Tuesday, August 14, 2012

ရိုဟင်ဂျာ ပြဿနာကို စနစ်တကျ ထိရောက်စွာ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို ရှာကြည့်ပါမယ်

  
မြန်မာနိုင်ငံထဲ တရားမဝင် လာရောက်နေထိုင်သူ ဘင်္ဂါလီ ရိုဟင်ဂျာတွေ၊ ဘင်္ဂလာဒက်ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေနဲ့ ပတ်သက်ပြီး ရှောင်လွှဲမရ ဖြေရှင်းရမယ့် ကိစ္စတွေ ရှိပါတယ်။


ဒီနေရာမှာ တာဝန်ယူ ဖြေရှင်းတဲ့ ကာယကံရှင် နိုင်ငံတွေနဲ့ တာဝန်ယူ ကူညီထောက်ပံ့တဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ ဆိုပြီး နှစ်ပိုင်းခွဲထားသင့်ပြီး ကူညီထောက်ပံ့စရာ ကိစ္စတွေက ဘာတွေလဲ၊ မြန်မာတွေအနေနဲ့ ဘာတွေကို အလုပ်သင့်ဆုံးလဲ စသဖြင့်လည်း ပိုင်းခြားသတ်မှတ် ပြင်ဆင်ထားသင့်ပါတယ်။

တာဝန်ယူ ဖြေရှင်းရမယ့် နိုင်ငံ

မြန်မာ တနိုင်ငံတည်းကသာ တာဝန်ယူ ဖြေရှင်းရမှာ မဟုတ်ဘဲ အဓိကအားဖြင့် ဘင်္ဂလာဒက်ရှ် နိုင်ငံကလည်း ခေါင်းမရှောင်ဘဲ မြန်မာနဲ့ ထပ်တူ တာဝန်ယူ ပူးပေါင်း ဖြေရှင်းနိုင်ရမှာ ဖြစ်ပါတယ်။ ဖြေရှင်းယူကြတဲ့အခါမှာ အိမ်နီးချင်း နှစ်နိုင်ငံ ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို မူသတ်မှတ်ပြီး နှစ်ဘက် မျှမျှတတ ဖြစ်စေနိုင်ရေးကို ဦးစားပေးရမှာပဲ ဖြစ်ပါတယ်။

တာဝန်ယူ ကူညီထောက်ပံ့ရမယ့် နိုင်ငံ

မြင့်မြတ်တဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားစိတ် ထားပြီး လူသားချင်း စာနာထောက်ထားကာ ကူညီထောက်ပံ့ရမှာက ကမ္ဘာကြီးရဲ့ တာဝန်ဖြစ်ပါတယ်။ ရိုဟင်ဂျာဟာ မွတ်ဆလင်တွေအရေး ဖြစ်တယ်လို့ ကြွေးကြော် တောင်းဆိုနေကြတဲ့ အခြားမူဆလင်နိုင်ငံတွေဟာ ကူညီထောက်ပံ့စရာ ကိစ္စတွေမှာ အတတ်နိုင်ဆုံး တာဝန်ယူဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ တာဝန်ယူ ထောက်ပံ့တာမျိုး မရှိဘဲ မွတ်ဆလင်အရေး - ဒါမှမဟုတ် - မွတ်ဆလင် ဘာသာရေးစစ်ပွဲ (Jihad) သက်သက်ကိုသာ ပြောဆိုလာရင်တော့ ကိုယ်ကျိုးစီးပွားအတွက် ကမ္ဘာကို စိန်ခေါ်တာ ဖြစ်သွားပါလိမ့်မယ်။ နိုင်ငံတကာ ပြည်သူတွေရဲ့ အသိအမြင် ကြွယ်ဝမှုကို လှည့်စားလို့ မရနိုင်ပါဘူး။ ကမ္ဘာ့အရေးမှာ အမြဲတမ်း တာဝန်ရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ ဖြစ်နိုင်သမျှ တာဝန်ယူပေးဖို့ကတော့ ပြောစရာကို မလိုတဲ့အချက်ပါ။

ကူညီထောက်ပံ့စရာ ကိစ္စတွေကတော့ အကြမ်းဖျဉ်းအားဖြင့်ဆိုရင်
  1. မြန်မာနိုင်ငံနဲ့ ဘင်္ဂလာဒက်ရှ်နိုင်ငံတွေဆီက ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို တတိယနိုင်ငံတွေက ခေါ်ယူ လက်ခံ နေထိုင်စေတာ၊
  2. ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးကိစ္စ ထောက်ပံ့ပေးတာ၊
  3. တတိယနိုင်ငံတွေဆီ ပို့ဆောင်ပေးနိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းကို စည်းရုံး စီမံပေးတာတွေ ဖြစ်ပါလိမ့်မယ်။

မြန်မာဘက်က အလုပ်သင့်ဆုံးတွေကို စဉ်းစားကြည့်ရင် --

(၁) မြန်မာနိုင်ငံမှာ နေထိုင်တာ မှန်ကန်ကြောင်း အထောက်အထားတွေကို ရိုဟင်ဂျာ ဘင်္ဂါလီတွေက မပြသနိုင်ရင်၊ အထောက်အထား မခိုင်လုံရင် သူတို့ဟာ မြန်မာနိုင်ငံရဲ့ လဝက ဥပဒေကို ရင်ဆိုင်ဖို့ကလွဲလို့ အခြားမရှိပါဘူး။ သူတို့အတွက် မြန်မာနိုင်ငံမှာ ဘာမှ တာဝန် မရှိပါဘူး။ သူတို့ကို ဘင်္ဂလာဒက်ရှ်နိုင်ငံက ပြန်လည် လက်ခံအောင် နှစ်နိုင်ငံ သဘောတူထားနိုင်ဖို့သာ ကြိုးစားရပါမယ်။

ဒါပေမယ့် ဘင်္ဂလားဒက်ရှ်နိုင်ငံမှာ လူဦးရေက အဆမတန် ပေါက်ကွဲနေတော့ သူတို့အစိုးရက ဒါကို ဝန်မခံဘဲ ရိုဟင်ဂျာ ဆိုသူတွေဟာ ဘင်္ဂလာဒက်ရှ်နိုင်ငံသား မဟုတ်ပါဘူးလို့ ကြိုတင် လေသံပစ်ထားပါတယ်။ ဒါက မြန်မာနိုင်ငံထဲကို သူ့လူမျိုးတွေ အတင်းလာပုံချထားတဲ့ အမျိုးမစောင့်တဲ့ သူတို့လုပ်ရပ်ပါပဲ။ ဒါပေမယ့်လည်း အဲ့ဒါက သူတို့ကိစ္စပါ။

(၂) မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ သံတမန် ဖိအားအကူအညီကို ရသလောက် ရှာဖွေပြီး အသုံးချနိုင်ဖို့ ကြိုးစားရပါမယ်။ ပြည်တွင်းက စွမ်းဆောင်ပေးနိုင်သူတွေသာမကဘဲ နိုင်ငံတကာ ရောက်နေတဲ့ မြန်မာအသိုင်းအဝိုင်းတွေကလည်း အတွေ့အကြုံကောင်းကောင်း ရှိခဲ့ကြတာဖြစ်လို့ ဖြစ်နိုင်လောက် ဝိုင်းဝန်းကူညီပေးကြရင် အကျိုးကျေးဇူးများပါလိမ့်မယ်။ နိုင်ငံတကာ ထောက်ခံမှုဟာ သိပ်အရေးပါတာကို အမြဲတမ်း သတိချပ်သင့်ပါတယ်။

(၃) ဘင်္ဂလာဒက်ရှ်ဘက် ရောက်နေတဲ့ ဒုက္ခသည်စခန်းက လူတွေကိုလည်း မြန်မာနိုင်ငံဘက် ပြန်ပို့နိုင်အောင် ဘင်္ဂလားအစိုးရက ကြိုးပမ်းနေပါတယ်။ ဒါကို မြန်မာနိုင်ငံသား အထောက်အထား စိစစ်ပြီး ခိုင်လုံရင် လက်ခံမယ်လို့ မြန်မာအစိုးရ တုန့်ပြန်ထားပါတယ်။ ဒီကိစ္စကို တိတိကျကျဖြစ်အောင် ကြိုးပမ်းရမှာဖြစ်သလို အားနာတာတွေ၊ အလျှော့ပေးတာတွေ၊ အကျင့်ပျက် ခြစား ခွင့်ပြုတာတွေ လုံးဝ မလုပ်မိနိုင်အောင်လည်း တင်းတင်းကြပ်ကြပ် ဂရုစိုက်နိုင်ရပါမယ်။

(၄) မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အထောက်အထား မရှိ/ မခိုင်လုံတဲ့ ရခိုင်ဘက်က ရိုဟင်ဂျာတွေသာမက မြန်မာနိုင်ငံအတွင်း အခြားဒေသတွေကို ပြန့်နှံ့သွားတဲ့ ရိုဟင်ဂျာတွေကိုလည်း ပြန်လည်ထိန်းသိမ်းပြီးနောက် တကယ်လို့ ဘင်္ဂလာဒက်ရှ်နိုင်ငံက ပြန်ပို့တာကို လက်မခံရင် သူတို့အရေးကို ကြားဝင် အော်ဟစ် တောင်းဆိုနေတဲ့ တတိယနိုင်ငံတွေက လက်ခံပေးနိုင်မလား ညှိနှိုင်းယူရပါမယ်။ ဒါက နိုင်ငံတကာမှာ ကနေ့ထက်တိုင် ကျင့်သုံးနေဆဲ ကိစ္စပါ။ ဒါကြောင့် “နိုင်ငံတကာ ထောက်ခံမှုဟာ သိပ်အရေးပါ” တဲ့အကြောင်း အထက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

(၅) အဲဒီ တတိယနိုင်ငံတွေက လက်မခံနိုင်သေးသရွေ့ ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ပြီး တာဝန်ယူ ကျွေးမွေးထားရမယ့် သဘော ရှိနေပါတယ်။ ဒီဝန်ထုပ်ဝန်ပိုးက သိပ်ကြီးမားလွန်းနေတာကြောင့် မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်တွေကို ထိခိုက်နိုင်ပါတယ်။ ဒီအတွက် စောစောက တတိယနိုင်ငံများ ဆိုတာဆီက ထောက်ပံ့ပေးဖို့ ညှိနှိုင်းယူရပါမယ်။ လိုအပ်ရင် ကုလသမဂ္ဂနဲ့ အခြား အလှူရှင် နိုင်ငံတွေနဲ့လည်း ညှိနှိုင်းယူရပါမယ်။

(၆) နောက်ထပ် ဘင်္ဂါလီတွေ မြန်မာနိုင်ငံထဲကို ဝင်မလာနိုင်အောင် နှစ်နိုင်ငံအကြား သံဆူးကြိုးခတ်ပြီး တင်းကြပ်စွာ တားဆီးထားရပါမယ်။ ရေပိုင်နက်မှာလည်း အလားတူ တင်းကြပ်ထားရမှာ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံတကာ တိုင်းပြည်တွေရဲ့ နယ်နိမိတ်တွေမှာ ထိခိုက်နိုင်စရာရှိရင် ကျင့်သုံးတဲ့ နည်းလမ်းဖြစ်လို့ မြန်မာနိုင်ငံကလည်း အားနာစရာ အလျှော့ပေးစရာ မလိုဘဲ ကျင့်သုံးသင့်ပါတယ်။

(၇) ဒီလိုကိစ္စတွေကို မြန်မာ အစိုးရက စီမံဆောင်ရွက်ရာမှာ တာဝန်ရှိသူ ဝန်ထမ်းတိုင်းဟာ အမျိုးဘာသာ သာသနာနဲ့ နိုင်ငံ့အရေးကို စောင့်ရှောက်ကာကွယ်တာဖြစ်လို့ အမျိုးသားရေး စိတ်ဓါတ်နဲ့ တိကျစွာ တာဝန်ထမ်းဆောင်နိုင်ရပါမယ်။ အထူးသဖြင့် အဂတိ လိုက်စားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိစေရအောင် တင်းကြပ်စွာ စီမံထားသင့်ပါတယ်။ တရားဥပဒေ စိုးမိုးမှုက ဒီနေရာမှာ သိပ်အရေးပါလျက် ရှိနေပါတယ်။

(၈) တချိန်တည်းမှာ မြန်မာနိုင်ငံအတွက် လိုအပ်လာတာက အစိုးရ မဏ္ဍိုင်ကြီး ၃ ရပ်အပြင် မီဒီယာ၊ တပ်မတော်နဲ့ အခြားအဖွဲ့အစည်းတွေ၊ ပြည်သူတွေအားလုံးက တသွေးတသားတည်းနဲ့ မြန်မာ့အရေးကို ညီညွတ်စွာ စုပေါင်းကြိုးပမ်းနိုင်ရေးကို ဘက်စုံကဏ္ဍတွေကနေ ကျွမ်းကျင်လိမ္မာ အမြော်အမြင်ကောင်းကောင်းနဲ့ ပြင်ဆင် လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။

(၉) မြန်မာနိုင်ငံဘက်က မီဒီယာဟာ အဖြစ်မှန် ဖော်ထုတ်ဖို့၊ ကမ္ဘာ့ပြည်သူတွေကို သိစေဖို့၊ တာဝန်ယူဘက်ဖြစ်တဲ့ ဘင်္ဂလာဒက်ရှ် နိုင်ငံအပါအဝင် ကုလသမဂ္ဂနဲ့ တတိယနိုင်ငံအဖြစ် လက်ခံနိုင်စရာ ရှိလာမယ့် နိုင်ငံတွေရဲ့ အစိုးရတွေကို သိစေဖို့ အထူးအရေးပါလှပါတယ်။ ဒါကြောင့် မီဒီယာ လွတ်လပ်ခွင့်၊ ထိရောက်ပိုင်နိုင်စွာ အသုံးချခွင့်ကို အမြော်အမြင်ကြီးကြီးနဲ့ လုပ်ဆောင်သင့်ပါတယ်။

(၁ဝ) သံတမန်ရေးနဲ့ မီဒီယာလိုပဲ အခြားအရေးပါတာကတော့ လူထုနိုးကြားရေး Public awareness campaign တွေ ဖြစ်ပါတယ်။ ဒါဟာ ဝါဒဖြန့် လှုံ့ဆော်ရေးကို မဆိုလိုပါဘူး။ လူထုနိုးကြားမှုဟာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်ပြီး မလိုလားအပ်တဲ့ အဖျက်အမှောင့်တွေကို တားဆီးပေးနိုင်ပါတယ်။

အသေးစိတ် ထပ်ခွဲလိုက်ရင် အများကြီး ရှိနေပါဦးမယ်။ တနိုင်ငံလုံး၊ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စကြီး ဖြစ်နေလို့ မဟာဗျူဟာ ထားရှိပြီး စနစ်တကျ လုပ်ဆောင်နိုင်မှသာ ရေရှည်တည်တန့်ခိုင်မြဲမယ့် အောင်မြင်မှုကို သေချာပေါက် ရနိုင်မှာ ဖြစ်ပါတယ်။

လွင်အောင်စိုး
၁၃-၈-၂ဝ၁၂

  lu bo

ဘကြီးသက်
Unknown at 8:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လုံ...မ ကောင်းမယ် လုံမငယ်












လှလိုက်တဲ့ မြန်မာစာလုံးလေးဗျာ `` လုံမ ´´ တဲ့
အဓိပ္ပါယ်နဲ့ ပြည့်စုံပြီးတော့ ကျက်သရေရှိလိုက်တာ။ ရှေးက စကားလုံးကို သုံးသွားတဲ့သူများ ဘယ်လောက်တော်ကြသလဲဗျာ။
အခုခေတ်တော့ အခေါ်ဝေါ်လေးတွေက ပြောင်းသွားပြီလေ။ ယောက်ျားလေးတွေက မိန်းကလေးများ သုံးနှုံးကြတာ `` ဆော် ´´တဲ့။
အတိတ် နိမိတ် ဘယ်လောက်ကောင်းလိုက်သလဲ။
ဒါကြောင့် မို့လားမသိ နိုင်ငံ အချင်းချင်း ဆော်လိုက်ကြ။ လူမျိုး အချင်းချင်းလဲ ဆော်လိုက်ကြ။ ဆော် လို့ကို မပြီးနိုင်တော့ဘူး။ သွေးမြေကျမှုတွေ များများလာတယ်နော်။
ဒါပေမယ့် ဗုဒ္ဓဘာသာကြောင့်တော့ သွေးမြေကျမှု နှစ် ၂၅၀၀ ကျော်လာပြီ မရှိသေးပါဘူး။့ ဂုဏ်ယူစရာလေး တစ်ခုပါ။
ဘာကြောင့်လဲ ဆိုတော့ ဒို့ဘုရားက ငြိမ်းချမ်းရေးဝါဒ ဖြစ်လို့မို့လေ။
အဲ sorry .. ပါ လိုရင်းကို မေ၇ာက်နိုင်ဘူး ။
ဒီတော့ `` လုံခြုံ အောင်ဝတ်စားတတ်တဲ့ မိန်းမ မို့လို့ လုံမ ´´ ဒီလိုလေး အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။ ဦးဇင်းအယူအဆ ပြောတာပါ
လက္ခံ သင့် ၊ မသင့် ကိုတော့ ကိုယ်ပိုင်ဦးနှောက်လေးနဲ့ စိစစ် ဝေဖန်ပေးကြပါ။
ဟုတ်ပြီ ဒီတော့ မလုံတလုံ ၀တ်စားနေကြတဲ့ ခေတ်သစ် ညီမလေးများ ၊ မမများဟာ ခေတ်မှီဖို့ ၀တ်ကြတာလား ?
လုံအောင် ၀တ်ရမှာ ကြောက်လို့ ၀တ်ကြတာလား ? ဆင်းရဲလို့ အလျားပြည့် အနံပြည့် မ၀တ်နိုင်ကြတာလား ? ဆိုတာတော့ မေးမကြည့်မိဘူး။
အကြောင်းတစ်ခုခု တော့ သူတို့ ဆီမှာ ၇ှိကြပါလိမ့်မယ်။
ဘာပဲ ဖြစ်နေဖြစ်နေ မလုံ မှ တော့ ပေါ်မှာပေါ့ ။
ပေါ်တော့ ဘာဖြစ်လဲ .... မြင်ကြမှာပေါ့။
ကတ်တဲ့လူတွေက တော့ ပြောကြပါလိမ့်မယ် `` အမလေး မကြည့်ရင်ရင် မမြင်ပါဘူး ´´ ။
ဟုတ်တာပေါ့ မျက်စိရှေ့တည့်တည့်တိုးပေမယ့် မျက်နှာလွှဲတဲ့သူက လွှဲလိမ့်မယ်။
မလွှဲနိုင်သူက ချောင်းကြည့်မယ်။ ဒီထက် ပိုတဲ့လူများက ဓာတ်ပုံတွေ အဖြစ်ပြောင်းလဲ ပစ်ကြတယ်လေ။
အဲ according to Buddhism ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်မယ် ဆို၇င်လဲ
လူတွေ မှာ ဒီ ဟိရိ နဲ့ သြတ္တပ္ပ ဆိုတဲ့ မကောင်းမှု လုပ်ရမှာ ကို ရှက်ခြင်း နဲ့ ကြောက်ခြင်း ကင်းမဲ့လာပြီဆို လောကကြီး ပျက်ဆီးတော့မှာပါတဲ့။ဒါ့ကြောင့် ဒီနှစ်ခုကို ကမ္ဘာစောင့် တရား နှစ်ပါးလို့ ခေါ်တာပါ။
ဒါဖြင့် ဒီလို ၀တ်စားဆင်ယင်မှု ဟာ မကောင်းမှု ထဲ သွင်းလို့ရသလား ?
တစ်ဆင့်ချင်း( step by step) စဉ်းစားကြည့်ကြရအောင်...
မိမိ ဒါမျိုး ပြုမှု လိုက်တဲ့ အတွက် မိမိ၏ ဆန့်ကျင်ဘက် လိင်(gender ) တစ်ဦးမှာ
(၁) မနောကံ အကုသိုလ်
(၂) တစ်ဆင့်တက်တော့ ဘယ်လိုဘယ်ညာ ပြောပြီဆို ၀စီကံ အကုသိုလ်
(၃) ထိမ်းမနိုင် သိမ်းမနိုင်လို့ ကိုယ်ထိ လက်ေ၇ာက် ကျူးလွန်လို့ရင် ကာယကံ အကုသိုလ်
ဒီလိုမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။


မိမိ အတွက် နှင့် သူတစ်ပါး အကုသိုလ် ဖြစ်မယ်ဆိုရင်။ မိမိကိုယ်ကို အပြစ်ကင်းတယ်လို့ ယူဆသလား ?
အကုသိုလ် မဖြစ်လို့ ယူဆပါသလား ? ယူဆရင် လွဲသွားမယ်နော်။
ဒီစကားတွေက မိမိမြန်မာနိုင်ငံသူများသာ ပြောသင့်လို့ ပြောတာပါ။ တခြားမှာ ပြောလို့မရဘူးလေ။ ဘာလို့လဲ ဆိုတော့
သူတို့က ကုသိုလ် ဆို I don't know ၊ အကုသိုလ် ဆို I don't know ကိုး...
ကဲ ကိုယ်ကိုယ်တိုင်တော့ အပ်ချိတ်နဲ့ လိုက်ပြီး ဖာထေးမပေးနိုင်လို့ ဖတ်သွားမိသူများ ယူတတ်ကြပါစေ လို့ ဆန္ဒပြုရင်း
သြော် လုံ...မ တော်မယ် လုံမငယ်။ လုံ...မ တော်မယ် လုံမငယ်။

မေတ္တာဖြင့်
 From : အရှင်ပညာဝံသ (ဥပဒေ)/ B.A 1st year (S.B.A)
ရွှေမဂ္ဂင် စာသင်တိုက် ၊ မန်းတောင်ခြေ။
ဘကြီးသက်
Unknown at 8:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သဘာဝအန္တရာယ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအကြောင်း သိရှိစေရန် ဝက်ဘ်ဆိုက်လွှင့်တင်




သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် အချက်အလက်များ၊ သတင်းများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ အကြောင်းကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ လွှင့်တင်ပေးထားသည့် http://www.rrdmyanmar.org ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်ကို ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက လွှင့်တင်ခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာ အချက်အလက်တွေ၊ သဘာဝဘေးအန္တရာယ် အကြောင်းတွေ၊ အရင်ကဖြစ်ခဲ့တဲ့ ရေးဘေး၊ လေဘေး၊ မီးဘေးအစရှိတဲ့ သဘာဝအန္တရာယ်တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် တင်ပေးထားပါတယ်။ ပြီးတော့ ဌာနက သတင်းတွေကိုလည်း ပြည့်ပြည့်စုံစုံ တင်ပေးထားပါတယ်” ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးအေးမင်းသူက ပြောသည်။ ဝက်ဘ်ဆိုက်တွင် ကယ်ဆယ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက လုပ်ဆောင်ရမည့် ဆောင်ရန်ရှောင်ရန်များ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူထံသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန အစရှိသည့် ဝင်ကြီးဌာနများ အပါအဝင် ဝန်ကြီးဌာနပေါင်း ၁၄ ခု၏ ဝက်ဘ်ဆိုက် လိပ်စာများကိုလည်း ဖော်ပြပေးထားသည်ကို တွေ့ရကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
 From : ခေတ်လူငယ်
ဘကြီးသက်
Unknown at 8:04 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရားဥပဒေစိုးမိုးရေးကို ဘယ်လိုဖော်ဆောင်မလဲ


Written by ကျော်ထွီး    Monday, 13 August 2012 11:23 
၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့ ပြည်သူ့လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး (၂၀) ရက်နေ့မြောက် တွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်း လိုက်ပေ သည်။ ကော်မတီဥက္ကဋ္ဌမှာ ကော့မှုးမဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး အတွင်းရေးမှူးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ဖြစ်ကြောင်း တွေ့ရသည်။
ထိုကော်မတီသည် ပြည်ထောင်စုအဆင့်ရှိ ကော်မတီဖြစ်ပြီး ကော်မတီ၏ သက်တမ်းမှာ (၁)နှစ်ဖြစ်သည်။ လုပ်ပိုင်ခွင့်နှင့်တာဝန်များမှာ -
(က) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ တရားရေးအဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်းမီဒီယာနှင့် သက်ဆိုင်သူအားလုံးသည် တရားဥပဒေနဲ့အညီ နေထိုင်ပြုမူ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်းညှိကူညီခြင်းပြုရမည်။ အရေးယူဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တဆင့်လွှတ်တော်သို့တင်ပြရမည်။
(ခ) တည်ငြိမ်အေးချမ်းမှုပျက်ပြားစေသော အကြောင်းကိစ္စများ ဖြစ်ပေါ်ရန်ပေါ်ပေါက်ပါက၊ ပေါ်ပေါက်သည်ဟု ယူဆပါက သက်ဆိုင်ဆက်စပ်သည့် အဖွဲ့အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိပေးရမည်။
(ဂ) တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုမှတဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအောင်မြင်လာရေးအတွက် လေ့လာသုံးသပ်ဆောင်ရွက်ရမည်။ ဟုသိရသည်။ အသေးစိပ်ကို ကော်မတီအစည်းအဝေးများတွင် ဆွေးနွေးညှိနှိုင်း ရေးဆွဲသွားကြမည်ဖြစ်သည်ဟုသိရသည်။
အလုပ်အဖွဲ့ ဖွဲ့စည်းရာတွင် တရားဥပဒေ၊ ဥပဒေကြမ်း လက္ခဏာများကို လေ့လာဆန်းစစ်ခြင်းအဖွဲ့၊ တရားစီရင်ခြင်းများကို လေ့လာသုံးသပ်ခြင်းအဖွဲ့၊ အုပ်ချုပ်ရေးဆိုင်ရာ တရားဥပဒေ လုပ်ငန်းအဖွဲ့နှင့် ဥပဒေများကို ပညာပေးခြင်း၊ ဖြန့်ချိရေးအဖွဲ့ အဖွဲ့ ၄ ဖွဲ့ ဖွဲ့ထားသည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးသည် အမှန်တကယ် မရှိမဖြစ်အရေးတကြီးလိုအပ်နေပေသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ (၂)ရက်နေ့ ဗိုလ်နေ၀င်းဦးဆောင်သည့် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကင်း မဲ့သွားကာ ဥပဒေမဲ့ ရမ်းကားမှုများ၊ ဖမ်းဆီးထောင်ချမှုများ၊ သတ်ဖြတ်မှုများ၊ နိုင်ထက်စီးနှင်းပြုမှုများ၊ တရားမဲ့ဓါးမဲ့ အခြေအနေအောက်တွင် မြန်မာတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ဒုက္ခဆင်းရဲရောက်ခဲ့ရပေသည်။ အာဏာရှင်တို့ အာဏာတည်မြဲရေးအတွက် ဥပဒေကို လူသတ်လက်နက်သဖွယ်အသုံးပြုခဲ့ကြသည်။ ထိုဥပဒေများဖြင့် တိုင်းရင်းသားပြည် သူလူထု တစ်ရပ်လုံးကို ရန်သူသဖွယ် ရက်စက်စွာ နှိမ်နှင်းသတ်ဖြတ်ခဲ့မှုများစွာ ရှိခဲ့ပေသည်။ ထိုဥပဒေတို့ကိုအသုံးပြု၍ မဆလ၊ န၀တ၊ နအဖ စစ်အာဏာရှင်အဆက်ဆက်တိုင် အသုံးပြု၍ တိုင်းပြည်ကိုနှစ်ပေါင်း (၂၀)ကျော်တိုင် ထင်ရာစိုင်းပြီး မင်းမူအုပ်ချုပ်ခဲ့ကြလေသည်။ ထိုမတရားသော ဥပဒေများမှာ-
၁) အရေးပေါ်စီမံမှု အက်ဥပဒေ (၁၉၅၀)
၂) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၁၉၇၅)
၃) မတရားအသင်းအက်ဥပဒေ (၁၉၀၈)
၎) ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ (၁၉၆၂)
၅) ခြေချုပ်နှင့် ခံဝန်ဥပဒေ
၆) တရားရုံးများအား မထီမဲ့မြင်ပြုမှု ဥပဒေနှင့်
၇) အလတ်ထရွန်နစ်လုပ်ငန်းဥပဒေ (၂၀၀၄) စသည်တို့ဖြစ်ပေသည်။
အထက်ပါဥပဒေများသည် ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရသစ်တစ်ရပ်ပေါ်ထွက် လာ ခဲ့သော်လည်း ယနေ့တိုင် တည်ဆဲဥပဒေများအနေဖြင့် ရှိနေသည်ကိုတွေ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကလည်း ထိုဥပဒေများကို တည်ရှိခွင့်ပြုထားပေသည်။ ထိုဥပဒေများဖြင့် ယနေ့တိုင် မတရားသဖြင့် ဖမ်းဆီး ထောင်ကျနေသည့်သူ များ အကျဉ်းထောင်ထဲတွင် ရှိနေပါသေးသည်။
မတရားသော ဥပဒေနှင့် တရားသောဥပဒေ
မတရားသောဥပဒေဆိုသည်မှာ လူတိုင်း ရသင့်ရထိုက်သော၊ ခံစားခွင့်ခံစားထိုက်သော အခွင့်အရေးများကို ချိုးဖောက် နိုင်စွမ်းရှိသည့် အာဏာရှင်တို့အသုံးပြုရန် ၄င်းတို့စိတ်ကြိုက်ပြုထားသည့် ဥပဒေဖြစ်သည်။ အနက်အဓိပ္ပါယ်နှစ်ခွ၊ ဖတ်ရှု သူများနား မလည်နိုင်အောင်လိုရာ ဆွဲယူလို့ရသည့် ဥပဒေများဖြစ်သည်။ အာဏာရှင်များလိုသလို အသုံးချနိုင်သည့် ဥပဒေမျိုးဖြစ် သည်။
တရားသော ဥပဒေတို့မည်သည်မှာ အဓိပ္ပါယ်ကိုလူတိုင်းနားလည်နိုင်စွမ်းရှိပြီး ထိုဥပဒေသည် လူတစ်ဦးချင်းစီ၏ အခွင့် အရေးကိုကာကွယ်ပေးပြီး လူ့အဖွဲ့အစည်း၏ အခွင့်အရေးကို မြင့်တင်ပေးသည်။ ဥပဒေကို ဥပဒေပြုပိုင်ခွင့်ရှိသည့် အဖွဲ့အ စည်း (လူထုမှ ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များ)လွှတ်တော်မှ ပြုသည်။ လူ့အခွင့်အရေးကို ချိုး ဖောက်နိုင်သည့် မည်သည့် စာသားမျှမရှိရပေ။ လူတိုင်း၏ လူ့အခွင့်အရေးကို ကာကွယ်မပေးသော၊ လူတစ်ဦးတစ်ယောက် (သို့) လူတစ်စု၏ အခွင့်အရေးကိုသာ ကာကွယ်ပြဋ္ဌာန်းသော ဥပဒေသည် တရားသောဥပဒေမဟုတ်ပေ။ ဥပဒေ၏ အရေး ကြီးသည့်အချက်မှာ ဘက်မလိုက်ရန်ဖြစ်သည်။ ဥပဒေရှေ့မှောက် တူညီသည့်အခွင့်အရေးရှိရပေမည်။ တရားမျှတ၍ သင့် မြတ်လျှော်ကန်မှုရှိရပေသည်။
ဥပဒေစိုးမိုးရေးအခြေခံ
တရားဥပဒေစိုးမိုးရေးအတွက် ဖော်ညွန်းချက်များများစွာရှိသော်လည်း အခြေခံအားဖြင့် ဥပဒေပြုပိုင်ခွင့်ရှိသည့် လွှတ်တော် ရှိရမည်။ ဥပဒေတွင် စည်းနှောင်အားရှိရမည်။ အကောင်အထည်ဖော်ဆောင်ပေးသည့် ရဲ၊ တရားရုံးစသော အဖွဲ့အစည်းများ ရှိရမည်။ လိုက်နာနိုင်သည့် ပြည်သူလူထုရှိရမည်ဖြစ်သည်။ ထိုလက္ခဏာ အင်္ဂါရပ်လေးချက်မှ တစ်ချက်ချွတ်ယွင်းလျှင် တရားဥပဒေသည် အလဟသတ်ဖြစ်သွားပေလိမ့်မည်။
တရားဥပဒေစိုးမိုးရေးဖြစ်လာစေရန် အခြေခံအခွင့်အရေးများရှိရမည်
တရားဥပဒေစိုးမိုးရေးရှိလာစေရန် လူအဖွဲ့အစည်းအတွက် အခြေခံလိုအပ်ချက်မှာ မိမိတို့၏ အခွင့်အရေးချိုး ဖောက်ခံရမှု များအတွက်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားတင်ပြခွင့်၊ လွတ်လပ်သည့်အသင်းအဖွဲ့များ ဖွဲ့စည်းထူထောင် ခွင့်ရှိရမည်ဖြစ်သည်။ အခွင့်အရေးချိုးဖောက်ခံရသူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ ခြိမ်းခြောက်ခြင်းမပြုသင့်ပေ။ ထုတ်ဖော် ပြောကြားချက်များ၊ တိုင်တန်းစာများ၊ သဘောထားတင်ပြချက်များကို သက်ဆိုင်ရာ စွပ်စွဲခံရသူများ အမှန်တကယ် အခွင့် အရေးချိုးဖောက်မဖောက်ကို စစ်ဆေးရမည်။ မှန်ကန်ပါက လူထု၏ ဆုံးရှုံးနှစ်နာမှုအတွက် ထိုက်သင့်သည့် ပြစ်ဒါဏ် ပေးခြင်း၊ ပြန်လည်ကုစားပေးခြင်းစသည်တို့ကိုပြုလုပ်ရမည်သာဖြစ်သည်။ သို့သော် ယခုမြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုး ရေးမှာ ပြောင်းပြန်ဖြစ်နေသည်ကိုတွေ့ရသည်။ တရားဥပဒေအရ လူတစ်ဦးတစ်ယောက်ခံစားခွင့်ရှိသည့် အခွင့်အရေးများ ရှိသည်။ ထိုအခွင့်အရေးများကို ခိုင်လုံသောအကြောင်းပြချက်မရှိပဲ ရုပ်သိမ်းခွင့်မရှိပေ။ အသက်ရှင်သန်ခွင့်၊ လုံခြုံခွင့်၊ မတ ရားဖမ်း ဆီးနှိပ်စက်ခြင်းမှ ကင်းလွတ်ခွင့်၊ တရားဥပဒေရှေ့မှောက်တွင် လူသားကဲ့သို့ ဆက်ဆံခံရခွင့်၊ တရားဥပဒေအရ တန်းတူ အခွင့်အရေးရရှိခွင့်၊ ဥပဒေ၏ အကူအညီကိုရယူခွင့်၊ ဥပဒေမဲ့ ဖမ်းဆီးခြင်းမှ ကင်းလွတ်ခွင့်၊ ခိုင်လုံသော သက်သေ အထောက် အထားမရှိပဲ အရေးယူခြင်းမှ ကင်းလွတ်ခွင့်၊ ဦးတိုက်လျှောက်ထားခွင့်၊ အယူခံခွင့်စသော အခွင့်အရေးများရှိရ နေရမည်ဖြစ်သည်။
ဥပဒေဆိုင်ရာ ပညာပေးလုပ်ငန်းများ ပြုလုပ်ရမည်
ဥပဒေအသိပညာနှင့်ပတ်သက်ပြီး လူထုကြားထဲ ဆင်း၍ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများစသည့် ပညာ ပေးလုပ်ငန်းစဉ်များချမှတ်၍ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အယူအဆများကို လူထုမှ အခြေခံကျကျနားလည်စေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် အခွင့်အရေးများ၊ လက်ရှိ လွတ်တော်မှပြုသည့် ဥပဒေများအခွင့်အရေးများ၊ အခွင့်အရေးများကို ရှင်းပြရမည်။ လူထုထံမှလည်း အကြံဥာဏ်များကို ရယူမှတ်တမ်းတင်ရမည်ဖြစ်သည်။
ဥပဒေအထောက်အကူပြု အဖွဲ့အစည်းများဖွဲ့စည်းပေးရမည်
တရားဥပဒေစိုးမိုးရေးတွင် လူထုအဓိကအဖွဲ့အစည်းများရှင်သန်ရန်လိုအပ်သကဲ့သို့ ဥပဒေပိုင်းဆိုင်ရာတို့ကို တတ်ကျွမ်းနား လည်သော ရှေ့နေများ၊ အလုပ်သင်ရှေ့နေများ၊ အပြင်ရှေ့နေများ (အစိုးရအမှုထမ်းမဟုတ်သည့် ရှေ့နေ)စသည်ဖြင့် ဥပ ဒေရေးရာပြဿနာများကို လူထုဘက်မှ လိုက်၍ အကောင် အထည်ဖော်ဆောင်ရွက်ပေးမည့် ဥပဒေအထောက် အကူပြု အဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် အမှုလိုက်ပါ ဆောင် ရွက်ခွင့်စသည် အခွင့်အရေးများရှိအောင် လုပ်ဆောင်ရ မည်ဖြစ်သည်။
မတရားသည့် ဥပဒေများကို ပြန်လည်သုံးသပ်ခြင်း ပြင်ဆင်ခြင်း၊ ဖြည့်စွပ်ခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်းတို့ပြုရမည်။
၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့ ပြည်သူ့လွှတ်တော် စတုထ္တပုံမှန်အစည်းအဝေး (၂၀)ရက်နေ့မြှောက်တွင် သင်္ကန်း ကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွှန့်က ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှုအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို တင်သွင်း နိုင်သကဲ့သို့ အခြားသော မတရားသည့်ဥပဒေများကို ဆက်လက် သုံးသပ်၍ ပြင်ဆင်ခြင်း၊ ဖြည့်စွပ်ခြင်း (သို့မဟုတ်) ဖျက် သိမ်းသွားရန်လိုအပ်ပေသည်။
တရားစီရင်ရေးမဏ္ဍိုင်လွတ်လပ်မှုကို ဖန်တီးပေးရမည်
အချုပ်အခြာအာဏာကြီး (၃)ရပ်ရှိသည့်အနက် တရားစီရင်ရေးမဏ္ဍိုင်သည် လွတ်လပ်မှုရှိရန်လိုအပ်သည်။ လွတ်လပ်သည့် တရားစီရင်ရေး မဏ္ဍိုင်ရှိမှသာ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ တရားစီရင် ရေးမဏ္ဍိုင်ကို စစ်တပ်ကဖြစ်စေ၊ အစိုးရအဖွဲ့ကဖြစ်စေ လက်ကိုင်ထားပြီး ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံထားရသူများကို မတရားသဖြင့် အမိန့်ချ ထောင်ဒဏ်ပေးခွင့်မရှိပေ။ အစိုးရတို့ လူ့အခွင့်အရေးချိုးဖောက်လျှင်လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများကို ချိုးဖောက်လျှင်လည်းကောင်း စစ်ဆေးစီရင်ခွင့် အာဏာရှိရမည်ဖြစ်သည်။ ပြဋ္ဌာန်း ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရှိ/မရှိ သုံးသပ်ပိုင်ခွင့်ရှိရမည်။ လူ့အခွင့်အရေးချိုးဖောက်နိုင်သည့် ပြဋ္ဌာန်း ချက်များပါရှိပါက ဟန့်တားရုပ်သိမ်းခွင့်ရှိရပေမည်။ လက်ရှိမြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်ကို လိုအပ်ပါက ပြန်လည် ပြင်ဆင်၍ လွှတ်တော်မှ ဖွဲ့စည်းရပေလိမ့်မည်။
အခြေခံပြဿနာများကို လက်ခံ၊ ဖြေရှင်းပေးဖို့လို
မြန်မာနိုင်ငံတွင် တရားဥပဒေရှိပါလျှက်နှင့် လတ်တလောဖြစ်ပျက်နေသည့် ပြဿနာများရှိနေသည်။ လယ်ယာမြေသိမ်း ပိုက်ခံနေရသည့်ကိစ္စ၊ ခြစားလာဘ်စားမှု၊ ရခိုင်ဒေသ၊ ကချင်စစ်မက်ဖြစ်ပွားရာဒေသနှင့် တိုင်းရင်းသားနယ်မြေဒေသများ တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်နှင့်အမျှဖြစ်ပွားနေသည်။ ထိုပြဿနာများကို တရားဥပဒေလမ်းကြောင်းမှ အ ရေးတကြီး အမြန်ဆုံး မှန်မှန်ကန်ကန် ဖြေရှင်းရန်လိုအပ်နေသည်။ တိုင်စာများကိုလက်ခံခြင်း၊ မေးမြန်းစုံစမ်းခြင်း၊ ဖြေသိမ့်ပေးခြင်းစသည်တို့ကို ပြုလုပ်ရမည်ဖြစ်သည်။
ဘယ်ကစလို့ ဘယ်လိုလုပ်မလဲ
ပြဿနာအလိုက် ဆပ်ကော်မတီများဖွဲ့စည်း၍ ဖြေရှင်းပေးရန်လိုသည်။ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်တန့်ရေး၊ ရခိုင်ဒေသ အေးချမ်းတည်ငြိမ်ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ် အရေးယူရေး၊ ခြစားလာဘ်စားမှုများကို တိုက် ဖျက်ရေးတို့ကို အခြားသော လွှတ်တော်ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ဆောင်ရွက် သွားကြ ရမည်။ အထူးသဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံသား များ ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှုကော် မတီ၊ တိုင်း ရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၊ တရားစီရင်ရေးနှင့်ဥပဒေရေးရာ ကော်မတီ၊ တောင် သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်း စစ်သုံးသပ် ရေးကော်မရှင်စသည့်ကော်မတီများ၊ ကော်မရှင်များနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီများ ပူးပေါင်း၍ သက်ဆိုင်ရာ ကော်မတီများ ကော်မရှင်အလိုက် လုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက် ကြရမည်ဖြစ်သည်။
ကော်မတီများ၊ ကော်မရှင်များအလုပ်မလုပ်လျှင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်း အေးချမ်းရေးကော်မတီလဲ အလုပ ဖြစ်မည်မဟုတ်ပေ။ ထိုနည်းတူ အခြားသောကော်မတီများ၊ ကော်မရှင်ကဲ့သို့ တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်း ရေးကော်မတီအလုပ်မလုပ်လျှင် ကော်မတီဖွဲ့စည်းမှုအလကားဖြစ် သွားပေမည်။ ထို့ ကြောင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဦးရွက်ပြု၍ အားကြိုးမာန်တက် အကောင်အထည်ဖော်ဆောင်ရွက်ကြရလိမ့်မည်ဖြစ် သည်။ အခြားသော ပြည်သူ့လွှတ်တော်ကော်မတီများ၊ ကော်မရှင်များပါလာ အောင်၊ ပြည်သူ့အကျိုးအတွက် အလုပ်လုပ် လာစေရန် တိုက်တွန်းနိုးဆော်ရမည်ဖြစ်သည်။ သက်ဆိုင်ရာ ကော်မတီများ အလိုက် ဆပ်ကော်မတီများဖွဲ့၍ မူဝါဒ၊ လုပ် ငန်းစဉ်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်။
လူထု၏ ပူးပေါင်းဆောင်ရွက်မှုကို ယူပါ
တရားဥပဒေစိုးမိုးရေးတွင် လူထု၏ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပေသည်။ ဆပ်ကော်မတီများတွင် သင့်လျှော် သည့် နိုင်ငံသားများကိုထည့်သွင်း၍ ဖွဲစည်းကြရမည်ဖြစ်ပေသည်။ လူထုထံမှ အကြံပြုချက်များယူရမည်။ လူထုထံမှ တိုင်တန်းစာများ၊ လူထု၏အသံများကို ဂရုတစိုက်နားထောင်ရန်လိုသည်။ ထိုနည်းတူ လူထု၏ တင်ပြချက်များမှန် ကန်မှု ရှိ/မရှိ စစ်ဆေးရမည်ဖြစ်သည်။ မှန်ကန်ပါက အရေးယူဆောင်ရွက်မှု ထိရောက်စွာပြုနိုင်ရေးအတွက် လွှတ်တော်သို့ အစီ ရင်ခံတင်ပြပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်း၊ ကုစားမှုပြုခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။ သို့မှ သာ မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေ၏အကျိုးကို ပြည်သူတို့ခံစားကြရပေလိမ့် မည်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးရှိမှ တိုင်းပြည်လည်း အေးချမ်းသာယာ လူထုလည်း စိတ်ချမ်းသာမည်ဖြစ်သည်။
သို့ဖြစ်၍ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲမတိုင်မှီကပင် ပြောခဲ့သား စကား တည်/မတည်၊ သူမဦးစီးသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အလုပ်ဖြစ်မဖြစ်ကို သက်တမ်း ကာလ (၁)နှစ်အတွင်း ပြည်သူလူထုအနေဖြင့် လေ့လာစောင့်ကြည့်ခြင်း၊ လိုအပ်ပါက ပုးပေါင်းဆောင်ရွက်ခြင်းဖြင့် တရား ဥပဒေစိုးမိုးရေး ရှိလာစေအောင် လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပေသည်။

http://www.arakantimes.net/burmese/index.php/2012-02-21-02-29-15/364-2012-08-13-04-31-43
 မှ ကူးယူဖေါ်ပြပါသည်။
LU BO

ဘကြီးသက်
Unknown at 7:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မန္တလေး- ဘန်ကောက် ၄၉ဒေါ်လာဖြင့် အဲအေးရှား ပြေးဆွဲ

ထိုင်းအခြေစိုက် လေကြောင်း ကုမ္ပဏီ တစ်ခုဖြစ်သော အဲအေးရှားသည် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးမြို့ ဘန်ကောက်မြို့တို့ အကြား ခရီးစဉ်သစ် တစ်ခုဖြစ်သော မန္တလေး - ဘန်ကောက် လေကြောင်း ခရီးစဉ်ကို လက်မှတ်ခ ကန်ဒေါ်လာ ၄၉ ဖြင့် ၂၀၁၂ခုနှစ်၊ အောက်တိုဘာ ၄ ရက်မှ စတင် ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သစ်ထူးလွင်

ဘကြီးသက်
Unknown at 7:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယာဉ်အိုယာဉ်ဟောင်း အပ်နှံမည့် ကားရှား၍ စလစ်ဈေး ပြန်လည် မြင့်တက်လာ



From : ခေတ်လူငယ်
ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေးအစီစဉ် စတင်သော ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ ၂၀၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်အထိ ပြည်ပမှ ယာဉ်စီးရေ စုစုပေါင်း ၆၃၉၄၂ စီး တင်သွင်းပြီးဖြစ်ကြောင်း သိရသည်။ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ လူစီးယာဉ် ၆၀၀၄၂ စီး၊ ဘတ်စကား ၁၀၅၈ စီးနှင့် ကုန်တင်ယာဉ် ၂၈၂၂ စီး တင်သွင်းခဲ့ကြောင်း၊ ဇူလိုင် ၃၀ ရက်မှ စတင်ကာ ပြည်ပမှ ယာဉ်တင်သွင်းခွင့် လိုင်စင်များကို ရန်ကုန်ရုံးခွဲတွင် တင်သွင်းခွင့်ပြုခဲ့ရာ လျှောက်ထားသူဦးရေမှာ သြဂုတ် ၂ ရက်အထိ ၉၆ ဦးရှိပြီး လျှောက်ထားသူ များပြားလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေး အစီအစဉ်အရ နိုင်ငံခြားငွေစာရင်းရှိသူ မည်သူမဆို ကားတင်သွင်းခွင့် ပြုခဲ့ရာ မော်တော်ယာဉ်ဈေးနှုန်းများ ပြုတ်ကျပြီး ပြည်ပမှ မော်တော်ယာဉ်တင်သွင်းသူ အများစုမှာ ၂၀၀၇ မော်ဒယ်လ်အထက် ဂျပန်လေလံကားများ တင်သွင်းလာကြသည်။ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေး အစီအစဉ်အရ ၂၀၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ယာဉ်မှတ်ပုံတင်စီးရေ ၄၈၄၂၉ စီး ထုတ်ပေးခဲ့ပြီး ၆ဃ/အက္ခရာဖြင့် ယာဉ်စီးရေ ၈၈၉၀ စီးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သြဂုတ် ၁ ရက်အထိ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး စီးရေ ၆၁၃၀၈ စီးရှိပြီး သွင်းကုန်ပါမစ် ထုတ်ပေးပြီး စီးရေ ၅၆၂၄၇ စီးရှိပြီ ဖြစ်သည်။ ယခုအခါ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမည့်ယာဉ် ရှားပါးလာသဖြင့် စလစ်ဈေးများ ပြန်လည်မြင့်တက်လာသည်။ လက်ရှိ ကားဟောင်းစလစ် ပေါက်ဈေး၏ ဓ၊ န၊ ပ အက္ခရာမှာ ငွေကျပ် သိန်း ၆၀ ဝန်းကျင်ရှိပြီး လေလံကား စလစ်ဈေးမှာ ငွေကျပ် ၆၃ သိန်းဝန်းကျင် ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 1:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.