Sunday, September 2, 2012

ယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ပတ်သက်၍ မြန်မာ နှင့် တရုတ်ကျောက်စိမ်း ကုမ္ပဏီတို့ တရုတ်နိုင်ငံတွင် တရားရင်ဆိုင်နေ၊ မြန်မာကုမ္ပဏီ၏ လျှောက်ထားမှုကြောင့် ကျောက်စိမ်းများကို ဝရမ်းချိတ်ပိတ်ထား

AddThis Social Bookmark Button 7481
မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ထွက်ရှိသော ယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံး နှင့်ပတ်သက်၍ မြန်မာနှင့် တရုတ် ကျောက်စိမ်းကုမ္ပဏီတို့ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖူဆန်မြို့ ပြည်သူ့တရားရုံးတွင် တရားရင်ဆိုင်နေပြီး မြန်မာကုမ္ပဏီ၏ လျှောက်ထားမှုကြောင့် ကျောက်စိမ်းတုံးများကို ချိပ်ပိတ်ထားကြောင်း သီတာ မြနန်းကုမ္ပဏီ၏ ထုတ်ဖော်ပြောကြားချက်အရ သိရပါသည်။
မြန်မာလုပ်ငန်းဖြစ်သော သီတာမြနန်း ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီနှင့် တရုတ် လုပ်ငန်းဖြစ်သော နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့ အကြား တရားရင်ဆိုင်နေခြင်း ဖြစ်ပါသည်။ ယခု နှစ် နိုဝင်ဘာလတွင် ခုံရုံးဖွဲ့ကာ တတိယအကြိမ် အမှုစစ်ဆေးမည်ဖြစ်ပြီး စီရင်ချက်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကျောက်စိမ်းတုံးနှစ်တုံး တရုတ်နိုင်ငံဘက်ကို ရောက်ရှိသွားပြီးနောက် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ယင်းနှင့် ပတ်သက်သည့် တင်သွင်းမှု စာရွက်စာတမ်းများနှင့် အကောက်ခွန်ပေးဆောင်မှု စာရွက်စာတမ်းများ၊ အခွန်ဆောင် ပြီးကြောင်း သက်သေခံ လက်မှတ်များကို သီတာမြနန်း ကုမ္ပဏီသို့ ယခုအချိန်ထိ ပြန်လည်ပေးအပ်ခြင်း မရှိသည့် အတွက်  .  .  .
ဖြစ်စဉ်မှာ သီတာမြနန်း ကုမ္ပဏီပိုင် ဖားကန့်ကျောက်စိမ်းလုပ်ကွက်မှ ၂၀၀၆ ခုနှစ် ဇူလိုင်လအတွင်း ၃၂တန်ရှိ ကျောက်စိမ်းအရိုင်းတုံး ကို တူးဖော်ရရှိခဲ့ပြီး လေးခြမ်းရအောင် ဖြတ်တောက်ခဲ့သည်။ ယင်း လေးခြမ်းမှ နှစ်ခြမ်းကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသည့် (၂၂)ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ချန်လုံကျောက်မျက်ကုမ္ပဏီမှ တစ်ဆင့် တင်ပြရောင်းချခဲ့သည်။ ထို့နောက် ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖူစန်မြို့ နန် ဟိုင်ရပ်ကွက်မှတစ်ဆင့် တင်သွင်းပြီး အကောက်ခွန်ဆောင်ရန် သီတာမြနန်း ကုမ္ပဏီပိုင်ရှင် ဦးလှထွန်းက တဲ့တုဝမ်ကျောက်စိမ်းကုန်သွယ်ရေး ကုမ္ပဏီထံ အလုပ်အပ်နှံခဲ့ကြောင်း သိရပါသည်။
7481a
နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း သီတာမြနန်း ကုမ္ပဏီပိုင် ကျောက်စိမ်းတုံးနှစ်တုံးကို တွေ့ရစဉ်
ထိုသို့ ကျောက်စိမ်းတုံးနှစ်တုံး တရုတ်နိုင်ငံဘက်ကို ရောက်ရှိသွားပြီး နောက် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ယင်းနှင့်ပတ်သက်သည့် တင်သွင်းမှု စာရွက်စာတမ်းများနှင့် အကောက်ခွန် ပေးဆောင်မှု စာရွက်စာတမ်းများ၊ အခွန်ဆောင်ပြီးကြောင်း သက်သေခံ လက်မှတ်များကို သီတာမြနန်းကုမ္ပဏီသို့ ယခုအချိန်ထိ ပြန်လည်ပေးအပ် ခြင်းမရှိသည့်အတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း သီတာမြနန်းကုမ္ပဏီ ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးကျော်ကျော်ဟိန်းက ပြောကြားပါသည်။
“ပြဿနာစဖြစ်ကတည်းက ချန်လုံကုမ္ပဏီနဲ့ တဲ့တုဝမ်ကုမ္ပဏီပိုင်ရှင် ဦးရန်ကြားဆိုက်က သီတာမြနန်း တာဝန်ရှိသူတွေနဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းမှုလုံးဝ မလုပ်ခဲ့ပါဘူး။ အခု ချိန်မှာတော့ ဦးလှထွန်းနဲ့ ဦးရန်ကြားဆိုက်တို့ တရားခွင်မှာပဲ ဖြေရှင်းဖို့ ရှိတော့တယ်”ဟု ဦးကျော်ကျော်ဟိန်းက ဆိုပါသည်။
မြန်မာကျောက်စိမ်းကုမ္ပဏီ အသိုင်းအ၀ိုင်းတွင်ဦးရန်ကြားဆိုက် ပိုင်ချန်လုံကုမ္ပဏီမှာ ထင်ရှားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး Treasure Star Co., Ltd နှင့် တရုတ်နိုင်ငံ ကွမ်တုံ အခြေစိုက် နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့ကိုလည်း ဦးရန်ကြားဆိုက် နှင့် ဆက်နွှယ်မှုရှိကြောင်း သီတာမြနန်း ကုမ္ပဏီ တာဝန်ရှိသူက ပြောကြားပါသည်။
အခြားတစ်ဖက်တွင် နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီမှ တာဝန်ရှိသူလျန်စွတ်ဖိန်းက ဦးရန်ကြားဆိုက်နှင့် တဲ့တုဝမ်ကုမ္ပဏီတို့အကြား မည်သည့်ဆက်စပ်မှုမျှ မရှိကြောင်း တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်ဖူဆန် မြို့ပြည်သူ့တရားရုံးတွင် ထုချေထွက်ဆိုသွားခဲ့ကြောင်း သိရပါသည်။
အဆိုပါ ကျောက်စိမ်းတုံးနှစ်တုံးကို (၂၂)ကြိမ်မြောက် ကျောက်မျက်ပွဲအတွင်း Lot No.601 နှင့် Lot No.602 တို့ဖြင့် တင်သွင်းပြသခဲ့ ခြင်းဖြစ်ပြီး အလေးချိန် ၈၈၀၀ ကီလိုနှင့် ၈၉၀၀ ကီလိုတို့ရှိကြောင်း၊ တန် ဖိုးအားဖြင့် ယူရို ၉၀၀၀၀၀ နှင့် ၉၅၀၀၀၀ တန်ကြေးရှိကာ နှစ်တုံးပေါင်းယူရို ၁ ဒသမ ၈၅ သန်း တန်ကြေးရှိကြောင်း သိရသည်။

ဘကြီးသက်
Unknown at 11:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာမိန်းကလေး များ အရှက်တရားနဲ့  အသိတရားရှိဖို့  ပိုမိုလိုအပ်နေပြီ

ဒါဟာ ခေတ်နဲ့ အညီလုပ်တယ်ဆောင်ကြတယ်ဆိုပေမဲ့  ဒီနိုင်ငံဟာ မြန်မာနိုင်ငံပါ။ ယဉ်ကျေးမှူအစဉ်အလာကြီးမာတဲ့ နိုင်ငံပါ အရှက်နဲ့  အသက်ကိုလဲ ကြတဲ့  မြန်မာမိန်းကလေးတွေ အဖို့  အခု လိုပုံသဏ္ဍာန် တွေ ဟာ မြန်မာ့ယဉ်ကျေးမှူကို လွန်ဆန် ဖီကန်ကာ အနောက်နိုင်ငံက ယဉ်ကျေးမှူကို ပုံတူကူးချ နေကြတာကို ၀ိုင်းဝန်း အားပေး အားမြှောက် လုပ်နေကြမယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှူဟာ ၀မ်းနည်းကြေကွဲစာ နဲ့ ပျောက်ကွယ် သွားပါလိမ့်မယ်ဗျာ ။
ယခု ကျင်းပနေ တဲ့  ပွဲတစ်ခုထဲကို မဆိုလိုပါ အခြားသော ရပ်ဝန်းများမှာလဲ ထိုနည်း အတိုင်းပါပဲဗျာ ။ မြန်မာမင်းသ္မီး ၊ မင်းသားများကို လူငယ်မောင်မယ် များက အားကျ ကြတယ်။ အဲလိုပဲ သူတို့  က လဲ အားကျသည်ထက် အားကျအောင်လို့  ခေတ်ဆန်သည်ထက်ပို ဆန်စွာ ၀တ်စားဆင်ယင်မှူများက မပေါ်ရင် ပေါ်အောင်လို့ ပင်ဖော်ပြထားကြလေတော့ည်။ ဒါဟာ မိန်းကလေးတွေအတွက် အလွန် ကြီးမားတဲ့အန္တရာယ်ပါ ဒါကိုသူတို့ လဲ သိပါလျှက်နဲ့  ဒိထက်ပိုပြီး မလုံမလဲဝတ်ဆင်နေတာဟာ အလွန်ပင် မြင်မကောင်းပေ။ မြင်မကောင်းရင်မကြည့်နဲ့ လို့  ပြော ကြလိမ့်မည် ။ မကြည့်လဲ မြင်နေလို့  ပြောလိုက်ရဖြင်းဖြစ်ပါတယ်ဗျာ ~~~~~~။ မြန်မာ့ယာဉ်ကျေးမှူ ကို အမျိုးသားရေး တစ်ရပ်အနေနဲ့ ဝိုင်းဝန်း ထိန်းသိမ်း နိုင်ကြပါစေလို့  ဆန္ဒပြုပါတယ်ဗျာ
 Win Htet Ko

ဘကြီးသက်
Unknown at 11:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုးသီးဇွန်ဖြေပါ

၁။ သမ္မတကြီးက ဖိတ်ခေါ်နေခဲ့တာ ကြာပြီ­ဖစ်ပါသည်။ ဘာကြောင့် ယခုမှ တိုက်တိုက်ဆိုင်ဆိုင် ရိုဟင်ဂျာကိစ္စ ရှုပ်ထွေးနေချိန်မှာြ­ပန်လာသနည်း။
 ၂။ြ­ပည်တွင်ြး­ပန်ဝင်လာချိန်သည် အဘယ်ကြောင့် OIC မှ လာမည့် အချိန် နှင့် တိုက်ဆိုင် နေသနည်း။
 ၃။ မကြာသေးမီက မလေးရှားနိုင်ငံတွင် ဘင်ဂလီများကိုြ­မန်မာနိုင်ငံအပေါ် အကြမ်းဖက်ဖို့  သွေးထိုးလှုံ့ဆော်ခဲ့သူတစ်ယောက် အနေနှင့် မည်သည့်ရည်ရွယ်ချက်မျာြး­ဖင့်ြ­မန်မြာ­ပည်သို့ြ­ပန် လာပါသနည်း။
 ၄။ြ­ပည်ပမှာ ရှိနေစဉ်ကာလအတွင်း တိုင်းရင်းသာြး­ပည်သူများ အကျိုးစီးပွားအတွက် ဘာတွေ ဆောင်ရွက်ပေးခဲ့ပါသနည်း။
 ၅။ ဘင်ဂလီများဘက်မှ အဘယ်ကြောင့် ကာကွယ်ြေ­ပာဆိုခဲ့ပါသနည်း။
      ငွေကြေးထောက်ပံ့မှုကြောင့်လော။ - ဘင်ဂလီများ မှန်ကန်သည်ဟု ယူဆပါသလား။     ဘင်ဂလီများဘက်မှ အဘယ်ကြောင့် မှန်ကန်သည်ဟူသော အကြောင်ြး­ပချက် ပေးပါ။

၆။ြ­ပည်တွင်းြ­ပည်ပမှာ အင်မတန် လူမုန်းများသည်ဆိုသော လူတယောက်အနြေ­ဖင့် မည်သူမည်ဝါ၏ ပံ့ပိုးကူညီမှုကြောင့်ြ­ပည်တွင်းကိုြ­ပန် ဝင်လာရဲသနည်း။ ကျောထောက်နောက်ခံ အဖွဲ့အစည်း တခုခုများ ရှိနေပါသလား။

 ၇။ လေဆိပ်အဝင်တွင် အဘယ်ကြောင့် မူစလင်အဖွဲ့အစည်းတစ်ခုမှ လာရောက် ကြိုဆိုနေခဲ့သနည်း။
 ၈။ြ­မန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဟူသော အသုံးအနှုန်းနှင့် ထိုက်တန်ပါသလား။ ထိုက်တန်အောင် တိုင်ြး­ပည်အတွက် ဘာတွေ ဆောင်ရွက်ပေးခဲ့ဖူးပါသနည်း။
 ၉။ြ­ပည်တွင်ြး­ပန်ဝင်လြာ­ပီးနောက် တိုင်ြး­ပည်အကျိုးအတွက် ဘာတွေ ဆောင်ရွက်ပေးမည်နည်း။
 ၁၀။ြ­ပည်တော်ြ­ပန် ကြိုဆိုရေး ကမ်ပိန်းအတွက် ကုန်ကျစရိတ် မည်ရွေ့မည်မျှရှိပြီး မည်သည့်အဖွဲ့အစည်းမှ စပွန်ဆာပေးသနည်း။
 ၁၁။ ပါဂျောင်တွင် သေဆုံးခဲ့ရသော ကျောင်းသားများနှင့် ပတ်သက်၍ မိမိနှင့် လုံးလုံး မသက်ဆိုင်ပါဟု သက်ဆိုင်သူများ၏ မိဘများရှေ့တွင် ရဲရဲ အာမခံရဲပါသလား။

(Q,M)

ဘကြီးသက်
Unknown at 11:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ABSDF စတင်မွှေးခဲ့တဲ့ ရိုဟင်ဂျာဆိုတာမြန်မာ စာတမ်း ဘာကြောင့်လုပ်ခဲ့လဲ ဖြေပေးကြပါ

အခု ပြည်တွင်းကို မကဒတ (ABSDF) က ခေါင်းဆောင်ဆရာကြီးများ လူစုံတက်စုံနီးပါး ပြန်ရောက်ချိန်မှာ မေးခွန်းငါးခုလောက် မေးချင်ပါတယ်..။ အဲဒီမေးခွန်းတွေကို မေးပေးဖို့ ပြည်တွင်းက မျိုးချစ်စိတ်ရှိတဲ့ တိုင်းရင်းသားသတင်းထောက်များကို တောင်းဆိုပါတယ်..။
 ၁၉၉၂ ခုနှစ် ဇွန်လ ၇ ရက်နေ့ ရက်စွဲနဲ့ ABSDF-ဗဟို (သုတေသနဌာန) က စာမျက်နှာ ၄၉ မျက်နှာပါတဲ့ Rohingya (Researched by ABSDF) ဆိုတဲ့ စာတမ်းတစ်စောင်ထွက်ပေါ်ခဲ့ပါတယ်.။
 အဲဒီစာတမ်းဟာ INGO တွေနဲ့ UNGO တွေဆီ ပျံ့နှံ့သွားပြီး ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဘင်္ဂလီနွယ်တစ်စုဟာ ရိုဟင်ဂျာအဖြစ် ကမ္ဘာက အသိအမှတ်ပြုခံခဲ့ရကာ .. ကမ္ဘာ့အလယ်မှာ မြန်မာပြည်ကဌာနေသနားစရာ လူမျိုးစုအဖြစ် စာရင်းဝင်သွားခဲ့ပါတယ်..။ အဲဒါရဲ့ အကျိုးသက်ရောက်မှုအဖြစ်.. ယခု နှစ်နှစ်ဆယ်တိတိ (၇-၆-၂၀၁၂) အချိန်မှာ ရခိုင်အရေး ကြီးကျယ်စွာ ဖြစ်ပေါ်လာပြီး လူဝင်မှုကိစ္စတွေအပေါ်မှာ ဘာသာရေး/လူမျိုးရေး ရှုထောင့်မှ ထင်မြင်ချက်များ ဖြစ်ပေါ်လာက ရခိုင်ရဲ့ ဘူးသီးတောင်၊ မောင်တောကနေ ရခိုင်တိုင်းရင်းသားများပြောင်းရွှေ့သွားတဲ့ ဖြစ်စဉ်တွေဖြစ်ပေါ်လာနေပါတယ်..။
 လူဝင်မှုကိစ္စတွေဟာ အစိုးရရဲ့ အသုံးမကျမှုကြောင့်ဖြစ်ပေမယ့် ဘင်္ဂလီနွယ်ကို ရိုဟင်ဂျာအဖြစ် တဖန်ပြန်အသက်သွင်းခဲ့ပြီး ပြည်ပမှ Push လုပ်ခဲ့တဲ့ကိစ္စဟာလည်း တာဝန်အရှိဆုံးကိစ္စဖြစ်ပါတယ်..။ အဲဒါကြောင့် ပြည်တွင်းရောက်ရှိနေတဲ့ ABSDF ခေါင်းဆောင် ဆိုသူများကို...။
 (၁) ထိုစာတမ်းကို ဘယ်သူတွေ ဦးဆောင်ပြီး ရေးသားပြုစုခဲ့ပါသလဲ..။
 (၂) ထိုစာတမ်းကို ဘယ်သူတွေက ဖိအားပေး ရေးသားခိုင်းခဲ့ပါသလဲ..။
 (၃) ထိုစာတမ်းကို ရေးသားရခြင်း အကျိုးသက်ရောက်မှုအဖြစ် ABSDF အနေဖြင့် မည်သည့်အကူအညီများ ရရှိခဲ့ပါသလဲ..။
 (၄) ထိုစာတမ်းကို ရေးသားခဲ့သူများရဲ့ ထိုအချိန်က ခံယူချက်၊
 (၅) ထိုအချိန်က ပါဝင်ပတ်သက်နေသူများထဲမှာ ပြည်တွင်းရှိ အတွင်းစည်းအထိ ပေါက်ရောက်နေသော ABSDF အဖွဲ့ဝင်ဟောင်းများ ပါဝင်ခဲ့ခြင်းရှိ/မရှိ။ အစရှိသည်တို့ကို ရဲရဲဝံ့ဝံ့ မေးမြန်းပေးကြပါလို့..... ပြည်တွင်း သတင်းထောက်များကို တောင်းဆိုပါတယ်..။ ကိုယ့်နိုင်ငံအရေး၊ ကိုယ့်တိုင်းရင်းသားများအရေးအတွက် ကိုယ့်အမှားကိုယ် တာဝန်ယူနိုင်ကြပါလို့ ဆန္ဒပြုရင်း...။

ဘကြီးသက်
Unknown at 11:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နာမည်ပျက်စာရင်းနှင့် စောင့်ကြည့်စာရင်းများ ဆက်ရှိနေဦးမည်


ရန်ကုန်မြို့ သို့ ရောက်ရှိလာသော ABSDF ဥက္ကဌ ဟောင်း ကိုမိုးသီးဇွန် (ဓာတ်ပုံ – Hla Maung Shwe / Facebook)
နာမည်ပျက်စာရင်း(Black List)များ ထပ်မံ ပယ်ဖျက်ပေးသွားမည် ဖြစ်သော်လည်း ယင်းစာရင်း ဆက်လက် ရှိနေဦးမည်ဖြစ်ပြီး စောင့်ကြည့် (Watch List) စာရင်းများ လည်း ရှိနေဦးမည်ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဧရာဝတီကို ပြော သည်။
“Black List မှာ ဆက်လက် တည်ရှိနေသေးတဲ့ စာရင်းတွေကို သက်ဆိုင်ရာဌာနတွေ၊ တာဝန်ရှိသူတွေက ဆက်လက်ပြီး စိစစ်သွားမှာပါ။ ဒီစာရင်းကို အစဉ်အမြဲ Update (နောက်ဆုံးအခြေအနေ)လုပ်နိုင်အောင်လည်း Review Process (ပြန်လည်သုံးသပ်မှု)က ရှိနေမှာပါ။ နောက်ထပ်လည်း စာရင်းက ထပ်မံလျှော့ပေးတာတွေ ရှိမှာပါ။ အချိန်အတိအကျ ဘယ်တော့လဲ ဆိုတာကိုတော့ မသိနိုင်သေးပါဘူး”ဟုလည်း သူ က ဆိုသည်။
မြန်မာနိုင်ငံတွင် နာမည်ပျက်စာရင်းကို တရားဝင်ထုတ်ပြန်လိုက်ခြင်းသည် ယခု ပထမဆုံး အကြိမ်ဖြစ်ပြီး ယခင် အစိုးရ အဆက်ဆက်က နာမည်ပျက်စာရင်း သတ်မှတ်ထားခဲ့သည်များကို လျှို့ဝှက်ထားလေ့ရှိသည်။
သမ္မတရုံးက သြဂုတ်လ ၃၀ ရက်နေ့စွဲဖြင့် နာမည်ပျက်စာရင်းဝင် ၆၁၆၅ ဦးမှ ၂၀၈၂ ဦးကို ပယ်ဖျက်ခဲ့ရာ နိုင်ငံခြားသား ၁၁၄၇ ဦး၊ မြန်မာနိုင်ငံသား ၉၃၅ ဦး အမည်စာရင်းကို ထုတ်ပြန်ခဲ့သည်။ ယခုအခါ နာမည်ပျက်စာရင်းတွင် လူပေါင်း ၄ ထောင်ကျော် ကျန်ရှိနေသေးသည်။
ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသည့် MPU, FTUB, AAPP, NDD, DPNS, BSLO, မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၊ ညီညွတ်သော တိုင်းရင်းသားလူငယ်များ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၊ မြန်မာအမျိုးသမီးများ သမဂ္ဂ၊ ကရင်အမျိုးသမီး အစည်းအရုံး အစရှိသည့်အဖွဲ့များ၊ လူ့အခွင့် အရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားနေသူများကို နာမည်ပျက်စာရင်းမှ ပယ်ဖျက် ပေးထားသည်။
ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းမှာ သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားမှုကြောင့် ဖြစ်ပြီး သက်ဆိုင်ရာ ၀န်ကြီး ဌာနများက ပဏာမ တင်ပြလာသည့် စာရင်းကို သမ္မတရုံးက စိစစ်ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။
“အရင်က မြန်မာနိုင်ငံကို ဖိအားပေး တိုက်ခိုက်ခဲ့တဲ့ လူ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေဟာ အခုဆိုရင် အပြုသဘောဖြစ်လာပြီး အကူ အညီတွေ ပေးလာခဲ့ပါပြီ။ ဒါပေမယ့် စာရင်းမှာတော့ သူတို့ဟာ Black List, Watch List စသည်ဖြင့် ရှိနေဆဲပါ”ဟုလည်း သူက ပြောဆိုသည်။
နာမည်ပျက်စာရင်းမှ ပယ်ဖျက်ထားသူများ မြန်မာနိုင်ငံ ပြန်လာနိုင်ရန် အစီစဉ်များ ပြုလုပ်ထားသည်ဟုလည်း အစိုးရ ထုတ်ပြန် ချက်တွင် ပါရှိသည်။
သို့သော် တခြား နိုင်ငံတခုတွင် ခိုလှုံသွားသည့် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် နာမည်ပျက်စာရင်း သွင်းထားသူများကို လတ် တလောတွင် စာရင်းမှ ပယ်ဖျက်ပေးရန် အစီအစဉ် မရှိသေးကြောင်းလည်း ဦးဇော်ဌေးက RFA ရေဒီယို ကို ပြောဆိုသည်။
“နိုင်ငံတော် လျှို့ဝှက်ချက်၊ နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံရေးခိုလှုံသွားတာတွေ တချို့ဆိုးဆိုးရွားရွားကြီးတွေပေါ့နော်။ အဲလိုဟာတွေ ဆိုရင်တော့ လွှတ်ထားရမှာပေါ့နော်”ဟု ဦးဇော်ဌေးက ပြောသည်။
ထိုပြောဆိုချက်သည် တခြားနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းသွားသော သံအမတ် ဟောင်းများ၊ စစ်တပ် အရာရှိဟောင်းများစသည့် ပုဂ္ဂိုလ်များကို သတ်မှတ်နိုင်သည်ဟု မန္တလေးမြို့က ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
“နိုင်ငံရေးခိုလှုံသူတွေကို နံမည်ပျက်စာရင်းသတ်မှတ်ဖို့တော့ ဥပဒေမှာ မရှိပါဘူး။ ဥပဒေကြောင်းအရ နိုင်ငံတော်ပုန်ကန်မှု ကတော့ ပုဒ်မ ၁၂၄ ပါ။ ကျနော်ထင်ပါတယ်။ ဥပမာ ဗိုလ်မှူး စိုင်းသိန်းဝင်းတို့လို၊ ဦးအောင်လင်းထွဋ်တို့လို သူတို့ လူရင်းထဲ ကနေ သစ္စာဖောက်ပြီး ခိုလှုံသွားသူတွေကိုတော့ သူတို့က နာမည်ပျက်စာရင်း ဆက်ပြီးသတ်မှတ်ထားနိုင်တယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။
နိုင်ငံရေးခိုလှုံသူတိုင်း နိုင်ငံတော်ပုန်ကန်မှု မဟုတ်ကြောင်း၊ နိုင်ငံရေးခိုလှုံသူ အမျိုးအစားများစွာရှိကြောင်း အဓိက နိုင်ငံရေး အရ လည်းကောင်း၊ စီးပွားရေးအရလည်းကောင်းရှိပြီး နိုင်ငံတော် လျှို့ဝှက်ချက်စသည်တို့ကို သယ်ဆောင် ခိုလှုံသူများကိုသာ ဆက် လက်ကန့်သတ်ထားနိုင်ကြောင်း၊ ရာဇ၀တ်မှုကျူးလွန်ထားသည်ဟု ထင်ရှားသူကို မည်သည့်နိုင်ငံကမျှ ခိုလှုံခွင့် မပေးကြောင်းလည်း သူက ပြောဆိုသည်။
နိုင်ငံတော် သစ္စာဖောက်မှုဖြင့် နာမည်ပျက်စာရင်း သွင်းထားသူများနှင့်ပတ်သက်ပြီး ဦးဇော်ဌေး ကို ဧရာဝတီက မေးမြန်းခဲ့ သော် လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။
နာမည်ပျက်စာရင်း ထုတ်ပြန်သည့် ကာလအတွင်း၌ပင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဌ ဟောင်းများ ဖြစ်သည့် ဒေါက်တာ နိုင်အောင်၊ ကိုမိုးသီးဇွန် အစရှိသည့် ထင်ရှားသူများ မြန်မာနိုင်ငံသို့ ပြန် လာ နေကြသည်။
ကိုမိုးသီးဇွန်နှင့် ၇ ဦးသည် ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဒေါက်တာနိုင်အောင်၊ ဒေါက်တာ သောင်းထွန်း၊ ဦးညိုအုန်းမြင့် တို့သည် ယမန်နေ့က ရောက်ရှိခြင်း ဖြစ်သည်။
ပယ်ဖျက်ပေးသည့် အမည်ပျက် စာရင်းထဲတွင် ပြည်တွင်း၌ နေထိုင်သူများလည်း အများအပြားပါဝင်ပြီး နုတ်ထွက်ထားသော အစိုးရ ဝန်ထမ်းများ၊ လျော်ကြေးပေး၍ ဝန်ထမ်း အဖြစ်မှ နုတ်ထွက်သည့် ကျောင်းဆရာမများ၊ ဆရာဝန်များ စသည်တို့လည်း ပါဝင် နေကြောင်း သိရသည်။
၎င်းတို့အား နာမည်ပျက်စာရင်းသွင်းထားသည်ကို လုံးဝ မသိကြောင်း၊ တချို့မှာ နိုင်ငံကူးလက်မှတ် လျှောက်ထား ချိန်မှ အကြောင်းပြချက်မသိရဘဲ နာမည်ပျက်စာရင်းဝင်နေသည်ဟု သိရကြောင်း အဆိုပါ စာရင်းတွင် ပါဝင်သူတချို့က ပြောဆိုသည်။
ပြည်တွင်းနေ နံမည်ပျက်စာရင်းပါဝင်သူများအား နိုင်ငံကူးလက်မှတ် ထုတ်မပေးကြောင်း၊ ထင်ရှားသည့်သာဓကမှ နိုင်ငံရေး အကျဉ်းသားဟောင်းများဖြစ်ကြောင်း ယခုအချိန်ထိ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး အစရှိသူများ နိုင်ငံ ကူး လက်မှတ် လျှောက်ထားခဲ့သော်လည်း မရသေးကြောင်း သိရသည်။
ထို့အပြင် Black List မှ ပယ်ဖျက် စာရင်းဖော်ပြချက်များတွင် အမည်များ ထပ်နေခြင်း၊ ကွယ်လွန်ပြီးသူများ ပါဝင်ခြင်းများလည်း ရှိနေသည်။
ဦးဇော်ဌေးက အဆိုပါကိစ္စများနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ကြားသိရကြောင်း သို့သော် သမ္မတ၏ မူဝါဒအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
“သမ္မတကြီးရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကတော့ ဒီမိုကရေစီ နိုင်ငံရေးစနစ်သစ် ခေတ်သစ် နိုင်ငံတည်ဆောက်ရေးမှာ မြန်မာနိုင်ငံသားတွေ အားလုံး ပါဝင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ မူဝါဒအတိုင်း လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်”ဟုလည်း သူ ပြောဆိုသည်။

ဘကြီးသက်
Unknown at 10:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွန်ခဲ့တဲ့ တနှစ်ကျော်၊ ပြည်သူ့ခေတ်ဂျာနယ်မှ ဖော်ပြခဲ့တဲ့ လွှတ်တော်နှင့် မီဒီယာတို့၏ တာဝန်

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတုန်းက ကျမဟာ မေသင်္ကြန်ဟိန်ဆိုတဲ့ အမည်နဲ့ ဂျာနယ်တွေမှာ စာရေးခွင့်မရခဲ့တဲ့ Black list တယောက်ပါ။
၂၀၀၄ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့နောက်ပိုင်း ကာလတည်းက ကျမကို စာပေစီစစ်ရေးက Black list အဖြစ်သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်စက်တင်ဘာလက စပြီးကျမ နာမည်ရင်းလည်းဖြစ်၊ သတင်းထောက်အမည်လည်း ဖြစ်တဲ့ မေသင်္ကြန်ဟိန် ဆိုတဲ့ ကလောင်နဲ့ ပြန်ပြီးစာရေးလို့ရခဲ့ပါတယ်။

မေသင်္ကြန်ဟိန်အမည်နဲ့ စာရေးလို့ မရခင်တုန်းက ကျမ ကလောင်အမည် တော်တော်များများနဲ့ ရေးဖြစ်ခဲ့ပါတယ်။ ကျမ မှတ်မိသလောက် ကလောင်အမည် ၇ ခုကျော်လောက်ထိ ကျမမှာ ရှိခဲ့ပါတယ်။ အဲဒီတုန်းက ငြိမ်းဆက်လင်း ဆိုတဲ့ ကလောင်အမည်ကတော့ လူသိများခဲ့တဲ့ ကလောင်တခုဖြစ်ခဲ့ပါ တယ်။ ကျမကိုယ်တိုင်လည်း နှစ်သက်ခဲ့ပါတယ်။


ငြိမ်းဆက်လင်း ဘ၀နဲ့ ရေးခဲ့တဲ့ ဆောင်းပါးတွေထဲက တခုကို ပြန်လည် မျှဝေလိုက်ပါတယ်။

လွှတ်တော်နှင့် မီဒီယာသမားတို့၏ တာဝန်
ပြည်သူ့ခေတ်ဂျာနယ်၊ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ၂၇ ရက်နေ့ထုတ် သတင်းဂျာနယ်တွင် ဖော်ပြခဲ့သောဆောင်းပါး)

ငြိမ်းဆက်လင်း(မြစ်မခ)

မကြာမီကာလမှာ လွှတ်တော်ခေါ်တော့မည်။ လွှတ်တော်မှာ မီဒီယာတို့၏ အခန်းကဏ္ဍကလည်း ပါဝင်လာတော့မည်။ ထို့အတွက် ကျွန်မတို့ မီဒီယာသမားတွေ အဆင်သင့်ဖြစ်ကြပြီလား။ ပြည်သူလူထု သိချင်သမျှတို့ကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဖော်ပြနိုင်ဖို့အတွက် ကျွန်မတို့ သတင်းဂျာနယ် သမားတွေ၊ သတင်းထောက်တွေမှာ တာဝန်ရှိလာပြီမဟုတ်လား။

နိုင်ငံရေးပါတီတွေက လွှတ်တော်အတွက် ပြင်ဆင်နေကြသလို ကျွန်မတို့ သတင်းထောက်တွေကလည်း လွှတ်တော်မှာ သတင်းယူဖို့အတွက် ပြင်ဆင်သင့်ပြီ မဟုတ်လား။ လေ့လာမှတ်သားသင့်ပြီဟု မြင်မိပါသည်။

ထို့ကြောင့် ဆရာလူထုစိန်ဝင်းဆီသို့ နှစ်သစ်ဂါဝရပြုရင်း ဆရာတို့ခေတ်တုန်းက လွှတ်တော်မှာ သတင်းထောက်တွေ သတင်းဘယ်လို ယူကြပါသလဲဆရာဟု မေးမြန်းမိခဲ့ပါသည်။ ဆရာကလည်း ရာသီဥတု ဒဏ်ကြောင့် ရင်ကျပ်နေသည့်ကြားမှ ကျွန်မတို့ သိချင်သမျှတို့ကို ရှင်းပြခဲ့သည်။

`ဆရာတို့တုန်းက လွှတ်တော်က ရန်ကုန်အတွင်းဝန်ရုံးအတွင်းမှာ ထားရှိတယ်၊  အခုတော့ အရင်ဝန်ကြီးများ ရုံးပေါ့လေ အဲထဲမှာလွှတ်တော်ခန်းမရှိတယ် လွှတ်တော်မှာသတင်းထောက်တွေဟာ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ရှိတယ်၊ ကြိုက်တာကိုလဲရေးခွင့်ရှိတယ်။ အဲဒီမှာလာတဲ့ လွှတ်တော် အမတ်တွေကိုရော၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးဝန်ငယ်တွေရော လွတ်လွတ်လပ်လပ်တွေ့ ဆုံမေးမြန်းပြီးတော့  ရေးလို့ရတယ်။ 

တကယ့်လွှတ်တော်ထဲမှာ  ပြောကြဆိုကြ ဆွေးနွေးကြတာတွေ ငြင်းခုံကြတာတွေကအစ ပြည်သူလူထုက သတင်းစာတွေမှာ သေချာဖတ်ကြရတယ်`ဟု ဆရာက ရှင်းပြရင်း ခဏနားသည်။

ဆရာက အောက်စီဂျင်ပိုက်တန်းလန်းနှင့် စာရေးသူဖြစ်သလို၊ အောက်စီရျင်ပိုက်တန်းလန်းနှင့်ပင် လာရောက်ကြသော မိတ်ဆွေများ၊ တပည့်များကိုလည်း လက်ခံတွေ့ဆုံပေးသူလည်း ဖြစ်သည်။ ကျွန်မတို့လို သိချင်တာ ရှိရင် ဆရာ့ဆီကို ပြေးလာတတ်သော တပည့်တွေကိုလည်း ဆရာက လက်ခံတွေ့ဆုံပြီး မေးသမျှကို နားလည်းအောင်ရှင်လင်းသင်ကြားပေးသည့် ဆရာပင်ဖြစ်သည်။ ခုလည်း ဆရာက အသက်၀၀ရှုလိုက်ပြီး စကားဆက်ပါသည်။

`အဲဒီသတင်းတွေသတင်းစာထဲမှာ ထည့်ပြီး ဖတ်ရတော့ ပြည်သူလူထုကလည်း တို့အမတ်ကတော့ ဘာတွေ ပြောတယ်၊ တို့အမတ်ကတော့ လွှတ်တော်ထဲမှာ တို့အတွက် ဘာတွေ မေးပေးတယ်၊တို့အတွက် ဘာတွေ ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းနိုးဆော်ပေးတယ် အဲလိုမျိုးမဲဆန္ဒရှင်တွေက သိရတယ်၊ သိရတဲ့အတွက် ဒီအမတ်ကောင်းတယ် မကောင်းဘူး၊ နောက်တစ်ကြိမ်ရွေးကောက်ပွဲ ကြရင် ပြန်ရွေးသင့် မရွေးသင့်ဆိုတာမျိုး သူတို့က ဆုံးဖြတ်လို့ရတဲ့အတွက် ပြည်သူလူထုကလည်း ကျေနပ်ကြတယ်၊
သတင်းသမားတွေကလည်း ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်နိုင်တဲ့အတွက် စိတ်ကျေနပ်ကြရတယ်`ဟု ဆရာက ရှင်းပြခဲ့သည်။

ဆရာကဆက်ပြီး သတင်းသမားတို့၏တာဝန်နှင့်ပတ်သက်ပြီး ထပ်ပြောခဲ့သည်။ ဒီမိုကရေစီခေတ်မှာ မီဒီယာက ပိုပြီး တာဝန်ကြီးလာသလို၊အရေးလည်း ကြီးလာကြောင်းပြောသည်။ ထို့ပြင် သတင်းသမား တစ်ယောက်အနေဖြင့် ကိုယ့်တာဝန်ကိုယ်ကျေဖို့အတွက် အမြဲကြိုးစားရမည်ဖြစ်ကြောင်း ဆရာက ပြောသည်။

`သတင်းသမားဆိုတာ ပြည်သူသိချင်တာတွေကို သိအောင်လုပ်ပေးဖို့ ဒါ သတင်းသမားရဲ့ အဓိကတာဝန်ဘဲ အဲ့ဒါမလုပ်ပေးနိုင်ဘူးဆိုရင် သတင်းသမားရဲ့တာဝန်မကျေတော့ဘူးပေါ့ အခု သတင်းသမား တွေဟာ ပုံစံအမျိုးမျိုးနဲ့ ကြိုးစားနေကြတယ် ဒါကောင်းတယ်၊ မရနိုင်ပါဘူးဆိုတဲ့ ဆင်ခြေအမျိုးမျိုးနဲ့ နေတဲ့သူတွေလည်း ရှိတယ်၊ အဲဒါသတင်းသမားတာဝန်မကျေဘူး`ဟု ဆရာလူထုစိန်ဝင်းက ပြောသည်။

လက်ရှိသတင်းဂျာနယ်များမှသတင်းထောက်အများတွင် အမျိုးအစား ၂ မျိုးခန့် ကွဲနေသည်ကိုတွေ့မြင်ရသည်။ တစ်မျိုးက ပြည်သူ့ သတင်းထောက်၊ပြည်သူ့အတွက် တာဝန်ကျေအောင် ကြိုစားတတ်သော သတင်းထောက်မျိုးဖြစ်ပြီး၊ နောက်တစ်မျိုးကတော့ သတင်းအလုပ်ကို ၀တ်ကျေတန်း ကျေလုပ်သော၊ တာဝန်မယူတတ်သော၊ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သော သတင်းလုပ်ငန်းလုပ်သူတို့ဖြစ်သည်။

ထို့ပြင် သတင်းလုပ်ငန်းဖြင့် လိမ်လည်ပြီးအခကြေးငွေ ယူနေသူမားလည်း ရှိကြောင်း ကြားသိနေရသည်။

တစ်လောတုန်းကလည်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းတစ်ခုမှ သတင်းရေးပေး မည်၊ သတင်းရေးခဟု ဆိုကာ ငွေကျပ် ၂ သောင်း တောင်းယူသွားသော အဖြစ်အပျက်ကိုလည်း ကြားလိုက်ရသေးသည်။ ထိုကဲ့သို့အဖြစ်အပျက်များမှာ လွန်ခဲ့သော ၂၀၀၀ ၀န်းကျင်ခန့်တုန်းကတည်းက ရှိခဲ့ဖူးသည်။ ဟိုတုန်းကလည်း ရှိခဲ့သည်ဟု ကြားရပါသည်။ သတင်းလောကအတွက် ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက်၊ ရှက်ဖွယ်အဖြစ်အပျက်ဟုသာ ဆိုရပါမည်။

သတင်းသမားတို့အတွက် သတင်းရေးခကို သက်ဆိုင်ရာ ဂျာနယ်တိုက်က ပေးရခြင်းဖြစ်သည်။ သတင်းရင်းမြစ်များထံမှ အခကြေးငွေတောင်းယူခြင်း၊ လက်ဆောင်ပစ္စည်းလက်ခံယူခြင်းတို့မှာ သတင်းသမား ကျင့်ဝတ်နှင့်မညီပါ။ ထို့ပြင် သတင်းသမားတို့က စီးပွားရေးလုပ်ငန်းရှင်တို့ကျင်းပသော ဧည့်ခံပွဲများ၊ ပရိုမိုးရှင်းပွဲများသို့ တက်ရောက်ခြင်းကလည်း သတင်းလုပ်ငန်းကို ထိခိုက်စေကြောင်း သိရပါသည်။

`သတင်းထောက်တွေက ဧည့်ခံပွဲတွေတက်တာ၊ ကုန်ပစ္စည်းကြေညာပွဲတို့ ကုန်ပစ္စည်းပရိုမိုရှင်းပွဲတွေ တက်ကြ ကျွေးတာစား၊ပေးတာ ယူကြတာ သတင်းသမားအလုပ်မဟုတ်ဘူး၊ အဲလို လုပ်တဲ့ သတင်းသမားတွေ ကိုလည်း ပြည်သူကမလေးစားဘူး`ဟု ဆရာလူထုစိန်ဝင်းက ပြောဆိုခဲ့ဖူးသည်။

ကျွန်မတို့ရှေ့မှ သတင်းထောက်များ ပွဲတက် လက်ဆောင်ယူခဲ့ကြသည့်အတွက် နောက်မှ သတင်းထောက်တွေကလည်း ပွဲတက်လက်ဆောင်ယူသည့် အလေ့စွဲလာခဲ့တာဖြစ်သည်။ လက်ဆောင်ယူ ထားသော အခကြေးငွေယူထားသော သတင်းသမားတစ်ယောက် ရေးသည့် သတင်းသည် မည်သို့သော သတင်းမျိုးသား ဖြစ်မည်နည်း။ သတင်းသမားများအနေဖြင့် ကျင့်ဝတ်နှင့်အညီနေထိုင်ကြရန် အရေးကြီးကြောင်း မှတ်သားခဲ့ဖူးသည်။

ရွေးကောက်ပွဲကာလကို ကျွန်မတို့သတင်းသမားတွေ ဖြတ်သန်းခဲ့ကြပြီးပြီ အသန့်ရှင်းဆုံး၊ အမျှတဆုံးဖြစ်အောင် သတင်းယူကြ၊ သတင်းရေးကြသူတွေလည်း ရှိပါသည်။ ထို့ပေါ်မှာအခွင့်ကောင်းယူသော သတင်းသမားများ၊ နိုင်ငံရေးပါတီအချို့၏ လက်ကိုင်တုတ်သဖွယ်ဖြစ်သွားသော သတင်းသမားလည်းရှိသည်ကို စိတ်မသက်သာစွာ တွေ့မြင်ခဲ့ရသည်။ လူတိုင်းလူတိုင်း ကိုယ့်သမိုင်း ကိုယ်ရေးကြပါသည်။

လာမည့် လွှတ်တော်ကာလတွင်လည်း သတင်းသမားတွေ သတင်းယူကြရဦးမည်။ ကျင့်ဝတ်နှင့်အညီ နေထိုင်ရင်း ပြည်သူ့သတင်းထောက်ဖြစ်အောင်သာ သတင်းသမားတိုင်း ကြိုးစားနေထိုင်သင့်သည်ဟု ဆရာ၏ သြ၀ါဒကို လက်ခံယူဖြစ်ခဲ့ပါသည်။

သတင်းသမားဆိုတာ ပြည်သူ့အပေါ် အမြဲသစ္စာရှိရမည်။ ပြည်သူ့အတွက်သာ အလုပ်လုပ်ကြရမည် ဟု ရင်ထဲစွဲနေဆဲဖြစ်သည်။  ငြိမ်းဆက်လင်း(မြစ်မခ)

ဘကြီးသက်
Unknown at 9:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတရဲ့ ရခိုင်အရေး ရပ်တည်ချက် မန်းသံဃာနဲ့လူထု ထောက်ခံဆန္ဒဖော်ထုတ်

သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး သံဃာတော် (၅) ထောင်ကျော်အပါအ၀င် ပရိသတ် အင်အား စုစုပေါင်း (၁) သောင်းကျော်လောက် ဆန္ဒပြပွဲမှာ ပါဝင်အားပေး ခဲ့ကြပါတယ်။
RFA
သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့အနေနဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက သံဃာတော် (၅) ထောင်ကျော် အပါအ၀င် ပရိသတ် အင်အား တသောင်းကျော် ဆန္ဒပြနေစဉ်။
ပထမဆန္ဒပြပွဲကို မဟာအောင်မြေမြို့နယ် (၃၅) လမ်းနဲ့ (၈၄) လမ်းထောင့်မှာ စတင်စုဝေးပြီး (၃၅) လမ်းအတိုင်း အရှေ့ဘက်ကို (၈၁) လမ်း အထိချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယဆန္ဒပြပွဲကိုတော့ အောင်မြေသာစံမြို့နယ် လမ်း (၈၀) နဲ့ (၁၂) လမ်းကျုံးထောင့်ကနေ တောင်ဘက် (၁၉) လမ်းအထိ၊ အဲဒီကနေ အနောက်ဘက် (၈၆) လမ်းအထိ ချီတက်ခဲ့ပြီးတဲ့နောက် မူလစုရပ် ကျုံးထောင့်ကို ပြန်လည် ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ဦးဆောင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူက RFA ကို အခုလို မိန့်ကြားခဲ့ပါတယ်။
"ဆန္ဒပြတယ်ဆိုတာ မိမိရင်ထဲက ဆန္ဒတွေပါ။ ကောင်းတာတွေရော မကောင်းတာတွေရော။ ထောက်ခံတာ မထောက်ခံတာတွေရော၊ အားလုံးကို ဖော်ထုတ်တာ ခေါ်ပါတယ်။ အခု ဆန္ဒပြပွဲဟာ နိုင်ငံတော် အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ မဟုတ်ပါဘူး။ ရခိုင်အရေး နဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရ ခေါင်းဆောင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရပ်တည်ချက်ကို မန္တလေး သံဃာထုရော လူထုရော လုံးဝထောက်ခံတယ်ဆိုတဲ့ ဆန္ဒပြတဲ့ ဆန္ဒဖော်ထုတ်ပွဲ ဖြစ်ပါတယ်။ "
အာဏာပိုင်တွေဘက်က ဆန္ဒပြအင်အား (၁၀၀) ပဲ ခွင့်ပြုထားခဲ့ပေမယ့် ချီတက်ရာလမ်းကြောင်းတွေ တလျှောက် လိုက်ပါအားပေးတဲ့ ရဟန်းရှင်လူတွေကြောင့် အင်အားသောင်းနဲ့ချီ ရှိခဲ့တာဖြစ်ပြီး၊  နေ့လည်ပိုင်း ဆန္ဒပြပွဲမှာ မနက်ပိုင်းကထက် အားပေးတဲ့ ပရိသတ် ပိုမို များပြားလာခဲ့ပါတယ်။
ဆန္ဒပြပွဲ တလျှောက်မှာ ပရိသတ်တွေက ရေသန့်ဗူးနဲ့ အချိုရေတွေ ပေးကမ်းကြသလို လက်ခုပ်သြဘာသံတွေနဲ့လည်း ထောက်ခံ အားပေးခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း အင်အားအကြီးမားဆုံး သံဃာထု ဆန္ဒပြပွဲကို ပထမဆုံးအကြိမ် ပြန်လည်မြင်တွေ့ရတာ ဖြစ်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ ဆန္ဒပြပွဲကို လုံခြုံရေးရဲအင်အား (၂၀) ကျော်လောက်ချထားခဲ့ပြီး အာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေအကြားမှာ ပဋ္ဋိပက္ခ တစုံတရာ ဖြစ်ပွားမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ မနက်ဖြန်မှာတော့ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ချမ်းအေးသာစံမြို့နယ်၊ သဘက်ခါမှာတော့ ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

RFA Burmese

ဘကြီးသက်
Unknown at 9:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လန်ဒန်လူထုကို ပါးစပ်နဲ့ စော်ကားပြီး message ပို့တောင်းပန်ပြီးနောက် မီဒီယသမားများကို ပါးစပ်နဲ့ -ီးလိုမှပဲ လို့ ဆဲဆိုပြီး အီးမေးဖြင့် ဇာဂနာ တောင်းပန်





ရန်ကုန်လေဆိပ်တွင် ဆဲဆိုခဲ့ခြင်းအပေါ် မီဒီယာသမားများသို့ တောင်းပန်ကြောင်းစာတစ်စောင့်ကို ဇာဂနာမှ အီးလ်မေးမှတဆင့် ပေးပို့ခဲ့သည်။

ယင်းစာကိုသတင်းဂျာနယ်တိုက်များနှင့် ဂျာနယ်လစ်ဆိုင်ရာအသင်းအဖွဲ့များသို့ ယနေ့ နေလည် ၃ နာရီကျော်က ပေးပို့ခဲ့ခြင်းဖြစ်သည်။

ပေးပို့သည့်စာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

" ပြည်သူနှင့်မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း"

၂၀၁၂
သြဂုတ်လ (၃၁)ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပသို့ ထွက်ခွာ သွားသော ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူများအနက် တိုင်းပြည်သို့ပြန်လာခွင့် ရသော ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဦးညိုအုံးမြင့်တို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက် ကြိုဆိုခဲ့ပါသည်။ လေဆိပ်တွင်သတင်းရယူရန်စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင်ပြေပြေ သတင်းရယူနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း အဆင်မပြေဘဲအခြားခရီးသည်များကိုပါ အနှောက်အယှက် ဖြစ်စေခဲ့ပါသည်။ ထိုအပြင် သတင်းထောက်တစ်ဦးမှ ကျွန်တော့်အား တွန်းလိုက်သည့်အတွက် လဲကျသွားရာမှ အမှတ်မဲ့ဆဲမိခဲ့ပါသည်။ ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူ နေသော သတင်းထောက်များအားလည်းကောင်း၊ စိတ်အနှောင့်အယှက် ဖြစ်သည်ဟု ကြားရသည့်အတွက် များစွာ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။ ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ်မှု နှင့်တိုးတတ်ရေးအတွက်သာ အမြဲလုပ်ဆောင်လိုသော ဆန္ဒရှိပြီး နိုင်ငံ၏ အရေးပါသော စတုတ္ထမဏ္ဍိုင်ကို အရှင်းစော်ကားလိုသော စိတ်မရှိသောကြောင့် ယခုဖြစ်ရပ်တွင် ပါဝင် ပါတ်သတ်သူများနှင့် မီဒီယာများအား တောင်းပန်းအပ်ပါသည်။

ဇာဂနာ

ဟူ၍ဖြစ်သည်။ ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ခရီးစဉ် တုန်းကလည်း လန်ဒန်ရောက် မြန်မာမိသားစုများ နှင့် ဇဂနာ တို့ ပြဿနာအကြီးအကျယ် တက်ခဲ့ပြီး ဇဂနာမှ ယုခုကဲသလို့ပင် message ရိုက် တောင်းပန်ကာ ကျေနပ်ခိုင်းခဲ့သည်။ ဇာဂနာ ၏ တောင်းပန်ချက်အပြည့်အစုံမှာ


ထပ်မံရှင်းပြပါရစေ။ ပွဲပြီးသည်အထိ ကျွန်တော့်လက်ထဲအစီအစဉ်စာရွက်ရောက်မလာပါ၊ ဃခုကဲ့သို့ကြီး ကျယ်ခမ်းနားသော ပွဲမှာစင်ခုံမန်နေဂျာ တစ်ယောက်မှမရှိပါ၊ အန်တီကို လာပေးသမျှ လက်ဆောင်ပစ္စည်းများကို မိုင်းရှာ ကိရိယာဖြင့်မက်ထရို ပိုလီတန်ရဲများကရှာဖွေစေပြီး ကျွန်တော်တိ့ကိုယ်တိုင်တစ်ထုပ်ချင်းဖောက်ပြရပါသည်။ အခမ်းအနားမှုး တစ်ယောက်အနေဖြင့်လုပ်ပေး စရန်မလို အပ်ပါပဲအောက်ကျခံပြီး လုပ်ပေးခဲ့ရပါသည်။ မြန်မာပြည်မှာပင် လျင် ရဲ ခိုင်းသည့် အလုပ်မလုပ်ခဲ့သော်လည်း လန်ဒန်ပွဲ အနှောင့် အရှက်မဖြစ်အောင် သည်းခံခဲ့ရပါသည်။ ထိ့ပြင့ခေတ်ဆန်းချိန် သီချင်းဖြုတ်လိုက် သဖြင့ စိတ်ဆိုးကုန် ကြသူများပြေ လည်အောင်ပြန်လည် ကပြခွင့်ရရရေး အတွက် ဇာတ်ရုံတာဝန်ခံများ ကိုရောအန်တီ ကိုပါမေတ္တာ ရပ်ခံတောင်းပန်ပြီး ပွဲဆက်ကပြနိုင်ရန် ချက်ချင်း ကမောက်ကမ ဆုံးဖြတ်ချက်ချ လုပ်ခဲ့ပါတယ်။ အရေးမပါတဲ့ ဆရာတော်များ အစီအစဉ်ကိုတော့ အစကတည်းက မလိုအပ်ဘူးထင်လို့ ကျော်ခဲ့ရခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်း စုကြည်ထံသို့လဲ ထိုဖြစ်စဉ်အားလုံးတင်ပြပြီးဖြစ်ပါသည်။ ဒါတောင်မှ မကျေနိုင် မချမ်းနိုင် ဖြစ်ဖြစ်နေသး လန်ဒန်ရောက်မြန်မာများ အားလည်း စိတ်ပျက်ပါသည်။ နောက်တခါ လန်ဒန်မှာဘာပွဲလုပ်လုပ် ဘယ်တော့မှပါဝင်တော့မှာမဟုတ်ပါ။

ဟူ၍့ဖြစ်သည်။

စွယ်စုံရ ဆိုသည့်အတိုင်း အဆဲအဆို အရိုင်းအစိုင်းများကိုပါ သူမတူအောင် ထူးချွန်သည့် အနုပညာရှင် ဇာဂနာသည် ရန်ကုန်အပြန်ပြန်ဆိုင်ရာလေဆိပ် တွင် အမျိုးသမီး များစွာ ဘေးနားရှိနေချိန်၌ ဆင်ခြင်မဲ့စွာဖြင့် " -ီး လိုမှပဲ" ဟု ကျယ်လောင်စွာ ဆဲဆိုခဲ့သည်။

ဘကြီးသက်
Unknown at 9:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗဟိုဘဏ် ဖွဲ့စည်းပုံအသစ် အတည်ပြု




From : ခေတ်လူငယ်
ဗဟိုဘဏ် သီးခြားရပ်တည်ဖို့ ဖွဲ့စည်းပုံအသစ်ကို အစိုးရအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ပြီး ဖွဲ့စည်းပုံအသစ်အရ ဝန်ထမ်းဦးရေ နှစ်ဆကျော် ပိုမိုပါဝင်တယ်လို့ ဗဟိုဘဏ်မှ သိရသည်။ ဗဟိုဘဏ်ဖွဲ့စည်းပုံအသစ်မှာ သူ့ကော်မတီနဲ့သူ ပါဝင်မှာ ဖြစ်တယ်။ ကော်မတီအသစ်မှာ ပညာရှင်တွေနဲ့ အရာထမ်း၊ အမှုထမ်းတွေ အများကြီးခန့်ဖို့ လိုအပ်ပါတယ်။ ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက “လက်ရှိ ဖွဲ့စည်းပုံမှာ လူဦးရေ ၁၂၀၀ ရှိတယ်၊ ဖွဲ့စည်းပုံအသစ်မှာ ၂၅၀၀ လောက် ဖွဲ့မှရမယ်” လို့ ပြောပါတယ်။ ဗဟိုဘဏ် သီးခြားရပ်တည်တာက ခွဲထွက်တာမဟုတ်ဘဲ ငွေကြေးမူဝါဒ ချမှတ်ဖို့ လုပ်ပိုင်ခွင့်ရရှိတာ ဖြစ်တယ်။ သည်အချိန်မှာ အတိုးနှုန်း ပြောင်းချင်ရင် အစိုးရအဖွဲ့ကို တင်ပြရပါတယ်။ ဗဟိုဘဏ် သီးခြားရပ်တည်ရင် ငွေကြေးမူဝါဒတွေဖြစ်တဲ့ အတိုးနှုန်း၊ နိုင်ငံခြားငွေဈေးကွက်၊ သီးသန့်ငွေကြေး ထားရမယ့်အချိုး၊ ငွေတိုက်စာချုပ် အရောင်းအဝယ်၊ ငွေစက္ကူကျပ်ငွေ ထုတ်ခွင့်တွေကို ဗဟိုဘဏ်ရဲ့ အဆုံးအဖြတ်နဲ့ လုပ်ကိုင်နိုင်မှာ ဖြစ်တယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ အစိုးရရငွေ၊ သုံးငွေ၊ အခွန်စတဲ့ မူဝါဒတွေသာ ချမှတ်မှာ ဖြစ်တယ်။ ဗဟိုဘဏ် သီးခြားရပ်တည်ပြီ ဆိုရင်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ နီးနီးစပ်စပ် ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရတယ်။ ဗဟိုဘဏ် သီးခြားရပ်တည်ဖို့ ၁၉၉၀ ပြည့်နှစ်က ဗဟိုဘဏ်ဥပဒေကို ပြင်ဆင်ရေးဆွဲရမှာ ဖြစ်တယ်။ ဘတ်ဂျက်ကလည်း သီးခြားဖြစ်ရမယ်လို့ သိရတယ်။ ၂၀၀၃-၂၀၀၄ ခုနှစ်အတွက် ဘတ်ဂျက်ကို ပြည်ထောင်စု အစိုးရထဲက ဘတ်ဂျက်နဲ့ပဲ ရေးဆွဲထားပါတယ်။ ဗဟိုဘဏ်က တာဝန်ရှိသူက “ဗဟိုဘဏ်ရဲ့ ဝင်ငွေတွေက ဘဏ်တွေအပေါ်ရတဲ့ ကြီးကြပ်ခ၊ ငွေတိုက်စာချုပ် အတိုးတွေ၊ ဗဟိုဘဏ်က ငွေကြေးအဖွဲ့အစည်းတွေဆီက ဘီလျံနဲ့ချီပြီး ငွေချေးပေးတဲ့ အတိုးတွေရမယ်၊ ဘတ်ဂျက်ဘယ်လိုလုပ်မယ် ဆိုတာ ခုထိ မဆုံးဖြတ်ရသေးဘူး” လို့ ဆိုတယ်။ ဗဟိုဘဏ် ဖွဲ့စည်းပုံ အသစ်အရ လိုအပ်တဲ့ ပညာရှင်နဲ့ ဝန်ထမ်းတွေကို ပြည်တွင်း ကနေ ခေါ်ယူမှာဖြစ်တယ်။ အထူးကိစ္စရပ် အနေနဲ့ စီးပွားရေး တက္ကသိုလ်က ပါမောက္ခကို ခန့်မယ်ဆိုရင်တော့ ဝန်ကြီးဌာနနှစ်ခု ညှိနှိုင်းပြီး ခန့်မယ်လို့ သိရပါတယ်။ ဖွဲ့စည်းပုံနဲ့ လိုအပ်တဲ့ ဥပဒေတွေ လွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီးရင် ဗဟိုဘဏ်သီးခြား ရပ်တည်မှာဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ပ အတိုက် အခံများ အစိုးရပေါ် ယုံကြည်မှု တိုးလာ ဟုဆို

မြန်မာ နိုင်ငံရေး အပြာင်းအလဲ များနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း စဉ်များ၊ နိုင်ငံသား အားလုံး ပါဝင်နိုင်မည့် နိုင်ငံရေး လုပ်ငန်းစဉ် တစ်ရပ် ဖော်ဆောင် နေမှုကြောင့် ပြည်ပအတိုက်အခံများ ကြား နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဦးဆောင် သော အစိုးရ အဖွဲ့ ပေါ်ယုံကြည် မှု တိုးလာကြောင်း ဇွန်လ၁ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန် က ပြောကြားသည်။

အဆိုပါ ပြောကြားချက်ကို စက်တင်ဘာ လ ၂ ရက်နေ့ ရန်ကုန်မြို့ ဦးဝိစာရ လမ်းရှိ ငြိမ်းချမ်းရေး စင်တာ တွင် ကျင်းပ ပြုလုပ်သော အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောာင်မင်း နှင့် တွေ့ဆုံသည့် ပွဲတွင် သတင်းထောက်များအား ဦးမိုးသီးဇွန် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးမှု ရလဒ်အရ အစိုးရနဲ့ ယုံကြည်မှု တော်တော် တည်ဆောက် နိုင်ခဲ့တယ် ပြည်ပ အတိုက်အခံတွေလည်း ယုံကြည်မှု တော်တော်လေး ရလာကြပြီ၊ ကျွန်တော်တို့လိုပဲ ပြည်ပက လူတွေ အများကြီး ပြန်လာ ကြဦးမယ် ” ဟု ဦးမိုးသီးဇွန်က ဆိုသည်။

ငြိမ်းချမ်း ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ကလည်း “ကျွန်တော်တို့ ငြိမ်းချမ်းရေး ကိစ္စ တွေ ၊ All Inclucive လူတွေ အားလုံး ပါဝင်နိုင် မယ့် နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ခုလိုမျိုး ပဲ ပွင့်လင်း မြင်သာမှု ရှိရှိ ဆက်လက် လုပ်ဆောင်သွားပါမယ် ၊ ဘယ်သူ့မှ ချန်မသွားဘူး ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ABSDF ဥက္ကဋ္ဌ ဟောင်း ဒေါက်တာနိုင်အောင် ၊ ဒေါက်တာသောင်းထွန်း၊ ဦးညိုအုန်းမြင့် ၊ ABSDF ဥက္ကဋ္ဌ ဟောင်းနှင့် လူ့ဘောင်သစ် ဒီမိုကရေစီ ပါတီခေါင်းဆောင် ဦးမိုးသီးဇွန် အပါအ၀င် ၊လူ့ဘောင်သစ် ဒီမိုကရေစီ ပါတီဝင် များသည် သြဂုတ်လ ၃၁ ရက်နေ့ နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့ တွင် မြန်မာနိုင်ငံသို့ ဆက်တိုက် ပြည်တော်ဝင်ခဲ့ ကြသည်။

The Voice Weekly


ဘကြီးသက်
Unknown at 9:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.