အရေးပေါ် လူနာ အသက်ကယ်တင် ကုသ ပို့ဆောင်ရေး လုပ်ငန်းကို အရေးပေါ် လူနာ အသက်ကယ်တင် ကုသ ပို့ဆောင်ရေး ဖောင်ဒေးရှင်းနှင့် ဧရာဝတီ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ၂၄နာရီ ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း ဆီဒိုးနား ဟိုတယ်တွင် စက်တင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် အခမ်းအနား ထံမှ စုံစမ်း သိရှိရသည်။
အရေးပေါ် လူနာ အသက်ကယ်တင် ကုသ ပို့ဆောင်ရေး လုပ်ငန်းကို အောက်တိုဘာလ ၁ရက်နေ့ တွင် စတင်ရန် လျာထားပြီး အရေးပေါ်လူနာ အသက်ကယ်တင် ကုသပို့ဆောင်ရေး ယာဉ် ၁၂ စီး ၊ လုပ်အားပေး ဆရာဝန် ၁၀၀ ကျော်ဖြင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း အခမဲ့ ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန် အသင်း (ဗဟို) ဥက္ကဌ ပါမောက္ခ ဦးကျော်မြင့်နိုင်က ပြောကြားသည်။
ယာဉ် ၁၀ စီးနှင့် အလှူငွေ သိန်းပေါင်း ၁၀၉၀ ကျပ် လှူဒါန်းငွေ ရရှိခဲ့ကြောင်း အစိုးရနှင့် ပြည်သူ ပူးပေါင်းပြီး ပါဝင် ကူညီ လုပ်ဆောင်မှု အရေးပေါ် လူနာ အသက်ကယ်တင် ကုသ ပို့ဆောင်ရေး လုပ်ငန်းသည် အောင်မြင်မည် ဖြစ်ကြောင်း ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဌ ဦးဇော်ဇော်က ၄င်း အနေဖြင့် လှူဒါန်းမှုကိုပဲ လုပ်နိုင်ပြီး နောင်ပိုင်း အောင်မြင်ဖို့ လိုအပ်ကြောင်းကို ဆိုလို ပြောကြားသည်။
အဆိုပါ ဖောင်ဒေးရှင်း၏ လုပ်ငန်းတွင် တက်ကျွမ်း နားလည်သော ဆရာဝန်နှင့် Paramedic များကိုယ်တိုင် ဖြစ်ပွားသည့် နေရာသို့ သွားရောက်၍ အချိန်မီ အသက်ကယ် ပြုစုကုသမှုများ ပြုလုပ်ပေးမည့် အပြင် ခေတ်မီ အသက်ကယ် ပစ္စည်း ကိရိယာ ပြည့်စုံစွာ တပ်ဆင် ထားသည့် အဆင့်မြင့် လူနာ တင်ယာဉ်များ အသုံးပြုပြီး သင့်လျော်သည့် ဆေးရုံသို့ အချိန်နှင့် တပြေးညီ စနစ်တကျ ပို့ဆောင် လွှဲပြောင်းပေးမည့် လုပ်ငန်းစဉ်ကို ၂၄ နာရီပတ်လုံး နားရက်မရှိ ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်းက ထုတ်ပြန် ထားသည်။
Hot Line ၀၉ ၄၂၁၀၆၀၉၉၉ ၊ ၀၉ ၄၂၁၀၆၃၉၉၉ ၊ ၀၉၄၂၁၀၇၂၉၉၉ သို့ ဆက်သွယ် မေးမြန်း နိုင်သည်။

ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge