Wednesday, August 15, 2012

မော်ဒယ်လ်မိန်းကလေးတွေဖတ်စေဖို့



တစ်ခါက အင်တာနက် ဖိုရမ် တစ်ခုမှာ ခပ်ဟော့ဟော့ မိန်းကလေးတစ်ယောက်က ပို့စ်တစ်ခု တင်တယ်။
ခေါင်းစဉ် ။ ။ ချမ်းသာတဲ့ယောက်ျားရဖို့ ဘာလုပ်ရမလဲ။
ကျွန်မ အမှန်အတိုင်း ရိုးရိုးသားသားပြောမှာပါ။ ကျွန်မက အသက် ၂၅နှစ်၊ အတော်လေးလှတယ်၊
စတိုင်ကျတယ်၊ အကောင်းကြိုက်တယ်။ ကျွန်မလိုချင်တာက တစ်နှစ်ကို ဒေါ်လာ ငါးသိန်းအထက် ဝင်ငွေရှိတဲ့ ယောက်ျားပါ။ ရှင်တို့က လောဘကြီးတယ် ထင်ချင်လည်းထင်မှာပေါ့။ ဒါပေမယ့် တစ်နှစ်တစ်သန်းလောက်ဝင်ငွေ

ရှိသူတွေကို နယူးယောက်မှာ လူလတ်တန်းစားလို့ပဲ မြင်ကြတာလေ။ ကျွန်မလိုချင်တာ သိပ်မများပါဘူး။ ဒီဖိုရမ်ထဲမှာ ငါးသိန်းလောက်ဝင်တဲ့သူများ ရှိသလားမသိဘူး။

ရှင်တို့ အိမ်ထောင်ရှိကြသလား။ ကျွန်မမေးချင်ပါတယ်။ ရှင်တို့လို ချမ်းချမ်းသာသာ တစ်ယောက်ကိုရဖို့ ကျွန်မဘာလုပ်ရမလဲ။ အကြံပေးကြပါ။ ကျွန်မ ဒိတ်လုပ်ဖူးသမျှထဲမှာတော့ တစ်နှစ် နှစ်သိန်းခွဲလောက်ဝင်တဲ့သူက အများဆုံးပဲ။ အဲဒီထက်ပိုရသူ မရှိတော့ဘူး။ တကယ်လို့ နယူးယောက်ပန်းခြံ အနောက်ဖက်က လူကုံထံရပ်ကွက်မှာ နေချင်တယ်ဆိုရင် တစ်နှစ် နှစ်သိန်းခွဲနဲ့ မလောက်ဘူးလေ။

မေးခွန်းလေးနည်းနည်း မေးပါရစေ။
၁) ချမ်းသာတဲ့ လူပျိုတွေ ဘယ်နေရာတွေ သွားကြသလဲ။
၂) ဘယ်အသက်အရွယ်တန်းလောက် မှန်းသင့်သလဲ။
၃) ဘာဖြစ်လို့ ချမ်းသာတဲ့ အိမ်ထောင်ရှင်မတွေက သာမန်ရုပ်ရည်ပဲ ရှိကြတာလဲ။ ကျွန်မ တချို့တွေ့ဖူးပါရဲ့။ ကြည့်လို့ကလည်း မကောင်း၊ ဆွဲဆောင်မှုက မရှိ၊ ဒါပေမယ့် လူချမ်းသာတွေနဲ့ ယူသွားကြတယ်။
၎) ရှင်တို့က ဘယ်လိုမိန်းကလေးမျိုးကို အိမ်ထောင်ဖက် ရွေးကြသလဲ။ ကျွန်မက အတည်လက်ထပ်ချင်တာပါ။

မပက်တီ
----------------------------------------------------------------------

ဂျေပီ မော်ဂန် ဘဏ်မှ အမှုဆောင်အရာရှိချုပ်ရဲ့ ပြန်လှန်ရေးသားချက်

မပက်တီရေ..

ခင်ဗျားတင်ထားတဲ့ ပို့စ်ကို စိတ်ဝင်တစားနဲ့ ဖတ်ပြီးပါပြီ။ ခင်ဗျားလိုပဲ မေးချင်နေတဲ့ တခြားမိန်းကလေးတွေလည်း အများကြီးရှိဦးမယ် ထင်တယ်။ ခင်ဗျားရဲ့ အခြေအနေကို ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူ တစ်ယောက်အနေနဲ့ စမ်းစစ်လေ့လာခွင့်ပြုပါ။ ခင်ဗျား သပ်မှတ်တဲ့အတိုင်း ကျုပ်ဝင်ငွေက တစ်နှစ်ကို ဒေါ်လာ ငါးသိန်းကျော်ပါတယ်။ ဒါကြောင့် အားလုံးလည်း ကျုပ်ဒီမှာ အချိန်လာဖြုန်းနေတာမဟုတ်ဘူးဆိုတာ နားလည်လိမ့်မယ် ထင်ပါတယ်။

စီးပွားရေးသမားတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ ခင်ဗျားကို လက်ထပ်ယူဖို့ဆိုတာ ဆုံးဖြတ်ချက်အမှားပဲ။ အဖြေက အတော်ကို လွယ်ပါတယ်။ ရှင်းပြမယ်လေ။ အသေးစိတ်တွေကို ဖယ်ထားမယ်ဆိုရင် ခင်ဗျားလုပ်ချင်တာက "အလှ" နဲ့ "ငွေကြေး" ကို ဖလှယ်ချင်တာပဲ။ လူတစ်ယောက်က အလှအပ ပေးမယ် နောက်တစ်ယောက် ငွေကြေးနဲ့ ပြန်ပေး။ ဒီအထိ ဟုတ်လို့ပဲ။ ဒါပေမယ့် ပြဿနာကြီးတစ်ခုရှိတယ်။ ခင်ဗျားရဲ့ အလှအပဟာ တဖြည်းဖြည်း မှိန်ဖျော့လာလိမ့်မယ်။ ကျုပ်ငွေကတော့ ဆိုးဆိုးဝါးဝါးတွေ မဖြစ်ရင် ကုန်သွားနိုင်စရာ မရှိဘူး။ တကယ်တမ်းက ကျုပ်ရဲ့ ဝင်ငွေဟာ နှစ်တိုင်း တိုးနေတာပဲ။ ခင်ဗျားရဲ့ အလှအပကတော့ နှစ်တိုင်းတိုးလာဖို့ မဖြစ်နိုင်ဘူးလေ။ ဘောဂဗေဒ စကားနဲ့ပြောရင် ကျုပ်မှာက တိုးပွားနေတဲ့ ပိုင်ဆိုင်မှုရှိတယ်။ appreciation asset ပေါ့။ ခင်ဗျားမှာက ဈေးလျော့လာတဲ့ ပိုင်ဆိုင်မှုရှိတယ်။ depreciation asset ပေါ့။ ရိုးရိုး depreciation မဟုတ်ဘူး။ တရှိန်ထိုးကျတဲ့ exponential depreciation မျိုး။ ခင်ဗျားမှာ အဲဒီ အလှအပတစ်ခုပဲ ပိုင်ဆိုင်တယ်ဆိုရင် နောင်ဆယ်နှစ်မှာ ခင်ဗျားရဲ့ တန်ဖိုးက အတော်လေးနည်းသွားလိမ့်မယ်။

ဝေါစထရိမှာ သုံးကြတဲ့စကားတွေထည့်ပြောရင် အရောင်းအဝယ်တိုင်းမှာ Position ဆိုတာ ရှိတယ်။ (Position Trading ဆိုတာ နေ့စဉ်လုပ်နေတဲ့ စတော့ အရောင်းအဝယ် Day Trading နဲ့ မတူပါ။ သူက ရေရှည် Trand ကိုကြည့်ပြီး အရောင်းအဝယ်လုပ်တာပါ။) ကျုပ်တို့ အတွက်တော့ ခင်ဗျားနဲ့ ဒိတ်လုပ်တာလည်း "Trading Position" တစ်ခုပဲ။ ဈေးကွက်ထဲမှာတော့ ပေါက်ဈေး ကျလာရင် ကျုပ်တို့က ရောင်းထုတ်တာပဲ။ ခင်ဗျားလုပ်ချင်တဲ့ လက်ထပ်တယ်ဆိုတာမျိုး ရေရှည် အကြာကြီးဆက်ကိုင်ထားဖို့ မကောင်းဘူးလေ။ နည်းနည်းရိုင်းသလိုတော့ရှိတယ်ဗျာ ဒါပေမယ့် ဥာဏ်ရှိတဲ့လူတွေကတော့ ဈေးကျလာတဲ့ Asset တွေကို ရောင်းထုတ်တာ ဒါမှမဟုတ် "ငှားထုတ်"တာတွေ လုပ်ကြတာပဲ။ တစ်နှစ်ကို ဒေါ်လာ ငါးသိန်းလောက် ဝင်ငွေရှိတဲ့သူတွေဟာ အရူးအပေါတွေတော့ မဟုတ်ဘူးဗျ။ ကျုပ်တို့ ခင်ဗျားနဲ့ ဒိတ်လုပ်ချင်လုပ်မယ် ဒါပေမယ့် လက်ထပ်မှာတော့ မဟုတ်ဘူးဗျ။

ကျုပ် အကြံပေးချင်တာကတော့ ခင်ဗျားအနေနဲ့ ချမ်းသာတဲ့ငနဲတွေကို အမိဖမ်းဖို့ ကြံတာကို ရပ်လိုက်သင့်တယ်။ တလက်စတည်း ခင်ဗျားကိုယ်တိုင် တစ်နှစ် ငါးသိန်းလောက်ဝင်အောင် ကြိုးစားသင့်တယ်။ အဲဒီလိုလုပ်တာကမှ ချမ်းသာတဲ့ ငတုံးတစ်ကောင်ရဖို့ထက် လွယ်ဦးမယ်။ ကျုပ်ပြောတာ ခင်ဗျားအတွက် အထောက်အပံ့ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

အမှုဆောင်အရာရှိချုပ် ဂျေပီမော်ဂန်ဘဏ်


ဘကြီးသက်
Unknown at 10:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တက္ကသိုလ်များအတွက် ခေတ်မီကျောင်း ကားများ Father Land ကုမ္ပဏီက ဝယ်ယူပြေးဆွဲမည်


တက္ကသိုလ်နှင့် ကောလိပ်များ အတွက် ကျောင်းကြိုပို့ ကားများ တင်သွင်းပြီး မကြာမီ စမ်းသပ် ပြေးဆွဲ သွားမည် ဖြစ် ကြောင်း Father Land Construction ထံမှ သိရသည်။
“ဒီနှစ် တက္ကသိုလ်ပညာသင် ချိန်မပြီးခင် စမ်းသပ်ပြေးဆွဲသွားမှာ ပါ။ ဖယ်ရီပုံစံမျိုးပေါ့။ ကျောင်းသား တွေက အဖွဲ့လိုက် သီးသန့်ကြိုပို့ ငှားချင်တယ်ဆိုလည်း ရပါတယ်။ လောလောဆယ်တော့ ယာဉ်လိုင်း ဝင်တဲ့ပုံစံမျိုးမဟုတ်ပါဘူး”ဟု Father Land Construction မှ ပြန် ကြားရေးတာဝန်ခံ တစ်ဦးက Venus News Weekly သို့ပြောသည်။
စမ်းသပ်ကာလအတွင်း ဂျပန်ကား ၅ စီး ပြေးဆွဲမည်ဖြစ်ကာ ကျောင်း ကားများကို ဝန်ဆောင်မှု ကောင်း ကောင်းပေးပြီး ဈေးကွက်ချဲ့ထွင် သွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ် ကောလိပ်များအပြင် အခြေခံပညာ ကျောင်းကားများပါ စီစဉ်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။ “ဒီလို ကျောင်းသားတွေ အတွက်ဝန်ဆောင်မှုကောင်းကောင်း ပေးပြီး ကျောင်းကားပြေးဆွဲတာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆို တော့ အပြိုင်အဆိုင်ဝန်ဆောင်မှု တွေရှိလာပြီဆိုတော့ တခြားယာဉ် လိုင်းတွေလည်း ဝန်ဆောင်မှု ပြိုင် ဆိုင်ရမှာပဲလေ” ဟု ဒဂုံတက္ကသိုလ် မှ ဒုတိယနှစ် (အဝေးသင်) ကျောင်း သူတစ်ဦးက ဆိုသည်။
တက္ကသိုလ်နှင့် ကောလိပ်များ တွင် လစဉ်ကြေးပေးပြီး ကျောင်း ကြိုပို့ကား စီးလိုသူများအတွက် ယာဉ်လိုင်း ထူထောင်ကာ ကျောင်း သား အများစုတည်ရှိသော (ဥပမာ - မဟာမြိုင်မှတ်တိုင်၊ မာလာမှတ် တိုင်) နေရာများသို့ ကျောင်းသား သီးသန့်ယာဉ်လိုင်း ပြေးဆွဲမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ကာ ၂၀၁၃/၁၄ တက္ကသိုလ်ပညာ သင်နှစ်တွင် ကျောင်းကားများ စတင်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
Father Land Construction က ရန်ကုန် (စည်ပင်နယ်မြေ ပြင်ပ)ရှိ တက္ကသိုလ်ကောလိပ်များ သို့ပြေးဆွဲပေးနိုင်ရန်အတွက် ပထမ အကြိမ် ဂျပန်နှင့် စင်ကာပူနိုင်ငံ ထုတ်ကား အစီး ၅၀ ကျော် တင် သွင်းသွားမည် ဖြစ်ကြောင်း၊ ငွေ ကြေး အင်အားဖြင့် ကျပ်သိန်း ၆၀ဝ၀ ကျော် ရင်းနှီးသွားမည်ဖြစ် ကြောင်း၊ လိုအပ်လာပါက ကာ စတန်ကားများကိုပါ ထည့်သွင်း ပြေးဆွဲသွားမည်ဖြစ်ကြောင် သိရ သည်။

ဘကြီးသက်
Unknown at 10:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး တပ်မှ ဘာကြောင့်ဖယ်ရှားခဲ့ရသလဲ



From : hot news
တစ်ချိန်က မြန်မာ့တပ်မတော်၌ ဒုတိယဗိုလ်အဆင့်မှ စတင်ကာ မြန်မာ နိုင်ငံ၏ (၄)ဦးမြောက် ကာကွယ်ရေး ဦးစီး ချုပ်အထိ အဆင့်ဆင့် တာဝန်ထမ်းဆောင် ခဲ့သောလက်ရှိအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦးအနေဖြင့် ကာကွယ်ရေးဦးစီး ချုပ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၁၉၇၆ခုနှစ် မတ်လ ၆ ရက် ရက်စွဲပါ နိုင်ငံတော်ကောင်စီ၏ ကြေညာချက် အမှတ်(၂၆/၇၆)အရ ကာကွယ်ရေးဦးစီး ချုပ်အဖြစ် ၆-၃-၇၆မှစတင်ကာ နှုတ် ထွက်ခွင့်ပြုကြောင်း (က-က-ထူး)၏ ၂၀ ရာထူး(၆)ဖြင့် အမိန့်ထုတ်ပြန်ခြင်းခံခဲ့ရပြီး နှုတ်ထွက်ခဲ့ရသည့်အကြောင်းအရင်းအား ထိုစဉ်က နိုင်ငံပိုင်သတင်းစာအချို့နှင့် ၁၉၉၀ နောက်ပိုင်း ထုတ်ဝေခဲ့သော တပ် မတော်ခေါင်းဆောင်များ သမိုင်းအကျဉ်း စာအုပ်၌ ““ဗိုလ်ချုပ်ကြီးတင်ဦး၏ ဇနီးဖြစ် သူ ဒေါက်တာဒေါ်တင်မိုးလွင်အနေဖြင့် လူကြီးမိသားစုလိုက်နာရမည့်စည်းမျဉ်း များကို ထိပါးမှုကြီးနှင့်စပ်လျဉ်း၍ ထိန် ချန်မှုကိုပါကျူးလွန်ခဲ့သည့်အတွက် တာ ၀န်မှ ရပ်စဲသည့်အပြင် ထောင်ဒဏ်(၇) နှစ်ပါကျခံစေရန် ချမှတ်အတည်ပြုခဲ့ ကြောင်းရေးသားပါရှိခဲ့သည်။

ဦးနေ၀င်းအစိုးရမှ ကြေညာသကဲ့သို့ ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ဇနီးသည် လူကြီးမိသားစု လိုက်နာရမည့် မျဉ်းများ အား ထိပါးခဲ့ခြင်းရှိ မရှိ၊ ဗိုလ်ချုပ်ကြီး သူရတင်ဦးသည်လည်း နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုကြီးနှင့်စပ်လျဉ်း၍ ထိန်ချန်မှုကို ကျူးလွန်ခဲ့ခြင်းရှိမရှိ သမိုင်း ဖြစ်ရပ်အမှန်များအား ဗိုလ်ချုပ်ကြီး သူရတင်ဦးအားတွေ့ဆုံမေးမြန်းခဲ့ရာ–

မေး- ဦးနေ၀င်းရဲ့ အစိုးရက ကာကွယ် ရေးဦးစီးချုပ်ရာထူးက မဖယ်ရှားခင် ဘဘနဲ့ ဦးနေ၀င်းနဲ့ကြားမှာ အဖုအထစ် တွေဘာတွေများရှိခဲ့ဖူးပါသလား။ အဲ့ဒီ အဖုအထစ်လေးတွေရှိမယ်ဆိုရင် သိပါ ရစေ။

ဖြေ- ပြောရရင် သီးသန့်အရေးအခင်း တုန်းက ဦးသန့်အလောင်းကို ဟိုကနေ ပြီး အရုပ်ကလေးလို လှလှပပလေး လုပ် ပြီး ဒီကိုပို့လာတယ်။ ဒီမှာ ကျောင်းသား တွေ၊ ပြည်သူလူထုက ကြိုဆိုကြတာပေါ့။ ဒါပေမယ့် အစိုးရဘက်က လုံးဝမကြိုက် ဘူး။ အဲ့ဒီတုန်းက ဦးစန်းယုတို့ဘာတို့ အပါအ၀င် ၀န်ကြီးတွေ (၁၄)ယောက် လောက်က ဦးသန့်အလောင်းကို ခမ်းခမ်း နားနားနဲ့ ကြိုဖို့ သဘောတူညီချက်ရတယ်။ အဲ့သလို တစ်ယောက်ညီချက်ရပြီး ဦးစန်း ယုက ဦးနေ၀င်းကိုသွားပြောတယ်။ နိုင်ငံ ဂုဏ်ဆောင်ခေါင်းဆောင်တစ်ယောက်ကို ခမ်းခမ်းနားနားကို ကြိုဆိုမယ်ဆိုပြီးတော့ ဒီတော့ ဦးနေ၀င်းကပြောတယ်။ မင်းတို့ လုပ်ချင်လုပ် ငါတော့မလုပ်ဘူးဆိုပြီး ပြော လိုက်တယ်။ သူမလုပ်တော့ အခြေအနေ တွေက အရမ်းဆိုးတယ်။ ပြီးတော့ ဦးသန့် အရေးအခင်းဖြစ်တုန်းမှာ ကျောင်းသား နဲ့ လူထုအော်တာမကောင်းဘူး။ ဘာလဲ ဆိုတော့ ““နေ၀င်စန်းယုကျဆုံးပါစေ၊ တင်ဦးစိန်ဝင်း ကျန်းမာပါစေ၊ ကိုစိန်ဝင်း ဆိုတာ ၀န်ကြီးချုပ်ပါ။ ဘဘအနေနဲ့က လည်း ဦးနေ၀င်းကို ခဏခဏပြောဖူး တယ်။ ကျွန်တော်တို့ ဒီလိုနေရာတွေ၊ ရာ ထူးတွေရလာတာ ကျွန်တော်တို့တော်လို့၊ တက်လို့ ရောက်လာတာမဟုတ်ပါဘူး။ ဗိုလ်ချုပ်တို့ ကျေးဇူးနဲ့ရောက်လာတာပါ။ ကျွန်တော်တို့မှာ ပြောစရာတွေရှိရင် ပြောပါပြင်ပါမယ်။ လိုအပ်ရင် တပ်မတော် က ထုတ်ပစ်ပါလို့တောင် ခဏခဏပြော ခဲ့ဖူးတယ်။

မေး- ဘဘ ကာကွယ်ရေးဦးစီးချုပ်ဖြစ် တဲ့အချိန်တိုင်းပြည်မှာ မာရှယ်လော လည်း ထုတ်ထားတဲ့အချိန်လည်းဖြစ်နေ တော့ ဘဘတပ်ကရဲဘော်တွေက ဦးနေ ၀င်းရဲ့သားကို ဖြိုးဆံပင်ကို ဖြတ်ပြီး တချို့ လွန်တဲ့ စကားတွေပြောခဲ့တာကို ကိုဦးနေ ၀င်းကတော်တော် စိတ်ဆိုးခဲ့တယ်လို့ သိ ရပါတယ်။ အဲဒီ အဖြစ်အပျက်လေးကို လည်း သိပါရစေ။
ဖြေ- အဲဒီတုန်းက ၁၉၇၅ လောက်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့အချိန် ဒီရန်ကုန်တက္ကသိုလ် သမ ဆံပင်ညှပ်ဆိုင် မှာ ဦးနေ၀င်းရဲ့သား ကိုဖြိုးရဲ့ဆံပင်က ပခုံးနားထိရှည်တယ်။ အဲ့သလို ဆံပင် လာ ညှပ်တာကို ဘဘတပ်က ရဲဘော်တွေက တွေ့ပြီး ဒါလမ်းသရဲပုံတဲ့။ အဲ့ဒါကို တိုတို ညှပ်လိုက်လို့ပြောတယ်။ ဒီတော့ ကိုဖြိုး က သူက သမ္မတကြီး ဦးနေ၀င်းရဲ့သားပါ လို့ ပြန်ပြောတယ်။ အဲ့ဒီမှာ ရဲဘော်တွေ ကလည်း ခု စစ်အုပ်ချုပ်ရေးထုတ်ပြန် ထားတဲ့အချိန်တဲ့။ တိုင်းပြည်ကို မင်းအဖေ သမ္မတကြီးအုပ်ချုပ်နေတာမဟုတ်ဘူးတဲ့။ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ကြီးတင်ဦး အုပ်ချုပ်နေတာတဲ့။ စစ်တပ်ဆိုတော့ ကိုဖြိုးကလည်းကြောက်တာပေါ့။ အဲ့ဒါ အိမ်ပြန်ရောက်တော့ သူ့အဖေကို တိုင်၊ သူ့အဖေက ဘဘလိုချက်ချင်းခေါ်တော့ တာပဲ။ အဲ့ဒီညမှာအခြေအနေက တော် တော်ဆိုးတယ်။ ဘဘတို့ လူကြီးအိမ်တွေ မှာ လူကြီးအိမ်အချင်းချင်း ဆက်သွယ် ထားတဲ့ စကားပြောစက်ကနေပြီးတော့ ဦးနေ၀င်းအသံကြီး ထွက်နေတာကို အိမ် ကသားက လာပြောလို့ သွားနားထောင် တော့ ဘဘလို့ခေါ်တာဖြစ်နေတယ်။ တင်ဦးကိုေ ခ်ါလိုက် တင်ဦးကိုခေါ်လိုက် ဆိုပြီး အဲ့ဒါနဲ့ ဘဘလည်း ချက်ချင်းသူ့ အိမ်ဘက်ရောက်လာတာပေါ့။ သူ့အိမ် ရောက်သွားတော့ သူဆင်းလတယ်။ နှာ ခေါင်းက နှာရည်တွေထွက်ပြီး မျက်နှာ ကလည်း နီနေတယ်။ စကားလည်း တစ် လုံးမှမပြောဘူး။ မတ်တပ်ပဲရပ်နေတယ်။ သူကမှ ပေးမထိုင်တာ ကိုယ်ကဘယ်လို့ မရမလဲ။ အဲ့ဒါသူက ဟေ့ကောင်ထိုင်တဲ့ ပြီးတော့ ဘဘကို မင်းကြားပြီးပြီလား။ မင်းတပ်ကကောင်တွေငါ့သားကို လုပ် လိုက်တာလေတဲ့။ ဘဘကလည်း အဲ့ဒီ အကြောင်းကို မသိတော့ ဘယ်လုပ်လိုက် လို့ပါလဲဆိုတော့ ငါ့သားဆံပင်သွားညှပ် တဲ့ဟာကို မင်းတပ်က ကောင်တွေက လမ်းသရဲဆိုပြီး ဆံပင်ကိုဖြတ်လိုက်တယ်။ ပြီးတော့ မင်းကောင်တွေပြောသွားတဲ့ စကားကမကောင်းဘူး။ ဒီမှာ မင်းအဖေ သမ္မတကြီးဦးနေ၀င်းအုပ်ချုပ်နေတာမဟုတ် ဘူးတဲ့။ တစ်တိုင်းတစ်ပြည်လုံးကို ဗိုလ် ချုပ်ကြီးတင်ဦးအုပ်ချုပ်နေတာတဲ့။ အဲ့ဒီ စကားအရမ်းဆိုးတယ်တဲ့။ ဘဘကလည်း ဦးနေ၀င်းကို ကျွန်တော်မှာ ဒီစိတ်မျိုးမရှိ ပါဘူး။ သိလည်းမသိခဲ့ပါဘူးလို့ပြော တယ်။ အဲ့ဒီမှာသူက တေးထားတယ်။ နောက်အပြစ်ရှာတယ်။ ဒါပါပဲ။

မေး- ဘဘအပြစ်ရှာတယ်ဆိုတော့ဘယ် ပုံစံမျိုးနဲ့ အပြစ်ရှာခဲ့တာလည်း သိပါရ စေ။
ဖြေ- အမှန်တော့ ဘဘကာကွယ်ရေးဦး စီးချုပ်ဖြစ်တဲ့ အချိန်ကပါ။ ကြာလည်း ကြာပါပြီ။ ဘဘလို ထောက်လှမ်းရေးက လူတွေပဲ လာကန်တော့ကြတာ။ ဘဘတို့ နဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်း မျဉ်းအရ ရသမဆ လက်ဆောင်တွေကို အထက်ကို စာရင်းနဲ့တကွ အတိအကျ ပြန်အပ်ရတယ်။ အဲ့ဒီတုန်းက ထောက် လှမ်းရေးက ဘဘကို လာကန်တော့တာ အခင်းပြားလေးပါ။ အဲဒါ ဘဘက ဟေ့ ကောင်တွေ မင်းတို့ပေးတာကို ငါက အထက်ကိုစာရင်းနဲပ ပြန်အပ်ရမှာ။ အဲ့ သလိုပြောတော့ သူတို့က ဒီရေချိုခန်း အခင်းက ဟောင်ကောင်က။ ဒါကြောင့် ဆရာ့ကို ကန်တော့တာပါ။ အထက် လည်းမတင်ပါနဲ့။ ကျွန်တော်တို့ ပြေလည် အောင် လုပ်ပေးမယ်လို့ပြေတယ်။ အဲ့ဒါ ဘဘ အမျိုးသမီးကလည်း သူတို့ပိုက်ဆံ ပေးပြီး ၀ယ်တာနော်ဆိုပြီး နေလိုက်တာ အဲ့ဒါကို ပြန်ပြစ်ရှာပြီး ဦးနေ၀င်းက တင်ဦး မင်းကစည်းမျဉ်းစည်းကမ်းကို ထိ ပါးတယ်။ ထွက်တဲ့ အဲ့သလိုအဖြစ်ရှာခဲ့ တာပါ။

မေး- ပြီးတော့ အဲ့သလို ရာထူးကနေ ဘဘကို ဖယ်ရှားပြီးတော့ နိုင်ငံတော် သစ္စာဖော်ကဖျက်ပုန်ကယ်မှုမှာ ထိန်ချန် မှုကိုကျူးလွန်ခဲ့တယ်ဆိုပြီး ထောင်ဒဏ် (၇)နှစ်အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်ဟာကို အခြေခံပြီးတော့ ဘဘကို ပုန်ကန်မှုကို ထိန်ချိန်ခဲ့တယ်လို့ စွပ်စွဲခဲ့ ရတာလဲသိပါရစေ။
ဖြေ- သြော်..အဲဒါက ဘဘကိုရာထူး ကနေ ဖယ်ရှားပြီးတော့ တိုင်းမှူးတွေက လာပြီး မခံဘူး။ ချမယ်ဆိုပြီး လုပ်ပါ လေရော။ ဘဘကို သူတို့က ဗိုလ်ချုပ် မခံဘူး။ ကျွန်တော်တို့ချမယ်။ ဒီတော့ ဘဘလည်း မင်းတို့ကလည်းတစ်မျိုး။ အဲ့ဒါ သူတို့ကို ဖျောင်းဖျပြီး ပြန်လွှတ် လိုက်တယ်။ အဲဒါကို ဦးနေ၀င်းကို သိရဲ့ သားနဲ့မပြောဘူး။ ပုန်ကန်မှုကို ထိန်ချန် တယ်ဆိုပြီး ထောင်ခုနစ်နှစ်ချလိုက်တယ်။

မေး- ဘဘကို ဖယ်ရှားခဲ့သလို မ-ဆ-လ ခေတ်က ကျန်အရာရှိကြီးတွေကိုလည်း ဦးနေ၀င်းအနေနဲ့ ဖယ်ရှားခဲ့တာမျိုးရှိပါ သလား။
ဖြေ- သူလုပ်ခဲ့တဲ့အထဲမှာ ဘဘအပြင် ၀န်ကြီးဦးရွှေ၊ ဗိုလ်မှူးကြီးမောင်ရွှေ၊ ဗိုလ် မှူးကြီးစိန်မြ၊ ဗိုလ်မှူးကြီးတန်ယုဆိုင်ပြီး တော့ ဗိုလ်မှူးကြီးစံဝင်း အဲ့ဒီထဲက ဦးရွှေ ဆုရင် အဲဒီတုန်းကသူက သတ္တုတွင်းဝန် ကြီးဌာန၀န်ကြီး သူ့သားက အလုပ်ကိစ္စ နဲ့ ဂျပန်သွားတယ်။ ဂျပန်ကလည်း ၀န် ကြီးသားဖြစ်တဲ့အတွက် သေသေချာချာ ကြိုဆိုတယ်။ သူကလည်း ဟိုရောက် တော့ အလုပ်လလေးဘာလေးလုပ်ဖို့အ တွက်ပေါ့နော်။ သူကလည်း သူ့အစီအစဉ် နဲ့သူအလုပ်လုပ်ဖို့။ အဲ့ဒါ ဂျပန်မှာ နေရာ လေးဘာလေးပဲ စီစဉ်ခိုင်းတာ။ အဲ့သလို သူ့သားလုပ်တာကို ဦးရွှေရဲ့ အရှိန်ကိုသုံး တယ်။ ပြီးတော့ အဲ့ဒါကို ဦးနေ၀င်းက လာဘ်ပေးလာဘ်ယူနွယ်တယ်။ ကိုယ်ရေး ကိုယ်တာနွယ်တယ်၊ အဲ့ဒါမင်းထွက်တဲ့။ ၀န်ကြီးရွှေကို အဲ့သလို စွပ်စွဲပြီး တရားစွဲ။ အဲ့ဒီမှာ တရားရုံးက စစ်ဆေးတော့လည်း ဘာမှအပြစ်မရှိဘူးဆိုတာ ပြောတာပဲ။ တရားရုံးကလုံးဝ အပြစ်မရှိဘူးဆိုတာ ဆုံး ဖြတ်ပြီး အမှုလွှတ်လာတာပဲ။ ဒါပေမယ့် ဦးနေ၀င်းက ပျက်သွားတဲ့ကြိုး ပြန်ဆက် ရင် အဖုအထုံးဖြစ်တယ်။ အဲ့ဒါ မင်းထွက် ဆိုပြီးဖယ်လိုက်တာပဲ။ နောက်တစ်ယောက် က ကိုစံဝင်း ဘဘတို့ မဆလခေတ်တုန်း က ၀န်ကြီးဌာနတွေက အစိုးရတွေဆီက ငွေချေးတဲ့အခါ ပြန်ဆပ်ရင် အမြတ် တစ် ကျပ်ပို့ပေးရတယ်။ တစ်ရာချေးရင် တစ်ရာ့တစ်ကျပ်ပေါ့နော်။ အမြတ်ကြိုက် သလောက်များ။ ဒါပေမယ့် တစ်ကျပ် အောက်တော့ လျှော့လို့မရဘူး။ အဲ့ဒီ တုန်းက ကုန်သွယ်ရေးဝန်ကြီး ဦးစံဝင်း လာမယ့် ဒီဇင်ဘာ ခရစ်စမတ်မှာ ကပွဲ သဘောမျိုးလေးလုပ်ပြီး ပိုက်ဆံရှာမယ် ပေါ့။ အဲ့ဒါကို ၀န်ကြီးများအဖွဲ့ ကက်ဘိ နက်အစည်းအဝေးကို တင်ပြတော့လည်း ခွင့်ပြုတယ်။ အဲ့ဒါလုပ်တာက အင်းယား လိတ်မှာလုပ်တယ်။ အဲ့ဒါသူ့အိမ်နဲ့လည်း နီးတယ်။ အဲဒီမှာ ဒီခရစ်စမတ်ပွဲကိုသူ့ သမီးတွေကို မသွားဖို့သူက တားထား တယ်။ ဒါပေမယ့် သူ့သမီးတွေက သူမသိ အောင် ခိုးထွက်ပြီးလာတာ ဦးနေ၀င်း သိလည်းသိရော သူ့တပည့်တွေခေါ် ဂျစ်ကားနဲ့သွားပြီးတော့ ကပွဲဝိုင်းမှာ ၀ိုင်း ရိုက်ပါလေရော။ သမ္မတနဲ့ လူကြမ်းအဖွဲ့ ဆိုတာ ကြားဖူးမှာပေါ့။ ဦးနေ၀င်းကိုယ် တိုင်ခေါင်းဆောင်ပြီး ၀င်ရိုက်တာတို့ ပစ္စည်းတွေရိုက်ချိုးတာတို့လုပ်။ အဲ့သလို ဖြစ်တုန်းကလည်း လူထုက သိပ်ဘ၀င် မကျခဲ့ဘူး။ နောက်ပိုင်းကျတော့ ဒီကိစ္စ မင်းမှာတာဝန်ရှိတယ်ဆိုပြီး ကိုစံဝင်းကို ဖယ်လိုက်တာပါတဲ့။ ကိုစံဝင်းကိုယ်တိုင် လည်း ၀န်ကြီးများအဖွဲ့ ခွင့်ပြုချက်နဲ့ လုပ်ခဲ့တာပဲလေ။

မေးခွန်းများအား အထက်ပါ အတိုင်း ပြန်လည်ပြောကြားပေးသွားခဲ့ သည်။ ဗိုလ်ချုပ်ကြီး သူရတင်ဦးသည် ၂၆-၂-၁၉၄၆ခုနှစ်မှစတင်ကာ ဒုတိယ ဗိုလ်အဆင့်မှစ၍ တာဝန်အသီးသီး ဒေသအသွယ်သွယ်တာဝန်ထမ်းဆောင်ခဲ့ ပြီး ၁၉၇၆ ခုနှစ် မတ်လ (၆)ရက်နေ့၌ နိုင်ငံတော်ကော်စီ၏ ကြော်ငြာချက်အရ ကာကွယ်ရေးဦးစီးချုပ် အဖြစ်မှ ရပ်စဲခြင်း ခံခဲ့ရပြီး ပြန်လည်တည်တော်လှန်ရန် လာ ရောက်ပြောကြားသော တိုင်းမှူးများအား ဖျောင်းဖျ၍ ငြိမ်းငြိမ်းချမ်းချမ်း နေရန် ပြောဆိုလွှတ်လိုက်သော်လည်း အထက် သို့ တင်ပြခြင်းမရှိခဲ့သည်ဟုဆိုကာ နိုင်ငံ တော်သစ္စာဖောက်ဖျက်မှုအား ထိန်ချိန် ခဲ့သည်ဟု စွဲချက်တင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ အရ အလုပ်နှင့်ထောင် ဒဏ် (၇)နှစ်ကျခံစေ၇န် ၁၁-၁-၇၇တွင် ဦးအုံးမောင် တိုင်းတရားသူကြီးအဖွဲ့မှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော တရားစီ ရင်ရေးအဖွဲ့မှ အပြစ်ကျခံစေရန် အမိန့် ချခဲ့ပြီး ဗိုလ်ချုပ်ကြီး တင်ဦး၏ အယူခံ တင်သွင်းချက်အားလည်း ဦးစိုးလှိုင် ပြည် သူ့တရားသူကြီးအဖွဲ့ အဖွဲ့ဝင်မှ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သော ဗဟိုတရားစီရင် ရေးအဖွဲ့မှ ၂၀-၈-၇၇ တွင်ပယ်ချခဲ့ပြီး အမိန့်နှင့်ပြစ်ဒဏ်များကို အတည်ပြုခဲ့ သည်။
Myanmar Express

ဘကြီးသက်
Unknown at 9:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အဆိပ်ပင် ရေလောင်း၊ အကြောင်း က အကုသိုလ်၊ အကျိုးက သူ.ဒဏ်ထမ်းခြင်း


မြန်မာပြည်ထဲနဲ.  အနောက်နိုင်ငံတွေမှာ နေတဲ.သူတွေထဲက (အရေအတွက်များလွန်းတဲ. ကွန်ယက် များမြောင်တွေထဲမှာ)  ပညာရှင်တွေလိုလို၊ အာကာသဓါတ် ဆရာများလိုလို၊ ဘာသာမဲ.များလိုလို၊ အချို.ကလည်း ဘာမှ မစွက် ဘာသာရေးကိစ္စုတွေလိုလို၊  အနုအလှခံစားနည်းသင်တန်းတွေလိုလို၊ စေတီပုထိုးသမိုင်းရေးအုပ်စုလိုလို နဲ.  အတွေးအခေါ်လမ်းကြောင်း မချော်ချော်အောင်တမင်လုပ်နေတဲ. သူတို. ဂိုဏ်းသားတွေ ရှိပါတယ်။ တစုံတခု ကို မဖုံးမကွယ် စေတနာမှန်ရှိတယ်ဆိုရင် အမယ်များ၊၊ အာရုံများ၊ လူများ၊ စကားများ၊ ၀င်ကစားနေကြပေမဲ. --နံမယ်တွေ၊ ခေါင်းစဉ်တွေသက်သက်မှာ ဘာအပြစ်မှမရှိသလို ၊ဘာဖြစ်စဉ် ဘာရလဒ်မှလည်း  ရှိလာမှာ မဟုတ်ပါဘူး။ ငါးသိုင်းများ ဟင်းဟုန်တတ်ပါတယ်။



ဒါပေမဲ. လုပ်နေတော. ကွန်ယက်၊ နှလုံးသားမှာ တော. အာဏာရှင်ကြီးပွား အဒွန်.ရှည်ရေး၊ ရေးသမျှ စာလုံးတိုင်းမှာ  စစ်အစိုးရကို ပဲ အများပြည်သူဖက် က အမြဲ ခေါင်းသျှို ပြီး ရိုရိုသေသေ ဒူးထောက်နေရမယ်၊  မိမိတို.ရရမဲ. အခွင်.အရေးတွေ ကိုလုံးဝ ပြဿနာမရှာပဲ သူတောင်းစားတောင်းသလို ၅ပြား ၁၀ပြား နဲ. တဖြည်းဖြည်းပဲ တောင်း ယူကြပါဆိုတဲ. အယူအဆ နဲ.ဆို---ဒါတွေဟာ တဖက်သတ်ဆန်လွန်းတယ်။ ဆွဲဆောင်မှု မပါနိုင် တဲ. ဇာတ်နိမ်. မီဒီယာ ဟန်ပြ ၀ါဒရေးရာတွေ သာဖြစ်တယ်။၊ အချိန်တွေ အလကားဖြစ်စေတဲ. အကာလုပ်ငန်းတွေ သက်သက်သာဖြစ်တယ်၊

မှန်မှန်ကန်ကန် ရေးကြမယ်။ စာတွေရေးကြမယ်။ စိတ်နဲ. အတွေးအခေါ် အဆင်.အတန်းတွေ ကို မိမိ တို.စာတွေ လုပ်ရပ်တွေ  နဲ. သက်သေပြုကြမယ်။ စာရေးဝါသနာပါတဲ. အကျင်. လေးတွေက က ဘယ်သူ.မှာ မဆို အလွန်နှစ်သက်စရာ ကောင်းတယ်။ သို.သော် လူအချို. ရဲ.  ဂိုဏ်းအတ္တစွဲကြီးမှု၊  ဟန်ဆောင်မှု၊ မုသာဝါဒနဲ. ရည်ရွယ်ချက်မဲ. ကြမ်းတမ်းမှု ဒါတွေကို ကွန်ယက်တွေ နဲ. ဖုံးကွယ်ထားလို.မရဘူး။  စက်ဆုတ်စရာ အပြည်. ဖြစ်နေတဲ.အချို.  ကွန်ယက်တွေမှာ  ဇတ်နိမ်.မီဒီိယာ သမားတွေ အနေနဲ. မြက်ခင်းသစ် စတိုင်ကိုသာ ပျော်ပျော် ကြီး နွှဲနေကြပြီ ၊ မမှန်သော၊ကြမ်းတမ်းသော စကားများ ၊အလုပ်များ ကို ပြုမှသာ  သာ သူတို.စားဝတ်နေရေးအာမခံချက်ရှိဟန် မျိုးဖြစ်ပါတယ်။ ဘင်ဂါလီ ကိစ္စ က ရခိုင် လူမျိုးတွေ မြန်မာတွေကို စိတ်ပင်ပန်းစေတယ်။ သူတို. ဘာတွေ လုပ်နေကြပါသလဲ။

ဒီလို တမင်ဖြစ်စေတဲ.သူတွေ မှာ တူသောအကျိုးတွေဖြစ်လာ လိမ်.မယ်လို. မျှော်လင်.ရတယ်။ အစိုးရကို မကြိုက်ကြသော်လည်း အများစုက မှန်သည်.ဖက်မှာ သာ ခိုင်ခိုင်ရပ်ပြီး ၊ ကိုယ်.၀မ်းစာ ကိုယ်ရှာစားပြီး တိုက်ပွဲဝင် ပေးကြမှာဖြစ်တယ်။ အစိုးရကို ကာကွယ်တယ်ဆို တာထက်၊ အားနည်းနေတဲ.ကိုယ်.နိုင်ငံအတွက် ၀င်ခံစားရပ်တည် ပေးနေကြတာဖြစ်တယ်။  (အိမ်ကျယ် အစိုးရက အပြင်ကမ္ဘာနဲ. ဆက်ဆံရေးမှာ အားနာပြီး  အလုပ်သိပ်မဖြစ်တဲ.အတွက်  ထွက်ရဲသူတွေ အားလုံး လမ်းကျယ်တွေ ဖြစ်အောင်လုပ်ထားရမယ်။)    

အစိုးရကိုဝေဖန် ဆန်.ကျင်ကြသူများ လို. အကြမ်းဖျင်းပြောကြတဲ. အခါ၊ ဘာကြောင်. ဘယ်လို ဆန်.ကျင်နေကြသလဲဆိုတာကို မိုက်မိုက်ရိုင်းရိုင်း အပြစ်တင်ချင်သူတွေ တချက်စဉ်းစားဖို.ကောင်းပါတယ်။ နိုင်ငံတိုင်းမှာ အပြတ်အသတ် ပွဲတွေ ရှိကြတယ်။ ၈၈၈၈ ဟာပေးလိုက်ရတဲ. အဖိုးအခကြီးလွန်းတယ်။ ဒါပေမဲ. သူတို.ခုတ်လှဲထားတဲ.သစ်ပင်က အလုပ် အချို.အတွက် အတက်အချို.ပြန်ထွက်နေပြီလို. ခံစားရတယ်။ ဒီ တခါထွက်လာတဲ. အညွန်. က လဲနေတဲ. သစ်ပင် တနေရာရာ ကပဲ။ ခေါင်ကတော. မဟုတ်လောက် နိုင် ဘူး။ ဒါက သဘောတရားတွေက ထွက်လာတဲ. အညွန်.လဲ မဟုတ်ဘူး။ မတရားမှုနဲ. ဆင်းရဲ ဒုက္ခတွေ မြန်မာပြည်က နေရာတိုင်းမှာ အပြည်.၊ ဒါကိုပဲ  ကြည်.မှန်တချပ်လို လို ကြည်.နေတတ်သူတွေ မှာ ဒါပဲ မြင်စရာ သိစရာ ရှိတယ်။ ခေါင်းပေါင်းဝတ်လွှတ်တော် မှာတော. ဆင်း ရဲ မရှိဘူး။  မုသာဝါဒီတွေ ပဲ ကြီးစိုးနေတယ်။    

အစိုးရက အာရုံအသစ်တွေ ပေးတတ်တယ်။ ၂၀၀၈ က စ လို. ၂၀၁၁ နဲ. ၂၀၁၂ အတွင်းမှာ စိတ်ဝင်စားစရာတွေ ဖြစ်လာခဲ.တယ်။ လက်ငင်း အကျိုး မပေးတဲ. အာရုံသစ်တွေ လို.ပြောရင် ပိုမှန်မယ်။ လူ အနည်းငယ် အတွက်တော. အပြောင်းအလဲ တွေ ဖြစ်လာတယ်။ ရသလောက် ပဲ (တခြားရွေးစရာမရှိလို.) ယူခဲ.ရသူတွေ အတွက် ခပ်ခါးခါး အခွင်.အရေးတွေ လည်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ. အာရုံအသစ်တခုရတိုင်း အပြောင်းအလဲ များတဲ. အကျင်.ရှိတဲ. အတိုက်အခံ ကို သာ အစိုးရက အပြုံးမပျက် ဆက်ဖိထားနိုင်ပါတယ်။ အာရုံအသစ်ဆိုတာကလည်း ၂မျိုးရှိပါတယ်။ အချို.လူတွေ က မိမိဖက်ကတခုခုရနိုင်တဲ.၊အားသာချက်များပါတဲ.၊  အပေါ်စည်းကိစ္စ တွေ ၊ အခွင်.အရေးကောင်းတွေ မှာ လိုက်သဘောတူပေးတတ်တယ်။ အချို.လူတွေက မိမိဖက်ကဆုံးရှုံး နိုင်တဲ. အားသာချက်နည်းတဲ. အောက်စည်းကိစ္စတွေ ၊ အခွင်.အရေးဆိုး တွေ မှာ ပဲ လိုက် တိုက်ပွဲဝင်ကြတယ်။

ဘာအာရုံ ပဲပဲ ဖြစ်ဖြစ် လူတွေ ကို အလုပ်များစေတာကတော.အမှန်ပဲဖြစ်ပါတယ်။ တခုခုရနိုင်ဖို.၊ အခွင်.အရေးကောင်း တွေမှာ လိုက်နေတဲ.သူတွေ  ရှိသလို၊ တဖက်မှာလည်း တခုခု ဆုံးနိုင်တဲ. အခွင်.အရေးဆိုးတွေ မှာလိုက်နေသူတွေ ရှိနိုင်ပါတယ်။ (အနောက်နိုင်ငံတွေက အကြမ်းဖက်သမား တွေ ဆိုတာ ဒီ လို အကွက်မျိုးတွေနဲ. တချက်ထဲ အသက်များစွာကို ယူခဲ.တယ်) ။

အခွင်.အရေး တွေ ကြောင်. မှားနေတဲ.သူတွေကို မျက်စ်မှိတ် ထောက်ခံ အသေကာကွယ်ပေးမဲ.သူတွေ သိပ်များလာရင်လည်း နိုင်ငံအတွက် ကြောက်ဖို.ကောင်းတယ်။ တဖက်မှာလည်း ခံရတာတွေက ထကြွမှု တွေ ဖြစ်လာပြီး၊ မှားမှားမှန်မှန် ကန်.ကွက်မှုမှန်သမျှကို လုပ်နေကြအရာတခုလို မျက်စိမှိတ်၊ လိုက်သဘောတူပေးမဲ. သူတွေ၊  ပျော်ပျော် ကြီးဖီဆန်ပေးမဲ.သူတွေ၊ အသေ ဆန်.ကျင် ခြေကန်ထားမဲ.သူတွေ သိပ်များလာနိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ.ရင် တည်နေဆဲ စနစ်အတွက် သာမက အားလုံးအတွက် ကြောက်ဖို.ကောင်းပါတယ်။  

အများပြည်သူ တိုက်ရိုက်အကျိုးရမဲ. အပြောင်းအလဲအစစ်တွေကို အားလုံးက ရေငတ်သလိုတောင်.တ နေရတဲ.အခါမှာ ဘယ်သူမှကြောင်.ကြမဲ.မနေသင်.ဘူး။ ရှေ.နောက်ကြည်.ပြီး  ကောင်းမွန်စွာ ဇတ်ပေါင်းကြမယ်ဆို တာ မဖြစ်နိုင်တဲ. အရာ လို. ဆစ်ဂနယ်ပေး လာကြရင်  ဖီဆန်တဲ.သူတွေ ဘာကြောင်.ဖီဆန်နေကြတယ်ဆိုတာကို   သူတို.ဖက်က အားထုတ်ပြီးနားလည်ပေးသင်.တယ် ။ 

ဒီမိုကရေစီမှာ အာဏာရှင်တွေကိုပဲ ဆက် နှလုံးသွင်း အားထားရမယ်ဆိုတဲ. လမ်းကြောင်းကို  မည်သူမှ လက်ခံမှာမဟုတ်ပါ။ လွှတ်တော် အတွင်း အပြင် ၂ရပ်လုံးက  ဒီမိုကရေစီရဲ.တာဝန်ကို မကျေဖူးဆိုရင် ဘာမှဖြစ်မလာတဲ.ကာလတခု အပြီးမှာ ဆန်.ကျင်မှုအကြီးစားကြီး တခုဖြစ်လာပါလိမ်.မယ်။ အားလုံး အလုပ်ဖြစ်အောင် တွေးထားကြဖို.လိုပါတယ်။    .  

လူအချင်းချင်း နှိပ်စက် မတရားပြုထားသောသူတွေ ကို အထင်ကြီး၊ ကိုးကွယ် ဒေါက်တိုင်ခံပေးသောသူ အားလုံး၊ အမြန်ဆုံးကျဆုံးပါစေ။   


ဘကြီးသက်
Unknown at 9:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာ သင်တန်းများအား တည်ဆဲဥပဒေအရ ဖျက်သိမ်းမည်


From : ခေတ်လူငယ်
ပြည်တွင်းတွင် ဖွင့်လှစ်ထားသော ပုဂ္ဂလိကဆေးဘက်ဆိုင်ရာ သင်တန်းများမှာ တည်ဆဲဥပဒေအရ ဖွင့်ခွင့်မရှိ၍ အားလုံးဖျက်သိမ်းသွားရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ “ဒီသင်တန်းတွေ အသင်းအဖွဲ့တွေကို အရေးယူဖို့ကို ဘယ်ဝန်ကြီးဌာနရဲ့ ခွင့်ပြုမှုနဲ့ ဖွင့်နေတယ်ဆိုတာကို စစ်ဆေးပေးဖို့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေတို့ကိုပါ ညှိနှိုင်းထားပြီးပါပြီ။ ဥပဒေကြောင်းအရပဲ သွားမယ်။ ဒီလုပ်ငန်းတွေက လူ့အသက်နဲ့ ဆိုင်တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ၂၀၀၄-၂၀၀၅ ခုနှစ်ပိုင်းကစကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်သော ဆေးဘက်ပညာ၊ ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုသင်တန်းတို့ကို ပုဂ္ဂလိကမှ ဖွင့်လှစ်ခဲ့သည်။ အောင်ချမ်းမြေ့သင်တန်းကျောင်း တည်ထောင်သူ ဒေါက်တာကျော်ကျော်နိုင်က ၄င်းတို့အနေဖြင့် သင်တန်းများ ဖွင့်လှစ်ခဲ့သည်မှာ ကိုးနှစ်တာ ကြာပြီဖြစ်ကာ ပညာရေးဝန်ကြီးဌာနမှ ချထားပေးခဲ့သော သင်ကြားခွင့်လိုင်စင် စာရွက်စာတမ်းများဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောသည်။ ကျန်းမာရေးစီမံကိန်း ဦးစီးဌာန၏ အငြိမ်းစားဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် လုပ်ကိုင်ခဲ့သူ ဒေါက်တာဖုန်းမြင့်က ကျန်းမာရေးအထောက်အကူပြု သင်တန်းများ ဆိုသည်မှာ လူထု၏ လိုအပ်မှုအရသာ ဖြစ်သင့်၍ စီးပွားရေးသမားများ၏ လိုအပ်ချက်အရ မဖြစ်သင့်ကြောင်း၊ ဥပဒေအရ အောင်လက်မှတ်များကို အသိအမှတ်မပြုဟုဆိုပါက မလုပ်သင့်ကြောင်း ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက “ဖျက်သိမ်းရမယ့် ဆေးဘက်ပညာဆိုင်ရာ ကျွမ်းကျင်သင်တန်းတွေ အနေနဲ့ ပြန်ပြီးတော့ မှတ်ပုံတင်ရလိမ့်မယ်။ ခွင့်ပြုရင် ဖွင့်လို့ရပါလိမ့်မယ်” ဟု ပြောသည်။ အောင်ချမ်းမြေ့ သင်တန်းကျောင် တည်ထောင်သူ ဒေါက်တာကျော်ကျော်နိုင်ကမူ ဒီမိုကရေစီစနစ်အရ ဥပဒေမရှိပါက ဥပဒေရေးဆွဲသင့်ပြီး ကိုက်ညီအောင် ဆောင်ရွက်သင့်ကြောင်း သင်တန်းကျောင်းများမှာ ခရိုနီထဲတွင် မပါဝင်ဘဲ လူအများကို အထောက်အကူ ဖြစ်စေသည့် သင်တန်းသာဖြစ်ကြောင်း ပြောသည်။ ပုဂ္ဂလိက ဆေးရုံတစ်ရုံမှ ဒေါက်တာအောင်ဇေမိုးက ထိုသင်တန်းဆင်းများအား အလုပ်ခန့်ထားပေးရန် အလုပ်ခေါ်ယူရာတွင် ၈၀ ရာခိုင်နှုန်းခန့်သည် အခြေခံပြုစုစောင့်ရှောက်မှု နည်းများအားမေးရာ များစွာ မသိကြဘဲ ဖြစ်နေကြောင်း၊ လူလိုအပ်နေ၍သာ ခန့်နေခြင်းဖြစ်သော်လည်း သေသေချာချာ ဖြေဆိုနိုင်သူကိုသာ ခန့်ပါကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိမ်လွှာမို့မိုလွင် ဦးဉာဏ်ထွန်း


ဒုသမ္မတသစ် ဦးဉာဏ်ထွန်းက ဘယ်လိုလူမျိုးလဲ?
သူဟာ စွယ်စုံရဦးဉာဏ်ထွန်း လို့ ဆိုနိုင်ပါတယ်။
ဦးဉာဏ်ထွန်းက ကင်မရာရှေ့ သရုပ်ဆောင်ဖူးတယ်၊ သီချင်းဆိုကောင်းတယ်၊ အနောက်နိုင်ငံတွေမှာ ပညာသင်ခဲ့သူဖြစ်တယ်၊ ထောက်လှမ်းရေးအရာရှိဖြစ်ခဲ့ဖူးတယ် တဲ့။
အွန်လိုင်းမှာ တစွန်းတစ ကြားရတဲ့ သူ့အကြောင်း ဖြစ်ပါတယ်။ မူရင်းက ဒီလိုပါ -

"ဒုသမ္မတ(၂)အကြောင်းတစေ့တစောင်း"

စစ်တက္ကသိုလ်အပါတ်စဉ်(၁၆)၊ အောင်ဇေယျတပ်ခွဲဆင်း ဖြစ်ပါတယ်။
တပ်မတော်(ရေ)တွင် ဒုဗိုလ် မှ ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့တယ်။
ဇီးကုန်းသားတယောက်ဖြစ်ပြီး ၊ လူရည်ချွန် ၂ ထပ်ကွမ်း ရရှိခဲ့ပါတယ်။
အမေရိကန်/အင်္ဂလန်တို့တွင် တပ်မတော်ဆိုင်ရာ သင်တန်းများစွာ တက်ရောက်ခဲ့သူဖြစ်ပါတယ်။
အိပ်(ဂျ)ဂျီပီ ၊အာအယ်(လ)သင်တန်းတွင် မြန်မာတပြည်လုံး ပထမ ရရှိခဲ့ပါတယ်။

တပ်မတော်ရေအမှတ် (၁) ထောက်လှမ်းရေးတပ်မှူး၊
ကကလှမ်းရုံးချုပ် စစ်ဦးစီး ဒုတိယတန်း
ရေတပ် စစ်ဦးစီး ဗိုလ်မှူးကြီး
ရေတပ် စစ်ဦးစီးအရာရှိချုပ်မှ
ရေတပ် ဦးစီးချုပ် ဖြစ်လာခဲ့တယ်။

နိုင်ငံတကာဆက်ဆံရေး၊ လူမှုပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်သူတဦးလဲ ဖြစ်ပါတယ်။

အနုပညာ ဝါသနာပါသူတဦးဖြစ်ပြီး တပ်မတော်(ရေ) ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ဖူးပါတယ်။
တိမ်လွှာမို့မို့လွင်သီချင်း သီဆိုရာတွင် ဝင်းဦး ကဲ့သို့ ထပ်တူသီဆိုနိုင်ပါတယ်။


အနုပညာအားကောင်းသူတယောက် နိုင်ငံ့ခေါင်းဆောင်နေရာ ရလာတာ ကောင်းတယ်လို့ ဆိုနိုင်တယ် မဟုတ်လား။

အခုဆိုရင် ဟစ်ဟော့ အဆိုကျော် ရသ၊ ဇေယျာသော် တို့လည်း နိုင်ငံရေးသမားဖြစ်လာ၊ ဇေယျာသော် ဆိုရင် အရေးကြီးတဲ့ ဒေသတခုရဲ့ ပြည်သူ့ကိုယ်စားလှယ် ဖြစ်လာသလို တိမ်လွှာမို့မို့လွင် သီချင်း အဆိုကောင်းသူလည်း ဒုသမ္မတ ဖြစ်လာပါပြီ။

မြန်မာပြည်မှာ ဂီတသမားတွေ နိုင်ငံရေးနဲ့ ပိုပြီး နီးစပ်လာဟန် ရှိတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။

ဘကြီးသက်
Unknown at 9:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အပြောင်းအလဲများ ဘယ်ခရီးရောက်ပြီလဲ

သတင်းအဖွဲ့

နိုင်ငံရေးတွင် ထင်သာမြင်သာမှုရှိသော အပြောင်းအလဲများစွာ ဖြစ်ပေါ်နေသော်လည်း အောက်ခြေပြည်သူလူထုထံ အပြောင်းအလဲများ မရောက်ရှိသေးပါ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့တာ၊ သမ္မတက ပြည်သူ့ဆန္ဒလိုက်လျော၍ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း
ရပ်ဆိုင်းခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး လွှတ်တော်အတွင်း ရောက်သွားတာ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကိုယ်တိုင် မြန်မာနိုင်ငံရောက်လာတာ စတဲ့နိုင်ငံရေးနှင့် ပတ်သက်၍ ထူးခြားသော ပြောင်းလဲမှုများကို ရေဒီယို၊ တီဗီနှင့် ဂျာနယ်များမှတစ်ဆင့် သိခဲ့ကြောင်း အသက် ၆၇ နှစ်အရွယ် တောင်သူကြီးဦးကျော်လှိုင်က ပြောသည်။


“သမ္မတက မြစ်ဆုံစီမံကိန်းရပ်ဖို့ ဆုံးဖြတ်တာကိုပဲ အံ့သြဆုံးပဲ။ အရင်တုန်းကတော့ အောက်မှာဖြစ်ချင်သလိုဖြစ်၊ အပေါ်က ဂရုမစိုက်ဘူး”ဟု သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာမှ တောင်သူဦးကျော်လှိုင်က သူ၏အမြင်ကို ဖွင့်ဟသည်။ အစိုးရသစ်တက်လာပြီး ၁၆ လကျော် (တစ်နှစ်နှင့် လေးလကျော်) လာသောအခါ ဖြစ်ပေါ်လာသော အပြောင်းအလဲထဲမှ အံ့သြစရာအကောင်းဆုံး ဖြစ်ရပ်ကို မေးစဉ်က သူ၏ထင်မြင်ချက်ကို ပြောခြင်းဖြစ်၏။

ဦးကျော်လှိုင်မှာ အသက် ၁၆ နှစ် အရွယ်ကတည်းက လယ်ယာအလုပ် စတင်လုပ်ကိုင်ခဲ့ပြီး လယ်ယာအလုပ်မှလွဲ၍ အခြားအလုပ် မလုပ်တတ်။ သို့သော် သူ၏မိဘများ လက်ထက်ကတည်းက နှစ်ရှည်လများ လုပ်ကိုင်ခဲ့သော လယ်ယာမြေများမှာ စီမံကိန်းများရှိသည်ဆို၍ သက်ဆိုင်ရာက လယ်လုပ်ခွင့် မပြုတော့သောကြောင့်
အရွယ်ကြီးခါမှ သူသောကပွားနေရပြီ။

ဦးကျော်လှိုင် အပါအ၀င် အလွမ်းဆွတ်ကျေးရွာမှ လယ်သမား ၂၀ ဦး နှစ်ရှည်လများ လုပ်ကိုင်ခဲ့သော လယ်ဧက ၃၀၀ မှာ လွန်ခဲ့သော ၁၅ နှစ်က တပ်မတော်ပိုင်အဖြစ် သတ်မှတ်အသိမ်းခံခဲ့ရသည်။ နစ်နာကြေးအဖြစ် လယ်သမားတစ်ဦး ပေ ၄၀ x ပေ ၆၀ မြေတစ်ကွက်စီနှင့် လယ်တစ်ဧက ရွှေ့ပြောင်းစရိတ် ၅,၀၀၀ ကျပ် ရခဲ့သည်။

ထို့နောက်ပိုင်းတွင်လည်း အဆိုပါ လယ်ယာများ မည်သည့်စီမံကိန်းမှ မဆောင်ရွက်၍ အသိမ်းခံရသော လယ်သမားများက သီးစားခပေး၍ လယ်ပြန်လုပ်ခဲ့ကြသည်။ သို့သော် ယခုမိုးစပါးမစိုက်မီ ဧပြီလက ထိုလယ်မြေများပေါ်တွင် စီမံကိန်းစတော့မည် ဆိုသည့်အတွက် အမှတ်(၁) စစ်ဗျူဟာရေယာဉ်က လယ်လုပ်ခွင့် မပေးတော့၍ ဦးကျော်လှိုင်နှင့် အလွမ်းဆွတ်ရွာမှ တောင်သူ ၂၀ ဦး စပါးစိုက်ရန် လယ်မြေလက်မဲ့ ဖြစ်သွား၏။

“အောက်ခြေမှာ ဘာမှမပြောင်းဘူး။ ကိုယ်နားလည်တာ ကိုယ့်ရဲ့လယ်၊ ယာတွေနဲ့ ပတ်သက်ပြီး ဘာမှမပြောင်းဘူး”ဟု နိုင်ငံရေးတွင် ပြုပြင်ပြောင်းလဲမှု များစွာဖြစ်ပေါ်သော်လည်း သူကဲ့သို့ အောက်ခြေပြည်သူလူထုထံ မရောက်သေးကြောင်း ဦးကျော်လှိုင်ကပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့ တက်လာပြီး သက်တမ်း တစ်နှစ်နှင့်လေးလကျော် ကာလအတွင်း မြန်မာနိုင်ငံတွင် အပြောင်းအလဲများစွာ ပေါ်ပေါက်ခဲ့သည်။   ထို့ကြောင့် အပြောင်းအလဲဆိုသော စကားရပ်မှာ ၁၆ လကျော် ကာလအတွင်း ပြည်တွင်းနှင့် ပြည်ပမှာပါ အများဆုံးကြားရသော စကားရပ်ဖြစ်သည်။ သို့သော် မပြောင်းလဲသော အရာအချို့လည်း ရှိပါသေးသည်။ ယခုဆောင်းပါးမှာ အစိုးရသစ် စတင်တာဝန်ယူသော ၂၀၁၁ မတ်လ ၃၁ ရက်မှ ၂၀၁၂ ဇူလိုင်လကုန်ထိ ၁၆လ ကာလအတွင်း မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများကို လေ့လာဆန်းစစ်ချက် ဖြစ်ပါသည်။

နိုင်ငံရေး

နိုင်ငံရေး လေ့လာစောင့်ကြည့်သူများ၊ နိုင်ငံရေးသမားများ၊ ပြည်သူအများစုက ၁၆ လတာ ကာလအတွင်း အများဆုံးပြောင်းလဲခဲ့သော ကဏ္ဍမှာ နိုင်ငံရေးပင်ဖြစ်ကြောင်း တညီတညွတ်တည်း သုံးသပ်ကြသည်။

“သမ္မတ မိန့်ခွန်းစပြောကတည်းက ထူးတယ်။ ပထမဦးဆုံး မိန့်ခွန်းကတည်းက ဒီအခြေခံဥပဒေကို လက်မခံဘူးဆိုရင် မပါဝင်နိုင်သေးတဲ့ လူတွေလည်း ပါဝင်နိုင်အောင် အားမွေးထားပါဦးလို့ ပြောတယ်။

တစ်ဆက်တည်းမှာပဲ သိပ်မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အင်န်အယ်လ်ဒီ လွှတ်တော်ဝင်ရေးမှာ အဟန့်အတားဖြစ်နေတဲ့ နိုင်ငံရေးပါတီတွေဆိုင်ရာ ရွေးကောက်ပွဲဥပဒေကို ပြင်ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ကြားဖြတ်ရွေးကောက်ပွဲဝင်ဖြစ်တယ်။ ထောင်ထဲရောက်နေတဲ့ အကျဉ်းသားတွေ လွှတ်ပေးတယ်။ နောက်မြင်သာတဲ့ တစ်ခုကတော့ နိုင်ငံခြားရောက်နေတဲ့ သူတွေကို ပြန်လာဖို့ဖိတ်ခေါ်တယ်။

နိုင်ငံရေးအဆင့်မှာ ပထမဆုံးအဆင့်ကတော့ အမျိုးသားရင်ကြားစေ့ရေးပါပဲ။ ကျွန်တော်တို့ မျှော်လင့်ထားတာထက် အများကြီးပိုလုပ်နိုင်တယ်။ ဒါကတော့ အသိအမှတ်ပြုရမယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဘောင်တွေထဲမှာပဲ ဥပဒေကြောင်းအရ လွှတ်တော်ကတစ်ဆင့် သွားတာရယ်၊ အဲဒါကတော့ အလုပ်သမားသမဂ္ဂပေါ့။ လွတ်လပ်တဲ့ အလုပ်သမားအဖွဲ့အစည်းတွေ ထူထောင်ခွင့်ပေးလိုက်တာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်၊ စုရုံးခွင့်နဲ့ လမ်းပေါ်ထွက်ခွင့်ကို ဥပဒေအဖြစ် ထွက်လာတယ်။ ဥပဒေကြောင်းအရ ဒီဟာတွေ တော်တော်များများ လုပ်နိုင်လာတယ်။

နောက်တစ်ခုကတော့ လက်နက်ကိုင် တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်တယ်။ ကေအိုင်အေကလွဲလို့ ကျန်တဲ့အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး ရသွားပြီ။ ချုပ်လိုက်ရင်တော့ နိုင်ငံရေးက သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်လာပါပြီ။ ကျွန်တော်အပါအ၀င် ဘယ်သူမှလည်း ဒီလောက်မြန်လိမ့်မယ်လို့ မျှော်လင့်မထားဘူး”ဟု နိုင်ငံရေးဆောင်းပါးရှင် စာရေးဆရာကျော်ဝင်းက သုံးသပ်သည်။

အပြောင်းအလဲအများစုမှာ သမ္မတ၏ ရဲဝံ့သော ဆုံးဖြတ်ချက်များမှ စတင်ထွက်ပေါ်လာခြင်း ဖြစ်သည်။ နှစ် ၂၀ ကျော်ကြာ အစိုးရနှင့် အတိုက်အခံအဖြစ် ရှိခဲ့သော နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါတီတရားဝင် ပြန်လည်မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်ပြိုင်၍ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခြင်းမှာလည်း တစ်နှစ်ကျော်ကာလအတွင်း ထူးခြားသော အပြောင်းအလဲတစ်ခုဖြစ်သည်။ ထို့အပြင် တစ်နှစ်ကျော်ကာလအတွင်း အလုပ်ဖြင့် သက်သေပြကာ ဥပဒေပြုရေးမဏ္ဍိုင်ကို အသက်ဝင်လာစေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း ဒီမိုကရေစီကျင့်သုံးစ နိုင်ငံတွင် ပြည်သူများအတွက် မျှော်လင့်စရာ၊ အားထားစရာ ဖြစ်လာခဲ့သည်။

ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲများကို နိုင်ငံတကာက ကြိုဆိုပြီး၊ နှစ်ပေါင်းများစွာအတွင်း အမေရိကန်အပါအ၀င်  နိုင်ငံတကာနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာကာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို အမေရိကန်၊ ဥရောပနှင့် အင်အားကြီးနိုင်ငံတို့မှ ဖြေလျှော့ပေးမှုမှာလည်း မြန်မာ့အပြောင်းအလဲကို ပိုမိုအားကောင်းစေခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်က ၂၄ နှစ်လုံးလုံး အစိုးရနဲ့ အတိုက်အခံ လုပ်ခဲ့တယ်။ ဒီတော့ ပြည်သူတွေကို Hope (မျှော်လင့်ချက်)ပဲ ပေးနိုင်တယ်။ ကိုယ်တိုင် Contribute မလုပ်နိုင်ခဲ့ဘူး။ အခု New Institution မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က New Player အနေနဲ့ ပါလာတော့ အရင်လုပ်မပေးနိုင်ခဲ့တဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဘယ်လောက် အကောင်အထည် ဖော်နိုင်မလဲဆိုတာ အင်မတန်အရေးကြီးတယ်။ စောင့်ကြည့်ရပါမယ်။ နိုင်ငံရေးမှာ ဘယ်လောက် ပြောင်းလဲတယ်ဆိုတော့ ဒါကိုသာကြည့်တော့”ဟု မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးကလည်း သူ၏အမြင်ကို ပြောသည်။

အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ သက်ဆိုင်သူ (Stakeholder) အားလုံး မြန်မာ့နိုင်ငံရေးတွင် ပါဝင်လာနိုင်ရန် အစိုးရက ဆောင်ရွက်ပေးခဲ့ခြင်းနှင့် လွှတ်တော်နိုင်ငံရေး အသက်ဝင်လာခြင်းတို့မှာ ထူးခြားမှုများ ဖြစ်ကြောင်းလည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

“ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာဟာ လုပ်ဆောင်ချက်အားလုံးရဲ့ သုံးပုံတစ်ပုံလောက် ခရီးရောက်နေပြီ။ စီးပွားရေးပြုပြင်ပြောင်းလဲဖို့ အတွက်ကတော့ ဥပဒေပြုရေးကို သေချာလုပ်ဖို့ လိုတယ်။ အကျိုးရှိမယ့် ဥပဒေတွေကို ချမှတ်ပြီး ဖြေလျှော့မှုတွေ ပိုလုပ်နိုင်ရင် စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်။  နိုင်ငံရေးနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့နိုင်ငံမှာ အရွေ့တစ်ခုဖြစ်သွားပြီ။ အရင်လို စစ်အုပ်ချုပ်ရေးစနစ် မဟုတ်တော့ဘူးဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်ပဲ။ လွှတ်တော်တွေဟာ ဒီမိုကရေစီအလေ့အထကျင့်သုံးမှု တဖြည်းဖြည်းနဲ့ ပုံပေါ်လာပြီ။ သမ္မတနဲ့ ပြည်သူတွေကြားမှာလဲ ဆက်ဆံရေးတွေ ယုံကြည်မှုတွေဟာ ပိုမိုအားကောင်းလာတယ်။ ဒါပေမဲ့ ကြိုးနီစနစ်ကတော့ ကျန်နေသေးတယ်။ ပြုပြင်ပြောင်းလဲမှုတွေ အောက်ခြေအထိ မရောက်သေးဘူး။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနဲ့ ငြိမ်းချမ်းရေးကဏ္ဍတွေမှာ အကောင်းဘက်ကို ဦးတည်ပြောင်းလဲနေတယ်လို့ သုံးသပ်ပါတယ်။ နောက်အပြောင်းအလဲတစ်ခုက NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်ထဲ ရောက်လာတာဟာ ထင်ရှားတဲ့ အပြောင်းအလဲတစ်ခုပါပဲ”ဟု ဦးခင်မောင်ဆွေက ဆက်လက်ပြောသည်။

စီးပွားရေး

စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းချိန်တွင် အစိုးရက နိုင်ငံအတွက် အရေးကြီးဆုံးဖြစ်သော နိုင်ငံရေး၊ စီးပွားရေးနှစ်ခုစလုံးကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ သို့သော် စီးပွားရေးကဏ္ဍတွင် အထက်တွင် ဆိုခဲ့သည့်အတိုင်း အပြောင်းအလဲများမှာ အောက်ခြေလူထု မခံစားရသေးပေ။ “စီးပွားရေးက တန့်နေသလား၊ ကောင်းနေသလား၊ ကျသွားသလားမေးရင် သေချာတာကတော့ ပြည်တွင်းဝယ်လိုအား သိသိသာသာ ကျဆင်းသွားတယ်”ဟု ဧရာဟင်္သာကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရောင်းအ၀ယ်က မထူးခြားဘူး။ ပိုဆိုးသွားတယ်။ တက်မလာဘူး။ မြန်မာငွေ တန်ဖိုးမာပေမယ့် တက်မလာဘူး။ ၅၀ ရာခိုင်နှုန်းလောက် ကျသွားတယ်”ဟု ယုဇနပလာဇာတွင် လူသုံးကုန်ပစ္စည်းများ လက်လီလက်ကား ရောင်းချနေသော ကိုသီဟကပြောသည်။

နေထိုင်စားသောက်စရိတ်များ တက်လာသော်လည်း ၀င်ငွေတိုးမလာသဖြင့် ၀ယ်လိုအားနှင့် လူတစ်ဦးချင်းဝယ်နိုင်စွမ်း ကျဆင်းလာခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

မြောင်းမြမြို့ရှိ စတိုးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သော မခိုင်ဇင်က “စပါးဈေးမကောင်းတော့ အရောင်းအ၀ယ်တွေ တန့်သွားတယ်။ အရင်တုန်းက မင်္ဂလာဆောင်တဲ့လူက
ဗီရိုတစ်လုံးဝယ်ရင် အခုသေတ္တာတစ်လုံးပဲ ၀ယ်တော့တယ်”ဟုဆိုသည်။

နိုင်ငံ၏ ကုန်သွယ်ရေးပမာဏနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးလာသော်လည်း မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းရှိသော တောင်သူများမှာ ရာသီဥတုဖောက်ပြန်ခြင်း၊   သီးနှံဈေးနှုန်း ကျဆင်းခြင်းတို့ကြောင့် နှစ်ဆက်အရှုံးပေါ်နေသည်။ ထိုကြားထဲ လယ်သမားအချို့မှာ ဦးကျော်လှိုင်တို့ကဲ့သို့ လယ်ယာမြေအသိမ်းခံရ၍ မြွေပူရာကင်းမှောင့်ဆိုသလို ဖြစ်ကုန်သည်။

“နှစ်နှစ်၊ သုံးနှစ်ဆက်တိုက် ရှုံးလာတော့ အိမ်ကလည်း သိပ်မကြည်တော့ဘူး။ လယ်ယာမြေကို စွန့်ခွာရမလား။ အိမ်ကဆင်းရမလား အခြေအနေမျိုး ဖြစ်နေပြီ”ဟု ဧရာဝတီတိုင်းဒေသကြီး က၀မြို့မှ တောင်သူကိုအောင်သိုက်က ရင်ဖွင့်သည်။

ယခင် လူတစ်စုက လက်ဝါးကြီးအုပ်ထားသော စားအုံးဆီတင်သွင်းမှုကို လုပ်ကိုင်လိုသူအားလုံးအား စည်းကမ်းနှင့်အညီ လုပ်ကိုင်ခွင့်ပေးခြင်း၊ ကုမ္ပဏီနှင့် လုပ်ငန်းများ တည်ထောင်ရန် ပိုမိုလွယ်ကူစေရန် ပြုလုပ်ပေးခြင်း၊ တစ်ခုတည်းသော ငွေလဲနှုန်း သတ်မှတ်ပေးကာ ပုဂ္ဂလိကဘဏ်များကို လုပ်ပိုင်ခွင့် ပိုမိုပေးလာခြင်း၊ ကားတင်သွင်းမှုကို ယခင်လူနည်းစုကသာ အကန့်အသတ်ဖြင့် တင်သွင်းနိုင်ရာမှ ကားဟောင်းကားသစ် လဲလှယ်ပေးသော စီမံကိန်း၊ ကားဝယ်ရန် လုံလောက်သောငွေရှိသည့် နိုင်ငံသားတိုင်း ကားသွင်းခွင့်ပြုခြင်း စသော စီးပွားရေးနှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည့်ကြားမှ ပြည်သူအများစု ၀င်ငွေလျော့ကျကာ မြန်မာ့စီးပွားရေးမှာ ထင်သလို တက်မလာသေးခြင်းဖြစ်သည်။

တရားစီရင်ရေး

အထူးသဖြင့် တရားစီရင်ရေး လောကတွင် လူပြောအများဆုံး၊ ဝေဖန်မှုအများဆုံးဖြစ်သည့် အမှုများ ကြာမြင့်သည့် ဖြစ်ရပ်များမှာ ယခင်အစိုးရလက်ထက်နှင့် နှိုင်းယှဉ်ပါက ကြန့်ကြာမှုများ တဖြည်းဖြည်းလျော့နည်းလာပြီး အကောင်းဘက်ကို ဦးတည်လာကြကြောင်း ရှေ့နေများက ပြောကြားသည်။

“အဓိကက တရားသူကြီးတွေက ပြောင်းရတာ။ သူတို့မပြောင်းလို့ ဘယ်ရမလဲ။ အခုဆို သိပ်ကြန့်ကြာလို့ မရတော့ဘူး။ တရားသူကြီးတွေ ကိုယ်တိုင်ကိုက ရုံးချိန်းအကြာကြီး ခြားချိန်းတာကို လက်မခံတော့ဘူး။ ရက်အရမ်းဝေးဝေးကြီး မပေးဘူး”ဟု ရှေ့နေဦးတင်ယု(ဆကာကြီး)က တရားခွင်အခြေအနေ ကြုံတွေ့ရမှုများကို ပြောပြသည်။

ထို့ပြင် သက်ဆိုင်ရာ တိုင်း၊ ခရိုင်မြို့နယ်အလိုက် တရားရုံးများကလည်း ခြောက်လနှင့် ခြောက်လအထက်ကြာသော အမှုများကို စာရင်းကောက်ခြင်းများ ပြုလုပ်လာရာ ယခင်ခေတ်ကာလကဲ့သို့ အမှုများ ကြာရှည်အချိန်ဆွဲ စစ်ဆေးခြင်း ပြုလုပ်၍ မရတော့ကြောင်း ၎င်းကဆိုသည်။

အစိုးရသစ်လက်ထက်တွင် ရာထူး၊ အာဏာ၊ သြဇာ၊ အရှိန်အ၀ါကိုသုံးကာ ငွေများတရားနိုင်မှုများ လျော့ပါးလာကြောင်း၊ သက်ဆိုင်ရာ တရားသူကြီးများအနေဖြင့် မိမိစစ်ဆေးရသော အမှုများပေါ် တရားဥပဒေအရ လွတ်လွတ်လပ်လပ် လုပ်ကိုင်ရမှု အနည်းငယ်စီ ရလာကြကြောင်း ရှေ့နေဦးတင်ယု(ဆကာကြီး)က ပြောသည်။

“တရားရေးဝန်ထမ်းတွေ ဥပဒေအတိုင်း လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်လေးတွေ နည်းနည်းပါးပါး ရလာတယ်။ တခြားဆိုင်ရာဆိုင်ရာ လာပြီးအမိန့်ပေး စေခိုင်းတာမျိုး၊ အထက်ကညွှန်ကြားချက် ဆိုတာမျိုးတွေ သိပ်မကြားရတော့ဘူး”ဟု ၎င်းကပြောသည်။

လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍မူ တရားရေးဝန်ထမ်းများသာမက ပြည်သူများဘက်ကပါ ပါဝင်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း အမှုသည်များနှင့် ထိတွေ့ဆက်ဆံနေကြသည့် ပုဂ္ဂိုလ်တို့ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်တွင်းနှင့် နိုင်ငံတကာမှ ထောက်ပြနေသော အဓိကအကြောင်းရင်းမှာ တရားဥပဒေစိုးမိုးရေးပင် ဖြစ်သည်။ 7Day News ဂျာနယ်က အလွှာပေါင်းစုံမှ လူ ၅၀ ဦးကို တွေ့ဆုံမေးမြန်း သဘောထား တောင်းခံခဲ့ရာ ပြောင်းလဲမှုမရှိဘဲ တန့်နေသောကဏ္ဍမှာ တရားစီရင်ရေးဖြစ်ကြောင်းလည်း ဖြေဆိုသူအများစုက ဖြေကြသည်။

“တရားရေးကတော့ ဘာမှ ထူးမခြားနားဘူး။ တရားရေးနဲ့ အောက်ခြေဗျူရိုကရေစီ ယန္တရားပေါ့။ ဒါတွေကတော့ အရင်အတိုင်းပဲ။ အဓိပ္ပာယ်ကတော့ မပြောင်းလဲချင်လို့ပေါ့။ အဲဒါကြောင့် သူတို့ပြောင်းလဲနိုင်အောင် ကျွန်တော်တို့ လွှတ်တော်က ဥပဒေပြုခြင်းဖြင့် အပြန်အလှန် ထိန်းကျောင်းရမှာပေါ့”ဟု ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်ကလည်း သုံးသပ်သည်။

မီဒီယာ

ပုံနှိပ်မီဒီယာနှင့် ပတ်သက်သည့် အထူးခြားဆုံး ပြောင်းလဲမှုမှာ ၂၀၁၁ ဇွန် ၁၀ ရက်မှ စတင်၍ ဂျာနယ်အမျိုးအစား ငါးမျိုးဖြစ်သည့် အနုပညာ သုတရသ၊ ကျန်းမာရေး၊ ကလေး၊ နည်းပညာ၊ အားကစား အစရှိသည့် ဘာသာရပ်များမှ ဂျာနယ်မဂ္ဂဇင်းများအား စာပေစိစစ်ရေး တင်ပြခြင်းမှ ကင်းလွတ်ခွင့်ပြုခဲ့သည်။ ခြောက်လအကြာ နှစ်ကုန်ခါနီး ဒီဇင်ဘာ ၉
တွင် စီးပွားရေး၊ မှုခင်းနှင့် ဥပဒေဆိုင်ရာ ဂျာနယ်မဂ္ဂဇင်းများအား စာပေစိစစ်ရေးတင်ပြခြင်းမှ ကင်းလတ်ခွင့် ထပ်မံရရှိခဲ့သည်။

ထို့အပြင် စီးပွားရေး၊ ပညာရေးနှင့် စာပေများတို့ကိုပါ ထုတ်ဝေပြီးမှ တင်ပြရသော ထုတ်တင်စနစ်သို့ ပြောင်းခဲ့သည့်အတွက် ယခုအခါ သတင်း နိုင်ငံရေးနှင့် ဘာသာရေးတို့သာ    ထုတ်တင်စနစ်သို့ ပြောင်းရန်ကျန်တော့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်သည့်သတင်းအား ဂျာနယ်များက အကျယ်တ၀င့် ဖော်ပြခဲ့ကြရာတွင် ဂျာနယ်ကိုးစောင်မှာ တစ်ပတ် (သို့မဟုတ်) နှစ်ပတ်အထိ ထုတ်ဝေခွင့်ပိတ်သည်အထိ အရေးယူခံခဲ့ရသည်။

သို့သော် ယခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးတွေ့ဆုံခဲ့သည့် သြဂုတ်လနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများအား လွတ်လပ်စွာ ဖော်ပြခွင့်ရလာသည်။

“နံပါတ်တစ်က စာပေစိစစ်ရေးနဲ့ ပတ်သက်ပြီး ဖြေလျှော့မှုတွေ လုပ်နေတာက နောက်ကြောင်းပြန်လှည့်သွားဖို့ မရှိပါဘူး။ နံပါတ်နှစ်က အခု အရေးယူမှုတွေ ပြုလုပ်ရတယ်ဆိုတာကလည်း ခွင့်ပြုထားနိုင်တဲ့ အတိုင်းအတာထက်ကျော်တဲ့ ကိစ္စတွေကို လုပ်လာတဲ့အခါမှာ အရေးယူရတာပါ။ ကျွန်တော်တို့ မပေးနိုင်တဲ့ဟာတွေကို ပြောထားတယ်”ဟု ဂျာနယ်နှစ်စောင် ပိတ်သိမ်းမှုနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကဆိုသည်။

“ဒီလို အရေးယူလိုက်ရင် ၀န်ကြီးဌာနအပေါ် အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာနိုင်တာကို ကျွန်တော်တို့သိပါတယ်။ ဥပဒေသစ်မပေါ်လာခင်မှာ ဥပဒေဟောင်း
ရှိနေသေးတယ်။ ကျွန်တော်တို့ ညင်သာသိမ်မွေ့တဲ့ အကူးအပြောင်းကာလကို လုပ်ကိုင်နေတဲ့အချိန်မှာ သိပ်ပြီးတော့ ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေကို နှစ်ဖက်ကိုင်တွယ်ပြီးတော့    ထိန်းထိန်းသိမ်းသိမ်း ရေးစေချင်တယ်”ဟု ဦးရဲထွဋ်က ပြောသည်။

ယခုနောက်ဆုံး စာနယ်ဇင်းအမြုတေကောင်စီကို အစိုးရက သတင်းထောက်များ၏ ဆန္ဒကို မေးမြန်းမှုမရှိဘဲ ဖွဲ့စည်းခဲ့ခြင်းနှင့် ထိုကောင်စီ ဆောင်ရွက်ရမည့် အချက်များမှာ သတင်းထောက်များကို ကာကွယ်ရန်ထက် သတင်းထောက်များကို ကန့်သတ်ရန်အချက်များက ပိုများနေ၍ မြန်မာ့မီဒီယာအရွေ့ ဘယ်ခရီးရောက်မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာဥပဒေအား သတင်းထောက်များ၏ ဆန္ဒနှင့် သဘောထားတောင်းခံမှု မရှိသေးဘဲ ဌာနက ကိုယ်တိုင်ရေးဆွဲပြီး ပြဋ္ဌာန်းရန် စီစဉ်နေသည်။ ဥပဒေတွင် ပြဋ္ဌာန်းချက်များနှင့် ဥပဒေကြမ်း ထွက်လာပြီးနောက် လက်တွေ့လုပ်ကိုင်နေသော မီဒီယာလောကသားများ၏ ဆန္ဒနှင့် သဘောထားကို တောင်းခံခြင်း ရှိ၊ မရှိနှင့် မီဒီယာလောကသားများ၏ လိုလားချက်များကို ထည့်သွင်း ပြဋ္ဌာန်း၊ မပြဋ္ဌာန်းဆိုသည်ကို မြန်မာ့မီဒီယာလွတ်လပ်ခွင့် ဘယ်ခရီးရောက်ပြီလဲဆိုသော အမေး၏ အဖြေပင်ဖြစ်ပါလိမ့်မည်။

လူမူရေး

နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူက “သိသာတဲ့အပြောင်းအလဲကတော့ အသင်းအဖွဲ့တွေ မှတ်ပုံတင်ခွင့် ရလာတာပါ။ နောက်တစ်ခုက နာရေးလမ်းကြောင်းတွေသွားတာ။ အလှူအတန်းကိစ္စတွေ သွားတဲ့အခါမှာ အရင်လို ကန့်သတ်ချုပ်ချယ်တာမျိုး မရှိတော့ဘူး”ဟု ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအတွက် လှူဒါန်းမှုခရီးစဉ်များတွင် ကန့်သတ်ချက်များ ရှိခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ ကူညီလှူဒါန်းမှု လုပ်ငန်းများ မကြာမီ သွားရောက်လုပ်ကိုင်ရာတွင် လွတ်လွတ်လပ်လပ် လုပ်ကိုင်လာနိုင်မှုများကို နှိုင်းယှဉ်ပြောကြားသည်။

“ကျွန်တော်တို့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအနေနဲ့ အရင်ကဆိုရင် အသင်းအဖွဲ့ မှတ်ပုံတင်ရှိမှ လုပ်ကိုင်ရတာ အဆင်ပြေတယ်။ အခုနောက်ပိုင်းတော့ လျှောက်ထားဆဲဆိုရင် မှတ်ပုံတင်မရသေးလည်း လုပ်လို့ရတယ်။ အရင်ကဆို လူ့အခွင့်အရေးဆိုတာမျိုး၊ အစိုးရကိုဝေဖန်တာမျိုး ပြောလို့မရခဲ့ဘူး။ အခုပြောလို့ရလာတယ်”ဟု လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့တစ်ခုမှ တာဝန်ရှိသူကပြောသည်။

ထို့ပြင် လူမှုရေးအဖွဲ့အစည်းများသည် ယခင်ကထက် ပွင့်လင်းသာစွာ လုပ်ကိုင်နိုင်လာပြီး အစိုးရဘက်ကလည်း ပိုမိုအသိအမှတ်ပြုလာကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာကြောင်း Soical Care Volunteer Group (NCVG)၏ ဥက္ကဋ္ဌ ဦးအောင်ထိုက်မင်းကပြောသည်။

သို့သော် ပြည်တွင်းအင်န်ဂျီအိုများ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းအချို့ကို အစိုးရက ပြန်လည်စဉ်းစားပေးရန် လိုအပ်ကြောင်း ၎င်းကပြောသည်။

“အထူးသဖြင့် အဖွဲ့အစည်းငယ်လေးတွေအတွက် မှတ်ပုံတင်ကြေး ပေးသွင်းရတဲ့ ငွေကြေးပမာဏက များနေတယ်။ ပြည်တွင်းအဖွဲ့အစည်းတွေဟာ အလှူရှင်တစ်ဦးချင်းစီ ကိုယ်တိုင်ထည့်ဝင်ကြတဲ့ ငွေအပေါ်မှာ ရပ်တည်နေရတာ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ပြန်စဉ်းစားသင့်တယ်လို့ ယူဆပါတယ်”ဟု ဦးအောင်ထိုက်မင်းက ပြောသည်။

ပြည်ပအလှူရှင်များနှင့်အတူ ရပ်ကွက်များထဲသို့ ၀င်ထွက်မည်ဆိုပါက သက်ဆိုင်ရာကို ကြိုတင်၍ အကြောင်းကြားရသည့် အခက်အခဲများ ကြုံခဲ့ရသော်လည်း ယခုနောက်ပိုင်းတွင် ယင်းကန့်သတ်ချက်မျိုး မရှိတော့သဖြင့် အဆင်ပြေကြောင်း အိတ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံထားရသူများအတွက် ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့တစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။

ပညာရေး

ဘတ်ဂျက်ရေးဆွဲရာတွင် ပညာရေးအသုံးစရိတ် ပိုသုံးလာခြင်း၊ ၂၀၁၁ ဒီဇင်ဘာ ၂ ရက်တွင် ကိုယ်ပိုင်ကျောင်းဥပဒေကို ပြဋ္ဌာန်းခြင်း၊ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်၍ အခမဲ့နှင့် မသင်မနေရ မူလတန်းပညာရေးစနစ်ကို စတင်ဆောင်ရွက်ခြင်း၊ အဆင့်မြင့်ပညာရေးအတွက် နိုင်ငံခြားတက္ကသိုလ်များနှင့် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနများ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လာခြင်း၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ကျောင်းဝင်ခွင့် အမှတ်သတ်မှတ်ချက်ကို တိုးမြှင့်လိုက်ပြီး ကျောင်းသားလက်ခံမှုများကို လျှော့ချခဲ့ခြင်းတို့မှာ ပညာရေးနှင့် ပတ်သက်၍ ထူးခြားမှုများဖြစ်သည်။ ထို့အပြင် ပညာရေးဝန်ကြီးဌာနက မူလတန်းအောက်အဆင့်အတွက် တိုင်းရင်းဘာသာ သင်ခန်းစာများကို ကျောင်းချိန်ပြင်ပတွင် သင်ကြားပေးရန် သင်ခန်းစာနှင့် ဆရာလက်စွဲများ ရေးဆွဲပြုစုရန် စီစဉ်နေသည်။

နိုင်ငံခြားတက္ကသိုလ်၊ ကောလိပ်များ ပြည်တွင်း၌ လာရောက်၍ ကျောင်းခွဲ တည်ထောင်ဖွင့်လှစ်ရန် စိတ်ဝင်စားလာမှုနှင့် မြန်မာကျောင်းသားများကို နိုင်ငံတကာမှ ပညာသင်ဆုများ တိုးမြှင့်ပေးအပ်ရန် စီစဉ်လာကြသည်ကိုလည်း တွေ့ရသည်။

သို့သော် စနစ်အမှားများကြောင့် နှစ်ပေါင်းများစွာ ယိုယွင်းနေသော ပညာရေးမှာ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် လုပ်ဆောင်ရန် များစွာလိုသေးသည်။ စနစ်တစ်ခုလုံး ပြုပြင်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများကပြောသည်။

မြန်မာနိုင်ငံပညာရေးမှာ နိမ့်ကျလျက်ရှိပြီး၊ အခြားနိုင်ငံများ၌ မျိုးဆက်သစ်များမှာ ကောင်းမွန်သောပညာရေး သင်ကြားနေချိန်တွင် မြန်မာနိုင်ငံ၌ ဆန့်ကျင်စွာ
မျိုးဆက်သစ်များလက်ထက် ရောက်လာလေလေ ပညာရေးစနစ် ပိုဆိုးလာလေဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အော်စလိုငြိမ်းချမ်းရေးဖိုရမ်အပြီး ရှင်းလင်းပွဲတွင် ပြောသည်။

ကျန်းမာရေး

ရာစုနှစ်နှစ်စုအတွင်း ကျန်းမာရေးအသုံးစရိတ်အား တရားဝင် ကြေညာခဲ့ပြီး ကျန်းမာရေး ဘတ်ဂျက်အား ယခင်ကျန်းမာရေး အသုံးစရိတ်ထက် လေးဆကျော် (၇ ဒသမ ၆ ထရီလီယံကျပ်)သုံးစွဲရန် သတ်မှတ်လိုက်သည်။

ထိုကဲ့သို့ ဘတ်ဂျက်တိုးမြှင့်လိုက်ခြင်းသည် ပြည်သူများ ကြုံတွေ့နေရသည့် စရိတ်မျှပေး ကျန်းမာရေးစနစ်၊ ဆေးရုံများတွင် လိုအပ်နေသည့် ဆေးဝါးများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများ စသည့်လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ယခုချိန်ထိ ထိုလိုအပ်ချက်များ ပြောင်းလဲမှုများ မရှိသေးကြောင်း အဖွဲ့အစည်းများမှ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ လွှတ်တော်အမတ်များ၊ တာဝန်ထမ်းဆောင်နေဆဲ ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

“ဆေးရုံတွေမှာ နဂိုအတိုင်းပဲ။ ဂိတ်မှာပိုက်ဆံပေးနေရတုန်းပဲ။ လိုတဲ့ဆေးဝါးကနေ ပတ်တီး၊ လက်အိတ်အထိ ပြည်သူတွေ ၀ယ်နေရတုန်းပဲ။ ဘတ်ဂျက်တိုးလာတဲ့အခါ ဆေးရုံတွေရဲ့ ၀န်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ချီးကျူးမှုဆိုတာမျိုးတော့ ကြားတာမျိုး မရှိသေးဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်တွင် လှုပ်ရှားနေသူတစ်ဦးက မှတ်ချက်ပေး ပြောကြားသည်။

“ကျန်းမာရေးဘတ်ဂျက် တိုးလာပေမယ့် အဲဒီပိုက်ဆံတွေ ဘယ်ထဲကို ရောက်သွားလဲဆိုတာတော့ မသိဘူး။ ပြီးတော့ တိုးလာတယ်ဆိုပေမယ့် အများကြီးလိုအပ်ချက်တွေ ရှိနေသေးတယ်။ လိုအပ်ချက်နဲ့ယှဉ်ရင် ဆင်ပါးစပ်နှမ်းပက် ဆိုသလိုပဲ။ ကျန်းမာရေးဘတ်ဂျက်က ဒီလောက်နဲ့မရဘူး”ဟု ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းကပြောသည်။

သူနာပြုဆရာမနှင့် ကျန်းမာရေးဝန်ထမ်းအချို့၏ လူနာအပေါ် ဆက်ဆံရေးပိုကောင်းလာရန်၊ စံချိန်မီဆေးဝါးများ ရရှိမှု၊ တရားမ၀င်ရောင်းချနေသည့် စပ်ဆေးများကြောင့် ဆေးယဉ်ပါးမှုနှင့် ဘေးထွက်ဆိုးကျိုးများအား ကာကွယ်ပေးနိုင်မှု စသည်တို့ကို ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ဒေါက်တာသန်းဝင်းကပြောသည်။

ကျန်းမာရေးကဏ္ဍတွင် ဆရာဝန်နှင့် လူနာများအကြား ယုံကြည်မှုလျော့နည်းလာခြင်းများ၊ လူငယ်ဆရာဝန်များ၏ အရည်အသွေး မြင့်တင်ပေးမှု အားနည်းခြင်းများက ဆုတ်ယုတ်မှုများဖြစ်ကြောင်း ပညာရှင်များက သုံးသပ်သည်။

အခြေခံလူတန်းစားအား အခြေပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ပေးရန် ၀န်ထမ်းများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာများ၊ စည်းကမ်းများနှင့် လာဘ်ပေးလာဘ်ယူ ပပျောက်ရေးများမှာလည်း အရေးတကြီးပြုလုပ်ရမည့် အရာများဖြစ်ကြောင်း ပညာရှင်များမှ အကြံပြုပြောကြားသည်။

သဘာဝပတ်ဝန်းကျင်

သမ္မတက မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခဲ့ခြင်း၊ မပြည့်စုံသေးသော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ထွက်ရှိလာခြင်း၊ မြေယာအသုံးချမှုပေါ်လစီ ချမှတ်ရန် ဆုံးဖြတ်ခြင်း စသည်တို့မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အားတက်စရာများဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများကပြောသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် နည်းဥပဒေရေးဆွဲရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ ဖိတ်ခေါ်လာခြင်းသည်လည်း ကောင်းသောပြောင်းလဲခြင်းဖြစ်ကြောင်း ဂေဟဗေဒစနစ်ဖွံ့ဖြိုးရေးအဖွဲ့ (Ecodev) မှ ဥက္ကဋ္ဌဦးဝင်းမျိုးသူက ပြောသည်။

တိုင်းပြည်ဖွံ့ဖြိုးရေးကို ဦးစားပေးအဆင့်အနေဖြင့် စဉ်းစားလာခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမည့် ပြဿနာများ ကြုံလာကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ငွေကြေးသုံးစွဲမှုမှာ ကျေနပ်အားရစရာ မရှိကြောင်း၊ ထို့ပြင် တစ်ဖက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေများ ထွက်ရှိလာသလို တစ်ဖက်တွင်လည်း စက်မှုနိုင်ငံသို့ ဦးတည်သွားနေသောကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်းလည်း ၎င်းကပြောသည်။

နည်းပညာ

အိုင်စီတီကဏ္ဍတွင် တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းလာသော နည်းဥပဒေများ မရှိသေးခြင်း၊ အိုင်စီတီကဏ္ဍ၏ အရေးကြီးဆုံးသော လူ့စွမ်းအားအရင်းအမြစ်များ လုံလောက်စွာ ပြည်တွင်း၌ ရှိမနေခြင်းများက နည်းပညာကဏ္ဍ၏ အဓိကပြဿနာများ ဖြစ်သည်ဟု ပြည်တွင်းကွန်ပျူတာပညာရှင်အချို့က ပြောသည်။

“တင်းကျပ်တဲ့ ထိန်းချုပ်မှုတစ်ခု လျော့လာတာပဲရှိတယ်။ Business Model တစ်ခုအနေနဲ့ ပြောင်းလဲလာတာမရှိဘူး။ ဥပမာ အရင်ကပိတ်ခဲ့တဲ့ ၀က်ဘ်ဆိုက်တွေ ပြန်ဖွင့်ပေးတာမျိုးလောက်ပေါ့။ လူ့စွမ်းအားအရင်းအမြစ်တွေ အပြင်ရောက်နေတာလည်းပါတယ်။ သူတို့က ပြန်လာချင်ရင်တောင် သူတို့အတွက် ဘာလုပ်ပေးမှာလဲဆိုတာ ရှိသေးတယ်။ လိုအပ်ချက် များနေသေးတယ်။ မဆိုသလောက်လေး ပြောင်းလဲလာတာပဲ ရှိပါသေးတယ်။ အိုင်စီတီကဏ္ဍအတွက် အစိုးရအများကြီးလုပ်ဖို့ လိုသေးတယ်”ဟု ကွန်ပျူတာလုပ်ငန်းရှင်နှင့် ပညာရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူကဆိုသည်။

မိုဘိုင်းဖုန်းများကို ကျပ်နှစ်သိန်းခွဲ၊ သုံးသိန်းဖြင့် အရေအတွက်များစွာ ချပေးခဲ့ခြင်းမှာ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍအတွက် ကောင်းမွန်သော်လည်း အင်တာနက်လိုင်းများ နှေးကွေးမှုမှာ သုံးစွဲသူများ စိတ်ပျက်စေသည်။

စိန်ခေါ်ချက်များ

7Day News ၏ စစ်တမ်းငယ်အရ လူပြောအများဆုံး မပြောင်းလဲသောအရာမှာ အောက်ပိုင်းအုပ်ချုပ်ရေး ယန္တရားများ ဖြစ်သည်ဟု ဖြေကြသည်။

“အောက်ခြေတွေ သိပ်မကောင်းသေးဘူး။ မြို့နယ်တွေ၊ တိုင်းတွေ၊ ကျေးရွာအဆင့်တွေမှာ သိပ်မကောင်းသေးဘူး။ လာဘ်စားမှုတွေ မကင်းသေးဘဲ ကျန်နေတုန်းပဲ”ဟု လုပ်ငန်းရှင်တစ်ဦးကလည်း ပြောသည်။

“မပြောင်းလဲဘဲ တန့်နေတဲ့ကိစ္စတွေက ဥပမာ ရပ်ကွက်အုပ်ချုပ်ရေးကိစ္စတွေမှာ ဥပဒေပြဋ္ဌာန်းပေးပြီး ဒါပေမဲ့ လူဟောင်းတွေပဲ ဖြစ်နေတယ်။ ပြည်သူလူထုကတော့ ဒါကို မပြောင်းလဲဘူးလို့ပဲ မြင်တာပဲ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်ကလည်းပြောသည်။

အုပ်ချုပ်ရေးပိုင်းနှင့် အစိုးရဌာနအချို့ မပြောင်းလဲသေးဘဲ ကြိုးနီစနစ် ကျန်နေရခြင်း၏ အကြောင်းရင်းကို ဆရာကျော်ဝင်းကလည်း အောက်ပါအတိုင်းသုံးသပ်သည်။ “မူဝါဒပြောင်းလဲမှုကတော့ သေချာပေါက်ဖြစ်သွားပြီ။ ဒါပေမဲ့ အဲဒီပေါ်လစီကို အကောင်အထည်ဖော်ရမယ့် လူပုဂ္ဂိုလ်တွေက မပြောင်းတာတော့ သေချာတယ်။ မပြောင်းသေးဘူး ဆိုတာလည်း အကြောင်းရှိပါတယ်။ သူတို့ကိုယ်တိုင်က မိုင်းဆက်တွေ မပြောင်းနိုင်တာပါတယ်။ ဒါကတော့ အချိန်ယူရမှာပဲ။ နောက်တစ်ခုက အင်စတီကျူရှင်းလို့ခေါ်တဲ့ ကျင့်ထုံးဆိုင်ရာမူဘောင်တွေ ချထားပြီး သိပ်မလုံလောက်သေးဘူး။ ဒီနှစ်ခုကြောင့် မပြောင်းသေးတာ။ ... ပိုဆိုးတာလူတွေရဲ့ မိုင်းဆက်။ နှစ်ပေါင်းငါးဆယ်လောက်က အမိန့်နာခံလုပ်နေတာ၊ အမိန့်မရှိရင် မလုပ်တတ်တော့ဘူး။ အမိန့်ပေးတာတောင်မှ ဟုတ်မှဟုတ်ရဲ့လား ဆိုပြီးတော့ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ဟာတွေက ရှိသေးတယ်။ ထင်သာတဲ့ ဥပမာပြောရရင်တော့ ကေအိုင်အေနဲ့ ဖြစ်နေတဲ့ စစ်ပွဲမှာ သမ္မတက အပစ်အခတ်ရပ်ဖို့ ကိုယ့်ဘက်က တစ်ဖက်သတ် အပစ်အခတ်ရပ်ဖို့ အမိန့်ပေးတာ။ ဟိုမှာက သေနတ်သံ ကြားနေရသေးတယ်”
နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက နှစ်ပေါင်းငါးဆယ်အတွင်း မြန်မာနိုင်ငံအတွက် လက်ရှိကာလမှာ အလားအလာအကောင်းဆုံး ကာလဟု သတ်မှတ်ထားကြသည်။ ထို့အပြင် ပြည်သူများ၏ မျှော်လင့်ချက် ပိုမိုရှင်သန်လာစေခဲ့သော ဦးသိန်းစိန်၏ အစိုးရအတွက် လက်ကျန်သက်တမ်း သုံးနှစ်ကျော်အတွက် လုပ်ဆောင်ရန်နှင့်   စိန်ခေါ်ချက်များစွာ ရှိနေပါသေးသည်။ ကေအိုင်အေအပါအ၀င် လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး အမြန်တည်ဆောက်ပြီး အမျိုးသားရင်ကြားစေ့ရေး အောင်မြင်စွာ ဆောင်ရွက်နိုင် ရန်၊  လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ရန်၊ မူဝါဒအပြောင်းအလဲတွင် နစ်နာသူများကို ကူညီရန်၊ အုပ်ချုပ်ရေးအောက်ခြေအဆင့်တွင် ကျန်ရှိနေသေးသော ကြိုးနီစနစ်ကို တိုက်ဖျက်ရန်၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသော အရေးကြီးသည့်ကဏ္ဍများ ဖွံ့ဖြိုးအောင်ဆောင်ရွက်ရန်၊ အဖွဲ့အစည်းများ အားကောင်းလာအောင် ဆောင်ရွက်ရန်၊ ပလေယာများ၏ စွမ်းဆောင်ရည် မြင့်မားလာအောင် ဆောင်ရွက် ရန်၊ တရားဥပဒေစိုးမိုးရေးနှင့် ဦးကျော်လှိုင်ကဲ့သို့ လယ်မြေအသိမ်းခံရသော တောင်သူများအရေး ဆောင်ရွက်ပေးရန် စသည်တို့ဖြစ်သည်။

နိုဗယ်ဆုရ စီးပွားရေးပညာရှင် စတစ်ဂလစ်က ငွေလဲနှုန်း ပြုပြင်ပြောင်းလဲရန်နှင့် လယ်ယာမြေပိုင်ဆိုင်မှုဥပဒေ ပြဋ္ဌာန်းပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် မြန်မာ့စီးပွားရေးအတွက် အကြံပြုခဲ့သည်။

အကြံပြုချက် နှစ်ချက်ထဲမှ ငွေလဲနှုန်းပြုပြင်ရန်အချက်ကို ဆောင်ရွက်ပြီးဖြစ်သော်လည်း၊ လယ်ယာမြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဆောင်ရွက်ရန် ကျန်ရှိနေသေးသည်။ ကမ္ဘာသိ မြန်မာ့စီးပွားရေးပညာရှင် ဒေါက်တာလှမြင့်ကလည်း လူမှန်၊ နေရာမှန်ဖြစ်ရန် အကြံပြုချက်မှာလည်း အထူးသတိပြုစရာဖြစ်သည်။

“နံပါတ်တစ် စိန်ခေါ်ချက်ကတော့ စီးပွားရေးပဲ။ စီးပွားရေးမှာ စောစောက ပြောသလို သာမန်လူထုအတွက် ထင်သာမြင်သာ အကျိုးအမြတ်တွေ သိပ်မဖန်တီးပေးနိုင်တာ ကြာရင် လူထုထောက်ခံမှု ကျဆုံးသွားလိမ့်မယ်။ ဒါမကောင်းဘူး။ အဲဒီကနေ သိပ်ပြီးတော့ အကျပ်အတည်းတွေများလာရင် မတည်မငြိမ်မှုတွေပါ ကူးစက်လာမယ်။ အဲဒီတော့ စီးပွားရေးအရ မြင်သာထင်သာရှိတဲ့ အပြောင်းအလဲတွေ ရှိရမယ်။ အခက်အခဲတွေတော့ အများကြီးရှိတယ်လေ”ဟု ဆရာကျော်ဝင်းက ပြောသည်။

ယခုနှစ် စပါးမစိုက်ရ၍ အလွမ်းဆွတ်ကျေးရွာမှ တောင်သူဦးကျော်လှိုင်တို့ ၀င်ငွေမရှိသောကြောင့် အသုံးစရိတ် ပိုမိုချွေတာနေရသည်။ သံယောဇဉ်မပြတ်သော်လည်း အသုံးစရိတ်အတွက် အိမ်ရှိ ကျွဲလေးကောင်ကို ရောင်းလိုက်ရပြီဖြစ်သည်။           ။

lu bo

ဘကြီးသက်
Unknown at 9:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ဆုံကိစ္စ 'ရေကျ'သွားပြီလား

မောင်ဝံသ ~

"ဧရာမ ရေကာတာကြီးတစ်ခုကို သူတို့တွေ မီးထိန်ထိန်လင်းဖို့အလို့ငှာ ကျွန်တော်တို့က အနာခံပြီး ကိုယ့်ပြည်ထဲမှာ ဘယ်သောအခါမှ မတည်ဆောက်သင့်"


မြစ်ဆုံ ရေကာတည် တည်ဆောက်ရေး စီမံကိန်း မြင်ကွင်းတခု

ပြည်သူ့ခေတ်ဂျာနယ် ၁၆ သြဂုတ် ၂၀၁၂ ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး



ခုရက်ပိုင်းအတွင်း ကျွန်တော်တို့ဆီကို ပြည်သူ့ခေတ် ပုံမှန် ပရိသတ်တချို့က အီးမေးလ်တွေပို့သူကပို့၊ တယ်လီဖုန်း ဆက်သူကဆက်ပြီး မေးကြမြန်းကြတာ အရင်ကထက် ပိုများလာသလားအောက်မေ့တယ်။ အထူးသဖြင့် မတရား မြေသိမ်းခံရသူတွေ၊ အစိုးရကို မြေနဲ့ အဆောက်အဦ ငှားရမ်းခဲ့ရာက ပြန်မပေးဘဲ ဘော်လီဘော အပုတ်ခံရသူတွေက ရင်ဖွင့်ကြတယ်။ ဂျာနယ်မှာ ထည့်ပြီး လူကြီးတွေ သိအောင် လုပ်ပေးပါလို့ တောင်းဆိုကြတယ်ဗျာ။ သူတို့ဖြစ်စေချင် တာကို သူတို့ကိုယ်စား မီဒီယာက ပြောပေးပါလို့ တောင်းဆိုတာ သဘာဝ ကျပါတယ်။ ကျွန်တော်တို့ကလည်း အဲသလို ပရိသတ်ရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက်လို သဘောထားခြင်းခံရတာကို လွန်စွာမှ ပီတိ ဖြစ်မိပါသဗျ။

ရေတက်ငါးစင်ရိုင်းတွေ မဟုတ်ပါ


မေးခွန်းတစ်ခုကတော့ ထူးခြားတယ်ဗျာ။ "ခင်ဗျားတို့ မီဒီယာသမားတွေ ငါးပွက်ရာ ငါးစာချ မလုပ်ကြနဲ့နော်၊ မြစ်ဆုံကိစ္စ 'ရေကျ'သွားပြီလား၊ ခင်ဗျားတို့ဟာ ရေတက် ငါးစင်ရိုင်းတွေလား၊ နောက်ဆက်တွဲ သတင်းတွေ ခင်ဗျားတို့ စာဖတ် ပရိသတ်ကို ဆက်ပြောဖို့ တာဝန် မရှိဘူးလား။ ပွဲပြီးမီးသေ ဖြစ်သွားပြီလား၊ ပွဲကကော ပြီးသေးလို့လား" တဲ့၊ မေးခွန်းတွေ ဆက်တိုက် ထုတ်သဗျ။

တကယ်ကတော့ ကျွန်တော်တို့ဟာ ရေတက်ငါးစင်ရိုင်းတွေ မဟုတ် ရပါဘူးဗျာ။ မြစ်ဆုံစီမံကိန်းကို သမ္မတကြီးက ရပ်ဆိုင်းခိုင်း လိုက်တဲ့နောက်ပိုင်း တစ်နှစ်နီးပါးကာလအတွင်း နောက်ဆက်တွဲသတင်းတွေကို နားစွင့်ပြီး စုဆောင်းနေခဲ့တာပါ။ ဆောင်းပါး ရေးသင့်တာတွေလည်း ရေးခဲ့တာပါပဲဗျာ။ ပုံနှိပ်ဖော်ပြခြင်းမပြုနိုင်တာတွေထဲက တချို့ကို ကျွန်တော့် င်္ခေန သြသု မှာ တင်ခဲ့လို့ ဖတ်မိသူတွေလည်း ရှိခဲ့ပါတယ်။

ကန့်ကွက်လက်မှတ်ထိုးခဲ့


ကျွန်တော့်တစ်ဦးတည်းအနေနဲ့ကတော့ မြစ်ဆုံဆည်စီမံကိန်းဟာ ဧရာဝတီ မြစ်ကြီးကို ထိပ်စက ပိတ်ပြီး ဧရာမ ရေကာတာကြီး တည်ဆောက်မယ် ဆိုတာ သိလိုက်ကတည်းက ကန့်ကွက်ပါတယ်ဆိုပြီး ဦးဆုံး လက်မှတ်ထိုးတဲ့ စာရင်းမှာ ပါခဲ့တာပါပဲ။ နောက်ထပ် အချက်အလက် အသစ်တွေ (ဧရာဝတီမြစ်ကြီး ပျောက်ကွယ် သွားသည်အထိ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ၊ အခန့်မသင့်ရင် မြစ်ကြီးနား မြို့ကြီင်္း ရေအောက်ရောက်သွား နိုင်တဲ့ အန္တရာယ်တွေ) ထပ်သိရတော့ ပို၍ ပို၍ ကန့်ကွက်ပါတယ်။ ဆည်ဝင်ဆောက်သူတွေနဲ့ ဓာတ်အားအကျိုးအမြတ် ခွဲဝေယူမယ့် အချိုးကို သိတော့ အဆများစွာတိုးပြီး ကန့်ကွက်ပါတယ်။ ဘယ်သူတွေကို ပေးတယ်ဆိုတာ မသိဘဲ ပွဲခ ၁၀ရာခိုင်နှုန်း ပေးနေရမယ်ဆိုတာ သိရပြန်တော့ ရင်ဘတ်စည်တီး ဖြစ်ရပြီး ထပ်မံကန့်ကွက် ပါတယ်။ ဘယ့်နဲ့ဗျာ၊ တိုင်းပြည်ကပိုင်တဲ့ ရေမြေတောတောင်တွေကို လူတစ်စုက လူမသိ သူမသိ ရောင်းစားပြီး ပွဲခတွေ အိတ်ထဲထည့်တဲ့ကိစ္စဟာ ဘယ်လိုမှ မလုပ်ကောင်းပါဘူး။ တကယ်သာ ဟုတ်မှန်ခဲ့ရင် အဲသလို ပြစ်မှုကျူးလွန်ခဲ့သူ တွေကို ဘယ်သူကမှ ကြားဝင် ခွင့်လွှတ်ပေးလို့ မရဘူးဗျာ။

ဟုတ်မဟုတ် မှန်မမှန် စစ်ဆေးပေးပါ


ကျွန်တော်တို့ ရေးသားတင်ပြတာတွေကို ဟုတ်မဟုတ် မှန်မမှန် သက်ဆိုင်သူများက တိုင်းပြည်ကို ရှင်းပြဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။ မဟုတ်မမှန်ဘူးဆိုတာ ဘ၀င်ကျကျ ယုံကြည်စိတ်ချလောက်အောင် သိရပါ လျှင် ဟောဒီ ကျွန်တော့်ကော်လံကနေပြီး အဲဒီ သက်ဆိုင်သူများကို ကျွန်တော် မှားပါကြောင်း ၀န်ခံရေးသားပြီး အနူးအညွတ် ၀န်ချတောင်းပန်ပါမယ် လို့လည်း စိန်ခေါ်ခဲ့ဖူးပါတယ်။ ဟုတ်မှန်တယ်ဆိုရင်တော့ အဲဒါတွေဟာ ဖြစ်သင့်ဖြစ်ထိုက် တာတွေ ဟုတ်မဟုတ် ပြည်သူ့ဆန္ဒခံယူပွဲနဲ့ အဆုံးအဖြတ် ရယူဖို့ တောင်းဆို ခဲ့ပါတယ်။ ပြည်သူတွေ သိခွင့်ရှိတယ်၊ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတဲ့ ဒီမိုကရေစီ ခေတ်တည်ဆောက်နေဆိုမဟုတ်လားဗျာ။

ကချင်လူမျိုးတွေကို ချစ်တယ်ဆိုရင်


ကျွန်တော့်ဆောင်းပါးတစ်ပုဒ်မှာ ပြည်သူ့ခေတ်ဂျာနယ်၊ အမှတ် ၆၁၊ ၂၂ စက်တင်ဘာ ၂၀၁၁ စာမျကိနှာ ၂၇ ပါ "ဧရာဝတီအတွက် ရတက်မအေး ကြသူများ" ဆောင်းပါးက အောက်ပါ စာပိုဒ်ကို ကိုးကားဖော်ပြခဲ့တာလည်း ပြန်လည် ရည်ညွှန်းလိုပါတယ်။

"သဘာဝပတ်ဝန်းကျင်အရေးများတွင် ပါဝင် ဆောင်ရွက်နေသူ ကချင်လူမျိုး ကိုမော်ထွန်းက ကျွန်တော်တို့ ကချင်လူမျိုးတွေမှာ ဗမာတွေလို ဘုရင်မင်းဆက်တွေ၊ မင်းနေပြည်တော်တွေနဲ့ နေခဲ့ရတဲ့ သမိုင်းတွေ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကချင်တွေရော၊ ဗမာလူမျိုးတွေရောဟာ တစ်နိုင်ငံတည်း အတူတကွ ယှဉ်တွဲနေထိုင်ကြတဲ့ ညီအစ်ကို တွေပါ။ ကျွန်တော်တို့ ကချင်လူမျိုးတွေကို ချစ်တယ်ဆိုရင် ကျွန်တော်တို့ အမြတ်တနိုး တန်ဖိုးထားတဲ့ မြစ်ဆုံရဲ့ သဘာဝ အလှအပ တွေကိုလည်း ချစ်ပါလို့ ပြောချင်ပါတယ်။ ဒီနေရာမှာ ရေကာတာကြီးဆောက်၊ လျှပ်စစ်ကို ပြည်ပကို ရောင်းစားမှာတော့ မလုပ်ကြပါနဲ့။ မြစ်ဆုံဒေသဟာ ကျွန်တော်တို့ ကချင်လူမျိုး အားလုံးရဲ့ နှလုံးသားပါ။ ဒါလေးတစ်ခုပဲ ကျွန်တော်တို့မှာ ရှိတာပါ။ ဒီတန်ဖိုးရှိတဲ့ အရာကို ကျွန်တော်တို့ ဘယ်သူ့ကိုမှ မပေးနိုင်ပါဘူး ဟု သူ့ခံစားချက်ကို မျက်ရည်ကျလျက် ပြောပြပါသည်"

ဘန်ကာအဖွဲ့ရဲ့ အစီရင်ခံစာ


ဒါတင်မက မြစ်ဆုံစီမံကိန်းအတွက် ဒေါ်လာ ၁ဒသမ ၂၅သန်းဖြင့် သုတေသန လုပ်ပေးခဲ့ရတဲ့ ဘန်ကာအဖွဲ့မှ တာဝန်ရှိ တစ်ဦး ဖြစ်သူ ဦးညိုမောင်ရဲ့ အဲဒီအချိန်ကာလက ထုတ်ဖော် ပြောဆိုချက်ကိုလည်း အောက်ပါအတိုင်း ကိုးကားဖော်ပြခဲ့ပါတယ်။

Report မှာ မြန်မာပညာရှင်တွေ ရေးတဲ့Report က သီးခြားပါ။ တရုတ်ပညာရှင်တွေရေးတဲ့ Report က သီးခြားပါ။ မတူပါဘူး။ တရုတ်ပညာရှင်တွေရေးတဲ့ Report ကို ကျနော်တော့ မတွေ့ဖူးပါဘူး။ ကျနော်တို့ မြန်မာပညာရှင်များ ရေးတဲ့ Report မှာ ကျနော်တို့ အတိအကျ ပြောထားပါတယ်။ ဒီမြစ်ဆုံမှာ ရေကာတာကို မဆောက်သင့်တဲ့အကြောင်း ကျနော်တို့ report ထဲမှာ ပထမတချက် ဒီဟာက cultural heritage လို့ခေါ်တဲ့ ယဉ်ကျေးမှုအမွေအနှစ် နေရာဖြစ်တယ်။ ကချင်လူမျိုးတွေကလည်း သူတို့ရဲ့  မြစ်ဆုံဒေသကို သူတို့ရဲ heart land ဖြစ်တယ်လို့ တန်းဖိုးထားတဲ့အတွက် တစ်အချက် မလုပ်သင့်ပါဘူးလို့ ရေးထားပါတယ်။ နောက်တခုက ဘာလဲဆိုရင် environmental အရ ဒီနေရာကဆိုရင် ရှုခင်းlandscape value ရှိတဲ့အတွက် ဒီဟာကို မလုပ်သင့်ပါဘူးလို့ ဒုတိယအချက်အနေနဲ့ ပြောထားပါတယ်။ _ _ _ Sustainable developmentအတွက် ဆိုလို့ရှိရင် ဒီလိုကြီးမားတဲ့ dam ဟာ ဧရာဝတီမြစ်ဆုံမှာ မဆောက် သင့်ပါဘူးလို့ အတိအကျ ရေးထားတာ ဖြစ်ပါတယ်။

ဦးညိုမောင် ။
ဘန်ကာ (BANCA = Biodiversity and Nature Conservation Association)

ချီဖွေစီမံကိန်းကို တားပေးပါ


အထက်ပါ ကျွန်တော် ကောက်နှုတ်ပြတဲ့ စာနှစ်ပိုဒ်နဲ့ပဲ မြစ်ဆုံစီမံကိန်းကိစ္စ ဘယ်လိုမှ ဘယ်တော့မှ ဇာတ်လမ်း ပြန်မစသင့်ဘူးဆိုတာ ရှင်းလင်းနေပြီလို့ ထင်ပါတယ်။ သည်နေရာမှာ ကျွန်တော် ကြိုတင် စိုးရိမ်ပူပန်နေတာတစ်ခု ရှိနေခဲ့တာ ယခုမကြာသေးခင်ကပဲ အဲဒါကို လက်တွေ့လုပ်နေပြီလို့ ကြားရတော့ အလွန်မှ စိုးရိမ်ပူပန်မိပါတယ်။ အဲဒီကိစ္စကို ကျွန်တော့် စာဖတ်ပရိသတ်တစ်ယောက်က မနေ့တစ်နေ့ကပဲ ကျွန်တော့်ထံ စာလှမ်းရေးပါတယ်။ ခေါင်းစဉ်က "မြစ်ဆုံကို မျက်လှည့်လုပ်ထားတဲ့ ချီဖွေစီမံကိန်းကို တားပေးပါ"တဲ့ဗျာ။

မြစ်ဆုံဆည် စီမံကိန်းကို ပြန်လုပ်ဖို့ တရုတ်ပြည် CPI ကုမ္ပဏီက ကြိုးစားနေတယ်ဆိုတဲ့ သတင်းထွက်နေတာ ကြာပါပြီ။ တစ်ခါ မြန်မာအာဏာရ နိုင်ငံရေးပါတီ အဆင့်မြင့်ခေါင်းဆောင်တစ်ယောက်က မြစ်ဆုံဆည်ကို ပြန်လုပ်မှာပဲလို့ တရုတ် သတင်းစာတစ်စောင်နဲ့ အင်တာဗျူးမှာ ပြောခဲ့တယ် ဆိုလို့ မကျေနပ်သံတွေ ပွက်လောရိုက် ထွက်ပေါ်ခဲ့ပါသေးတယ်။ သည်အချိန်မျိုးမှာ အခု ချီဖွေ'ကိစ္စ ပေါ်လာတာပဲဗျ။

စာချုပ်လက်မှတ်ထိုးပြီးကြပြီ


ကျွန်တော့်ထံ စာလှမ်းရေးသူက "ကျနော်ပြောချင်တဲ့ အကြောင်းအရာက ပွင့်လင်းမြင်သာမှုမရှိ ၊ ပြည်သူကို နားလှည့် ပါးလှည့်လုပ်၊ စီးပွားရေးသမားတွေနဲ့ ဆည် ဆက်ဆောက်မယ့်လူတွေနဲ့ လက်ဝါးခြင်းရိုက်တဲ့ ကိစ္စတွေကို တင်ပြပါရစေ"လို့ အစချီထားပါတယ်။

ပြီးတော့မှ ၁၅ ဒီဇင်ဘာ ၂၀၁၁ နေ့မှာ ကုမ္ပဏီကြီးတစ်ခုနဲ့ စီပီအိုင် ကုမ္ပဏီတို့ ချီဖွေ စီမံကိန်းကို ဒီဇင်ဘာမှာ စတင်အကောင်အထည် ဖော်ဖို့ စာချုပ်ချုပ်ဆို လက်မှတ် ရေးထိုးခဲ့ကြတယ်။ ဒါတွေအားလုံးကို ကျနော်တို့ပြည်သူတွေကို လုံးဝချမပြပါဘူး။ သတင်းစာမှာလဲ မဖေါ်ပြပါဘူး။ အတတ်ပညာရှင်တွေကိုတောင် အသိပေးဆွေးနွေးခြင်း မပြုခဲ့ပါဘူး။

အရင်စာချုပ်အတိုင်းပဲ


တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ်မဟုတ်ပါဘူး မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်း ထဲက (၁)ခုပါ။ ဒီစီမံကိန်းက သမ္မတကိုယ်တိုင် ရပ်ဆိုင်းကြောင်း ကြေငြာထားတာပါ။ မြစ်ဆုံရဲ့ အထက် မိုင်(၆၀) အကွာ မေခမြစ်ပေါ်မှာ ရှိပြီး မဂ္ဂ၀ပ် (၃၄၀၀) ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေက တော့ အရင်စာချုပ်ထဲက အတိုင်းပါ။

မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းစီမံကိန်းထဲက တခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်းမှာ စိုက်ထုတ်ခဲ့တဲ့ ငွေပမာဏကို ကျန် ၆ခု ထဲ ခွဲထည့်လို့ငွေစာရင်းအရ ပြောင်းသွားတာပဲ ကွာပါတယ်။ ပြည်သူလူထု သိသွားလည်း မြစ်ဆုံကို လုပ်တာ မဟုတ်ဘူး ချီဖွေကို လုပ်တာပါဆိုပြီး မလှိမ့်တပတ်နဲ့ ပြောဦးမှာပါ။ ပြည်သူတွေ မသိရင်တောင်မှ တာဝန်သိ ၀န်ထမ်းတွေ ရှိသေးတယ်ဆိုတာ မမေ့ပါနဲ့။

စီမံကိန်းကြီးတစ်ခုလုံးရပ်ခိုင်းတာ


သမ္မတကြီးက ရပ်ခိုင်းတာ ဒီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်းကြီး တခုလုံးပါ မြစ်ဆုံလေးတစ်ခုတင် မဟုတ်ပါဘူး။ ချီဖွေကို လုပ်ရင်လည်း လူမှု့ရေးရော သဘာဝပတ်ဝန်းကျင်ရော ထိခိုက်ပျက်စီးမှာပါပဲ။ အဲဒီနယ်က လူမျိုးတွေရော သယံဇာတတွေရော အကုန် သူတို့က သိမ်းမှာပ။ဲ ထွက်လာမည့် လျှပ်စစ်ကလည်း သူတို့နိုင်ငံအတွက်ပဲ။ သူတို့တွေနဲ့ သူတို့ဆီက ပွဲခရသူတွေ ကောင်းစားရေးအတွက် ကချင်လူမျိုးနဲ့ တိုင်းပြည် သယံဇာတတွေရင်းလိုက် ရတာပါပဲ အဖတ်တင်ပါတယ်။

အတတ်ပညာရှင်တွေ ဆွေးနွေးခွင့်ပေးပါ


သမ္မတကြီးကို ပြောပေးပါ။ ဒီကိစ္စ ပွင့်လင်းစွာ ပြည်သူကို ချပြပေးစေ လိုပါတယ်။ အတတ်ပညာရှင်တွေကို ကြေညက်စွာ ဆွေးနွေးခွင့်ပြုပါ။ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်တဲ့ သက်ဆိုင်ရာ အုပ်ချုပ်သူ အဆင့်ဆင့်ကို သန့်ရှင်းကောင်းမွန်တဲ့ အုပ်ချု့ပ်မှု့မျိုး ဆောင်ရွက်တတ်အောင် လေ့ကျင့် ပျိုးထောင်ပညာပေးစေလိုကြောင်း မေတ္တာရပ်ခံ အပ်ပါတယ်။

သမ္မတကြီးမနားပါနဲ့ဦး


သမ္မတကြီးကလည်း ၂၀၁၅ကျရင် နားတော့မယ် တဲ့။ အသက် အရွယ်နဲ့ ကျန်းမာရေးကို အကြောင်းပြတယ်။ သမ္မတကြီး မနားပါနဲ့ဦးလို့ ဆရာမောင်ဝံသ သွယ်ဝိုက်ပြီး ပန်ကြားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်ဖူးပါတယ်။ ကျွန်တော်တို့လည်း အဲဒီအတိုင်းသဘောတူပါတယ်။ သမ္မတကြီး အခု အသက် ၇၀ မကျော်သေးပါဘူး။ အသက် ၈၀ကျော်အထိ တိုင်းပြည်ကို စီမံခန့်ခွဲ ဦးဆောင်ခဲ့သူ ကမ္ဘာ့ခေါင်းဆောင်တွေ အများကြီးပါ။

ဆက်လုပ်ခွင့်မပေးနိုင်


သမ္မတကြီး ၂၀၁၅မှာ တကယ်နားလိုက်ရင် မြစ်ဆုံကို ဆက်လုပ်ဖို့ လက်ဝါးရိုက်ထားသူတွေလက်ထဲ ၀ကွက်အပ်ခဲ့သလို ဖြစ်သွားပါလိမ့်မယ်။ မြစ်ဆုံကိုလည်း ဆက်လုပ်ခွင့်မပေးနိုင်ပါ။ နားလှည့်ပါးလှည့်လုပ်ထားတဲ့ ချီဖွေစီမံကိန်းအပါအ၀င် ဧရာဝတီ ဖြစ်ဖျားခံရာနေရာဒေသက ဘယ်စီမံကိန်း ကိုမဆို ဆက်လုပ်ခွင့်မပေးနိုင်ပါ။ အဲဒါ ကချင်တိုင်းရင်းသားများအပါအ၀င် ပြည်သူအားလုံးရဲ့ တူညီဆန္ဒပါပဲ။

စာဖတ်ပရိသတ် ပြည်သူတစ်ယောက်ရဲ့ ရိုးသားပွင့်လင်းတဲ့ ရင်ဖွင့်သံ ဖြစ်ပါတယ်။

မိုင်းဗုံးကြီး ပိုက်ထားရသလို

တကယ်ကတော့ တစ်ချိန်မဟုတ် တစ်ချိန် တစ်နည်းနည်းနဲ့ အန္တရာယ်အလားအလာရှိတဲ့ ဧရာမ ရေကာတာကြီးတစ်ခုကို သူတို့တွေ မီးထိန်ထိန်လင်းဖို့အလို့ငှာ ကျွန်တော်တို့က အနာခံပြီး ကိုယ့်ပြည်ထဲမှာ ဘယ်သောအခါမှ မတည်ဆောက်သင့်တာ အမှန်ပါ။ မြွေပွေး ခါးပိုက်ပိုက် ထားရတာထက် ဆိုးပါမယ်။ အချိန်မရွေးထပြီးပေါက်ကွဲနိုင်တဲ့ မိုင်းဗုံးကြီးကို ပိုက်ဘောဖမ်းထားရသလို သားစဉ်မြေးဆက် တထိတ်ထိတ်တလန့်လန့် နေနေကြရမှာပါ။

ဒါတင်မက သောင်းချီပြီး လာရောက်အခြေချ နေထိုင် အလုပ် လုပ်ကြမယ့် လူမျိုးခြားတွေက ဒေသခံ ကျွန်တော်တို့ သွေးချင်းတွေကို ဘယ်လို ဆက်ဆံမလဲ၊ ဘယ်လို အမြတ်ထုတ်မလဲ၊ ငွေကြေးဓနအင်အား တွေနဲ့ ဘယ်လို အနိုင်ကျင့်မလဲ၊ နှစ်ပေါင်း ၆၀ ရေရှည်အတွက် စဉ်းစားကြည့်တိုင်း ကျွန်တော် ရင်ထဲ မကောင်းဘူး။ မတင်မကျကြီး ဖြစ်ပြီး တစ်ဆို့နေပါတယ်။ ခုတောင် မန္တလေးမြို့ကြီး ဘယ်လို ဖြစ်နေပြီလဲဗျာ။

မြစ်ကျဉ်းသုံးသွယ် အတွေ့အကြုံ


၂၀၁၁ခုနှစ်၊ စက်တင်ဘာလက ပြည်သူ့ခေတ်ဂျာနယ်မှာပဲ ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က တရုတ်ပြည်က မြစ်ကျဉ်းသုံးသွယ် ဆည်ကြီး(Three Gorges Dam)အကြောင်း ပြောပြထားတာ ရင်သိမ့်တုန်စရာ ဖြစ်ပါတယ်။ ကြီးမားတဲ့ ဆိုးကျိုးအလားအလာတွေကို ထောက်ပြပြီး ကမ္ဘာက ၀ိုင်းပြောခဲ့ပေမယ့် ၁၉၉၄ကနေ ၂၀၀၆အထိ ၁၂နှစ်ကြာ ဇွတ် ဆက်ဆောက်ခဲ့တယ်။ လူပေါင်း ၁သန်း ၃သိန်း ရွှေ့ပြောင်းပေးခဲ့ရတယ်။ ၂၀၁၀ ကျတော့ မြို့ကြီး ၁၃မြို့ မြို့ငယ် ၁၄၀နဲ့ ကျေးရွာ ၁၃၅၀ ရေမြုပ်ခဲ့ရတယ်။ သူတို့အစိုးရ ခေါင်းမာပြီး လုပ်ချင်တာ ဇွတ်လုပ်လို့ ပြည်သူ သန်းချီပြီး ဒုက္ခ ဆင်းရဲ ရောက်ခဲ့ရတဲ့ အကြောင်း ဖတ်ရတာ ကြက်သီးတောင် ထမိပါရဲ့ဗျာ။

ကျွန်တော်တို့ဆီ ဘာကြောင့်လာသလဲ


သူတို့ပြည်ကြီးဟာ အကျယ်ကြီးပါ။ မြစ်တွေ ချောင်းတွေလည်း အများကြီးပါ။ သူတို့ဆီမှာ လုပ်စရာနေရာတွေ အများကြီး ရှိပါလျက်နဲ့ မြစ်ကျဉ်းသုံးသွယ်ဆည်ကြီးရဲ့ ဆိုးကျိုးဒဏ်တွေကို ခံလိုက်ရတဲ့ ၂၀၀၆ခုနှစ် နောက်ပိုင်းမှာမှ ကျွန်တော်တို့ဆီ အောက်ကြေးရအောင်နှိုက်ပြီး မြစ်ဆုံမှာ ဘာကြောင့်လာလုပ်ကြပါလိမ့်။

မျိုးချစ် ပြည်ချစ် ခေါင်းဆောင်ကြီးများ၊ နိုင်ငံရေးသမားများ၊ စဉ်းစားကြပါ၊ ဆင်ခြင်ကြပါခင်ဗျာ။

ဘကြီးသက်
Unknown at 9:03 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

viber ကို pc ကနေ ဖုန်းခေါ်ကြမယ်.....




viber for pc with bluestacks

ဖုန်းမရှိလို့ PC ကနေပဲ viber သုံးချင်သူများအတွက်ပါ......
အရင်ဆုံး Bluestacks ကိုဒေါင်းထားလိုက်ပါ


Code:
Bluestacks Download

ပြီးရင်အောက်က link မှာ video tutorial နဲ့ အဆင့်လိုက်ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြထားပါတယ်


Code:
How To Run Viber For PC

ကျွန်တော်အကြမ်းဖျဉ်းပြောပြသွားပါမယ်....

bluestacks ကို run ပြီးသွားရင် bluestacks ရဲ့ search box မှာ viber လို့ရိုက်ရှာလိုက်...အဲ့ဒါဆိုရင် viber ကိုတွေ့လိမ့်မယ်...ပြီးရင် viber ကို run လိုက်ပါ...
ပြီးတာနဲ့ဖုန်းနံပါတ်တောင်းလိမ့်မယ်...အဲ့ဒီဖုန်းနံပါတ်ဆီကို message တစ်စောင် code နံပါတ်ပေးဖို့ရောက်လာလိမ့်မယ်... အဲ့ဒီ code ကို ထည့်ပေးလိုက်...
ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ဖုန်းကို viber to viber ခေါ်ဆိုနိုင်ပါပြီ...


Quote:
Search on Google for “Blue Stacks”
Download Bluestacks and install it (You can also download it from their website.)
Search for Viber on Bluestacks
Double click on the Viber sign
let it download and install
Once it is listed on the top, double click on it to open it.
Now, let Viber setup itself on your PC
Enter your phone number when prompted
You will receive a SMS/text message that will contain a code so that you can confirm the ownership of that number.
We did not receive any such SMS. The alternative is to click on the link under the SMS option.
You will receive a call where they will give you your code to use.
You can hit back and enter this code in the box.
It will ask you if you want to add your contacts on your phone to Viber. Since you do not have any contacts as of now, just say no. You can also say yes if you want to add contacts to bluestacks later.
All your contacts, those who have your number saved in their contacts’ list, will receive a notification that you have joined Viber.
Those contacts will also be added to your contacts list automatically.
You can now enjoy your Viber for PC. You should share i

မိသားစုဝင်များအားလုံး ပျော်ရွှင်ကြည်နူးနိုင်ကြပါစေဗျာ........

ခင်မင်စွာဖြင့်................

ဘကြီးသက်
Unknown at 1:49 AM 2 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ဧရာမခရီးသွားပြသာနာ မင်းကြီးညို

ကျွန်တော့်အနေဖြင့် တလောက စာတစ်စောင်ရောက်မလာမီအထိ ဟို တယ်ခတွေတက်နေသည့် ပြဿနာကို မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းက ထိန်းသိမ်းနိုင်ပါ့မလားဟု သံသယရှိခဲ့ သည်။ စင်ကာပူပိုင် ရန်ကုန်ရှိဟိုတယ် တစ်ခုသို့ ဝန်ကြီးဌာနက ပေးပို့သော စာတွင် ဟိုတယ်သည် စာချုပ်ချုပ်ဆို ထားသော ငှားရမ်းခနှုန်းထားများ အတိုင်းမဟုတ်ဘဲ ဈေးနှုန်းများ မကြာ ခဏပြောင်းလဲခြင်း၊ သာမန်အခန်းများ ကို အဆင့်မြင့်အခန်း၏ဈေးနှုန်းအတိုင်း ရောင်းချနေခြင်းတို့ကြောင့် ဇူလိုင် ၂၃ ရက်မှစ၍ ခြောက်လအတွင်း ဟိုတယ် အကြီးတန်းအထွေထွေမန်နေဂျာ၏ ပြည်ဝင်ခွင့်ကို ကန့်သတ်မည်ဖြစ် ကြောင်းပါရှိသည်။သို့ဖြစ်၍ဟိုတယ်ကို ပိုင်ဆိုင်သောကုမ္ပဏီက ခြောက်လအတွင်း အကြီးတန်းအထွေထွေ မန်နေဂျာ  နေရာတွင် သင့်တော်သူအခြား တစ် ယောက်နှင့် အစားထိုးရန် လက်ရှိ အထွေထွေမန်နေဂျာ၊ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ကို အခြေအနေ တိုးတက်မှုပေါ်မူတည်၍ စဉ်းစားမည်ဖြစ်ကြောင်း ပါဝင်သည်။

ဟိုတယ်များအနေဖြင့် အချိန်ကြာ မြင့်စွာ အခြေအမလှဖြစ်ခဲ့ရာမှ မိုးရွာ တုန်းရေခံဆိုသလို ဝင်ငွေကောင်း အောင်ကြိုးစားကြသည်ကို နားလည် နိုင်ပါသည်။ နှစ်ပေါင်းများစွာ ဗလာ ကျင်းနေသော ဟိုတယ်အခန်းတွေ ကြောင့် ကြီးကြီးမားမားဆုံးရှုံးခဲ့ကြပြီး ဖြစ်သည်။ သို့ဖြစ်၍ အခွင့်သာခိုက် အရှုံးကို ကာမိရန် အာရုံရောက်ကြပြီး ရေရှည်နာမည်ကောင်းရမှုကို အလေး မထားကြခြင်းဖြစ်သည်။ ဟိုတယ်တွေ ဘက်က စာချုပ်တွေကို မကြာခဏ ပယ်ဖျက်ခြင်း၊ ပြောင်းလဲလွန်းခြင်းတို့ ကြောင့် မြန်မာနိုင်ငံနှင့် အလုပ်လုပ်ရန် ခက်သွားခြင်းသည် တကယ့်ပြဿနာ ဖြစ်သည်။
တစ်ခါတရံတွင် ရမည့်ဟိုတယ် အခန်းထက် တည်းခိုမည့်သူက ပိုများ သောအခါ ထိုအချိန်ထိုကာလအတွင်း မြင့်မားသော ဟိုတယ်ခနှုန်းများကို ခံ စားနိုင်ပြီးထိုသို့ခံစားခွင့်ပြုသင့်ကြောင်း ဟိုတယ်တွေအနေဖြင့် သိထားသင့် သည်။ ဈေးကွက်၏ ဝယ်လိုအား ရောင်းလိုအားတွေအပေါ် အခြေခံ၍ ဈေးနှုန်းသတ်မှတ်သင့်ပြီး ဝန်ကြီးဌာန က ဝင်၍ တစ်ခန်း၊ တစ်ညလျှင်အများ ဆုံးဒေါ်လာ ၁၅ဝနှုန်းထက်ပို၍ သတ် မှတ်ခြင်းမပြုရဟု ကန့်သတ်ခြင်း မပြု သင့်ပါ။ တကယ်တော့ မြင့်မားသော ဟိုတယ်ခနှုန်းများကို လိုလိုချင်ချင်ပေး လိုကြသည့် ကမ္ဘာလှည့်ခရီးသည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အပြည့်အဝ ရှိနေသည်။ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း ရုံးခွဲတွေကိုလည်း မြန်မာနိုင်ငံ တွင်လာရာက်၍ ဖွင့်လှစ်နေကြသည်။ အဓိပ္ပာယ်မှာ ဟိုတယ်အခန်းရဖို့ ခက်ခဲခြင်း၊ ဟိုတယ်ခမြင့်မားခြင်းများ ရှိနေသော်လည်း ဟိုတယ်လုပ်ငန်း အခြေအနေကောင်းနေသည်။
သို့သော် ဟိုတယ်ခတွေကို ဖြည်း ဖြည်းချင်း၊ ဂုဏ်သိက္ခာရှိရှိ တိုးမြှင့် သင့်ပြီး သို့မှသာ ဟိုတယ်လုပ်ငန်းအ တွက်အကျိုးရှိမည်။
မြန်မာနိုင်ငံရင်ဆိုင်နေရသည့် ပိုမို ကြီးမားသော ပြဿနာမှာ ဟိုတယ်ခ နှုန်းထားတွေ၊အိမ်နီးချင်းနိုင်ငံတွေထက် မြင့်မားနေခြင်းသည် ပူပန်ရမည့်ကိစ္စ မဟုတ်၊ ဘယ်လိုကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဖြစ်လိုသည်ဟု ဆုံးဖြတ်ရမည့် ကိစ္စဖြစ်သည်။ အင်္ဂလိပ်စကားပြောနိုင် သူတွေများပြား၊ ပုဂံလိုဘုရားတွေ ထောင်ချီရှိသည့် ရှုခင်း၊ လတ်ဆတ် သော ကမ်းခြေများစသည်တို့ရှိနေသော မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံလိုဖြစ်လို သလား၊ ဘူတန်နိုင်ငံလိုဖြစ်ချင် သလား၊ ထိုနှစ်မျိုးကြားထဲမှာ နေချင်သလား ဆုံးဖြတ်ရန်လိုသည်။
အသစ်ပေါ်ထွန်းလာသော ခရီး သွားစရာနေရာများအတွက် အကြီးမား ဆုံးသော အကျိုးကျေးဇူးမှာ ကိုယ် သွားမည့်လမ်းကြောင်းကို သေသေချာ ချာ ရွေးချယ်သတ်မှတ်ရန်ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းကမြန်မြန် ဆန်ဆန်ရလာသောငွေတွေကြောင့်၊ အမှောင်ဖုန်းပြီး၊ ကိုယ့်မှာရွေးချယ်စရာ ရှိသည်ကိုမေ့သွားတတ်ကြသည်။ တိုး တက်မှုအရှိန်လွန်ခြင်း၊ သို့မဟုတ် အဟန့်အတားဖြစ်စေသောအကြောင်း တရားတွေတွေ့ရခြင်းဖြစ်သွားတတ် သည်။ ကမ္ဘာလှည့်ခရီးသွားများ သွား ရောက်ရာနေရာတစ်ခု၏ ဝိညာဉ်ဖြစ် သောပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်၊ နေပုံထိုင်ပုံတို့၏ ပေါင်းလဒ်၊ထိုပေါင်းလဒ်အပေါ်ရရှိသော တန်ဖိုးထားမှုနှင့် ဈေးနှုန်းတို့ ပျောက် ကွယ်သွားတတ်သည်။ နေရာတစ်ခု၏ ရေရှည်နာမည်ကျော်ကြားမှုကို ဖျက် ဆီးသည်မှာ မြင့်မားသောဟိုတယ်ခ နှုန်းထားများမဟုတ်၊ ထိုနေရာဒေသ၏ အသက်ဝိညာဉ်ပျောက်မှုဖြစ်သည်။
ဘူတန်နိုင်ငံသည် ကျွန်တော့် အမြင်တွင်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ၏ နှစ်ဖက်ဓားသွားသဖွယ်ရှိသော သဘာဝကို စောစောစီးစီးကတည်းက နားလည်သဘောပေါက်သော စံပြ အာရှနိုင်ငံဖြစ်သည်။ နိုင်ငံအတော်များ များက ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း ၏ ဒုက္ခပေးတတ်သော သဘောကို နားလည်ကြသော်လည်းထိုအန္တရာယ်ကို လွှတ်ပေးထားကြရကာ ထိန်းချုပ်နိုင် သည့်နည်းလမ်း၊စည်းကမ်းအနည်းငယ် မျှသာရှိသည်။ကမ္ဘာလှည့်ခရီးသည် တွေလှိမ့်ဝင်လာသည့်ကိစ္စကိုကမ္ဘာလှည့် ခရီးသည်အပေါ် အခွန်ကောက်သည့် နည်းလမ်းမျိုးဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိပေ။
ဘူတန်နိုင်ငံသည် ကမ္ဘာလှည့် ခရီးသည်တွေအပေါ်မှ အခွန်ကောက်ခံ သည့်အတွက် ဝင်ရောက်သူလျော့သွား ကာ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းမှ ဝင်ငွေများများစားစားမရပေ။ သို့သော် ရေရှည်တွင် ပတ်ဝန်းကျင်၊ ယဉ်ကျေး မှု၊ သမိုင်းအမွေအနှစ်၊ နေပုံထိုင်ပုံတို့ကို ထိန်းသိမ်းနိုင်သည်။ လုပ်နည်းလုပ်ဟန် ကောင်းမွန်မှုကြောင့် ရေရှည်တွင် ပို၍ ချမ်းသာမည်မှာသေချာသည်။
ဤသို့သော ခရီးသွားလုပ်ငန်းမျိုး ကို ရေပေါ်ဆီ ခရီးသွားလုပ်ငန်းဟု ခေါ်လျှင်ထိုရေပေါ်ဆီခရီးသွားလုပ်ငန်း မျိုးဖြစ်စေလိုသည်။ ဤနည်းဖြင့် ကိုယ့် နိုင်ငံ၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဓလေ့ ထုံးစံကိုယ့်အမွေအနှစ်ကို ထိန်းသိမ်းနိုင် လျှင်လုပ်သင့်သည်မှာ အမှန်ဖြစ်သည်။ မလုပ်သင့်သည့်ကိစ္စမဟုတ်၊ ဝင်ငွေ မြင့်သူတွေသာလာနိုင်သည့် အထက် တန်းခရီးသွားစရာနေရာတစ်ခု၊အဘယ် ကြောင့် မဖြစ်သင့်ရမည်နည်း။ အရှေ့ တောင်အာရှက ရင့်ကျက်နေသော ကမ္ဘာလှည့် ခရီးသည်များ သွားရောက် နေသည့် နေရာများသည် ယခုအခါ နောက်ကြောင်းပြန်ပြီး အရည်အသွေးရှိ အဆင့်မြင့်ခရီးသည်တွေကို ဆွဲဆောင်ရန် ကြိုးစားနေကြပြီ။
ကျွန်တော့်အနေဖြင့်မြန်မာနိုင်ငံကို လူအများအပြားသွားလာနေသည့်နေရာ တစ်ခုထက် အဆင့်မြင့်ခရီးသွားလုပ် ငန်းအဖြစ်မြှင့်စေလိုသည်။ ယခုအချိန် သည် မြန်မာနိုင်ငံကို ချစ်ခင်မြတ်နိုးကြ သည်ဟု ကျွန်တော်ယုံကြည်သော ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းမှ ပုဂ္ဂိုလ် များက မြန်မာနိုင်ငံ၏ ကံကြမ္မာကို ပြဋ္ဌာန်းရာတွင် ကူညီဆောင်ရွက်သင့် သည်။ ထိုသို့ဆောင်ရွက်ရင်းဖြင့် သူတို့ အနေဖြင့် အချို့အရာတွကိုရောင်း၍မရ၊ ရောင်းချရန်မဟုတ်ကြောင်း သတိရ မည်ဟု မျှော်လင့်ပါသည်။
(Raini Hamiki, The bigger Myanmar Issue)
  lu bo

ဘကြီးသက်
Unknown at 1:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.