ငွေကြေးများစွာ အကုန်အကျခံပြီး တည်ဆောက်ထားတဲ့ မော်လမြိုင်၊ သံလွင်တံတားကြီး၊ ဓာတ်ပုံ- Asean talk.com
အထက်က တံတားကြီးနဲ့ မတူကွဲပြား ခြားနားတဲ့ နေပြည်တော်နဲ့ အနီးဆုံးနေရာက မဖွံ့ဖြိုးမှုကို ပြသနေတဲ့ သတင်းတပုဒ်ပါ။ မျက်စေ့အောက်မှာ
မျက်စေ့မှောက်နေပုံရလို့ နိုင်ငံ ပိုင် သတင်းစာရဲ့ သတင်းစာ ဆရာက သတင်းလုပ်
တင်ပြထားတယ်ထင်ပါတယ်။ သတင်းမှာ ဖော်ပြထားချက်အရ တံတား တစင်း ဖွင့်ပွဲပါ။
ကျေးရွာသူ ရွာသားတွေရဲ့ စုစည်းငွေကြေးနဲ့ ကိုယ်ထူကိုယ်ထ ဆိုတာလည်း ဖော်ပြထားပါတယ်။
နေပြည်တော် ဇဗ္ဗူသီရီ မြို့နယ် ၀ဲကြီးရွာနားက ဆင်သေချောင်းကို ကူးဆက်ထားတဲ့
အမည်နာမကလည်း ၀ဲကြီး- မေတ္တာပေါင်းကူးတံတားပါတဲ့။ ဒေသခံ ပြည်သူတွေရဲ့
မင်းနေပြည်တော် အကူအညီ မပါပဲ မေတ္တာ ချင်း ချိတ်ဆက်ပြီး တည်ဆောက်ထားကြတဲ့
တံတားပါ။
နိုင်ငံတော် ဆိုတာကြီးက နေပြည်တော် မြို့တော်ကြီးကို ငွေကြေး အမေရိကန်
ဒေါ်လာ ဘီလျံနဲ့ချီပြီး အကုန်အကျခံတည် ဆောက်ခဲ့ပြီး အခုလို ဒေသမှာ အရေးပါတဲ့
တံတားတစင်းအတွက် မေ့လျော့နေတယ် ထင်ပါတယ်။
ဒီလိုမျိုးအဖြစ်အပျက်တွေက တကယ်တော့ နေပြည်တော်နဲ့ နီးရာမှာရော၊ ဝေးရာမှာပါ
နိုင်ငံ အနှံ့ မှာ ဖြစ်နေတာကို သတိရှိရှိ ပြုပြင်တည်ဆောက်ဖို့
လိုအပ်နေတာပါ။
မြန်မာပြည်အနှံ့ အခြေခံ အဆောက် အအုံ လိုအပ်ချက်တွေ အမြန်ဆုံးပြည့်မှီအောင်တည်ဆောက်နိုင်ပါစေ လို့တော့ ဆုတောင်း ပေးရုံမှလွှဲပြီး……။
irrawaddy
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge