Tuesday, August 14, 2012

သဘာဝအန္တရာယ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအကြောင်း သိရှိစေရန် ဝက်ဘ်ဆိုက်လွှင့်တင်




သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် အချက်အလက်များ၊ သတင်းများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ အကြောင်းကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ လွှင့်တင်ပေးထားသည့် http://www.rrdmyanmar.org ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်ကို ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက လွှင့်တင်ခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာ အချက်အလက်တွေ၊ သဘာဝဘေးအန္တရာယ် အကြောင်းတွေ၊ အရင်ကဖြစ်ခဲ့တဲ့ ရေးဘေး၊ လေဘေး၊ မီးဘေးအစရှိတဲ့ သဘာဝအန္တရာယ်တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် တင်ပေးထားပါတယ်။ ပြီးတော့ ဌာနက သတင်းတွေကိုလည်း ပြည့်ပြည့်စုံစုံ တင်ပေးထားပါတယ်” ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးအေးမင်းသူက ပြောသည်။ ဝက်ဘ်ဆိုက်တွင် ကယ်ဆယ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက လုပ်ဆောင်ရမည့် ဆောင်ရန်ရှောင်ရန်များ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူထံသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန အစရှိသည့် ဝင်ကြီးဌာနများ အပါအဝင် ဝန်ကြီးဌာနပေါင်း ၁၄ ခု၏ ဝက်ဘ်ဆိုက် လိပ်စာများကိုလည်း ဖော်ပြပေးထားသည်ကို တွေ့ရကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
 From : ခေတ်လူငယ်
ဘကြီးသက်
Unknown at 8:04 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.