Monday, September 3, 2012

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် နှင့် ဦးသိန်းထိုက် တို့အား ကာကွန်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် စာရင်းစစ်ချုပ် ရာထူးများ ခန့်အပ်



ကာကွယ်ရေးဝန်ကြီဌာန ၀န်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ စာရင်းစစ်ချုပ်အဖြစ် ယခင်သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထိုက်တို့ကို ခန့်အပ်ရန်အတွက် အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတက ပေးပို့ထားကြောင်း သိရှိရသည်။ စက်တင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း၊ သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်အား စာရင်းစစ်ချုပ်အဖြစ်လည်းကောင်း ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးအပ်လိုက်သော သဝဏ်လွှာတွင် ဖော်ပြသည်။

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းမှာ စစ်ဘက်ဆိုင်ရာ တာဝန်များကို ပြန်လည် ထမ်းဆောင်မည်ဟု နိုင်ငံတော် သမ္မတ၏ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်မှာ ဒုတိယ သမ္မတအဖြစ် သတင်းထွက်ပေါ်ခဲ့သော ဦးမြင့်ဆွေ၏ နေရာတွင် အစားထိုးရန် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း၊ စာရင်းစစ်ချုပ်အဖြစ် ပြောင်းရွှေ့ ခန့်အပ်ခြင်း ခံရသူ ဦးသိန်းထိုက်မှာလည်း သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော် စစ်ဆေးရေး အရာရှိချုပ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

စက်တင်ဘာ(၃) ရက်တွင် ပြည်ထောင်စုသမ္မတနိုင်ငံ နိုင်ငံတော်သမ္မတရုံး၏ စာအမှတ် ၁၀၇(၁)/၈/သမ္မတရုံး အရ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းကို စစ်ဘက် တာဝန် များ ပြန်လည် ထမ်းဆောင်စေပြီး ၄င်း၏အစား ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကို တာဝန်ပေးအပ်လိုကြောင်း အဆိုပါ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက် ကို ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ်ပြောင်း လဲခန့်အပ်တာဝန်ပေး အပ်လိုကြောင်း သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်သို့ သြဂုတ်လ ၂၉ ရက်တွင် ပေးပို့ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။ လစ်လပ်လျက် ရှိသော ပြည်ထောင်စု စာရင်းစစ်ချုပ် ရာထူး ကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်အား ခန့်အပ်ပေးရန် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ ပုဒ်မ ၅ ပါ ပြဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ကိုရယူရန်ပေး ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Myanmar Express

ဘကြီးသက်
Unknown at 11:07 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.