Sunday, September 16, 2012

iPhone 5 ပြည်တွင်းမှာ အသုံးပြုလို့ မရ


iPhone 5မှာ အသုံးပြုထားတဲ့ Nano-SIM cardဟာ ယခု လက်ရှိ ပြည်တွင်းမှာ အသုံးပြုနေတဲ့ Standard SIM cardထက် ၄၀ ရာခိုင်နှုန်း ပိုမို သေးငယ်သွားပါတယ်။ Mirco Simလို Cutterနှင့် ညှပ်ပြီးတာတောင် ၁၅% ပိုထူနေသေးသည့်အတွက်ကြောင့် ပိုမို ကျဉ်းမြောင်းလာသည့် SIM card ထည့်သွင်း အသုံးပြုရမည့်ေ
နရာနှင့် အဆင်ပြေမည်မဟုတ်ဟု ဆိုပါသည်။ ထို့အတွက် iPhone 5ကို မြန်မာပြည်မှာ ၀ယ်ယူ သုံးစွဲမယ်ဆိုရင်တောင်မှ SIM card ထည့်သုံးဖို့အတွက် အခက်အခဲ ဖြစ်မှာမို့လို့ မြန်မာ့ဆက်သွယ်ရေးမှ Nano-SIM cardကို ထုတ်လုပ်မှသာ iPhone 5ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းမှာ iPhone 5ကို အသုံးပြုလို့ မရတဲ့ အခြေအနေ ဖြစ်ပေါ်နေတဲ့အတွက် iPhone 5ကို စဉ်းစားချင့်ချိန် ၀ယ်ယူသင့်ကြောင်း အသိပေး ပြောကြားလိုက်ပါတယ်။

သတင်း-Myanmar ICT Journal


ဘကြီးသက်
Unknown at 7:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု ထပ်မံဖြစ်ပွား

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ၅ ရပ်ကွက် ပန်းလှိုင် အိမ်ရာအနီး လူတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံး မှုတစ်ခု ယနေ့ 3:30 Pm ပတ်ဝန်း ကျင်တွင် ဖြစ်ပွားခဲ့သည်။

ပြုတ်ကျ သေဆုံး သူမှာ ရေပိုက်ပြင်ရာမှ ရေညှိများနှင့် ချော်ကျ သေဆုံးခြင်း ဖြစ်သည်ဟု သိရတယ်။

သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေး လျှက်ရှိပြီး ယခုရက်ပိုင်း အတွင်း ဖုန်းပြောသူ အမျိုးသမီး အပြင် နောက်ထပ် တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်သည်။

Khant Kyaw Htay - Facebook

ယနေ့ တိုက်ပေါ်မှ ပြုတ်ကျ သေဆုံးသူအား တွေ့ ရစဉ်

ဘကြီးသက်
Unknown at 5:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မှေးမှိန်လာသည့် မြန်မာ့ရိုးရာဝတ်စုံ



From : သာနောင်

အ၀တ်အစားဆိုတာ ၀တ်တတ်ရင် အရောင်ရွှေးချယ်တတ်ရင် တော်တော် လှတယ် လူတစ်ကာငေးရအောင် ဖြစ်ရတယ် ။ သိုသော် နေရာဒေသအ လိုက် မ၀တ်ဆင်တတ်ဘူးဆို ရင်တော့ မျက်စိထဲ မယ် ဘယ်လို မှ မြင်မကောင်းတော့ဘူးပေါ့ ။ မြန်မာအမျိုးသမီးအမျိုးသားတိုင်း ဘုရား ၊ဘုန်းကြီးကျောင်း၊ သာသနာ နယ်မြေ ၊သာရေး နားရေးနဲ့ ကျောင်းတွေမှာ ၀တ်စားမှုဟာ ရိုးရာဝတ်စုံ ပဲ ဖြစ်သင့်တယ်။ အမြင့်တင်တယ်ပြီ ကိုယ်ရိုးရာကို ထိန
်းသိမ်းတဲ့ အပြင်လူတိုင်းက အိနြေ္ဒရနေကြတာကို တွေရမယ်။ကြည်လိုက်ရင် ကျက်သရေရှိနေတယ် လေ။ဘောင်းဘီလို အရာမျိုးတွေ ဆိုတာ လုံခြုံပါတယ် ။ သို့သော် ဟာကွက်လေးတွေတော့ ရှိနေတယ်ဆိုတာ သတိထားကြည်ပါ အမျိုးကောင်းသမီးတို့  အရှည်ဝတ်ထားတာပဲ ဆိုတာတွေ ခဏခဏ ကြားရပါတယ် တကယ်တော့ ခုခေတ် ပုံစံ ချက် ပြုတ်လို ပုံစံတွေသာ ၀င်တော့တာကိုတော့ သိကြမှာပါ ။ ကန်တော့တဲ့နေရာမှာ ရှေ့ မလုံ နောက်မလုံ ပုံစံတွေတော့ မ၀တ်ကြတာ ကောင်းပါတယ်လို ပြောလိုပါတယ်။ယဉ်ကျေးသိမ့်မွေပြီ အပြစ်ကင်းရမယ် နေရာမှာ ဒီလိုပုံစံမျိုးတွေ ၀တ်တာ ရှောင်ပါ ။သိက္ခာပျက်အောင်လုပ်မိတယ် ကိုယ်ရဲ့ ၀တ်စားမှုဟာ ပုထုဇဉ် တွေကို ဆွဲဆောင်နေသလို မဖြစ်သင့်ပါဘူး ။ ဒါပေမယ့် ဒီလိုပဲ ၀တ်ရမယ်လို မပြောပါဘူး ။ ကြော့ကြော့မောမော သွားလာရမယ် နေရာတွေမှာ ၀တ်ပါ ဘယ်လိုပဲ ၀တ်ဝတ် ခုခေတ်စားနေတဲ့ dinner လိုပွဲတွေ ပေါ့ ။ liveshow လိုနေရာတွေမှာ ဆိုရင်တောင် အတိုအပြတ်တွေဝတ်သင့်တယ်လို ကလေးတွေက ထင်ကြတယ် ။မိဘ မျက်စိနားကွယ်ရာမှာ အပေါင်းအသင်း မကောင်းလို မှုးနေသူတွေများတယ် နေရာမျိုးမှာ တစ်ခုခုဆို ရင်ကျိုးရချည်းရဲ ။ အလှကြောင့် ဘေးဖြစ်တာနော်။ အလှဆိုတာတောင် လျပ်ပေါ်လော်လီသော် အလှ အရှက်ထက် ဆွဲဆောင်သောအလှကြောင့် ဘ၀တွေပျက်ကြရပါတယ် ။ တကယ်တော့ မိန်းကလေးဖြစ်ဖြစ် ယောကျာင်္းလေးပဲဖြစ်ဖြစ် မမြင်သင့် မမြင်အပ် မပြသင့် မပြအပ်တာတွေ မပြတာ အရေး ကြီးဆုံးပါပဲ ။အရှက်တရားဆို ဒါကို ပြောတာပါ ။ တစ်ချို့ ကြ ဒီခေတ်မှာထိုင်မသိမ်းနဲ့ နေရမလားတဲ့ မဟုတ်ပါဘူး ဆိုလို တာ ၀တ်တတ်စားတတ်ရမယ်လေ အရှက်သိက္ခာရှိတဲ့ ၀တ်စုံ ၀တ်ထားတဲ့ မိန်းမတစ်ယောက်ကို ဘယ်သူတွေက စရဲ နောက်ရဲ လဲ ။နိုင်ငံခြားမှာ နေကြတယ် အလုပ်သဘောအရ ၀တ်ကြစားကြတယ် မှန်ပါတယ် ထမီဝတ်လိုမှ မရတာ ။ ဒါပေမယ့်  သူတို့ ပေးတဲ့ party လို အရာမျိုးတွေမှာ ဘယ်သူမြန်မာဝတ်စုံ ၀တ်ပြီး တတ်သလဲ။ နိုင်ငံခြားသွားတဲ့အခါ မြန်မာ ၀တ်စုံ ထည့်ပြီ သွားတာ မြင်ဘူးလား ။ ဘာကြောင့်လဲ ။ ဘယ်သူက ရော ကျမ မြန်မာပါလို ပြသရဲလဲ ။ မှားနေရင် ပြန်ပြောနော်။ အလုပ်သွားလုပ်တဲ့ မိန်းကလေးတွေ ဟိုမှာ နေ ဟိုမှာ ၀တ်တာ ကြည် ၀တ် ဟိုမှာ နေသလိုနဲ့ နေတော့ မဟုတ်ပါဘူးလို ဘယ်လိုငြင်းငြင်း သူတို့ပါ ရောပါနေတော့ ဘယ်သူက မှ တန်ဖိုးမထားကြဘူး ။ ကလပ်လို နေရာမျိုးသွားပါတယ် တစ်ချို့ဆို သူတို့ ယဉ်ကျေးမှုအရ သွားကြလာကြတယ် အဲလိုနေရာမျိုးဆို နိုင်ငံခြားသာထက် သာအောင်ဝတ်တာ ကြည်လိုက်ပါ ကျမတို့ နိုင်ငံက သူတွေပါ ပဲ ။ မလုပ်တဲ့ သူတွေကို မပြောဘူးနော် လုပ်တဲ့သူတွေကိုပြောတာ ။နေရာဒေသကနေ စာရေးတာ ဘယ်ရောက်လဲ မသိတော့ဘူး ။ တကယ်တော့ နိုင်ငံမှာ ရှိတဲ့ယဉ်ကျေးမှုကို လူတိုင်းထိန်းလေ ဘယ်လို မျိုးပဲ ဖြစ်ဖြစ် လူအထင်ကြီး တန်ဖိုးထားလာ၇မှာပဲ အရင်က ဆင်ဆာကြောင့် မ၀တ်ရသမျှ အခု ကြ ဖော်လိုက်ကြတာ ၀က်ဝက်ကွဲံ fb လိုနေရာမျိုးမှာတောင် အမျိုးသားတွေဆို အတွင်းခံ နဲ့ အမျိုးသမီးတွေလဲ အတွင်းခံနဲ ရိုက်တာ ကျမတိုံ လူမျိုးက ဒီလို အတန်းအစားတွေ ဖြစ်ကုန်တာကြတော့ ရော သိလား ။ ကျမတို့ လူမျိုးမှာ sexy ဆိုတာ မရှိဘူး နော် ဗိုင်းကောင်းကျောက်ဖိ ဆိုတာပဲ ရှိတာ ဆိုတာ မေ့နေကြပုံပေါ်ပါတယ်။ရန်ကုန်မှာ ရှိတဲ့ ဆိုင်တွေဟာ ခုံ ပုလေးတွေများပါတယ် ဒီလိုနေရာကို ဘောင်းဘီတို့ စကတ်တို ၀တ်ပြီ ထိုင်ဖို့ အဆင်ပြေပါသလား ။ အလုပ်ကြောင့် ၀တ်ရတဲ့ ထမီစကတ်ဆိုတာလဲ
ကျတ်သတ်နေဖို့  လိုအပ်ပါသလား ။ မီဒိယာတွေက တိုးတက် လမ်းကြောင်းတွေက ပွင့်တော့ သူများနိုင်ငံ အ၀တ်အစားက ၁၀၀၀ ၂၀၀၀ နဲ့တင် ၀တ်လို ၀ယ်လို ရပြီ ဆိုတော့ သောင်းကျော်တဲ့ မြန်မာဝတ်စုံ ဘယ်သူဝတ်မတုန်း ။ ဘယ်သူမဆို အများကြီး ၀တ်ချင်တာ ဒါ ကလေ ဘာ တံဆိပ်လေးပြောလဲ အတုတွေ မှိုလို ပေါ်တဲ့ ခေတ်မှာ တူတူလောက်ပါပဲ ။ ကိုယ်နိုင်ငံထုတ်ကြတော့လဲ ဈေးကကြီး ပေါပြန်တော့ အလျော်မခံ အဆင်က မလှတော့ ဘယ်သူဝတ်မတုန်း ။ ဒီလို အရာတွေ ကို ပြုပြင်စေချင် ၀ယ်ယူရတဲ့ နေရာက စရမှာပေါ့ ။ ရတဲ့လစာနဲ့ ကားခ ထမင်းဖိုးတောင်အနိုင်နိင် သောင်းချီပေး ဘယ်သူဝယ်မလဲ အပ်ချုပ်ဆိုင် ဘယ်သွားမလဲ ready made ပဲ ၀တ်ကြတာပေါ့ ဒါအမှန်တရားပဲ ။ ဒီလိုဆိုဘယ်လိုမလဲ စဉ်းစားရမယ် ။ ပြည်တွင်းက အထည်ထုတ်စက်ရုံတွေ ကုန်ဈေးနှုန်းတွေ ညှိမယ်ဆိုရင်တော့ တစ်မျိုးတစ်မည် ဖြစ်လာနိုင်တယ်ပေါ့ ။ ဘယ်လောက် လှလှ ကိုယ်ရိုးရာဝတ်စုံသာ ဆန်းနေရင် ဘယ်သူမှ ၀ယ်မှာမဟုတ်ဘူး ။ ၀ယ်လို အများမှာ ကိုယ်တစ်ယောက်တည်းဆိုလဲ ဘယ်သူမှ မ၀တ်တော့ဘူး ။ ဟုတ်တယ်နော် ။ အဲတော့ မှိန်လာတဲ့ အ၀တ်အစား ၀တ်ဆင်ခြင်းကို ထင်သလောက် ရေးပြတာပါ ။

ဘကြီးသက်
Unknown at 4:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိတ္ထီလာမြို့နယ် ရပ်ကွက်(၁၂)ခု စလုံးမှ နေအိမ်နှင့်ဆိုင်ခန်းများအားလုံး ပြောင်းရွှေ့ရမည်

 မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရပ်ကွက်(၁၂)ခုမှ နေအိမ်နှင့်ဆိုင်ခန်းများအား လမ်းနယ်နိမိတ်၊ ရေနုတ်မြောင်းရှိရာလမ်းဖြင့် မလွတ်ခြင်းကြောင့် ယနေ့ စက်တင်ဘာ(၁၅)ရက်နေ့တွင် အပြီးပြောင်းရွှေ့ပေးရ မည်ဖြစ်သော်လည်း ပြောင်းရွှေ့ရန် အခက်အခဲများကြောင့် စည်ပင်မှ အရေးယူမည်ကို စိုးရိမ်ပူပန်လျှက်ရှိကြောင်း ဒေသခံများထံက သိရှိရသည်။
'' (၁၅)ရက်နေ့အပြီးပြောင်းခိုင်းတယ်။  ပြောင်းခိုင်းတဲ့နေ့မှ မပြောင်းရင် (၃)ကြိမ် သတိပေးမယ်တဲ့ သုံးကြိမ်သတိပေးလို့မှ မပြောင်းရင်  တရားစွဲမယ်လို့ပြောတယ်  ဒါပေမဲ့ ကျွန်မတို့ ဘယ်ကိုပြောင်းရမှာလဲ ပြောင်းစရာအိမ်မရှိဘူး။ အဲ့ဒါကြောင့် မဖျက်သေးဘဲ ခဏနေတာပါ။ သူတို့အရေးယူမယ်ဆိုတော့လဲ ဘယ်တတ်နိုင်မလဲ'' ဟု မိတ္ထီလာမြို့နယ် ဝန်ဆင်းရပ်ကွက်နေ မခိုင်က ပြောသည်။
အဆိုပါပြောင်းရွှေ့ခိုင်းမှုအား စည်ပင်မှ စက်တင်ဘာ(၇)ရက်နေ့တွင် ကြေငြာခြဲ့ပီး စက်တင်ဘာ (၁၅)ရက်နေ့တွင် အပြီးပြောင်းရွှေ့ ရမည်ဟု  ပြောဆိုခဲ့ကြောင်းဒေသခံများထံက သိရှိရသည်။
စက်တင်ဘာလ (၁၅)ရက်နေ့ နောက်ဆုံးထားကာ ပြောင်းရွှေ့ရမည့်ရပ်ကွက်အချို့မှာ ဝန်ဆင်းရပ်ကွက် ၊ မြို့သစ်ရပ်ကွက် ၊ ပေါက်ချောင်းရပ်ကွက် ၊ ရန်မျိုးအောင်ရပ်ကွက်နှင့် မြင်းခြံရပ်ကွက်အပါအဝင် ရပ်ကွက်ပေါင်း(၁၂)ခုကို ပြောင်းရွေ့ခိုင်းပြီး  နေအိမ်အစားပြန်ပေးခြင်း  မရှိကြောင်းကိုလည်းသိရှိရသည်။
နေအိမ်များနှင့် ဈေးဆိုင်ခန်းအချို့ကို ပြောင်းရွှေ့ခိုင်းခြင်းကြောင့် ရပ်ကွက်တွင်းနေထိုင်သူများအနေဖြင့် စားဝတ်နေရေး အခက်အခဲ များ  ဖြစ်လာနိုင်ခြင်းသာမက နေအိမ်မှ ကျောင်းနေအရွယ်ကလေးများ ကျောင်းဖျက်ရမည့်အခြေအနေသို့ ရောက်လာနိုင်ကြောင်း   ဒေသခံ များက ဆိုသည်။
''ကျွန်မအိမ်မှာ မိသားစုက(၇)ယောက်  ဒီမိသားစုအတွက် အကြော်ကြော်ရောင်းနေရတာ ကလေးတွေကျောင်းနေတဲ့ အရွယ်တွေလည်း ရှိသေးတယ် သူတို့အတွက်ပါ ပူပန်ရတယ်။ မရှိ ရှိတဲ့ကြားက ရှာကြံပြီးကျွေးမွေးနေရတာ ဒါပေမဲ့ ကျွန်မတို့မှာ ပြောင်းစရာ နေရာမရှိတော့ အချိန်ဆွဲလို့ ရသလောက်တော့ ဆွဲထားအုံးမယ် '' ဟုဝန်ဆင်းရပ်ကွက်တွင် အကြော်ရောင်းသူ မသန်းသန်းမြင့် က ပြောသည်။
မိတ္ထီလာမြို့နယ်မှ  ရပ်ကွက်အချို့ရှိ ဒေသခံများသည် စည်ပင်သာယာရေးကော်မတီထံသို့ လွန်ခဲ့သော လေးလခန့်တွင် မြေခွန်အား တစ်လလျှင်(၃၅ဝဝ)ကျပ်နှုန်းဖြင့် အခွန်ပေးဆောင်ခဲ့ပြီးကာ ယမန်နှစ်မှစပြီး မြေခွန်ခအားတစ်ရက်လျှင်(၁ဝဝ)ကျပ်နှုန်း ၊ သန့်ရှင်းရေး အခွန်ခ တစ်ရက်လျှင်(၅ဝ)ကျပ်နှုန်းဖြင့် လစဉ်ပေးဆောင်လျက်ရှိကြောင်း သိရှိရသည်။
'' ကျွန်တော်တို့အနေနဲ့က မြေခွန်လဲပေးတယ် သန့်ရှင်းရေးခလည်းပေးပြီး နေတာပါ။ အခုလိုဗြုန်းစားကြီး ကျွန်တော်တို့ကို ချက်ချင်း ဖယ်ခိုင်းတာတော့ လွန်တာပေါ့။ ပြီးတော့ ကျွန်တော်တို့က မရှိဆင်းရဲသားတွေပါ ပြောင်းချင်တိုင်း  အချိန်မရွေး ပြောင်းဖို့ အဆင်မပြေဘူး'' ဟု မြင်းခြံရပ်ကွက်တွင် ဆံပင်ညှပ်ဆိုင်ဖွင့်ထားသော ကိုဟန်ထင်ပေါ်က ပြောသည်။
မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အဆိုပါ နေအိမ်များနှင့် ဆိုင်ခန်းများကို ဖျက်ခိုင်းရခြင်းမှာ ရေမြောင်းများ ၊ ပိုက်များ ၊ ကားလမ်းမကြီးနှင့် မလွတ်ကင်းသောကြောင့် နေအိမ်နှင့် ဆိုင်ခန်းများ ဖျက်ခိုင်းရခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးသည် စက်တင်ဘာလ(၇)ရက်နေ့တွင် ရေမြောင်းများ ၊ ကားလမ်းမကြီးနှင့် မလွတ်သော ရပ်ကွက်(၁၂)ခုမှ နေအိမ်များနှင့် ဆိုင်ခန်းများကို စက်တင်ဘာလ(၁၅) ရက်နေ့တွင် အပြီးဖျက်ပေးရန်ကြေညာခဲ့ပြီး အဆိုပါ သတ်မှတ်ရက်တွင် မပြောင်းရွှေ့ပါက သတိပေးချက်(၃)ကြိမ်ထုတ်ပြန်မည်ဖြစ်ပြီး နောက်ဆုံးအကြိမ်တွင် တရားစွဲဆိုမည် ဖြစ်ကြောင်းကိုလည်း ကြေညာထားသည်။

ဘကြီးသက်
Unknown at 11:37 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

အရေးပေါ်လူနာ ကုသ ပို့ဆောင်ရေးလုပ်ငန်း ၂၄ နာရီ ဝန်ဆောင်မှုပေးမည်

 
အရေးပေါ် လူနာ အသက်ကယ်တင် ကုသ ပို့ဆောင်ရေး လုပ်ငန်းကို အရေးပေါ် လူနာ အသက်ကယ်တင် ကုသ ပို့ဆောင်ရေး ဖောင်ဒေးရှင်းနှင့် ဧရာဝတီ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ၂၄နာရီ ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း ဆီဒိုးနား ဟိုတယ်တွင် စက်တင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် အခမ်းအနား ထံမှ စုံစမ်း သိရှိရသည်။

အရေးပေါ် လူနာ အသက်ကယ်တင် ကုသ ပို့ဆောင်ရေး လုပ်ငန်းကို အောက်တိုဘာလ ၁ရက်နေ့ တွင် စတင်ရန် လျာထားပြီး အရေးပေါ်လူနာ အသက်ကယ်တင် ကုသပို့ဆောင်ရေး ယာဉ် ၁၂ စီး ၊ လုပ်အားပေး ဆရာဝန် ၁၀၀ ကျော်ဖြင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း အခမဲ့ ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန် အသင်း (ဗဟို) ဥက္ကဌ ပါမောက္ခ ဦးကျော်မြင့်နိုင်က ပြောကြားသည်။

ယာဉ် ၁၀ စီးနှင့် အလှူငွေ သိန်းပေါင်း ၁၀၉၀ ကျပ် လှူဒါန်းငွေ ရရှိခဲ့ကြောင်း အစိုးရနှင့် ပြည်သူ ပူးပေါင်းပြီး ပါဝင် ကူညီ လုပ်ဆောင်မှု အရေးပေါ် လူနာ အသက်ကယ်တင် ကုသ ပို့ဆောင်ရေး လုပ်ငန်းသည် အောင်မြင်မည် ဖြစ်ကြောင်း ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဌ ဦးဇော်ဇော်က ၄င်း အနေဖြင့် လှူဒါန်းမှုကိုပဲ လုပ်နိုင်ပြီး နောင်ပိုင်း အောင်မြင်ဖို့ လိုအပ်ကြောင်းကို ဆိုလို ပြောကြားသည်။

အဆိုပါ ဖောင်ဒေးရှင်း၏ လုပ်ငန်းတွင် တက်ကျွမ်း နားလည်သော ဆရာဝန်နှင့် Paramedic များကိုယ်တိုင် ဖြစ်ပွားသည့် နေရာသို့ သွားရောက်၍ အချိန်မီ အသက်ကယ် ပြုစုကုသမှုများ ပြုလုပ်ပေးမည့် အပြင် ခေတ်မီ အသက်ကယ် ပစ္စည်း ကိရိယာ ပြည့်စုံစွာ တပ်ဆင် ထားသည့် အဆင့်မြင့် လူနာ တင်ယာဉ်များ အသုံးပြုပြီး သင့်လျော်သည့် ဆေးရုံသို့ အချိန်နှင့် တပြေးညီ စနစ်တကျ ပို့ဆောင် လွှဲပြောင်းပေးမည့် လုပ်ငန်းစဉ်ကို ၂၄ နာရီပတ်လုံး နားရက်မရှိ ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်းက ထုတ်ပြန် ထားသည်။

Hot Line ၀၉ ၄၂၁၀၆၀၉၉၉ ၊ ၀၉ ၄၂၁၀၆၃၉၉၉ ၊ ၀၉၄၂၁၀၇၂၉၉၉ သို့ ဆက်သွယ် မေးမြန်း နိုင်သည်။

ဘကြီးသက်
Unknown at 11:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လာပြန်ပြီဟေ့ မုဒိန်းမှု မုဒိန်းမှု


မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လောလောလတ်လတ် ပူပူနွေးနွေး မုဒိန်းမှုလေးပါ။

တိုင်းရင်းသား ဇနီးမောင်နှံမိသားစုဟာ စားသောက်ဆိုင်တစ်ခု ဖွင့်ထားပါတယ်။ စားသောက်ဆိုင် အမည်မရှိသေးတဲ့ စားသောက်ဆိုင်လေးပါ။


အဲ့ဒီမိသားစုမှာ(၁၆)နှစ် အရွယ်တူမလေးတစ်ယောက် ရှိပါတယ်။ တိုင်းရင်းသူ ဖြူဖြူဝဝလေးပါ။ မပုလုံးလို့ ဆိုကြပါစို့။ မပုလုံးလေး ဝဝကစ်ကစ် ချစ်စရာလေး ဖြစ်ပေမယ့် ဆွံ့,အ,နားမကြား ဒုက္ခိတလေးပါ။ တော်တန်ရုံ အသံမကြားရပါဘူး။ စကားပြောရင်လည်း မနည်းဖြစ်ညှစ် အားယူပြီး ပြောရပါတယ်။ အဲ့ဒီလို အားယူပြောတာတောင် အသံအကျယ်ကြီး မထွက်ပါဘူး။ စကားလည်း ပီပီသသမရှိပါဘူး။

မပုလုံးလေးမှာ သတိလစ်ပြီး တက်တတ်တဲ့ ရောဂါရှိပါတယ်။ ရေချိုးနေရင် သတိလစ်တာများလို့ ရေချိုးခန်းတံခါးကို ပိတ်ပြီး ရေမချိုးရ-ဟု ဦးလေးနှင့် အဒေါ်တို့က တားမြစ်ထားတာပါ။ ဒါမှ သတိလစ် မလစ် တက် မတက် ကြည့်လို့ ရမှာဖြစ်လို့ပါ။

၆.၉.၂၀၁၂-ရက်နေ့မှာ မပုလုံးလေး အဝတ်လျှော်ဖွပ်ပြီး ရေချိုးခန်းထဲမှ ထွက်လာပါတယ်။ ဒါကို စားသောက်ဆိုင်လာပြီး ဘီယာသောက်နေကြ ကုလားတစ်ယောက်က သမင်ကို ကျားချောင်းသလို ချောင်းနေတာပါ။ မပုလုံးလေး အဝတ်လှမ်းပြီး ရေချိုးခန်းထဲ ပြန်အဝင်မှာ အလစ်ချောင်းနေတဲ့ ကုလားက နောက်မှကပ်လိုက်သွားပြီး ရေချိုးခန်းတံခါးကို ချက်(ဂျက်)ချလိုက်ပါတယ်။ ကုလားဝင်လာတာကို မပုလုံးဆိုတဲ့ ကောင်မလေးက မသိပါဘူး။ နားပင်းနေတာကြောင့် ဂျက်ချသံမကြားသလို အရပ်က ပုလို့ ရေဘားမမှီလို့ ခုံလေးပေါ်တက်ပြီး ရေဖွင့်နေရလို့ပါ။ ကုလားကို ကျောပေးပြီး ရေဘားဖွင့်နေလျက်သား ဖြစ်နေလို့ပါ။

ကုလားက မပုလုံးလေးကို ပါးစပ်ပိတ်လိုက်ပါတယ်။ လက်နှစ်ဘက်ကို နောက်ပြန်ချုပ်ထား လိုက်ပါတယ်။ ရေပိုက်ပေါ်တင်ထားတဲ့ ပုဆိုးနှင့် မပုလုံးပါးစပ်ကို စည်းလိုက်ပါတယ်။ လက်တစ်ဖက်က မပုလုံးရဲ့ လက်နှစ်ဖက်ကို ဖမ်းချုပ်ထားပြီး ကျန်တစ်ဖက်ဖြင့် ရင်လျှားထားတဲ့ ထဘီကို ဆွဲချွတ်လိုက်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ မပုလုံးရဲ့ ချိုင်းနှစ်ဖက်အောက်မှ လက်လျှိုပြီး မပုလုံးလေး လက်တွေ မလှုပ်သာအောင် သိုင်းဖက်ထားလိုက်ပါတယ်။ ပြီးတော့ လည်ပင်းတွေ၊ ဂုတ်ပိုးတွေကို နမ်းရှုပ်စုပ်ယူပစ်ပါတယ်။ ရင်သားများကို ဆုပ်နယ်ချေမွပစ်ပါတယ်။ သားမြက်ကိုလည်း ပါးစပ်ဖြင့် စုပ်၊ သွားဖြင့် ကိုက်ပစ်ပါတယ်။

အဲ့ဒီလောက်နဲ့ အားမရသေးဘဲ အင်္ဂါဇာတ်ထဲ လက်ချောင်းထည့်ပြီး ကျင့်ကြံပါတယ်။ မပုလုံးလေးခမျာ အော်လည်း မအော်နိုင်၊ လှုပ်လည်း လှုပ်မရ၊ နာလည်း နာကျင်နှင့် ကုလားပေးတဲ့ဒုက္ခကို ကြိတ်မှိတ်ခံစား နေရပါတယ်။

အဲ့ဒီအချိန်မှာ ဦးလေးဖြစ်သူ ရောက်လာပါတယ်။ သူ့တူမလေး ရေချိုးရင်း တက်နေမှာစိုးလို့ လာကြည့်တာပါ။ ခြေသံကြားလို့ ကုလားက တံခါးဖွင့်ကြည့်ရာ ဦးလေးဖြစ်သူနဲ့ ပက်ပင်းတိုးမိသွားပါတော့တယ်။

ဟဲ့ကောင် ဘာလုပ်တာလဲ-အော်ဟစ်သံကြောင့် တစ်ဆိုင်လုံး ပြေးလာကြပါတယ်။ အဒေါ်ဖြစ်သူ ဝင်ကြည့်တော့ အားလုံးဟာ ကိစ္စပြီးနေပါပြီ။ ပထမပိုင်းတော့ ကလေးမလေးက ငြင်းဆန်ပါတယ်။ ကုလားကလည်း လက်ဆေးဖို့ ဝင်ခြင်းဖြစ်ကြောင်း တစ်ခြားဘာမှမလုပ်ကြောင်း ပြောပြနေပါတယ်။ ဦးလေးနှင့် အဒေါ်နှစ်ယောက်လုံးက ဘာမှမဖြစ်ဘူးထင်ပြီး ရေအမြန်ချိုးဖို့လောက်ပဲမှာပြီး ပြန်လာခဲ့ပါတော့တယ်။ ကုလားလည်း ခြေလက်ဆေးပြီး ဣနြေ္ဒရရပဲ ဆိုင်ထဲဝင်ထိုင်နေလိုက်ပါတော့တယ်။

မပုလုံးလေး ရေချိုးပြီးမှ အဒေါ်ဖြစ်သူက လူစိမ်းအဝင်ခံရကောင်းလား ဆူပူအပြစ်တင်ရာမှ မပုလုံးလေးက ဖြစ်ကြောင်းကုန်စင် ပြောပြတော့တာပါ။ အဒေါ်ဖြစ်သူလည်း ဒေါသထွက်ပြီး ဦးလေးဖြစ်သူကို တိုင်ကြားပါတော့တယ်။ အဲ့ဒီအချိန်မှာ ကုလားက အိမ်ပြန်သွားပါပြီ။

ဦးလေးနှင့် အဒေါ်ဟာ ကုလားအိမ်ထိလိုက်ပြီး ကုလားကို သွားခေါ်ပါတယ်။ အိမ်မှာမတွေ့ပါဘူး။ စားသောက်ဆိုင်တစ်ဆိုင်မှာ တွေ့ရတာပါ။ ကုလားကို တပါးထဲခေါ်ပြီး ရဲစခန်းသွားအပ်ပါတော့တယ်။ ရဲက ကုလားကို ဖမ်းထားပြီး ကောင်မလေးကို ခေါ်စစ်ပါတယ်။ ကောင်မလေးရဲ့ ထဘီနဲ့ ပါးစပ်စည်းတဲ့ပုဆိုးတို့ကို ရဲက သက်သေခံအဖြစ် သိမ်းဆည်းထားပါတယ်။ ဆေးရုံလည်း ပြထားပါတယ်။ မှုခင်းဆရာဝန်ကလည်း အသေအရှာစစ်ဆေးပေးပါတယ်။ ဒါပေမယ့် အခုထိတော့ ဆေးစာမကြသေးပါဘူး။ ကုလားကိုတော့ မန္တလေး(အိုးဘို)ထောင်ကို ပို့လိုက်ပြီလို့ သိရပါတယ်။

အပြစ်ကင်းစင်တဲ့ တိုင်းရင်းသူ၊ ဆွံ့ အ နားမကြား ဒုက္ခိတမလေးခမျာ အခုချိန်ထိ ဆီးသွားရင် နာကျင်နေဆဲပါ။ ကျားဆိုတာမျိုးကလည်း ညှာတာတာတွေ စာနာတာတွေ နားမလည်တဲ့သတ္တဝါမျိုး မဟုတ်လား။

၀၂-၈၀၃၄၈

၀၉-၇၃၂၂၁၇၀၀-ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Wira Thu 


ဘကြီးသက်
Unknown at 10:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ခိုင်ဖြိုး ရခိုင်တာဝန်ခံ မောင်တောတွင် ရောက်ရှိနေစဉ် ရခိုင်အမျိုး သားတစ်ဦး ဓါးခုတ်ခံရ

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုး တာဝန်ခံ ဦးမောင်ဦးနှင့် မောင်တောမြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းတို့ မောင်တောမြို့သို့ရောက်နေစဉ် ရခိုင်အမျိုးသားတဦးကို တိုက်ခိုက်ခံရပြီး ဒဏ်ရာ ပြင်းထန်သဖြင့် ဆေးရုံ တင်ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။

တိုက်ခိုက်ခံရသူမှာ မောင်တောမြို့နယ် ရွာသာယာကျေးရွာမှ ဦး အောင်လှဖြူ ဖြစ်ပြီး စက်တင်ဘာ လ ၁၄ ရက် သောကြာနေ့ ညနေ ၈ နာရီကျော်ခန့်တွင် လယ်တဲ စောင့် နေစဉ် ဘင်္ဂလီ ၂၀ ခန့်က သေနတ် တုတ်ဓါးများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ဖြစ်ပွားပုံနှင့်ပတ်သတ်ပြီး ဦးအောင်လှဖြူ၏ မိသားစုဝင်တဦးက ယခုကဲ့သို့ ပြောသည်။
“ဖြစ်တာက ည ၈ နာရီမှာ ဖြစ်တာပါ။ လယ်တဲမှာဖြစ်တာပါ။ လယ်တဲနဲ့ ရွာနဲ့က ၅ မိ နစ်ခန့် ဝေးပါတယ်။ သူက အသက် ၆၀ နီးပါးရှိပါပြီ။ ဒဏ်ရာတွေက ၀မ်းဗိုက်နဲ့ လည်ပင်းမှာ ဒဏ်ရာ ၃ ချက်ရှိ ပါ တယ်။ အားလုံးက ဓါးဒဏ်ရာပါ။ သူက ရွာနဲ့နီးတဲ့ အတွက် သူ့မယားနဲ့ လယ်တဲ စောင့်နေတာပါ။ ပြဿနာ ဖြစ်မှ အော်သံကြားတဲ့အတွက် ရွာကလူတွေ လိုက်သွားတော့ ဒဏ်ရာတွေနဲ့ မြေကြီးမှာ လဲနေတာကို တွေ့ရပါတယ်”  ဟု ဆိုသည်။
ဦးအောင်လှဖြူအား တိုက်ခိုက်ခဲ့သူများမှာ ပန်းဇင်းပြင်ရွာနှင့် ညောင်ချောင်း ဘင်္ဂလီရွာမှ  ဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသ်ာလည်း နိရဉ္စရာမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
“ သူတို့လယ်တဲကို လာပြီး ဘင်္ဂလီ ၂၀ ခန့်က လာဝိုင်းတဲ့အတွက် အော်တဲ့အချိန်မှာ ရွာသားတွေ ထွက်လိုက်သွားတဲ့အတွက် ထွက်ပြေးသွားတယ်။ အောင် လှဖြူမှာတော့ ဓါးဒဏ်ရာ ၃ ချက်နဲ့ အခုတော့ မောင်တော  ဆေးရုံ ကိုပို့ထားပါတယ်။ သေမယ် ရှင်မယ်တော့မသိရပါဘူး” ဟု သူက ဆက်ပြောသည်။
အောင်လှဖြူ၏ ဇနီးဖြစ်သူမှာ လယ်တဲမှ ထွက်ပြေး လွှတ်မြောက်ခဲ့ကြောင်း သိရသည်။
ယခုအခါ အဆိုပါ ကျေးရွာတွင် အခင်းဖြစ်ပွားပြီးနောက် နစက တပ်ဖွဲ့ဝင် ၅ ဦးရောက်ရှိ နေပြီး လုံခြုံရေးယူထားကြောင်း သူကဆက်ပြောသည်။
ယခုကဲ့သို့ ရခိုင်အမျိုးသားတဦး တိုက်ခိုက်ခံရချိန်တွင်  မောင်တောမြို့သို့  ယခင်ပြည် ထဲရေး ၀န်ကြီးဟောင်း၊ ရခိုင်ပြည်နယ် တိုင်းမှူးဟောင်းလည်းဖြစ်ခဲ့သူ ရခိုင် ပြည်ခိုင်ဖြိုး တာဝန်ခံ ဦးမောင်ဦး၊ ဗိုလ်ချုပ်ဘုန်းဆွေနှင့် မောင်တောမြို့နယ်မှ မွတ်ဆလင် လွတ်တော် ကိုယ်စား လှယ်တဦးဖြစ်သူ အောင်ဇော်ဝင်းတို့ ရောက်ရှိနေချိန်လည်း တိုက်ဆိုင်နေသည်။
ဦးမောင်ဦး ဦးဆောင်သည့်အဖွဲမှာ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေကနေ ဘူး သီးတောင်သို့ အမြန်ယဉ်နှင့်ရောက်ရှိလာခဲ့ပြီး ဘူးသီးတောင်မြို့တွင် ဦးမောင်ဦးနှင့် အဖွဲ့ ကို ဘူးသီးတောင်မြို့ခံ သံဃာတော်များက တွေ့ဆုံရန်ကြိုးစားခဲ့သော်လည်း အတွေ့ မခဲဘဲ မောင်တောသို့ လုံခြုံရေးအပြည့်နှင့် ထွက်ခွာခဲ့သည်။
မောင်တောသို့ရောက်ရောက်ချင်း ကြံ့ခိုင်ရေးရုံးတွင် မွတ်ဆလင် ခေါင်းဆောင် များနှင့်တွေ့ ဆုံခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် ငခူရကျေးရွာသို့ ဦးအောင် ဇော်ဝင်းနှင့်အတူ သွားရောက်ခဲ့ပြီး ဘင်္ဂလီများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် ၂၀၁၅ ခုနှစ် ကြံ့ဖွတ်ပါတီ မဲရရှိရေးကို ပြောကြားခဲ့ကြောင်း လည်း မောင်တောမြို့ခံများကပြောသည်။
ဦးမောင်ဦးနှင့်အဖွဲ့ မောင်တောသို့ လာရောက်စဉ် မောင်တောမြို့မှ ရခိုင်အမျိုး သမီး များ ဆန္ဒပြရန်စီစဉ်ခဲ့သော်လည်း အာဏာပိုင်များက ဟန့်တားခဲ့သည့်အတွက် ဖျက် သိမ်းခဲ့ရသည်ဟု သိရသည်။
www.narinjara.com
ဘကြီးသက်
Unknown at 9:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စွမ်းအင် မလုံလောက်၍ စက်မှုလုပ်ငန်းများ မဖွံ့ဖြိုး


GDP တွင် စက်မှုကဏ္ဍ၏ လက်ရှိ ပါဝင်မှုပမာဏသည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ ၃၀ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်ရမည်ဟု သမ္မတ ဦးသိန်းစိန်က လမ်းညွှန်ခဲ့သည် (ဓာတ်ပုံ- Reuters)

အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုများ တွေ့မြင်လာရသော်လည်း စက်မှုကုန်ထုတ်လုပ်ငန်းများမှာ ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်နေကြောင်း စက်မှုကုန်ထုတ်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပြောဆိုလိုက်သည်။


“လယ်ယာစိုက်ပျိုးရေး စိုက်ပျိုးရေး ကဏ္ဍ၊ ၀န်ဆောင်မှု ကဏ္ဍတွေမှာ ဖွံ့ဖြိုးလာတာ မြင်သာပေမဲ့ စက်မှု လုပ်ငန်း တွေကတော့ ထင်သလောက် တိုးတက်လာတာမရှိဘူး။ ကျွန်တော်တို့ စီမံချက်တွေ ချထားပေမဲ့ ဂျီဒီပီရဲ့ ၂၀ ရာခိုင်နှုန်း လောက်သာ ရှိနေတုန်းပါပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက UMFCCI တွင် ယနေ့ပြုလုပ်သည့် စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားသည်။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မည်ဟု ဆိုသော်လည်း အခြေခံ အဆောက်အအုံများ လုံလောက်မှု မရှိခြင်း၊ စွမ်းအင်နှင့် လျှပ်စစ်လုံလောက်မှု မရှိခြင်း၊ နည်းပညာ အခက်အခဲ၊ ငွေကြေးအရင်းအနှီး ရရှိနိုင်မှု အခက်အခဲ၊ ဘဏ်တိုးနှုန်းများ ကြီးမြင့်နေခြင်း၊ ပြည်ပမှ တရားမ၀င် ၀င်ရောက်လာသော ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်း၊ ဈေးကွက်အခက်အခဲ၊ ထုတ်လုပ်မှု စရိတ်မြင့်မားခြင်း စသည်တို့သည် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသည့် အကြောင်းများဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

“စက်မှု ကဏ္ဍဖွံ့ဖြိုးမှုဆိုတာ စွမ်းအင်နဲ့ တိုက်ရိုက် သက်ဆိုင်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ အဓိကကျတဲ့ စွမ်းအင်နဲ့ လျှပ်စစ်ကို လိုသလောက်မရတဲ့အတွက် ဖွံ့ဖြိုးမှု နှောင့်နှေးတာတွေဖြစ်နေတာပါ” ဟု ဦးမြင့်ဆွေက ဆက်ပြောသည်။
ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP တွင် စက်မှုကဏ္ဍ၏ လက်ရှိ ပါဝင်မှုပမာဏသည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ ၃၀ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်ရမည်ဟု သမ္မတ ဦးသိန်းစိန်က လမ်းညွှန်ခဲ့သည်။

“နိုင်ငံတော်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံ ပေါ်ထွန်းရေးဆိုတဲ့ နေရာမှာ ၉၀ ရာခိုင်နှုန်းနဲ့ အထက်ရှိတဲ့ ပြည်တွင်းက ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက အားပေးကူညီထောက်ပံ့ဖို့ လိုပါတယ်။ သင့်တော်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေကိုလည်း ထုတ်ပြန်ဖို့ လိုနေပါတယ်” ဟု မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများအသင်း ဥက္ကဌ ဦးဇော်မင်းဝင်းက ဆိုသည်။

စက်မှုဝန်ကြီးဌာနကလည်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် SME Development Centre ကိုတည်ထောင်ဖွင့်လှစ်ထားပြီး မြန်မာ့စက်မှု လက်မှု ဖွံ့ဖြိုးရေးဘဏ်ကိုလည်း အသေးစားနှင့် အလတ်စား စက်မှု ဖွံ့ဖြိုးရေး ဘဏ်အဖြစ်ပြောင်းလဲ ဖွင့်လှစ်ကာ အရင်းအနှီးလိုအပ်ချက်များ ဖြည့်ဆည်းပေးနေကြောင်း စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်က ပြောသည်။

စီးပွားရေး နယ်ပယ်တွင် ပုဂ္ဂလိက လုပ်ကိုင်နိုင်စွမ်း မြင့်တင်ပေးရေး၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ စွမ်းဆောင်ရည် မြင့်မားလာစေရေး၊ အရင်းအနှီးဈေးကွက်နှင့် ငွေကြေးဈေးကွက်များ ထွန်းကားရှင်သန်လာစေရေး၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများတွင် အရင်းအနှီးနှင့် နည်းပညာများ တိုးမြင့်ရရှိစေရေး၊ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေရေးနှင့် ကုန်ထုတ်လုပ်မှုကို အခြေခံသော ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာစေရေးတို့ကို စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျှက်ရှိကြောင်း ၎င်းကပြောသည်။

စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးမှု နှောင့်နှေးနေရခြင်းသည် စက်မှုလုပ်ငန်းရှင်များနှင့် ထိတွေ့နေရသော ၀န်ကြီးဌာနများ၏ မူဝါဒများနှင့်လည်း သက်ဆိုင်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ခင်သြ
September 15, 2012
Irrawaddy
http://burma.irrawaddy.org/?slide=%E1%80%85%E1%80%BC%E1%80%99%E1%80%B9%E1%80%B8%E1%80%A1%E1%80%84%E1%80%B9-%E1%80%99%E1%80%9C%E1%80%B6%E1%80%AF%E1%80%B1%E1%80%9C%E1%80%AC%E1%80%80%E1%80%B9%E1%81%8D-%E1%80%85%E1%80%80%E1%80%B9%E1%80%99

ဘကြီးသက်
Unknown at 9:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ-အမေရိကန် ကမ္ဘာအနှံ့ ပထမဆုံး ငွေလွှဲလုပ်ကိုင်မည်



From : အင်တာနက်
နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ငွေပေးချေခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် အမေရိကန်ပြည်ထောင်စု အခြေစိုက် Western Union Company က မြန်မာအရှေ့တိုင်းဘဏ် (MOB) နှင့် ချိတ်ဆက်ကာ ကမ္ဘာအနှံ့ ငွေလွှဲခြင်းကို စတင်လုပ်ကိုင်တော့မည်ဖြစ်ကြောင်း မြန်မာအရှေ့တိုင်းဘဏ်၏ အကြီးတန်း အထွေထွေမန်နေဂျာ ဦးသန်းဝင်းက ပြောကြားသည်။ Western Union Company နှင့် MOB တာဝန်ရှိသူများအကြား အကြိမ်ကြိမ်ဆွေးနွေးကာ သဘောတူညီချက် ရရှိပြီးဖြစ်သဖြင့် စက်တင်ဘာလကုန်တွင် Western Union ချိတ်ဆက်ထားသည့် နိုင်ငံများနှင့် အပြန်အလှန် ငွေလွှဲပို့ခြင်း စတင်နိုင်တော့မည်ဖြစ်ကြောင်း ဦးသန်းဝင်းက ပြောဆိုသည်။ “World Wide (ကမ္ဘာအနှံ့) ငွေလွှဲနိုင်ဖို့က ဒါပထမဆုံးပါ” ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် Western Union ၏ Customer Service Center ကို ရန်ကုန်မြို့တွင် လာရောက်ဖွင့်လှစ်ကာ လုပ်ငန်းနှင့် ပတ်သက်၍ သိလိုသည့် မေးမြန်းမှုများ၊ အခက်အခဲ ဖြေရှင်းပေးခြင်းများ လုပ်ကိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေလွှဲခြင်းများကို မြန်မာအရှေ့တိုင်းဘဏ် ၁၉ ခုက ဆောင်ရွက်မည်ဖြစ်ကြောင်း MOB ၏ အကြီးတန်း အထွေထွေမန်နေဂျာက ရှင်းပြသည်။ Western Union အနေနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့် ရသည့်အတွက် ကျေနပ်အားရမိကြောင်း မြန်မာ အရှေ့တိုင်းဘဏ် ငွေလွှဲခြင်းလုပ်ငန်း ချိတ်ဆက်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး Western Union ၏ အာရှ ပစိဖိတ်ဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာနှင့် အကြီးတန်း ဒုတိယဥက္ကဋ္ဌ Ms.Drina Yue က ထုတ်ဖော်ပြောကြားသည်။ “ကျွန်မတို့ ရည်ရွယ်တာက ကျွန်မတို့ရဲ့နယ်ပယ် ချဲ့ထွင်နိုင်ဖို့နဲ့ သန်းနဲ့ချီရှိတဲ့ နိုင်ငံရပ်ခြားက မြန်မာတွေကို (ငွေလွှဲပို့ရာမှာ) အထောက်အပံ့ ပေးနိုင်ဖို့ပါ” ဟု ဆိုသည်။ မြန်မာနိုင်ငံ ပြင်ပတွင် ရောက်ရှိနေသော နိုင်ငံသားများသည် တရားဝင် နိုင်ငံခြားငွေလွှဲခြင်းများ အစား ယုံကြည်ရန်ခက်ခဲသည့် ဟွန်ဒီကိုသာ အားကိုးလာခဲ့ရာမှ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ် ၁၄ ခုကို နိုင်ငံခြား ငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ရာ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့က ထိုင်း၊ မလေးရှား၊ စင်ကာပူတို့နှင့် အပြန်အလှန် ငွေလွှဲခြင်း၊ မြန်မာအရှေ့တိုင်းဘဏ်က ကမ္ဘာအနှံ့ ငွေလွှဲခြင်းတို့ကို စတင်လုပ်ကိုင်လာကြသည်။ ကမ္ဘာအနှံ့ ငွေလွှဲခြင်းကို စက်တင်ဘာလကုန်မှ စတင်ကာ မြန်မာအရှေ့တိုင်း ဘဏ်ခွဲများရှိရာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မကွေး၊ တောင်တွင်းကြီး၊ တောင်ငူ၊ ပြည်၊ ပုသိမ်၊ ဟင်္သာတ၊ မော်လမြိုင်၊ မြိတ်မြို့တို့၌ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း MOB ဘဏ်ထံမှ သိရှိရသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.