Saturday, September 29, 2012

လာမည့်ပညာသင်နှစ်တွင် အလယ်တန်းအဆင့်ထိ အင်္ဂလိပ်စကားပြော သင်တော့မည်

Photo: လာမည့်ပညာသင်နှစ်တွင် အလယ်တန်းအဆင့်ထိ အင်္ဂလိပ်စကားပြော
သင်တော့မည်


၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့တွင် အင်္ဂလိပ်စကားပြော သင်ခန်းစာကို စတင်ထည့်သွင်း သင်ကြားကြရတော့မည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ထိုသို့ သင်ကြားနိုင်ရန် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ယခု ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်က အင်္ဂလိပ်စကားပြော သင်ခန်းစာတို့ကို ဦးဆောင်တည်းဖြတ်ခဲ့ပြီး၊ လာမည့် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအား ဖြန့်ဝေနိုင်ရန် ပုံနှိပ်ပြီးဖြစ်သည်ဟု သိရှိရသည်။ အခြေခံပညာ အထက်တန်းအဆင့်တွင်မူ လတ်တလော၌ အင်္ဂလိပ်စာ၊ စကားပြောသင်ခန်းစာအား ထည့်သွင်းမထားကြောင်း လာမည့် ပညာသင်နှစ်အတွက် မူလတန်းအဆင့်ကို အခမဲ့ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ “အင်္ဂလိပ်စာ တတ်မြောက်မှု စွမ်းရည်တွေကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးတဲ့သဘော ရည်ရွယ်မှုတွေနဲ့ အခုလို လုပ်ဆောင်တာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ အင်္ဂလိပ်စကားပြော သင်ခန်းစာသင်ရန် အခြေခံပညာကျောင်းတို့တွင် စာသင်ချိန် တစ်ချိန် သီးသန့်ထည့်သွင်းရမည်ဖြစ်ပြီး၊ ဆရာ၊ ဆရာမများ သင်ကြားပေးနိုင်ရန်လည်း လုပ်ဆောင်သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။


News from : International Social Network Myanmar
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)

၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့တွင် အင်္ဂလိပ်စကားပြော သင်ခန်းစာကို စတင်ထည့်သွင်း သင်ကြားကြရတော့မည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ထိုသို့ သင်ကြားနိုင
်ရန် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ယခု ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်က အင်္ဂလိပ်စကားပြော သင်ခန်းစာတို့ကို ဦးဆောင်တည်းဖြတ်ခဲ့ပြီး၊ လာမည့် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအား ဖြန့်ဝေနိုင်ရန် ပုံနှိပ်ပြီးဖြစ်သည်ဟု သိရှိရသည်။ အခြေခံပညာ အထက်တန်းအဆင့်တွင်မူ လတ်တလော၌ အင်္ဂလိပ်စာ၊ စကားပြောသင်ခန်းစာအား ထည့်သွင်းမထားကြောင်း လာမည့် ပညာသင်နှစ်အတွက် မူလတန်းအဆင့်ကို အခမဲ့ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ “အင်္ဂလိပ်စာ တတ်မြောက်မှု စွမ်းရည်တွေကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးတဲ့သဘော ရည်ရွယ်မှုတွေနဲ့ အခုလို လုပ်ဆောင်တာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ အင်္ဂလိပ်စကားပြော သင်ခန်းစာသင်ရန် အခြေခံပညာကျောင်းတို့တွင် စာသင်ချိန် တစ်ချိန် သီးသန့်ထည့်သွင်းရမည်ဖြစ်ပြီး၊ ဆရာ၊ ဆရာမများ သင်ကြားပေးနိုင်ရန်လည်း လုပ်ဆောင်သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။


News from : International Social Network Myanmar
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)

ဘကြီးသက်
Unknown at 12:34 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.