Monday, September 3, 2012

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် နှင့် ဦးသိန်းထိုက် တို့အား ကာကွန်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် စာရင်းစစ်ချုပ် ရာထူးများ ခန့်အပ်



ကာကွယ်ရေးဝန်ကြီဌာန ၀န်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ စာရင်းစစ်ချုပ်အဖြစ် ယခင်သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထိုက်တို့ကို ခန့်အပ်ရန်အတွက် အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတက ပေးပို့ထားကြောင်း သိရှိရသည်။ စက်တင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း၊ သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်အား စာရင်းစစ်ချုပ်အဖြစ်လည်းကောင်း ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးအပ်လိုက်သော သဝဏ်လွှာတွင် ဖော်ပြသည်။

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းမှာ စစ်ဘက်ဆိုင်ရာ တာဝန်များကို ပြန်လည် ထမ်းဆောင်မည်ဟု နိုင်ငံတော် သမ္မတ၏ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်မှာ ဒုတိယ သမ္မတအဖြစ် သတင်းထွက်ပေါ်ခဲ့သော ဦးမြင့်ဆွေ၏ နေရာတွင် အစားထိုးရန် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း၊ စာရင်းစစ်ချုပ်အဖြစ် ပြောင်းရွှေ့ ခန့်အပ်ခြင်း ခံရသူ ဦးသိန်းထိုက်မှာလည်း သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော် စစ်ဆေးရေး အရာရှိချုပ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

စက်တင်ဘာ(၃) ရက်တွင် ပြည်ထောင်စုသမ္မတနိုင်ငံ နိုင်ငံတော်သမ္မတရုံး၏ စာအမှတ် ၁၀၇(၁)/၈/သမ္မတရုံး အရ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းကို စစ်ဘက် တာဝန် များ ပြန်လည် ထမ်းဆောင်စေပြီး ၄င်း၏အစား ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကို တာဝန်ပေးအပ်လိုကြောင်း အဆိုပါ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက် ကို ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ်ပြောင်း လဲခန့်အပ်တာဝန်ပေး အပ်လိုကြောင်း သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်သို့ သြဂုတ်လ ၂၉ ရက်တွင် ပေးပို့ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။ လစ်လပ်လျက် ရှိသော ပြည်ထောင်စု စာရင်းစစ်ချုပ် ရာထူး ကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်အား ခန့်အပ်ပေးရန် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ ပုဒ်မ ၅ ပါ ပြဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ကိုရယူရန်ပေး ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Myanmar Express

ဘကြီးသက်
Unknown at 11:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗြောင်လိမ် ဗြောင်စား မိုးသီးဇွန်


မိုးသီးဇွန်တို့အဖွဲ့ဟာစက်တာဘာလ၃ရက်နေ့ကယုဇနဟိုတယ်မျာသတင်းမီဒီယာသမားတွေနဲ့တွေ့ဆုံပြီးတော့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာသတင်းထောက်များမေးမြန်းချက်များကိုပြန်လည်ဖြေကြားရာမှာဝေ့လည်ချောင်ပတ်တွေနဲ့ ဖြေသွား ပါ တယ်၊ အင်တာနက်စာမျက်နှာတွေပေါ်မှာတွေ့ရတဲ့နိုင်ငံတော်သမ္မတကြီး တချိန်က ၀န်ကြီးချုပ်ဘ၀တုံးကနိုင်ငံခြားရေးဝန်ကြီးဦးဥာဏ်ဝင်းနဲ့နယူးယောက်ကိုကုလသမဂ္ဂညီလာခံသွားရောက်တဲ့အချိန်က မိုးသီးဇွန်ဦးဆောင်ပြီး ဆန္ဒပြရာနိုင်ငံတော် သမ္မတကြီးနဲ့ဦးဥာဏ်ဝင်းကိုမကြားဝန့်အောင်ဆဲကြပြီးဖိနပ်နဲ့ပေါက်ခဲ့တဲ့ဖြစ်စဉ်ကိုသတင်းထောက်တစ်ဦးမေးမြန်ရာမှာ ဗြောင်ကျကျသူမလုပ်ခဲ့ကြောင်းနဲ့ အင်တာနက် စာမျက်နှာပေါ်ကအကြောင်းအရာတွေကိုမတည်ပြုလို့မရဘူးလို့ဖြေသွားတာဟာသူရဲဘောကြောင်တဲ့ကောင်လို့ပြောချင်တယ်၊နိုင်ငံတော်အကြီးအကဲတွေကိုပြစ်မှားစော်ကားတဲ့ဒီအဖွဲ့ကိုအဆိပ်ပင်ရေလောင်းသလိုမျိုးမွေးမထားသင့်ပါဘူး တခါထဲထောင် ထဲထည့်သင့်ပါတယ်၊မစားရ၀ခမန်းမြန်မာပြည်သူတွေကိုကြွားလုံးတွေနဲ့ဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်ဆိုတာတွေဟာမြန်မာပြည်သူတွေဟာမင်းတို့ပြောတိုင်းယုံမယ့်သူတွေလို့မင်းတို့ထင်နေလား၊မြန်မာနိုင်ငံမှာမွေးမြန်မာ့ဆန်စား
ပြီးကြီးပျင်းလာတဲ့သူအရှက်မရှိအမေရိကန်နိုင်ငံသားခံယူထားတာပါလို့လဲမင်းပါးစပ်ကပြောခဲ့တာဘဲ မြန်မာပြည်တိုးတက်အောင်မင်းကူညီမယ် ဆိုရလောက်အောင် မင်းကဘယ် လောက်များစွမ်းဆောင်နှိုင်လဲဆိုတာကိုလဲပြောချင်တယ်၊ မြောက်ပိုင်းကိစ္စရှင်း ပါဆိုတော့လဲဝေ့လည်ချောင်ပတ်နဲ့ အာဇာနည်တွေကို ဂုဏ်ပြုချင်တာဘဲတဲ့ ရီစရာအတော်ကောင်းတဲ့ဖြေကြားချက်ဘဲ၊ ကြောက်ရင်ကြောက် တယ်ပွင့်ပွင့် လင်းလင်းပြောပါ မင်းတို့ဒီဘ၀မှာဘဲ ၀ဋ်လည်နေတာဆိုကို လဲမှတ်ထား၊ နောက်ပြီးသူ့ကိုယ်သူဒီမိုကရေစီခေါင်းဆောင်တဲ့ ပြောလိုက်ချင်ပါတယ် ၈၈အရေး အခင်းမှာမင်းတို့ဘာလုပ်ခဲ့ကြသလဲဆိုတာလူတော်တော်များမသိကြလို့ပါ ဒီနေ ရာကနေအသေအချာပြောလိုက်မယ် မင်းတို့၈၈တုံးကလူသတ် ခေါင်းဖြတ်၊ သောက်ရေထဲအဆိပ်ခတ်လုပ်တာတွေဟာမင်းတို့မဟုတ်လား နိုင်ငံတော်ငြိမ် ၀ပ် ပိပြားမှုအစိုးရတက်လာတော့အဖမ်းခံရမှာမို့တောခို တောထဲရောက်တော့ သူရဲ ဘောကြောင်းပြီးလူတိုင်းကိုမယုံဘဲတွေ့သမျှလူ တပ်မတော်အစိုးရရဲ့ သူလျှို ဆိုပြီးသတ် ဒါတွေမင်းတို့လုပ်ခဲ့တာဘဲ သမိုင်းမှာလဲမင်းတို့နဲ့ပတ်သက်တဲ့ အထောက်အထားတွေအများကြီးရှိတယ်၊နိုင်ငံတော်မှတ်တမ်းစာအုပ်မှာမင်းပုံတွေကမကြည့်ချင်မှအဆုံးဒါများမင်းတို့မို့လို့အရှက်မရှိတိုင်းပြည်တိုးတက်အောင်ပါဝင်ကူညီချင်တယ်တဲ့ ရီလိုက်ချင်ပါရဲ့မိုးသီးဇွန်နဲ့အဖွဲ့ရယ်၊ အေးနောက်ဆုံး ပြောချင် တာကတော့ပြောစရာတွေကတော့အများကြီးဘဲမင်းတို့တတွေမကြာခင်မှာတရားဥပဒေကအမှန်တရားကိုဆွဲထုတ်ပြပါလိမ့်မယ်၊မင်းတို့ရက်ရက်စက်စက်သတ်ခဲ့အပြစ်မဲ့တဲ့ကျောင်းသားလေးတွေရဲ့ကြိမ်စာတွေမင်းတို့အဖွဲ့ စူးလာတော့မှာဖြစ် တယ်လို့ ဘဲပြောချင်တယ်မိုးသီးဇွန်ရေ…


ဘကြီးသက်
Unknown at 10:54 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပညာရေးဝန်ကြီးဋ္ဌာန မှ ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်သည် ဒဂုံတက္ကသိုလ် သို.လာရောက်ခဲ့ရာအံ့သြဖွယ်အဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့

ယနေ. 3.9.2012 နံနက်ပိုင်း က ပညာရေးဝန်ကြီးဋ္ဌာန မှ ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်သည် ဒဂုံတက္ကသိုလ် သို.လာရောက်ခဲ့ရာအံ့သြဖွယ်အဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့ပါသည်။ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်ရောက်လာလျှင်အတန်းထဲတွင် ကျောင်းသားများမရှိဘဲအတန်းပျက်ကြကြောင်းကိုသိရှိသွားမည်ကိုစိုးရိမ်သောကြောင့် မေဂျာအတွင်း ကျောင်းသားကျောင်းသူများရှိနေစေရန်ရည်ရွယ်လျက်နံနက်၁၀နာရီဝန်းကျင်မှ နေ.လည်၁၂နာရီအချိန်အထိ ကျောင်းသားကျောင်းသူ
များသည်မိမိတို.မေဂျာတွင်းမှအပြင်သို.ထွက်ခွာခွင့်မရရှိဘဲတားမြစ်ခံခဲ့ရပါသည်။အချိုမေဂျာများဆိုလျှင် အဆောင်တံခါးကို ပိတ်ထားသည်အထိ အခြေအနေဆိုးရွားခဲ့သည်။အချို့ဆရာမများဆိုလျှင်Tutorial(ကျူတိုရီရယ်)ဖြေနေသော ကျောင်းသားများကိုဒုဝန်ကြီးလာလျှင်Tutorial(ကျူတိုရီရယ်)ကိုစာရရ်ျအားကျိုးမာန်တက်ဖြေနေ ဟန်ဖြင့်နေကြရန်အကယ်ရ်ျစာမရပါကလည်းအရှေ့မှဖြေဆိုပြီးခဲ့သောစာများကိုပြန်လည်ကူးချနေရန်ကြိုတင်မှာကြားခဲ့ကြောင်းသိရပါသည်။ထိုသို့ဖြစ်ပျက်ခဲ့သည်ကိုဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှအပြင်းအထန်ကန့်ကွက်ကြောင်းအသိပေးအပ်ပါသည်။ဒီမိုကရေစီပညာရေးစနစ်သို့ဦးတည်ချီတက်နေစဉ်မှာထိုသို့ပွင့်လင်းမှုမရှိသောအပြုအမူများမှာမဖြစ်သင့်တော့ကြောင်း၊ထိုသိုပြုမူလိုက်ခြင်းသည်လက်ရှိဒီမိုကရေစီပညာရေးစနစ်ကိုဖော်ဆောင် နေသောနိုင်ငံတော်သမ္မတကြီးနှင့်တာဝန်ရှိသူများကိုအခက်အခဲဖြစ်စေသည့်အပြင်လက်ရှိအဆင့်အတန်းနိမ့်နေသောပညာရေစနစ်ကိုပြုပြင်ပြောင်းလဲရာတွင်များစွာအခက်အခဲဖြစ်စေကြောင်းဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးမှပြောကြားခဲ့သည်။


ဘကြီးသက်
Unknown at 10:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် မိုးသီး၏ သတင်းစာရှင်းလင်းပွဲတွင် ABSDF မြောက်ပိုင်းသတ်ဖြတ်မှု ကိစ္စ မေးခွင့်မပြုခဲ့



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဆိုပြီး ပါတီ သုံးပါတီ မှ ဆိုင်းဘုတ်ထောင် ကြိုဆိုခဲ့ကြတဲ့ မိုးသီးဇွန် ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ABSDF မြောက်ပိုင်းသတ်ဖြတ်မှု ကိစ္စ များနှင့် ပတ်သက်ပြီး မေးမြန်းခွင့်မပြုခဲ့ကြောင်း သတင်းရရှိသည်။

မိုးသီးဇွန်နှင့် အဖွဲ့ပြုလုပ်သည့် ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ၁၉၉၂ ခုနှစ်က ကချင်ပြည်နယ် ပါဂျောင်စခန်းတွင် ကျောင်းသားတပ်မတော်မှ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ သတ်ဖြတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍
ကိုကျော်စွာ မေးမြန်းရာ မေးခွင့်မပေးခဲ့တာကြောင့် အခြားသတင်းထောက်များလဲ ဆက်မမေးရဲတော့ပဲ ဖြစ်ခဲ့ရကြောင်း သိရသည်။

သတင်းထောက်များမှ မေးခွန်းများမေးမြန်းခဲ့ရာ ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန် ၊ ဦးကိုကိုလေး တို့မှ အဓိကဖြေကြားသွားခဲ့ပြီး မြောက်ပိုင်းကျောင်းသားများ သတ်ဖြတ်ခံရမှုကိစ္စရပ်ဆိုင်ရာ မေးခွန်းများအပေါ်တွင် တိကျပြတ်သားသည့် ဖြေကြားမှုမျိုးဖြင့် ဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။
မြန်မာနိုင်ငံတွင်း အစိုးရတာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များတွေ့ ဆုံဆွေးနွေးရန် မြန်မာနိုင်ငံသို့ရောက်ရှိ နေသော မိုးသီးဇွန် အပါအ၀င် ၇ ဦးအဖွဲ့သည် ယနေ့ စက်တင်ဘာလ ၃ ရက်တွင် ၄င်းတို့ မြန်မာနိုင်ငံသို့ရောက်ရှိလာရခြင်းအကြောင်းရင်းနှင့်
ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဗဟန်းမြို့နယ်ရှိ ယုဇန ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

၎င်းတို့ အဖွဲ့သည် မြန်မာနိုင်ငံတွင် ၂၁ ရက်ကြာနေထိုင်ခွင့် ရရှိထားပြီး ၊ထိုသို့နေထိုင်ခွင့်ရစဉ်ကာလအတွင်းလုပ်ဆောင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိပ်ပြောကြားခဲ့ခြင်းမရှိပေ။
၎င်းတို့ ၇ ဦးအဖွဲ့သည် စက်တင်ဘာလ ၁ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး စက်တင်ဘာလ ၂ ရက်က နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းတို့နှင့်တွေ့ဆုံခဲ့သလို ၊ ၈၈မျိုးဆက်ကျောင်းသားများနှင့်လည်းတွေ့ဆုံခဲ့သည်။
Myanmar Express

ဘကြီးသက်
Unknown at 8:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကချင်ပြည်နယ် ကျောက်စိမ်းဈေးကွက်ကို အမှီပြုနေသူများ ရပ်တည်ရန်ခက်ခဲလာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်း ကေအိုင်အိုနှင့် မြန်မာ စစ်တပ်တော် နှစ်ဘက်အကြား စစ်ဖြစ် ပွားနေခြင်းကြောင့်   ကျောက်စိမ်း ဈေးကွက်အား လှုပ်ခတ် ထိခိုက်စေ သည်ဟု လုပ်ငန်းရှင် များက သုံးသပ် ပြောဆိုနေသည်။

“စီးပွားရေး ထိခိုက်တာက ကချင်ပြည်နယ် တစ်ခုတည်း မဟုတ်ဘူး။ မြန်မာတစ် နိုင်ငံလုံးရဲ့ စီးပွားရေး လည်း ထိခိုက် လာနိုင်တယ်။ နောက်ဆုံး တိုင်းပြည် အုပ်ချုပ်သူ အစိုးရတွေရဲ့ စီးပွားရေး မှာတောင် ထိလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ဖားကန့်မှော်မှာ သူတို့ရဲ့ စီးပွားရေး လုပ်ကွက်ရှိတဲ့ ကုမ္ပဏီ တွေ အများကြီးရှိတယ်လေ”ဟု ဖားကန့်မြို့နယ်ရှိ   ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်နေသူ ဦးလရှီး ဂမ်ဆိုင်းက ပြောသည်။

ဖားကန့်မြို့နယ်တွင် မြန်မာနိုင်ငံအရပ်ရပ်မှ ပြည်သူများလာရောက်ကာ ကျောက်စိမ်းတူး ဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ကျောက်စိမ်းတူးဖော်မှုကို အခြေခံကာ အခြားစီးပွားရေးလုပ်ငန်းများပါ ပူးတွဲ လုပ်ကိုင် ကြသည်။

ယခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကေအိုင်အိုမှ ဖားကန့်- မြစ်ကြီးနားကားလမ်းအား(၁)လ အကြာ တရားဝင်ပိတ်ပင်ပြီးနောက် စစ်စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် အစိုးရမှ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီများအား မေလမှ နောက်ထပ်(၅) လကြာအထိ ကျောက်တူးဖော်မှုကို ခေတ္တ ရပ်ဆိုင်းခဲ့သည်။

ကျောက်စိမ်းကုမ္ပဏီစုစုပေါင်း (၁၀၀) ကျော်ရှိသည် ဖားကန့်မြို့နယ်ရှိ လုပ်ကွက်များအား ချက်ချင်း ရပ်ဆိုင်း လိုက်ရခြင်းဖြစ်သည်။

“ခု တရားဝင် ပိတ်ထားတာလည်း ပြည့်ခါနီးနေပြီ။ ပြန်ဖွင့်တော့လည်း လုပ်လို့မရသေးရင်တော့ ပြည်သူတွေကို ထိခိုက်မှာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ပုံမှန်မလည်ပတ်နိုင်ဘူးလေ။ ရင်းနှီး မြှပ်နှံမှုအပေါ်မှာ ပြန်ပြီးတော့ အကျိုးအမြတ်မရှိနိုင်သလို ရင်းနှီးမြှပ်နှံမှုလည်း ပြန်မဖော်နိုင်ဘူး။ ဒေသ ပြည်သူကလည်း ဒီပေါ်မှာပဲ အမှီပြုနေရတာ ဆိုတော့ စားဝတ်နေရေးလည်း ရပ်ဆိုင်းသွားသလို ဖြစ်သွားတယ်” ဟု ကျောက်မြတ်ရတနာကုန်သည်များအသင်း (မြစ်ကြီးနား)မှ အတွင်းရေးမှူး ဦးသောင်းကြည်က ပြောသည်။

ဆက်လက်ပြီး စီးပွားရေးထိခိုက်မှုရှိသော်လည်း နိုင်ငံတော်အစိုးရအဆင့်ထိ ထိခိုက်မှု မရှိနိုင်ဟု ၄င်းက ဆက်လက် သုံးသပ်သည်။

“ထိခိုက်တယ်ဆိုရင်လည်း မြန်မာအစိုးရလောက် အထိတော့ မထိခိုက်ပါဘူး။ အစိုးရက ဒီမှာပဲ မှီခိုနေတာမှ မဟုတ်တာ။ ကျောက်စိမ်းက တစ်စိတ်တစ်ဒေသ တစ်ခုပဲ ရှိပါတယ်။ သူ့အကန့်အကန့် ဝင်ငွေတော့ ရှိတာပဲလေ။ တခြား သစ်တော၊ ရေနံ၊ သဘာဝဓါတ်ငွေ့တွေမှာ ဝင်ငွေရနေတာပဲ။ တအားကြီး ဆိုးဆိုးရွား ထိခိုက်မှာ မဟုတ်ဘူး။”ဟု ၄င်းက ဆက်ပြောသည်။

ထိုသို့ ကုမ္ပဏီလုပ်ငန်းရပ်နားလိုက်သော်လည်း ဒေသခံများမှ စက်ယန္တရားများမပါ တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်ခြင်းဖြင့် ဝမ်းစာဖြည့်တင်းနေကြသည်။

သြဂုတ်လ (၂၁)ရက်တွင် နှစ်ဘက် စစ်ပြန်လည်ဖြစ်ပွားလာပြီး မြောက်ဖြူ၊ ဆိုင်းဂျာဘွမ်၊ မော်မောလယန်၊ နန်ပွန်၊ သူဌေးချောင်း၊ ဘလခ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး စသည့် ကျေးရွာ ရပ်ကွက်များရှိ ဒေသခံများအနေဖြင့်လည်း ထွက်ပြေး တိမ်းရှောင်နေရသည်။

ဖားကန့်တွင် စစ်ဘေးဒုက္ခသည်စခန်း (၃၁)ခုရှိပြီး စုစုပေါင်း လူဦးရေ ၉ သောင်းနီးပါးခန့် လာရောက် ခိုလှုံနေကြကြောင်း သိရသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ ဦးအင်ရှန်းဆန်အောင်က ထိုကဲ့သို့ စစ်ထပ်မံ ဖြစ်ပွားနေလျှင်မူ ကချင်ပြည်နယ် စီးပွားရေး ဆက်လက်ဆိုးရွားလာနိုင်သည်ဟု ဆိုသည်။

ဂျာတော့(ပ်)- ကချင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup



ဘကြီးသက်
Unknown at 8:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ပြန်လာခြင်းဖြစ်ကြောင်း မိုးသီးဇွန်နှင့် ထွန်းအောင်ကျော်တို့ပြောကြား




ရန်ကုန်၊ စက်တင်ဘာ-၃
ABSDF (ဗဟို)ဥက္ကဋ္ဌဟောင်းများဖြစ်သည့် (ဦး)မိုးသီးဇွန်၊ (ဦး)ထွန်းအောင်ကျော်အပါအ၀င် မြန်မာနိုင်ငံသို့ ခေတ္တပြန်လည် ရောက်ရှိနေသည့် အဖွဲ့သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းပြည်တိုးတက်ရေးအတွက် ကူညီလုပ်ဆောင်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း ၄င်းတို့က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။

လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့သည့် ABSDF တွင် တစ်ချိန်က အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ဖူးသူများနှင့် ပြည်ပရောက် မြန်မာ ၁၁ ဦးဖြင့် ဖွဲ့စည်းထားသော အဆိုပါ အဖွဲ့ကို ''အမိမြေ ငြိမ်းချမ်းရေးလုပ်ငန်း'' ဟု အမည်ပေးထားသည်။ ၄င်းတို့သည် ပြည်တွင်းတွင် ၂၁ ရက်ကြာ နေထိုင်ခွင့်ရထားပြီး အဆိုပါကာလအတွင်း သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံနိုင်ရန် ကြိုပမ်းမည်ဟု ဆိုသည်။
''ဒီကို ရောက်လာပြီး ကျွန်တော်တို့ နိုင်ငံရေးပါတီထောင်ဖို့ မဟုတ်ဘူး'' ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် ABSDF ဥက္ကဋ္ဌဟောင်း (ဦး)မိုးသီးဇွန်က ပြောသည်။
ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့မှုအပေါ် သိက္ခာရှိရှိ ပြန်လည်ခြင်းဖြစ်ကြောင်း ၄င်းတို့က သတင်းစာရှင်းလင်းပွဲအတွင်း အကြိမ်ကြိမ်ပြောသွားခဲ့သည်။ အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများ  အပေါ်တွင်လည်း ကြိုဆိုကြောင်း ၄င်းတို့က ပြောသည်။

ဘကြီးသက်
Unknown at 8:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကိုယ်တိုင်ပါတီမထောင်ကြောင်းနှင့် ဘယ်ပါတီမှ မဝင်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် မိုးသီးပြော



ABSDF (ဗဟို) ဥက္ကဋ္ဌဟောင်းများဖြစ်သည့် (ဦး)မိုးသီးဇွန်၊ (ဦး)ထွန်းအောင်ကျော်အပါအ၀င် မြန်မာနိုင်ငံသို့ ခေတ္တပြန်လည် ရောက်ရှိနေသည့် အဖွဲ့သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းပြည်တိုးတက်ရေးအတွက် ကူညီလုပ်ဆောင်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း ၄င်းတို့က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့သည့် ABSDF တွင် တစ်ချိန်က အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ဖူးသူများနှင့် ပြည်ပရောက် မြန်မာ ၁၁ ဦးဖြင့် ဖွဲ့စည်းထားသော အဆိုပါ အဖွဲ့ကို ''အမိမြေ ငြိမ်းချမ်းရေးလုပ်ငန်း'' ဟု အမည်ပေးထားသည်။ ၄င်းတို့သည် ပြည်တွင်းတွင် ၂၁ ရက်ကြာ နေထိုင်ခွင့်ရထားပြီး အဆိုပါကာလအတွင်း သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံနိုင်ရန် ကြိုပမ်းမည်ဟု ဆိုသည်။
''ဒီကို ရောက်လာပြီး ကျွန်တော်တို့ နိုင်ငံရေးပါတီထောင်ဖို့ မဟုတ်ဘူး'' ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် ABSDF ဥက္ကဋ္ဌဟောင်း (ဦး)မိုးသီးဇွန်က ပြောသည်။
ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့မှုအပေါ် သိက္ခာရှိရှိ ပြန်လည်ခြင်းဖြစ်ကြောင်း ၄င်းတို့က သတင်းစာရှင်းလင်းပွဲအတွင်း အကြိမ်ကြိမ်ပြောသွားခဲ့သည်။ အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများ အပေါ်တွင်လည်း ကြိုဆိုကြောင်း ၄င်းတို့က ပြောသည်။
Myanmar Express

ဘကြီးသက်
Unknown at 8:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယောက်ကျားတွေရဲ့  အားနည်းတဲ့ နေရာကိုသိနိုင်ပါတယ်

 
မိန်းခလေးတဦးက သူ့ ရဲ့  အမျိုးသား တရုပ်နိုင်ငံသားတဦးကို ဘာကြောင့်လည်းမသိပါ လမ်းမအလည်မှာ အပြစ်ပေးနေတဲ့ ရုပ်သံမှတ်တမ်းပါ။ အမျိုးသားကတော့ သူဘာတွေအမှားလုပ်ထားသလဲမသိပါ ငြိမ်ပြီး အထု.အဆွဲခံ နေတယ်...။ ဒီရုပ်သံကိုကြည့်ပြီး ယောက်ကျားတွေရဲ့  အားနည်းတဲ့ နေရာကိုသိနိုင်ပါတယ်။

ဘကြီးသက်
Unknown at 12:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ABSDF ခေါင်းဆောင်ဟောင်း ပြန်တော်ပြန်စဉ် အနှိပ်စက်ခံ ကျောင်းသားဟောင်းများ ရှင်းလင်းပွဲ ပြုလုပ်


ရန်ကုန်၊ သြဂုတ် ၃၀


  • မြန်မာ တစ်နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ခေါင်းဆောင်များ အဖြစ်တာဝန်ယူခဲ့သော ဒေါက်တာ နိုင်အောင်နှင့် အဖွဲ့ဝင် အချို့ မနက်ဖြန် မြန်မာနိုင်ငံသို့ ခေတ္တပြန်လာချိန်တွင် ညှပ်ပမ်းနှိပ်စက်ခံခဲ့ရသည်ဆိုသော မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများ အကြောင်းရှင်းလင်းမည်ဖြစ်သည်။
  • အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါက်တာနိုင်အောင် အပါအ၀င် အခြားအဖွဲ့ဝင် နှစ်ဦး နိုင်ငံအတွင်း ပြန်လည် ရောက်ရှိမည်ဖြစ်ပြီး မိုးသီးဇွန်က သန်ဘက်ခါတွင် အသီးသီး ရန်ကုန်မြို့တော်သို့ ရောက်ရှိမည် ဖြစ်သည်။
  • ထို့အတူ မနက်ဖြန်တွင် မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားများကို သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ် ရန်ကုန်မြို့တော်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သွားမည်ဖြစ်သည်။
  • အစိုးရ သူလျှိုဟု စွပ်စွဲခံရပြီး တောတွင်းရောက် ကျောင်းသားဒါဇင်ပေါင်းများစွာ သတ်ဖြတ်မှုခဲ့မှု ဖြစ်ပွားချိန်တွင် ဒေါက်တာနိုင်အောင်သည ABSDF ဗဟို ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ရော်နယ်အောင်နိုင်က မြောက်ပိုင်း ABSDF ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ 
  • “တရားစွဲတာတို့ကတော့ သက်ဆိုင်ရာ မိသားစုဝင်တွေရဲ့ ဆန္ဒပါပဲ။ ကျွန်တော်တို့ကတော့ ဘယ်လိုနေရာ အမည်းရောင်နယ်မြေ၊ အညိုနယ်မြေတွေမှာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ တရားရေးမဏ္ဍိုင်ရဲ့ မျှတမှု၊ မှန်ကန်မှု၊ တောင့်တင်းမှုလိုအပ်ပါတယ်”ဟု မြောက်ပိုင်း ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးညီညီကျော်က The Voice Weekly သို့ပြောကြားသည်။
  • ယင်းအချိန်သတ်ဖြတ်ခံရသော ကျောင်းသားဟောင်းတစ်ဦး၏ သမီးဖြစ်သူမှာ ယင်းကိစ္စနှင့်ပတ်သက်၍ ယင်းအချိန် မြောက်ပိုင်း ဥက္ကဋ္ဌ ရော်နယ်အောင်နိုင်နှင့် အခြားသူများကို မြောက်ဥက္ကလာရဲစခန်းတွင် သြဂုတ်လ ၁၉ ရက်နေ့ညက တရားဝင် အမှုဖွင့်ထားပြီးဖြစ်ကြောင်း ကာယကံရှင် ဒေါ်စိမ့်စိမ့်သူက ပြောကြားသည်။
  • နိုင်ငံအတွင်း ပြန်ရောက်သည်နှင့် တပြိုက်နက် ရန်ုကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရှင်းလင်းပြောကြားလိုကြောင်း ဒေါက်တာ နိုင်အောင်က The Voice Weekly သို့ ပြောကြားသည်။
  • ကျွန်တော်ဥက္ကဋ္ဌဖြစ်နေချိန်မှာ ကျွန်တော်ကိုယ်တိုင်သိတာ၊ နောက်ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်တာ ဘာတစ်ခုမှမရှိပါဘူး။နောက်တစ်ခုက မြောက်ပိုင်းကိစ္စလိုဟာမျိုးက လူ့အခွင့်အရေးချိုး ဖောက်မှုတွေရှိတယ်ဆိုတာတွေကို တရားဥပဒေစိုးမိုးချိန်မှာ လွတ်လပ်တဲ့ စုံစမ်း ကော်မရှင်တွေ ဖွဲ့စည်းပြီး ပြန်လည် ဖော်ထုတ်သင့် တယ်လို့ယူဆပါတယ်”ဟု ၄င်းကဆိုသည်။
  • ဒေါက်တာနိုင်အောင်၊ ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ မည် ဖြစ်သည်။
  •  

ဘကြီးသက်
Unknown at 12:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယုံချင်ယုံ မယုံချင်နေ

 လူဗိုလ်ဟူ သည်
ဘကြီးသက်
Unknown at 12:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.