Wednesday, August 15, 2012

ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာ သင်တန်းများအား တည်ဆဲဥပဒေအရ ဖျက်သိမ်းမည်


From : ခေတ်လူငယ်
ပြည်တွင်းတွင် ဖွင့်လှစ်ထားသော ပုဂ္ဂလိကဆေးဘက်ဆိုင်ရာ သင်တန်းများမှာ တည်ဆဲဥပဒေအရ ဖွင့်ခွင့်မရှိ၍ အားလုံးဖျက်သိမ်းသွားရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ “ဒီသင်တန်းတွေ အသင်းအဖွဲ့တွေကို အရေးယူဖို့ကို ဘယ်ဝန်ကြီးဌာနရဲ့ ခွင့်ပြုမှုနဲ့ ဖွင့်နေတယ်ဆိုတာကို စစ်ဆေးပေးဖို့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေတို့ကိုပါ ညှိနှိုင်းထားပြီးပါပြီ။ ဥပဒေကြောင်းအရပဲ သွားမယ်။ ဒီလုပ်ငန်းတွေက လူ့အသက်နဲ့ ဆိုင်တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ၂၀၀၄-၂၀၀၅ ခုနှစ်ပိုင်းကစကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်သော ဆေးဘက်ပညာ၊ ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုသင်တန်းတို့ကို ပုဂ္ဂလိကမှ ဖွင့်လှစ်ခဲ့သည်။ အောင်ချမ်းမြေ့သင်တန်းကျောင်း တည်ထောင်သူ ဒေါက်တာကျော်ကျော်နိုင်က ၄င်းတို့အနေဖြင့် သင်တန်းများ ဖွင့်လှစ်ခဲ့သည်မှာ ကိုးနှစ်တာ ကြာပြီဖြစ်ကာ ပညာရေးဝန်ကြီးဌာနမှ ချထားပေးခဲ့သော သင်ကြားခွင့်လိုင်စင် စာရွက်စာတမ်းများဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောသည်။ ကျန်းမာရေးစီမံကိန်း ဦးစီးဌာန၏ အငြိမ်းစားဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် လုပ်ကိုင်ခဲ့သူ ဒေါက်တာဖုန်းမြင့်က ကျန်းမာရေးအထောက်အကူပြု သင်တန်းများ ဆိုသည်မှာ လူထု၏ လိုအပ်မှုအရသာ ဖြစ်သင့်၍ စီးပွားရေးသမားများ၏ လိုအပ်ချက်အရ မဖြစ်သင့်ကြောင်း၊ ဥပဒေအရ အောင်လက်မှတ်များကို အသိအမှတ်မပြုဟုဆိုပါက မလုပ်သင့်ကြောင်း ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက “ဖျက်သိမ်းရမယ့် ဆေးဘက်ပညာဆိုင်ရာ ကျွမ်းကျင်သင်တန်းတွေ အနေနဲ့ ပြန်ပြီးတော့ မှတ်ပုံတင်ရလိမ့်မယ်။ ခွင့်ပြုရင် ဖွင့်လို့ရပါလိမ့်မယ်” ဟု ပြောသည်။ အောင်ချမ်းမြေ့ သင်တန်းကျောင် တည်ထောင်သူ ဒေါက်တာကျော်ကျော်နိုင်ကမူ ဒီမိုကရေစီစနစ်အရ ဥပဒေမရှိပါက ဥပဒေရေးဆွဲသင့်ပြီး ကိုက်ညီအောင် ဆောင်ရွက်သင့်ကြောင်း သင်တန်းကျောင်းများမှာ ခရိုနီထဲတွင် မပါဝင်ဘဲ လူအများကို အထောက်အကူ ဖြစ်စေသည့် သင်တန်းသာဖြစ်ကြောင်း ပြောသည်။ ပုဂ္ဂလိက ဆေးရုံတစ်ရုံမှ ဒေါက်တာအောင်ဇေမိုးက ထိုသင်တန်းဆင်းများအား အလုပ်ခန့်ထားပေးရန် အလုပ်ခေါ်ယူရာတွင် ၈၀ ရာခိုင်နှုန်းခန့်သည် အခြေခံပြုစုစောင့်ရှောက်မှု နည်းများအားမေးရာ များစွာ မသိကြဘဲ ဖြစ်နေကြောင်း၊ လူလိုအပ်နေ၍သာ ခန့်နေခြင်းဖြစ်သော်လည်း သေသေချာချာ ဖြေဆိုနိုင်သူကိုသာ ခန့်ပါကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:10 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.