Friday, October 12, 2012

ဇေကမ္ဘာကုမ္ပဏီနှင့် ဦးနေမျိုးဝေတို့ အမှုအား အောက်တိုဘာလ ၁၈ ရက်နေ့၌ ရက်ချိန်းထပ်မံခေါ်ယူသွားမည်


ဇေကမ္ဘာကုမ္ပဏီနှင့် ဦးနေမျိုးဝေ၏အမှုအား လာမည့်အောက်တိုဘာလ ၁၈ ရက်နေ့၌ ရက်ချိန်းထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာရှိ လယ်ယာမြေကိစ္စများနှင့် စပ်လျဉ်း၍ ဦးနေမျိုးဝေအား ကုမ္ပဏီအသရေဖျက်မှု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၅၀၀)ဖြင့် သြဂုတ်လ(၂၃)ရက်နေ့၌ တရားစွဲဆိုခဲ့ပြီး ရုံးချိန်း(၃)ကြိမ် ခေါ်ယူပြီးဖြစ်ကြောင်း သိရသည်။
''ပြီးခဲ့တဲ့ ရုံးချိန်းမှာ ဇေကမ္ဘာကု မ္ပဏီက နိမိတ်ပြမေးခွန်းမေးတာကို ကျွန်တော်တို့ဘက်ကရှေ့နေက ကန့်ကွက်ထားတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီဘက်က လျောက်လဲချက်တင်တာဖြစ်ပါတယ်။ လာမယ့် ရုံးချိန်းမှာတော့ ဒီလျောက်လဲချက်ကို စစ်ဆေးပြီး ဆုံး ဖြတ်မှာဖြစ်ပါတယ်။ ပြီးမှ မူလအမှုကို ဆက်စစ်ဆေးမှာပါ'' ဟု ဦးနေမျိုးဝေက အောက်တိုဘာလ(၁၁) ရက်နေ့၌ ပြောကြားခဲ့သည်။
အဆိုပါအမှုနှင့် ပတ်သက်၍ စတုတ္ထမြောက်ရုံးချိန်းအား အောက်တိုဘာလ(၁၈)ရက်နေ့၌ ခေါ်ယူသွားမည်ဖြစ်ပြီး အမှုကာလအတွင်း ဦးနေမျိုးဝေအား ငွေကျပ်(၁၀) သိန်းတန် အာမခံဖြင့်ထားရှိကြောင်း သိရသည်။
ဘကြီးသက်
Unknown at 9:00 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.