Saturday, October 13, 2012

HTC မိုဘိုင်းဖုန်း၏ တရားဝင်ဆားဗစ်စင်တာများအား ပြည်တွင်း၌ ဖွင့်လှစ်မည်


 
 
ထိုင်ဝမ်အခြေစိုက် မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် HTC ၏  တရားဝင်ဆားဗစ်စင်တာများအား လာမည့်နိုဝင်ဘာလအတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း HTC မှ Authorized Service Center အဖြစ် ပေးအပ်ထားသည့် KMD ကုမ္ပဏီမှ သိရှိရသည်။ "စင်ကာပူ Branch office ကနေပြီး KMD ကို Authorized Service Center အဖြစ်ပေးလိုက်တာပါ။ လောလောဆယ်တော့ ဆားဗစ်ပဲလုပ်ဦးမှာပါ။ HTC Brand ကို တရားဝင်အရောင်းကိုယ်စားလှယ်အဖြစ် ပေးဖို့လည်းရှိတယ်။ လောလောဆယ်သူတို့ဘက်က မဆုံးဖြတ်ရသေးဘူး။ အခု ဆားဗစ်လုပ်မယ့်သူတွေကို သူတို့ဆီကပဲခေါ်မလား ဒီကပဲလုပ်မလားဆိုတာတော့ သေချာ မဆုံးဖြတ်ရသေးဘူး။ လောလောဆယ်တော့ HTC က Certify Engineer တွေပြင်ပေးမှာပါ" ဟု KMD ကုမ္ပဏီမှ Deputy General Manager ကိုစိုးငွေရက ပြောကြားသည်။
အဆိုပါ HTC ၏တရားဝင် ဆားဗစ်စင်တာတွင် Global Warrantly ရရှိထားသည့် မည်သည့် HTC ဟန်းဆက်မျိုးမဆို ဆားဗစ်ပြုလုပ်ပေးမည်ဖြစ်သော်လည်း  ပြည်ပနိုင်ငံများမှ Operator နှင့်တွဲရောင်းသည့် ဟန်းဆက်များကိုမူ ဆားဗစ်ပြုလုပ်ပေးမည်မဟုတ် ဟုလည်းသိရသည်။

ဘကြီးသက်
Unknown at 11:34 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.