Friday, October 12, 2012

၎ လက်မ screen ပါဝင်သည့် Galaxy S3 Mini ကို Samsung မိတ်ဆက်


ပြီးခဲ့သည့် မေလက ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချခဲ့သည့် Samsung Galaxy S3 ထက် အရွယ်သေးငယ်သော Samsung Galaxy S3 Mini ကို Samsung ကုမ္ပဏီက မိတ်ဆက်ပေးခဲ့ပြီး ၎င်းကို လာမည့်နွေရာသီတွင် အမေရိကန်ရှိ သီးခြား carrier ငါးခုမှ ရောင်းချမည်ဟု သိရသည်။

၎ လက်မအရွယ် Super AMOLED WVGA resolution display (800x480 pixels) ကို အသုံးပြုထားပြီး screen မှာ ကွေးညွှတ

်သည့် ဒီဇိုင်းဖြစ်ကြောင်း Samsung မှ ပြောကြားခဲ့သည်။

Pixel သိပ်သည်းမှုမှာ ၄.၈ လက်မ Galaxy S3 ထက် နည်းသော်လည်း Mini တွင် 233 pixels per inch ရှိသည့်အတွက် screen resolution ကို ၄ လက်မအ screen ပေါ်တွင် ကောင်းမွန်စွာ ဖော်ပြပေးနိုင်မည် ဖြစ်သည်။
အရွယ်အစားမှာ အမြင့် ၄.၈ လက်မ၊ အကျယ် ၂.၅ လက်မနှင့် အထူ ၀.၃၉ လက်မရှိပြီး အလေးချိန်မှာ ၃.၉ အောင်စဖြစ်သည်။ ဟန်းဆက်မှာ မူလ Galaxy S3 နီးပါးတူညီသော်လည်း hardware ပိုင်းတွင် ကွာခြားသည်။ 1GHz dual-core ပရိုဆက်ဆာကို အသုံးပြုထားပြီး 5-megapixel ကင်မရာ၊ LED flash နှင့် VGA front-facing ကင်မရာတို့ကို ထောက်ပံ့ပေးထားသည်။

HSPA 900/1900/2100 ကွန်ရက်များကို EDGE/GPRS 850/900/1800/1900 တို့နှင့်အသုံးပြုနိုင်သည်။ LTE အထောက်အပံ့ပါဝင်ခြင်းမရှိဘဲ Bluetooth 4.0, NFC နှင့် 1,500mAh ဘက်ထရီတို့ကို ထောက်ပံ့ပေး ထားသည်။ 8GB နှင့် 16GB အမျိုးအစားတို့ဖြင့် ထုတ်လုပ်ရောင်းချမည်ဖြစ်ပြီး microSD မှတစ်ဆင့် 32GB အထိ တိုးမြှင့်အသုံးပြုနိုင်မည်ဖြစ်သည်။

Software ပိုင်းတွင် Android 4.1 Jelly Bean နှင့် Samsung ၏ TouchWiz interface တို့ကို အသုံးပြုထားသည်။ ထို့အပြင် NFC ကို အသုံးပြုပြီး ဖိုင်ဝေမျှနိုင်မည့် S Beam ကို ထောက်ပံ့ပေးထားသည်။ Apple ၏ Siri ကဲ့သို့ ဖြေကြားမှုများပြုလုပ်နိုင်မည့် S Voice ကိုထည့်သွင်းပေးထားသည်။

ရောင်းချမည့် အချိန်နှင့် တန်ဖိုးကို Samsung ကုမ္ပဏီမှ ကြေညာထားခြင်း မရှိသေးပေ။
 


ဘကြီးသက်
Unknown at 10:23 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.