Saturday, October 13, 2012

Facebook ပေါ်မှ ရခိုင် သတင်းများ ဖြန့်ဝေနေသော Rakhine Straight Views သို့အိတ်ဖွင့်ပေးစာ

From :  မောင်နေ၀င်း
Ph -095680291

စစ်တွေမြို.တွင် ရခိုင်ပြည်နယ်အရေးအခင်းကြောင့်ကျန်းမာရေးဝန်ထမ်းများအားမကြာခဏဆိုသလို အခြေအမြစ်မရှိသော ကောလဟာသအကြောင်းများအား website အချို.တွင်ရေးသား တာတွေ ဖတ်ရပါတယ်။ လတ်တလော ဆိုလျှင်        RAKHINE STRAIGHT view တွင် စစ်တွေဆေးရုံကြီးမှ  ဓါတ်ခွဲခန်းဌါနမှူး ဒေါ်တင်နွယ်ဦး ကိစ္စဆိုပြီး ပါလာပါတယ်။
အဆိုပါ အကြောင်းအရာ ကိစ္စများမှာ အခြေအမြစ် မရှိရေးသားခြင်းများဖြစ်ပါသည်။ အဆိုပါ ဒေါက်တာဒေါ်တင်နွယ်ဦးမှာ အထူးကု ဆရာဝန်အဆင့် ဖြစ်ပါသည်။
ရခိုင်ပြည်နယ် အရေးအခင်းတွင် ဘင်္ဂလီ  ကယ်ဆယ်ရေး စခန်းများသို.ရခိုင်လူမျိုး ၀န်ထမ်းများအား အတတ်နိုင်ဆုံး မည်သည်. ဌါနအကြီးအကဲ မှစေလွှတ်ခြင်းမရှိသလို ညွှန်ကြားလာလျှင်လည်း မိမိ၏ဆန္ဒကို ၀န်ထမ်း တိုင်းထုတ်ဖေါ်ခွင့်ရှိပါသည်။ လိုအပ်လျှင်ကျန်းမာရေးဦးစီးဌါနမှ ဒေသခံရခိုင်လူမျိုးမဟုတ်သော တခြားတိုင်းရင်းသားများကိုစေလွှတ်ပြီး အလှည်.ကျ တာဝန်ချထားပေးသည်ကို တွေ.ရပါသည်။
ဆေးရုံတွင် ရခိုင်လူမျိုး ၀န်ထမ်းအပြင် တခြားတိုင်းရင်းသား ၀န်ထမ်းများလည်းရှိပါသည်။ သို.သော် မိမိတို.တာဝန်ကျရာ ကျန်းမာရေးဌါနတွင် မိမိတို.မြို.နှင့် လူမျိုးအတွက် မည်သူမဆို မှန်ကန်သော လုပ်ဆောင် မူ စေတနာထားမူ ရဲရင့် ပြတ်သားမှုကို လက်ခံရပါမည်။
ရခိုင်ပြည်နယ် အရေးအခင်းကာလတွင် ရခိုင်လူမျိုးမဟုတ်သော်လည်း မိမိတို.၏တာဝန်ဝတ္တရားများကိုထမ်းဆောင်ရင်းရပ်ဝေးရှိ နေအိမ်များကိုထွက်ခွာမသွားဘဲ ဆေးရုံကြီးယန္ဒရားကြီးကိုအကောင်းဆုံး အဖြစ်နိုင်ဆုံး လုံခြုံမူ အရှိဆုံး ၀ိုင်းဝန်းပြီး တာဝန်ကျေသူများကို ကျေးဇူးတင်ရပါမည်။ အသိအမှတ်ပြုရပါမည်။
အခြေအမြစ်မရှိ ရေးလာလျှင် အမှန်တကယ် မိမိတို.မြို.အတွက် အလုပ်လုပ်နေသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်ပြီး  လူမျိုးရေး ဘာသာရေး မုန်းတီးမှုကိုလည်းတိုးပွါး စေပါသည်။ ဒါကြောင့် INTERNET တွင်တင်သူများ ဖတ်ရှုသူများလည်း ကျန်းမာရေးကိစ္စပါလာလျှင် ဆေးရုံကြီးအကြောင်းအရာများကိုလေ့လာဆန်းစစ်မေးမြန်းပြီးမှရေးသားစေ လိုပါသည်။ သို.မဟုတ်ပါက ရပ်ဝေးမှလာရောက် တာဝန် ထမ်းဆောင်ပြီး အမှန်တကယ် အလုပ်လုပ်သူများအတွက် စိတ်အနှောင့်အယှက် ဖြစ်ရသလို မလိုလားအပ်သော လူမျိုးရေးမုန်းတီးမူပါဖြစ်ပေါ်ပြီး လာရောက်တာဝန်ထမ်းဆောင်ရန် အနှောင့်အယှက်ဖြစ်ပေါ်စေ ပါသည်။
ကျွန်တော်သည် ဆေးရုံကြီးမှဝန်ထမ်းတစ်ဦးဖြစ်ပါသည်။ ဆေးရုံကြီး ကိစ္စများကိုရေးကြမည် တင်ကြမည်ဖတ်ရူကြမည်ဆိုလျှင် အခြေအမြစ်ရှိမရှိ မေးမြန်းမည်ဆိုလျှင် ဆက်သွယ်ကြပါ။ တတ်နိုင်သမျှ ကူညီပါမည်။
အခြေအမြစ်မရှိသော အကြောင်းကြောင့် မိမိတို.လူမျိုး နာမည်မဆိုးရန်နှုင့် မိမိတို.မြို.အတွက် အမှန်တကယ်အလုပ် လုပ်သူများစိတ်အနှောင့်အယှက် မဖြစ်စေရန် အားလုံးက၀ိုင်းဝန်းကူညီပြီး ဆောင်ရွက်ပေးကြ ပါရန် ရေးသားလိုက်ရပါသည်။


  Myanmar Express
ဘကြီးသက်
Unknown at 11:28 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.