Monday, September 3, 2012

ကိုယ်တိုင်ပါတီမထောင်ကြောင်းနှင့် ဘယ်ပါတီမှ မဝင်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် မိုးသီးပြော



ABSDF (ဗဟို) ဥက္ကဋ္ဌဟောင်းများဖြစ်သည့် (ဦး)မိုးသီးဇွန်၊ (ဦး)ထွန်းအောင်ကျော်အပါအ၀င် မြန်မာနိုင်ငံသို့ ခေတ္တပြန်လည် ရောက်ရှိနေသည့် အဖွဲ့သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းပြည်တိုးတက်ရေးအတွက် ကူညီလုပ်ဆောင်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း ၄င်းတို့က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့သည့် ABSDF တွင် တစ်ချိန်က အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ဖူးသူများနှင့် ပြည်ပရောက် မြန်မာ ၁၁ ဦးဖြင့် ဖွဲ့စည်းထားသော အဆိုပါ အဖွဲ့ကို ''အမိမြေ ငြိမ်းချမ်းရေးလုပ်ငန်း'' ဟု အမည်ပေးထားသည်။ ၄င်းတို့သည် ပြည်တွင်းတွင် ၂၁ ရက်ကြာ နေထိုင်ခွင့်ရထားပြီး အဆိုပါကာလအတွင်း သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံနိုင်ရန် ကြိုပမ်းမည်ဟု ဆိုသည်။
''ဒီကို ရောက်လာပြီး ကျွန်တော်တို့ နိုင်ငံရေးပါတီထောင်ဖို့ မဟုတ်ဘူး'' ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် ABSDF ဥက္ကဋ္ဌဟောင်း (ဦး)မိုးသီးဇွန်က ပြောသည်။
ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့မှုအပေါ် သိက္ခာရှိရှိ ပြန်လည်ခြင်းဖြစ်ကြောင်း ၄င်းတို့က သတင်းစာရှင်းလင်းပွဲအတွင်း အကြိမ်ကြိမ်ပြောသွားခဲ့သည်။ အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများ အပေါ်တွင်လည်း ကြိုဆိုကြောင်း ၄င်းတို့က ပြောသည်။
Myanmar Express

ဘကြီးသက်
Unknown at 8:39 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.