Saturday, September 29, 2012

Google Maps ရဲ့ တစ်ချို့အစိတ်အပိုင်းတွေ ပုံရိပ်ဖော်ပြမှု နည်းပညာမြှင့်တင်



 
Google ဟာ ကမ္ဘာတစ်ဝှမ်းမှာ ပေါ်ပြုလာဖြစ်လှတဲ့ သူ့ရဲ့ Google Maps ရဲ့ တစ်ချို့အစိတ်အပိုင်းတွေမှာ ပုံရိပ်ဖော်ပြမှု နည်းပညာကို မနေ့က အဆင့်မြှင့်တင်ခဲ့ပါတယ်။ ပုံရိပ်ဖော်ပြမှုမှာ Map ပေါ်ရှိ ကြည့်ရှုလိုသည့် ဧရိယာများကို လေးဆယ့်ငါးဒီဂရီမြင်ကွင်းအထိ ကြည့်ရှုနိုင်မှာဖြစ်ပြီး နိုင်ငံပေါင်း ၁၁၂ နိုင်ငံနှင့် မြို့ပေါင်း ၅၁ မြို့အတွက် အဆင့်မြှင့်တင်ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက မြို့ပေါင်း ၃၇ မြို့ပါဝင်မှာဖြစ်ပြီး အခြား ထင်ရှားတဲ့ အီတလီမှ ပီစာမျှော်စင်၊ ကနေဒါမှ Fork ဟိုတယ် စတာတွေ ပါဝင်ပါတယ်။ Google ဟာ ဒီအဆင့်မြှင့်တင်မှုအတွက် အထင်ကရနေရာတွေကို အဓိကထား ဖော်ပြပေးခဲ့ပြီး လူသိများတဲ့ မြို့တွေကိုလည်း ဖော်ပြပေးခဲ့ပါတယ်။ Google ရဲ့ ဒီအဆင့်မြှင့်တင်မှုဟာ Apple အတွက် သတိထားရမယ့်ကိစ္စတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ အကြောင်းက Apple ဟာ Google Maps ကို တော်လှန်ဖို့ iOS 6 မှာ သူ့ကိုယ်ပိုင် Map Application ကို ထည့်သွင်းပေးခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အဲဒီ့ Application ဟာ ဖော်ပြရာနေရာမတိကျမှု၊ နေရာတွေကို မှားယွင်းဖော်ပြမှု စတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီ့ပြဿနာတွေအတွက် Apple ရဲ့ လက်ရှိ CEO ဖြစ်တဲ့ Tim Cook ကတော့ "world-class products that deliver the best experience possible to our customers" ဆိုတဲ့ Apple ဆောင်ပုဒ်နဲ့ လျော်ညီရလေ အောင် သူတို့ရဲ့ Map Application ကို ပြန်လည်ပြုပြင်ပေးပါမယ်ဆိုတဲ့အကြောင်းကို ဖော်ပြခဲ့ပါတယ်။ အဲဒီလို ပြုပြင်နေဆဲကာလမှာလည်း Google တို့၊ Nokia တို့ရဲ့ Map Application တွေကို အသုံးပြုနိုင်ပါကြောင်းကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ ref: Don Reisinger – “As Apple says sorry, Google Maps gets a little better”

ဘကြီးသက်
Unknown at 12:40 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.