Friday, October 12, 2012

ဒီမိုကရေစီကို လမ်းမလွဲပါစေနှင့်



ဆောင်းပါးရှင်။ ဗိုလ်မှူး ကျော်ကျော်ခိုင်
မြန်မာ အိပ်က်စ်ပရက်စ် web site မှာ ပေးစာ ၁၇၇ ပြည့်တန်ဆာတန်းတရားဝင်ရှိသင့်သလား ဆိုတာကိုဖတ်ရပါတယ်။ မတိုင်မီကလေးကလည်း ပြည့်တန်ဆာလုပ်ငန်း တရားဝင်လုပ်ကိုင်ခွင့် ရရေးဆိုပြီး ပြည့်တန်ဆာဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယု နဲ့ ပျိုးပင် အဖွဲ့မှဒေါက်တာမျိုးလွင် ဆိုသူတွေက လေသံပစ် လာတာကိုလည်း စိတ်မသက်သာစွာပဲ ဖတ်ရပါတယ်။
သူတပါးနိုင်ငံတခုကို ဟိုနိုင်ငံပြောပြောပြီး ကိုယ့်နိုင်ငံကို အလိုလိုနေယင်း ဟိုနိုင်ငံဖြစ်ဖို့အကြံပေးချင်တဲ့ သူတွေကလည်းရှိပါသေးလားလို့ တွေးမိပါတယ်။ ပညာဘယ်လောက်တတ်တတ် သူတို့ကိုယ်သူတို့ အများတကာထက် အမြင်ကျယ်တယ်ထင်နေပေမယ့် ဒါဟာ အဟိရိက လို့ခေါ်တဲ့ မကောင်းမှုကိုကောင်းမှုထင် အကုသိုလ်အလုပ်ကို ကုသိုလ်ထင်ြပီး၊ အတွေးအခေါ်လွဲမှား အရှက်ကင်းမဲ့တဲ့ အပြောအဆို၊ အပြုအမူကိုပြုတာပါ။ နိုင်ငံတချို့ကလုပ်တိုင်း မှန်ကန်တယ်ထင်နေကြတာကလည်း သနားစရာပါပဲ။ လူတွေကို အထိန်းအကွပ် စည်းကမ်းဥပဒေ ဘာသာတရားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု အစဉ်အလာတွေကို စောင့်ထိန်းစရာမလိုပဲ လုပ်ချင်ရာလုပ်လို့ခွင့်ပြုလိုက်ရင် ကောင်းမှုတွေလုပ်ကြမလား မကောင်းမှုတွေလုပ်ကြမလားဆိုတာ အလွယ်ပဲ တွေးတောနိုင်ကြမှာပါ။
မိမိနိုင်ငံဟာ ညစ်ညမ်းမှုကင်း၍ ပြည့်တန်ဆာကင်းရှင်းတဲ့ နိုင်ငံတခုဖြစ်တော့ မကောင်းဘူးလား၊ ကမ္ဘာနဲ့ရင်ဘောင်မတန်းနိုင်တော့ဘူးလား ခေတ်များနောက်ကျနေပြီလား။ ဒါဟာ ပြည့်တန်ဆာ လုပ်ငန်းစီးပွားရေး သမားတွေရဲ့ လိုလားချက် ဖြစ်ဟန်ရှိပါတယ်။ လက်ရှိ နိုင်ငံတိုးတက်ကြီးပွားရေးကို အရေးတကြီးဆောင်ရွက်နေတဲ့အချိန် အရေးကြီး ကိစ္စတွေပြဿနာတွေ ကို လွှတ်တော်ကစဉ်းစား လုပ်ဆောင်နေရတဲ့ အချိန်မှာ ဒါဟာ ရှေ့တန်းဦးစားပေးရ မယ့်ပြဿနာမဟုတ်ပါ ဘူး။ နိုင်ငံတော်ရှေ့ရေးဟာ အစကောင်းမှအနှောင်း သေချာမှာပါ။ ယဉ်ကျေးမှုကြောင့် လက်မခံမှာတောင်စိုးတယ်ဆိုပဲ။ ပေးစာ ၁၇၇ ရေးသူရဲ့ အာဘော်ကိုတော့ သဘောကျပါတယ်။ တိုတိုရှင်းရှင်းပဲ တင်ပြချင်ပါတယ်။
အာရှမှာ ကမ္ဘာမှာ ဘယ်နှစ်နိုင်ငံဒီလို တရားဝင်ဖွင့်ထားသလည်းဆိုတာကို အရင်ပြန်တွေးပါ။ ဗုဒ္ဓဘာသာနဲ့ ယှဉ်တဲ့ယဉ်ကျေးမှုကို နားလည်ပါ။ မြန်မာ့ယဉ်ကျေးမှုဟာ ထမင်းစား ရေသောက် အိမ်သာတက်တာတောင် ရှင်တော်မြတ်ဘုရားချမှတ်ပေးခဲ့တဲ့ ဝိနည်းစည်းကမ်းတွေ ရှေး ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်တွေ က ဆင်းသက်လာတာပါ။ အချို့က ယဉ်ကျေးမှုကူးစက်ခြင်းကို အကြောင်းပြပြီး ပြောကြပါတယ်။ သူများယဉ်ကျေးမှုကို မပြောလိုပါဘူး။ မြန်မာယဉ်ကျေးမှုမှာ ဘာမကောင်းတာရှိပါသလည်းလို့ အရင် မေးချင်ပါတယ်။ ယဉ်ကျေးမှုနဲ့ ထုံးစံ ဓလေ့ အမူအကျင့် သဘာဝဆိုတာတွေကိုလည်း ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ( ဒေါက်တာ )ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ တရားတပုဒ်မှာ ဒီလို နာကြားခဲ့ရပါတယ်။

ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ နိုင်ငံခြားသားတစု မြန်မာနိုင်ငံကိုလာလည်ပါတယ်။ စေတီတခုမှာ အမျိုးသမီးများ မတက်ရဆိုတဲ့ ဆိုင်းဘုတ်တခုတွေ့တော့ နိုင်ငံခြားသူအမျိုးသမီးတယောက်က ဒါလားဗုဒ္ဓဘာသာ၊ အမျိုးသမီးတွေကို ခွဲခွဲခြားခြား လုပ်တာလားလို့ မေးပါတယ်။ ဆရာတော်က This is not a religion. This is a tradition. အဲဒါက ဘာသာတရားအရ မဟုတ်ပါဘူး၊ ထုံးစံအစဉ်အလာတခုပဲ ဖြစ်ပါတယ်တဲ့။ ဆရာတော်အဖြေတတ်ပြီး ဖြေဆိုပုံလည်းကောင်းလို့တာပါ။ အဖြေမတတ်ရင်လည်း နားလည်မှုလွဲသွားနိုင်ပါတယ်။ ဒီလိုပါပဲ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေ အမူအကျင့် အလေ့အထတွေကို ခွဲခြားနားလည်ကြရမှာပါ။ မြန်မာယဉ်ကျေးမှုကို တန်းဖိုးထားတတ်ဖို့ တိုက်တွန်းချင်ပါတယ်။
အတုမြင်အတတ်သင်ဆိုတဲ့ စကားကိုလည်း သဘောပေါက်သင့်ပါတယ်။ လူတချို့က ကိုရီးယားဇာတ်ကားတွေက အမူအကျင့်တွေ ကူးစက်ခံနေရတာကိုပြောတော့ သူများသွားမပြောပါနဲ့ဆိုပြီး လက်မခံချင်ကြဘူး။ မှန်ပါတယ် ကိုယ့်ကိုကိုယ် ကိုယ့်လူမျိုးကိုယ် အပြစ်တင်ပါ။ ဒါပေမယ့် အတုမြင်အတတ်သင်မို့ ပါတ်ဝန်းကျင်အရေးကြီးပါတယ်။ ၁၉၈၈ အရေးအခင်းအပြီးမှာ တရုတ် ကိုရီးယားဇာတ်ကားများ ဝင်ရောက်လာပါတယ်။ တရုတ်ကတော့ သိုင်းကားကထိုးဖေါက်ပြီး ကိုရီးယားက ဒရမ်မာဇာတ်ကားတွေ ထိုးဖေါက်ပါတယ်။ မိန်းကလေးအရက်မူးပြတာတွေ မိန်းကလေးကစပြီး ချစ်ကြိုက်စကားပြောတာတွေက ဇာတ်ကားတိုင်းမှာပါ ပါတယ်။ အဲဒီအချိန်က ၃-၄ နှစ်ကလေးတွေဟာ လူကြီးတွေစွဲလန်းကြည့်ရှုမူနဲ့အတူ ကြီးပြင်းလာခဲ့ပြီး ယနေ့ အရွယ်ရောက်နေကြပါပြီ။ ဒီကလေးတွေ ဒီကလေးတွေကြားက မျိုးဆက်တွေမှာ အတုမြင်အတတ်သင်ခဲ့ကြတာ ငြင်းမရပါဘူး။ မျိုးဆက်တဆက်ဆိုတာ တဆက်က အသက် ၆၀-၇၀ ရောက်မှာ နောက်မွေးစကို မခေါ်ပါဘူး။ အမြဲ လှိုင်းလိုဆက်နေတာကို သတိပြုရပါမယ်။ ၈၈ လောက်က တချို့ကလေးတွေတောင် အွန်လိုင်းမင်းသမီးတွေဖြစ်နေတာ ဝမ်းနည်းစရာတွေ့မြင်ကြရမှာပါ။
အဲဒါကြောင့် စာရေးသူ ယခင်က ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို အပြစ်ကြီးကြီးပေး အရေးယူသင့်ကြောင်း တင်ပြခဲ့ဘူးပါတယ်။ မြန်မာဆိုရိုးစကား အတုမြင်အတတ်သင် နော်။ ယခုဆို အဋ္ဌမတန်းကျောင်းသူလေး ၁၃ နှစ်သမီးရည်းစားနဲ့ ကျောင်းမတက်ပဲတည်းခိုခန်းသွားတာ ၃ ကြိမ်မြောက်မှမိဘသိလို့ တရားစွဲရတယ်။ ဒီလိုပြဿနာတွေဟာ အရင်းခံက အတုမြင်အတတ်သင်တာပါ။ လူ့အခွင့်အရေးမဟုတ်ဘူးနော်။ စည်းကမ်းမဲ့တဲ့ တည်းခိုခန်းကိုလည်း အရေးယူသင့်ပါတယ်။
မဆလခေတ်ကဆိုရင် ရန်ကုန်က လူ ရန်ကုန်မှာ ပြန်တည်းခိုလို့မရတဲ့အတွက် အဲဒီလိုပြဿနာတွေမကင်းပေမယ့် အတော်လေးရှားပါးပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှု လူမှုရေး ဘာသာရေး စာရိတ္တပိုင်းကိုယ်ကျင့်တရားပိုင်းတွေနဲ့ ပညာပေးကာ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်မှုတွေနဲ့ ထိန်းရပါမယ်။ ဒီကြားထဲ တရုတ်ဘက်က ကလေးတယောက်မွေးပေးပြီးအထိ မိန်းမခနယူ သိန်း ၃၀ ဆိုပြီး အန္တရာယ်ပေးနေတာလည်း လိင်ကျွန်လုပ်ငန်းအဖြစ် ထင်ထင်ပေါ်ပေါ်ပဲ ပေါ်ပေါက်နေပါတယ်။ ( မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး မြန်မာနိုင်ငံမှ အမျိုးသမီးများကို တရုတ် နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန် ကူးရန် ဗြောင်ကျစွာ စည်းရုံးလာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီး ညွန့်လှိုင်က ပြောကြား သည်။မြတ်လေးငုံမှ-) စီးပွားရေးမပြေလည်မှုတွေက ဒီလိုမကောင်းမှုအန္တရာယ်များအကြားကို တွန်းးပို့နေသလိုဖြစ်နေပါတယ်။
ဒီလိုအခြေအနေ အန္တရာယ်အကြားထဲမှာ ကို ပြည့်တန်ဆာ ဥက္ကဋ္ဌကြီး နှင်းနှင်းယုနဲ့မျိုးလွင်က အူကြောင်ကြောင် ထပြော တာ မြန်မာတစ်ယောက်အတွက်တော့ အတော်လေးကို ဒေါသဖြစ်စရာ ပါပဲ။ မြန်မာတိုင်းရင်းသူအမျိုးကောင်းသမီးများ သိက္ခာရှိရှိနဲ့သမာအာဇီဝ အလုပ်အကိုင်ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နေနိုင်ရေးအတွက် နိုင်ငံတော်အနေနဲ့ အမြန်ဆုံး အလုပ်အကိုင် အခွင့်အလန်းတွေကို အာမခံချက်ရှိရှိနဲ့ ဆောင်ရွက်ပေးသင့် ပါတယ်။ ပြည့်တန်ဆာပြဿနာ ဟာ ယဉ်ကျေးမှု နဲ့မဆိုင်ပါဘူး။ သမာအာဇီဝ မှန်ကန်သောအသက်မွေး ဝမ်းကြောင်းမှု မဟုတ်လို့ ပြောကြတာပါ။ မြန်မာ့ဓလေ့ကိုယ်က မကောင်းမှုပြုတာလို့ သတ်မှတ်ထားကြ တာပါ။ ကိုယ့်လူမျိုးရဲ့ဂုဏ်ကိုထိန်းသိမ်းဖို့ ကိုယ်တိုင်ရဲ့ကိုယ်ကျင့်တရားကောင်းမွန်မှုကို တန်ဖိုးထားဖို့ လိုပါတယ်။

နောက်တခုက လိင်မှ တစ်ဆင့် ကူးစက် တတ်သော ရောဂါများ ထိန်းချုပ် ရာတွင် ခက်ခဲပြီး ပြည့်တန်ဆာများ အတွက် လုံခြုံမှု ကင်းမဲ့ကာ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးလျက် ရှိကြောင်း ဆိုပြီး အကြောင်းပြလာပါတယ်။ တားမြစ်ထားတာကို နိုင်ငံသားအခွင့်အရေးဆုံးရှုံးတယ်ပြောလို့မရပါဘူး။ ဘယ်နိုင်ငံတွေမှာ နိုင်ငံသား အခွင့်အရေး အရပြည့်တန်ဆာလုပ်ခွင့်ပြုပါတယ်လို့ ခွင့်ပြုထားပါသလဲ။ ( ဆော်ဒီလိုနိုင်ငံမှာသွားပြော လို့ကတော့ လူပုံကြားလည်ဖြတ်ခံရနိုင်တယ်။ ) မြန်မာပြည်မှာဆိုရင် အမျိုးကောင်းသမီးတွေဖြစ်စေ ဖို့ ပြည့်တန်ဆာကင်းရှင်းရေးအတွက် ဥပဒေတွေတောင်ပြဌာန်းပြီး တားမြစ်ထိန်းသိမ်းပေးထားခဲ့ရ တာပါ။ မြန်မာအမျိုးကောင်းသမီးများကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပေးထားခဲ့ တာပါ။ ရောဂါကူးစက်မှုထိန်းဖို့ခက်ခဲတာကို အကြောင်းပြတာတော့ မခိုင်လုံပါဘူး။
ကျောင်းတွေ ရပ်ကွက်တွေ မြို့နယ်တွေမှာ ကျန်းမာရေးဟောပြောမှုတွေ မီဒီယာတွေပေါ်မှ ပညာပေးအစီအစဉ်တွေနဲ့ နှစ်စဉ် လူတိုင်း ကျန်းမာရေးအခမဲ့ စစ်ဆေးပေးရေးအစီအစဉ်တွေ စသည်ဖြင့် တိတိကျကျလုပ်ဖို့ပဲလိုတာပါ။ ရာဂမှာမျက်စိမရှိသူတွေကတော့ ဘယ်လိုပဲပညာပေးပေး ဂရုမစိုက်ပါဘူး။ ပေးစာ ၁၇၇ ကတော့ ဒီလိုပြောပါတယ်။ “ နိုင်ငံတကာ ပြည့်တန်ဆာတန်းရဲ့နောက် ကွယ်မှာ တရားမ၀င် မူးယစ်ဆေးဝါးအန္တရာယ်ကလည်း ကပ်ညှိပါလာတတ်လို့ပါ ... နောက်ပြီး မုဒိန်းမှုတွေ ပိုပေါလာမှာ စိုးရွံ့မိပါတယ် .. လက်တွေ့ ကွင်းဆင်းပြီးဖြစ်လို့ အပြင်မှာ လက်တဲ့စမ်းမှာ မလို့ပါ .. လက်ရှိအနေ အထား မှာတောင် များပြားနေတဲ့ မုဒိန်းမှုတွေရဲ့ တရားခံက အမြင်သက်သက် ခံစားမှု ပေးစွမ်းထား တဲ့ အတုမြင်အတတ်သင်စေတဲ့ တရားမ၀င် ဆင်ဆာညစ်ညမ်းခွေတွေကြောင့်လို့ သုံးသပ်ထားတာမလို့ပါ ... နောက်ဆက်တွဲအနေနဲ့ တရားဝင် ပြည့်တန်ဆာတန်း ဖြစ်သွား တာနဲ့ ရောဂါဘယ ကင်းတယ်ဆိုတာ သေချာနိုင်မလား.. လိင်မှတဆင့် ကူးစက်စေနိုင်တဲ့ ကုရာနတ္ထိ ဆေးမရှိသေးတဲ့ HIV .. အသည်းရောင်အသားဝါ A-B-C ပိုး... TB... ဆစ်ပလစ်.. စတဲ့ ကူးစက်စေတတ်တဲ့ ရောဂါဘယတွေကို ဘယ်လောက်များ လုံခြုံမှု ပေးနိုင်မလဲ .. ဆိုကြပါစို့ ... လက်ရှိဆေးပညာအရ အသည်းရောင်အသားဝါ A-B-C ပိုး... TB... ဆစ်ပလစ်.. စတာတွေကို မကူးဆက်အောင် ကာကွယ်ဆေးတွေ ထိုးလို့ ရတယ်ပဲထား ...ဘယ်လောက်ထိများ အလေးထားပြီး ဆောင်ရွက်ပေးနိုင်ကြမှာလဲ .... ကုရာနတ္ထိ ဆေးမရှိသေးတဲ့ HIV ကို ဘယ်လို ကျော်ဖြတ်မလဲ ..... HIV ရဲ့ သဘာဝကိုက ရောဂါဝင်ပြီး (၆)လနေမှ HIV ပိုး ရှိ/မရှိ ကို အသေအချာ စစ်လို့ရနိုင်တာ မလို့ပါ .. လူကထွက်တဲ့ အရည်မှန်သမျှ နဲ့ ကူးစက်နိုင်တာ .. အခန့်မသင့်ရင် kissing အနမ်းပေးရင်း.. xx စို့ရင်းနဲ့လဲ ကူးစက်သွားနိုင်တာ .... ၀ါသနာပါတယ်ဆိုတဲ့ လူကြီး လူငယ် မရွေး ပုရိသယောက်ျားများတွေကို ဘယ်လောက်ထိများ စိတ်ချလုံခြုံစေနိုင်မလဲ .... ပိုက်ဆံဆိုတာ လူ့ကျင့်ဝတ် သိက္ခာလောက် တန်ဘိုး မရှိနိုင်တာမလို့ ... တန်ရာတန်ကြေး ရခြင်း/မရခြင်းကို သမာအာဇီဝ အလုပ်ဟု မဆိုထိုက်သည့်အတွက် ဝေဖန်ချက်မပေးလိုတော့ပါ ... လက်ရှိ လမ်းပေါ်မှာ ကျင်လည်ကျက်စားနေတဲ့ မိန်းကလေးတွေအားလုံး တရားဝင် ပြည့်တန်ဆာတန်းကို ရောက် သွားပြီလို့ ဆိုနိုင်မလား ... လမ်းပေါ် မှာ မရှိနိုင်တော့ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ .. တရားမ၀င် ပြည့်တန်ဆာ ပပျောက်သွားနိုင်မလား ... စားဝတ်နေရေးကြောင့် တရားဝင်သွားပြီဟေ့ .. ငွေရလွယ်ကူတဲ့ .. ဘာအရင်းအနှီး.. ဘာ ပညာမှ တတ်စရာမလိုတဲ့ .. အမေပေးတဲ့ လယ်တစ်ကွက်နဲ့ ငါတို့ ဒီအလုပ်ပဲ လုပ်မယ်လို့ မိန်းကလေး အများစု က ဆုံးဖြတ်ခဲ့ရင်ကော ဘယ်လို လုပ်ကြမလဲ... အရေအတွက် အကန့် အသတ် နဲ့ လုပ်ကြမှာလား... သေချာတယ်နော် ... ငယ်ရွယ် နုပျိုစဉ်တုန်းတော့ တရားဝင်ပေါ့ .. လူဆိုတာလည်း ဒီတိုင်းနေလို့ မရဘူးလေ... ပျို ပြီးရင် မလွဲမသွေ အိုရမှာ ... အဲ .. အရွယ်လည်း နည်းနည်း ဟိုင်းလာတော့ တရား မ၀င် တာတွေ ဘယ်လောက်များ များနိုင်မလဲ... တရားဝင် ပြည့်တန်ဆာ များ ရဲ့ မျိုးဆက်ကကော ဘာတွေ ဖြစ်နိုင်မလဲ ... အဲဒီ အသိုက်အမြုံကို ဘယ်လို ထိမ်းချုပ်နိုင်မလဲ ... တရားဝင်ဖြစ်လေလေ ကျယ်ပြန့်လေလေဆိုတာ သဘာဝပါ.... ”” အချို့နိုင်ငံတွေမှာဆို လူသုံးပစ္စည်းအလှအပအသစ်အဆန်းတွေ မက်မောပြီးလောဘနောက်လိုက်လို့ ငယ်ငယ်ရွယ်ရွယ် ကျောင်းသူတွေတောင် ပါဝင်နေတာပါ။ ဥပဒေအတော်တင်းကြပ်တဲ့နိုင်ငံမှာတောင် ကြံဖန်ပြီး ဥပဒေလက်တလုံးခြားနဲ့ အခွေတွေရိုက်ကူးရောင်းချနေတာလည်းရှိတယ်။

မြန်မာနိုင်ငံလို အစစ တင်းတင်းကြပ်ကြပ်စီစီစစ်စစ် မလုပ်နိုင်တဲ့နိုင်ငံမှာ လိုင်စင်တွေဘာတွေနဲ့လုပ်လည်း လုပ်တာပဲရှိမှာပါ။ အသဲရောင်အသည်းဝါစီပိုးဆိုရင် ချောင်းဆိုးရင် အနီးကပ်အတူနေရင်တောင် ကူးစက်လွယ်တဲ့ရောဂါမျိုးပါ။ တချိန်က နို်င်ငံတခှုမှာ နိုင်ငံဥသျှောင်ကြီးက ပြည့်တန်ဆာမတယောက် အမေအိုကြီးကိုလုပ်ကျွေးနေလို့ဆိုပြီး အားပေးလိုက်တာနဲ့ သူ့ကိုကြည်ညိုကြတဲ့ပြည်သူတွေ မိဘကိုဒီအလုပ်နဲ့လုပ်ကျွေးရတာမြတ်တယ်ဆိုပြီး လိုက်လုပ်လိုက်ကြတာ ဟိုနိုင်ငံလို့နာမည်တွင်ရောမ ဟုတ်လား။ သူ့နိုင်ငံနယ်စပ်ကဒေသတွေအထိ ရိုက်ခတ်ခဲ့ပါ တယ်။ နောင်တော့လည်း ပါတ်ဝန်းကျင်ဆင်းရဲတဲ့နိုင်ငံတွေက အမျိုးသမီးတွေရောက် သွားကြတယ်။ လူကုန်ကူးခံရပြီး အရောင်းစားခံရကာ ဘဝပျက်ကြရတာတောင် မကြာခဏကြားကြ ရမှာပါ။
မြန်မာမိန်ကလေးတော်တော် များများဟာ စားဝတ်နေရေးကြပ်တည်းလွန်းတဲ့ အတွက် ဤလုပ်ငန်းကို မလုပ်ချင်ပဲ လုပ်နေကြရတာပါ။ အလှအပ ပစ္စည်းတန်ဆာတပ်မက်တဲ့လောဘ တခုကြောင့်နဲ့ ဝါသနာပါလို့လုပ်စားသူကတော့ ရှားပါတယ်။ အဓိက က မြန်မာအမျိုးသမီးများ စားဝတ်နေရေး အဆင်ပြေအောင် ကောင်းမွန် တဲ့စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ကောင်းမွန်တဲ့အလုပ်အကိုင် အခွင့်အလန်းတွေပေါ်ထွက်လာအောင် အစိုးရက ကြိုးပမ်းပေးရမှာပါ။ စီးပွားရေးပြေလည်နေရင် စားဝတ်နေရေးချောင်လည်နေရင် ဒီအလုပ်မျိုး မြန်မာမိန်းကလေးမှန်သမျှ ဘယ်သူမှမလုပ်ချင်ကြပါဘူး။ အဓိက ဖြေရှင်းပေးရမှာက ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလန်းနဲ့ စားဝတ်နေရေးပါ။ လူမှုရေးကူညီစောင့်ရှောက်မူ အမျိုးဘာသာ ယဉ်ကျေးမူကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မယ့် နိုင်ငံရေးမပါသော မမှန်ကန်တဲ့ခေါင်းစဉ်များမပါသော လူမှုရေးအသင်းအဖွဲ့များကိုလည်း ဖွဲ့စည်းခွင့်ပေးသင့်ပါတယ်။ အထူးသဖြင့် အမျိုးသမီး အသင်းအဖွဲ့များဖြစ်ပါတယ်။ မကြာခင်ကပဲ WLC လို့ခေါ်တဲ့ အမျိုးသမီးများလေ့လာသင်ယူမှုစင်တာ ဆိုတာပေါ်လာတာတွေ့ရပါတယ်။
ဒီမှာဖတ်ကြည့်ပါ။ အမျိုးသမီးများဘဝ မြင့်မားတိုးတက်စေရန်အတွက် အသက်မွေးမှု အတတ်ပညာများကို အခမဲ့ သင်ကြားပေးလျက်ရှိရာ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း အမျိုးသမီးများ လေ့လာသင်ယူမှု စင်တာ (WLC) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပညာဒါနအဖြစ် အခမဲ့ သင်ကြားပေးမှုကို အမျိုးသမီးများအတွက် အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ပန်းအလှထိုးခြင်း၊ အခြေခံမိတ်ကပ်လိမ်းခြယ် နည်းပညာများ၊ အိမ်တွင်းအလှဆင်ခြင်း၊ မုန့်မျိုးစုံ ပြုလုပ်နည်းများ၊ ဥရောပအစားအစာ၊ တိုင်းရင်းသားအစားအစာ ချက်ပြုတ်နည်းများကို သင်ကြားပေးလျက် ရှိသလို အင်္ဂလိပ်စာ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းကာလ အတွင်း ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သော အသိပညာများ၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောမှုများလည်း လုပ်ဆောင်လျက်ရှိသည်။ ဗဟုသုတ အသိပညာပေးကာ ဗီဒီယိုဖြင့်ပြသခြင်း၊ လေ့လာရေးခရီးထွက်ခြင်း၊ စာကြည့်တိုက် စီစဉ်ပေးခြင်းများ လုပ်ဆောင်ထားကြောင်း ၎င်းမှ ရှင်းပြသည်။ စိတ်ပါဝင်စားသော မည်သည့်ဒေသမှ အမျိုးသမီးများမဆို ခွဲခြားခြင်းမပြုဘဲ လက်ခံသင်ကြားပေးခြင်း ဖြစ်သည်။ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်း မဟာသုခိတာလမ်း၊ အမှတ်(၄၁၀)ရှိ အမျိုးသမီးများ လေ့လာသင်ယူမှုစင်တာ (WLC) ၌ စာရင်းပေးသွင်း နိုင်ကြောင်း သိရှိရသည်။ ပြည့်တန်ဆာလုံးဝကင်းစင်ပပျောက်ဖို့ မရည်ရွယ်နိုင်ပေမယ့် အတော်အတန် ပပျောက်သွားမှာပါ။ ပျော်ပါးချင်သူတွေက ငွေတောင်ပေါနေမှတော့ အဲဒီရှိတဲ့နိုင်ငံသွားလည်ပေါ့ဗျာ။ နီးပါတယ်။ လမ်းပန်းဆက်သွယ်ရေးလည်းကောင်းလာပြီပဲ။ ဆရာကြီး လူထုစိန်ဝင်း သတိပေးခဲ့တာလေးကိုလည်း တင်ပြချင်ပါတယ်။ ဆရာကြီးရှိစဉ်က နို်င်ငံခြားသူတယောက်လာပြီး ဆရာကြီးကို View ပါတယ်။ မြန်မာပြည်မှာဂေးတွေကို ဘာကြောင့်လက်မခံသလည်း ဆိုတာကိုပါ။ ဆရာကြီးက အခု အရေးကြီးတာ ဒီမိုကရေစီအရေးပါ။ ဒီမိုကရေစီကို လမ်းလွဲအောင်မလုပ်ပါနှင့် ပြောလိုက်ပါတယ်။ ဒီမိုကရေစီဆိုတာကိုတောင် အဓိပ္ပါယ်ပေါ်အောင် နားမလည်နိုင်ကြသေးပဲ မဟုတ်တာကစပြီး စင်ပေါ်တင်ချင်နေတာကိုက မူမမှန် လမ်းကြောင်းမမှန်တာပါ။ လာခဲ့ပါလား မြန်မာနိုင်ငံကြီးပွားတိုးတက်ရေးအတွက် နည်းပညာတွေ အထောက်အကူပစ္စည်းတွေ စေတနာသက်သက်နဲ့ထောက်ပံ့ကူညီမှုတွေ။ တင်ပြပြီးတဲ့ကိစ္စတွေကို ခြုံပြီးတင်ပြချင်တာက အဓိကနဲ့သာမညခွဲကြပါ။ နိုင်ငံနဲ့လူမျိုတိုးတက်ကြီးပွားရာကြီးပွားကြောင်း အကြံကောင်းတွေပဲ အရင်ပေးကြပါဦး။ မဟုတ်တာတွေကို စင်ပေါ်မတင်ချင်ပါနဲ့။ ပြည့်တန်ဆာ ဂေးနဲ့ပါတ်သက်တဲ့ ရောဂါတွေကူးစက်မှာ ဘန်းပြနေတာထက်စာရင် ကျန်းမားရေး လူမူရေး ဘာသာရေး ရှုထောင့်တွေက ကျယ်ကျယ်ပြန့်ပြန့် ပညာပေးကြရပါမယ်။ ရှုံ့ချနေတာ မဟုတ်ပါဘူး။ ပြည်တန်ဆာဆိုတာက မရှိလေ ကောင်းလေပါပဲ။ ဘုရားလက်ထက်ကတောင် ရှိတယ်ဆိုပြီး ပြောနေတဲ့သူတွေကို ပြောချင်ပါတယ်။ ဘုရားက လောဘ ဒေါသ မောဟ ရာဂ ကိလေသာ လောက်မြိုက်ခြင်းက ကင်းအောင် အကုသိုလ်တရားတွေ ကင်းအောင် ဟောကြားနေ တာပါ။ ကောင်းသောမှန်ကန်သော အသက်မွေး ဝမ်းကြောင်းမှု ကိုလုပ်ကိုင်ခြင်းလို့ ဘုရားဟောတာ ဒီလို ကိလေသာရာဂလောင်မြိုက်တဲ့အလုပ် မပါ ပါဘူး။

မြန်မာအမျိုးကောင်းသမီးများကို လမ်းမ လွဲစေသင့်ပါဘူး။အချို့က ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ဆက် စပ်ပြီးပြောပါတယ်။ စာရေးသူတို့ဖြစ်ဖြစ် အခြားပုဂ္ဂိုလ်များစွာဖြစ်ဖြစ် နိုင်ငံခြားမှာ သွားတာဟာ ပြည့်တန်ဆာ ရှာ ဖို့မဟုတ်ပါဘူး။ ပြီးတော့ အဲဒီနိုင်ငံက နိုင်ငံရဲ့သာ ယာလှပတဲ့သဘာ ၀နေရာတွေ ရိုးရာထူးခြားတဲ့အစားအသောက်တွေ အဲဒီလူမျိုးတွေရဲ့ ရှေးအစဉ် အလာတွေ ယဉ်ကျေးမူတွေ ရှေးဟောင်းနေရာအဆောက်အဦ ရိုးရာဝတ်စားဆင်ယင်မှုတွေ ရှေးပစ္စည်း အသုံးအဆောင် စတာတွေကို စိတ်ဝင်တစားကြည့်ကြတာပါ။ ဒါကတော့ မြန်မာပြည်ကိုလာကြတဲ့သူ တချို့စကားလေးတွေပါ။ “ မြန်မာ ဝတ်စုံ ဝတ်ရတဲ့အတွက် တအားကြီး စိတ်လှုပ်ရှားပြီးပျော်ပါတယ်။ အခု ဒီကားကို ထဘီ ဝတ်ပြီး ရိုက်မယ်။ ပြီးရင် ယိုးဒယား ပြန်ရင်လည်း ထဘီ ဝတ်ပြီးပြန်မယ်။’’“မြန်မာနိုင်ငံကို လာရတဲ့အတွက် အများ ကြီး ရင်ခုန်တယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေ ထဘီဝတ်တာတွေ လည်း တွေ့ရတော့ တအားကြိုက် တယ်။ ” ပြည့်တန်ဆာမရှိလို့ ခရီးသည်မလာတာတော့ မရှိပါဘူး။ ဂုဏ်သိက္ခာရှိတဲ့ ခရီးသွားတွေ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံကိုလာမှာပါ။ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံခြင်းခံရမှာပါ။ ဂုဏ်သိက္ခာမရှိသူတွေ ရာဂတဏှာအတွက်သွားသူတွေ အဲဒီနိုင်ငံကိုရှာသွားကြမှာပါ။ ( ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကြောင့် ငွေရလွယ်တာကြောင့် ရှိ တာတော့ရှိနေနိုင်ပါတယ်။ ဒါပေမယ့် မြန်မာဆိုရိုးစကား ဒူးလောက်တင်မှရင်လောက်ကျ ဆိုသလို နိုင်သမျှ တားဆီးကာကွယ်ထိန်းသိမ်းကြရမှာပါ။ ) ဒီမိုဝေယံ dialoug’လေးကို ယူပြောရရင် ပြူတင်း တံခါးဖွင့် ထားရင်တော့ သန့်ရှင်းတဲ့လေနဲ့ အတူ ခြင်တွေယင်တွေ ဝင်လာမှာပဲ၊ ကိုယ်ကသာ စစ်ထုတ်နိုင်ဖို့ ခြင်လုံ ဇကာတပ်ထားရမှာပါ။ ကမ္ဘာက မြန်မာဆိုရင် ဂုဏ်သိက္ခာထူး ကဲတဲ့နိုင်ငံလို့ သတ် မှတ်ကြရင် မြန်မာဆိုရင် ဘယ်အရပ်ဒေ သရောက်ရောက် မြန်မာယောင်္ကျား မိန်းမ ဘယ်သူ့ ကို မဆို ဂုဏ်သိက္ခာရှိရှိ အဆက်ဆံ ခံရမှာပါ။ ကဲ.. ဘာသာတရားရှုထောင့်က ကြည့်ကြပါဦးစို့။ ကမ္ဘာကြီးပျက်ဖို့မစပြုတာဟာ ဝိသမလောဘနဲ့ မိစ္ဆာရာဂ တွေပါ။ ဒါဆိုရင် အရမ်းလွတ်လပ်တဲ့ နိုင်ငံတွေဘာလို့မပျက်စီးသလည်းတော့ မမေးပါနဲ့။ ဒီနေ့ သူဋ္ဌေးကြီးတွေ မနက်ဖြန်မှာ မထင်နိုင်အောင်ပဲ ကုန်းကောက်စရာမရှိ မွဲသွားတာ တွေ့ဘူးမှာပါ။ အဲဒါ ဥပမာပါပဲ။ မဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့။ မြန်မာနိုင်ငံက အခုမှ တိုးတက်အောင်ကြံဆောင်ဖို့ စကာပဲရှိပါသေးတယ်။ ဒီမိုကရေစီ ဆိုတာလည်း ပျိုးစေ့ဘဝမှာပဲ ရှိပါသေးတယ်။ အစကောင်းမှာအနှောင်းသေချာမယ် မဟုတ်လား။ မဟုတ်တဲ့ လမ်းလွဲတွေကစရင် ပျက်စီးမှုလမ်း မပေါ်ပဲ ရောက် သွား မှာပါ။ အစကောင်းမှ အနှောင်းသေချာမှာမို့ ကောင်းသော စတင်ခြင်းကိုသာ လိုလားသင့်ကြပါ တယ်။ ဒီနေ့အချိန်ကာလမှာ အမှားများလာတော့ အမှန်ထင်လာကြတာ လူငယ်တွေအတွက် ကြီးမားတဲ့ အနာဂတ် အန္တရာယ်ပါ။ ညစ်ညမ်း ရုပ်ရှင်ဇာတ်လမ်း အပြုအမူ အပြောအဆိုတွေက နေ့စဉ်ထမင်းစားရေသောက်လို ဖြစ်လာတော့ ဒါဟာ ထူးခြားတဲ့ မှားယွင်းတဲ့ဟာမဟုတ်ဘူး သာမန်အပြုအမူအလေ့အထလို့ ဂုဏ်ရှိပါတယ်ဆိုတဲ့လူကြီးတွေတောင်မှ ထင်မြင်လာနေကြပါတယ်။ လူသားတွေကို ထိန်းသိမ်း စောင့်ရှောက်နေတာလည်း ဟိရိနဲ့သြတ္တပ္ပ အရှက်အကြောက် တရားနှစ်ပါးပါ။ တိရိစ္ဆာန်နဲ့လူ စည်းကွဲတာလည်း အရှက်အကြောက် တရားနှစ်ပါးပါပဲ။ လူတွေကို လုပ်ချင်ရာ လုပ်ခွင့် ပြုကြည့်လိုက်ပါ။ အရှက်အကြောက်တရားတွေကင်းလာတာနဲ့အမျှ မကောင်းမှုမှာမွေ့လျော်တတ်တဲ့ လူ့စိတ်သဘာဝ အတိုင်း မကောင်းမှုတွေများစွာလုပ်ကြမှာပါ။
ဒါတောင် မြန်မာတချို့က မကောင်းမှုပြုရာမှာကို ရှက်ခြင်း၊ကြောက်ခြင်းဆိုတဲ့ မူလအဓိပ္ပါယ်ကိုသာ ကောက်ယူပြီး မကောင်းမှုမလုပ်ရင်ပြီးတာပဲ အပြုအမှု အနေအထိုင် အဝတ်အစား တွေမှာတော့ ဟီရိသြတ္တပ္ပဆိုတာ မလိုဘူးဆိုပြီး အရှက်အကြောက်ကင်းမဲ့ရေး စကားလမ်းကြောင်းသွားနေပါတယ်။ အများသုံးဝေါ ဟာရကိုလည်း နားလည်ကြရပါမယ်။ အကုသိုလ်လုပ်ရမှာ ပြောရမှာ မရှက်မကြောက် တာကိုလည်း ဆိုလိုပါတယ်။ ( သတ္တိကြောင်ပြီး မပြောရဲမဆိုရဲမို့ ရှက်တာကြောက်တာကိုတော့ ဟိရိသြတ္တပ္ပကိုမသုံးပါဘူးတဲ့။ ပါမောက္ခချုပ် ( ဒေါက်တာ )ဘဒ္ဒန္တ နန္ဒမာလာဘိဝံသရဲ့ ကမ္ဘာဦးကလူသားများ၊ ယနေ့ ကမ္ဘာရဲ့မနက်ဖြန်တရားများ နာကြည့်ပါ။
 ( http://www.dhammadownload.com/Dr-Nandamalabhivamsa-mp3-myanmar.htm )လူသားများ သက်တမ်းအနှစ်ရှစ်သောင်းတမ်းမှ အသက်တရာတမ်းသို့ ကျဆင်းလာပုံကို နာကြရမှာပါ။ ဗုဒ္ဓသည် နှိမ်ခြင်းခွဲခြားခြင်းမရှိ တခွန်းတည်းသော ပြောင်းလဲစရာမလိုသော ထာဝရမှန်ကန်သော စကားကိုသာ ဟောကြားခဲ့ပါတယ်။ ဝိသမလောဘနဲ့ မိစ္ဆာရာဂ အဓမ္မရာဂ အကုသိုလ်အလုပ် များကြောင့် သက်တမ်းကျလာပါတယ်။ လိင်တူဆက်ဆံခြင်းတွေက အနှစ်ငါးရာတမ်းလောက် မှာ ပေါ်လာပြီး သက်တမ်းထပ်ကျ သွားပါတယ်။ မိစ္ဆာရာဂ အဖေနဲ့သမီး အမေနဲ့သား မှားယွင်း စွာ ဖေါက်ပြန်မှုတွေ ကလည်း သက်တမ်းကျခြင်းထဲ ပါဝင်ပါတယ်။ တဆက်တည်း ပြည့်တန်ဆာဆန်တဲ့ ဂေး( gay ) နဲ့ပါတ်သက်လို့တင်ပြချင်တာက ( မွေးကတည်းက ဟိုမုန်းပြောင်းလဲခြင်းကြောင့် မိန်းမ စိတ် ယောက်ကျာ်းစိတ် ပါလာတာဟာ ရှက်စရာမဟုတ်သလို ရှုတ်ချစရာလည်း မဟုတ်ပါဘူး။ မြန်မာပြည်မှာ အများအားဖြင့် ဘယ်သူမှ မနှိမ်ကြပါဘူး။ ဒါပေမယ့် ) လိင်တူ ဆက်ဆံခြင်းကိစ္စကိုတော့ လက်မခံကြပါဘူး။
တလောက ဟိုတယ်ကြီးတခုမှာ လွှတ်တော် အမတ်တွေတောင် တက်ရောက်တဲ့ လိင်တူချစ်သူတွေရဲ့ အခမ်းအနားတခု သတင်းမှာ မြန်မာနိုင်ငံ ဥပဒေတွေထဲက မှောင်ရိပ်ခိုမှုဟာ သူတို့ကို နှိမ်ထားတာပါတဲ့။ ဒီတော့ သူတို့လိုချင်တာ ဘာလည်း သိသာပါတယ်။ တကယ်တော့ နိုင်ငံရေးသမားတွေက အဲဒီဥပဒေဟာ မဆလခေတ်က သူတို့အတွက် ထုတ်ပြန်ခဲ့တာပါလို့ ပြောထားခဲ့ကြပါတယ်။ ဒီလို လိင်တူချစ်သူဆိုတဲ့ နည်းမမှန်လမ်းမမှန် သဘာဝမကျ တဲ့အပြု အမူတွေကိုလည်း လူမှုရေး ကျန်းမာရေး ဘာသာရေး နည်းလမ်းများနဲ့ ထိန်းသိမ်းပေးဖို့လိုပါတယ်။ နောင်မှာ သူတို့ဟာလည်း တောင်းဆို လာတော့လာမှသေချာပါတယ်။

ဆရာတော် အရှင်နန္ဒမာလာကို နိုင်ငံခြားအဘိဓမ္မာသင်တန်းတ ခုမှာ ဂေးများက သူတို့ရဲ့လိင်တူချစ်သူဟာ သူတို့နိုင်ငံမှာ ခွင့်ပြုထားကြောင်း တရားဝင်ကြောင်းပြောပြီး စကားစပါတယ်။ ဒါပေမယ့် ဆရာတော်က ဒါဟာ ( Wroung practice ) မှားယွင်းတဲ့အပြုအမူ မိစ္ဆာရာဂ လို့ အခိုင်အမာ ဖြေကြားခဲ့ရပါတယ်။အဲဒီတော့ ပြည့်တန်ဆာများရော လိင်တူချစ်သူတွေရော အတွက် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ကြောင်းကျိုးဆက်သဘောအချက်များ ဘာကြောင့် ဆိုတဲ့ မောင်သွေး ချွန်ရေးစာအုပ်ကို ဖတ်ရှုပြီး မိမိတို့ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေကြောင်း သံဝေဂပွားများစေကြောင်း ဆန္ဒပြုယင်း မြန်မာလူငယ်မျိုးဆက်လေးများ လမ်းမမှားစေရေးအတွက် သုံးသပ်ဆင်ခြင်နို်င်ဖို့ တင်ပြလိုက်ပါတယ်။ မိန်းမလျာ၊ယောက်ျားလျာ။ ဆေးပညာနဲ့ပြောယင်တော့ ဟိုမုန်းအပြောင်းအလဲကြောင့် ဖြစ်မှာပါ။ ( ကံရဲ့အကျိုးဆက်ဆိုတာလည်း စဉ်းစားစရာပါ။ ) ဒီဘဝယောက်ကျာ်းအဖြစ်နဲ့ နေ့ရှိသရွေ့ အချိန်ရှိသရွေ့ မိန်းမများဆီပဲ စိတ်ရောက်နေမယ်။
စိတ်ကစားတိုင်းလည်း သွားရောက်ပြီး ကြိုက် ဖျက်ဆီးမှုကို တယောက်ရိုးတယောက်ကူးနဲ့ လွန်ကျူးလေ့ရှိမယ်ဆိုရင် လူပြန်ဖြစ်တဲ့ဘဝမှာ ပုံစံကယောက်ကျာ်း စိတ်ထားကမိန်းမ ဖြစ်လာပြီး မိန်းမလျာဖြစ်ရော။ဒီဘဝမိန်းမအဖြစ်နဲ့က ယောက်ကျာ်းလိုချင်စိတ်အားကြီးပြီး တွေ့သမျှယောက်ကျားကို
ဖြားယောင်းလေ့ရှိတဲ့ မိန်းမများလည်းပဲ နောက်တခါလာတဲ့ ဘဝ ယောက်ျားလျာ ပဲပေါ့။ ဒီနှစ်မျိုးစလုံး စိတ်အာရုံခံစားစဉ်မှာ သူ့ဘက်က စိတ်သွင်းအာရုံခံစားတတ်သူတွေ။ ပြည့်တန်ဆာ။
တစ်ဖန် အာရုံခံစားစဉ်မှာရော အာရုံယူရှာဖွေစဉ်မှာပါ သူ့ဘက်မှာချည်း စိတ်ပို့လွှတ်ထားသူတွေကတော့ သွားလေပေါ့။ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး သေလွန်ပြီးနောက်တခေါက် လူ့ပြည်ရောက်လာတော့ မိန်းမအသွင် ပေါ့ပျက်ပျက် အပြင်အဆင်များနဲ့ ယောက်ကျားတကာတို့ရဲ့ အသုံးတော်ခံ “ ပြည့်တန်ဆာ “ ။ ဇိမ်ခေါင်း ( ဖါခေါင်း )။ တဖက်ရှိ မိန်းမများကလည်း နောက်တစ်ခါ လူအဖြစ်ရောက်လာလျှင် ယောက်ကျားအသွင် ပေါ့ပျက်ပျက် အပြင်အဆင်များနဲ့ ဇိမ်ခေါင်းဘဝ၊ပြည့်တန်ဆာထိန်း၊ သည်နှစ်မျိုးစလုံး သူ့ပစ္စည်းယူပြီး သူ့အကြွေးဆပ်ရသူတွေပါပဲ။ သားတို့ သမီးတို့ သံဝေဂယူတတ်ကြပါစေ။ မိန်းမမဟုတ် ယောက်ကျားမဟုတ် ။ အာရုံခံစားစဉ်မှာ သူ့ဘက်လည်းစိတ်မပေါက် ကိုယ့်ဘက်လည်း စိတ်မရောက်တတ်ပဲ အတွေ့မှာသာ မျောနေပြီး ခံစားနေတတ်သူတွေ ၊ တခါတရံ သူ့ဘက်တလှည့် ကိုယ့်ဘက်တလှည့်နဲ့ အတက်အကျလိုက်ပြီး ခံစားနေသူတွေကတော့ မိန်းမမဟုတ်၊ ယောက်ကျာ်းမဟုတ် ဖြစ်တတ်တယ်။ အပူရှိန်လွန်ကဲပြီး မိုးတစ်ကကလေးမှ မကျပဲ သရောခိုင်းနေတယ် ဆိုတာမျိုးပေါ့။ ယောက်ကျာ်းတလှည့် မိန်းမတလှည့်။ အချိုးကျ ပြိုင်တူပေါ်နေလေရဲ့၊ ရေတရက်ချိုးမှား မိန်းမ၊ လေတရက်မျိုးကျ ယောက်ကျား။ ဒါမှမဟုတ် တက်စိတ်ပေါ်လာလျင် ယောက်ကျား၊ ကျစိတ်ပေါ်လာလျင် မိန်းမ။ သည်အားလုံးပဲ သူ့ပစ္စည်းချေးငှါးစားပြီး သူ့ပစ္စည်းအတိုင်းပဲ အကြွေးပြန်ဆပ်ရပုံမျိုးပဲ။ကာမဂုဏ်များခံစားရာက အစွဲကြီးစွဲပြီး စွဲရာဘဝရောက်ရပုံကိုလည်း ကျိုးကြောင်းပြရေးသားတော်မူခဲ့ပါတယ်။
“ ကာမခံစားတုန်းက ကျူးလွန်ပြီးနောက် တစိမ့်စိမ့်တွေး တရေးရေးပေါ်လာပြီး သာယာနေတဲ့အကျိုးဆက်များအဖြစ် မိန်းမတန်ဆာစွဲ သေတဲ့ဘဝမို့ လာခဲ့ မိန်းမ ဘဝ၊ ယောက်ကျားတန်ဆာစွဲ သေတဲ့ဘဝမို့ သွားတော့ ပြည့်တန်ဆာ ဘဝ။ ယောက်ကျာ်းကမိန်းမ စွဲသေရင်တော့ ယောက်ကျားဘဝနဲ့မိန်းမစိတ်ပေါ်နေတဲ့ဘဝ၊ ယောက်ကျားစွဲသေတဲ့ မိန်းမကျတော့ မိန်းမစိတ်နဲ့ယောက်ကျားစိတ်ပေါက်နေတဲ့ ဘဝ။ ကဲ… ကောင်းကြရဲ့လား။ သားတို့ သမီးတို့။ အတိတ်ကုသိုလ်ကံ အကြောင်းရင်းမှန်ကို သံဝေဂပွားများပြီး စဉ်းစားဆင်ခြင်သုံးသပ်နိုင်ဖို့ စာရေးသူ ဥပမာပြ တင်ပြပါဦးမယ်။ စိတ်စွဲလန်းမှုဟာ နောင်ဘဝအကျိုးဆက်များ ဖြစ်ပေါ်စေပါတယ်။ ဒါရိုက်တာ တက္ကသိုလ်ကထိက စာရေးဆရာအဖြစ် နာမည်ကြီးခဲ့သူ ဦးဆန်းလွင် ( နောင် အရှင် .. ) ရဲ့ ကိုယ်တွေ့လေးပါ။ ဦးဆန်းလွင်ရဲ့ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်း ကပ်လာသူတယောက် အကြောင်းဆိုတဲ့ စာအုပ်ဟာ အလွန်ကျော်ကြားပါတယ်။ ဆရာကြီးဟာ တက္ကသိုလ်ကျောင်း ဆရာဘဝကထွက်ပြီး ရုပ်ရှင်ဒါရိုက်တာလုပ်ပါတယ်။ အကယ်ဒမီ ခင်သန်းနုနဲ့တောင် နာမည်ကြီးရုပ်ရှင်ရိုက် လာတဲ့ ထူးချွန်သူပါ။ ဝါသနာပါတဲ့တပည့်တွေကိုလည်း သရုပ်ဆောင်သင် တန်းပေးပါတယ်။

ဒီလိုသင်တန်းပေးရင်းနဲ့ ဆရာကြီးဟာ စိတ်ညို့အိပ်မွေ့ချနိုင်တဲ့စွမ်းရည်ပိုင်ဆိုင်တာကိုလည်း အမှတ်မထင် သူ့ဘာသာသိခဲ့ရ ပါတယ်။ ဆရာကြီးရဲ့တပည့်တွေထဲက တယောက်ဟာအမြဲတမ်း မျက်ခမ်းစပ်ဖြစ်နေ တာတွေ့ရပါ တယ်။ ကုပေးလည်း ခဏပါပဲ။ ဒီနေ့ကုပြီးပျောက် မနက်ဖြန်ပြန်ဖြစ် ဖြစ်နေတာပါ။ ဒါနဲ့ ဆရာကြီးက သူ့တပည့်ကို စိတ်ညှို့အိပ်မွေ့ချနည်းနဲ့စမ်းသပ် ပါတော့တယ်။ သူ့တပည့်က အရင်ဘဝတခုမှာ ရေလုပ်ငန်း နဲ့အသက်မွေးပါတယ်။ တနေ့ ရေငုပ်ယင်းပုလဲတလုံးရလိုက်ပါတယ်။ သူနဲ့အတူပါလာတဲ့ သူငယ်ချင်းက ခနပြပါဆိုပြီး ယူပြေးတော့တယ်။ ပင်လယ်ထဲဆင်းပြေး လို့အလိုက်မှာ သောင်စပ်ကသဲနဲ့ သူ့သူငယ်ချင်းက သူ့မျက်လုံးကိုပက်လိုက်တဲ့ အတွက် မျက်လုံးထဲသဲဝင်ပြီး မမြင်မစမ်းနဲ့ပင်လယ်ရေထဲဆက်လိုက်ပါတယ်။ ဒီလိုနဲ့ရေနစ်သေခဲ့ရပါတယ်လို့ သူ့ဘဝဇာတ်ကြောင်းတခုကို ပြောပြခဲ့ပါတယ်။ ဆရာကြီးက စဉ်းစားပါတယ်။ မျက်စိထဲသဲနဲ့ပက်တာက သူ့သူငယ်ချင်း။ ကံအကျိုးဆက်အရ ဝဋ်အရ ခံရမှာက သူ့သူငယ်ချင်း။ ဒါပေမယ့် အခု မျက်စိဝေဒနာအမြဲခံစားနေရတာက သူကိုယ်တိုင်။ ဒီမှာ ထူးခြားချက်ကို တွေ့လိုက်ရပါတယ်။ အဲဒါက စိတ်အစွဲပါပဲ။ သူမသေခင် သူ့မျက်စိထဲသဲနဲ့အပက်ခံရပြီး ခံရခက်တဲ့ဝေဒနာတဘက်နဲ့ သေလွန်ခဲ့ရတယ်။ အဲဒီ စိတ်အစွဲဟာ ဒီဘက်ဘဝထိပါဝင်လာတာပါ။ အဲဒီတပည့်ကို ဆရာကြီး စိတ်ပညာနဲ့ကုသလိုက်ပေးပြီးတော့ လုံးဝပျောက်ကင်းသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကလေးကိုကြည့်ရင် စိတ်အစွဲဟာ ဒီဘဝမှသည် နောင်ဘဝများသို့တိုင် ကူးစက်အကျိုးပေးလျက်ရှိနေတာ ထင်ရှားနေပါတယ်။ ဒါတောင်မှ ဆရာကြီးရဲ့တပည့်ဟာ အပြုခံရသူပါ။ ကိုယ်တိုင်ပြုလုပ်တဲ့သူဆို ပိုပြီး ဆိုးရွားတဲ့ အကုသိုလ်ကံအကျိုးဆက်ကို ခံစားရမှာသေချာနေပါတယ်။
ဒါကြောင့် ဆရာတော်ကြီး ဟောကြားဆုံးမတော်မူတဲ့ ကြောင်းကျိုးဆက်သဘောအရ ယခုဘဝမှာ အထက်ဖေါ်ပြပါ အကုသိုလ်မကောင်းမှုတွေကို စိတ်ထဲစွဲစွဲမြဲမြဲ နေ့စဉ်ပြုနေကြမယ် ဆိုရင်ဖြင့် နောင်ဘဝမှာ ပြည့်တန်ဆာလား ဇိမ်ခေါင်းလား လိင်တူချစ်သူလား တခုခုတော့ သေချာနေ ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများအနေနှင့် ကံနှင့်ကံအကျိုးကိုယုံကြည်ကြတဲ့အလျောက် အကုသိုလ်ကံများ မကောင်း တဲ့ အမြင်အကြားစိတ်အစွဲများ မဖြစ်ပေါ်ဖို့ သတိနဲ့ မိမိတို့ကိုယ်ကို စောင့်ရှောက် သင့်ကြပါတယ်။

ဒါ့အပြင် သမာအာဇီဝ မဟုတ်တဲ့ မမှန်မကန် မတရားသောနည်းလမ်းများနဲ့ အသက်မွေးဝမ်းကြောင်းခြင်း ကိုလည်း ရှောင်ကျဉ်သင့်ကြ ပါတယ်။ ဘဝသံသရာဆိုတာ ရှိပါတယ်။ မြန်မာအမျိုးသားများက လည်း ရေနစ်သူဝါးကူမနှစ်ပဲ မိမိတို့ မြန်မာအမျိုးကောင်း သမီးများ ကို စောင့်ရှောက်ခြင်း၊ မြန်မာ အမျိုးသမီးများ ကလည်း အမျိုးကောင်းသမီးပီသအောင် မိမိတို့ကိုယ်ကို သတိနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းများ ပြုသင့်ကြောင်း အမျိုးဘာသာအတွက် စေတနာကောင်းဖြင့် တင်ပြအပ် ပါတယ်။ ( စာကြွင်း။ ပညာရေးစံနစ်ကို ၁၂တန်းပြန်လုပ်မယ်ကြားတယ်။ ဒေသကော လိပ်လိုဖြစ်မယ် ထင်ပါတယ်။ ၁၂ တန်းမလုပ်ပဲ လက်ရှိစံနစ်ကိုပဲ ဆရာ၊သင်ထောက်ကူ ပစ္စည်း ပြည့်ပြည့်စုံစုံ နဲ့ ပြင်ပ အကူအညီများပေါင်းစပ်ပြီး တိုးတက်အောင် မလုပ်နိုင်တော့ဘူးလားလို့ ပညာရေးဒုဝန်ကြီး ဦးအေးကြူကိုမေးချင်တယ်။
အဲဒီပြောင်းမယ့်ပုံစံဟာ ကျောင်းသားမိဘတွေ ကျောင်းသူကျောင်းသားတွေအတွက် ပညာရေး စီးပွားရေး လူမှုရေးပြဿနာအရှုပ်အထွေးတွေ ရှိလာလိမ့်မယ်။ ကိုယ်တွေ့တော့ မပြောချင်တော့ပါဘူး။ စစ်တပ်က လူအချင်းချင်း ဒီလောက်ရှင်းပြရင် နားလည်နို်င်ပါလိမ့်မယ်။ လက်ရှိမှာ စီးပွားရေးကောင်းမွန်ဖို့ဟာ အဓိကကျနေပါတယ်။ အခမဲ့ပညာရေးစံနစ်ကို အလယ်တန်းအထိမြှင့်ပေးနိုင်ရင်ပိုမိုကောင်းမွန်ပါမယ်။ ထူးချွန်သူတွေကို ပညာသင်စရိတ်ပေးတာ ဆင်းရဲတဲ့သူတွေကို စရိတ်စကကင်းလွတ် ခွင့်ပေးတာ ထောက်ပံ့ပေးတာတွေ လုပ်ပေးစေချင်ပါတယ်။ အခုဆိုလိုတာက ယခုဆောင်းပါးပါ အချက်နဲ့ပါတ်သက်နေတဲ့အတွက် စဉ်းစားနိုင်အောင်စာကြွင်းအဖြစ် တင်ပြပါတယ်။ )
ဓာတ်ပုံ...DVB

ဘကြီးသက်
Unknown at 5:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဥရောပသမဂ္ဂနိုင်ငံများ(EU)ကရရှိသွားပြီ

 
ဥရောပနိုင်ငံများတွင် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် နှစ်ပေါင်း ၆၀ကျော် ဆောင်ရွက်ခဲ့ခြင်းများအတွက်ချီးမြှင့်လိုက်ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၁၉၀၁ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ရာ ပထမဆုံးရရှိသူမှာ ဟင်နရီဒူးနန့်ဖြစ်သည်။

၁၉၀၆ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အမေရိကန်သမ္မတ သီအိုဒို ရုစဗဲ့က ရရှိခဲ့ပြီး၊ ၁၉၁၉ ခုနှစ်တွင်မူ အမေရိကန်သမ္မတ သောမတ်စ် ၀ုဒ်ရိုး ၀ီလဆင်ကရရှိခဲ့ပြန်ကာ၊ ၂၀၀၉ ခုနှစ်တွင်မူ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ရရှိခဲ့သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသည့် ပထမဆုံးမြန်မာနိုင်ငံသားမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး ၁၉၉၁ ခုနှစ်ကရရှိခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ခန့်မှန်းစာရင်းဝင်များတွင် မြန်မာသမ္မတ ဦးသိန်းစိန်သည်လည်း တစ်ဦးပါဝင်ခဲ့သည်။
ယခုနှစ်အတွက် နိုဘယ်ဆုရှင်များကို အောက်တိုဘာ(၈)ရက်နေ့က စတင်ကြေညာခဲ့ခြင်းဖြစ်ပြီး ဆေးပညာ၊ ရူပဗေဒ၊ ဓာတုဗေဒ နှင့် စာပေ နိုဘယ်ဆုရှင်များကိုကြေညာခဲ့ပြီးဖြစ်သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ချီးမြှင့်ငွေမှာ ဆွီဒင်ကရောင်း ၁၀သန်း(ကန်ဒေါ်လာ ၁.၄ သန်းကျော်)ဖြစ်သည်။

ဘကြီးသက်
Unknown at 3:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂျပန်တွေ အလုံးအရင်းနဲ့ ဝင်ဖို့ပြင်


မြန်မာပြည်ကို လာမယ့်နှစ်မှာ ဂျပန်အစိုးရအနေနဲ့ အင်မတန် ချိုသာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ ပြန်ထုတ်ချေးနိုင်ဖို့ အစီအစဉ်တွေ စလုပ်နေပြီလို့ ဂျပန် ဘဏ္ဍာရေး ဝန်ကြီး ကိုရိကီဂျိုဂျိမက ဒီနေ့ တိုကျိုမှာ ပြုလုပ်တဲ့ မြန်မာ့ အကြွေး ပြန်ဆပ်ရေး နိုင်ငံတကာ ငွေကြေးအေဂျင်စီများ အစည်းအဝေးမှာ ကြေညာ လိုက်ပါတယ်။

အိုင်အမ်အက်ဖ်၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်နဲ့ ဂျီ ၇ လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေရဲ့ အရာရှိတွေ တက်ရောက်တဲ့ ဒီအစည်းအဝေးမှာ ဂျပန် ဘဏ္ဍာရေး ဝန်ကြီးက ဘယ်အတိုင်းအတာလောက် ထုတ်ချေးမယ်လို့ မပြောပေမယ့် မြန်မာပြည်က လျှပ်စစ်မီးနဲ့ လမ်းတံတားတွေ ပြန်ပြုပြင်ရေး၊ ကျေးလက် ဖွံ့ဖြိုးရေး၊ ဆိပ်ကမ်းတွေ ခေတ်မီစေရေးတွေအတွက် ကူညီမယ်လို့ ပြောပါတယ်။

အစည်းအဝေးကနေ မြန်မာကို ဘယ်လိုဝိုင်းကူမယ်ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု မရပေမယ့် မြန်မာမှာ တင်ရှိနေတဲ့ အကြွေးတွေ လျှော်ပစ်ဖို့နဲ့ အကြွေးသစ် ထပ်ပေးဖို့ အစီအစဉ်တွေကို ရှေ့နှစ် ဇန်နဝါရီက စဖို့ ဂျပန်က ဦးစီးဦးဆောင် လုပ်မယ်လို့ ဝေါစတြိဂျာနယ်သတင်းပေးပို့ချက်အရ သိရပါတယ်။

ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနအဆို မြန်မာ ကြွေးမြီ ယန်း ဘီလီယံ ၅၀၀ (ဒေါ်လာ ၆.၄ ဘီလီယံ) စာရင်းရှိနေတာကို သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်ခရီးစဉ်အတွင်း ဧပြီလက ၆ဝ% ကျော်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တို့ကို မြန်မာက ဒေါ်လာ သန်း ၉ဝဝ ပေးဖို့ကျန်နေတာကို ဂျပန်ဘဏ် Bank of Tokyo နဲ့ Mitsubishi UFJ တို့က ပေးသွားမှာဖြစ်ပါတယ်။

တချိန်တည်းမှာ အမေရိကန်သမ္မတ အိုဘားမားက နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် ငွေချေးငှားမှု တင်းကြပ်ထားတာ ဖယ်ရှားပေးလိုက်ပြီမို့ အာရှဖွဲ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်တို့က ၂၀၁၃ ခုနှစ်မှာ မြန်မာကို ငွေချေးငှားမှု ပြန်လည်စတင်နိုင်တော့မှာပါ။

မြန်မာပြည်နဲ့ပတ်သတ်ပြီး ဂျပန်တွေ အဆင်သင့်ဖြစ်မှု၊ အကူအညီပေးတာ မြန်ဆန်မှုတွေအပေါ် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေ အံ့အားသင့်ကြရပါတယ်။ ဆစ်ဒနီ မက်ကွာရီတက္ကသိုလ်က မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ရှောင်တာနယ်က မြန်မာဟာ အာရှစီးပွားရေး အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ဂျပန်ကြား ဗျူဟာကျတဲ့ ခတ်ကွင်းလို ဖြစ်လာနေပြီလို့ နယူးယောက်တိုင်းမ် သတင်းစာကို ဆိုပါတယ်။

တရုတ်က မြန်မာ့သယံဇာတတွေ တူးဖော်ထုတ်လုပ်ရေးကိုပဲ စိတ်ဝင်စားပေမဲ့ ဂျပန်က ဈေးပေါတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်အကိုင်ဖန်တီးပေးပြီး ထိုင်းနဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ် ကုန်ထုတ်လုပ်ငန်းတွေနဲ့ ကွန်ယက်ဖွဲ့ရေး စိတ်ဝင်စားပုံပါ။

ဂျပန်ရဲ့ အလုံးစုံ မဟာဗျူဟာက ဂျပန်အစိုးရရဲ့ နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှူလုပ်ငန်းဝန်ကြီးဌာနနဲ့ မစ်ဆူဘီရှီ၊ မာရူဘီနီ၊ ဆူမီတိုမိုတို့လို ဂျပန်မှာ အကြီးဆုံး ပုဂ္ဂလိကလုပ်ငန်းကြီးတွေ ပူးပေါင်းပြီး စွမ်းအားအပြည့် အလုံးအရင်းနဲ့ ဝင်ရောက် လုပ်ကိုင်ရေးဖြစ်ပါတယ်။

ရိုက်တာသတင်းအေဂျင်စီရဲ့ သတင်းပေးပို့ချက်တခုမှာ ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၁၈ ဘီလီယံရှိမယ်လို့ သိရပါတယ်။ ဂျပန်အစိုးရရဲ့ ချေးငွေအစီအစဉ်အရလည်း ထပ်ချေးမယ့် အကြွေးကို အတိုးနှုန်း ၀.၀၁ ရာခိုင်နှုန်းနဲ့ နှစ် ၅၀ ကြာတဲ့အထိ ချေးထားမှာဖြစ်ပြီး ပထမ ၁၀ နှစ်က အတိုးနှုန်းမဲ့ ဖြစ်ပါတယ်။

ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်လည်း ဂျပန်တွေ ကူညီထောက်ပံ့ဖို့ရှိပါတယ်။ ဆင်းရဲမွဲတေလွန်းတဲ့ တိုင်းရင်းသားဒေသတွေကို အထောက်အပံ့ပေးနေတဲ့ နိပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ ယိုရှီအိ ဆာဆာကာဝါကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းစာက မြန်မာသမ္မတ ဦးသိန်းစိန် အနေနဲ့ ဝေးခေါင်လွန်းတဲ့ဒေသတွေမှာ မူလတန်းကျောင်းများ ဆောက်လုပ်ရေး အလျင်အမြန် အလိုရှိနေကြောင်း ရေးပါတယ်။

ရန်ကုန်ရဲ့ ရေပေးဝေရေးစနစ် ပြန်ပြင်ဖို့လည်း ဂျပန်အင်ဂျင်နီယာတွေ လုပ်နေကြပါတယ်။ ရန်ကုန်ကို ပေးနေတဲ့ ရေ ၄၀ ရာခိုင်နှုန်းက ပိုက်တွေ မကောင်းတဲ့အတွက် စိမ့်ထွက်ပြီး အလဟဿ ဖြစ်နေတာမို့ ဒီကိစ္စ အမြန်ဖြေရှင်းဖို့လိုနေပါတယ်။ ရန်ကုန်လူထုအတွက် သယ်ယူ ပို့ဆောင်ရေးစနစ်၊ ရန်ကုန်ကို မီးပေးနေတဲ့ ဓာတ်အားပေးစက်ရုံ ၄ လုံးကို ပြန်ပြုပြင်ရေး၊ ပဲခူးမြစ်ပေါ် ဒုတိယမြောက် တံတား တည်ဆောက်ရေး၊ သီလဝါဆိပ်ကမ်းကို အကူပေးမယ့် ဆိပ်ခံ ၆ ခု တည်ဆောက်ရေးတွေအတွက် ဂျပန်တွေ လေ့လာနေကြပါတယ်။

သတင်း ဧရာဝတီ


ဘကြီးသက်
Unknown at 3:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒါဆိုလဲ ဆိုက်ကားငှားသွား...တဲ့ဗျာ....


ဆိုက်ကားငှားသွား..

ထိုသို့ပြောပီး ၀ှီးခနဲ မောင်းထွက်သွားတဲ့ Taxi ကား အငှားသမားရဲ့ စကားနဲ့ အပြုအမူဟာ ရန်ကုန်ရှိ လူအများစုနဲ့ ရင်းနှီးပြီးသားပါ။ အဲဒီလို အပြောခံရတဲ့ ၀န်ဆောင်မှု အသုံးပြုလိုတဲ့ Customer တွေရဲ့ ခံစားချက်နှင့် တုံ့ပြန်ချက်တွေကလည်း ကောင်းနိုင်မှာ မဟုတ်ပါဘူး။

စနစ်ကြောင့်များလား...


ဥပဒေ၊ မူဝါဒနှင့် စနစ် ရှုထောင့်ကကြည့်ရင် အကွာအဝေးပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ ခရီးစရိတ်ကောက်ခံခြင်းစနစ် (ဥပမာ- Meter Taxi စနစ်) မရှိတာလား၊ ရှိလျက်နဲ့ မလိုက်နာကြတာလား (ဥပမာ- Taxi သမားများမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်း မကောက်ခံခြင်း (သို့မဟုတ်) ၀န်ဆောင်မှုယူသူများမှ မီတာစနစ်အတိုင်း မပေးနေကြခြင်း)၊ လိုက်နာရန် လွယ်ကူမှုမရှိခြင်း (သို့) ထိရောက်မှု မရှိခြင်းမျာလား၊ လိုက်နာရန်အားနည်းနေသလား၊ မလိုက်နာခြင်းအပေါ် အရေးယူဆောင်ရွက်မှု အားနည်းနေခြင်းလား စတဲ့ မေးခွန်းတွေပေါ်လာနိုင်ပါတယ်။

Taxi သမားဖက်မှ ဖြည့်တွေးပေးခြင်း...

ဝန်ဆောင်မှုယူလိုသူများမှ အငှားသမားများအား ကျသင့်သည်ထက် အလွန်နည်းပါးသော မတန်မရာ ဈေးဆစ်နေခြင်းကြောင့်လား၊ ကားလမ်းကြပ်သည့် နေရာမျိုးတွင် ငှားမိခြင်းကြောင့်လား၊ ကားရှုပ်ချိန် (ရုံးဆင်းချိန်) တွင် ငှားမိခြင်းကြောင့်လား၊ ဆိုက်ကားငှားသွား ဟု အပြောခံရလောက်အောင် စုတ်စုတ်ပြတ်ပြတ် ၀တ်စားထားခြင်းကြောင့်လား၊ Taxi သမား စိတ်အခန့်မသင့် ဖြစ်နေချိန်ကြောင့်လား စတဲ့ အတွေးတွေလည်း ပေါ်လာနိုင်ပါတယ်။

စာရေးသူအမြင်...

ဝန်ဆောင်မှုရယူလိုသူမှ “---- ကျပ်ထားဗျာ” ဟု ယဉ်ကျေးစွာ ညှိနှိုင်းမှုမျိုးသည် Taxi အငှားသမား(များ)၏ “ဆိုက်ကားငှားသွား” ဟု ရင့်သီးစွာ အပြောခံရပြီး ၀ှီးခနဲမောင်းထွက်သွားသည့် တုံ့ပြန်မှုမျိုး၊ မယဉ်မကျေး ပြောဆိုခံရခြင်းမျိုး နှင့် မတန်ပါ။

အဖြေတစ်ခုခုများ ရမလား...

Taxi အငှားသမားများအနေဖြင့် လိုချင်သည့် အဖိုးအခနှုန်းထားကို ညှိနိုင်းကြည့်ခြင်း၊ ညှိ့နှိုင်းမရပါကလည်း အကြောင်းပြချက် (ဥပမာ - မကိုက်လို့ပါ။ မလိုက်နိုင်လို့ပါ။) ပေးခြင်း စသည့် တုန့်ပြန်နည်းလမ်းများကို အသုံးပြုပြီး အခြေအနေတစ်ခုအား တည်ငြိမ်အေးဆေးစွာ ပြီးဆုံးသွားပါစေ။

စာရေးသူ၏စိတ်ကူး

ကိုယ့်အား ပြုမူဆက်ဆံစေချင်သည့် ပုံစံမျိုးဖြင့် သူတစ်ပါးအား ပြုမူဆက်ဆံပါ။ (Treat People As You Want to be Treated)

ရေးသားသူ (မောင်Shoutရေး)
Ko Lynn Face Book မှ

ဘကြီးသက်
Unknown at 2:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၎ လက်မ screen ပါဝင်သည့် Galaxy S3 Mini ကို Samsung မိတ်ဆက်


ပြီးခဲ့သည့် မေလက ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချခဲ့သည့် Samsung Galaxy S3 ထက် အရွယ်သေးငယ်သော Samsung Galaxy S3 Mini ကို Samsung ကုမ္ပဏီက မိတ်ဆက်ပေးခဲ့ပြီး ၎င်းကို လာမည့်နွေရာသီတွင် အမေရိကန်ရှိ သီးခြား carrier ငါးခုမှ ရောင်းချမည်ဟု သိရသည်။

၎ လက်မအရွယ် Super AMOLED WVGA resolution display (800x480 pixels) ကို အသုံးပြုထားပြီး screen မှာ ကွေးညွှတ

်သည့် ဒီဇိုင်းဖြစ်ကြောင်း Samsung မှ ပြောကြားခဲ့သည်။

Pixel သိပ်သည်းမှုမှာ ၄.၈ လက်မ Galaxy S3 ထက် နည်းသော်လည်း Mini တွင် 233 pixels per inch ရှိသည့်အတွက် screen resolution ကို ၄ လက်မအ screen ပေါ်တွင် ကောင်းမွန်စွာ ဖော်ပြပေးနိုင်မည် ဖြစ်သည်။
အရွယ်အစားမှာ အမြင့် ၄.၈ လက်မ၊ အကျယ် ၂.၅ လက်မနှင့် အထူ ၀.၃၉ လက်မရှိပြီး အလေးချိန်မှာ ၃.၉ အောင်စဖြစ်သည်။ ဟန်းဆက်မှာ မူလ Galaxy S3 နီးပါးတူညီသော်လည်း hardware ပိုင်းတွင် ကွာခြားသည်။ 1GHz dual-core ပရိုဆက်ဆာကို အသုံးပြုထားပြီး 5-megapixel ကင်မရာ၊ LED flash နှင့် VGA front-facing ကင်မရာတို့ကို ထောက်ပံ့ပေးထားသည်။

HSPA 900/1900/2100 ကွန်ရက်များကို EDGE/GPRS 850/900/1800/1900 တို့နှင့်အသုံးပြုနိုင်သည်။ LTE အထောက်အပံ့ပါဝင်ခြင်းမရှိဘဲ Bluetooth 4.0, NFC နှင့် 1,500mAh ဘက်ထရီတို့ကို ထောက်ပံ့ပေး ထားသည်။ 8GB နှင့် 16GB အမျိုးအစားတို့ဖြင့် ထုတ်လုပ်ရောင်းချမည်ဖြစ်ပြီး microSD မှတစ်ဆင့် 32GB အထိ တိုးမြှင့်အသုံးပြုနိုင်မည်ဖြစ်သည်။

Software ပိုင်းတွင် Android 4.1 Jelly Bean နှင့် Samsung ၏ TouchWiz interface တို့ကို အသုံးပြုထားသည်။ ထို့အပြင် NFC ကို အသုံးပြုပြီး ဖိုင်ဝေမျှနိုင်မည့် S Beam ကို ထောက်ပံ့ပေးထားသည်။ Apple ၏ Siri ကဲ့သို့ ဖြေကြားမှုများပြုလုပ်နိုင်မည့် S Voice ကိုထည့်သွင်းပေးထားသည်။

ရောင်းချမည့် အချိန်နှင့် တန်ဖိုးကို Samsung ကုမ္ပဏီမှ ကြေညာထားခြင်း မရှိသေးပေ။
 


ဘကြီးသက်
Unknown at 10:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများလုပ်ငန်းတာဝန်တွင် လောင်းကစားဖမ်းဆီးရေးပါဝင်



ယခုအခါနိုင်ငံတော်ကအောက်ခြေ မှစ၍ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်နေ   ရာရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်  ချုပ်ရေးဥပဒေကို ၂၀၁၂ ခုနှစ်၊ ပြည်ထောင် စုလွှတ်တော်၊ ဥပဒေအမှတ် (၁)ဖြင့် ၂၀၁၂  ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင်  ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး  များ ရွေးချယ်ရာတွင်ကြီးကြပ်နိုင်ရေးအတွက်  အများကြည်ညိုလေးစားပြီး သြဇာတိက်္က  မရှိသည့် ရပ်မိရပ်ဖ (၅) ဦးစီကို ရပ်ကွက်   အလိုက်၊ ကျေးရွာအုပ်စုအလိုက်အများ ဆန္ဒဖြင့် ရွေးချယ်နေကြောင်း သတင်းရရှိ သည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု   အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ပြည့်စုံရ မည့်အရည်အချင်း (၁၁) ချက်ကိုယင်း ဥပဒေပုဒ်မ ၅ တွင် ပြဋ္ဌာန်းထားကြောင်း  ရွေးချယ်ခံမည့်ပုဂ်္ဂိုလ်၏အတူနေမိသားစု   ၀င်များသည်ပင်အကျင့်စာရိတ္တကောင်း  မွန်ပြီး ရိုးသားဖြောင့်မတ်သူများဖြစ်ရန် လိုအပ်ကြောင်း အထက်တန်းရှေ့နေတစ် ဦးကပြောသည်။
ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူး၏အရည်အချင်းများတွင် အသက် (၂၅) နှစ်ပြည့်ပြီးသင့်တင့်သော ပညာအရည်အချင်းရှိသူဖြစ်ခြင်း၊ စားဝတ်  နေရေးဖူလုံမှုရှိသဖြစ်ခြင်း၊ ရပ်ကွက်က ကြည်ညိုလေးစားပြီး သိက်္ခာသမာဓိရှိသူ ဖြစ်ခြင်း၊ နိုင်ငံတော်နှင့် ရပ်ရွာဒေသ၏ အကျိုးကိုစေတနာထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်ရန်ဆန္ဒရှိသူဖြစ်ခြင်း  စသည့်အချက်များလည်းပါဝင်သဖြင့် အရည်အချင်းပြည့်ဝသော ရပ်ကွက်သို့ မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ က မိမိတို့တာဝန်ယူရသော ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်း စိတ်ရင်းစေတနာ  ကောင်းဖြင့် အုပ်ချုပ်လာကြည်မည်ဟု အများကမျှော်လင့်နေကြကြောင်း သိရ သည်။
“ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်   စုအုပ်ချုပ်ရေးမှူးများရဲ့ လုပ်ငန်းတာဝန် များကို ပုဒ်မ ၁၃ မှာ ပြဋ္ဌာန်းထားပါတယ်။  ပုဒ်မခွဲ (က)မှ (ဠ) အထိရှိပြီး လုပ်ငန်း တာဝန်တွေကို အသေးစိပ်ဖော်ပြထားပါ တယ်။ လောင်းကစားနဲ့ ပတ်သက်ပြီးတော့ ပုဒ်မခွဲ (ဋ)မှာ အများပြည်သူဆိုင်ရာနေရာ  တွင် လောင်းကစားခြင်းကို ဖမ်းဆီးခြင်း၊  အရေးယူနိုင်ရန် အကြောင်းကြားခြင်း၊ ပုဒ်မခွဲ (ဌ) မှာ လောင်းကစားအိမ်ကို ၀င်ရောက်ရှာဖွေခြင်း၊ ရှာဖွေရန်ဝရမ်းထုတ်  ပေးခြင်းဆိုတဲ့ ပြဋ္ဌာန်းချက်တွေကိုကြည့် ရင် လောင်းကစားမှုတွေနဲ့ ပတ်သက်လို့  ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များကို တာဝန်တွေအပြည့်အ၀ပေးထား တာတွေ့ရမှာပါ”ဟု အငြိမ်းစားမြို့နယ် ဥပဒေအရာရှိတစ်ဦးက ပြောသည်။
ယခုအခါ နိုင်ငံတော်က ဆင်းရဲနွမ်း ပါးမှု လျော့ချရေးအတွက် အစီအမံများ  ဖြင့် ဆောင်ရွက်နေသည့်အတွက် အခြေခံ လူတန်းစားများအတွင်း နှစ်လုံး၊ သုံးလုံး နှင့် ဘောလုံးစသည့်လောင်းကစားခြင်း များကြောင့် ဆင်းရဲသံသရာလည်နေရာ  ရပ်ကွက်/ကျေးရွာများအတွင်းလောင်းကစား မှုပပျောက်ရေးအတွက်ရပ်ကွက်/ကျေးရွာ  အုပ်စုအုပ်ချုပ်ရေးမှူးများက အများပြည် သူဆိုင်ရာနေရာများတွင် လောင်းကစား ခြင်းနှင့် သက်ဆိုင်သော ပုဂ်္ဂိုလ်များကို   ဖမ်းဆီးခြင်း၊ လောင်းကစားအိမ်တွင် လောင်းကစားသူများကို သက်သေများ  နှင့်အတူ ကိုယ်တိုင်ဝင်ရောက်ဖမ်းဆီးခြင်း၊ ဒုတိယရဲအုပ်အဆင့်အောက်မနိမ့်သော  ရဲအရာရှိတစ်ဦးဦးကို ၀ရမ်းထုတ်ပေးပြီး လောင်းကစားအိမ်သို့ ၀င်ရောက်ဖမ်းဆီး  စေခြင်းဖြင့်ဖြစ်စေ ဆောင်ရွက်ခွင့်ကို ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ် ရေးဥပဒေ၊ အုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေ များအရ လုပ်ငန်းတာဝန်များတိကျစွာ  သတ်မှတ်ထားပါသဖြင့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် လောင်းကစားမှုပပျောက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသောပုဂ်္ဂိုလ်  များဖြစ်သည်ဟု ၎င်းင်းကဆက်လက်သုံးသပ် ပြောကြားသည်။


ဘကြီးသက်
Unknown at 10:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဇေကမ္ဘာကုမ္ပဏီနှင့် ဦးနေမျိုးဝေတို့ အမှုအား အောက်တိုဘာလ ၁၈ ရက်နေ့၌ ရက်ချိန်းထပ်မံခေါ်ယူသွားမည်


ဇေကမ္ဘာကုမ္ပဏီနှင့် ဦးနေမျိုးဝေ၏အမှုအား လာမည့်အောက်တိုဘာလ ၁၈ ရက်နေ့၌ ရက်ချိန်းထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာရှိ လယ်ယာမြေကိစ္စများနှင့် စပ်လျဉ်း၍ ဦးနေမျိုးဝေအား ကုမ္ပဏီအသရေဖျက်မှု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၅၀၀)ဖြင့် သြဂုတ်လ(၂၃)ရက်နေ့၌ တရားစွဲဆိုခဲ့ပြီး ရုံးချိန်း(၃)ကြိမ် ခေါ်ယူပြီးဖြစ်ကြောင်း သိရသည်။
''ပြီးခဲ့တဲ့ ရုံးချိန်းမှာ ဇေကမ္ဘာကု မ္ပဏီက နိမိတ်ပြမေးခွန်းမေးတာကို ကျွန်တော်တို့ဘက်ကရှေ့နေက ကန့်ကွက်ထားတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီဘက်က လျောက်လဲချက်တင်တာဖြစ်ပါတယ်။ လာမယ့် ရုံးချိန်းမှာတော့ ဒီလျောက်လဲချက်ကို စစ်ဆေးပြီး ဆုံး ဖြတ်မှာဖြစ်ပါတယ်။ ပြီးမှ မူလအမှုကို ဆက်စစ်ဆေးမှာပါ'' ဟု ဦးနေမျိုးဝေက အောက်တိုဘာလ(၁၁) ရက်နေ့၌ ပြောကြားခဲ့သည်။
အဆိုပါအမှုနှင့် ပတ်သက်၍ စတုတ္ထမြောက်ရုံးချိန်းအား အောက်တိုဘာလ(၁၈)ရက်နေ့၌ ခေါ်ယူသွားမည်ဖြစ်ပြီး အမှုကာလအတွင်း ဦးနေမျိုးဝေအား ငွေကျပ်(၁၀) သိန်းတန် အာမခံဖြင့်ထားရှိကြောင်း သိရသည်။
ဘကြီးသက်
Unknown at 9:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကေအိုင်အေဖက်မှ အသွင်းပြောင်းပုံစံဖြင့် တိုက်ခိုက်မှုများပြုလုပ်ပြီး စစ်တပ်ကို ချောက်ချနေပြီ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီးတွင် ဖြစ်ပေါ်ခဲ့သော မြန်မာတပ်မတော်နှင့် ဒေသခံကေအိုင်အေတပ်မတော်တို့တိုက်ပွဲဖြစ်စဉ်တွင် ကေအိုင်အေဖက်မှ ကျောင်းသားအသွင်ပြောင်းလဲကာ မြန်မာတပ်မတော်အား တိုက်ခိုက်မှုများရှိနေကြောင်း လုံးခင်းဒေသခံ ဦးအောင်ထွန်းဦးက ပြောသည်။ လက်ရှိတိုက်ပွဲဖြစ်စဉ်အခြေအနေများကြောင့် ကျောင်းသားများ ပြန်လည်စာသင်ကြားရမှုအခြေမှာမည်သည့်အချိန်မှဖြစ်လာမည်မသိရသေးကြောင်းနှင့် အခြေခံစီးပွားရေးလုပ်ငန်းရှင်များမှာလည်း အခြေအနေများစွာထိခိုက်လျက်ရှိကြောင်း ဦးအောင်ထွန်းဦးကပြောသည်။



 ပြည်နယ်အစိုးရအတွင်းရေးမှူးဖုန်း
- ၀၇၄- ၂၃၆၁၇- ၂၂၃၈၆(ရုံး)၊
၀၇၄ - ၂၃၉၀၇(အိမ်)၊

 ဦးအောင်ထွန်းဦး - ၀၉၄၇၀၁၅၆၅၄

ဘကြီးသက်
Unknown at 8:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ညမထွက်ရ အမိန့်ကို ဖြေလျှော့သော်လည်း လုံခြုံရေး အခြေအနေ ဒေသခံများ စိုးရိမ်

ဒေသတွင်း ပဋိက္ခ ဖြစ်ပွားမှု များကြောင့် ဇွန်လ အတွင်းမှ စ၍ ရခိုင်ပြည်နယ် ၇မြို့နယ် အတွင်း ည ၆ နာရီမှ နံနက် ၆နာရီ အထိ ထုတ်ပြန်ခဲ့သော ညမထွက်ရ အမိန့်ပုဒ်မ ၁၄၄ ကို အောက်တိုဘာလ ဒုတိယ အပတ်မှ စတင်ကာ ည ၁ဝ နာရီမှ နံနက် ၄ နာရီ အထိ၆နာရီ ဖြေလျှော့ ခဲ့သော်လည်း လက်ရှိ လုံခြုံရေး အခြေအနေ ကို ဒေသခံ များမှာ စိုးရိမ် နေကြဆဲ ဖြစ်ကြောင်း ယင်းဒေသခံများ ထံမှ သိရှိ ရသည်။

"အဲဒီ အချိန်မှာ ဘယ်သူမှ အပြင်ထွက် ရဲတာမဟုတ်ဘူး"ဟု မောင်တောမြို့နယ်၌ညမထွက်ရ အမိန့်ပုဒ်မ ၁၄၄ ကို ည ၁ဝ နာရီမှ နံနက် ၄ နာရီထိ လျှော့ချ ခဲ့သော်လည်းလုံခြုံရေး အခြေအနေကို စိတ်မချ ရသဖြင့် ယင်းအချိန်အပြင် ထွက်သွားမည့်သူ မရှိကြောင်း မောင်တောမြို့ အမျိုးသား ဖောင်ဒေးရှင်းမှအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ဒေသတွင်း ပဋိပက္ခ ဖြစ်မှုများ ပြန်လည် တည်ငြိမ်လာပြီဟု ဆိုကာ ညမထွက်ရ အမိန့်ကိုမောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့တွင် အောက်တိုဘာလ ၈ရက်နေ့က ယခင်ည ၆ နာရီမှ ၁ဝ နာရီသို့ လျှော့ချခဲ့ပြီး နံနက် ၆ နာရီမှ ၄ နာရီ အထိလျှော့ချ ခဲ့ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ထံမှ သိရှိရသည်။

အလားတူ စစ်တွေ မြို့နယ်တွင်လည်း ညမထွက်ရ အမိန့်ကို အောက်တိုဘာလ ၁ဝရက်နေ့တွင် ည ၆ နာရီမှ ၁ဝ နာရီသို့ လျှော့ချခဲ့ပြီး နံနက် ၆နာရီမှ၎ နာရီထိ လျှော့ချခဲ့သော်လည်း စစ်တွေမြို့၏ လက်ရှိ အခြေအနေ အရ ယင်းအချိန်တွင်အပြင်သို့ မည်သူမျှ မထွက်ရဲကြောင်း စစ်တွေမြို့ ဒေသခံ များက ဆိုသည်။

"ဒီလောက် ဆန္ဒပြပြီး ဆူပူနေတဲ့ ကြားထဲ ဘယ်သူက အပြင်ထွက်သွား ရဲမှာလဲ"ဟု လက်ရှိ စစ်တွေမြို့တွင် ဖြစ်ပေါ်နေသော OIC နှင့် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး တို့ကို ဒေသခံ သံဃာတော်များ၊ အမျိုးသမီး များနှင့် မြို့မိမြို့ဖများ စုပေါင်း ဆန္ဒပြ နေသည့် အခြေအနေနှင့် ပတ်သက်၍ စစ်တွေ ဝံလက် ဒေသ ဖွံဖြိုးရေး ဖောင်ဒေးရှင်းမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

အလားတူ ယင်းညမထွက်ရ အမိန့်ကို ကျောက်ဖြူမြို့နှင့် သံတွဲမြို့နယ် တို့တွင်လည်းလျှော့ချလိုက်ပြီ ဖြစ်ကြောင်း ယင်းဒေသခံများ ၏ ပြောကြားချက် အရ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများကြောင့် ညမထွက်ရ အမိန့် ပုဒ်မ(၁၄၄)ကို ဇွန်လမှ စ၍ ရခိုင်ပြည် နယ်၏ မြို့တော် စစ်တွေမြို့ အပါအဝင်၊ ကျောက်တော်၊ ဘူသီးတောင်၊ မောင်တော်၊ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ စသည့် ခုနစ်မြို့နယ် အတွင်း ထုတ်ပြန် ခဲ့သည်

The Voice Weekly



ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ က စစ်တွေမြို့  ဓညဝတီ ရပ်ကွက် ကုန်သည်လမ်းတွင် လုံခြုံရေး ကင်းလှည့်နေသော တပ်မတော်သားများကို ယနေ့ညနေ လေးနာရီခန့်က တွေ့မြင်ရစဉ် ။ ဓါတ်ပုံ - The Voice Weekly

ဘကြီးသက်
Unknown at 8:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒုတိယပိုင်း သွင်းဂိုးများဖြင့် ကမ္ဘောဒီးယားကို အနိုင်ရခဲ့သည့် မြန်မာအသင်း

မြန်မာ အသင်းသည် ယခုပွဲတွင် ကစားသမား အချို့ကို ပြောင်းလဲ ပွဲထုတ်ခဲ့သည်ကို တွေ့ရသည်။ မြန်မာအသင်းတွင် တိုက်စစ်မှူး ဟူ၍ ကောင်းစည်သူ တစ်ဦးတည်းသာ ရှိရာ ယခုပွဲတွင် ကောင်းစည်သူကို အနားပေး ခဲ့သောကြောင့် မြန်မာအသင်း၏ ပွဲထွက် လူစာရင်းတွင် တိုက်စစ်မှူး တစ်ဦးမျှ ပါဝင်ခြင်း မရှိခဲ့ဘဲ ကြည်လင်းက တိုက်စစ်မှူးအဖြစ် တာဝန်ယူခဲ့သည်ကို တွေ့ရသည်။ ခံစစ်ဘယ်အစွန် ကစားသမား သိန်းသန်းဝင်းကို ကွင်းလယ်ဘယ်တောင်ပံတွင် နေရာပေးခဲ့ပြီး ရန်အောင်ကျော်၊ ခင်မောင်လွင်၊ ကျော်ဇေယျာဝင်းတို့ဖြင့် ကွင်းလယ်ကို စုဖွဲ့ခဲ့ကာ ဒေးဗစ်ထန်ကို ညာခြမ်းတွင် ပုံမှန်အတိုင်း ပွဲထွက်စေခဲ့သည်။ ခံစစ်ဘယ်အစွန်တွင် ပြည့်ဖြိုးအောင်ကို အသုံးပြုခဲ့သည်မှ လွဲ၍ ရန်အောင်ဝင်း၊ အောင်ဟိန်းကျော်၊ ဇော်မင်းထွန်း တို့ဖြင့် အမာခံ ခံစစ်အစုအဖွဲ့ကိုပင် အသုံးပြုခဲ့ကာ ဂိုးသမား အဖြစ် သီဟစည်သူကိုပင် အသုံးပြခဲ့သည်။


ပွဲစသည်နှင့် မြန်မာသည် လျှင်လျှင်မြန်မြန် တိုက်စစ်ဆင်ခဲ့ပြီး ဂိုးသွင်းယူ နိုင်ရေးအတွက် အားထုတ်ခဲ့သည်။ ပွဲချိန်(၃)မိနစ်မှာပင် မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး ထိုပြစ်ဒဏ်ဘောကို ကျော်ဇေယျာဝင်း ကန်သွင်းရာ ဂိုးဘားပေါ် ကျော်သွားခဲ့သည်။ မြန်မာ အသင်းသည် ပွဲအစပိုင်းတွင် ဒေးဗစ်ထန်၏ ညာခြမ်းမှ အဓိက ထိုးဖောက်ခဲ့သည်။ ဒေးဗစ်ထန်၏ ဖြတ်တင်ဘောများမှာ ကောင်းမွန် ခဲ့သော်လည်း တိုက်စစ်ကစားသမားများ ဖြစ်သည့် ကြည်လင်းနှင့် ကျော်ဇေယျာဝင်းတို့ အသုံးမချနိုင်ခဲ့ပေ။ ပွဲချိန်(၁၇)မိနစ်တွင် ဒေးဗစ်ထန်၏ ဧရိယာအပြင်မှ အမြောက်ကျော်ကန်ချက်မှ လှပသော်လည်း ဂိုးဘားကို ထိခဲ့သောကြောင့် မြန်မာအသင်းအတွက် အပိုင်ဂိုးတစ်ဂိုး နစ်နာခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် ကြည်လင်းနှင့် ကျော်ဇေယျာဝင်း အပေးအယူလုပ်ပြီး ကြည်လင်း ခင်းပေးရာမှ ကျော်ဇေယျာဝင်း လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရသော်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့သည်။ ပွဲချိန်(၂၃)မိနစ်ခန့်တွင် မြန်မာအသင်း ထောင့်ကန်ဘော (၃)ကြိမ်ဆက် ရရှိခဲ့သော်လည်း အချည်းအနှီး ဖြစ်ခဲ့ရသည်။ ထို့အတူ ကျော်ဇေယျာဝင်း၏ ဧရိယာ အပြင်မှ ကန်ချက်မှာလည်း လွဲချော်ခဲ့ပြန်သည်။ မြန်မာအသင်းသည် ပထမပိုင်း တစ်လျှောက်လုံး တရစပ် တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အပိုင်အခွင့်အရေး ဖန်တီးနိုင်မှု နည်းပါးခဲ့သည်။ ရရှိခဲ့သည့် အခွင့်အရေးများမှာလည်း အံ့အားသင့်ဖွယ့် လွဲချော်ခဲ့သောကြောင့် ဂိုးရရှိရေး ရုန်းကန်နေခဲ့ရခြင်း ဖြစ်သည်။

ဂိုးရရှိရန် လိုအပ်နေသည့် မြန်မာအသင်းသည် ဒုတိယပိုင်းစသည်နှင့် တရစပ် တိုက်စစ်ဆင်ကာ အနိုင်ဂိုး ရရှိရေးအတွက် အပြင်းအထန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ပွဲချိန်(၄၆) မိနစ်တွင် ခင်မောင်လွင် ကန်ခွင့်ရခဲ့ပြီး ထိုကန်ချက်မှာ ဂိုးဘေး ကပ်ထွက်သွားခဲ့ သောကြောင့် မြန်မာတို့ အခွင့်အရေးတစ်ရပ် ဆုံးရှုံးခဲ့ရသည်။ မိနစ်(၅၀)တွင် ညာခြမ်းမှ ဒေးဗစ်ထန်၏ဖြတ်တင်ပေးပို့မှုမှ တဆင့် ကြည်လင်း လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရသော်လည်း ၎င်း၏တိုက်ချက်မှာ ဂိုးဘေးထွက် သွားခဲ့သည်။ ညာနောက်ခံအဖြစ် တောက်လျှောက် ပွဲထွက်ခဲ့သည့် ရန်အောင်ဝင်း ဒဏ်ရာရရှိ သွားခဲ့သောကြောင့် နည်းပြချုပ် ပတ်ဆောင်ဟွာက သက်နိုင်ကို ၀င်ရောက် ကစားစေခဲ့သည်။ ပွဲချိန်(၅၄)မိနစ်တွင် ကမ္ဘောဒီးယားတို့ ဂိုးရရန် နီးစပ်ခဲ့သေးသည်။ ညာခြမ်းမှ ချင်၏ ပြစ်ဒဏ်ဘောကို မြန်မာနောက်ခံလူများ ကြားမှ အူဒွန် အပိုင်ခေါင်းတိုက် ခဲ့သော်လည်း တိုက်ချက် မသပ်ရပ်ခဲ့သောကြောင့်သာ မြန်မာတို့ သက်သာရာ ရခဲ့ခြင်း ဖြစ်သည်။ ဂိုးကံခေနေခဲ့သည့် မြန်မာအသင်းသည် ပွဲချိန်(၅၉)မိနစ်တွင် အဖွင့်ဂိုး ရရှိခဲ့သည်။ ထိုဂိုးကို ဒေးဗစ်ထန်၏ ဖြတ်တင်ဘောမှ ကြည်လင်းက သပ်သပ်ရပ်ရပ် ခေါင်းတိုက်သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။ (၆၄)မိနစ်တွင် ကောင်းစည်သူ ဖြတ်ထိုးပေးရာမှ ကြည်လင်း ပြေးပိတ်ရန် ကြိုးပမ်းသော်လည်း နောက်ခံလူ ဦးသွားခဲ့သည်။ ပွဲချိန်(၆၁)မိနစ်တွင် ခြေစွမ်းအနည်းငယ် ကျဆင်းနေသည့် ကျော်ဇေယျာဝင်းကို တိုက်စစ်မှူး ကောင်းစည်သူနှင့် လူစားလဲမှု ပြုလုပ်ခဲ့သည်။ တိုက်စစ်မှူးစစ်စစ်ဖြစ်သည့် ကောင်းစည်သူ ၀င်ရောက် လာသည့်အတွက် တိုက်စစ်နေရာမှ ကြည်လင်းမှာ နောက်ချန်တိုက်စစ် အဖြစ် ပြောင်းလဲကစား ခဲ့သောကြောင့် ကြည်လင်းမှာ ပိုမိုခြေစွမ်းပြလာ နိုင်သည့်အပြင် မြန်မာအသင်း၏ တိုက်စစ်မှာလည်း ပိုမိုကောင်းမွန် လာခဲ့သည်။ ဂိုးပေါက်ပွင့်သွားပြီ ဖြစ်သည့်ုမြန်မာအသင်းသည် ပွဲချိန်(၆၅)မိနစ်တွင် ဒုတိယဂိုး ထပ်မံရရှိခဲ့သည်။ လူစားဝင် တိုက်စစ်မှူး ကောင်းစည်သူက


တိုက်စစ်သို့ လိုက်ပါလာသည့် နောက်ခံလူ ဇော်မင်းထွန်း၏ ဖြတ်ထိုးပေးမှုမှ ပြေးဝင်လာပြီး တစ်ချက်ထိန်းကာ ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ (၆၉)မိနစ်တွင် ရန်အောင်ကျော် တစ်ကိုယ်တော် အစွမ်းဖြင့် လိမ်ခေါက်ကန်သွင်းမှု ကောင်းမွန်သော်လည်း ဂိုးသမား ကာကွယ် သွားခဲ့သည်။ ပွဲချိန်(၇၇)မိနစ်တွင် ကွင်းလယ်မှ ထိုးပေးလိုက်သည်ကို ကြည်လင်း တစ်ဖက်ဂိုးသမားကို လိမ်ခေါက်ပြီး လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းသော်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့သည်။ (၈၅)မိနစ်တွင် ခြေစွမ်းပြနေသည့် ကြည်လင်းနေရာတွင် ရာဇာဝင်းသိန်း ၀င်ရောက် ကစားခဲ့သည်။ ပွဲချိန်(၈၆)မိနစ်တွင် ဒေးဗစ်ထန်-ရာဇာဝင်းသိန်း တွဲလုံးမှ ကောင်းစည်သူ အခွင့်အရေး ရခဲ့သော်လည်း ဂိုးသမား လက်ဦးခဲ့သည်။ ပွဲချိန် (၉၁)မိနစ်တွင် မြန်မာတို့ ပွဲသိမ်းဂိုး ရရှိခဲ့သည်။ ထိုဂိုးကို ဘယ်နောက်ခံအဖြစ် ယခုပွဲတွင်မှ ပွဲထွက်လာခဲ့သည့် ပြည့်ဖြိုးအောင်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်း ဖြစ်သည်။
့မြန်မာအသင်းသည် ယခုပွဲ အနိုင်ရခဲ့ခြင်းကြောင့် ရမှတ်(၉)မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့သည်။ အောက်တိုဘာ (၁၃)ရက်တွင် ကစားရမည့် လာအိုနှင့် ပွဲတွင် (၁)မှတ်ရရှိရုံဖြင့် ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။
 Myanmar Express
ဘကြီးသက်
Unknown at 8:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လုပ်ချလိုက်ပြန်ပြီ အထက (၂) စမ်းချောင်း၊ တန်းခွဲ(A)က ဆရာမတဲ့


11/10/2012 (ကြာသပတေးနေ့) ကျွန်မရဲ့ တူအရင်းခေါက်ခေါက်၊ အထက (၂) စမ်းချောင်း၊ တန်းခွဲ(A)က သူငယ်တန်းကျောင်းသား၊ မောင်လမင်းခန့်။ ရင်ကျပ်ရောဂါရှိတဲ့အတွက် အိမ်နားနီးတဲ့ မိန်းကလေးကျောင်းမှာ မူလတန်းထားထားတာပါ။ သူက စာလိုက်မရေးလို့ သူ့အတန်းပိုင်ဆရာမဒေါ်ခင်မျိုးလွင်က အမှောင်ခန်းထဲ ထည့်မယ်ဆိုပြီး အတင်းဆွဲခေါ်သတဲ့။ သားစာရေးပါ့မယ်... အမှောင်ခန်းထဲ မထည့်ပါနဲ့ တောင်းပန်ငိုယိုနေတာကိုလည်း အတင်းဆွဲခေါ်သတဲ့။ အဲဒီတော့ တူလေးက သူ့လက်ထဲမှာကိုင်ထားတဲ့ ခဲတံနဲ့ ဆရာမ တင်ပါးကို ထိုးပါသတဲ့။

ကျောင်းကြိုသွားတဲ့ ကလေးအမေ ကျွန်မယောင်းမကို ဆရာမက မိဘအများကြားမှာ ပြောလိုက်ပါသတဲ့။
(၁) ကလေးကို နောက်နေ့တွေ ကျောင်းလာမပို့နဲ့တော့
(၂) ကလေးက Normal မဟုတ်ဘူး၊ ဆရာမကိုတောင် ဒီလိုလုပ်တယ်ဆိုရင်၊ ကျန်တဲ့ကျောင်းသားတွေကိုပါ ဒီလိုလုပ်လိမ့်မယ်လို့ ကျောင်းကြိုလာတဲ့ မိဘတွေကို ပြောပါသတဲ့။
“ဆရာဝန်ပြဖို့ နင်တို့ ဆရာဝန်မသိရင် ငါ့လာမေး” လို့လည်း ပြောလိုက်ပါသေးသတဲ့။ နင့်ကလေးလုပ်တာကိုလည်း ငါက ခဲတံကို “သက်သေ”အဖြစ် ယူထားလိုက်ပြီ၊ နောက်နေ့တွေ ကျောင်းလာစရာ မလိုကြောင်း ပြောလွှတ်လိုက်ပါတယ်။

ကလေးရဲ့ လုပ်ရပ်ကိုသာ မဲပြောပြီး ကလေးက အရူးဖြစ်တယ်လို့ ကျောင်းဆင်းချိန်မှာ အရှက်ခွဲ ပြောဆိုတဲ့ ဆရာမဟာ ဘာကြောင့် ဒီလိုကာဗာယူပြောသလည်းဆိုတာ ပူးတွဲပါ ဓာတ်ပုံမှာသာ ကြည့်ကြပါတော့။ ကျွန်မတို့ ကလေးက အသားအရည် ကြည်လင်နေအောင် ဖြူပါတယ်။ ကျောင်းက ပြန်လာကာစ ကလေးပါးမှာ လက်ချောင်းရာတွေ တွေ့ရပါတယ်။ ကျွန်မတို့ မိသားစု ဆွေးနွေးဆုံးဖြတ်ပြီး ရဲစခန်းနဲ့ ဆေးရုံက ပြန်လာချိန် ဒီဓာတ်ပုံကို ရိုက်ယူချိန် ည ၁၀နာရီမှာ အစင်းရာ ၂ကြောင်း ကလေးပါးမှာ ကျန်ပါသေးတယ်။ ၀ဲဖက်လက်ဖျံမှာ သွေးထွက်ရာ အပေါက်ကလေး တွေ့ပါတယ်။ ၀ဲနားရွက် ညိုနေပါတယ်။

ဒီလုပ်ရပ်ဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။
(၁) ပထမအကြိမ်မှာတုန်းက ကျောင်းပျော်ကလေးဟာ ကျောင်းသွားဖို့ ငြင်းလာပါတယ်။ ဘာလို့လည်း ချော့မေးတော့ ဆရာမက စာမပြီးလို့ အမှောင်ခန်းထဲ ထည့်တာ သားကြောက်တယ်တဲ့လေ။ ကျွန်မလိုက်သွားပါတယ်။ ဆရာမက ကလေးဟာ Ready made ဖြစ်မလာလို့ သူ သိပ်ပင်ပန်းတယ်လို့ ပြောပါတယ်။ Ready made ဆိုတာ ဘာလည်းဆိုတော့ တစ်ခြားကလေးတွေက သူငယ်တန်းလာတက်တာ စာတွေ အကုန်ရပြီးသား၊ ကျွန်မတို့ ကလေးက မရလို့တဲ့လေ။ သေချာပါတယ် ကျွန်မတို့ကလေးက သင်ပုန်းကြီးကို နှုတ်တိုက်ရပါတယ်။ ကကြီးခခွေး ရေးတတ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတော့ မရသေးဘူး။ အစိုးရပိုင်၊ အခြေခံပညာကျောင်းမှာ သူငယ်တန်းတက်တာ ရယ်ဒီမိတ် လုပ်ပေးလိုက်ရမယ်မှန်း မသိခဲ့မိတဲ့ ကျွန်မတို့ အပြစ်ပဲ ထားပါတော့။ ကျွန်မပြောခဲ့ပါတယ်။ ဆရာမရယ် ဆုံးမပါ။ စိတ်မဆိုးပါဘူး။ ဒါပေမဲ့ အမှောင်ခန်းဆိုတာကို ကလေးက ကြောက်တာတော့ ကျွန်မတို့ စိတ်မကောင်းလို့လို့ ပြောလိုက်ပါတယ်။ သူက “စိန်ဖလိုးမှာ တကယ် အမှောင်ခန်း မရှိပါဘူးတဲ့။ ကျောင်းအုပ်ရုံးခန်းမှာ ထည့်ပြီး ပိတ်ထားခြင်းသာဖြစ်တယ်”လို့ ပြောပါတယ်။ သူ ဒီလုပ်ရပ်ကို လုပ်တဲ့အချိန်မှာလည်း ဒုကျောင်းအုပ် ဒေါ်နှင်းနှင်းမြင့်ကိုယ်တိုင် မြင်တဲ့အတွက် ကလေးရဲ့ အခြေအနေကို ဒေါ်နှင်းနှင်းမြင့် သိသွားပါတယ်တဲ့။ ကျွန်မက .... ဆရာမဒေါ်နှင်းနှင်းမြင့်ဆိုတာ ကျွန်မ ကိုးတန်းတုန်းက ဆရာမပါ။ ဆရာမက ဘာအခြေအနေကို ပြောတာလည်းဆိုတော့ စာကို ငြိမ်ငြိမ် မလုပ်တာကိုလေတဲ့။ ဆရာဝန်ပြကြည့်ပါလားတဲ့။ ယောက်ျားလေး ၆နှစ်သား၊ သူငယ်တန်း ကဏှာမငြိမ် လက်လက်စင်ဆော့တာကို ကျွန်မက ဘယ်ဆရာဝန် သွားပြရမလည်း (ဒါ သူ့ကို ပြောခဲ့တဲ့ စကား မဟုတ်ပါဘူး၊ ကိုယ့်ရင်တွင်းစကားပါ)။ ဟုတ်ပြီ... ဒါဆို ကျွန်မတို့ ဘာလုပ်ပေးရမလည်းဆိုတော့ ကျူရှင်ထားပါတဲ့။ ဟုတ်ကဲ့ ထားပါမယ်ဆိုပြီး သူ့ဆီထားပါတယ်။ ဒါလည်း ကျွန်မကျူရှင်ထားရုံနဲ့ မရဘူးနော်၊ ကျွန်မမှာ ကျူရှင်တွေကများ... သူငယ်တန်းဒင်း(Dean)လည်း ဖြစ်ပြန်တော့ သူ့ကို စာရေးတာ လက်ကိုင်စာသင်ဖို့ ကျွန်မ မအားဘူးတဲ့။ ဟုတ်ပါပြီ.... အိမ်မှာ ကျူရှင်ဆရာမ ထပ်ခေါ်ခဲ့ပါတယ်။ သူငယ်တန်းကလေး ကျူရှင်လခက အတန်းပိုင်ဆရာမကျူရှင် ၁၅၀၀၀၊ ကျူရှင်နောက်တစ်ခု ၂၅၀၀၀... စုစုပေါင်း တစ်လ လေးသောင်းပါ။ တစ်ခြားကျူရှင်ခေါ်ပြီးတော့လည်း မငြိမ်းပါဘူး။ နောက်တစ်ရက် ခေါ်ပြန်ပါတယ်။ လမင်းခန့်အတွက် သင့်တော်မဲ့ ကျူရှင်ဆရာမ သူရှာထားသတဲ့။ သူရှာပေးတာဆိုတော့ သူ့အာဘော်နဲ့ညီအောင် သင်နိုင်ပါလိမ့်မယ်တဲ့။ ကျွန်မ လက်မခံခဲ့ပါဘူး။ အဆင်ပြေနေပြီဖြစ်တဲ့ ကျူရှင်ဆရာမကို ဖြုတ်ပြီး သူ့လူနဲ့ မပြောင်းနိုင်တော့ပါဘူး။ ဒါက ကလေးရှေ့ရေး၊ ကျူရှင်ဆရာမလေးရဲ့ ဂုဏ်သိက္ခာကို ထည့်တွက်တာပါ။

(၂) တကယ်တမ်း ပထမဦးဆုံးအကြိမ် သူငယ်တန်းတွေ စာမေးပွဲ ဖြေဆိုချိန်မှာ ကလေးက တစ်ဘာသာတည်း ၉၈မှတ်၊ ကျန်တာ အမှတ်ပြည့်ရပါတယ်။ ဒါတောင် ၅၀ဖိုးဖြေ ၂နဲ့ မြှောက်ထားတဲ့ ရလဒ်ပါ။ အဲဒီတော့ တစ်ခြားကျောင်းသားတွေကို ပြောပါသတဲ့။ လမင်းခန့် xျီး ကျွေးရမယ်တဲ့။ ကလေးက “သားသား xျီး ဘာလို့ သူများကျွေးရမှာလည်း၊ အဲဒါက စားရတာ မဟုတ်ဘူးမလား”လို့ ပြောပါတယ်။ စာမေးပွဲအတန်းစောင့်ဆရာမကတော့ ပြောပါတယ်... သူ(ဒေါ်ခင်မျိုးလွင်)ကသာ ကလေးက ဘာဖြစ်တယ် ညာဖြစ်တယ်ပြောတာ.... ကလေးက စာမေးပွဲဖြေတာ ဖြောင့်နေတာပဲ။ လက်ချောင်းလေးတွေထောင်ပြီး.... ၅နဲ့ ၅နဲ့ ပေါင်းမယ်၊....... ဆိုပြီးကို ရေးနေတာပါတဲ့လေ။ ကျောင်းက သင်္ချာဆရာမကလည်း ပြောပါတယ်... ကလေးဆိုတာ ကြမ်းလို့မရဘူး၊ ချော့ပြောရင် ရတာပဲလေတဲ့။ လမင်းလေးက ချော့တာခံချင်တဲ့ ကလေးမျိုးလို့ ပြောပါတယ်။

(၃) နောက်တစ်ခါ အဲဒီဆရာမက ခေါ်ပြန်ပါတယ်။ သူ့လော့ကတ်သီးလေးကို လမင်းခန့်က ညှစ်လိုက်လို့ ကျိုးသွားတယ်တဲ့။ ကျွန်မတို့ အဲဒီလော့ကတ်သီးကို ပြန်ဆက်ပေးခဲ့ပါတယ်။ နောက်ထပ် လော့ကတ်သီးတစ်လုံးလည်း လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ ဒါက ဆရာမကို အားနာလို့ကို ပေးခဲ့တာပါ။ ပေးခဲ့ရတာ ကျွန်မတို့ စေတနာသက်သက်ပါ။ ဖြစ်စဉ်ကို နားထောင်ကြည့်တော့..... ဆရာမရဲ့ စားပွဲအောက်က အကန့်လေးကို ကလေးက ၀င်ဝင်နေသတဲ့။ အဲဒါကို အတင်းဆွဲထုတ်ရင်း ကလေးက လော့ကတ်သီးညှစ်မိတာလို့ ပြောပါတယ်..... အဲဒါနဲ့ ကျွန်မက သားလေးရယ်... ဘာလို့ ဆရာမစားပွဲခုံအောက် သွားဝင်နေရတာလည်းဆိုတော့ ဖြေပုံလေးက... ကျွန်မသာ သူ့ဆရာမသာဆို သိပ်ချစ်မိမှာပါ..... “ဆရာမကို သားသားက ချစ်လို့...”တဲ့။

(၄) လွန်ခဲ့တဲ့ တစ်လလောက်က ကလေးရဲ့ ညာဖက်မျက်လုံးထောင့်စွန်းမှာ သွေးထွက်လာတာ နှစ်နေရာ ပါလာပါတယ်။ ကလေးချင်းများ ဖြစ်လေသလား ကျွန်မတို့ လိုက်သွားပါတ်ယ... ကိုယ့်ကလေးတောင် ဒီလေက်ထိလာတာ တစ်ခြားကလေးကို တောင်းပန်သင့် တောင်းပန်ရအောင်ပါ။ ကလေးချင်း မဟုတ်ပါတဲ့။ မီးခလုပ်လှမ်းဖွင့်လို့ ဆရာမက ကြိမ်လုံးနဲ့ လှမ်းရိုက်လိုက်တာ ညာဖက် မျက်လုံးထောင့်စွန်းမှာ ၂နေရာ ပဲ့ထွက်သွားတာပါတဲ့။ ကျွန်မတို့ သည်းခံပါတယ်။ ဟုတ်တယ်။ မီးခလုပ်ကိုင်တာ ဆူရမယ်... ရိုက်သင့် ရိုက်ရမယ်။ ဒါ... မတော်တဆဖြစ်တာလို့ ကျွန်မတို့ ခံယူခဲ့ပါတယ်။ အဲဒီ ဒဏ်ရာက တုတ်နဲ့ ရိုက်တာ ဖြစ်တဲ့အတွက် ဒီကနေ့ 11/10/2012 အထိ ရှင်းရှင်း မပျောက်သေးပါဘူး။

အခု ဒီတစ်ခေါက်တော့ ကျွန်မတို့မသားစုကတော့ သည်းခံသင့်တယ် မထင်တော့ပါဘူး။ ကလေးပါးမှာ ပါး (သို့မဟုတ)် နားထင်ကို ရိုက်ချထားတဲ့ လက်ချောင်းရာတွေ တွေ့လိုက်ရပါတယ်။ မျက်နှာမှာ ခြစ်ရာ ၂ခု၊ လက်ဖျံမှာ အပေါက်သေးလေးက သွေးထွက်နေတာတစ်ခု... တစ်ကိုယ်လုံးလည်း ဆွဲလွဲထားတာ ကျွန်မတူကလေးရဲ့ ဖြူဖြူကြည်ကြည်အသားလေးက နီတောက်နေပါတယ်။ ၀ဲနားရွက် ညိုမည်းလာပါတယ်။

ကျွန်မ အဖေနဲ့ အမေဟာ မြေးလေး ဖြစ်လာတာမြင်ပြီး သွေးတွေတိုး လဲနေပါတယ်။ အဖေ့မျက်နှာ ရဲရဲတောက်နေတာ ကျွန်မဖြင့် အဖေတစ်ခုခု ဖြစ်သွားမှာ အတော်ကြောက်မိပါတယ်။ ဒီနေ့ညကတော့ ကျွန်မတို့ မိသားစုတွေ ငိုကြ၊ မခံချင်စိတ်တွေဖြစ်ကြ... မိသားစု အစည်းအဝေးထိုင်ကြပါတယ်။ ကျွန်မအမေက အထက(၁)ဒဂုံက အငြိမ်းစားယူထားတဲ့ ဆရာမ “ဒေါ်မာမာတင်”ပါ။ အဖေ “ဦးဘို”ကတော့ ဟိုတယ်ခရီးက မန်နေဂျာ၊ အဲဒီကနေမှ Savoy Hotel မှာ Director (Admin &Finance) မှာ လုပ်ခဲ့တဲ့သူပါ။ အခုလက်ရှိ ဆေးရုံသုံးပစ္စည်းတွေ တင်သွင်းတဲ့နေရာမှာ တစ်ပတ် ၂ရက် အကြံပေးအနေနဲ့ ပြန်လုပ်နေတဲ့ ပင်စင်စားတွေပါ။ ဆိုလိုတာက ကျွန်တို့ စိတ်ဓာတ်၊ ဘ၀ကို ရိုးရိုးသားသား ပညာနဲ့ ရှင်သန်နေထိုင်တဲ့သူတွေ ဖြစ်ကြောင်း သိစေချင်တာပါ။

ကျွန်မကိုယ်တိုင်လည်း ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနမှာ ဆရာမလုပ်ခဲ့ပါတယ်။ ဖေ့ဘုတ်ပေါ်မှာကို တပည့်တွေ အများကြီးရှိပါတယ်။ ကလေးတွေကို ကျွန်မ ဘယ်လို ဆက်ဆံခဲ့တယ်၊ ဘယ်လို စာသင်ခဲ့တယ် သူတို့တွေ သိပါတယ်။ ၁၀တန်းကလေးပဲ ကျူရှင်သင်ခဲ့ပေမဲ့ ကိုယ့်တက္ကသိုလ်က ကလေးကို လုံးဝ ကျူရှင်မပေးခဲ့ပါဘူး။ အပြင်လောကမှာလည်း ကျွန်မတို့ မိသားစုက ဘယ်လိုဆိုတာ စုံစမ်းနိုင်ပါတယ်။ ဒီဆရာမအပေါ် အနာကြီးနာစေဆိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။

သို့သော်လည်း ကျွန်မတို့ မိသားစု အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်တို့ ကလေးလေး စိတ်ဒဏ်ရာ ရသွားပြီ။ ဒီဒဏ်ရာမျိုးကို နောက်နောင် ကျွန်မတူကို လုံးဝ အပေးမခံနိုင်တော့ပါဘူး။ ထို့အတူပဲ…. ဆရာစိတ်၊ နိုင်ငံဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းစိတ် မသွင်းနိုင်ပဲ ဆရာဝင်လုပ်နေ၊ ၀န်ထမ်းဝင်လုပ်နေသူရဲ့လက်ထဲမှာ တစ်ခြား ကလေးလေးတွေကိုပါ ကျွန်မတူကလေး ကြုံရသလို (ခုထိ အသားတွေတုန်အောင်ကြောက်နေဆဲ) အဖြစ်ဆိုးမျိုး မပေးချင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ စမ်းချောင်းရဲစခန်းမှာ ဒဏ်ရာတွေပြပြီး၊ အနောက်ပိုင်းဆေးရုံမှာ ဆေးစာယူခဲ့ပါပြီ။ မနက်ဖြန်မှာ ကျောင်းအုပ်ဆရာမကြီးနဲ့ တစ်ခြားတာဝန်ရှိသူတွေကို တွေ့ဆုံဆွေးနွေးပြီး ဒီဆရာမအပေါ် Action ယူခိုင်းပါမယ်။ ဒီ Action နဲ့ မလုံလောက်ရင် အဆင့်ဆင့် တက်သွားပါမယ်။ အဆုံးထိ ဒီကိစ္စကို ဖြေရှင်းပါမယ်။

ကလေးခဲတံနဲ့ထိုးတဲ့ တင်ပါးက ဒဏ်ရာကြောင့် ဆရာမဒေါသက ကလေးပါးပေါ် လက်တွေပေါ် နားရွက်သေးသေးလေးပေါ် ရောက်ပါတယ်။ ကလေးကို အသားတွေနီရဲလာအောင် ဆွဲဆောင့်တယ်… နောက်နေ့ကစပြီး ကျောင်းမလာတော့ဖို့ ပြောတယ်။ Normal ကလေး မဟုတ်ကြောင်း တစ်ခြားကျောင်းသား၊ မိဘတွေ သိအောင် အော်ဟစ်ပြောဆိုတယ်။ ကျွန်မဆို ဟင်္သာတတက္ကသိုလ်မှာ တာဝန်ကျတုန်းက ကျောင်းသူတစ်ယောက်က အဝေးက ပြေးလာပြီး ကျွန်မကျောကို လှမ်းဖက်တာ အရှိန်လွန်ပြီး နှစ်ယောက်လုံး မှောက်ထိုးလဲပါတယ်။ ကျွန်မက အောက်မှာပိနေတော့ ကျွန်မ ပိုအထိနာခဲ့ပါတယ်။ ဆရာမကို ချစ်လို့ ဖက်တာ… ဆရာမက တပည့်လုပ်လို့ နာသွားပြီး၊ သွေးထွက်သွားရတယ် လက်စားပြန်ချေ ခဲနဲ့ ကောက်ထုရမလား။ ကျွန်မတို့ အရပ်သားလည်းမဟုတ်၊ သာမာန်ဝန်ထမ်းလည်း မဟုတ်ပါဘူး။ လိုအပ်ရင် လိုအပ်သလို တာဝန်ထမ်းဆောင်ရတဲ့ ဆရာမတွေပါ။ ကျွန်မ အရပ်သားစိတ်နဲ့ စိတ်ဆိုးပြီး ကလေးကို ပြန်လုပ်ဖို့ ဖြစ်နိုင်ပါ့မလားရှင်။ ဒီဆရာမအတွက်တော့ ကျွန်မတို့ Action ယူတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားလမ်းကြောင်း ရှာမတွေ့တော့ပါဘူး။

ကျွန်မကိုယ်တိုင် ၀န်ထမ်းဖြစ်ခဲ့သူပါ။ ၀န်ထမ်းများဖက်က အမြဲရပ်တည်ပြီး ပြောခဲ့တဲ့သူပါ။ တက္ကသိုလ်တွေမှာ၊ ၁၀တန်းစာစစ်ချိန်တွေမှာ၊ ဖောင်ကြီးသင်တန်းမှာ လုပ်ဖော်ကိုင်ဖက်၊ ရဲမေတွေနဲ့ စားကောင်းသောက်ကောင်း ဘ၀ရဲ့ အမှတ်တရ အပျော်တွေရခဲ့တဲ့ အထိ ၀န်ထမ်းဘ၀၊ ဆရာမဘ၀ကို ချစ်မြတ်နိုးခဲ့သူပါ။ အိမ်ထောင်ကျပြီးမှ အခြေအနေအရပ်ရပ်ကြောင့် ပါရဂူဘွဲ့ရပြီးမှ ဆရာမဘ၀ကို ကျောခိုင်းခဲ့တဲ့သူပါ။ ဒီဆရာမအပေါ် ပညာရေးဝန်ထမ်းအချင်းချင်း ဒုက္ခမရောက်စေချင်ပါဘူး။

သို့သော်လည်း… သူများတွေ သူ့လက်ချက်မိခဲ့သူတွေအများကြီးဖြစ်ကြောင်းလည်း ကြားသိရပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း ခံစားရပါပြီ။ အဲဒီတော့ “ပြောမှသိ၊ ထိမှနာ၊ နာမှသေ” ရတော့တဲ့ဘ၀ ရောက်နေပါပြီ။ ကျွန်မတို့ နောင်လာနောက်သား မျိုးဆက်သစ်များအတွက် နိုင်ငံတည်ဆောက်ရာမှာ ဒီလူတွေ ဒရွတ်ဆွဲလိုက်နေရင် ပညာရေးလောကကြီး ပြန်လည်ရှင်သန်လာဖို့ နှောင့်နှေးပါမယ်။ ၀န်ထမ်းချင်း ကာဗာလုပ်ပေးချင်တဲ့ အတွေးအခေါ်ကို ခေါင်းထဲက ထုတ်လိုက်ပါပြီ။ ဒီဆရာမ၊ ဒီဝန်ထမ်းဟာ ကိုယ်က သည်းခံလိုက်ရင် ထပ်ထပ် အတင့်ရဲလာတာ ကိုယ်တိုင် ခံစားလိုက်ရပါပြီ။ တစ်ခြားကလေး၊ တစ်ခြားမိဘတွေကို ကျွန်မတို့ ကလေးလေးခံစားရသလို မခံစားရစေချင်ဘူး။ တိုင်းပြည်ရဲ့ အနာဂတ် ကလေးသေးသေးလေးတွေကို ဒီလို ရုန့်ရင်းကြမ်းတမ်း ဆက်ဆံတာမျိုးကို ကျွန်မတို့ မိသားစုက တွန်းလှန်ပါတော့မယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပညာရေးလောကက ဘယ်လို Action မျိုး ယူပေးလေမလည်း… စောင့်ကြည့်ကြတာပေါ့နော်။

Reference and Credit to ^..^
မခင်အိအိတင်

ဘကြီးသက်
Unknown at 8:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.