Monday, October 8, 2012

လူငယ်များအတွက်ရည်ရွယ်၍ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော အထ္ထုပတ္တိစာအုပ်ထုတ်ဝေမည်


လူငယ်များမသိကြသေးသည့် သမိုင်းအဆက်ဆက်အား သိရှိရန်ရည် ရွယ်ခြင်းနှင့် နိုင်ငံရေးမျိုးဆက်မပြတ်စေရန် အတွက် ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ ( ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောအထ္ထုပတ္တိ )အားမြန်မာနိုင်ငံ တွင် ထုတ်ဝေမည်ဖြစ်ကြောင်း ဖြိုးမောက်သာ စာပေထုတ်ဝေရေးမှ ဒီဇိုင်နာ ဦးစိုးဝင်းငြိမ်းကပြောသည်။

ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ စာအုပ်အား အောက်တိုဘာ ၂၈ ရက်တွင် စတင်ထုတ်ဝေနိုင်ရန်စီစဉ်နေပြီ ဖြစ်ကြောင်း အောက်တိုဘာ ၈ရက်နေ့လည် ၂နာရီတွင် တော်ဝင်နှင်းဆီ၌ ပြုလုပ်ခဲ့သော စာအုပ်ထုတ်ဝေရေးနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းကပြောကြားခဲ့သည်။
“သမိုင်းမှတ်တမ်းပြုစုခဲ့တဲ့ အစဉ်က တော်တော်နဲတယ်။လက်ရှိ ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပတ္တိ တောင်ပြည့်စုံစွာမရှိခဲ့လို့ ဇာတ်လမ်းရိုက်ရာမှာ အဆင်ပြေအောင် လိုက်စုနေရတယ်။အခုလို ဗိုလ်ချုပ်ကျော်ဇောကဲ့သို့ အထ္ထုပတ္တိ မျိုးတွေထွက်ရှိတာကောင်းပါတယ်”ဟု ယင်းရှင်းလင်းပွဲသို့တက်ရောက်ခဲ့သော စာရေးဆရာ မောင်မိုးသူက အမှာစကားပြောကြားခဲ့သည်။

အဆိုပါပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ခေါင်းဆောင် ဦးတင်ဦးနှင့် ဟံသာဝတီဦးဝင်တင် တို့အပြင် စာရေးဆရာမောင်မိုး သူနှင့် နိုင်ငံရေးစိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြသည်။

ခိုင်နွယ်ဦး


ဘကြီးသက်
Unknown at 4:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုက်ပွဲကြားက မြေစာပင်များ


အမြင့်ငါးပေခန့် ရှိသော အုတ်နံရံ ကာထားသည့် ခြံဝင်းကျယ်ကြီးသို့ အဖြူရောင် Van ကား တစ်စီး ကွေ့ဝင် လိုက်သည်ကို ထင်းပုံကြားရှိ လူငယ် တစ်စု ကားဆီသို့ မဝံ့မရဲ ကြည့်နေကြသည်။ ၎င်းတို့ ဘေးတွင် ခြောက်ပေါက်ဟု ခေါ်သော ခြေထောက် ခတ်သည့် ထိတ်တုံးနှစ်စုံ ရှိနေသည်။

အရပ်သား ဝတ်စုံဖြင့် သေနတ် ကိုင်ထားသော ကေအိုင်အေ စစ်ဗိုလ်သည် ထိုလူငယ်များကို အော် ဟစ် ခေါ်လိုက်သည်။ အဆိုပါ လူငယ်များသည် မဝံ့ မရဲဖြင့် ထွက်လာကာ ခုံတန်းလျားတွင် တန်းစီ ထိုင် နေကြသည်။

ယင်းလူငယ်များမှာ တပ်မတော်နှင့် ကေအိုင် အေတို့ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် သုံ့ပန်း အဖြစ် ကေအိုင်အေက ရရှိထားသော အစိုးရ တပ်မတော်သားများ ဖြစ်ပြီး အများစုမှာ ၁၈ နှစ် မပြည့်သေးသည့် ကလေး စစ်သားများ ဖြစ်သည်။ အချို့မှာ တပ်မတော်၏ ရှေ့တန်း တပ်စခန်းမှ ထွက် ပြေးလာသူများ ဖြစ်သည်။

အင်္ကျီအနီ ဝတ်ဆင်ထားသော အသက် ၁၅ နှစ်အရွယ် မောင်ခွား (အမည်လွှဲထား) သည် သွက်သွက် လက်လက်ဖြင့် ဆေးလိပ်တောင်း သောက် နေသည်။ ဆေးလိပ်ဘူးထဲမှ ဆေးလိပ် တစ်လိပ်ကို မီးညှိပြီး အားပါးတရ ရှိုက်ယူ လိုက်ပြီးနောက် အခြား သူများကို ဆေးလိပ် တစ်လိပ်စီ ဝေငှ လိုက်သည်။

"ကျွန်တော်က ရှေ့တန်း စစ်တပ်ကနေ ထွက် ပြေးလာပြီး အဖမ်းခံတာပါ" ဟုဆိုသည်။ မောင်ခွားသည် တနိုင်းမြို့ မှုံတိန် ရပ်ကွက် တွင် နေထိုင်သူ ဖြစ်ပြီး အစ်မဖြစ်သူ၏ ဆိုင်ကယ်ကို ယူကာ စတိတ်ရှိုးပွဲသို့ သွားရောက် ကြည့်ရှုစဉ် ဆိုင်ကယ်ပျောက်၍ ခြေလျင်လျှောက် ပြန်လာစဉ် တနိုင်း အခြေစိုက် ခမရ ၃၄၈ တပ်ရင်းမှ တပ်သား သစ် စုဆောင်းရေး အဖြစ် ခေါ်ဆောင် ခံရခြင်း ဖြစ်သည်။

ယင်းစုဆောင်းရေး တပ်တွင် နှစ်ရက်သာ နေခဲ့ ရပြီးနောက် မြစ်ကြီးနားမြို့ မရောက်မီ ပြည်ထောင် ကျေးရွာရှိ တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်း တွင် လေးလခွဲ စစ်ရေး လေ့ကျင့်ခဲ့သည်။ သင်တန်း ပြီးသည်နှင့် တစ်ပြိုင်နက် ကေအိုင်အေ ထိန်းချုပ် နယ်မြေ ဖြစ်သော ဒေါ့ဖုန်းယန်ဘက်သို့ ရှေ့တန်း ထွက်လာရသည်။

"ကျွန်တော့်မှာ တိုက်ပွဲ အတွေ့အကြုံ သုံးပွဲ လောက် ရှိတယ်။ နောက် စစ်မတိုက် ချင်တော့လို့ ထွက်ပြေးတာ။ သေနတ်နဲ့ လိုက်ပစ်ပေမယ့် ချုံကွယ် ပြီးပြေးတော့ လွတ်တယ်။ ကေအိုင်အေ ဂျာယန် စခန်း မှာ အဖမ်းခံ ခဲ့တယ်" ဟု ၎င်းက ၎င်း၏ အတွေ့ အကြုံကို ရှင်းပြသည်။

သူသည် စစ်သား သက်တမ်း ခြောက်လခွဲ အကြာတွင် တပ်မတော်မှ ထွက်ပြေးလာခဲ့ပြီး လက်ရှိ ကေအိုင်အေတွင် သုံ့ပန်း အဖြစ် ရောက်ရှိ နေသည်မှာ ရှစ်လကျော် ကြာမြင့် ခဲ့ပြီဖြစ်သည်။

၎င်းကဲ့သို့ပင် သုံ့ပန်း အဖြစ် ရောက်ရှိနေသည့် အစိုးရ တပ်မတော်မှ တပ်သား ၄၂ ဦးရှိပြီး ယင်း မတိုင်မီတွင် သုံ့ပန်းအဖြစ် ဖမ်းဆီး ရမိပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သူများ ရှိကြောင်း ကေအိုင် အေမှ ဗိုလ်မှူးကြီး အဆင့် အရာရှိများက ပြောကြား သည်။

အထက်ပါကဲ့သို့ သုံ့ပန်း အဖြစ် ရောက်ရှိသူ များတွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် စစ်တပ်အတွင်းမှ ပါဝင်သူများ ရှိသကဲ့သို့ ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်နှင့် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တို့တွင် နေထိုင်သူများလည်း ပါဝင်သည်။

ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က "ဦးအောင်မင်းနဲ့ အလွတ် သဘော တွေ့ တုန်းက ဒီ ကလေးစစ်သားတွေကို ပြန်အပ်ပေးဖို့ ပြောပြီး သားပါ။ ILO ကိုလည်းပြန်ခေါ်ပေးဖို့ အကြောင်းကြား ထားပါပြီ" ဟုဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင် ရာ အလုပ်သမား အဖွဲ့ (ILO) ကလည်း အစိုးရ အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက် နေပြီဖြစ်သည်။ မောင်ခွားက "ကျွန်တော်တို့ မပြန်ချင်တော့ ဘူး။ ဒီလိုင်ဇာ မှာပဲ အလုပ် တစ်ခုခု လုပ်ပြီးနေချင် တယ်။ စစ်တပ်ကို ပြန်ပို့ရင် ထောင်ကျမှာ"ဟု ၎င်း က စိုးရိမ်စိတ်ဖြင့် ရှင်းပြသည်။

တပ်မတော်တွင် အရွယ် မရောက်မီ စစ်မှု ထမ်းဆောင် နေသည့် ကလေးသူငယ်များအား ရှာဖွေ ဖော်ထုတ်ရေး၊ တပ်မတော်မှ ထွက်ခွင့်ပြုရေး၊ ၎င်းတို့၏ မိသားစုများနှင့် ပြန်လည် ပေါင်းစည်း ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ လုပ်ဆောင်မှုများ ကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့နှင့် တပ် မတော်တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

"၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ် ဇူလိုင်လ အထိ ကလေး ၆၀၀ ကို စစ်တပ်မှ နုတ်ထွက်စေပြီး မိဘ ရပ်ထံ လွှဲပြောင်း ပေးနိုင်ခဲ့ပါတယ်"ဟု ကာကွယ် ရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး မောင်မောင်ရှင် က သြဂုတ်လ ၂၂ ရက်နေ့တွင် ပြောဆိုထားသည်။ ကမ္ဘာ့ ကုလသမဂ္ဂသည် တပ်မတော်ကို ကလေး သူငယ် အခွင့်အရေး ချိုးဖောက်သည့် အဖွဲ့အစည်း စာရင်းမှ ပယ်ဖျက်တော့မည်ဟု ယူနီဆက်မှ ဌာနေ ကိုယ်စားလှယ် မစ္စတာ ရာမက်ရှ်ရှရသာက ပြောဆို ထားသည်။

ကလေးသူငယ်များ အားလုံးသည် စစ်ပွဲကာလ အတွင်း အကာအကွယ် ရရှိပိုင်ခွင့် ရှိရမည်ဖြစ်ပြီး အသက် ၁၅ နှစ်အောက် ဖြစ်ပါက လက်နက်ကိုင် တပ်ဖွဲ့အတွင်း ဝင်ရောက်ခြင်း၊ စစ်ပွဲတွင် ပါဝင် တိုက်ခိုက်ခြင်း မပြုရဟု ကလေးသူငယ် ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူ စာချုပ် အပိုဒ် ၃၈ တွင် ဖော်ပြထားသည်။

သို့သော် ကုလသမဂ္ဂ၏ အစီရင်ခံစာ တွင်မူ တပ်မတော်နှင့် ကေအိုင်အေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ခုတွင် ကလေး သူငယ်များကို စစ်သားအဖြစ် အသုံးပြုနေဆဲ ဖြစ် ကြောင်း ဖော်ပြထားသည်။

ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင် မြို့နယ်မှ ကေအိုင်အေတွင် သုံ့ပန်း အဖြစ် ရောက်ရှိနေသူ ကလေး စစ်သားကျော်စွာ (အမည်လွှဲထား) က "ကျွန်တော် တို့မှာ အလုပ် မရှိဘူး။ အဲဒီအချိန်မှာ ဆရာကြီး (တပ်ကြပ်ကြီး) က စစ်တပ်ထဲ ဝင်ဖို့ လာခေါ်တာ။ ဝင်ပြီးမှ ထွက်ချင်တာ ထွက်လို့ မရတော့ဘူး"ဟု ဆိုသည်။

၎င်းတို့ တပ်မတော် ရှေ့တန်း ထွက်စဉ်က ကျေးရွာ၊ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့မှုများ ပြုလုပ် ခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ခြင်းမှာလည်း နေအိမ်များမှ ကေအိုင်အေများက သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ အဝေးထိန်း မိုင်းထောင်ခြင်းများ ပြု လုပ်ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းတို့က ရှင်းပြသည်။ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ် ပွား နေသည်မှာ တစ်နှစ်နှင့် သုံးလ ကျော်ခဲ့ပြီဖြစ်ရာ နှစ်ဦးနှစ်ဖက် ကျဆုံးမှုများကို စာရင်း အတိအကျ မထုတ်ပြန် သော်လည်း ကလေး စစ်သားများလည်း ပါဝင်ကြောင်း ကေအိုင်အေရှေ့တန်းစခန်းထံ စုံစမ်း သိရှိ ရသည်။

"မိုင်းထိလို့ ကျတာ များတယ်" ဟု ဒုတိယ ဗိုလ် အဆင့်ရှိသူ ကေအိုင်အေ အရာရှိက ဆိုသည်။ ကေအိုင်အေက ထိန်းသိမ်း ထားသော သုံ့ပန်းများကို တစ်စုံတစ်ရာ နှိပ်စက်ခြင်း မရှိဘဲ ကောင်းမွန်စွာ ကျွေးမွေး ပြုစုထားကြောင်း ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားသည်။

"ဒီကလေး တွေကို လွှဲပြောင်းပေးဖို့ အဆင် သင့် ဖြစ်နေပါပြီ" ဟု ၎င်းက ဆိုသည်။ သို့သော် ထိုလူငယ်များကို မေးမြန်းရာတွင် နေရပ်ပြန်ချင်စိတ် မရှိကြဘဲ နယ်စပ် တစ်လျှောက် အလုပ်အကိုင် တစ်ခု ရရှိရန် ချိတ်ဆက် နေကြသည် ဟု တူညီစွာ ပြောဆိုကြသည်။

ဈေးဝယ်ခွင့်၊ ထင်းရှာဖွေခွင့် တို့ကို ရရှိနေပြီ ဖြစ်သော မောင်ခွားက "ကျွန်တော်တော့ မပြန် တော့ဘူး။ တနိုင်းက တစ်ယောက် လိုင်ဇာမှာ ဆိုင်ကယ် ဝပ်ရှော့ ဖွင့်ထားတဲ့ ဆီမှာ အလုပ်ဝင်လုပ်မယ်" ဟု ၎င်းက သူ၏ ရှေ့ဆက် ရည်ရွယ်ထားမှုကို ရင်ဖွင့် သည်။

ကချင် လွတ်လပ်ရေး အဖွဲ့၏ ဌာနချုပ်နယ် မြေဖြစ်သော လိုင်ဇာမြို့၏ တောင်ဘက် ဝေကြိုင် ရပ်ကွက် အတွင်းရှိ ခြံကျယ်ကြီးတွင် သုံ့ပန်း အဖြစ် နှင့် နေထိုင်ရသည်မှာ တစ်နှစ် ပြည့်တော့မည်ဖြစ် သည်။
နေအပူချိန် မြင့်မားနေသော မွန်းလွဲ ၁ နာရီ ခန့်တွင် ခုံတန်းလျား၌ မောင်ခွား အပါအဝင် ဆေးလိပ် ကိုယ်စီ ဖွာနေသော တိုက်ပွဲကြားက မြေစာပင်ဖြစ်ရ သည့် လူငယ် တစ်စုသည် အဖြူရောင် Van ကား ကို မျက်ရည်ဝဲစွာ ကြည့်ရှုနေကြသည်။

REF: The Voice Weekly

ဘကြီးသက်
Unknown at 4:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲ အနှစ်ချုပ်

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ပြုလုပ်သော အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်အား သွားရောက်ရခြင်း ရည်ရွယ်ချက်၊ မီဒီယာ၏ အရေးပါမှု၊ မြန်မာနိုင်ငံ၏ တရားစီရင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသို့ သွားရောက်ရသည့် ခရီးစဉ် ရည်ရွယ်ချက်မှာ အကြောင်းအချက် နှစ်ခု ရှိပြီး မြန်မာ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ကူညီလုပ်ဆောင်ပေးခဲ့သည့် အမေရိကန်အစိုးရ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ကဏ္ဍများမှ အရေးပါသောပုဂ္ဒိုလ်များကို ကျေးဇူးတင်စကား ပြောကြားရန်နှင့် မြန်မာ့ဒီမိုကရေစီလမ်းစ စတင်ရောက်ရှိနေပြီဖြစ်ကြောင်းကို ရှင်းလင်းပြောကြားရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးစဉ်ကာလအတွင်း ပညာရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာပုဂ္ဒိုလ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်သဘောတူညီမှုနှင့် မူများအရ ဆွေးနွေးသည့်ကိစ္စရပ်များကို အသေးစိတ်ထုတ်ပြန်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာ့ပညာရေးနှင့် ပတ်သက်၍ ပြောဆိုရာတွင် ညံ့ဖျင်းသည့် ပညာရေးစနစ်ကြောင့် လူငယ်မျိုးဆက်များအကြား လုပ်နိုင်ကိုင်နိုင်သည့်သူများ ရှားပါးသွားခဲ့ရကြောင်း၊ အဆိုပါညံ့ဖျင်းမှု၏ အကျိုးဆက်ကို တတ်နိုင်သလောက် ပြုပြင်ပြီး ရုန်းထွက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စီးပွားရေးနှင့် ပတ်သက်ပြီး ချင့်ချိန်ပြီး မှန်ကန်သော ရင်းနှီးမြုပ်နှံမှု ဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်းကို ခရီးစဉ်ကာလအတွင်း ပြောကြားခဲ့ကြောင်း၊ ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်ပြီး ရေရှည်အကျိုးဖြစ်ထွန်းမှု (မိမိအကျိုးစီးပွား အပါအ၀င် ပြည်သူများ၏ အကျိုးဖြစ်ထွန်းမှု) ကို ထည့်သွင်းစဉ်းစား၍ မှန်ကန်စွာ သုံးသပ်ပြီး လုပ်ဆောင်ရန် လိုအပ်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

သတင်းမီဒီယာများနှင့် ပတ်သက်၍ မှန်ကန်သောသတင်း ဖြန့်ချိရေးက အရေးပါမည်ဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများကို ဖော်ထုတ်ရာတွင် အချက်အလက်ခိုင်မာမှုများကို ဦးစာပေး၍ ရေးသားဖော်ထုတ်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပညာရေးနှင့် ပတ်သက်ပြီး ရန်ကုန်တကသိုလ် ပြန်လည်ရှင်သန်ရေးကိစ္စရပ်ကို အလေးအနက်ထား ပြောကြားသွားခဲ့သည့်နည်းတူ ကျန်းမာရေးစနစ်တွင်လည်း ရန်ကုန်ဆေးရုံကြီးအား ဆေးရုံအင်္ဂါရပ်နှင့်အညီ ပြန်လည်အဆင့်မြင့်တင်ရန် လိုအပ်မည့်ကိစ္စရပ်များကိုလည်း ပြောကြားခဲ့ပါသည်။

တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များတွင် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရာ၌ လူတစ်ဦးချင်းစီအလိုက် ပြုပြင်ပြောင်းလဲမှုက အရေးပါမည်ဖြစ်ကြောင်းနှင့် ပြည်မြန်မာ ဂျာနယ်နှင့် The Messenger ဂျာနယ်များကို တရားစွဲဆိုရခြင်း ကိစ္စရပ်မှာလည်း သတင်းဌာနနှင့် သတင်းထောက်များကို အငြိုးထားလို၍ မဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အလားတူ ပြည်သူများက လိုလားမှု ရှိပါက သမ္မတ ဖြစ်လာမည်ဆိုသော ကိစ္စရပ်နှင့် ပတ်သက်၍မူ သူ့အနေဖြင့် ပါတီခေါင်းဆောင်တစ်ဦး ဖြစ်နေသည့်အတွက် သမ္မတအဖြစ် တာဝန်ထမ်းဆောင် ရမည်ဆိုပါကလည်း တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်ကသာ လုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်ကို ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်စဉ်ကပင် ချမှတ်ထားသောမူတစ်ခု ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေ၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်း၊ ထိုင်ခုံနေရာ လုခြင်း ဆိုသည်မှာ ထိုင်ခုံ မရှိစဉ်ကပင် ရှိနေခဲ့သည့်ကိစ္စဖြစ်ပြီး ယခုထိုင်ခုံ ရှိလာချိန်တွင် ထိုကိစ္စရပ်များ ပိုဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုကိစ္စရပ်များကို သင်ခန်းစာယူ၍ အဖွဲ့ချုပ်ကို ပိုမိုရင့်ကျက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမေရိကန်ခရီးစဉ်အပြီး တရုတ်နိုင်ငံသို့ ဘွားရောက်ဖွယ်ရှိကြောင်း သတင်းများနှင့် ပတ်သက်၍မူ သူ့အနေဖြင့် တရုတ်နိုင်ငံသို့ သွားချင်စိတ်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်အပြင် နှစ်နိုင်ငံ ပြည်သူများအကြား ပိုမိုရင်းနှီးစေရန် ရည်ရွယ်၍ သွားလိုခြင်းသာဖြစ်ကြောင်း၊ နှစ်နိုင်ငံ နွေးထွေးသည့်ဆက်ဆံရေးကို ထူထောင်ဖို့ လိုကြောင်းနှင့် တတ်နိုင်သလောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ခရီးစဉ်မှ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် အခက်အခဲဆုံးကာလကို ဖြတ်သန်းရလိမ့်မည်ဆိုသော စကားနှင့် ပတ်သက်၍မူ အဖြစ်များကို အဖြစ်များအတိုင်း မမြင်ဘဲ ဖြစ်စေချင်သည့်ဆန္ဒအတိုင်း တင်မြင်ယူဆနေပါက စိုးရိမ်ရမည့်အနေအထား ဖြစ်ခြင်းကြောင့် ထိုစိုးရိမ်မှုများ ဖြစ်ပေါ်လာမည့် အချိန်ကို အခက်အခဲဆုံးကာလဟု ဖွင့်ဆိုရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဘကြီးသက်
Unknown at 4:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံအပါအ၀င် လေးနိုင်ငံအကြား ၂၀၁၅ ခုနှစ်၌ ခရီးသွား ၂၅သန်း အပြန်အလှန် သွားလာနိုင်ရန် ဆောင်ရွက်မည်


8017
ပုဂံညောင်ဦးဒေသသို့ ရောက်ရှိလာသော နိုင်ငံခြားသား ခရီးသွားများအား စက်တင်ဘာလက တွေ့ရစဉ် ဓါတ်ပုံ-ကိုနော် (ပုဂံ)
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်စသည့် ဖွံ့ဖြိုးမှုနိမ့်ကျသည့် အာဆီယံ CLMV လေးနိုင်ငံအကြား ၂၀၁၃-၂၀၁၅ ခုနှစ်တွင် ခရီးသွား ဧည့်သည် ၂၅ သန်း အပြန်အလှန် ၀င်ထွက်သွားလာနိုင်ရန် ခရီးသွား စာချုပ် ချုပ်ဆိုခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။
အဆိုပါစာချုပ်တွင် လေးနိုင်ငံ ပူးပေါင်း၍ တစ်ခုတည်းသော ခရီးသွားဗီဇာစနစ်အား ဆက်လက် အကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၂၀၁၅ ခုနှစ်တွင် လေးနိုင်ငံအကြား ခရီး သွား ၁၅ သန်းဝင်ရောက်၍ အဆိုပါ ၁၅ သန်းမှ လေးသန်းမှာ လေးနိုင်ငံအကြား အလွယ်တကူ သွားလာနိုင်မည့် တစ်ခုတည်းသော ခရီးသွား ဗီဇာ (Four Countries, One Destination) ကိုင်ဆောင်နိုင်ရေးအတွက် တစ်ခုတည်းသော ဗီဇာထုတ်ပေးနိုင်ရေး အတွက်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သဘောတူစာချုပ်အား စက်တင်ဘာလ ၁၄ ရက်နေ့က ဟိုချီမင်းစီးတီးတွင် ကျင်းပသည့် CLMV လေးနိုင်ငံခရီးသွားလုပ်ငန်း ၀န်ကြီးများ အစည်းအဝေး၌ CLMV လေးနိုင်ငံမှ ၀န်ကြီးများက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
“CLMV နိုင်ငံတွေအကြားမှာ ကမ္ဘာလှည့်ခရီးသည် သွားလာမှုက ၂၀၁၁ ခုနှစ်မှာ တိုးတက်လာခဲ့ပြီး လေးနိုင်ငံအကြား သွားလာမှုက ၁၂ သန်း ၀န်းကျင်ရှိခဲ့ပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုနှုန်းမှာ နှစ်စဉ် တိုးတက်လာသည် ဆိုသော်လည်း အာဆီယံဒေသတွင်းနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
 EMG
ဘကြီးသက်
Unknown at 9:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘင်္ဂလီကုလားများ စစ်တွေဗလီကြီးကို ကိုယ်တိုင်မီးပြန်ရှို့လိုက်ပြီ

ယနေ့ ၇-၁၀-၂၀၁၂ နေ့ နေ့လည်ပိုင်းတွင် ကုလားဗလီကြီးအတွင်းမှ မီးခိုးများထွက်လာသဖြင့် သက်ဆိုင်ရာများမှဝင်ရောက်စစ်ဆေးကြည့်ရှုရာတွင် တစ်စုံတစ်ဦးက မီးရှို့ရန်ကြိုးစားထားမှုအားတွေ့ရှိရသဖြင့် မီးမလောင်ကျွမ်းမီ ၀င်ရောက်ငြိမ်းသတ်နိုင်ခဲ့သည်။

အိမ်ပေါ်ထပ်တွင် စက္ကူဗူးများအထပ်လိုက် စီထားပြီးတစ်စုံတစ်ဦးမှ ရည်ရွယ်ချက်ရှိစွာဖြင့် တမင်တကာမီးရှို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါအိမ်အား မီးငြိမ်းသတ်မှုအပြီး တစ်နာရီးနီးပါးအကြာတွင် ဗလီအတွင်းမှ အိမ်တစ်ဆောင်ထပ်မံပြီးမီးလောင်ကျွမ်းခဲ့သည်။

မီးလောင်နေသော အိမ်အား ဗလီအပြင်လမ်းမကြီးမ တွေ့ရစဉ်

မီးရှို့ခံရသည့် အိမ်

 အဆိုပါမီးလောင်ကျွမ်းမှုအား သက်ဆိုင်ရာမှ အချိန်မီး ငြိမ်းသတ်နိုင်မှုကြောင့် အိမ်တစ်ဆောင်သာမီးကျွမ်းခဲ့ရသည်။ ယခုကဲ့သို့မီးရှို့မှုမှာ ဘင်္ဂလီကုလားများကိုယ်တိုင် မိမိအိမ်ကိုမိမိမီးရှို့ထွက်ပြေးပြီး ပတ်ဝန်ကျင်အနီးနေ ရခိုင်ပြည်သူများအား အပြစ်ဖို့ရန်အတွက် တမင်တကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယခုမီးရှို့မှုဖြစ်စဉ်မှာ ပထမတစ်ကြိမ်မီးရှို့ရန် ကြိုးပမ်းခဲ့သော်လည်း အဆိုပါဗလီအနီးပတ်ပတ်လည်တွင် ၂၄ နာရီပတ်လုံး လုံခြုံရေးများအပြည့် ရြှိခြင်းကြောင့် မအောင်မြင်သဖြင့် ဒုတိယတစ်ကြိမ်ထပ်မံကြိုးစားပြိး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်းသိရသည်။ ရပ်ကွက်သတင်းများအရ ယခုရက်ပိုင်းအတွင် ဘင်္ဂလီကုလားများမှ စစ်တွေမြို့တွင်းသို့ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းရရှိထားပြီး ယခုကဲ့သို့မီးလောင်မှုမှာ တိုက်ဆိုင်နေလျှက်ရှိပါသည် ၊။ထို့အပြင် OIC မှ မြန်မာနိုင်ငံသို့ ကမ္ဘာ့ဖိအား
ပေးမှူနှင့်အတူ ဝင်ရောက်ရန် ကြိုးပမ်းနေဆဲကာလလည်းဖြစ်ပါသည် ။ ဘင်္ဂလီများသည် မိမိတို့ဗလီ
ကိုမိမိတို့မီးပြန်ရှို့ကာ OIC အား မြန်မြန်ဝင်ရောက်ရန် လုပ်ဆောင်နေခြင်းဟု ယူဆရပါသည် ။OIC
ဝင်ရောက်မှူကို မြန်မာလူထုများမှ ကန့်ကွက်နေကြကြောင်း တွေ့ရှိနေရပါသည် ။

မီးလောင်ရာသို့အမြန်ရောက်ရှိလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များ

မီးလောင်နေသော အိမ်ကို ငြိမ်းသတ်နေစဉ်




မီးသတ်နဲ့ရဲများအချိန်မှီရောက်လာသည့်အတွက် မီးမလောင်ခဲ့သည့်  မီးရှိ့ရန်ကြံစည်ထားသောဘင်္ဂလီအိမ်တစ်လုံး


(မောင်ကျောက်ခဲ  အဖွဲ့)
ဘကြီးသက်
Unknown at 9:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေပြည်သာမြို့နယ်၊စက်မှုဇုန်(၁)အတွင်း မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ ကနောင်မင်းသားကြီး(၅)လမ်း၊     Ve Ve အချိုရည်စက်ရုံအနီး ဖြတ်စညှပ်စ စက်ရုံအတွင်း (၂၁း၃၀)နာရီအချိန်တွင် စတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ (၂၂း၁၅)နာရီအချိန် မီးထိန်း၊ (၂၃း၁၅) နာရီအချိန် မီးငြိမ်းပါသည်။

သတင်း ဓါတ်ပုံ - MFSD (မီးသတ်ဦးစီးဌာန)





2

ဘကြီးသက်
Unknown at 9:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မန္တလေးမြို့လျှပ်စစ် ပုဂ္ဂလိက လွှဲမည်


From :ခေတ်လူငယ်

မန္တလေးမြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်းက မြို့နယ်တွေ အားလုံးကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငငန်း၊ ဓါတ်အားခ ကောက်ခံရေး လုပ်ငန်းတွေကို အများပိုင်ကုမ္ပဏီ တစ်ခုကို လွှဲပြောင်းဆောင်ရွက်ဖို့ စီစဉ်နေပြီး စမ်းသပ်ဆောင်ရွက်မှုတွေ စတင်နေပြီလို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောပါတယ်။ အဲသည့် ကုမ္ပဏီကမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရာမှာ လိုအပ်တဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ တည်ဆောက်မှုအပိုင်းတွေကို ဆောင်ရွက်ရမှာဖြစ်ပြီး ဓါတ်အားပုံမှန်ဖြစ်ဖို့ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လျှပ်စစ်ဝန်ကြီးဌာနက တစ်မြို့နယ်ကို ကုမ္ပဏီတစ်ခုက တာဝန်ယူပြီး ဆောင်ရွက်ဖို့ ညွှန်ကြားချက် ပေးထားပေမယ့် မန္တလေးမြို့ အခြေအနေအရ အဲသည်လို ဆောင်ရွက်ရင် အခက်အခဲတွေ ရှိနိုင်တဲ့အတွက် စည်ပင်သာယာ နယ်နမိတ်အတွင်းက မြို့နယ်အားလုံးကို အများပိုင်ကုမ္ပဏီ တစ်ခုကိုပဲ ဆောင်ရွက်ခွင့်ပြုဖို့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ပြန်လည်ညှိနှိုင်းထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။ ချမ်းမြသာစည်မြို့နယ် အတွင်းမှာက လျှပ်စစ်ဓါတ်အား ဖြန့် ဖြူးရေးလုပ်ငန်း၊ ဓါတ်အားခ ကောက်ခံရေး လုပ်ငန်းတွေကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက စမ်းသပ်ဆောင်ရွက်နေပြီ ဖြစ်ပြီး အဲသည်ကုမ္ပဏီဟာ လက်ရှိအချိန်ထိ အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားတာ မဟုတ်သေးဘူးလို့ ချမ်းမြသာစည်မြို့နယ်က အစိုးရ အသိအမှတ်ပြု လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးကောက်ခံရေး လုပ်ငန်းကို ပုဂ္ဂလိကကို လွှဲပြောင်းမှာဖြစ်ပေမယ့် လျှပ်စစ်ဓါတ်အားခ နှုန်းထားကတော့ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express

ဘကြီးသက်
Unknown at 9:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်အရေး ဆွေးနွေးအဖြေရှာ


ကျော်ဝင်း

ယခုရက်ပိုင်း စာရေးသူ စာမရေးဖြစ်ပါ။ စာပင် ဟုတ်ဟုတ်ငြားငြား မဖတ်ဖြစ်ပါ။ သို့သော် တန်ပါသည်။ မိတ်ဆွများ၏ ကျေးဇူးကြောင့် ရခိုင်အရေး ဆွေးနွေးအဖြေရှာကြသော အလုပ်ရုံဆွေးနွေးပွဲနှစ်ခုကို ဆက
်တိုက်ဆိုသလို တက်ခွင့်ရသောကြောင့် ဖြစ်ပါသည်။ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲများဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲနှစ်ခုတွင် စာရေးသူ တင်ပြခွင့်ရခဲ့သော ထင်မြင်ချက်များကို စုစည်းပြီး ယခုစာစုကို ရေးသားဖော်ပြလိုက် ပါသည်။

၁။ နိုင်ငံတကာ အဆက်အစပ် (International Context)

အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့မျက်စိအောက်မှာပင် ကမ္ဘာကြီးမှာ ၂၀ ရာစုကိုကျော်ပြီး ၂၁ ရာစုထဲသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ပညာရှင်အများက ကုန်လွန်သွားခဲ့ပြီဖြစ်သော ၂၀ ရာစုကို အမေရိကန်ရာစုဟူ၍လည်းကောင်း၊ အိုင်ဒီအိုလိုဂျီရာစုဟူ၍လည်းကောင်း ၀ိဂြိုဟ်ပြုခဲ့ကြသည်များ ရှိသည်။ မနည်းလှသော သာဓကများကို ထောက်ပြပြီးသကာလ ယခုရောက်ရှိနေသော ၂၁ ရာစုကိုလည်း အာရှရာစုဟူ၍လည်းကောင်း “အမှတ်အသား သရုပ်ရာစု” (Century of Identity)ဟူ၍လည်းကောင်း သတ်မှတ်ဖွင့်ဆို ကြသည်များကို တွေ့နေရသည်။ ဤတွင် ကျွန်တော်တို့တစ်တွေမှာ ရာစုခေတ် အလှည့်အပြောင်း ကာလကြီးကို မျက်မှောက်ပြုနေရပါလားဟု ဆင်ခြင်မိရပါတော့သည်။

(က)အပြိုင်အရွေ့ (Parallel Shift)

ဆိုခဲ့ပါ အလှည့်အပြောင်း ကာလကြီးတွင် အပြိုင်ဖြစ်ပေါ်နေသော အရွေ့နှစ်ရပ်၊ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ကမ္ဘာ့စီးပွားရေး ချိန်ခွင်လျှာ အနောက်မှအရှေ့သို့ ရွေ့လာခြင်းနှင့် အိုင်ဒီအိုလိုဂျီမှ အမှတ်အသားသရုပ်သို့ ရွေ့လာခြင်းတို့ဖြစ်သည်။

ပထမအရွေ့ (အနောက်မှအရှေ့)ကို ခြေရာခံကြည့်လိုကလျှင် အာရှဒေသ၏ အံ့မခန်းစီးပွားရေး (Asian Miracle, ၁၉၇၀ နှင့် ၈၀ ပြည့်လွန်နှစ်များ)၊ တရုတ်နှင့် အိန္ဒိယတို့ အင်အားကြီးမားလာခြင်း (၁၉၉၀ ပြည့်လွန်နှစ်များ)နှင့် မကြာသေးခင်ကမှ ကြုံလိုက်ရသော Great Recession ခေါ် ကမ္ဘာလုံးချီ ဘဏ္ဍာရေးအကျပ် (၂၀၀၇/၀၈)တို့ကို တွေ့ပါလိမ့်မည်။ ဒုတိယအရွေ့ (အိုင်ဒီအိုလိုဂျီမှ အမှတ်အသားသရုပ်)ကို ပြန်ကြည့်လိုက်လျှင်လည်း ဘာလင်တံတိုင်းပြိုကျရာမှ ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်ရလာခြင်း(၁၉၉၈)၊ ဘော်လကန်စစ်ပွဲများမှသည် ဘော်လကန်နိုက်ဇေးရှင်းခေါ် အစိတ်စိတ်၊ အမြွှာမြွှာပြိုကွဲခြင်း(၁၉၉၀ ပြည့်လွန်နှစ်များ)၊ နယူးယောက် မျှော်စင်ညီနောင် ဖြိုချခံရခြင်းနှင့် ကမ္ဘာလုံးအတိုင်းအတာ အကြမ်းဖက်ဝါဒ (၂၀၀၁)စသည်များကို ခြေရာခံမိပါလိမ့်မည်။

ယခင် ၂၀ ရာစု တစ်နည်း စစ်အေးခေတ်ကဆိုလျှင် ကျွန်တော်တို့တစ်တွေမှာ “ငါတို့ဘယ်သူလဲ” (Who are We?)ဆိုသော မေးခွန်းကို မေးစရာအကြောင်းမရှိ။ “ဘယ်ဘက်ကရပ်မလဲ” (Which Side We Stand?) ဆိုသည်ကိုသာ ဆုံးဖြတ်ဖို့ရှိသည်။ သို့တိုင် ပြည်ထောင်စုများ ပြိုကွဲလာသော၊ နယ်နိမိတ်များ မှုန်ဝါးလာသော မျက်မှောက် ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးတွင်ကား ဤသို့ မဟုတ်လေတော့။ ငါတို့ ဘယ်သူလဲဆိုသော မေးခွန်းသည်ပင် နိုင်ငံတိုင်း လူမှုအုပ်စုတိုင်းအတွက် စိန်ခေါ်ချက်တစ်ခုလို ဖြစ်လာသော အမှတ်သားသရုပ်ဆိုင်ရာ ပုစာကြီးဖြစ်လာရတော့သည်။

(ခ)အပြိုင်ချဉ်းကပ်မှု (Parallel Approach)

ဆိုခဲ့ပြီးသည့်အတိုင်း ရာစုသစ်အကူးအပြောင်းတွင် အပြိုင်အရွေ့နှစ်ခု ပေါ်ထွက်လာရာ ချဉ်းကပ်စဉ်းစားပုံတွင်လည်း မူကွဲနှစ်ရပ် ပေါ်လာသည်။ “လူအခြေပြု ချဉ်းကပ်နည်း” (Humanbase Approach)နှင့် “နိုင်ငံအခြေပြု ချဉ်းကပ်နည်း” (Nation-base Approach)တို့ ဖြစ်သည်။

လူအခြေပြုချဉ်းကပ်လာ၊ လူမျိုး၊ အသားအရောင် ကိုးကွယ်သည့်ဘာသာ မည်သို့ပင် ကွဲပြားခြားနားပါစေ “လူသည် လူပင်ဖြစ်သည်ဆိုသော ပရမတ္တအမြင်ကို ဗဟိုပြုစဉ်းစားသည်။ သို့နှင့်အမျှ လူ့ဂုဏ်သိက္ခာ၊ လူ့လုံခြုံရေး၊ လူ့အခွင့်အရေးစသော အထိုင်များပေါ်မှ ရပ်ခံသည်။ “လောကလုံး သဘောဆောင်သည့် နှုန်းခံများ” (Universal Norms)ပေါ် အခြေခံသည်ဖြစ်၍ “လောကလုံးအမြင် (သို့မဟုတ်) စံအခြေပြုအမြင်” (Universalist, Normative Perspective)ဟု ဆိုနိုင်ပါလိမ့်မည်။

သို့နှင့်တိုင် တကယ့်လက်တွေ့တွင် လူသည် “အမျိုးသားနိုင်ငံများ” (Nation States)အဖြစ် စုစည်းနေထိုင်ကြသည်ဖြစ်ရာ တိုင်းပြည်လူမျိုးစသော ပညတ်များကို အကုန်အစင်ဖယ်ရှားလို့ ရသေးသည်တော့ မဟုတ်ပါချေ။ သို့အတွက် “နိုင်ငံအခြေပြု ချဉ်းကပ်နည်း”ဆိုသော ဒုတိယပုံစံ သဘာဝကျစွာ ပေါ်ထွက်လာရခြင်း ဖြစ်ပါသည်။ ဤနည်းက အမျိုးသားရေးဂုဏ်သိက္ခာ၊ အမျိုးသားလုံခြုံရေး၊ အမျိုးသားအမှတ်အသားသရုပ် စသည်များအပေါ် ရပ်ခံသည်။ “တကယ့်အရှိ” (Reality)ကို အခြေခံသည်ဖြစ်၍ “လက်တွေ့အခြေပြုအမြင်” (Pragmatic Perspective)ဟု ဆိုနိုင်ပါလိမ့်မည်။

အဆိုပါ ချဉ်းကပ်ပုံနှစ်ရပ်၏ အားပြိုင်မှုကို နယ်ပယ်အားလုံး နီးပါးလောက်တွင် မြင်တွေ့နေရရာ အထင်ရှားဆုံး ဖြစ်ဖွယ်ရှိသည်မှာ ကုလသမဂ္ဂအဖွဲ့ကြီး ကိုယ်တိုင်ပင် ဖြစ်တော့သည်။

(ဂ) ၁၇ နှင့် ၂၁ ရာစု (17th and 21st Century)

အမှန်စင်စစ် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းများမှာ ၁၆၄၈ ခုနှစ်က ချုပ်ဆိုခဲ့သော ၀က်စဖေးလီးယားစာချုပ်အပေါ် အခြေခံထားခြင်း ဖြစ်သည်။ ၀က်စဖေးလီးယားစာအုပ်မှာ ဥရောပအမျိုးသား နိုင်ငံများကြား နှစ်ပေါင်းသုံးဆယ်ကြာ စစ်မက်ယှဉ်ပြိုင် တိုက်ခိုက်ကြပြီးနောက် စစ်ပန်းရာမှ ထွက်ပေါ်လာသော ကြားအဖြေပင်ဖြစ်သည်။ ထိုစဉ်ကာလ (၁၇ ရာစု)၏ တက္ခနိုလိုဂျီနှင့် ၎င်း၏ လူမှုအကျိုးဆက်ကို စကားရပ်နှစ်ခုဖြင့် ဖော်ပြနိုင်သည်ဟု ဆိုပါသည်။ “သိပ်ဝေး” (Far away) ဆိုသည်နှင့် “ငါတို့ဘာမှမသိ” (We Know Nothing)ဆိုသော စကားရပ်များဖြစ်သည်။ သို့အတွက် “မိမိသက်ဆိုင်ရာ တိုင်းပြည်ကို မိမိတို့စိတ်ကြိုက်အုပ်ချုပ်”ဆိုသော အများညီအမြင်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

သို့နှင့်အမျှ ၀က်စဖေးလီးယားပုံစံ၏ အခြေခံယူနစ်မှာ “အမျိုးသားနိုင်ငံများ” ဖြစ်လာသည်။ အခြေခံမူများမှာ “အချုပ်အခြာအာဏာ” (Sovereignty)၊ “ပြည်တွင်းရေးမစွက်ဖက်ရေး” (Non-intervention)နှင့် “အင်အားချိန်ခွင်လျှာအယူအဆ” (Balance of Power)တို့ ဖြစ်လာသည်။ ဆိုရလျှင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာ ဤမူများကို အမွေခံထားခြင်းပင်ဖြစ်သည်။ သို့နှင့်တိုင် ယနေ့ ၂၁ ရာစု အင်တာနက်ခေတ်မှာ မြင်းနှင့်သတင်းပို့ရသော ၂၁ ရာစုနှင့် ဘယ်လိုမှ မတူနိုင်တော့ပြီ။ မျက်မှောက်ခေတ် တက္ခနိုလိုဂျီနှင့် လူမှုအကျိုးဆက်ကို ဖော်ပြသော စကားရပ်နှစ်ခုမှာ “ချက်ချင်း” (instant)ဆိုသည်နှင့် “ငါတို့အကုန်သိ” (We Know Everything) ဖြစ်လာသည်။

ဤအပြောင်းအလဲက ၀က်စဖေးလီးယားမူများကို အခြေမှ ကိုင်လှုပ်လာသည်။ ဤအချက်ကို ထောက်ပြပြီး ၁၉၉၅၊ ကုလသမဂ္ဂ ရွှေရတုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၀ ပြည့်နှစ် ထောင်စုသစ် ထိပ်သီးဆွေးနွေးပွဲတွင် နောက်တစ်ကြိမ်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ပြန်စဉ်းစားကြဖို့ အဆိုပြုသည်များ ရှိလာသည်။ နိုင်ငံအခြေပြု စဉ်းစားနည်းမှ လူ့အခြေပြု စဉ်းစားနည်းသို့ ပြောင်းလဲဖို့ဖြစ်သည်။ သို့တိုင်အောင် အပြည့်အ၀ အောင်မြင်ခဲ့သည်တော့ မဟုတ်ပါ။ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော” (Humanitarian)ဆိုသည့် ရှေ့ဆက်ပါ အယူအဆများကိုမူ ဖြည့်စွက် ထည့်သွင်းနိုင်ခဲ့ပါသည်။ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော အကူအညီ”၊ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော စွက်ဖက်မှု” စသဖြင့် (ဤအချက်ကိုတော့ “နောက်ဆုံးအားထားရာ” Last Resort အဖြစ်သာ သဘောယူခဲ့ကြသည်။)

ဤတွင် ပြောလိုသည်မှာ ကုလသမဂ္ဂအဖွဲ့ကြီး ကိုယ်တိုင်သည်ပင် ဆိုခဲ့ပါ ချဉ်းကပ်နည်းနှစ်ရပ် (လူ့အခြေပြုနှင့် နိုင်ငံအခြေပြု)ကို ချိန်ခွင်လျှာမျှ စဉ်းစားရသည်ဆိုသော အချက်ဖြစ်ပါသည်။ ယနေ့ ရခိုင်အရေးတွင်လည်း ဤအတိုင်း စဉ်းစားကြည့်မြင်သင့်သည်ဟု သဘောရပါသည်။ လူ့အခြေပြုချဉ်းကပ်နည်း တစ်ခုတည်းကို အားပြုလွန်းလျှင် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမှတ်အသားသရုပ်ကို ထိခိုက်နိုင်စရာ ရှိသည်။ တစ်ပြိုင်နက်တည်းမှာပင် နိုင်ငံအခြေပြုချဉ်းကပ်နည်း သက်သက်ဆိုပြန်လျှင်လည်း လူ့အခွင့်အရေးဘက်မှ လျော်ကန်သင့်မြတ်မှု ရှိမည်မဟုတ်ပါချေ။

၂။ မြန်မာနိုင်ငံအဆက်အစပ် (MYANMA CONTEXT)

ယနေ့ မြန်မာနိုင်ငံမှာ သိမ်မွေ့သည်နှင့်အမျှ ရှုပ်ထွေးသော၊ ခက်ခဲသည်နှင့်အမျှ နက်ရှိုင်းသော စိန်ခေါ်ချက်နှစ်ရပ်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရလျက်ရှိနေသည်။ “နိုင်ငံတည်ဆောက်ရေး” (State Building)နှင့် “အမျိုးသားတည်ဆောက်ရေး” (Nation Building)တို့ ဖြစ်ပါသည်။ ဤသည်ပင် မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်၏ အခက်ခဲဆုံးအပိုင်း ဖြစ်ဖွယ်ရှိသည်။

(က) နိုင်ငံတည်ဆောက်ရေး (State Building)

နိုင်ငံတည်ဆောက်ရေး ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ရပ်တွင် စုပေါင်းဘ၀ တတ်နိုင်သမျှ ဖြစ်ပေါ်လာစေရန် တရားဝင် အင်စတီကျူးရှင်းများ တည်ဆောက်ရသည့် ဖြစ်စဉ်ဖြစ်သည်။

အစဉ်အလာအရ ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးသော နိုင်ငံများတွင် နိုင်ငံတည်ဆောက်ရေး အားကောင်းလေ့ရှိသည်ဟု ဆိုကြသည်များ ရှိသည်။ သို့နှင့်တိုင် ဗြိတိသျှ-အိန္ဒိယအင်ပါယာ၏ ပြည်နယ်တစ်ခုအဖြစ်သာ ကာလတာရှည် ရပ်တည်ခဲ့သော မြန်မာနိုင်ငံအတွက်မူ အဆိုပါ အားကောင်းချက်ကို အပြည့်အ၀ရခဲ့သည်ဟု ဆိုနိုင်လိမ့်မည် မဟုတ်ပါ။ မည်သို့ပင်ရှိစေ လွတ်လပ်သော မြန်မာနိုင်ငံအနေနှင့် ဗြိတိသျှကိုလိုနီအမွေဟု ဆိုနိုင်သော နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အင်စတီကျူးရှင်းများနှင့် ဗျူရိုကရေစီကို အထိုက်အသင့် လက်ခံရရှိခဲ့ပါသည်။ သို့တစေ အဆိုပါ အင်စတီကျူးရှင်းများကို ဆက်လက် ထိန်းသိမ်းနိုင်စွမ်းနှင့် ဗျူရိုကရေစီကို ဆက်လက် ဖြည့်ဆည်းပေးရမည့် ပညာရေး အားနည်းမှုများကြောင့် မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ တဖြည်းဖြည်း ပွန်းပြတ်၊ ပြတ်သလို ဖြစ်ခဲ့ရသည်။ သည်လိုနှင့် နောက်ဆုံး ၁၉၆၂ နောက်ပိုင်းသို့ ရောက်သောအခါ ယိုယွင်းရုံမျှမက ပြိုလဲသည်ထိ ဖြစ်ခဲ့ရသည်။

ပြောရလျှင် မြန်မာနိုင်ငံ တည်ဆောက်ရေး စိန်ခေါ်ချက်မှာ နှစ်ပေါင်း ၅၀ ကျော် ဝေဒနာခံစားနေခဲ့ရသော နာတာရှည် လူမမာကြီးလို ဖြစ်နေပါတော့သည်။ ယနေ့ မြန်မာခေါင်းဆောင်များအနေနှင့် နိုင်ငံရေးအရ စိတ်အားထက်သန်မှု အပြည့်ရှိကြသော်လည်း လက်တွေ့ အကောင်အထည်ဖော်ရမည့် ပညာပိုင်းဆိုင်ရာ၊ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံပိုင်းတွင်မူ အကြီးအကျယ် လစ်ဟာလျက်ရှိနေသည်။ ဆိုရလျှင် မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ ယခုမှ တာထွက်ခါစ အလွန်နုနယ်သေးသော အနေအထားဟု ဆိုရပါလိမ့်မယ်။

(ခ) အမျိုးသားတည်ဆောက်ရေး (Nation Building)

အမျိုးသားတည်ဆောက်ရေး ဆိုရာတွင် မျှဝေလက်ခံထားသော သမိုင်း၊ ယဉ်ကျေးမှုဓလေ့၊ တန်ဖိုး၊ ဘာသာစကားနှင့် အမှတ်အသားသရုပ်တို့ဖြင့် စုစည်းပုံဖော်ကြရသည့် သဘောဖြစ်သည်။ တစ်နည်းဆိုရလျှင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ဥမကွဲသိုက်မပျက် စုစည်းနေထိုင်ကြမည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ကြရမည့် ဖြစ်စဉ်ဖြစ်သည်။ ကံမကောင်း အကြောင်းမလှစွာပင် ဤတာဝန်ကို ဒီမိုကရက်တစ် နည်းလမ်းတကျ မဖြေရှင်းနိုင်ရာမှာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ကြီးနှင့် ရင်ဆိုင်ခဲ့ရသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်တော့သည်။ မြန်မာ့ပြည်တွင်းစစ် သက်တမ်းမှာ နှစ်ပေါင်း ၆၀ နီးပါးဖြစ်ရာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး စစ်ပွဲတစ်ပွဲဟု ဆိုရပါလိမ့်မည်။

ယခုအခါ တိုင်းရင်းသားလူမျိုး လက်နက်ကိုင် ၁၁ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ပြီဖြစ်သည့်တိုင် အရေးကြီးသော “ကချင်လွတ်လပ်ရေးအဖွဲ့” (KIO)နှင့်မူ စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲ ရှိသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီးသော အဖွဲ့များနှင့်လည်း နိုင်ငံရေးအရ ဆက်လက်ညှိနှိုင်း ဆွေးနွေးကြရဦးမည်ဖြစ်ရာ အချိန်မရွေး သေနတ်သံ ပြန်ထွက်လာနိုင်သည့် အနေအထားဟု ဆိုရပါလိမ့်မည်။ ဆိုရလျှင် တည်ငြိမ်ခိုင်မာသော ငြိမ်းချမ်းရေးရဖို့ဆိုလျှင် ဆက်လက်လုံးပန်း အားထုတ်ကြရဦးမည် ဖြစ်ပါသည်။

သို့အတွက် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးရော အမျိုးသားတည်ဆောက်ရေးသည်ပါ အလွန်အကဲဆတ်သည့် အနေအထားတွင် ရှိနေဆဲဟူ၍သာ ဆိုရလိမ့်မည် ဖြစ်ပါသည်။

(ဂ) ရခိုင်အရေး (Sectarian Violence In Rakhine State)

ဤမျှ အရေးကြီးသည့် အခြေအနေမှာပင် နုနယ်သေးသော မြန်မာ့ဒီမိုကရေစီရေးအတွက် အလွန်ပြင်းထန်သော ရိုက်ချက်တစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမှုအုပ်စု(ကွန်မြူနတီ)နှစ်ခုကြား ဂိုဏ်းဂဏ အကြမ်းဖက်မှုများ ဖြစ်သည်။ အမှန်စင်စစ် ဤကိစ္စမှာ ရှောင်တခင်ဖြစ်ပေါ်လာသည်တော့ မဟုတ်ပါ။ သမိုင်းနှင့်ဆိုင်သလို ပထ၀ီနိုင်ငံရေး အဆက်အစပ်များနှင့်လည်း ပတ်သက်နိုင်ပါသည်။ သို့ဖြစ်လင့်ကစား သမိုင်းဇာစ်မြစ်များကို တူးဖော်ရသည်မှာ အငြင်းပွားဖွယ်ရာ များစွာရှိနိုင်သည်ဖြစ်ရာ ယခုလို သွေးပူနေချိန်မျိုးတွင် သဟဇာတဖြစ်ရေးထက် အာဃာတပွားစရာ ပိုများလိမ့်မည် ထင်သည်။ ဤသို့ဆိုသည်နှင့် သမိုင်းကို ရာဇ၀င်ထဲမှာ ထားလိုက်ဖို့ ဆိုလိုသည် မဟုတ်ပါ။ ပြဿနာ၏ ဇာစ်မြစ်များကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဆွေးနွေး အဖြေရှာကြရမည်သာ ဖြစ်ပါသည်။ သို့တစေ ယခုလောလောဆယ်တော့ မဟုတ်။ ပြန်လည်သွေးအေးသည့် အခြေအနေတွင် တည်ငြိမ်သော စိတ်နှလုံးဖြင့် ညှိနှိုင်းဆွေးနွေးကြသည်က ပို၍လျော်ကန် သင့်မြတ်လိမ့်မည်ဟု သဘောရပါသည်။

စာရေးသူအမြင်၊ ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်သာမက ပထ၀ီနိုင်ငံရေး ဆက်စပ်အခြေအနေများနှင့်လည်း နက်နက်ရှိုင်းရှိုင်း ပတ်သက်လေမည်လား စဉ်းစားမိသည်။ အထူးသဖြင့် “ထိစပ်နယ်မြေ” (Border Land) ပြဿနာကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ထင်သည်။

(ဃ) ထိစပ်နယ်မြေ (Borderland)

“ထိစပ်နယ်မြေ” ဆိုသည်မှာ သာမန်နယ်စပ်ဒေသ သက်သက်မျှမဟုတ်ပါ။ အိမ်နီးချင်းနိုင်ငံ နှစ်ခုကြားတွင်ရှိပြီး ပိုင်ဆိုင်မှုအကြိမ်ကြိမ် အပြောင်းအလဲရှိသော နယ်မြေများဖြစ်သည်။ သို့နှင့်အမျှ လူမျိုးရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့မျိုးစုံတို့ ရောယှက်နေတတ်သလို “အမျိုးသားရေးသစ္စာခံမှု” (National Loyalty) အမျိုးမျိုးရှိသော လူများလည်း ရှိနေတတ်သည်။ ဆိုရလျှင် တင်းမာမှုမျိုးစုံ အချိန်မရွေး ပေါ်ထွက်နိုင်သည့် အနေအထားမျိုး ဖြစ်ပါသည်။

“နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ သမားရိုးကျ ရွှေ့ပြောင်းနေထိုင်မှု” (Coventional Immigration)နှင့် ထိစပ်နယ်မြေအတွင်း လူရွှေ့ပြောင်းနေထိုင်မှုများမှာ သဘောသဘာဝချင်း တူကြသည် မဟုတ်ပါ။ သာမန် ရွှေ့ပြောင်းနေထိုင်သူများမှာ အမိမြေကို အပြီးတိုင်ကျောခိုင်းပြီး နယ်မြေသစ်တွင် သဟဇာတဖြစ်အောင် နေကြရသည့်သဘော ရှိသည်။ ပြဿနာမရှိ။ ထိစပ်နယ်မြေအတွင်း အခြေချ နေထိုင်ကြသူများမှာ အမိမြေနှင့် လုံးဝအဆက်ပြတ်သွားသည် မဟုတ်။ အမိမြေနှင့် မူလအသိုင်းအ၀ိုင်းဟောင်းကို ဆွဲဆန့်လိုက်သည့် သဘောပင်ရှိသည်။ ထို့ထက် နိုင်ငံနယ်နိမိတ်များမှာ နိုင်ငံရေးကိုသာ ကိုယ်စားပြုနိုင်ပြီး စီးပွားရေး၊ ယဉ်ကျေးမှုရေးတို့ကို ကိုယ်စားပြုနိုင်သည်မဟုတ်။ သို့နှင့်အမျှ သစ္စာခံမှုမှာ ထွေပြားနိုင်သလို အပြောင်းအလဲလည်း များနိုင်ပေသည်။

ပြင်သစ်နှင့် ဂျာမနီကြားရှိ အဲလဆက်နှင့် လော်ရိန်းဒေသ (ဒုတိယကမ္ဘာစစ် ဖြစ်ပွားစေသည့် လတ်တလော အကြောင်းရင်းတစ်ခု)၊ အိန္ဒိယနှင့် ပါကစ္စတန်ကြားရှိ ကက်ရှမီးယားဒေသ (ဤနေရာတွင် နှစ်နိုင်ငံ နယ်စပ်စစ်ပွဲဖြစ်ခဲ့)၊ ဆားဘီးယားနှင့် အယ်လ်ဘေးနီးယားကြားရှိ ကိုဆိုဗိုဒေသ (ကိုဆိုဗိုစစ်ပွဲ၏ စစ်တလင်း)တို့မှာ ပြဿနာများစွာ တက်ခဲ့ဖူးသော ထိစပ်နယ်မြေများဖြစ်သည်။ အလားတူ ယူကေနှင့် အိုင်ယာလန်ကြားရှိ မြောက်ပိုင်းအိုင်ယာလန်၊ ယူအက်စ်မက္ကဆီကို နယ်နိမိတ် တစ်လျှောက်တို့မှာလည်း အချိန်မရွေးဆိုသလို မီးခိုးအူနေသော ထိစပ်နယ်မြေများပင် ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောဒေသမှာ ဆိုခဲ့ပါ ထိစပ်နယ်မြေလက္ခဏာများ ရှိနေသည်ဖြစ်ရာ ပြဿနာ၏ ဇာစ်မြစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့ လိုလိမ့်မည်ထင်ပါသည်။ အကျော်ဒေးယျ အနာဂတ္တိဆရာတစ်ဦးဖြစ်သူ ဂျော့ဖရိုင်းမင်းက အဆိုပါ ထိစပ်နယ်မြေများကို “ပထ၀ီနိုင်ငံရေး အန္တရာယ်လမ်းကြောင်းများ” (Geopolitical Fault Lines)အဖြစ် သတ်မှတ်သည်။

၃။ ဘာလုပ်ကြမည်နည်း (What is to be done?)

ပြဿနာမှာ နက်ရှိုင်းထွေပြားသော ဇာစ်မြစ်မျိုးစုံ ရှိနိုင်သည်ဖြစ်ရာ နေ့ချင်းညချင်း အပြီးသတ် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါချေ။ ဤသို့တပြီကား- ဘာလုပ်ကြမည်နည်း။ ဤနေရာတွင် ကျမ်းမြတ်ကိုရာမ်၏ သင်ကြားချက်အချို့ကို အကိုးအကား ပြုလိုပါသည်။

ယခုလို--

“မည်သူပင်ဖြစ်စေ အပြစ်မဲ့သူကိုသတ်လျှင် လူသားတစ်ရပ်လုံးကို သတ်ဖြတ်ခြင်းမည်ပေ၏”။

“မည်သူပင်ဖြစ်စေ လူတစ်ယောက်ကို ကယ်တင်လျှင် လူသားတစ်ရပ်လုံးကို ကယ်တင်ရာမည်ပေ၏”။ ကျွန်တော်တို့အနေဖြင့် ကျမ်းမြတ်ကိုရာမ်၏ အထက်ပါ မိန့်မှာချက်အတိုင်း ပုံသဏ္ဌာန်မျိုးစုံ သတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ရပါလိမ့်မည်။ ပုံသဏ္ဌာန်မျိုးစုံ ကယ်ဆယ်ရေး လုပ်ငန်းများကို တစ်ခဲနက် ဆောင်ရွက်ကြရပါလိမ့်မည်။ အမုန်းမီးပွားများဖြင့် ပူလောင်တင်းမာနေကြသော လူမှုအုပ်စုနှစ်ခုကို ပြန်လည်ရင်ကြားစေ့ ပေးရပါလိမ့်မည်။ အာဃာတအနေအထားကို သဟဇာတအခြေဆိုက်အောင် ၀ိုင်းဝန်းကြိုးပမ်းကြရပါလိမ့်မည်။ ဤသည်သာ ဘာသာတရားမျိုးစုံက ကောင်းချီးပေးကြမည့် နတ်လူသာဓုခေါ်စေမည့် အပြုအမူဖြစ်ပါသည်။

(က) ရင်ကြားစေ့ရေးနှင့် သဟဇာတမျှရေး (Reconciliation and Harmony)

ကိုလံဘီယာ၊ ဆိုမာလီယာ နစ်ကာရာဂွါ၊ မြောက်အိုင်ယာလန် စသည့်ဒေသများ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းများကို ဦးဆောင်ခဲ့သည့် ဂျွန်ပေါလ်လီဒါအက်ခ်ျ၏ အလိုအရ ပြန်လည်ရင်ကြားစေ့ရေး ဆိုသည်မှာ မှန်ကန်မှုနှင့်စာနာမှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့ပေါင်းစုံရာဟု ဆိုပါသည်။ (Reconciliation is the place where 'Truth' and 'Mercy', 'Justic' and 'peace', met.) ပုံနှင့် ယှဉ်တွဲစဉ်းစားဖို့ဖြစ်သည်။

ဤသို့သော ပြန်လည်ရင်ကြားစေ့နိုင်မည့် အခြေအနေရပြီဆိုလျှင် “လူမှုသဟဇာတမျှရေး” (social harmony)သို့ အသေအချာ ဦးတည်နိုင်ပါလိမ့်မည်။ ဤနေရာတွင် လူသားထုအတွက် ကံကောင်းလှသည်မှာ အစ္စလာမ်၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ စသော ကမ္ဘာ့ဘာသာတရားတိုင်းတွင် လူမှုသဟဇာတမျှရေးသို့ ဦးတည်စေသည့် “အပြုသဘောဆောင်သော မျှဝေတန်ဖိုးများ” (positive shared values) ရှိနေခြင်းပင်ဖြစ်သည်။ ဤသည်တို့မှာ “ခန္တီ” (tolerance)၊ “မေတ္တာ” (love/ kindness)၊ “ကရုဏာ” (honesty)နှင့် “အနာဂတ်မျိုးဆက်များအတွက် ကောင်းရာကောင်းကြောင်း” (welfare of future generation)တို့ ဖြစ်ပါသည်။

ခန္တီဆိုသည်မှာ ဆန့်ကျင်ဘက် ရပ်ခံမှုများကို ခွင့်ပြုနိုင်လောက်သော ရင့်ကျက်မှုကို ဆိုလိုရင်းဖြစ်သည်။ မေတ္တာမှာ “အရှုံးအနိုင် အဖြေထွက်စေသော ဆက်ဆံရေး” (zero-sum)မဟုတ်။ “နှစ်ဖက်အနိုင်ရစေမည့် ဆက်ဆံရေး” (win-win)မျိုးဖြစ်သည်။ ကရုဏာဆိုသည်မှာ ဒုက္ခရောက်နေသူများအပေါ် စာနာစိတ်ဖြင့် ကူညီလိုမှုကို ဆိုလိုသည်။ ရိုးသားမှုကား လူမှုဆက်ဆံရေး အားလုံးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ပင်။ အနာဂတ် မျိုးဆက်များအတွက် ကောင်းရာကောင်းကြောင်းဆိုသည်မှာ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်ဖို့ဖြစ်သည်။ ဤသို့သော အပြုသဘောဆောင်သည့် မျှဝေဖန်ဖိုးများကိုသာ လက်ခံကျင့်သုံးနိုင်ပြီဆိုလျှင် မည်သို့သော ပြဿနာမျိုးပင်ဖြစ်စေ ထက်ဝက်မက ဖြေရှင်းပြီးသား ရောက်ပါလိမ့်မည်။

(ခ) လတ်တလောမှ ရေရှည်သို့ (From currnet to long-term)

ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲများအတွင်း နှစ်ဖက်လူမှုအုပ်စုများ၏ စိတ်ခံစားမှုနှင့် စိုးရိမ်မကင်းဖြစ်ရမှုများကို အထိုက်အသင့် ဆ၀ါးခွင့်ရခဲ့ရာ စာရေးသူအတွက်တော့ “အမြတ်”ပင် ဖြစ်သည်။ ရခိုင်တိုင်းရင်းသားများက မိမိတို့၏ အမှတ်အသားသရုပ်နှင့် နယ်မြေလုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြဟန်ရှိသည်။ အလွန်သဘာဝကျသော စိုးရိမ်မှုဟု သဘောရပါသည်။ “နိုင်ငံသားဖြစ်မှု အခွင့်အရေး” (right to citizenship)ဆိုသော တစ်ဖက်အုပ်စုမှ မိတ်ဆွေများ၏ ဆန္ဒကိုလည်း ကြားနာခွင့်ရခဲ့ပါသည်။

ဤကိစ္စနှင့် ပတ်သက်လျှင် တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ရေရှည်ဆွေးနွေး အဖြေရှာကြရမည် ထင်ပါသည်။ ဤနေရာတွင် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအပေါ် ဝေဖန်ကြသည်များလည်း ရှိသည်။ တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ဖို့ဆိုသည်မှာ ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်လမ်းကြောင်းမှ သွားကြရမည်ဖြစ်ရာ ကာလတစ်ခု အချိန်ယူကြရပါလိမ့်မည်။ “လူမျိုးစုအခွင့်အရေး” (ethnic right)ဆိုလျှင်ကား ပို၍အချိန်ယူရဦးမည့်သဘော ရှိမည်ထင်သည်။ ဤပြဿနာမှာ ရခိုင်ပြည်နယ်အရေး သက်သက်မျှမဟုတ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ခုလုံး၏ “စုပေါင်းအမှတ်အသားသရုပ်”နှင့် တိုက်ရိုက် ဆက်စပ်နေသည်ကို သတိချပ်ကြဖို့ လိုပါလိမ့်မည်။

ပဋိပက္ခသဘောဆောင်နေသော လူမှုအုပ်စုနှစ်ရပ်လုံး၏ ယခု လောလောဆယ် တူညီသောဆန္ဒသည်ကား လုံခြုံရေးနှင့် အသက်ဆက်ရှင်သန်ရေးဟု နားလည်ရပါသည်။ ဤသည်ပင် နှစ်ဖက်လုံး၏ “ဘုံတူညီချက်” (common ground) ဖြစ်လေရာ ဤနေရာမှ အစပြုကြရလိမ့်မည်ဟု သဘောရပါသည်။ တူတာတွဲလုပ်ရင်း မတူညီမှုများကို ညှိနှိုင်းအဖြေရှာကြခြင်းသည်ပင် ဒီမိုကရေစီ၏ အလှတစ်ပါး မဟုတ်ပါလော။

နိဂုံး (Conclusion)

ယခုစာစုကို ဒီမိုကရက်တိုင်ဇေးရှင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် ပညာလောကမှ သိမှတ်လက်ခံထားသော ပညာရှင်တစ်ဦးဖြစ်သူ တောမတ်ကရိုသာ၏ စကားဖြင့် နိဂုံးချုပ်လိုပါသည်။ (ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ တစ်လအလိုလောက်က ကရိုသာကိုယ်တိုင် မြန်မာနိုင်ငံသို့ ရောက်ခဲ့ဖူးသည်။) သူက စိန်ခေါ်ချက်များဖြင့် ပြည့်လျှမ်းနေသော မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ထင်သာမြင်သာရှိသော ဥပမာဖြင့် ယခုလို သုံးသပ်ဖော်ပြခဲ့သည်။

“သွားရမယ့်ခရီးက တစ်ဖက်တစ်ချက်မှာ ချောက်ကမ်းပါးကြီးတွေရှိနေတဲ့၊ တံတားအို၊ တံတားကျဉ်း။ မောင်းလာရတဲ့ကားက ချုံးချုံးကျနေတဲ့ ကားအိုကားဟောင်း၊ ဒီကြားထဲ ကားပေါ်ပါလာတဲ့ ခရီးသည်တွေက အချင်းချင်း ရန်ဖြစ်နေကြတာ...” စသဖြင့်။ ဤမျှ အခြေအနေဆိုးလှသော ခရီးကို ဤလိုယိုယွင်းနေသော ကားကြီးဖြင့် ဤသို့ ရန်ဖြစ်နေကြသော ခရီးသည်များ တင်ဆောင်မောင်းနှင်နေရသော ဒရိုင်ဘာထိုင်ခုံထက်မှ အစိုးရ၏ အခက်အခဲကို အလွယ်တကူပင် မှန်းဆနိုင်ပါလိမ့်မည်။ မောင်းနှင်နေသောကားကြီး အင်ဂျင်ကောင်းဖို့၊ ရှော့ဘားပြင်ဖို့ အထူးအရေးကြီးသလို (နိုင်ငံတည်ဆောက်ရေး) ရှေ့ဆက်ရမည့် ခရီးဖြစ်သည့် တံတားအိုကြီး လုံခြုံစိတ်ချရဖို့ (အမျိုးသားတည်ဆောက်ရေး)လည်း အထူးအရေးကြီးသည်။ ဤလုပ်ငန်းတာဝန်နှစ်ရပ်ကို အောင်မြင်စွာ ထမ်းဆောင်ဖို့ဆိုလျှင် ကားပေါ်တွင်ပါလာသော ခရီးသည်အားလုံး (နိုင်ငံသားဖြစ်စေ၊ နိုင်ငံသားမဟုတ်သည်ဖြစ်စေ တိုင်းရင်းသားဖြစ်စေ၊ တိုင်းရင်းသားမဟုတ်သည်ဖြစ်စေ) ရန်ဖြစ်နေလို့ မဖြစ်ပါ။ ညီညွတ်သင့်မြတ်ပါမှ ရှေ့ခရီး အန္တရာယ်ကင်းပါလိမ့်မည်။

ဤသို့သော အရပ်ရပ်အခြေအနေကို ထောက်ချင့်ပြီးသကာလ မြန်မာ့ဒီမိုကရေစီရေးကို ဗူးလေးရာ ဖရုံမဆင့်စေဘဲ နားလည်မှုအပြည့်ဖြင့် ၀ိုင်းဝန်းကူညီ အားဖြည့်ပေးကြဖို့ မိတ်ဆွေအားလုံး (အထူးသဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း)ကို မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

စာပြီးနေ့
၂၈၊ စက်တင်ဘာ၊ ၂၀၁၂
http://7daynewsjournal.com/article/7794


ဘကြီးသက်
Unknown at 9:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မျက်စေ့အောက် မျက်စေ့မှောက်နေမှု

  ငွေကြေးများစွာ အကုန်အကျခံပြီး တည်ဆောက်ထားတဲ့ မော်လမြိုင်၊ သံလွင်တံတားကြီး၊ ဓာတ်ပုံ- Asean talk.com
အထက်က တံတားကြီးနဲ့ မတူကွဲပြား ခြားနားတဲ့ နေပြည်တော်နဲ့ အနီးဆုံးနေရာက မဖွံ့ဖြိုးမှုကို ပြသနေတဲ့ သတင်းတပုဒ်ပါ။  မျက်စေ့အောက်မှာ မျက်စေ့မှောက်နေပုံရလို့ နိုင်ငံ ပိုင် သတင်းစာရဲ့ သတင်းစာ ဆရာက သတင်းလုပ် တင်ပြထားတယ်ထင်ပါတယ်။ သတင်းမှာ ဖော်ပြထားချက်အရ တံတား တစင်း ဖွင့်ပွဲပါ။

ကျေးရွာသူ ရွာသားတွေရဲ့ စုစည်းငွေကြေးနဲ့ ကိုယ်ထူကိုယ်ထ ဆိုတာလည်း ဖော်ပြထားပါတယ်။ 
နေပြည်တော် ဇဗ္ဗူသီရီ မြို့နယ် ၀ဲကြီးရွာနားက ဆင်သေချောင်းကို ကူးဆက်ထားတဲ့ အမည်နာမကလည်း ၀ဲကြီး- မေတ္တာပေါင်းကူးတံတားပါတဲ့။ ဒေသခံ ပြည်သူတွေရဲ့ မင်းနေပြည်တော် အကူအညီ မပါပဲ မေတ္တာ ချင်း ချိတ်ဆက်ပြီး တည်ဆောက်ထားကြတဲ့ တံတားပါ။
နိုင်ငံတော် ဆိုတာကြီးက နေပြည်တော် မြို့တော်ကြီးကို ငွေကြေး အမေရိကန် ဒေါ်လာ ဘီလျံနဲ့ချီပြီး အကုန်အကျခံတည် ဆောက်ခဲ့ပြီး အခုလို ဒေသမှာ အရေးပါတဲ့ တံတားတစင်းအတွက် မေ့လျော့နေတယ် ထင်ပါတယ်။ 
ဒီလိုမျိုးအဖြစ်အပျက်တွေက တကယ်တော့ နေပြည်တော်နဲ့ နီးရာမှာရော၊ ဝေးရာမှာပါ နိုင်ငံ အနှံ့ မှာ ဖြစ်နေတာကို သတိရှိရှိ ပြုပြင်တည်ဆောက်ဖို့ လိုအပ်နေတာပါ။
မြန်မာပြည်အနှံ့ အခြေခံ အဆောက် အအုံ လိုအပ်ချက်တွေ အမြန်ဆုံးပြည့်မှီအောင်တည်ဆောက်နိုင်ပါစေ လို့တော့ ဆုတောင်း ပေးရုံမှလွှဲပြီး……။
irrawaddy

ဘကြီးသက်
Unknown at 9:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အရပ်သား စစ်သတင်းထောက်များ လက်ခံနေကြောင်း သတင်းရရှိ





 စစ်တပ်၏ မီဒီယာကဏ္ဍအား အဆင့်မြှင့်တင်မှု အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများနှင့် ပြည်နယ်များတွင် ဖြစ်ပွားလျှက်ရှိသော ဖြစ်စဉ် အခြေအနေများနှင့် တိုက်ပွဲသတင်းများအား ပြည်သူများ အချိန်နှင့် တပြေးညီ သိရှိစေရေးအတွက် အရပ်သား စစ်သတင်းထောက်များအား အလိုရှိကြောင်း သိရှိရသည်။ လျှောက်ထားသူ စစ်သတင်းထောက် များအနေဖြင့် နယ်မြေဒေသများသို့ အချိန်မရွေး သွားရောက် တာဝန် ထမ်းထောင်နိုင်သူ ဖြစ်ရမည်ဖြစ်ပါသည်။ ထို့နောက် သတင်းနှင့် ဖြစ်စဉ်များအား အချိန်နှင့် တပြေးညီ တင်ပြရမည် ဖြစ်ပြီး တာဝန်သိသူ၊ အလုပ်ကြိုးစားသူ၊ တာဝန်နှင့် ဝတ္တရားများအား စစ်သားများကဲ့သို့ လေးစားလိုက်နာနိုင်သူ ဖြစ်ရမည်ဟု သိရှိရသည်။ လစာနှင့် ခံစားခွင့်များအနေဖြင့် စစ်သားများ၏ လစာနှုန်းထားအတိုင်း ပေးဆောင်သွားမည် ဖြစ်ပြီး ဆုံးရှုံးနစ်နာမှုများ အတွက်လည်း စစ်သားများ၏ နှုန်းထားအတိုင်း ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

စစ်သားများ၏ ခံစားခွင့်နှင့် ဆုံးရှုံးနစ်နာမှုများအတွက် သတ်မှတ်နှုန်းထား များ ကတော့ 
၁။ ခြေ၊ လက် ဆုံးရှုံးရပါက - ၃၀၀၀၀၀ ( ၃ သိန်း) ကျပ် 
၂။ အသက် ဆုံးရှုံးရပါက - ၈၀၀၀၀၀ ( ၈ သိန်း) ကျပ် 

တို့ ဖြစ်ပါတယ်။ အစမ်းခန့်မည့် သူများအနေဖြင့် နိုင်ငံခြားသို့ UN ၏ အကူအညီဖြင့် ပညာသင်စေ လွှတ်သွားမည် ဖြစ်ကြောင်း နှင့် စေလွှတ်မည့် နိုင်ငံများကတော့ ဆီးရီးယား၊ အီရတ်၊ လစ်ဗျားနှင့် အာဖဂန် တို့ဖြစ်ကြောင်း သတင်းရရှိ ပါတယ်။ 


အရပ်သား စစ်သတင်းထောက်အနေဖြင့် တာဝန်ထမ်းဆောင်လိုပါက ဆက်သွယ် ရမည့် လိပ်စာကတော့ နီးစပ်ရာ စစ်တပ်ကို ဝင်ရောက် သတင်းပေးပို့နိုင်တယ်လို့ သိရှိရပါတယ်။ 


Myanmar Express

ဘကြီးသက်
Unknown at 9:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.