Saturday, September 29, 2012

Google Maps ရဲ့ တစ်ချို့အစိတ်အပိုင်းတွေ ပုံရိပ်ဖော်ပြမှု နည်းပညာမြှင့်တင်



 
Google ဟာ ကမ္ဘာတစ်ဝှမ်းမှာ ပေါ်ပြုလာဖြစ်လှတဲ့ သူ့ရဲ့ Google Maps ရဲ့ တစ်ချို့အစိတ်အပိုင်းတွေမှာ ပုံရိပ်ဖော်ပြမှု နည်းပညာကို မနေ့က အဆင့်မြှင့်တင်ခဲ့ပါတယ်။ ပုံရိပ်ဖော်ပြမှုမှာ Map ပေါ်ရှိ ကြည့်ရှုလိုသည့် ဧရိယာများကို လေးဆယ့်ငါးဒီဂရီမြင်ကွင်းအထိ ကြည့်ရှုနိုင်မှာဖြစ်ပြီး နိုင်ငံပေါင်း ၁၁၂ နိုင်ငံနှင့် မြို့ပေါင်း ၅၁ မြို့အတွက် အဆင့်မြှင့်တင်ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက မြို့ပေါင်း ၃၇ မြို့ပါဝင်မှာဖြစ်ပြီး အခြား ထင်ရှားတဲ့ အီတလီမှ ပီစာမျှော်စင်၊ ကနေဒါမှ Fork ဟိုတယ် စတာတွေ ပါဝင်ပါတယ်။ Google ဟာ ဒီအဆင့်မြှင့်တင်မှုအတွက် အထင်ကရနေရာတွေကို အဓိကထား ဖော်ပြပေးခဲ့ပြီး လူသိများတဲ့ မြို့တွေကိုလည်း ဖော်ပြပေးခဲ့ပါတယ်။ Google ရဲ့ ဒီအဆင့်မြှင့်တင်မှုဟာ Apple အတွက် သတိထားရမယ့်ကိစ္စတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ အကြောင်းက Apple ဟာ Google Maps ကို တော်လှန်ဖို့ iOS 6 မှာ သူ့ကိုယ်ပိုင် Map Application ကို ထည့်သွင်းပေးခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အဲဒီ့ Application ဟာ ဖော်ပြရာနေရာမတိကျမှု၊ နေရာတွေကို မှားယွင်းဖော်ပြမှု စတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီ့ပြဿနာတွေအတွက် Apple ရဲ့ လက်ရှိ CEO ဖြစ်တဲ့ Tim Cook ကတော့ "world-class products that deliver the best experience possible to our customers" ဆိုတဲ့ Apple ဆောင်ပုဒ်နဲ့ လျော်ညီရလေ အောင် သူတို့ရဲ့ Map Application ကို ပြန်လည်ပြုပြင်ပေးပါမယ်ဆိုတဲ့အကြောင်းကို ဖော်ပြခဲ့ပါတယ်။ အဲဒီလို ပြုပြင်နေဆဲကာလမှာလည်း Google တို့၊ Nokia တို့ရဲ့ Map Application တွေကို အသုံးပြုနိုင်ပါကြောင်းကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ ref: Don Reisinger – “As Apple says sorry, Google Maps gets a little better”

ဘကြီးသက်
Unknown at 12:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လာမည့်ပညာသင်နှစ်တွင် အလယ်တန်းအဆင့်ထိ အင်္ဂလိပ်စကားပြော သင်တော့မည်

Photo: လာမည့်ပညာသင်နှစ်တွင် အလယ်တန်းအဆင့်ထိ အင်္ဂလိပ်စကားပြော
သင်တော့မည်


၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့တွင် အင်္ဂလိပ်စကားပြော သင်ခန်းစာကို စတင်ထည့်သွင်း သင်ကြားကြရတော့မည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ထိုသို့ သင်ကြားနိုင်ရန် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ယခု ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်က အင်္ဂလိပ်စကားပြော သင်ခန်းစာတို့ကို ဦးဆောင်တည်းဖြတ်ခဲ့ပြီး၊ လာမည့် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအား ဖြန့်ဝေနိုင်ရန် ပုံနှိပ်ပြီးဖြစ်သည်ဟု သိရှိရသည်။ အခြေခံပညာ အထက်တန်းအဆင့်တွင်မူ လတ်တလော၌ အင်္ဂလိပ်စာ၊ စကားပြောသင်ခန်းစာအား ထည့်သွင်းမထားကြောင်း လာမည့် ပညာသင်နှစ်အတွက် မူလတန်းအဆင့်ကို အခမဲ့ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ “အင်္ဂလိပ်စာ တတ်မြောက်မှု စွမ်းရည်တွေကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးတဲ့သဘော ရည်ရွယ်မှုတွေနဲ့ အခုလို လုပ်ဆောင်တာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ အင်္ဂလိပ်စကားပြော သင်ခန်းစာသင်ရန် အခြေခံပညာကျောင်းတို့တွင် စာသင်ချိန် တစ်ချိန် သီးသန့်ထည့်သွင်းရမည်ဖြစ်ပြီး၊ ဆရာ၊ ဆရာမများ သင်ကြားပေးနိုင်ရန်လည်း လုပ်ဆောင်သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။


News from : International Social Network Myanmar
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)

၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့တွင် အင်္ဂလိပ်စကားပြော သင်ခန်းစာကို စတင်ထည့်သွင်း သင်ကြားကြရတော့မည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ထိုသို့ သင်ကြားနိုင
်ရန် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ယခု ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်က အင်္ဂလိပ်စကားပြော သင်ခန်းစာတို့ကို ဦးဆောင်တည်းဖြတ်ခဲ့ပြီး၊ လာမည့် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအား ဖြန့်ဝေနိုင်ရန် ပုံနှိပ်ပြီးဖြစ်သည်ဟု သိရှိရသည်။ အခြေခံပညာ အထက်တန်းအဆင့်တွင်မူ လတ်တလော၌ အင်္ဂလိပ်စာ၊ စကားပြောသင်ခန်းစာအား ထည့်သွင်းမထားကြောင်း လာမည့် ပညာသင်နှစ်အတွက် မူလတန်းအဆင့်ကို အခမဲ့ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ “အင်္ဂလိပ်စာ တတ်မြောက်မှု စွမ်းရည်တွေကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးတဲ့သဘော ရည်ရွယ်မှုတွေနဲ့ အခုလို လုပ်ဆောင်တာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ အင်္ဂလိပ်စကားပြော သင်ခန်းစာသင်ရန် အခြေခံပညာကျောင်းတို့တွင် စာသင်ချိန် တစ်ချိန် သီးသန့်ထည့်သွင်းရမည်ဖြစ်ပြီး၊ ဆရာ၊ ဆရာမများ သင်ကြားပေးနိုင်ရန်လည်း လုပ်ဆောင်သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။


News from : International Social Network Myanmar
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)

ဘကြီးသက်
Unknown at 12:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကေအိုင်အေ ကောက်ကြောင်းကို အတွင်းသိ တစ်ဦးဖောက်ချလိုက်ပြီ




ကချင်ပြည်နယ်မှာ KIA ကြောင့်ဖြစ်နေတဲ့ လက်ရှိဒုက္ခတွေကို တစ်ကယ်တမ်း နဖူးတွေ့ဒူးတွေ့ ခံစားနေရသူ တစ်ဦးအတွက် လုံးဝသည်းမခံနိုင်တော့လို့ ရေးရခြင်းဖြစ်ပါတယ်။ ဒါက ကျွန်တော့လို ခံစားနေ ရသူတွေအားလုံးနဲ့ ကချင်လူထုအားလုံးရဲ့ ကိုယ်စားဖြစ်ပါတယ်။ KIA ဆိုလို့ ကချင်တိုင်းရင်းသားတွေနဲ့ ယှဉ်တွဲမမြင်မိဖို့ ကြိုပြောချင်ပါတယ်။ KIA ဟာ ကျွန်တော်တို့ ကချင်ပြည်နယ်၊ ကချင်လူထုရဲ့ ကိုယ်စားပြု အဖွဲ့မဟုတ်ပါဘူး။ ရောထွေးပြီးမြင်ရင် ကချင်လူမျိုးတွေဟာ KIA လို ရက်စက်တတ်သူတွေပဲ လို့အထင် ခံရမှာ ကျွန်တော်အဖြစ်မခံနိုင်ပါဘူး။

 KIA ဆိုတာ စစ်သွေးကြွအဖွဲ့တစ်ခု...

 ပဲလို့ ခင်ဗျားတို့ နားလည်လိုက်ပါ။ ရှင်းရှင်းပြောရရင် KIA ဆိုတာ လိုင်ဇာမှာနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မျှသာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့က လက်နက်အားကိုးနဲ့ ကချင်ပြည်နယ်ထဲမှာ အကြမ်းဖက်တဲ့အလုပ်တွေ အကြီးအကျယ်လုပ်နေတယ်။ ဒီလိုခွဲခြားသိမြင်မှသာ KIA နဲ့ ကချင်လူမျိုးဘာမှ မဆိုင်ဘူးဆိုတာ ကွဲပြားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ KIA ငြိမ်းချမ်းရေးယူတာ ၁၉၉၄ ။ အခု တိုက်ပွဲတွေပြန်ဖြစ်ခဲ့တာ ၂၀၁၁ ။ အေးချမ်းနေခဲ့တာ ၁၇ နှစ်။ အဲ့ဒီတော့ KIA ဟာ ၁၉၉၄ မတိုင်ခင် ဘာတွေလုပ်ခဲ့လဲ ... စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ထားတဲ့ ဆယ်စုနှစ် နှစ်ခုစာလောက်မှာ ဘာတွေလုပ်ခဲ့လဲ ... အခုဘာတွေလုပ်နေလဲ ... နောင်ရောဘာတွေလုပ်မှာလဲ ... ကျွန်တော်တို့ ကချင်တွေဘာလုပ်ကြမလဲ ... ဒီလိုခွဲခြားပြီး စဉ်းစားကြည့်ရအောင်ပါ။ 

နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးမလုပ်ခင်ကာလ ...

 KIA ထဲမှာ ဂျိမ်းဖောလူမျိုးကြီးဝါဒအစွဲတွေနဲ့ အချင်းချင်းလုပ်ကြံကြ၊ သတ်ဖြတ်ကြ၊ နေရာလုကြ၊ ခွဲထွက်ကြနဲ့၊ အကျင့်စာရိတ္တပိုင်းမှာလဲ လူမှုရေးဖောက်ပြန်တဲ့ ခေါင်းဆောင်တွေ ကြီးစိုးခဲ့ဖူးတယ်။ ဥပမာ- ဇော်တူးက တော်လှန်ရေးကာလမှာ မိန်းမ မယူရဘူးလို့ သူကိုယ်တိုင်ထုတ်ခဲ့တဲ့အမိန့်ကို သူကိုယ်တိုင်ဖောက်ဖျက်ပြီး ရဲမေ လော့ခိုင်လုအွန် ကို ခြေတော်တင်တယ်။ သိမ်မကြာခင်နောက်ထပ် ရဲမေတစ်ယောက် ဆိုင်းတောင်ကို ထပ်ယူတယ်။ သူ့လိုပဲ ပုံရွှေဇော်ဆိုင်းက ရဲမေလုဆိုင်ကို မယားငယ်အဖြစ် ပေါင်းသင်းလိုက်တယ်။ ခေါင်းဆောင် ကြီး ဇော်ဆိုင်း ကတော့ အဖွဲ့ပိုင်ငွေကြေးသိန်းပေါင်းများစွာကို အလွဲသုံးစားလုပ်ပြီး ထိုင်းမှာပဲ ဇိမ်ခံ နေခဲ့တယ်။ ဒီလိုခေါင်းဆောင်တွေနဲ့ စတင်ခဲ့တဲ့ KIA ပဲဖြစ်ပါတယ်။ ဒီသုံးယောက်လုံး လက်အောက်ငယ်သားတွေ သတ်လို့သေခဲ့တယ်။ အဲဒါ KIA ရဲ့ အာဇာနည်နေ့ပဲ။ 

ငြိမ်းချမ်းရေးလုပ်ထားတဲ့ကာလ ... 

ကချင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေ ရာတွေ၊ လူနေမှု အဆင့်အတန်းနိမ့်ပါးတဲ့နေရာတွေ အများကြီးရှိပါတယ်။ ပညာရေး၊ ကျန်းမာရေး စတာတွေမှာ ကချင်လူမျိုးတွေအပေါ် တိုးတက်ကောင်းမွန်အောင် လုပ်ပေးခဲ့သင့်ပါတယ်။ KIA ရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေက ဆက်ကြေးကောက်ပြီး တရုတ်ဘက်မှာ ဟိုတယ်ဆောက်ဖို့ပဲသိကြတယ်။ ဖားကန့်ကကျောက်တွင်းတွေကို ချယ်လှယ်ပြီး တန်ဖိုးကြီး ကျောက်တွေ ထုတ်ယူကြတယ်။ သစ်တွေခိုးရောင်းခဲ့ကြတယ်။ သုံးမကုန်တဲ့ငွေတွေနဲ့ ဆွေစဉ်မျိုးဆက်အတွက် စုဆောင်းနေခဲ့ကြတယ်။ ဘယ်မှာလဲ KIA ဆောက်ပေးတဲ့တံတား။ ဘယ်မှာလဲ KIA ဖောက်ပေးတဲ့လမ်း။ ဘယ်မှာလဲ ကချင်တိုင်းရင်းသားတွေအတွက်။ ရတဲ့ပိုက်ဆံကို လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက အိတ်ထဲပဲထည့်နေခဲ့တယ်။ ဒါကြောင့် ကချင်ပြည်နယ်နဲ့ KIA ကို သီးခြားစီမြင်တတ်ဖို့ ကျွန်တော်ပြောတာဖြစ်ပါတယ်။ 




 KIA အခုဘာတွေလုပ်နေလဲ ...

အခုလုပ်နေတာက လူသစ်စုတယ်၊ ဖမ်းတယ်၊ သတ် တယ်၊ ငွေတောင်းတယ်၊ ဆက်ကြေးကောက်တယ်၊ ဗုံးခွဲတယ်၊ မိုင်းထောင်တယ်၊ ကချင်ပြည်နယ် ကို စေ့စေ့ညက်ညက် ကြေအောင်လုပ်နေတယ်။ တံတားတွေလည်းကုန်ပြီ၊ အဆောက်အဦတွေလဲပြောင်ပြီ။ လမ်းတွေလဲ အပိုင်းပိုင်း ဖြစ်ကုန်ပြီ။ ကချင်လူထုအတွက် ငါတို့ KIA က လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတာပါဆိုရင် အရူးနဲ့ကလေးတောင် မယုံဘူး။ KIA ကောင်းစားဖို့ KIA လုပ်နေတယ်။ KIO အာဏာရှိဖို့ KIO လုပ်နေတယ်။ အဲဒီမှာ ကျွန်တော်တို့ ကချင်တွေ မြေစာပင်ဖြစ်နေရတယ်။ အသက် ၆၀ ကျော်နေတဲ့ကျွန်တော့လိုလူကို KIA ထဲဝင်ဖို့ ဖမ်းသွားတယ်။ ကျွန်တော်မွေးရင် ကျွန်တော့သားအရွယ်တွေက “*အဖိုးကြီး ... ကချင်ပြည်နယ်လွတ်လပ်ရေးအတွက် ခင်ဗျားတိုက်ပွဲဝင်ရမယ်။ သေနတ် ကိုင်ရမယ်*”လို့ပြောတယ်။ ကျွန်တော်အဲဒီ KIA စစ်သားကို ပြန်မေးလိုက်တယ်။ 

“ဘယ်သူ့ဆီက လွတ်လပ်ရေးရဖို့လဲ KIA ဆီကလား၊ KIO ဆီကလား”

ဆိုတော*့ *အဲ့ဒီ အသက် ၂၀ မပြည့်သေးတဲ့ KIA ကောင်က သေနတ်ဒင်နဲ့ထုလို့ ကျွန်တော်နဖူးကွဲခဲ့ရတယ်။ နဂိုကတည်းက ကျန်းမာရေးမကောင်းတဲ့ကျွန်တော့ကို KIA တပ်ရင်းမှူးက “*ဒီအဖိုးကြီးကို ဒို့ထဲထည့်ရင် ဒို့အတွက် ဘာခိုင်းလို့ရမှာလဲ ရိက္ခာကုန်တာပဲရှိမယ်*”လို့ပြောတယ်။ ဒါနဲ့ကျွန်တော်လဲ ပျော်သွားခဲ့တယ် ပြန်လွှတ်တော့မယ်ထင်လို့ပေါ့လေ။ ဘယ်ဟုတ်မလဲ “*ခင်ဗျား KIA စစ်သားမလုပ်နဲ့ ပြည်သူ့စစ်လုပ*်” လို့ပြောတယ်။ ဒုက္ခပါပဲဗျာ။ ခင်ဗျားတို့စဉ်းစားသာကြည့်ပါတော့။ ဒါနဲ့ သူတို့တပ်ရင်းမှာ မိုင်းထောင်နည်း ၂ ပတ်၊ သေနတ်ပစ်နည်း ၁ ပတ် သင်ခဲ့ရတယ်။ ကျွန်တော့တာဝန်က ထွက်မပြေးခင်အထိ သင်တန်း ၃ ပတ် တက်ထားတဲ့ ရဲရဲတောက် KIA ရဲ့ ပြည်သူ့စစ်။ ကျွန်တော်ဘယ်လိုမှ မခံနိုင်တော့လို့ မြစ်ကြီးနားမြို့ပေါ် ထွက်ပြေးလာရတယ်။ ထပ်ကြားရတဲ့ သတင်းက အတော်ဆိုးပါတယ်။ မိုးကောင်းမြို့နယ်၊ နမ္မတီးရွာ၊ ဖော်ဒေါင်ရပ်ကွက်မှာနေတဲ့ အိမ်ထောင်ရှိ ကိုယ်ဝန်ဆောင် ကချင်တိုင်းရင်းသူ မဂျာဒွဲနူးကို စက်တင်ဘာလ ၁ ရက်နေ့က မိုးကောင်းမြို့နယ် ကဆုန်းကျေးရွာအခြေစိုက်တဲ့ KIA တပ်ရင်း(၁၁)က စုဆောင်းရေး ဆွဲခေါ်သွားတာ ကြားရတယ်။ ဒီသတင်းအမှန်ပါပဲ။ RFA ကလည်း ၁၆ ရက်နေ့က ပြောတယ်။ ခင်ဗျားတို့နားထောင်ရင် ကြားမှာပါ။ ဒါတောင် KIA ရဲ့ ပြောရေးလိမ်ခွင့်ရှိသူ လနန်းဆိုလား လဖျန်းဆိုလား အဲ့ဒီလူက ဖြီးဖြန်းပြီး ဗြောင် ညာနေသေးတယ်။ သိပ်လွန်လွန်းနေပြီ KIA ။ အဖိုးကြီးလဲဖမ်းတယ်၊ ကလေးသူငယ်လဲ ဖမ်းတယ်၊ နောက် ဆုံး ကိုယ်ဝန်ဆောင်ကအစ အလွတ်မပေးတော့ဘူး၊ ကိုယ်ဝန် ၃ လနဲ့ အမျိုးသမီးကို KIA ထဲမှာ ဘာ တာဝန်များပေးအုံးမလဲ။ မွေးလာတဲ့ကလေး ယောက်ျားလေးဆိုရင်တော့ နို့ဘူးတိုက်ပြီး မိုင်းများထောင် ခိုင်း လေအုံးမလား။ 



 KIA နောင်ဘာလုပ်မလဲ ...

ဒီမေးခွန်းကို ကျွန်တော်မဖြေတော့ပါဘူး။ ခင်ဗျားတို့ပဲ တွေးကြည့် ရင်မြင်နိုင် ပါလိမ့်မယ်။ KIA ရယ်လို့ ပေါ်လာကတည်းက ဘာကောင်းကျိုးမှ မလုပ်ခဲ့တဲ့အဖွဲ့ ဟာ နောင်ကော ဘာကောင်းကျိုး လုပ်မှာလဲ။ *ကျွန်တော်တို့ ကချင်တွေဘာလုပ်ကြမလဲ*...* *ဒီနေရာမှာ စစ်တပ်ကို တစ်ခုပြောချင်တယ်၊ ခုခံစစ်ဆင်တယ် ဆိုတာ ဘောလုံးကစားတဲ့နေရာမှာတောင်ကြာကြာအသုံးမပြုသင့်ဘူး၊ ခံစစ် အသားပေး ကစားတဲ့ အီတလီလို အသင်းကြီးတောင် ကြာရင်ဂိုးပေးရတတ်တယ်။ ဒီတော့ ခင်ဗျားတို့ ကျွန်တော်တို့ကိုကူညီပါ။ ငြိမ်းချမ်းရေးလုပ်ပါလို့ လူလိုပြောလို့မရတဲ့ KIA ကို ကျွန်တော်တို့နဲ့ပေါင်းပြီး ခုခံစစ်ကနေ တိုက်စစ်ကိုပြောင်းပြစ်ပါ။ ကျွန်တော်တို့ ကချင်တွေလဲ ငြိမ်ခံမနေသင့်တော့ဘူး။ အားလုံးညီညွတ်ဖို့လိုတယ်။ တစ်ချို့နေရာတွေမှာလဲ KIA ကို ရွာသားတွေက စုပြီးတိုက်ခိုက်တာတွေ ရှိနေပြီလို့ကြားတယ်။ ကျွန်တော်တို့တွေ ပူးပေါင်းတော်လှန်သင့်ပြီ၊ စစ်တပ်နဲ့ ကျုပ်တို့ ဒေသခံတွေပေါင်းပြီး လုပ်ကြရအောင်။ KIA ထဲမှာလည်း မတရားဖမ်းထားလို့ မလုပ်ချင်ဘဲလုပ်နေရသူတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့လုပ်ငန်းစရင် သူတို့တွေပါလာလိမ့်မယ်။ ကျွန်တော်တို့ကချင်တွေ စုစုစည်းစည်းနဲ့ KIA ဆီက တကယ့် လွတ်လပ်ရေးကို တိုက်ယူရမယ်။ မဟုတ်ရင် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ မိန်းမတွေ၊ အစ်မ၊ ညီမတွေပါ KIA ထဲ ရောက်ကုန်မယ်...သေနတ်ကိုင်ခိုင်းရင်တော်သေးရဲ့ အခုခေါင်းဆောင်တွေက ဇော် တူးတို့ထက်ဆိုးတယ်... ဒုက္ခတွင်းထဲ ရောက်နေတဲ့ ကချင်ပြည်နယ်ထဲက ကျွန်တော်တို့တစ်တွေအားလုံးသည်းမခံနိုင်တဲ့အဆုံး KIA ကိုတော်လှန်ဖို့ စလိုက်ကြပါစို့။ 

 ခပ်သိမ်းသောအရာတို့တွင် ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင် ယေရှုခရစ် နာမတော်အမှီပြု၍ အခြားမလပ် ဆုတောင်းပဌနာပြုကြလော့ ... အာမင် ။
 ဘရန်နူး (မြစ်ကြီးနား)
ဘကြီးသက်
Unknown at 12:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.