Tuesday, August 14, 2012

ယာဉ်အိုယာဉ်ဟောင်း အပ်နှံမည့် ကားရှား၍ စလစ်ဈေး ပြန်လည် မြင့်တက်လာ



From : ခေတ်လူငယ်
ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေးအစီစဉ် စတင်သော ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ ၂၀၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်အထိ ပြည်ပမှ ယာဉ်စီးရေ စုစုပေါင်း ၆၃၉၄၂ စီး တင်သွင်းပြီးဖြစ်ကြောင်း သိရသည်။ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ လူစီးယာဉ် ၆၀၀၄၂ စီး၊ ဘတ်စကား ၁၀၅၈ စီးနှင့် ကုန်တင်ယာဉ် ၂၈၂၂ စီး တင်သွင်းခဲ့ကြောင်း၊ ဇူလိုင် ၃၀ ရက်မှ စတင်ကာ ပြည်ပမှ ယာဉ်တင်သွင်းခွင့် လိုင်စင်များကို ရန်ကုန်ရုံးခွဲတွင် တင်သွင်းခွင့်ပြုခဲ့ရာ လျှောက်ထားသူဦးရေမှာ သြဂုတ် ၂ ရက်အထိ ၉၆ ဦးရှိပြီး လျှောက်ထားသူ များပြားလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေး အစီအစဉ်အရ နိုင်ငံခြားငွေစာရင်းရှိသူ မည်သူမဆို ကားတင်သွင်းခွင့် ပြုခဲ့ရာ မော်တော်ယာဉ်ဈေးနှုန်းများ ပြုတ်ကျပြီး ပြည်ပမှ မော်တော်ယာဉ်တင်သွင်းသူ အများစုမှာ ၂၀၀၇ မော်ဒယ်လ်အထက် ဂျပန်လေလံကားများ တင်သွင်းလာကြသည်။ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေး အစီအစဉ်အရ ၂၀၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ယာဉ်မှတ်ပုံတင်စီးရေ ၄၈၄၂၉ စီး ထုတ်ပေးခဲ့ပြီး ၆ဃ/အက္ခရာဖြင့် ယာဉ်စီးရေ ၈၈၉၀ စီးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သြဂုတ် ၁ ရက်အထိ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး စီးရေ ၆၁၃၀၈ စီးရှိပြီး သွင်းကုန်ပါမစ် ထုတ်ပေးပြီး စီးရေ ၅၆၂၄၇ စီးရှိပြီ ဖြစ်သည်။ ယခုအခါ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမည့်ယာဉ် ရှားပါးလာသဖြင့် စလစ်ဈေးများ ပြန်လည်မြင့်တက်လာသည်။ လက်ရှိ ကားဟောင်းစလစ် ပေါက်ဈေး၏ ဓ၊ န၊ ပ အက္ခရာမှာ ငွေကျပ် သိန်း ၆၀ ဝန်းကျင်ရှိပြီး လေလံကား စလစ်ဈေးမှာ ငွေကျပ် ၆၃ သိန်းဝန်းကျင် ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 1:19 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.