Wednesday, August 15, 2012

တိမ်လွှာမို့မိုလွင် ဦးဉာဏ်ထွန်း


ဒုသမ္မတသစ် ဦးဉာဏ်ထွန်းက ဘယ်လိုလူမျိုးလဲ?
သူဟာ စွယ်စုံရဦးဉာဏ်ထွန်း လို့ ဆိုနိုင်ပါတယ်။
ဦးဉာဏ်ထွန်းက ကင်မရာရှေ့ သရုပ်ဆောင်ဖူးတယ်၊ သီချင်းဆိုကောင်းတယ်၊ အနောက်နိုင်ငံတွေမှာ ပညာသင်ခဲ့သူဖြစ်တယ်၊ ထောက်လှမ်းရေးအရာရှိဖြစ်ခဲ့ဖူးတယ် တဲ့။
အွန်လိုင်းမှာ တစွန်းတစ ကြားရတဲ့ သူ့အကြောင်း ဖြစ်ပါတယ်။ မူရင်းက ဒီလိုပါ -

"ဒုသမ္မတ(၂)အကြောင်းတစေ့တစောင်း"

စစ်တက္ကသိုလ်အပါတ်စဉ်(၁၆)၊ အောင်ဇေယျတပ်ခွဲဆင်း ဖြစ်ပါတယ်။
တပ်မတော်(ရေ)တွင် ဒုဗိုလ် မှ ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့တယ်။
ဇီးကုန်းသားတယောက်ဖြစ်ပြီး ၊ လူရည်ချွန် ၂ ထပ်ကွမ်း ရရှိခဲ့ပါတယ်။
အမေရိကန်/အင်္ဂလန်တို့တွင် တပ်မတော်ဆိုင်ရာ သင်တန်းများစွာ တက်ရောက်ခဲ့သူဖြစ်ပါတယ်။
အိပ်(ဂျ)ဂျီပီ ၊အာအယ်(လ)သင်တန်းတွင် မြန်မာတပြည်လုံး ပထမ ရရှိခဲ့ပါတယ်။

တပ်မတော်ရေအမှတ် (၁) ထောက်လှမ်းရေးတပ်မှူး၊
ကကလှမ်းရုံးချုပ် စစ်ဦးစီး ဒုတိယတန်း
ရေတပ် စစ်ဦးစီး ဗိုလ်မှူးကြီး
ရေတပ် စစ်ဦးစီးအရာရှိချုပ်မှ
ရေတပ် ဦးစီးချုပ် ဖြစ်လာခဲ့တယ်။

နိုင်ငံတကာဆက်ဆံရေး၊ လူမှုပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်သူတဦးလဲ ဖြစ်ပါတယ်။

အနုပညာ ဝါသနာပါသူတဦးဖြစ်ပြီး တပ်မတော်(ရေ) ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ဖူးပါတယ်။
တိမ်လွှာမို့မို့လွင်သီချင်း သီဆိုရာတွင် ဝင်းဦး ကဲ့သို့ ထပ်တူသီဆိုနိုင်ပါတယ်။


အနုပညာအားကောင်းသူတယောက် နိုင်ငံ့ခေါင်းဆောင်နေရာ ရလာတာ ကောင်းတယ်လို့ ဆိုနိုင်တယ် မဟုတ်လား။

အခုဆိုရင် ဟစ်ဟော့ အဆိုကျော် ရသ၊ ဇေယျာသော် တို့လည်း နိုင်ငံရေးသမားဖြစ်လာ၊ ဇေယျာသော် ဆိုရင် အရေးကြီးတဲ့ ဒေသတခုရဲ့ ပြည်သူ့ကိုယ်စားလှယ် ဖြစ်လာသလို တိမ်လွှာမို့မို့လွင် သီချင်း အဆိုကောင်းသူလည်း ဒုသမ္မတ ဖြစ်လာပါပြီ။

မြန်မာပြည်မှာ ဂီတသမားတွေ နိုင်ငံရေးနဲ့ ပိုပြီး နီးစပ်လာဟန် ရှိတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။

ဘကြီးသက်
Unknown at 9:09 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.