲမှာ မပြေလည်မှုတွေ၊ အခက်အခဲတွေ၊ အပြောင်းအလဲတွေ ဖြစ်ပွားဖို့ အကြောင်းတွေ ရှိနေတယ်။ အကြီးအကျယ် ပြောင်းလဲသွားမယ်လို့လဲ ထင်တယ်။
မေး။ ။အစိုးရအနေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ နိုင်ငံတကာနဲ့ ပြိုင်ဆိုင်နိုင်ဖို့ ဘယ်လို လုပ်ဆောင်ပေးသင့်သလဲ။
ဖြေ။    ။ လက်ရှိအနေနဲ့ကတော့ အားလုံး ဒီခရီးကို သွားနေကြတာ။ တံခါးတွေ ဖွင့်ပေးလိုက်ပြီ၊ ရင်းနှီးမြှုပ်နှံမှုတွေ လာတယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်၊ ၀င်ငွေတွေ များလာမယ်၊ ဆင်းရဲမွဲတေမှုတွေ တဖြည်းဖြည်း
ပြေလျော့သွားမယ်လို့ ထင်ပါတယ်။
မေး။  ။  ပြည်တွင်းလုပ်ငန်းတွေ အနေနဲ့ နိုင်ငံခြားက ၀င်လာမယ့် ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ဖို့ကို အဆင်မြင့် ခေတ်မီနည်းပညာပိုင်းမှာ ဘယ်လိုရယူနိုင်မလဲ။
ဖြေ။    ။ တချို့ကဏ္ဍတွေမှာ ရယူနိုင်ပါတယ်။ အဆင့်မြင့် နည်းပညာတွေကိုတော့ ရယူဖို့မစဉ်းထားဘူး။ စဉ်းစားသင့်တာကတော့ နိုင်ငံရဲ့ အခြေခံထားတဲ့ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းသစ်တွေကို တန်ဖိုးမြင့် ထုတ်ကုန်လုပ်ပြီး
ဈေးကွက်ကို ဖောက်ရင် ငွေပိုရမယ်။ အမေရိကန်ဈေးကွက် ပွင့်လာတဲ့အတွက်ကြောင့် အထည်ချုပ်လုပ်ငန်း၊
ဖိနပ်ချုပ်လုပ်ငန်းတွေက ထွက်လာတဲ့ဟာတွေကို အမေရိကန်နိုင်ငံကို ပို့လို့ရတယ်။ ဒါတွေက အခွင့်အလမ်းကောင်းတွေ ဖြစ်လာနိုင်တယ်။
မေး။  ။ ၂၀၁၅ ဆိုရင် အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (AFTA) အသက်ဝင်ပြီ။ AFTA အသက်ဝင်လာရင် ပြည်တွင်းထုတ်ကုန်တွေရဲ့ အလားအလာဘယ်လိုရှိနိုင်မလဲ။
ဖြေ။  ။ ဈေးကွက်ကို ဖွင့်တဲနေရာမှာ  ဖွင့်တာတော့ ဖွင့်စေချင်ပါတယ်။ တော်တော်ချိန်ဆပြီး ဖွင့်စေချင်ပါတယ်။
ဝုန်းဒိုင်း မဖွင့်စေချင်ဘူး။ ထိခိုက်ဒဏ်ရာရရှိမှု များနိုင်တယ်။ ဒါကြောင့်ဖြည်းဖြည်းချင်း သွားရမှာ။ ၂၀၁၅ ကတော့ အားလုံးသိတဲ့ အတိုင်းပဲ AFTA ၀င်လာမယ့် ကာလမှာ မြန်မာနိုင်ငံအနေနဲ့ နစ်နာစရာတွေများတယ်။ ရင်ဆိုင်ရမယ့် အနေအထားတွေနဲ့ ဆုံးရှုံးမှုများမှာဖြစ်လို့ အခုအချိန်ကစပြီး တော်တော်လေးကို ပြင်ရမယ်။
 ဧရာဝတီ
ဘကြီးသက်
Unknown at 11:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

HTC မိုဘိုင်းဖုန်း၏ တရားဝင်ဆားဗစ်စင်တာများအား ပြည်တွင်း၌ ဖွင့်လှစ်မည်


 
 
ထိုင်ဝမ်အခြေစိုက် မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် HTC ၏  တရားဝင်ဆားဗစ်စင်တာများအား လာမည့်နိုဝင်ဘာလအတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း HTC မှ Authorized Service Center အဖြစ် ပေးအပ်ထားသည့် KMD ကုမ္ပဏီမှ သိရှိရသည်။ "စင်ကာပူ Branch office ကနေပြီး KMD ကို Authorized Service Center အဖြစ်ပေးလိုက်တာပါ။ လောလောဆယ်တော့ ဆားဗစ်ပဲလုပ်ဦးမှာပါ။ HTC Brand ကို တရားဝင်အရောင်းကိုယ်စားလှယ်အဖြစ် ပေးဖို့လည်းရှိတယ်။ လောလောဆယ်သူတို့ဘက်က မဆုံးဖြတ်ရသေးဘူး။ အခု ဆားဗစ်လုပ်မယ့်သူတွေကို သူတို့ဆီကပဲခေါ်မလား ဒီကပဲလုပ်မလားဆိုတာတော့ သေချာ မဆုံးဖြတ်ရသေးဘူး။ လောလောဆယ်တော့ HTC က Certify Engineer တွေပြင်ပေးမှာပါ" ဟု KMD ကုမ္ပဏီမှ Deputy General Manager ကိုစိုးငွေရက ပြောကြားသည်။
အဆိုပါ HTC ၏တရားဝင် ဆားဗစ်စင်တာတွင် Global Warrantly ရရှိထားသည့် မည်သည့် HTC ဟန်းဆက်မျိုးမဆို ဆားဗစ်ပြုလုပ်ပေးမည်ဖြစ်သော်လည်း  ပြည်ပနိုင်ငံများမှ Operator နှင့်တွဲရောင်းသည့် ဟန်းဆက်များကိုမူ ဆားဗစ်ပြုလုပ်ပေးမည်မဟုတ် ဟုလည်းသိရသည်။

ဘကြီးသက်
Unknown at 11:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Facebook ပေါ်မှ ရခိုင် သတင်းများ ဖြန့်ဝေနေသော Rakhine Straight Views သို့အိတ်ဖွင့်ပေးစာ

From :  မောင်နေ၀င်း
Ph -095680291

စစ်တွေမြို.တွင် ရခိုင်ပြည်နယ်အရေးအခင်းကြောင့်ကျန်းမာရေးဝန်ထမ်းများအားမကြာခဏဆိုသလို အခြေအမြစ်မရှိသော ကောလဟာသအကြောင်းများအား website အချို.တွင်ရေးသား တာတွေ ဖတ်ရပါတယ်။ လတ်တလော ဆိုလျှင်        RAKHINE STRAIGHT view တွင် စစ်တွေဆေးရုံကြီးမှ  ဓါတ်ခွဲခန်းဌါနမှူး ဒေါ်တင်နွယ်ဦး ကိစ္စဆိုပြီး ပါလာပါတယ်။
အဆိုပါ အကြောင်းအရာ ကိစ္စများမှာ အခြေအမြစ် မရှိရေးသားခြင်းများဖြစ်ပါသည်။ အဆိုပါ ဒေါက်တာဒေါ်တင်နွယ်ဦးမှာ အထူးကု ဆရာဝန်အဆင့် ဖြစ်ပါသည်။
ရခိုင်ပြည်နယ် အရေးအခင်းတွင် ဘင်္ဂလီ  ကယ်ဆယ်ရေး စခန်းများသို.ရခိုင်လူမျိုး ၀န်ထမ်းများအား အတတ်နိုင်ဆုံး မည်သည်. ဌါနအကြီးအကဲ မှစေလွှတ်ခြင်းမရှိသလို ညွှန်ကြားလာလျှင်လည်း မိမိ၏ဆန္ဒကို ၀န်ထမ်း တိုင်းထုတ်ဖေါ်ခွင့်ရှိပါသည်။ လိုအပ်လျှင်ကျန်းမာရေးဦးစီးဌါနမှ ဒေသခံရခိုင်လူမျိုးမဟုတ်သော တခြားတိုင်းရင်းသားများကိုစေလွှတ်ပြီး အလှည်.ကျ တာဝန်ချထားပေးသည်ကို တွေ.ရပါသည်။
ဆေးရုံတွင် ရခိုင်လူမျိုး ၀န်ထမ်းအပြင် တခြားတိုင်းရင်းသား ၀န်ထမ်းများလည်းရှိပါသည်။ သို.သော် မိမိတို.တာဝန်ကျရာ ကျန်းမာရေးဌါနတွင် မိမိတို.မြို.နှင့် လူမျိုးအတွက် မည်သူမဆို မှန်ကန်သော လုပ်ဆောင် မူ စေတနာထားမူ ရဲရင့် ပြတ်သားမှုကို လက်ခံရပါမည်။
ရခိုင်ပြည်နယ် အရေးအခင်းကာလတွင် ရခိုင်လူမျိုးမဟုတ်သော်လည်း မိမိတို.၏တာဝန်ဝတ္တရားများကိုထမ်းဆောင်ရင်းရပ်ဝေးရှိ နေအိမ်များကိုထွက်ခွာမသွားဘဲ ဆေးရုံကြီးယန္ဒရားကြီးကိုအကောင်းဆုံး အဖြစ်နိုင်ဆုံး လုံခြုံမူ အရှိဆုံး ၀ိုင်းဝန်းပြီး တာဝန်ကျေသူများကို ကျေးဇူးတင်ရပါမည်။ အသိအမှတ်ပြုရပါမည်။
အခြေအမြစ်မရှိ ရေးလာလျှင် အမှန်တကယ် မိမိတို.မြို.အတွက် အလုပ်လုပ်နေသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်ပြီး  လူမျိုးရေး ဘာသာရေး မုန်းတီးမှုကိုလည်းတိုးပွါး စေပါသည်။ ဒါကြောင့် INTERNET တွင်တင်သူများ ဖတ်ရှုသူများလည်း ကျန်းမာရေးကိစ္စပါလာလျှင် ဆေးရုံကြီးအကြောင်းအရာများကိုလေ့လာဆန်းစစ်မေးမြန်းပြီးမှရေးသားစေ လိုပါသည်။ သို.မဟုတ်ပါက ရပ်ဝေးမှလာရောက် တာဝန် ထမ်းဆောင်ပြီး အမှန်တကယ် အလုပ်လုပ်သူများအတွက် စိတ်အနှောင့်အယှက် ဖြစ်ရသလို မလိုလားအပ်သော လူမျိုးရေးမုန်းတီးမူပါဖြစ်ပေါ်ပြီး လာရောက်တာဝန်ထမ်းဆောင်ရန် အနှောင့်အယှက်ဖြစ်ပေါ်စေ ပါသည်။
ကျွန်တော်သည် ဆေးရုံကြီးမှဝန်ထမ်းတစ်ဦးဖြစ်ပါသည်။ ဆေးရုံကြီး ကိစ္စများကိုရေးကြမည် တင်ကြမည်ဖတ်ရူကြမည်ဆိုလျှင် အခြေအမြစ်ရှိမရှိ မေးမြန်းမည်ဆိုလျှင် ဆက်သွယ်ကြပါ။ တတ်နိုင်သမျှ ကူညီပါမည်။
အခြေအမြစ်မရှိသော အကြောင်းကြောင့် မိမိတို.လူမျိုး နာမည်မဆိုးရန်နှုင့် မိမိတို.မြို.အတွက် အမှန်တကယ်အလုပ် လုပ်သူများစိတ်အနှောင့်အယှက် မဖြစ်စေရန် အားလုံးက၀ိုင်းဝန်းကူညီပြီး ဆောင်ရွက်ပေးကြ ပါရန် ရေးသားလိုက်ရပါသည်။


  Myanmar Express
ဘကြီးသက်
Unknown at 11:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံတွင် ဥက္ကဌနေရာ ရွှေးချယ်သွားနိုင်ဖွယ်ရှိ ဟုဆို



 
အောက်တိုဘာလ၁၄ ရက်တွင်စတင်ကျင်းပမည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပ
ါတီပထမ
အကြိမ်ပါတီညီလာခံ(၂၀၁၂)တွင် လစ်လပ်လျှက်ရှိသော ဥက္ကဌနေရာကို ရွှေးချယ်သွားနိုင်ဖွယ်ရှိသည်ဟုယင်းပါတီမှတာဝန်ရှိသူတစ်
ဦးကပြောသည်။
“ဥက္ကဌသစ်ပြန်ရွေးမယ်လို့အတိအကျကြီးတော့ပြောလို့မရသေးဘူး။တကယ်လို့ရွေးဖြစ်ခဲ့မယ်ဆိုရင်
ဥက္ကဌနေရာအတွက်ဖြစ်နိုင်ချေအများဆုံးက ဒုတိယဥက္ကဌ သူရဦးရွှေမန်းဖြစ်နိုင်တာပေါ့။ဦးရွှေမန်းအနေနဲ့ ဥက္ကဌနေရာယူလို့ တာဝန်
အကြီးအကျယ်ပိုသွားနိုင်တာမှမဟုတ်တာ။
လက်ရှိလည်းပါတီဥက္ကဌ၊ဒု ဥက္ကဌတာဝန်သာမကဘဲ ပြည်သူ့လွတ်တော်ဥက္ကဌတာဝန်ကိုပါ ပူးတွဲလုပ်ကိုင်း
နေတော့အတွေအကြုံလဲရှိပြီးသားပဲလေ။ကျွန်တော့်ပုဂ္ဂလိကအမြင်ကတော့ ရွေးဖြစ်ခဲ့ရင်ဦးရွှေမန်းဖြစ်သင့်တာပေါ့။ဒါပေမယ့် ဒီကိစ္စက
may be လို့ပဲပြောလို့ရမယ်နော်။ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"ဟုအကြိုညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်လာသော
ကိုယ်စားတစ်ဦး ကဆိုသည်။

သူရဦးရွှေမန်းပါတီဥက္ကဌဖြစ်ခဲ့ပါက ၎င်းတာဝန်ထမ်းဆောင်နေသည့်ဒုတိယဥက္ကဌနေရာ ကို လက်ရှိ
ပါတီ၏အထွေထွေအတွင်းရေးမှုးဦးဌေးဦးကတာဝန်ယူလာနိုင်ဖွယ်ရှိကြောင်းအောက်တိုဘာလ ၁၃ ရက်နေ့တွင်ကျင်းပပြုလုပ်သည့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပထမအကြိမ်ပါတီညီလာခံ(၂၀၁၂) အကြိုညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်လာသော
ကိုယ်စားလှယ်အချို့ကသုံးသပ်ပြောကြားသည်။

ဘကြီးသက်
Unknown at 11:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမေရိကန် ဂရင်းကဒ် ကံစမ်းမဲ (DV 2014) ကို အချိန်မှီ ကံစမ်း ကြ ပါ စို့။


Photo Credit : Internet

အများ သိ ကြ တဲ့ အတိုင်း အမေရိကန် နိုင်ငံ က နှစ်စဉ် နှစ် တိုင်း Green Card Lottery ခေါ် အမေရိကန် နိုင်ငံ မှာ တရားဝင် နေထိုင် ခွင့် ဗီဇာ အစိမ်းရောင် ကဒ် ကံစမ်း မဲ အစီစဉ် ကို ကမ္ဘာ နိုင်ငံ တော် တော် များ များ ကို ကံစမ်း ကြ ဘို့ လမ်းဖွင့် ပေး ခဲ့ တာ နှစ် ပေါင်း ကြာ ပါ ပြီ။ 

၂၀၁၄ ခုနှစ် အတွက် အမေရိကန် နိုင်ငံ ကို တရားဝင် နေထိုင် ခွင့် ဗီဇာ အစိမ်းရောင် ကဒ် ကံစမ်း မဲ ကို နောက် လ ထဲ မှာ စ တင် ဖွင့် တော့ ပါ မယ်။ ၂၀၁၄ နှစ် မှာ ကံစမ်း ဘို့ ခွင့် ပြု ခံ ရ တဲ့ နောက် ထပ် တိုး လာ တဲ့ နိုင်ငံ တော့ Guatemalans ဂွါတီမာလား နိုင်ငံ ဖြစ် ပါ တယ်။ 

ဒီ နှစ် အတွက် ကံစမ်း ခွင့် မရ တဲ့ နိုင်ငံ တွေ က တော့ ဘင်္ဂါလားဒေ့ နိုင်ငံ၊ ဘရာဇီး၊ ကန်နေဒါ၊ တရုပ်ပြည် မကြီး၊ ကိုလံဘီယာ၊ ဒိုမီနီကန်နိုင်ငံ၊ အီကွေဒိုး ၊ အဲဆာဗေးဒိုး ၊ ဟေတီ ၊ အိန္ဒိယ ၊ ဂျမေကာ ၊ မက္ကဆီကို ၊ ပါကစ္စတန် ၊ ပီရှူး ၊ ဗီလစ်ပိုင်၊ တောင်ကိုရီးယား ၊ ယူနိုက်တတ်ကင်းတမ်း၊ (မြောက်ပိုင်း အိုင်လန်နိုင်ငံ ဖွားသူများကံစမ်းခွင့်ရှိသည်။) နဲ့ ဗီယမ်နမ် နိုင်ငံ တို့ ဖြစ် ကြ ပါ တယ်။
(အထက်ပါ စာရင်း ထဲ မှာ မြန်မာပြည် မပါ တဲ့ အတွက် DV2014 ကံစမ်း ပွဲ ကို မြန်မာပြည် သူများ ပါဝင် ကံစမ်း ခွင့် ရ ပါ မယ်။)

ကံစမ်းခွင့် မရ တဲ့ နိင်ငံ ထဲ မှာ တရုပ် ပြည် မကြီး ပါ ၀င် ပေ မဲ့ ဟောင်ကောင်၊ မက္ကာအို ၊ နဲ့ ထိုင်ဝမ်နိုင်ငံ မှာ မွေး ဖွား သူများ က တော့ ကံစမ်း ခွင့် ရကြ ပါ မယ်။ 
၂၀၁၄ ခှု အတွက် ဗီဇာ ကံစမ်းမဲ ကို ယခင်နှစ် များ လို ပဲ အင်တာနက် က နေ ပဲ လျှောက် လွှာ တင် ခွင့်ပြု မှာ ဖြစ် ပြီး ၊ သတ်မှတ်ထား တဲ့ လျှောက် လွှာ တင် ရက်ပေါင်း ၃၀ အတွင်း မှာ လျှောက် ထား သူ များ ကို သာ ကံစမ်း ခွင့် ပြု မှာ မို့ အ ချိန်မှီ တင် နိုင် ဘို့ အတွက် သတင်းကောင်း ပါး လိုက် ပါ တယ်။

ဂရင်းကဒ် ကံစမ်းမဲ (DV 2014) နဲ့ ပတ် သက် ပြီး သိသင့် တဲ့ သတင်း အချက် အလက် တွေ ကို အမေရိကန် အစိုးရ ၀က်ဆိုက် ဖြစ် တဲ့
http://travel.state.gov/visa/immigrants/types/types_1318.html
မှာ ၀င်ရောက် လေ့ လာ နိုင် ပါ တယ်။ 

လျှောက် လွှာ တင်နိုင် တဲ့ ကာ လ မှာ အောက်တိုဘာ လ ၂ ရက် ၂၀၁၂ (အင်္ဂါနေ့) နေ့ လည် ၁၂၀၀ မှ ၊ နိုဝင်ဘာ လ ၃ ရက်၊ ၂၀၁၂ ( စနေနေ့ ) ၊ နေ့လည် ၁၂၀၀ အထိ ဖြစ် ပါ တယ်။ 

သတ်မှတ် တဲ့ နာရီ အချိန် က အမေရိကန် နိုင်ငံ ရဲ့ အရှေ့ပိုင်း နေ့အချိန် (Eastern Daylight Time , EDT) ဖြစ် ပါ တယ်။ 
(တနည်းအားဖြင့် နယူးယောက်မြို့ အချိန် အတိုင်း သတ် မှတ် တယ် လို့ ပြော ရင် မှတ် သား ရ တာ ပို လွယ် မယ် ထင် ပါတယ်။ )


ကံစမ်း မဲ့ သူ များ ကို အထူးသတိပေး ချင် တာ က ၊ တခါ တ ရံ ဂရင်း ကဒ် ကံစမ်း မဲ ၀က်ဆိုက် က သုံး သူ တွေ အဆမတန် များ နေ ရင် ၀က်ဆိုက် ထဲ ၀င် ရ တာ ခက် ခဲ တတ် ပါ တယ်။ အထူးသဖြင့် လျှောက် လွှာ လက် ခံ ရက် ကုန်ဆုံး ခါ နီး ရင် ၀က်ဆိုက် ကို ၀င် ပြီး အသုံး ပြု ဘို့ ပို မို ခက် ခဲ တာ မို့ စော စော စီးစီး ထဲ က ၀င် ရောက် ကံစမ်း ကြ ဘို့ အသိ ပေး ချင် ပါ တယ်။

ကံစမ်း မဲ လျှောက် လွှာ တင် ဘို့ အတွက် အင်တာနက် ၀က်ဆိုက် က တော့https://www.dvlottery.state.gov/
ဖြစ်ပါ တယ်။ 

DV2014 နဲ့ ပတ်သက်ပြီး မေးလေ့ ရှိ တဲ့ မေးခွန်း နဲ့ အဖြေ များ ကို မူရင်း အတိုင်း ဖော် ပြ လိုက် ပါတယ်။ 

Q Why are some countries excluded from the lottery green card program? Many of the same countries are excluded every year?
A Countries are excluded if 50,000 individuals or more have immigrated from the country over the past five years. Some countries routinely pass that number and thus, the U.S. Department of State excludes those countries' natives.

Q Whom does the DOS consider a "native" of a qualifying country?
A The lottery rules define native in a special way. Under these rules, you are a native of a qualifying country if you were born in a qualifying country, your husband or wife was born in a qualifying country,your parent was born in a qualifying country and you were born in non-qualifying country in which neither parent was born nor was a resident at the time of your birth.
If you win the lottery,your wife and unmarried children under 21 may also qualify for lottery green cards no matter where they were born.

Q what are the Education/work requirement?
A To get a lottery green card you must have at least a high school degree earned either in your home country of the United States or, you must have worked at least two years in a job where at least two years training,experience or education is required.
A high school Graduate Equivalency Diploma, known as a GED, is not sufficient to meet the requirements.

Q May I submit green card lottery applications for family members living outside the United States?
A Yes, you may submit lottery entries for your family and friends abroad. You'll need to submit digital photos of each family member. If your family and friends don't have digital cameras, have them send you photos and then scan them into a computer file.

Q I have seen several online services for lottery entry. If i pay them to help, will that increase my chances of getting selected?
A No! Most of these online services are a ripoff. Filling online is no more difficult than completing the forms required by the online services. If you need help with your lottery entry, try one of the many not-for-profit agencies. Some provide free services. Others as for a small fee.

Q How will I find out whether I won the green card Lottery? 
A For the DV 2014 to find out if you won, you must check the DOS E-DV website at www.dvlottery.state.gov
starting May 1, 2013, and continuing through at least June 30, 2014. you will check by using your filling confirmation number. You'll get the number when you submit your entry. You will not receive notice by mail of email.
In recent years, immigrants were plagued by email scams claiming they worn the lottery and asking for money. I received on myself. Don't be fooled by these con artists!

Q If I'm here illegally, will Immigration come after me if I enter the green card lottery?
A You wouldn't worry about it. Entering the lottery doesn't identify you as an undocumented immigrant. Some lottery entrants give the DOS a mailing address of a friend, relative of legal representative. In any event, using entries for enforcement would be difficult for Immigration Customs and Enforcement.

Q If I win the lottery, does that mean that I'll definitely get my green card?
A Not necessarily. Each year, the DOS selects more DV winners than the total number of green cards allotted for that years.
If you win, you'll get a number showing your place in line based on your region of the world. To get a DV lottery green card, you must get to the front of the line before the end of the fiscal year, September 30, for which you won.
Also, all the grounds of "inadmissibility", that is , bars to permanent residence, such as for criminal activity or being "likely" to become a public charge," apply.

အမေရိကန်ပြည်တောင်စု မှာ ဆုံ တွေ့ ကြ ဘို့ စော စော စီး စီး ကံစမ်း ကြ ပါ လို့ သတိပေး လိုက် ပါ တယ် နော်..
Source:

Daily News (Wednesday, Sept , 26. 2012)
Author: Allan Wernick (Immigration) 
Attorney & Director of the City University of New York's Citizenship Now! project.
ဘကြီးသက်
Unknown at 10:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်

အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့် ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။
အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်
အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့် ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။ ရဲများက အမန်ဒါသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခြင်းဟု သတ်မှတ်ခဲ့ပြီး သူမသည် အင်တာနက်ပေါ်မှ အနိုင်ကျင့် စော်ကားမှုများကို မခံမရပ်နိုင်သည့်အဆုံး ယခုလမ်းကို ရွေးသွားခြင်းဟု ကောက်ချက်ချခဲ့သည်။

အမန်ဒါသည် စက်တင်ဘာ (၇)ရက်နေ့ ကတည်းက အဖြူအမည်း ဗီဒီယိုဖိုင် တစ်ခုကို အင်တာနက်တွင် လွှင့်တင်ကာ သူမ၏ စိုးရိမ်ထိတ်လန့်နေရသော ဘဝကို ရင်ဖွင့်ခဲ့ဖူးသည်။ ထိုဗီဒီယိုထဲတွင် စကားလုံးဝ မပြောသော အမန်ဒါသည် ကတ်ပြားများဖြင့် စာရေးကာ သူမ၏ သောကကို ဖွင့်ဟခဲ့သည်။ နောက်ကြောင်းပြန် စုံစမ်းမှုများအရ အထီးကျန် ပျင်းရိမှုကြောင့် Chat Roomများတွင် ဝင်ရောက် စကားပြောရင်း အမန်ဒါနှင့် လူတစ်ဦး တွေ့ဆုံခဲ့သည်။ ထိုသူက ပတ်ချွဲနှပ်ချွဲဖြင့် အမန်ဒါအား အပေါ်ပိုင်း ဗလာကျင်း ကိုယ်ဟန်ပြရန် တောင်းဆိုခဲ့သည်။



ငယ်ရွယ်နုနယ်သေးသော မိန်းကလေးသည် ယင်းကို အယုံလွယ်ကာ တစ်ကြိမ် လိုက်လျှောမိသွားခဲ့သည်။ ယင်းတစ်ကြိမ်သည်ပင် သူမဘဝအတွက် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်လာရန် လုံလောက်သွားစေခဲ့သည်။ နောက်တစ်နှစ်မျှ အကြာတွင် ထိုသူက အမန်ဒါအား Facebookမှ ဆက်သွယ်လာကာ အလားတူ ပြုလုပ်ပြရန် တောင်းဆိုခဲ့သည်။ အမန်ဒါက ငြင်းဆန်ချိန်တွင် ပထမတစ်ကြိမ်က သူမ၏ ပုံရိပ်များကို အမန်ဒါ၏ မိတ်ဆွေများ၊ အတန်းဖော်များ၊ ဆွေမျိုးများထံသို့ ယုတ်ယုတ်မာမာ ဖြန့်ဝေပစ်ခဲ့သည်။

"ကျွန်မ ဓာတ်ပုံကို ဘယ်တော့မှ ပြန်မရတော့ဘူးလေ"ဟု ရေးထားသော ကတ်ပြားတစ်ချပ်ကို အမန်ဒါက သူမလွှင့်တင်ခဲ့သော ဗီဒီယိုတွင် ကိုင်ဆောင် ပြသခဲ့သည်။ မကြာမီမှာပင် သူမသည် ကျောင်းအသစ်တွင် ဆယ်ကျော်သက် တစ်စုက ဝိုင်းဝန်းရိုက်နှက်ပြီး ယင်းမြင်ကွင်းကို ဗီဒီယိုရိုက်ယူသည့် အခြေအနေနှင့်လည်း ကြုံခဲ့ရပြန်သည်။ ဆိုးရွားသော၊ အထင်သေး စက်ဆုပ်ခံရသော အခြေအနေများစွာကို ကြုံလာရပြီးနောက် အမန်ဒါသည် သူမ၏ ဘဝကို အစွန်းချွတ်ဆေး တစ်ပုလင်း သောက်သုံးခြင်းဖြင့် အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။

သို့သော်လည်း သူမ မသေခဲ့ချေ။ ဆေးရုံပေါ်တွင် သူမ သက်သာလာချိန်တွင် အင်တာနက်ပေါ်မှ ဖိစီးအနိုင်ကျင့်သူများက အခြားအစွန်းချွတ်ဆေး ပုလင်းများ၏ ဓာတ်ပုံကို လွှင့်တင်ကာ "တကယ်တော့ သူက တခြား ဆေးတစ်မျိုးကို သုံးသင့်ခဲ့တာပါ။ နောက်တစ်ခါဆို ဒီကောင်မ သေစေချင်တယ်။ ဒါက ရူးတယ်တော့ မဟုတ်ဘူးလို့ ပြောရမလား"စသဖြင့် စာများလည်း ရေးသားခဲ့သည်။ တစ်ချိန်က Cheerleader တစ်ဦး ဖြစ်ခဲ့သည့် မိန်းမလှလေးက "ကျွန်မ ဒီမှာ ဆက်ရှိနေသင့်သလား။ ကျွန်မအတွက် ဘယ်သူမှ မရှိဘူး။ ကျွန်မ တစ်ယောက်ယောက်ကို လိုအပ်နေပါတယ်"ဟူသော စာတန်းပါ ကတ်ပြားကို My Story: Struggling, bullying, suicide and self-harmဆိုသော အမည် တပ်ထားသည့် သူမ၏ ဗီဒီယိုတွင် ပြသခဲ့သည်။

ဗုဒ္ဓဟူးနေ့ကမူ သူမ၏ ရုပ်အလောင်းကို ရဲများက နေအိမ်ထဲတွင် ကြေကွဲဖွယ်ရာ ရှာဖွေ တွေ့ရှိခဲ့သည်။ သူမသည် မသေဆုံးမီ အနိုင်ကျင့်သူများအား လူအများက ဆန့်ကျင်ရန်နှင့် သားကောင်များဘက်မှ ရပ်တည်ပေးပါရန် ပန်ကြားသော Slide Presentation တစ်ခုကို ပြုလုပ်ထားခဲ့သေးသည်။ ဗြိတိသျှ ကိုလံဘီယာဒေသ အုပ်ချုပ်ရေးမှူး ခရစ်ဆီကလာ့ခ်က သူမ၏ ကြေကွဲမှုကို အမန်ဒါ၏ မိသားစုအတွက် စာနာမျှဝေသည့် အနေဖြင့် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့သည်။

"အနိုင်ကျင့်တယ် ဆိုတာ ဘယ်သူ့အတွက်မှ မဖြစ်သင့်ပါဘူး။ ဘယ်သူနဲ့မှ မထိုက်တန်ပါဘူး။ ဒါဟာ မှန်ကန်စွာ ကျင့်သုံးရမယ့် အမူအကျင့်လည်း မဟုတ်ဘူး။ အနိုင်ကျင့် ဖိနှိပ်မှုတွေကို ရပ်တန့်ရပါမယ်"ဟု သူမက ဆိုသည်။ ယခုအခါ Facebookပေါ်တွင် Rest in paradise Amanda Michelle Toddဆိုသော အမှတ်တရ Pageလေး တစ်ခုကို ဖန်တီးထားပြီး လူပေါင်း (၂၈၀၀၀)မျှ Likeထားပြီး ဖြစ်သည်။

အမန်ဒါ၏ မိခင် ကာရိုးလ်က သူမ၏ သမီးဖြစ်သူ နောက်ဆုံး ဖန်တီးခဲ့သည့် ဗီဒီယိုလေးသည် အခြားသော လူငယ်များအတွက် အလားတူ ဖြစ်ရပ်ဆိုးများမှ ရှောင်လွှဲနိုင်ရန် ဆင်ခြင်စရာ သင်ခန်းစာ တစ်ခု ဖြစ်စေလိုကြောင်း ဝမ်းနည်းပက်လက် ပြောကြားခဲ့သည်။ "ဒီဗီဒီယိုကို မျှဝေသင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိရိယာ တစ်ခု အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒါကို ကျွန်မရဲ့ သမီးကလည်း လိုလားပါလိမ့်မယ်"ဟု ကာရိုးလ်က ကြေကွဲစွာ ပြောဆိုသွားခဲ့သည်။

စက်တင်ဘာ (၇)ရက်နေ့က အမန်ဒါ လွှင့်တင်ခဲ့သော ဗီဒီယိုကြည့်ရှုရန်

အမန်ဒါအတွက် အမှတ်တရ ဖန်တီးထားသည့် Facebook Page


  Myanmar Express
ဘကြီးသက်
Unknown at 9:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.