Saturday, August 11, 2012

ပြည်သူ့အသံကို လွှတ်တော် ဝဘ်ဆိုဒ်မှတဆင့် တင်ပြနိုင်တော့မည်

ပြည်သူများ၏ ဆန္ဒများနှင့် လွှတ်တော်အတွင်း ဆွေးနွေးမှုများကို အထောက်အကူပြုနိုင်ရန် ပြည်သူ့လွှတ်တော် အင်တာနက် စာမျက်နှာမှတဆင့် သြဂုတ်လ ဒုတိယပတ်အတွင်း တင်ပြနိုင်တော့မည်ဟု ပြည်သူ့လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးတဦးက မဇ္ဈိမကို ပြောသည်။

“ပြည်သူတွေအနေနဲ့ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ အခွင့်အရေး မရရင်တောင်မှ ကိုယ်စားလှယ်တွေကို အသိပေးပြောကြားလို့ ရတော့မှာပါ” ဟု ၎င်းအရာရှိက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များထံ အကြံပြုချက်များ၊ လွှတ်တော်သို့ တင်ပြစေလိုသည့် အကြောင်းအရာများ ပေးပို့လို ပါက ပြည်သူ့လွှတ်တော်၏ အင်တာနက် စာမျက်နှာတွင် “ပြည်သူ့လွှတ်တော် သို့ ပြည်သူ့အသံ တင်ပြတောင်းခံကြပါစို့” ဟု ရေးသားထားသော နေရာတွင်   ဝင်ရောက် ရေးသားနိုင်မည် ဖြစ်သည်။
Hluttaw
ထိုအစီအစဉ်သည် ကောင်းမွန်သည့် အစီအစဉ်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ အတွက်လည်း အသုံးဝင်သည့်
ဆောင်ရွက်ချက်တခု ဖြစ်သည်ဟု ရှမ်းပြည်နယ်၊ ကွန်းဟိန်းမြို့နယ် လွှတ်တော်အမတ် ဒေါ်နန်းဝါနု က မဇ္ဈိမကို ပြော သည်။

“ကျမတို့က ပြည်သူတွေရဲ့ဆန္ဒကို အမြဲလေ့လာနေရတာဆိုတော့ အသုံးဝင်ပါတယ်" ဟု ဒေါ်နန်းဝါနု က ပြောသည်။

အခြားတဘက်တွင်မူ ဆက်သွယ်ရေးခက်ခဲပြီး အင်တာနက် သုံးစွဲနိုင်သည့် အခွင့်အလမ်း နည်းပါးသည့် တိုင်းရင်းသား
ဒေသများ ရှိနေသေးရာ ပြည်သူများ၏ ဆန္ဒနှင့် တောင်းဆိုချက်များကို တိုက်ရိုက်တွေ့ဆုံသည့် နည်းကိုလည်း အသုံးပြု သွားမည်ဟု ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးငွန်မောင်း က ပြောသည်။

အင်တာနက် ဝဘ်ဆိုဒ်စာမျက်နှာများကို နေ့စဉ်ကြည့်ရှု ဖတ်မှတ်လေ့ရှိသည့် ရန်ကုန်မြို့နေ အမျိုးသားတဦးက လွှတ်တော်ကို တိုက်ရိုက်ထိတွေ့ဆက်ဆံခွင့်ရရှိသည်မှာ ကောင်းမွန်သော်လည်း ယခုနည်းလမ်းသည် မိမိတို့ပြည်သူ များတင်ပြသည့် အကြံပြုချက်၊ လိုလားချက်များကို လွှတ်တော်ကိုယ်စားလှယ်များက နားလည်လက်ခံခြင်း ရှိ/မရှိ မသိနိုင်သည့် တဖက်သတ် လမ်းကြောင်းဖြစ်နေ၍ လွှတ်တော်အနေဖြင့် ပြည်သူနှင့် ဆက်ဆံရာတွင် လွယ်ကူစွာ ထိတွေ့နိုင်ပြီး အပြန်အလှန် ပြောဆိုဆွေးနွေးနိုင်သည့် အခြားနည်းလမ်းများကိုလည်း ထပ်မံစဉ်းစားသင့်ကြောင်း အကြံပြုသည်။

ပြည်သူ့လွှတ်တော်၏ အင်တာနက် ဝဘ်စာမျက်နှာကို ဇူလိုင်လ ဒုတိယပတ်အတွင်းက စတင်လွှင့်တင်ခဲ့ပြီး မြန်မာနိုင်ငံ ၏ အင်တာနက် အသုံးပြုနိုင်မှုမှာ ၂ဝ၁ဝ ခုနှစ် ဇူလိုင်လအထိ လူဦးရေ သန်း ၆ဝ ၏ ဝ.၈ ရာခိုင်နှုန်း (လူ လေးသိန်း
ရှစ်သောင်း) သာ ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်သည်။ အသုံးပြုသူ အများစုမှာလည်း ရန်ကုန်၊ မန္တလေးမြို့များမှ ဖြစ်သည်။
ရန်ကုန် (မဇ္ဈိမ) ။       ။
ဘကြီးသက်
Unknown at 11:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း တိုက်ခိုက်ခံရ

အင်ဒိုနီရှား နိုင်ငံ၏ တောင်ဘက် ဆူလာဝီစီမြို့တွင်ရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်း ကိုအစ္စလာမ်ဘာသာ လူအုပ်စု တစ်ခုမှ သြဂုတ်လ ၁၀ရက်(သောကြာ)နေ့က တိုက်ခိုက်ခဲ့ သည် ဟုJakataglobe ဆိုဒ်တွင် ရေးသားထားသည်။

သောကြာနေ့ ဗလီမှ ဘုရားဝတ်ပြု ဆုတောင်းပြီး အပြန် Islamic Defenders Front (FPI) အမည်ရှိ အဖွဲ့ သည် ဗလီနားမှာ လူစုပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဆူလာဝီမြို့မှာရှိသည့် ကွမ်ကောင်နှင့် ဇီယာမာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်းကို တုတ်တွေ၊ ခဲတွေ နဲ့ပစ်ပေါက် ကြပြီး ကျောင်းတံခါးလမ်းဝတွေကို ရိုက်ပုတ် ဖျက်စီးခဲ့ကြသည်ဟု ၄င်းသတင်းစာ ကဆိုသည်။
ဇီယာမာ ဘုန်းတော်ကြီးကျောင်းမှာ ဆူလာဝီစီအခြေစိုက် Council of Buddhist Communities (walubi) ၏ ဌာနခွဲ အတွင်းရေးမှူးရုံး ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ အကြမ်းဘက် တိုက်ခိုက်မှုအား ရဲတပ်ဖွဲ့မှလွယ်ကူ ချောမောစွာထိန်းသိမ်းနိုင်ခဲ့ပြီး FPI နှင့် Walubi နှစ်ဖွဲ့အကြား ဆက်လက်မဖြစ်ပွားရအောင် သက်ဆိုင်ရာမှ အစည်းအဝေးတခု ပြုလုပ်ကာ ဖြေရှင်းခဲ့ရသည်ဟု ဆိုသည်။
“မြန်မာ-ရခိုင်ပြည်မှာ ရိုဟင်ဂျာ အမည်ခံ မွတ်ဆလင် များးအပေါ် လုံခြုံရေး တပ်ဖွဲ့မှ အကြမ်းဘက် လုပ်ဆောင်မှုအပေါ်  ၀မ်းနည်းမိပါတယ်။ ခုလို မဖြစ်အောင် မြန်မာအစိုးရကို တိုက်တွန်းသွားမှာပါ” ဟု Walubiမှ တာဝန်ရှိပုဂ္ဂိုလ် Yongris က အစည်းအဝေးအတွင်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်မှာ ဖြစ်နေသည့် ပဠိပက္ခအား အဆုံး မသတ်လျှင် မြန်မာ-အင်ဒိုနီရှား နှစ်နိုင်ငံ ကူးလူး ဆက်ဆံရေး အားလုံးကို ဖြတ်တောက်ပေးရန် FPI အဖွဲ့က တောင်းဆိုခဲ့သည်။
http://www.narinjara.com/burmese/?p=1649
ဘကြီးသက်
Unknown at 10:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အာဏာပိုင်က ခွင့်မပြုသဖြင့် နိုင်ငံခြားသားတစု ဓမ္မာရုံတွင် တည်းလိုက်ရ



နိုင်ငံခြားသား အသွားအလာများသော အင်းဝ မြို့ဟောင်းရှိ ဗားကရာကျောင်းတိုက် မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ခရီးသွား လုပ်ငန်းသည် နိုင်ငံ၏ အကျိုးစီးပွားဟု အစိုးရက ဆိုသော်လည်း စက်ဘီးစီး ကမ္ဘာလှည့် ခရီးသွား မိသားတစုကို မန္တလေးတိုင်း တံတားဦးမြို့ရှိ တည်းခိုခန်းတွင် တည်းခိုခြင်းမပြုရန် အာဏာပိုင်များက တားမြစ်ခဲ့သဖြင့် ရပ်ကွက် ဓမ္မာရုံက လက်ခံ တည်းခိုခွင့် ပေးလိုက်ရကြောင်း သတင်းရသည်။
အဆိုပါ မိသားစုတွင် အသက် ၁၀ နှစ်မှ ၁၃ နှစ်အကြား ကလေး ၂ ဦးပါဝင်ပြီး ရှမ်းပြည်တောင်ပိုင်း ရပ်စောက် – ရွာငံမှတဆင့် ကျောက်ဆည်မြို့ကို ဖြတ်ကာ မိုင် ၅၀ ခန့် ဝေးသည့် ရှေးဟောင်း နယ်မြေတခု ဖြစ်သည့် အင်းဝကို လေ့လာရန် တံတားဦးမြို့သို့  ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ည ၇ နာရီ ခန့်တွင် စက်ဘီးဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။
ကလေးများပါဝင်ပြီး ခရီးပမ်းသည့်အတွက် ယင်း ကမ္ဘာလှည့် ခရီးသွားမိသားစုက မြကေသီ တည်းခိုခန်းတွင် တည်းခွင့်ပြုရန် ပြောဆိုရာ လက်ခံခဲ့ကြောင်း၊ ည ၉ နာရီခန့် တွင် တံတားဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ဤတည်းခိုခန်းသည် နိုင်ငံခြားသားများ တည်းခိုရန် လိုင်စင်မရှိသဖြင့် ခွင့်မပြုနိုင်ကြောင်း တားမြစ်သည့်အတွက် ရပ်ကွက် ဓမ္မာရုံသို့ အကူအညီ တောင်းကာ ပို့ဆောင်ခဲ့ရကြောင်း တည်းခိုခန်းပိုင်ရှင် ဒေါက်တာ အောင်စိုးမြင့်က ပြောသည်။
“ခရီးပမ်းပြီး ကလေးတွေလည်း ပါတယ်၊ မန္တလေးကို ထပ်သွားရမယ် ဆိုပြန်တော့ အဝေးကြီး။ ဒါကြောင့် စာနာလို့ လက်ခံ လိုက်တာပါ” ဟု သူက ဆိုသည်။
တံတားဦး – အင်းဝ ဒေသသည် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတခု ဖြစ်သော်လည်း နိုင်ငံခြားသားများ တည်းခိုနိုင်သည့် ဟိုတယ်၊ မိုတယ်၊ အင်းများ မရှိကြောင်း၊ လာရောက် လေ့လာသည့် ကမ္ဘာလှည့် ခရီးသွားများသည် ၁၆ မိုင် ဝေးသည့် မန္တလေးမြို့တွင်သာ တည်းခိုရကြောင်း ဒေါက်တာ အောင်စိုးမြင့်က ရှင်းပြသည်။
ယခင်ကလည်း မြကေသီ တည်းခိုခန်းတွင် ဂျပန်၊ အမေရိကန်နှင့် ထိုင်းလူမျိုးများကို မြို့နယ်ရဲတပ်ဖွဲ့က အကူအညီတောင်းသည့် အတွက် လက်ခံခဲ့ဖူးသည်ဟု သိရသည်။
အစိုးရက နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား အများဆုံး လာရောက်သည့် နယ်မြေများတွင် “နိုင်ငံခြားသားများကို ကူညီပါ” ဟူသည့် ဆိုင်းဘုတ်များ ချိတ်ဆွဲကာ လှုံ့ဆော်ထားသည်။
တံတားဦး မြို့ခံတဦးဖြစ်သည့် ကိုသန့်ဇင်ကလည်း အဆိုပါ အဖြစ်အပျက်မှာ မှန်ကန်ကြောင်း၊ မိမိကိုယ်တိုင် ဓမ္မာရုံတွင် လက်ခံပေးခဲ့ရကြောင်း၊ ဥပဒေများ ရှိသည်မှာ မှန်သော်လည်း အဆိုပါ မိသားစုသည် လေ့လာရေး လာရောက်ခြင်း ဖြစ်သည့်အတွက် နိုင်ငံခြားသားများ အနေဖြင့် မြန်မာနိုင်ငံ အပေါ်တွင်  အထင်အမြင် လွဲမှားသွားနိုင်ကြောင်း ပြောသည်။
အဆိုပါ ကမ္ဘာလှည့် ခရီးသွား မိသားစုနှင့် ပတ်သက်၍ တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေး ရုံးကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဟိုတယ်အများစုမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး စသည့် ဒေသများတွင်သာ တည်ရှိကြပြီး မကြာသေးမီက နိုင်ငံခြားသားများ သွားရောက်ခွင့် ပြုခဲ့သည့် ချင်းပြည်နယ် ဟားခါးမြို့၊ မင်းတပ်၊ ကန်ပက်လက် စသည့် တိုင်းရင်းသား နယ်မြေ များတွင်လည်း မရှိသလောက် နည်းပါးပြီး Home Stay ခေါ် ရပ်ရွာများရှိ ဒေသခံ နေအိမ်များတွင် အခပေး တည်းခိုနေထိုင်သည့် စနစ်လည်း ကျင့်သုံးခြင်း မရှိသေးပေ။
မကြာသေးမီကလည်း ဟိုတယ်နှင့် တည်းခိုခ ဈေးနှုန်းများ အဆမတန် မြင့်တက်သွားသည့် အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည့်အတွက် အစိုးရ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီဌာန ၀န်ကြီး ဦးတင့်ဆန်းကိုယ်တိုင် ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သေးသည်။
ကလောမြို့နယ် မြင်းမထိတောင် အပါအဝင် ရပ်စောက်မြို့နယ် အတွင်းရှိ ရွာငံ၊ ပင်းတယ စသည့် ဒေသများကို နိုင်ငံခြားသားများ အလွန်နှစ်ခြိုက်ကြောင်း၊ တောင်တက် စက်ဘီးစီးခြင်း၊ သဘာဝ ပတ်ဝန်းကျင် လေ့လာခြင်း၊ တောင်တက်ခြင်း စသည်ဖြင့် လုပ်ဆောင်လေ့ ရှိကြောင်း ခရီးသွားလုပ်ငန်းများမှ သိရသည်။
 ဧရာဝတီ
ဘကြီးသက်
Unknown at 10:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကယ်တင်ရမယ့် မြို့တော်ရန်ကုန်



ယက်ခ် မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာတို့ရဲ့ လက်စွမ်းပြထားတဲ့ “ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး” ဓာတ်ပုံ (ဓာတ်ပုံ – Jacques Maudy / Jimi Cassaccia)
တစစီပြိုကျနေတဲ့ ရန်ကုန်က ဗြိတိသျှကိုလိုနီခေတ် ဗိသုကာလက်ရာတွေကို ဓာတ်ပုံနဲ့ မှတ်တမ်းတင်ပြီး စာအုပ် ထုတ်ဝေဖို့ ဓာတ်ပုံဆရာ ၂ ယောက်က ပြင်ဆင်နေကြပါတယ်။ ရန်ကုန်ဆိုတာကလည်း ဒီလက်ရာတွေကြောင့် ထင်ရှားကျော်ကြားနေတာကိုး။
မော်ရိုကိုနိုင်ငံဖွား သြစတြေလျနိုင်ငံသား ယက်ခ် မောဒီ (Jacques Maudy) နဲ့ အီတလီနိုင်ငံသား ဂျီမီ ကက်စက်စ်စီယာ (Jimi Cassaccia) တို့ဟာ ပုံဖျက်ခံရတဲ့ မြို့တော်ရဲ့ သရုပ်မှန်ကို ရင်သပ်ရှုမောဖွယ်ရုပ်ပုံတွေနဲ့ ရေးဆွဲပြနိုင်ကြပါတယ်။ တချိန်တည်းမှာလည်း သမိုင်းဆိုင်ရာအမွေအနှစ်တွေကို အလေးအနက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုတယ်ဆိုတာကိုလည်း ရုပ်ပုံတွေကနေတဆင့် ပြောပြကြပါတယ်။
ထင်ရှားတဲ့ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး တည်ထောင်ခဲ့တဲ့ ရန်ကုန်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Rangoon Heritage Trust – RHT) ကိုယ်စား ရိုက်ကူးတဲ့ ဒီဓာတ်ပုံတွေဟာ စိတ်ကူးစိတ်သန်းကောင်းမွန်ပြီး အရောင်အသွေး စုံလင်လှတဲ့အပြင် မြို့တော်ဟောင်းရဲ့ မုတ်သုန်ရာသီ မြင်ကွင်းကိုလည်း အထူးခံစားရစေမှာ ဖြစ်ပါတယ်။
အခုလို မှတ်တမ်းတင်တာဟာ ရန်ကုန်မြို့ကြီးရဲ့ တန်ဖိုးရှိလှတဲ့ ယဉ်ကျေးမှုဆိုင်ရာ သွင်ပြင်လက္ခဏာကို ကာကွယ် စောင့်ရှောက်သွားနိုင်ရေးအတွက် ဥပဒေပြဌာန်းနိုင်ဖို့ သမိုင်းပညာရှင်တွေ ဝိုင်းဝန်းကြိုးပမ်းနေကြတာရဲ့ အစိတ်အပိုင်း တခုဖြစ်ပါတယ်။ နောင်လာမယ့် မျိုးဆက်တွေအတွက် သူတို့ ကြိုးပမ်းနေကြတာပါ။
သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား (Bob Carr) မြန်မာပြည်ကို အလည်လာစဉ်အခါက ဒီမှတ်တမ်းတင်တဲ့ အလုပ်ကိုလုပ်ဖို့ RHT ကို အလေးအနက် တိုက်တွန်းခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ကြွယ်ဝလှတဲ့ ဗိသုကာ အမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ သူ့အစိုးရအနေနဲ့ အထောက်အပံ့ ပေးသွားမယ်၊ ကျွမ်းကျင်သူတွေနဲ့ ကူညီသွားမယ်လို့လည်း ကတိပေးသွားခဲ့ပါတယ်။
တဖက်မှာလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို မကြာသေးခင်က လျှော့ချလိုက်တာနဲ့အတူ သူ့ထက်ငါ အလျင်စလို ဝင်ရောက်လာကြမယ့် ဖွံ့ဖြိုးရေး စီမံကိန်းတွေက အလျှင်အမြန် ယိုယွင်းပျက်စီးနေတဲ့ ၁၈ ရာစုပုံစံ လက်ရာမွန်တွေအပေါ် ခြိမ်းခြောက်မှုရှိနိုင်တယ်လို့ စိုးရိမ်မှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေကြပါတယ်။ နှစ်နဲ့ချီပြီး လှည့်မကြည့်ဘဲ ထားခဲ့တာမို့ အဲ့ဒီအဆောက်အအုံ အတော်များများဟာ မူလအနေအထားရောက်အောင် အသည်းအသန် ပြန်လုပ်ဖို့ လိုနေပါတယ်။
RHT ရဲ့ ကြိုးစားမှုရလဒ်အဖြစ် အခုဆိုရင် မြန်မာအစိုးရက ဆောက်လုပ်ခွင့် ပါမစ် အခု ၂၀ ကို ဆိုင်းငံ့ထားလိုက်ပါပြီ။ မူလအနေအထားအတိုင်း မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ ကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်တဲ့ အချိန်အထိ ဆိုင်းငံ့ထားလိုက်တာပါ။
ယက်ခ် မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာ တို့ဟာ ဓာတ်ပုံရိုက်တဲ့နေရာမှာ အရိပ်ကျမှု လျော့နည်းရလေအောင်နဲ့ သမိုင်း အမွေအနှစ် အဆောက်အအုံတွေရဲ့ အသေးစိတ်ကို ညှို့ဓာတ်ပါတဲ့ အရောင်နဲ့ ဖော်ထုတ်နိုင်အောင် ရန်ကုန်မြို့ကြီးရဲ့ အေးစိမ့်စိုစွတ်တိမ်ဖုံးနေတဲ့ ရာသီဥတုကို ဖြစ်နိုင်သမျှ အကောင်းဆုံး အသုံးချခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ဓာတ်ပုံတွေထဲမှာ ကောင်းမွန်တဲ့ ပုံတူပန်ချီကားတွေနဲ့ ရန်ကုန်လမ်းမတွေပေါ်က မြင်ကွင်းအတော်များများလည်း ပါဝင်ပါတယ်။
ပုံတွေထဲမှာ ထင်ရှားတာကတော့ ဗြိတိသျှတွေအတွက် သီးသန့်တည်ဆောက်ခဲ့တဲ့ ကိုလိုနီခေတ် ပဲခူးကလပ် ဓာတ်ပုံတွေပါပဲ။ အကောင်းဆုံး ကျွန်းသစ်တွေနဲ့ ၁၈၈၀ ခုနှစ်တွေနှောင်းပိုင်းမှာ တည်ဆောက်ခဲ့တဲ့ ဒီကလပ်ဟာ အခုဆိုရင် အသည်းအသန် ပျက်စီးယိုယွင်းနေပြီဆိုပေမယ့် အချိန်ရဲ့ စမ်းသပ်မှုကို အံ့သြလောက်အောင် အာခံနေဆဲဖြစ်ပါတယ်။ အဲ့ဒီ အချိန်တုန်းကဆိုရင် လူတန်းစားအရ၊ လူမျိုးရေးအရ ခွဲခြားတဲ့နေရာမှာ ဒီကလပ်ဟာ ထိပ်ဖျားမှာ ရှိနေခဲ့ပါ။ ရာထူးအမြင့်ဆုံး မြန်မာလူမျိုးတွေတောင် ဒီကလပ်ထဲ ဝင်ခွင့်မရခဲ့ကြပါဘူး။
အထင်ကရ ရန်ကုန်အတွင်းဝန်ရုံး အဆောက်အအုံကို အတွင်း၊ အပြင်ရိုက်ပြီး မီးမောင်းထိုးပြထားတဲ့ ပုံတွေကိုလည်း ယက်ခ် မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာ တို့ရဲ့ ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ လက်ရှိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းဟာ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက် တယောက်ရဲ့လက်ချက်နဲ့  ၁၉၄၇ ခုနှစ်တုန်းက ဒီနေရာမှာ လုပ်ကြံခံခဲ့ရတာပါ။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့အချိန်ကစလို့ အတွင်းဝန်ရုံး အဆောက်အအုံကို ပိတ်ထားခဲ့ပြီး အပြင်လူတွေ ဝင်ခွင့် မရခဲ့တာမို့ ဒီဓာတ်ပုံတွေက ထင်ရှားတဲ့ မြန်မာ့အမိုင်းကာလတခုကို ရှားရှားပါးပါး ဖျတ်ကနဲ မြင်ရစေပါတယ်။
ယက်ခ် မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာတို့ရဲ့ ဓာတ်ပုံမှတ်တမ်းစာအုပ်ဟာ အခုဆိုရင် ပုံနှိပ်နိုင်တဲ့အဆင့်ကို ချဉ်းနင်းဝင် ရောက်နေပါပြီ။ စာအုပ်အဖြစ်ထုတ်ဝေနိုင်ဖို့အတွက် သူတို့က အလှူရှင်တွေ ရှာဖွေနေကြပါတယ်။ ဓာတ်ပုံတွေနဲ့ ပတ် သက်ပြီး ထပ်မံသိရှိလိုတယ်ဆိုရင်တော့ သူတို့ရဲ့ဝက်ဘ်ဆိုဒ် (JJMC) မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
Steve Tickner ၏ စာအုပ်အညွှန်း Yangon: a City to Rescue ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။
 ဧရာဝတီ
ဘကြီးသက်
Unknown at 10:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

'' ဒုသမ္မတဘယ်သူဖြစ်မလဲ ... ''



တပ်မတော် သားအစု အဖွဲ့မှ ဒုသမ္မတဖြစ်လာသော ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေ အနေကြောင့် ဇူလိုင်လ ၂ ရက်နေ့တွင်နှုတ်ထွက်လွှာ တင်သွင်း ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင် သံကြားမှ ဇူလိုင်လ ၄ ရက်နေ့တွင် ကြေညာ ခဲ့ပါသည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နှုတ်ထွက် သွားသော ဒုသမ္မတ နေရာတွင် ၇ ရက်အတွင်း အစားထိုး ခန့်အပ်ရန် ဖြစ်သော်လည်း ယခုအချိန်ထိ ဒုသမ္မတသစ် ခန့်အပ်နိုင်ခြင်း မရှိသေးချေ။



ဒုသမ္မတ လောင်းအဖြစ် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ယခင် ဗိုလ်ချုပ် ကြီးဟောင်း ဦးမြင့်ဆွေအား အမည်စာရင်း တင်သွင်း ထားသော်လည်း ဦးမြင့်ဆွေသည် အခြေခံ ဥပဒေတွင် ပါရှိသော အချက်များနှင့် ကိုက်ညီမှုမရှိဟု လွှတ်တော် အသိုင်းအဝိုင်းမှ ဝေဖန်မှုများ ရှိခဲ့ကြောင်း သတင်း ထွက်ပေါ်ခဲ့ ပါသည်။
ပြည်ခိုင်ဖြိုး ပါတီနှင့် နီးစပ်သော အသိုင်း အဝိုင်းအနေဖြင့် တပ်မတော်တွင် ဗိုလ်ချုပ် အဆင့်ဖြင့် တာဝန် ထမ်းဆောင်ခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဖြစ်သူ လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦးအား ဒုသမ္မတ နေရာအတွက် မျှော်မှန်း လျက်ရှိကြသည်။ စစ်ဘက်နှင့် နီးစပ်သော အသိုင်း အဝိုင်း ဘက်မှလည်း ယခင် ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ ကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းတို့အား ရွေးချယ် နိုင်ကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။

ဦးဌေးဦးသည် တပ်မတော်တွင်တာဝန်ထမ်းဆောင်စဉ်တွင် လည်းကောင်း၊ပြည်ခိုင် ဖြိုးပါတီ၌ တာဝန် ထမ်းဆောင်စဉ် တွင်လည်းကောင်း ပေါင်းသင်း ဆက်ဆံရေးပြေပြစ်ပြီး ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ရင်း တပည့် တစ်ဦးအဖြစ် နာမည်ရှိသူ တစ်ဦးဖြစ်ပါသည်။

ဦးတင်အေးသည် ဗိုလ်ချုပ်ကြီး တာဝန်ထမ်း ဆောင်စဉ်က တပ်မတော်၏ စစ်လက်နက် ပစ္စည်းကိစ္စ များနှင့် တပ်မတော်၏ ဦးပိုင် ကော်ပိုရေးရှင်းကို ဦးဆောင်ခဲ့  သူတစ်ဦး ဖြစ်ပါသည်။ တပ်မတော် တစ်ရပ်လုံး၏ သက်သာချောင်ချိရေး ကိစ္စရပ်များအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ခဲ့သူ ဖြစ်ပြီး စီးပွားရေး အမြင်ရှိသူ တစ်ဦး ဖြစ်ပါသည်။



ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းသည် လက်ရှိရေတပ် ဦးစီးချုပ် ဖြစ်ပြီး ၎င်းသည် ရေတပ်နှင့် ပတ်သက်၍ တိုးတက် ခေတ်မီအောင် စွမ်းဆောင်နိုင်သူ တစ်ဦးဟု အသိအမှတ်ပြုခံရသူ တစ်ဦးဖြစ်ပါသည်။ခေတ်မီ စစ်ရေယာဉ်နှင့် လက်နက်ပစ္စည်းများ များစွာ တည်ဆောက် တပ်ဆင်မှုများ ပြုလုပ်ခဲ့သူ ဖြစ်ပါသည်။

နေပြည်တော် ဝန်ထမ်းရပ်ကွက်နှင့် နီးစပ်သော အသိုင်းအဝိုင်း ကလည်း ဦးတင်အေးနှင့် လက်ရှိ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုတို့အားရွေးချယ်နိုင်ကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိပါသည်။ ဗိုလ်ချုပ်ကြီး ကိုကိုသည် အလုပ်လုပ် ကိုင်ရာတွင် တိကျပြတ်သား မှုရှိသဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ လည်း အသိအမှတ်ပြုထား ခြင်းခံရသူတစ်ဦး ဖြစ်ပါသည်။
ဒုသမ္မတ ရာထူးနှင့် ပတ်သက်၍ အသိုင်းအဝိုင်း အမျိုးမျိုးတို့က ထင်ကြေး အမျိုးမျိုးပေးကာ ခန့်မှန်း ကြလျက် ရှိသကဲ့သို့ လွှတ်တော် ကိုယ်စားလှယ် အများစုကလည်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ တင်သွင်းခံရမည့် ဒုသမ္မတလောင်း အမည်စာရင်းကို စိတ်ဝင် တစား မျှော်လင့် စောင့်စားလျက် ရှိကြောင်း သိရှိရပါသည် ။
 From : ဒေါက်တာ မျိုးချစ်
ဘကြီးသက်
Unknown at 10:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘယ်လိုရှင်းကြမလဲ

ရခိုင်ပြည်နယ်အတွင်းမှာ ဒီသီတင်းပတ်တွေ
အတွင်း တွေ့မြင်ကြားသိနေရတဲ့ အရေးအခင်း
ကတော့ တကယ်ပဲ ရင်နာစရာကောင်းလွန်း
လှပါတယ်။






ကမ္ဘာပေါ်မှာ ဖြစ်ပွါးခဲ့ရတဲ့ အရေးအခင်းတိုင်းမှာ ဖြစ်ပေါ်ရခြင်း အကြောင်းရင်း ရှိပါတယ်။ လတ်တလော အကြောင်းရင်းနဲ့ ကာလကြာမြင့်စွာ ကပင်တစ်စိမ့်စိမ့် ဖြစ်ပေါ်နေခဲ့တဲ့ အကြောင်းရင်းလို့ ခွဲခြားသုံးသပ် ကြပါတယ်။

အခုဖြစ်ပွါးလာခဲ့တဲ့ ပြဿနာတွေရဲ့ အကြောင်းရင်းကို သတင်းမီဒီယာတွေကတော့ ကျောက်နီမော် ပြဿနာကြောင့်လို့ ဖေါ်ပြ၊ ထုတ်လွှင့်နေကြပါတယ်။ ကျနော့် အမြင်ကတော့ ဒါဟာ တကယ့်အရင်းခံ ပြဿနာမဟုတ်ဘူးလို့ မြင်ပါတယ်။

ကျောက်နီမော် ပြဿနာဆိုတာ လတ်တလော အကြောင်းရင်းလို့ပဲ သုံးသပ်ပါတယ်။ ဆိုလိုချင်တာကတော့ ကျောက်နီမော် ပြဿနာမဖြစ်ခဲ့ရင်လည်း ဒီအရေးအခင်းက ဖြစ်လာမှာပဲလို့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းရင်းတွေက ရှိနေပြီးသားဖြစ်လို့ပါ။

မီးစာ(လောင်စာ)လည်းရှိနေတယ်၊ လောင်စာဆီလည်း ရှိနေတယ်၊ မီးတောက်ဖို့အတွက် မီးစတစ်စပဲ လိုတော့တာပါ။ ကျောက်နီမော် ပြဿနာဆိုတာ မီးစလေးတစ်စပါပဲ။ တောင်ကုတ်ပြဿနာဆိုတာ မီးထတောက်ဖို့ စတင်နေတဲ့အခြေအနေပါ။ အဲဒီ မီးစကို လေပင့်ပေးလိုက်တာက (ကုလား-မူစလင်) ဝေါဟာရပြဿနာပါ။

ပထမဆုံးတင်ပြချင်တဲ့ အကြောင်းရင်းကတော့ နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှုဆိုတဲ့ ပြဿနာပါ။ ပညာရှင်တွေရဲ့ တင်ပြချက်တွေ ရှိနေပြီးဖြစ်တော့ ဒီနေရာမှာ သမိုင်းကြောင်းကို မတင်ပြလိုတော့ပါဘူး။

 နိုင်ငံသားမဖြစ်သင့်တဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံသားမဖြစ်ကြောင်း၊ ဘာကြောင့် မဖြစ်သင့်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကရော၊ နိုင်ငံတော်အစိုးရ အဆက်ဆက်ကပါ ပြတ်ပြတ်သားသား ဖေါ်ထုတ်ခြင်း မလုပ်ခဲ့ကြလို့ပါပဲ။ နိုင်ငံသား အရည်အချင်းမရှိတဲ့ သူတွေကို နိုင်ငံသားအခွင့်အရေး ပေးထားခဲ့ကြလို့ပါပဲ။ ဒီနေရာမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးမတူဘူး ဆိုတာကို သတိပြုရပါမယ်။

အစဉ်အဆက် နိုင်ငံရေးပါတီတွေက မဲရလိုမှုတစ်ခုတည်းနဲ့ မပေးသင့်တဲ့ အခွင့်အရေးကို ပေးခဲ့တာ၊ ကိုယ်ကျိုးရှာ အကျင့်ပျက်ဝန်ထမ်းတွေ (ကျနော်ကတော့ အကျင့်ယုတ် ၀န်ထမ်းတွေလို့ ပြောချင်ပါတယ်။)
 ရဲ့ငွေကြေး၊ ဥစ္စာပစ္စည်းရလိုမှု တစ်ခုတည်းနှင့် မလုပ်သင့်တာတွေ လုပ်ခဲ့ကြ၊ လုပ်နေကြတာတွေဟာလည်း အကြောင်းရင်း တစ်ခုပါပဲ။ အဲဒါတွေကြောင့်ပဲ နောက်ဆုံးအခုအချိန်မှာ လွှတ်တော်ထဲအထိဝင်ပြီး မတန်မရာတွေ တောင်းဆိုရဲကြတာပါ။ ဒီပြဿနာကို အခုအချိန်မှာ ပြေလည်အောင် ရှင်းလင်းဖို့ အချိန်ကျပြီလို့ တင်ပြချင်ပါတယ်။

သိပ်မကြာသေးတဲ့ကာလ (၂၀၁၁၊စက်တင်ဘာလ)ထဲမှာ ဘင်္ဂလီတွေ (ဒီနေရာမှာ ကျနော်ကတော့ ဘင်္ဂလီလို့မသုံးချင်ပါ။ တခြားမူစလင်မဟုတ်တဲ့ ဘင်္ဂလီတွေနဲ့ ရောထွေးနေမှာစိုးလို့ပါ။ နောက်ပြီး မူစလင်လို့လည်း မသုံးချင်ပါ။

ဘင်္ဂလီမူစလင်၊ မဂိုမူစလင်၊ အာရပ်မူစလင်၊ ... ... စသည်ဖြင့် အခြားမူစလင်တွေနဲ့ လည်းမဆိုင်လို့ပါ။ နောက်ပြီး ကုလားလို့လည်း ပြောလို့မရတော့ပါ။ ဒီတော့ မြန်မာဝေါဟာရမှာ ရှိနေပြီးသား၊ ဒီဒေသမှာရှိတဲ့ ဒီလူမျိုးတွေကို ရည်ညွှန်းသုံးစွဲတဲ့ ခေါ်တောလို့ပဲ ရည်ညွှန်းတင်ပြချင်ပါတယ်။ ခွင့်ပြုနိုင်မယ်ဆိုရင်ပါ။)

အဲဒီ ခေါ်တောတွေဟာ ဘူးသီးတောင်၊ မောင်တော ဒေသမှာ အမိမြေလှုပ်ရှားမှု တစ်ခုကို ပြုလုပ်ခဲ့ကြပါ သေးတယ်။ ဒါကတော့ ရှင်းရှင်းလေးပါ။

 ဒီနေရာ၊ ဒီဒေသကို သူတို့အပိုင် သိမ်းထားနိုင်ပြီလို့ သူတို့ကြေငြာ လိုက်တာပါပဲ။ ဒီလှုပ်ရှားမှုကို လူတွေ သိပ်မသိလိုက်ပေမယ့် သိပ်မကြာခင် သူတို့တွေ ဒီထက်ပိုပြီး လှုပ်ရှားလာတော့မယ်ဆိုတာ ခန့်မှန်းနိုင်ခဲ့မိပါတယ်။



သိပ်မကြာခင်မှာပဲ Arakan အမည်ကို သူတို့က အလွဲသုံးစားလုပ်၊ နိုင်ငံတကာမှာ သမိုင်းလိမ်တွေကို ဖေါ်ထုတ်လာကြတဲ့ လှုပ်ရှားမှုတွေပါ။ အခုရက်ပိုင်းအတွင်းမှာပဲ လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက အရေးအခင်းကို ရခိုင်တိုင်းရင်းသားများနှင့် ကျနော်တို့ မူစလင်တိုင်းရင်းသားများလို့ ဗွီအိုအေအင်တာဗျူးတစ်ခုမှာ တင်ပြသွားခဲ့သေးတယ်။

ဒီကိစ္စတွေကို ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်ရပါမယ်။ ကုလားဆိုတဲ့ ဝေါဟာရတစ်ခုကို သူတို့တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်သလို ကျနော်တို့ကလည်း ခေါ်တောတွေက ဒီလိုမူစလင်တိုင်းရင်းသားလို့ ပြောတာကိုလည်း ကန့်ကွက်ရပါမယ်။

လွှတ်တော်ထဲမှာအထိ အရေးဆိုကြဖို့ ကိုယ်စားလှယ်များကို တောင်းဆိုတင်ပြလိုပါတယ်။ ဒီခေါ်တောတွေဟာ တိုင်းရင်းသားမဟုတ်ကြောင်း၊ နိုင်ငံသားမဟုတ်ကြောင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ကြေငြာ ပေးဖို့ အားလုံးက ၀ိုင်းဝန်း အရေးဆိုကြဖို့ကိုပါ တင်ပြတောင်းဆို ပါတယ်။

နောက်တစ်ခုက ရိုဟင်ဂျာ ပြဿနာပါ။ နိုင်ငံသားပြဿနာနှင့် ဒီရိုဟင်ဂျာ ပြဿနာဟာ ဆက်စပ်နေတာပါ။ သမိုင်းကြောင်း အချက်အလက်တွေကိုတော့ မတင်ပြလိုတော့ပါဘူး။ ဒီပြဿနာကို ဖြေရှင်းတဲ့အခါ ထည့်သွင်း စဉ်းစားဖို့သင့်တဲ့ အကြောင်းခြင်းရာများကို တင်ပြလိုပါတယ်။

မောင်တောမြို့ အရေးအခင်းမှာ တိုင်းရင်းသားရွာတွေ မီးရှို့ဖျက်ဆီး ခံရတယ်။ တိုင်းရင်းသားတွေ အသက်အိုးအိမ် စည်းစိမ်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ အမှန်တကယ် ဒုက္ခတွေ့ကြုံခဲ့ရတဲ့ သူတွေက တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။

 မောင်တောမြို့မှာ ခေါ်တောတွေရဲ့ အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့တာမရှိခဲ့ပါ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးကြတဲ့ ဒုက္ခသည် အမည်ခံတွေကတော့ ခေါ်တောတွေပါပဲ။ ဘင်္ဂလားဒေ့ရှ် အစိုးရက လက်မခံနိုင်လို့ ပြန်နှင်လွှတ်ကြောင်း သတင်းတွေထွက်ပေါ် လာပြန်ပါတယ်။

ဒါနဲ့ တစ်ဆက်တည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒီရက်အတွင်း နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်မှာ သူ့နိုင်ငံက ဒုက္ခသည်စခန်းမှာ ဒုက္ခသည်အမည်ခံ ပုဂ္ဂိုလ်တွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက် လှုပ်ရှားနေကြတယ်။ ဒါကြောင့်လည်း သူတို့နိုင်ငံမှာ လက်မခံနိုင်ပါလို့ ထုတ်ပြန်တာကိုလည်း ကြားသိရပါတယ်။

 ဒီအချိန်မှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်း အားလုံးက တစ်ညီတည်း၊ တစ်သံတည်း ထွက်လာတာကတော့ ရိုဟင်ဂျာဆိုတာ ဒီနိုင်ငံမှာ မရှိဘူးဆိုတဲ့ အသံပါ။

 လောလောဆယ် ဒီရိုဟင်ဂျာ လှုပ်ရှားမှုတွေ၊ RSO လက်နက်ကိုင် လှုပ်ရှားမှုတွေမှာ အကာအကွယ်ပေး၊ ကူညီပေးနေတာက UNHCR နှင့် လက်အောက်ခံ INGO တစ်ချို့ပါပဲ။ UN အဖွဲ့အစည်းတွေ၊ INGO တွေ ဒီလို ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေက ကျနော်တို့ လူထုထဲကို သိုးသိုးသန့်သန့်ထွက်ပေါ် လာပါတယ်။

အဲဒီ အဖွဲ့အစည်းတွေထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ တိုင်းရင်းသား ၀န်ထမ်းတွေဆီကပါ။ အတူတူလုပ်ကိုင်နေတဲ့ ၀န်ထမ်း အချင်းချင်း ရိပ်မိသိရှိပြီး နီးစပ်ရာ၊ နီးစပ်ရာ ပေါက်ကြားလာတာမျိုးပါ။

ဒါတွေက လက်ဆုပ်လက်ကိုင်နှင့် သက်သေထုတ်ပြ တိုင်ကြားဖို့ ခက်ခဲတဲ့အခြေအနေမျိုးပါပဲ။ သတင်းတွေဟာ မဖြစ်နိုင်ပါဘူးလို့ လဲမငြင်းနိုင်တဲ့ အခြေအနေပါ။

 ၂၀၁၀ခုနှစ်အတွင်း၊ မောင်တောမြို့ ခမောင်းဆိပ်မှာ ဖမ်းဆီးအရေးယူခဲ့တဲ့ အကြမ်းဖက် လှုပ်ရှားမှုအမှုတစ်ခုမှာ၊ မောင်တော UNHCR ရုံးက ၀န်ထမ်းတချို့ ပါဝင်ပတ်သက်နေပါတယ်။ အခု လတ်တလော စစ်ဆေး အရေးယူမှုတွေမှာလည်း UNHCR ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေ၊ မိတ်ဖက် INGO တွေက ၀န်ထမ်းတွေ ပါဝင်နေတယ်ဆိုတာလည်း ကြားသိနေရပါတယ်။

(၈-၆-၂၀၁၂)နေ့၊ မောင်တောမြို့ အရေးအခင်းပြီးတာနဲ့ တစ်ဆက်တည်း ဖြစ်ပေါ်လာတာက စစ်တွေအရေးအခင်းပါ။

 မောင်တောမြို့မှာ တိုင်းရင်းသားတွေ ဒုက္ခကြုံနေတဲ့အချိန်မှာ UNHCR ရုံးကဘာမှ အရေးယူဆောင်ရွက် လာတာကို မတွေ့ရတဲ့အပြင် ယာယီခိုလှုံဖို့ တောင်းခံတဲ့ တိုင်းရင်းသားတွေကို လိုလိုလားလား နေရာပေးကူညီတာ မရှိခဲ့ပါဘူး။

သို့သော်လည်း တခြားခေါ်တောတွေကိုတော့ သီးသန့်နေရာ ပေးထားခဲ့တာကို တွေ့ရပါတယ်။ (သူတို့ သီးသန့်နေရာပေးထားခဲ့တဲ့ ခေါ်တောတွေဟာ မူစလင်အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်နေတယ်လို့ သံသယရှိလို့ ယခုလောလောဆယ် စစ်ဆေးခံနေရတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေပါတယ်။)

စစ်တွေမြို့ အရေးအခင်းမှာ ကျတော့ သူတို့ခေါ်တောတွေ ခံနေရတယ်လို့ သတင်းတွေထွက်လာတာနဲ့ UN အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ စစ်တွေမြို့ကို အပြေးအလွှား ရောက်ရှိလာပါတော့တယ်။ ဒါဟာ စဉ်းစားဖို့ ကောင်းတဲ့အချက်ပါ။

 နိုင်ငံတော်က မည်သူက ဖိတ်ခေါ်တယ်လို့ သတင်းထုတ်ပြန်ပါစေ (သံတမန်ရေးရာ လုပ်ထုံးလုပ်နည်းများအရ ထုတ်ပြန်ချက်လည်း ဖြစ်နိုင်ပါတယ်။) အလွန်စဉ်းစားဖို့ ကောင်းလှပါတယ်။578821 366893480046232 198908681 n

ဒီနေရာမှာ မောင်တော UNHCR ရုံးရဲ့လုပ်ငန်း တစ်ချို့နှင့် ပတ်သက်လို့ တင်ပြချင်ပါတယ်။ ဒုက္ခသည် အမည်ခံခေါ်တောတွေကို စားဝတ်နေရေး အကူအညီ ပေးနေတာပါ။ UNHCR ရဲ့ လုပ်ငန်းတွေကို အကောင်အထည် ဖေါ်ဖို့အတွက် INGOတွေကို Partner အဖြစ်နဲ့ ပူးပေါင်းဆောင်ရွက်ကြ ပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေအပြင် UNHCR ရဲ့ လုပ်ငန်းတွေထဲမှာ နိုင်ငံရေးနဲ့ ဆိုင်တာတွေလည်း ပါရှိပါသေးတယ်။

 နောက်တစ်ခုက Immigration နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေပါ။ အဲဒီထဲက သိသာထင်ရှားတဲ့တစ်ခုကို ဖေါ်ပြချင်ပါတယ်။ တရားမ၀င် နိုင်ငံဖြတ်ကျော်မှု (လ၀ကမှု/ ၁၃(၁)လို့ သိကြပါတယ်။) တွေကို ဖမ်းမိအရေးယူတဲ့ အခါမျိုးမှာ တရားခံကို ရုံးတင် စစ်ဆေးတဲ့အခါ တရားခံ ဘက်က ခုခံချေပဖို့အတွက် ရှေ့နေကို UNHCR က ငှားရမ်းပေးပြီး၊ ကုန်ကျစရိတ်ကိုပါ ကျခံပေးပါတယ်။

ဒါဟာ ဘာသဘောပါလဲ။ ဒီလိုပြစ်မှုမျိုးကို UNHCR က ကူညီထောက်ပံ့ ပေးထားတယ်ဆိုတာ နိုင်ငံဖြတ်ကျော်မှု ကျူးလွန်တာကို UNHCR က ထောက်ခံထားတဲ့ သဘောပါလား။ ဆက်လက် ကျူးလွန်ကြဖို့ အားပေးနေတဲ့ သဘောလား။

စဉ်းစားဖို့ကောင်းပါတယ်။ ကျနော် နားလည်ထားတာက UN ဖြစ်ဖြစ်၊ တခြား Agencies ဖြစ်ဖြစ်၊ INGO တွေပဲ ဖြစ်ဖြစ် နိုင်ငံတော် အစိုးရနှင့် တရားဝင် MOU (နားလည်မှု သဘောတူညီချက်)ရှိမှ လုပ်ငန်းဆောင်ရွက်ခွင့် ရှိပါတယ်။ နိုင်ငံတော်က UNHCR ကို ဒီလောက်ထိတော ဆောင်ရွက်ဖို့ သဘောတူထားလိမ့် မယ်မထင်မိပါ။ ဒီ MOU တွေကိုပြန်လည်သုံးသပ်ဖို့လည်းတောင်းဆိုပါတယ်။

UNHCR ရဲ့လုပ်ငန်းတွေဟာ၊ တစ်ဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း ရှိနေပါတယ်။ ဒီလုပ်ငန်းတွေဟာ ဆက်စပ်နေတော့ UNHCR ရဲ့ Speed Boat တွေကနတ်မြစ် တလျှောက် အစုန်အဆန်သွားလာ နေကြပါတယ်။

 အဲဒီလိုပဲ လုပ်ငန်း ဆောင်ရွက်ကြတဲ့ ၀န်ထမ်းတွေကလည်း ဘင်္ဂလားနဲ့ ရခိုင်ကို အချိန်မရွေး စစ်ဆေး မေးမြန်းခြင်းမရှိဘူး။ သန်းနိုင်နေကြပါတယ်။ ဒီ့အပြင် ကူးသန်းနေကြတဲ့ UN ၀န်ထမ်းတွေဟာ ခေါ်တောတွေ ဖြစ်နေပါ သေးတယ်။

ဒါတွေကို ထောက်ချင့်ခြင်းအားဖြင့် တစ်ဖက်က အယ်လ်ကိုင်ဒါ၊ တာလီဘန်၊ အာရ်အက်စ်အို၊ ဂျမားလ်အစ္စလာ မီယာစတဲ့ ကမ္ဘာကျော် အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့အတွက် အခွင့်အလမ်း အင်မတန်များပါတယ်။ နောက်ပြီး ဘူးသီးတောင်-မောင်တောလို ဒေသမျိုးမှာ Internet ဆက်သွယ်ရေးဆိုတာ နေရာတိုင်းမှာမရှိပါ။ UNHCR တစ်ခုတည်းမှာပဲ၂၄နာရီ၊ အကန့် အသတ်မရှိ သုံးစွဲခွင့်ရရှိထားပါတယ်။

 ဒီတော့ ဒီဝန်ထမ်းတွေအတွက် တစ်ကမ္ဘာလုံးနဲ့ အချိန်မရွေးဆက်သွယ်ခွင့် ရရှိသွားပါတယ်။ သူတို့အနေနဲ့ သတင်းတစ်ခုကို ထုတ်ပြန်ဖို့ အလွန်လွယ်ကူနေသလို ပြင်ပက သတင်းတစ်ခု လက်ခံဖို့လဲ တော်တော့်ကို လွယ်ကူလှပါတယ်။ ဒီလူတွေအတွက် ရရှိထားတဲ့ အခြေအနေတွေက အကြမ်းဖက်ကွန်ယက်ထဲမှာ ပါဝင်ဆောင်ရွက်ဖို့ အခွင့်အလမ်းကောင်းကို ရရှိထားတာပါပဲ။

ဒီခေါ်တောတွေ အတွက်လည်း ဒီလိုအခွင့်အလမ်းကို အမိအရယူဖို့ ကြိုးစားကြတာပါပဲ။ ဒီတော့ ဒီဒုက္ခသည် အမည်ခံတွေဆီကို လုပ်ငန်းအကြောင်းပြချက် အမျိုးမျိုးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အသွားအပြန်လုပ်နေကြတဲ့ UNHCR ၀န်ထမ်းတွေပါ ၀င်ပတ်သက်နေတယ် ဆိုတာ ဖြစ်နိုင်ခြေများပါတယ်။

၂၀၀၇ ခုနှစ် နောက်ပိုင်း ကတည်းက UNHCR ရုံးအပါအ၀င်၊ INGO ရုံးဌာနတွေမှာ ၀န်ထမ်းခန့်ထားမှုတွေကို လေ့လာကြည့်တဲ့အခါ ခေါ်တော လူမျိုးတွေကိုသာ ပိုမိုဦးစားပေး ခန့်ထားပြီး ဒေသခံ တိုင်းရင်းသား ၀န်ထမ်းတွေကို တဖြည်းဖြည်း အင်အားလျှော့ချလာတာကို တွေ့ရပါတယ်။ တိုင်းရင်းသားတွေကို ခန့်ထားတယ်ဆိုတာလည်း များသောအားဖြင့် Technical လိုအပ်တဲ့ ရာထူးမျိုးတွေမှာပါ။

 နောက်ဆုံး တိုင်းရင်းသား တစ်ယောက်ကို မခန့်လျှင်မဖြစ်တဲ့ အခြေအနေမျိုးမှာမှ ခန့်ထားပါတယ်။ ဒီတော့ ခေါ်တော ၀န်ထမ်းတွေကို ဘာဖြစ်လို့ တိုးခန့်လာတာလဲ။

တိုင်းရင်းသား ၀န်ထမ်းတွေ ဘာဖြစ်လို့ လျှော့ချလာတာလဲ။ ဒါတွေကို စဉ်းစားဖို့ အချိန်ကျနေပါပြီ။ ဒီလူတွေက UN နှင့် INGO တွေကို အကာအကွယ်ယူဖို့ အသုံးချနေပါပြီ။ ဒါကို UN နဲ့ INGO တွေမှာ တာဝန်ခံဆိုတဲ့ ပုဂ္ဂိုလ်နိုင်ငံခြားသားတွေ မသိလို့ အလိမ်ခံနေကြတာလား။ သိသိနဲ့ ကိုယ်တိုင် ပါဝင်ပတ်သက်နေတာလား။ အဖြေရှာဖို့လိုပါပြီ။

နောက်ပြီး သူတို့အခေါ် Vulnerable People, Beneficiary စသည်ဖြင့် ခေါ်ဝေါ်နေကြတဲ့ အကျိုးခံစားခွင့် ရရှိထားသူတွေဟာလည်း သူတို့ ခေါ်တော လူမျိုးတွေချည်းပါပဲ။ တိုင်းရင်းသားထဲက ဘယ်လောက်ပင် ဆင်းရဲနေပါစေ၊ ဘယ်လောက်ပင် ကျန်းမာရေး၊ ပညာရေးအခက်အခဲမျိုးစုံ တွေ့နေရပါစေ အကြောင်းတစ်ခုမဟုတ်၊ တစ်ခုနှင့် ပယ်ပစ်ခဲ့တာပါပဲ။

 မျက်မြင် အထောက်အထားအဖြစ်နဲ့ ဘူးသီးတောင်၊ မောင်တော ဒေသက စာသင်ကျောင်း အဆောက်အအုံတွေ၊ အဲဒီစာသင်ကျောင်းတွေမှာ ရရှိထားတဲ့ သင်ထောက်ကူပစ္စည်း၊ ပရိဘောဂ အသုံးအဆောင်တွေ ဘယ်လိုရရှိထားတယ်ဆိုတာ ကြည့်တာနဲ့ သိနိုင်ပါတယ်။

 ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသဖို့အတွက် အထောက်အပံ့ရနေတာ ဘယ်သူတွေပါလဲ။ အာဟာရချို့တဲ့မှုအတွက် အထောက်အပံ့ရရှိနေတာ ဘယ်သူတွေပါလဲ။ နောက်တစ်ခုက ဘူးသီးတောင်-မောင်တော ဒေသမှာ အနီးစပ်ဆုံး (၁၅-၆-၂၀၁၀) နေ့မှာ ဖြစ်ခဲ့တဲ့ သဘာဝ ဘေးအန္တရာယ်ရေကြီးမှုကို အကြောင်းပြပြီး ဒီနေ့အထိ အကျိုးခံစားခွင့် ရရှိနေတာတွေပါပဲ။

သဘာဝဘေးဆိုတာ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာခွဲခြားမှုမရှိပဲ ထိခိုက်ခံစားခဲ့ရတာပါ။ ဒါပေမယ့် နိုင်ငံတကာ အကူအညီရရှိခဲ့တဲ့ နေရာမှာတော့ ခေါ်တောတွေရဲ့ ရွာတွေမှာပဲ ရရှိခဲ့တာကိုမြင်ရမှာပါ။ ပြောရရင် အဲဒီတုန်းက ရေကြီးခဲ့မှုအတွက် အခုအချိန်အထိ ရိက္ခာအထောက်အပံ့ ရရှိနေတာ သူတို့ခေါ်တော တွေပါပဲ။

 ရေနှင့်သန့်ရှင်းရေး အစီအစဉ်တွေမှာ ရေတွင်း၊ ရေကန်၊ အိမ်သာ စတာတွေ အထောက်အပံ့ကို အခုအချိန်ထိ ရရှိနေသေးတာ ခေါ်တောရွာတွေပါပဲ။ စီမံချက်ဧရိယာတစ်ခု အတွင်းမှာ တိုင်းရင်းသား ရွာတစ်ရွာ ပါဝင်နေရင်တောင်မှ အိမ်ခြေ(၅၀) မပြည့်လို့ ခံစားခွင့် မပေးနိုင်ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ချန်ထားခဲ့တာပါပဲ။

(လူနည်းစုဖြစ်လို့၊ လူများစုဖြစ်လို့ဆိုပြီး ပြောတဲ့ ဆရာမကြီး ကြပ်ကြပ်သတိထား သင့်ပါတယ်။) ရင်နာစရာ အကောင်းဆုံးက အကြီးဆုံး နိုင်ငံရေးပါတီကြီးက ရေကြီးမှုအတွက် အကူအညီအဖြစ် ရိက္ခာထောက်ပံ့မှု အစီအစဉ်တောင်မှ ခေါ်တောရွာ၊ ခေါ်တောရပ်ကွက်မှာပဲ ထောက်ပံ့ပေးခဲ့တာပါဗျာ။ (မဲရဖို့လိုနေတယ်မဟုတ်လား)။

အဲဒီတော့ ခွဲခြားဆက်ဆံမှု (discrimination)၊ ပြုနေတာ ဘယ်သူတွေပါလဲ၊ နောက်ထပ် သူတို့ကျယ်ကျယ်လောင်လောင် ပြောနေတဲ့ လူ့အခွင့်အရေး (Human Right) ကို ချိုးဖေါက်နေကြတာ ဘယ်သူတွေပါလဲ၊ ဘာသာရေးလွတ်လပ်ခွင့်ကို တမင်သက်သက် ချိုးဖေါက် နေကြတာ ဘယ်သူတွေပါလဲ၊ ဒါတွေဟာ တင်ပြဖို့မလိုတော့အောင် ထင်ရှားနေပြီးသားပါ။ မဖြစ်နိုင်ပါဘူးလို့ ထင်တဲ့သူ၊ မယုံတဲ့သူ ကျနော်တို့ ဘူးသီးတောင်-မောင်တော ဒေသကိုလာခဲ့ပါ။ ကျနော်တို့ ကိုယ်တိုင် စရိတ်စက အားလုံးတာဝန်ယူပြီး လိုက်ပြချင်ပါတယ်။

ဒီဒေသကို မလာနိုင်ရင်လဲ ကိစ္စမရှိပါဘူး ခင်ဗျားတို့နဲ့ နီးစပ်ရာ ဒေသကိုကြည့်ပါ။ ၂၀၀၈ ခုနှစ်က၊ နာဂစ်မုန်တိုင်းကို အမှတ်ရနေဦးမှာပါ။ နောက်ပြီး ၂၀၁၀ ဂီရိမုန်တိုင်းကို အမှတ်ရနေဦးမှာပါ။

အခုအချိန်မှာ အဲဒီ ဒေသတွေမှာ အရေအတွက် သိန်းသန်းချီပြီး သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့ ကူညီနေတဲ့ UN အဖွဲ့အစည်း အရေအတွက် ဘယ်လောက်ရှိပါ သေးသလဲ၊ အရေအတွက် တူခဲ့ရင် တောင်မှကူညီပေးနေတဲ့ (သူတို့အခေါ် Budget) ရံပုံငွေပမာဏနှင့် လူဦးရေ အချိုးဘယ်လောက် ရှိနေပါသေးသလဲ။ ရှင်းရှင်းလေးနဲ့ မြင်နိုင်မှာပါ။ ဒါဟာ သိပ်မကြာသေးပါဘူး။

သို့သော် ဘူးသီးတောင်-မောင်တောဒေသမှာ UN အဖွဲ့အစည်းတွေ၊ INGO တွေ ၀င်ရောက်လှုပ်ရှားနေတာ နှစ်ပေါင်း(၂၀)ပြည့်ပါတော့မယ် ခင်ဗျား။ ဘူးသီးတောင်-မောင်တောမှာ နာဂစ်လည်း မဖြစ်ဖူးသေးပါ။ ဂီရိလည်းမ၀င်ခဲ့ပါ။

ဆူနာမီဆိုတာလည်း ယောင်လို့တောင်မှ မျက်စောင်းမထိုးခဲ့ပါ ခင်ဗျား။ အခုလည်း ဒီအရေးအခင်းအတွက် ကူညီထောက်ပံ့ပေးကြဖို့ ဖိတ်ခေါ်ထားတာကိုလည်း သိလိုက်ရပါပြီ။

ကျနော်တို့ ပြောရဲပါတယ်။ တကယ်တမ်း UNနဲ့ INGO တွေက အကူအညီ ပေးလာခဲ့လျင်လည်း နစ်နာဆုံးရှုံးခဲ့ကြရတဲ့ တိုင်းရင်းသားတွေကိုတော့ အစီရင်ခံစာထဲမှာ ပေးတယ်လို့ဖေါ်ပြနိုင်ရုံကလေး မစို့မပို့ရာ ခိုင်နှုန်းလောက်သာ ပေးပြီးခေါ်တာတွေကိုတော့ နောက်ထပ် နှစ်ပေါင်း နှစ်ဆယ်ကျော်မက ထပ်ပေးနေဦးမှာပါ။

ဒါက UN, INGO စတာတွေမှာ ခေါ်တောတွေချည်းပဲ ကြီးစိုးနေပြီး တိုင်းရင်းသားတွေ ခွဲခြားဆက်ဆံခံနေရတဲ့ အခြေအနေကို ကြုံကြိုက်တုန်း တင်ပြခဲ့တာ တွေပါ။

ဆက်လက်ပြီး အခုလတ်တလော နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းမှာ ခေါ်တောတွေဆီမှာ လက်နက်တွေရရှိထားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ ဒါတွေကို တရားဝင် ထုတ်ပြန်ကြေငြာထားတာ မတွေ့ရသေးပေမယ့် ယနေ့အထိ သိရှိထားရသမျှတွေ အရတော့ မှန်ကန်နေပါတယ်။

 ဒီတော့ စောစောက တင်ပြခဲ့သလို ဒုက္ခသည်အမည်ခံပြီး၊ ဘင်္ဂလား-ရခိုင် နယ်စပ်မှာ လှုပ်ရှားနေကြတယ်ဆိုတာ မှန်ကန်ကြောင်း သက်သေပြနေတာပါ။

 နောက်ပြီး UNHCR ရုံးဝင်းထဲမှာ ယာယီခိုလှုံခွင့် တောင်းဆိုပြီး တစ်ညနေခဲ့တဲ့ တိုင်းရင်းသားဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းခဲ့တဲ့အခါ သူတို့ကိုယ်တိုင် သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို တွေ့မြင်ကြားသိခဲ့ရတာတွေကို ပြောပြခဲ့တာပါပဲ။ လူပုဂ္ဂိုလ်တွေရဲ့ အမည်တွေကိုပါ တိတိကျကျဖေါ်ထုတ် ပြောလာခဲ့တာပါ။

(ဒေသခံ တိုင်းရင်းသားတွေဟာ ခေါ်တောစကားကို အထိုက်အလျှောက် နားလည်တတ်ကျွမ်း ကြတယ်ဆိုတာကို မမေ့ပါနဲ့။) နောက်ဆုံး ဖမ်းဆီး အရေးယူမှုခံရသူတွေထဲမှာ မောင်တောမြို့ UNHCR ရုံးဝင်းထဲမှာ ၀န်ထမ်းမဟုတ်ဘဲ ၀င်ရောက်ခိုလှုံနေသူတွေပါ ၀င်နေတယ်ဆိုတာ တွေကိုပါသိရှိလာရတဲ့ အထိပါပဲ။

 တကယ်တမ်း ဖမ်းဆီးစစ်ဆေးတဲ့အခါ စောစောက ယာယီခိုလှုံခဲ့သူတွေ ပြန်ပြောပြတဲ့အမည်ပါ ပုဂ္ဂိုလ်တွေ တကယ်ပဲပါဝင်နေပါတယ်။ နောက်ဆုံး ကျနော်တို့ တာဝန်ခံအကြီးအကဲဆိုသူ ကိုယ်တိုင်ပင်လျှင် ပါဝင်ပတ်သက်နေသလားလို့ တောင်သံသယရှိမိပါတယ်။ ဒါကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထိထိမိမိစုံစမ်း သင့်ပါတယ်။

ဒီတစ်ခါ အထူးကိုယ်စားလှယ်ကြီးရဲ့ ထုတ်ပြန်ချက်တွေမှာ ကျနော်တို့ ရခိုင်ဒေသက ထွက်ပြေးခိုလှုံလာတဲ့ Rohingya(ရိုဟင်ဂျာ) တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံပေးဖို့လို့ ထုတ်ပြန်ခဲ့ပြီး Rohingya(ရိုဟင်ဂျာ)ဆိုတဲ့ ဝေါဟာရကို တမင်သုံးနှုန်းထုတ်ပြန်သွားတာ တွေ့ရပြန်ပါတယ်။

ကျနော်တို့ နိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူး၊ လက်မခံနိုင်ပါဘူးလို့ တရားဝင်ထုတ်ပြန်၊ တင်ပြထားပါလျှက် အခုလို ထုတ်ပြန်ကြေငြာချက်တွေမှာ ရိုဟင်ဂျာလို့ သုံးနှုန်းသွားခဲ့တော့ UNHCR ဆိုတာ ဒုက္ခသည် အမည်ခံ အကြမ်းဖက်သမားတွေကို အကာအကွယ်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုလို့ပဲ သုံးသပ်ရပါလိမ့်မယ်။ High Commissioner for Refugees မဟုတ်တော့ပါ။ High Commissioner for RSO (Rohingya) သို့မဟုတ် High Commissioner for Rebels လို့ပဲ ပြောရတော့မှာပါ။

ဒီတော့ အခုဖြစ်ပေါ်လာတဲ့ အရေးအခင်းဖြစ်ရပ်တွေကို အသေအချာ သုံးသပ်ကြည့်မိပါသလား။ အားလုံး အစီအစဉ်တကျ အကွက်ကျကျ ဖြစ်လာသလို မြင်လာရပါလိမ့်မယ်။ အရေးအခင်းကို တနည်းမဟုတ် တနည်းနည်းနဲ့ မဖြစ်ဖြစ်အောင် ဖန်တီးကြိုးစားလာတာကို တွေ့ရပါမယ်။

အစောပိုင်းက ကျနော်တို့ တင်ပြခဲ့သလို ကျောက်နီမော်ပြဿနာ၊ တောင်ကုတ်ပြဿနာ ဆိုတာတွေဟာ လတ်တလော အကြောင်းရင်းပါ။ တကယ့် အကြောင်းရင်းကတော့ ရခိုင်ဒေသကို ခေါ်တောတွေက သူတို့နယ်မြေအဖြစ် အပိုင်သိမ်းနိုင်ဖို့ စစ်ဆင်လာတာ ဖြစ်တယ်လို့ ယူဆပါတယ်။

ဒါဟာ ရခိုင်ဒေသ တစ်ခုတည်းနဲ့ဆိုင်တဲ့ ပြဿနာပါလား။ နိုင်ငံတော် အစိုးရနဲ့ လွှတ်တော်အဆင့်ဆင့်က ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ၊ နည်းလမ်းရှာဖို့လိုပါပြီ။ လတ်တလော မီးငြိမ်းသွားရင်တောင် နောက်ထပ် မီးတောက်မလာအောင် လောင်စာကို ရှင်းဖို့လိုပါပြီ။ မီးရှို့မယ့်လက်တွေကို ဖြတ်ပစ်ဖို့လိုပါပြီ။

ကျနော်တို့ သာမန်ပြည်သူတွေ သဘောထားကတော့ ဒီခေါ်တောတွေဆိုတာ ဒီနိုင်ငံသားမဟုတ်ပါ။ တိုင်းရင်းသားမဟုတ်ပါ။ လ.၀.က(လူဝင်မှုကြီးကြပ်ရေး) ၀န်ကြီးကလည်း တိုင်းရင်းသားဆိုတဲ့ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်က ဒေသခံတွေကို မေးပါလို့ ပြောထားပါတယ်။ ဘယ်သူကမှ လာမမေးသေးပေမယ့် ဖြေပါ့မယ်။ လုံးဝ (လုံးဝ) တိုင်းရင်းသား မဟုတ်ပါ။ နိုင်ငံသားမဟုတ်ပါ။

တစ်ခါ UNHCR, တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့၊ ခေါ်တောတွေကို နိုင်ငံမဲ့ဒုက္ခသည်တွေအဖြစ် သတ်မှတ်ပြီး ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ စေတနာရှင်ကြီးတွေကို တင်ပြချင်တာ တစ်ခုရှိပါသေးတယ်။

ဘာလဲဆိုတော့ ခေါ်တောတွေနဲ့ အသွင်သဏ္ဍာန်၊ ကိုးကွယ်တဲ့ဘာသာ၊ ယဉ်ကျေးမှုထုံးစံတွေ တူညီနေတဲ့ ဘင်္ဂလားဒေ့ရှ် လိုနိုင်ငံကတောင် ဧည့်သည်အဖြစ်နဲ့ လက်မခံချင်တဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့က ကိုယ့်တိုင်းရင်းသား နိုင်ငံသားအဖြစ်နေရာ ပေးရမယ်ဆိုတာတော့ တရားပါသလား။

ဒီနေရာမှာ တစ်ဆက်တည်း နိုင်ငံတကာမှာ လှည့်လည်ပြီးဧည့်သည်ဟာ အိမ်ရှင်ကို အနှောက်အယှက် မပေးရဘူးလို့ သြ၀ါဒပေးနေတဲ့ ဆရာမကြီးကိုလည်း တင်ပြချင်ပါတယ်။ အခုလို ကျနော်တို့က ဧည့်သည်အဖြစ်နဲ့တောင် လက်မခံခဲ့ဘဲနဲ့ အိမ်ရှင်ကိုစော်ကားနေတဲ့ ခေါ်တောတွေကိုတော့ ဘယ်လိုသြ၀ါဒ ပေးပါအုံးမလဲ။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဒီခေါ်တောတွေကို သနားလှပါရဲ့၊ လူ့အခွင့်အရေးတွေ ဆုံးရှူံးနေပါရဲ့လို့ ရင်ထုမနာ ဖြစ်နေကြရင် အကောင်းဆုံးဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုတော့ ရှိပါသေးတယ်။ UNHCR တို့၊ INGO တို့က နေဆယ်စု နှစ်ပေါင်းများစွာ ရံပုံငွေ လှူဒါန်းနေမယ့်အစား မိတ်ဆွေတို့ နိုင်ငံမှာ နေရာပေးပြီး ခေါ်ထားလိုက်ကြပါ။

 နိုင်ငံတစ်နိုင်ငံတည်းက အားလုံးကို ခေါ်ဖို့မလိုပါဘူး။ အလှူရှင်နိုင်ငံတွေက အချိုးကျခွဲပြီး ခေါ်ထားလိုက်ရုံပါပဲ။
 
 သူတို့ဟာသူတို့ လုပ်ကိုင် စားသောက်ကြပါစေ။ ဒါဆိုရင် မိတ်ဆွေတို့လည်း နောက်ထပ် ရံပုံငွေတွေ ထောက်ပံ့ပေးပို့နေဖို့ မလိုတော့ပါဘူး။ သူတို့လည်း နိုင်ငံမဲ့ ဘ၀ကလွတ်ပါလိမ့်မယ်။ ကျွန်တော်တို့လည်း ကိုယ့်အိမ်မှာ ခြေဆန့်လက်ဆန့် နေနိုင်ပါလိမ့်မယ်။ မကောင်းဘူးလားဗျာ။

Arakan Times

ဘကြီးသက်
Unknown at 9:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကိုယ်တိုင် Comment တွေ ဖျက်ပြီး စာပေစိစစ်ရေးကိုတော့ မထားဖို့ တောင်းဆိုတဲ့ Eleven Media အတွက် မေးခွန်းများ



From : A Lel Lu

Eleven က ကျွန်တော်မေးထားတဲ့ မေးခွန်းတွေကို မဖြေနိုင်လို့ ကျွန်တော်ရေးပြီး တင်ထားတဲ့ Comment တွေကို ဖျက်ပစ်တယ်ဗျာ......... ဟားဟား ဒါလား တော်တော်ရီစရာကောင်းတဲ့ မီဒီယာ အုပ်စုကြီး ကိုယ့်လုပ်ရပ်တွေ အမှန်တွေပေါ်မှာ ကြောက်တော့ အခုလို ကျွန်တော် မေးထာတာကို ကြောက်ကြောက် လန့်လန့်နဲ့ အကုန်ဖျက်ပစ်တယ် သန်းထွဋ်အောင် တဏှာရူးပါ ဒေါက်တာသန်းထွဋ်အောင် အနေနဲ့ ကျွန်တော် မေးမယ့် ဒီမေးခွန်းလေးတွေကို ဖြေပြီမှာ အမြုတေစာနယ်ဇင်းကောင်စိက ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ကျင့်တရားတွေကို ထောက်ပြပြောဆိုပါ

၁။ ဒေါက်တာသန်းထွဋ်အောင် အနေနဲ့ သစ်လုပ်င်း လုပ်စဉ်က ၀န်ကြီး ဦးချစ်ဆွေ၊ ဦးအောင်ဘုန်း တို့ကို လာဘ်ထိုးခဲ့ခြင်း ရှိ/
မရှိ ဒေါက်တာသန်းထွဋ်အောင်ရဲ့ ဖခင်သစ်လုပ်ငန်းအရာရှိကြိးရဲ့ အရှိန်အ၀ါကို သုံးခဲ့ခြင်း ရှိ/မရှိ။

၂။ ဘောလုံးအားကစား ဂျာနယ် ထုတ်ဝေစဉ်က ဒေါက်တာသန်းထွဋ်အောင် ကိုယ်တိုင် လောင်းကစားမှုတွေ ပြုလုပ်ခဲ့ခြင်း ရှိ/မရှိ။

၃။ ဒေါက်တာသန်းထွဋ်အောင် အနေနဲ့ အိမ်ထောင်ရှက်လျက်နဲ့ မင်းသမီးတစ်ဦးနဲ့ ဖောက်ပြန်ပြီး အဲဒီမင်းသမီး ရုပ်ရှင်ဇာတ်ကားကြီး ရိုက်နိုင်အောင် ငွေထုတ်ပေးခဲ့ခြင်း ရှိ/မရှိ။

၎။ ဒေါက်တာသန်းထွဋ်အောင်တို့ ညီအစ်ကို ပူးပေါင်းပြီး တပ်မတော်ကို လက်နတ်များ ရောင်းချခဲ့ခြင်း ရှိ/မရှိ။

၅။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုနဲ့ ဗိုလ်မှူးချုပ် စိုးရှိန်တို့ကို Eleven ရှယ်ယာတွေ ထုတ်ပေးခဲ့ခြင်း ရှိ/မရှိ။

၆။ ပန်ပန် ကားရောင်းဝယ်ရေးနဲ့ ဒေါက်တာသန်းထွဋ်အောင် ပတ်သက်ခဲ့ခြင်း ရှိ/မရှိ

အဲဒါလေးတွေ အရင်ဖြေပေးပါ။ ကိုယ်ကျင့်တရားဆိုတာ ကိုယ်က ကောင်းနိုင် စောင့်ထိန်းနိုင်မှာ အခြားသူတွေအပေါ် လက်ညိုးထိုးပါ။ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ လူတကာကို လက်ညိုးထိုးဖို့ မလုပ်ပါနဲ့။ ဒေါက်တာသန်းထွဋ်အောင် ခင်ဗျား အမြုတေစာနယ်ဇင်းကောင်စီမှာ ဥက္ကဌ လုပ်မလား။ စာနယ်ဇင်း ကောင်စီကို စာနယ်ဇင်းနယ်ပယ်က လူတွေ မထားလို့ စစ်တပ်က လူတွေ ထားရမှာလား ကဲ ဖြေပါဦးဗျာ။
Myanmar Express

ဘကြီးသက်
Unknown at 9:20 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တက္ကသိုလ် ဆရာ ဆရာမများအသင်း ပေါ်ပေါက်လာပြီ

၁၉၆၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ တက္ကသိုလ် ဆရာ ဆရာမများအသင်းကို အသင်းဝင် ဦးရေ (၅၀၀)ကျော်နဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ စတင် ဖွဲ့စည်းလိုက်ပါတယ်။

RFA

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် မြန်မာနိုင်ငံ တက္ကသိုလ် ဆရာ ဆရာမများအသင်း ဖွဲ့စည်းသည့် အခမ်းအနား ကျင်းပနေစဉ်။

ပထမအဆင့် အနေနဲ့ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နဲ့ ဒဂုံတက္ကသိုလ် စတဲ့ တက္ကသိုလ် (၄) ခုက ဆရာ၊ ဆရာမတွေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး များမကြာမီ နိုင်ငံတ၀ှမ်းလုံးက တက္ကသိုလ်တွေ အားလုံးနဲ့ ချိတ်ဆက်ပြီး တိုးချဲ့ ဖွဲ့စည်းသွားမယ် လို့ သိရပါတယ်။

ဒီအသင်း ဖွဲ့စည်းရတာဟာ တက္ကသိုလ် ဆရာ၊ ဆရာမတွေရဲ့ အခွင့်အရေးနဲ့ ပညာရေးလွတ်လပ်ခွင့် ရရှိရေး၊ ထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေ မွေးထုတ်ရေး စတဲ့အရေးကိစ္စတွေကို ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ အသင်းဖြစ်မြောက်ရေး ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန လက်ထောက်ကထိက ဒေါက်တာ ကျော်သန်းမိုးက RFA ကို ပြောပါတယ်။

"ဆရာ ဆရာမများရဲ့ အကျိုးစီးပွား၊ နောက်တစ်ခုက သူတို့ရဲ့ သာရေး နာရေး၊ နောက်တစ်ခုက ဘာတွေလာမလဲဆို ကျွန်တော်တို့ ပညာရေးပေါ့။ ပညာရေး လွတ်လပ်စွာ လုပ်ပိုင်ခွင့်၊ ပညာရေးမှာ ထိရောက်တဲ့ ပညာရေးပိုင်းကို ပွင့်လင်းဖို့အတွက်ကို ကျွန်တော်တို့ ဝိုင်းဝန်းကူညီဖို့ အတွက်ရယ်၊ နောက်တစ်ခုက ပညာရေးနဲ့ ပတ်သက်လို့ ပညာရေး မြင့်မားတိုးတက်လာဖို့ အတွက် ဝိုင်းဝန်းပြီးလုပ်ဖို့၊ နောက် ကျွန်တော်တို့ scholar တွေလွှတ်ဖို့တို့ ဒီအသင်းကြီးကနေပြီးတော့ အင်မတန် ထူးချွန်ပြောင်မြောက်တဲ့ ကလေးတွေ ထွက်ပေါ်လာဖို့ ဒီဟာတွေပါ ရည်ရွယ်တာပေါ့နော်"

ဒီကနေ့ခေတ် မြန်မာနိုင်ငံက တက္ကသိုလ် ဆရာ ဆရာမတွေဟာ လစာ အထူးနည်းပါးတဲ့အပြင် သာရေး နာရေး ကျန်းမာရေး အခြေခံ အခွင့်အရေး အထောက်အပံ့ မရရှိတဲ့အပြင် ပညာသင်ကြားရေး အပိုင်းမှာ လွတ်လပ်မှုမရှိဘဲ ၀န်ကြီးဌာနတွေရဲ့ ၀င်ရောက်စွက်ဖက်မှု ခံနေရတယ်လို့ အသင်းဖြစ်မြောက်ရေး ဦးဆောင်သူတွေက ပြောပါတယ်။

ဒီအသင်း ဖွဲ့စည်းရာမှာ ပါမောက္ခချုပ်တွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိတဲ့အတွက် တက္ကသိုလ်ဆရာ ဆရာမတွေ အကြားမှာ အသင်းဝင်အဖြစ် ပါဝင်ဖို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။


ဘကြီးသက်
Unknown at 9:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အလုပ်အကိုင်မရှိသူများအတွက် မြန်မာနိုင်ငံ အလုပ်အကိုင် အခွင့်အလမ်းပြပွဲ ဒုတိယအကြိမ် ကျင်းပမည်




မြန်မာနိုင်ငံရှိ အလုပ်ရှင်နှင့် အလုပ်သမားများအတွက် ပထမအကြိမ် ကျင်းပစဉ်က ထင်မှတ်ထားသည်ထက် အောင်မြင်မှု ရရှိခဲ့သောကြောင့် ဒုတိယအကြိမ်အဖြစ် ထပ်မံကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူကို အေးစန်းက သြဂုတ် ၃ ရက်တွင် ပြောပြခဲ့သည်။ ယင်းပြပွဲအတွက် အဓိကရည်ရွယ်ချက် သုံးချက်ရှိကြောင်းအား “နိုင်ငံအတွက် အလုပ်အကိုင်နေရာများ ဖန်တီးပေးနိုင်တဲ့ လုပ်ငန်းရှင်နဲ့ အလုပ်အကိုင် ရှာဖွေနေတဲ့ လူငယ်များ တစ်နေရာတည်းမှာ တိုက်ရိုက်တွေ့နိုင်ရန်၊ လူငယ်တွေ မိမိနဲ့ သင့်လျော်မယ့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရန်၊ အလုပ်ရှာနေတဲ့ လူငယ်များအတွက် အချိန်၊ ငွေကြေး အကုန်အကျ သက်သက်သာသာနဲ့ ဝန်ဆောင်ခမကုန်ဘဲ ကုမ္ပဏီတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး အလုပ်အကိုင် ရရှိစေရန် ဖြစ်ပါတယ်” ဟု ပြောပြခဲ့သည်။ ပထမအကြိမ် အလုပ်အကိုင်ပြပွဲ၌ လုပ်ငန်းရှင် တစ်ဦးလျှင် အလုပ်လျှောက်ထားသူများ၏ အလုပ်လျှောက်လွှာပေါင်း ရာနှင့်ချီ၍ ရရှိခဲ့ပြီး အလုပ်လုပ်လိုသော သူများအတွက်ပါ အဆင်ပြေသောကြောင့် ယခုပွဲအား ထပ်မံစီစဉ်ခြင်း ဖြစ်သည်ဟု ပြောပြခဲ့သည်။ ယခုပြသမည့် အလုပ်အကိုင်ပြပွဲအား တပ်မတော်ခန်းမတွင် သြဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပြခန်းပေါင်း ၁၃၀ ခန့်ပါဝင်မည်ဟု ပြောပြခဲ့သည်။ ယင်းပြပွဲတွင် လုပ်ငန်းရှင်ကြီးများ အများအပြား ပါဝင်မည်ဖြစ်၍ မိမိအရည်အချင်းနှင့် ကိုက်ညီသော အမျိုးအစားအား စိတ်ကြိုက်ရွေးချယ် လျှောက်ထားနိုင်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဘကြီးသက်
Unknown at 9:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရမည်းသင်းခရိုင် ဆေးရုံရှိ အကျင့်ပျက်ခြစား ဝန်ထမ်းများအား ခုံဖွဲ့ စစ်ဆေးနေ

ရမည်းသင်းခရိုင် ပြည်သူဆေးရုံကြီး၌ ဆေးရုံရောက် လူသေများအား ခွဲစိတ်ရာတွင်
လူသေတဦးလျှင် သောင်းဂဏ္ဍန်း သိန်းဂဏ္ဍန်း အထိတောင်းနေမှုများအား တိုင်း
အဆင့် အာဏာပိုင်များမှ (၁၀ ,၈, ၂၀၁၂ ) သြဂုတ်လ(၁၀) ရက်နေ့  တွင် ခုံဖွဲ့  စစ်ဆေးလျက်ရှိရာမြို့ သူမြိုသားအများစုကြီးမှ ဝမ်းမြောက်လျှက် ရှိနေကြ ကြောင်း
ရမည်းသင်း ဒေသခံ ပြည်သူများက Myanmar News Now ကို ပြောဆိုပါသည်

ဆေးရုံများသည် ပြည်သူလူထုကြီးမှ အားထားရာ အားကိုးရာဌာနများ ဖြစ်ရေးထက်
ကြောက်လန့် ဖွယ် အားငယ်စရာဖြစ်နေ ကြောင်း ရမည်းသင်း ဒေသခံပြည်သူများက
သုံးသပ်လျှက်ရှိနေကြပါသည်။


ဘကြီးသက်
Unknown at 9:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာပြည်၏ ထိပ်သီးခရိုနီတဦးအကြောင်း တစေ့တစောင်း (ဦးတေဇ)

DK၊    ၊ဦးတေဇသည် ဤကမ္ဘာတွင် သင်းကွဲကဲ့သို့ ဖြစ်နေသည့်နိုင်ငံရှိ အရင်းရှင်စနစ်၏ ပြင်ပဆက်ဆံ ရေးမျက်နှာစာတခုသဖွယ်ဖြစ်သည်။ သို့သော် သူလုပ်ပေးနေသည်မှာ ဘယ်သူ့အတွက်ဖြစ်ပါသလဲ။
 မြန်မာပြည်မြောက်ပိုင်းရှိ ရေခဲနေသောကန်တခုသို့ ခရီးထွက်ရန် ဦးတေဇမှ ၄င်း၏ကိုယ်ပိုင်ရဟတ်ယာဉ်ပေါ် သို့တက်ပြီးချိန်တွင် ရာသီဥတုမှာကြည်ကြည်လင်လင် ရှိနေ၏။ ထိုအရပ်တွင်တည်းခိုရန်အတွက် သူပိုင်ဆိုင်သော တောင်ပေါ်ဇိမ်ခံအိမ်တလုံးလည်း ရှိနှင့်ပြီးသားဖြစ်သည်။


သူ၏အသက်သည်လည်း (၄၇) နှစ်ထဲသို့ဝင်ရောက်လာပြီဖြစ်သလို သူစပွန်ဆာလုပ်ပေးခဲ့ပြီးယမန်နေ့ည၌ကျင်းပခဲ့သော ရော့ခ်ရှိုးပွဲတခုမှတေးသံများကလည်း သူ၏နားထဲတွင်ကြားယောင်နေဆဲဖြစ်သည်။ ရဟတ်ယာဉ်သည် တဖြည်းဖြည်းနှင့် အမြင့်ပေ (၁၅၀၀၀) ခန့်ရောက်လာသောအခါ မညီမညာဖြစ်နေသော ရေကန်၏မျက်နှာပြင်ကို သူ့စိတ်ကြိုက်ဓါတ်ပုံများရိုက်ယူခဲ့သည်။
ကံမကောင်းလှစွာပင် ထိုမှမိနစ်ပိုင်းအတွင်းတွင် ရဟတ်ယာဉ်ပိုင်းလော့မှ ရဟတ်ယာဉ်အားဝေဟင်တွင်ဆက်လက်ထိန်းမထားနိုင်တော့ပဲ တောင်ပေါ်တနေရာသို့ပျက်ကျသည့်အနေအထားနှင့်ဆင်းသက်မှု (Crash-landing) ပြုခဲ့ရသည်။

ဦးတေဇနှင့်အခြားသူများအားလုံးသည် ရဟတ်ယာဉ်ပျက်အတွင်းမှ တိုးထွက်ခဲ့ကြရပြီး ၄င်းတို့တွင်ပါရှိသည့်တရုတ်နိုင်ငံလုပ်ဖုန်းတလုံးမှတဆင့် အရေးပေါ်အကူအညီတောင်းခံမှု (Distress Call)အားပေးပို့ခဲ့ကြသည်။ ၄င်းတို့၌ ရိက္ခာအနေနှင့်လည်း သကြားလုံး လက်တဆုပ်စာနှင့် သောက်ရေနှစ်ပုလင်းသာရှိနေခဲ့ပြီး ခြေကျင်းဝတ်မြုပ်သောနှင်းထုထဲတွင် နေနေကြရသည်။

အဖြစ်ကမနှစ်ကနဲ့မတူဆိုသလိုပင် ယောက်ျားငါးဦးနှင့်မိန်းမတဦး စုစုပေါင်း (၆) ဦးပါဝင်သော သူတို့အဖွဲ့အနေနှင့် တဝှီးဝှီးနှင့်တိုက်ခတ်နေသည့် ရေခဲမတတ်အေးမြသော တောင်ပေါ်လေ၏ အအေးဒဏ်မှ သက်သာရာရရန် အမြင့်ပေ(၁၂၀၀၀) တွင်ရှိသည့် ကျောက်တုံးတတုံး၏နောက်တွင် ပူးကပ်နေခဲ့ကြရသည်။ အိပ်ပျော်သွားပါက သွေးခဲပြီးအသက်ရှူရပ်တန့်သွားနိုင်၍ မအိပ်ပဲနိုးနေစေရန် တဦးနှင့်တဦး အချိန်ငါးမိနစ်ခန့်ကြာမြင့်တိုင်း အပြန်အလှန်သတိပေးနေခဲ့ကြရသည်။ ဦးတေဇသည်လည်း ၄င်းတို့အနေနှင့်ကြာကြာခံမည်ဟု မထင်လှတော့။

ထိုအကျပ်အတည်းစတင်ဖြစ်ပွားပြီး သုံးရက်ခန့်အကြာတွင်မှ ၄င်းတို့အားလုံးကို ထိုတောင်ပေါ်မှ အသက်ရှင်လျက်နှင့် ကယ်ဆယ်နိုင်ခဲ့သည်။ ထိုအချိန်အတောအတွင်း မြန်မာနိုင်ငံမှ အချမ်းသာဆုံးလုပ်ငန်းရှင်တဦး၏ရဟတ်ယာဉ်ပျက်ကျမှုသတင်းသည် မြန်မာပြည်တွင်း လမ်းများပေါ်နှင့် နိုင်ငံတကာသို့ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။
ထိုင်းနိုင်ငံမှ ငှားရမ်းလာသည့် ရဟတ်ယာဉ်တစီးနှင့်အတူ မြန်မာစစ်တပ်မှလည်း မြေပြင်တပ်များနှင့် လေတပ်ဖွဲ့များအားဖြန့်ချ၍ ဦးတေဇတို့အားရှာဖွေနေခဲ့ကြသည်။ ရဟတ်ယာဉ်ပေါ်တွင်ပါရှိသူ ခြောက်ဦးလုံးတွင် သာမန်အသေးစားထိခိုက်ဒဏ်ရာများသာရကြပြီး အားလုံးအသက်ရှင်လွတ်မြောက်ခဲ့ကြသည်။ သို့သော် ရဟတ်ယာဉ်ပိုင်းလော့မှာမူ နှင်းကိုက်သောဒဏ်ကြောင့် နောက်ပိုင်းတွင် ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးခဲ့သည်။(ထိုပိုင်းလော့နှင့်မိသားစုအတွက် ရေရှည်ထောက်ပံ့မှုများ ပေးရန် ဦးတေဇမှစီစဉ်ခဲ့သည်ဟု နောက်ပိုင်း၌ မြန်မာမီဒီယာများတွင်သတင်းထွက်လာခဲ့သည်။)

ဘေးဒုက္ခကြီးတခုမှလွတ်မြောက်ခဲ့သော ဦးတေဇအဖို့ ထပ်မံပေါ်လာမည့် အလားအလာရှိသော အခြားဘေးဒုက္ခတခုကို ထိန်းနိုင်ပါမည်လားဆိုသည်မှာလည်း စိတ်ဝင်စားစရာပင်။ ရက်စက်ကြမ်းကြုတ်လှသော စစ်ဘက်အုပ်စိုးမှုအောက်တွင် ကျရောက်နေသည့် ဘားမား (Burma) ဟု အနောက်တိုင်းအသိုင်းအဝိုင်းမှအသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံတွင် ဦးတေဇသည် သူ၏နိုင်ငံရေးအဆက်အသွယ်များမှတဆင့်ချမ်းသာကြွယ်ဝလာခဲ့သူဖြစ်သည်။ သို့သော် ထိုအောင်မြင်မှုကြောင့်ပင် မြန်မာစစ်တပ်၏ဖိနှိပ်မှုလက်အောက်မှမြန်မာပြည်သူများနှင့် အတိုက်အခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို အဓိကကူညီထောက်ပံ့ပေးနေသည့် အနောက်နိုင်ငံများမှအစိုးရများ၏ စောင့်ကြည့်မှုအောက်သို့ရောက်လာခဲ့စေပြီး သူ၏ထူးလုပ်ငန်းစုဝင်(Htoo Group) ကုမ္ပဏီများအား ပစ်မှတ်ထားပိတ်ဆို့မှုခံခဲ့ရသည်။

သူသည်လက်နက်ကုန်သည်တဦးဖြစ်ပြီး မြန်မာနိုင်ငံအားရက်စက်မှုဖြင့်ဖိနှိပ်အုပ်စိုးနေသည့် စစ်အစိုးရအားဘဏ္ဍာငွေရှာပေးနေသည့် အမာခံဘက်တော်သားတဦးဖြစ်သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနမှအတည်ပြုသတ်မှတ်ထားပြီးဖြစ်သည်။ ဦးတေဇ၏ပိုင်ဆိုင်မှုတန်ဖိုးအားခန့်မှန်းချက်နှင့်ပတ်သက်၍ အငြင်းအခုံဖြစ်နေကြဆဲဖြစ်ပြီး၊

သန်းပေါင်းများစွာသောမြန်မာပြည်သူများအနက်အများစု၏ တနေ့ဝင်ငွေမှာအမေရိကန်ဒေါ်လာတဒေါ်လာအောက်သာရှိနေချိန်တွင် မြန်မာပြည်သူများကို ဆင်းရဲတွင်းထဲသို့တွန်းပို့ထားသောစစ်အစိုးရနှင့်အလွမ်းသင့်လှပြီး အီတလီပြိုင်ကားများ၊ ကိုယ်ပိုင်ဂျက်လေယာဉ်များနှင့် အဖိုးတန်ဝိုင်များကို ဝယ်ယူထားသော သူ၏အသုံးအဖြုန်းကြီးလှသည့် နေထိုင်မှုပုံစံသည် တကမ္ဘာလုံးရှိ မြန်မာစစ်အုပ်စုအား ဆန့်ကျင်ကြသူများအားလုံး၏ ပစ်မှတ်တခုဖြစ်လာခဲ့ရခြင်းမှာလဲ သိပ်တော့မဆန်းလှပါ။
ယခုမူ ထိုရက်စက်ကြမ်းကြုတ်လှပြီးလူမုန်းများလှသောစစ်အုပ်စုဝင်အများစုမှာ လူဝတ်လဲ၍အလျှိုလျှိုလစ်ထွက်သွားကြပြီဖြစ်၍ ဘတ်ဂျက်လိုငွေ အကြီးအကျယ်ပြနေသည့်အချိန်တွင် အခွံသာကျန်တော့သည့် နိုင်ငံ့ဘဏ္ဍာတိုက်ကြောင့် ရှေ့လျှောက်အသက်ဆက်နိုင်ရန် ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်းများနှင့် အရပ်သားများပါဝင်သော ဖားတပိုင်းငါးတပိုင်းအစိုးရမှ မြန်မာစီးပွားရေးအားဖွင့်ချရန် စတင်ကြိုးပမ်းလာနေခဲ့ပြီဖြစ်သည်။ ရလာဒ်မှာ ပွင့်လာမည်ဖြစ်သည့်နေရာများကိုရယူရန် တွန်းတိုက်လှုပ်ရှားလာနေသည့် စင်ပြိုင်လုပ်ငန်းရှင်များ၏အကြိုက်ဖြစ်လာပြီး၊ အာဏာရှင်ဟောင်းနှင့်ဗိုလ်ချုပ်ဟောင်း သန်းရွှေ၏အရေးပေးမှုကိုရရှိနေခဲ့သည့်ဦးတေဇနှင့်အခြားခရိုနီများအားလုံး၏ အောက်မှထောက်ပေးထားသောဒေါက်သည်လည်း နေရာရွေ့စပြုလာပြီဖြစ်သည်။

ဖခင်ဖြစ်သူ ဒေးဒလပ်စ် (Daedalus) ၏စကားကိုလျစ်လျူရှုပြီး နေနှင့်နီးကပ်စွာပျံသန်းမိ၍ ၄င်း၏ကိုယ်ပေါ်တွင်တပ်ဆင်ထားသော အတောင်ပံတုအားဆက်ထားသောနေရာများရှိ ဖယောင်းများအရည်ပျော်ကျကာ အေဂျီယန်ပင်လယ်ထဲသို့ ထိုးကျသွားခဲ့သည့် ဂရိဒဏ္ဍာရီလာ အစ်ကရပ်စ် (Icarus) ကဲ့သို့ပင် ဦးတေဇသည်လည်း နေနှင့်နီးကပ်စွာပျံသန်းနေခဲ့လေ၏။

သူ့အားအမြတ်အစွန်းကြီးမားစွာရရှိစေခဲ့သည့် သစ်ထုတ်လုပ်ခွင့်များ၊ ရတနာတူးဖေါ်ထုတ်လုပ်ခွင့်များနှင့် သွင်းကုန်လိုင်စင်များအား ပံ့ပိုးမှုများပေးထားသည့် မြန်မာစစ်ဗိုလ်ချုပ်များ၏ တိုက်တွန်းမှုကြောင့်အပြန်အလှန်အားဖြင့် ဦးတေဇသည်လည်း စီးပွားရေးပိတ်ဆို့ခံရမှုများကြောင့် သေချာပေါက်အရှုံးပေါ်မည့်လေကြောင်းလိုင်းထောင်ခြင်း၊ ဟိုတယ်များဖွင့်လှစ်ခြင်းနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့လေသည်။ ထို့ကြောင့်ပင်လျှင် ဦးတေဇအနေနှင့် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းလာနေပြီး အချိန်အတိုင်းအတာတခုအတွင်း ပြည်ပမှအရင်းအနှီးများ ကျောထောက်နောက်ခံဖြင့် ဝင်ရောက်လာမည့် အလားအလာရှိသည့် ပြိုင်ဘက်သစ်များနှင့်ယှဉ်ပြိုင်ရန်လည်းကောင်း၊ မြန်မာ့စီးပွားရေးခေတ်ပြောင်းကာလတွင် ရှေ့ကျသောနေရာမှ ပါဝင်လုပ်ဆောင်နေသော သူ့အနေနှင့် ယခုအခါ နိုင်ငံရေးအလှည့်အပြောင်းများတွင် ထိခိုက်ဆုံးရှုံးရန်လွယ်ကူလှသော သူ၏ဖောင်းပွနေသည့် စီးပွားရေးအင်ပါယာအား ထိန်းချုပ်စီမံရန်အားလည်းကောင်းကြိုးပမ်းရတော့မည်ဖြစ်သည်။

သူ့အနေဖြင့်လာမည့်စိန်ခေါ်မှုများအတွက် အသင့်ဖြစ်နေပြီး “မိမိတို့သည်ယှဉ်ပြိုင်ရခြင်းကိုနှစ်သက်ပြီး မျှတသောယှဉ်ပြိုင်မှုကိုသာလိုလားသည်” ဟု စင်္ကာပူနိုင်ငံရှိ၊ မာရီနာဘေးဆဲန်းစ်ဟိုတယ် (Marina Bay Sands Hotel)တွင် ဖိုးဘီးစ်-အာရှမဂ္ဂဇင်း (FORBES ASIA) နှင့်တွေ့ဆုံပြုလုပ်ခဲ့သည့် ရှားရှားပါးပါးအင်တာဗျူးတခုတွင်ဂျင်းဘောင်းဘီအနက်၊ ဆွယ်တာအပါးတထည်နှင့် အပေါ့စားရှူးဖိနပ်ကိုဝတ်ဆင်ထားသော ဦးတေဇမှဆိုခဲ့သည်။
ယခင်က FORBES ASIA နှင့် ရန်ကုန်မြို့တွင်ပြုလုပ်ရန်စီစဉ်ထားပြီးမှ မလုပ်ဖြစ်ခဲ့သော အင်တာဗျူးတခု အတွက်လည်း ဦးတေဇမှ တောင်းပန်စကားဆိုခဲ့သည်။ နေ့လယ်စာစားချိန်နှင့် နှစ်နာရီကြာအင်တာဗျူးအချိန်ကာလတိုအတွင်း သူ၏ဘဏ္ဍာရေးအဆင့်အတန်း အနေအထားနှင့်ပတ်သက်၍ ရေရေရာရာရှင်းပြရန်ကိုမူ ဘာကြောင့်မှန်းမသိ နှုတ်ဆိတ်နေခဲ့သော ဦးတေဇအနေနှင့် အခြားမရှင်းမရှင်းဖြစ်နေသည်များကိုသာ ရှင်းလင်းရန်အားသန်နေခဲ့သည်။

ထူးလုပ်ငန်းစုအနေနှင့် နှစ်စဉ်ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း (၅၀၀) ရှိသည်ဟု (၂၀၁၁) ဧပြီလတွင်အီတလီသတင်းစာတစောင်အား ဦးတေဇမှပြောကြားခဲ့သောကြောင့် ထူးလုပ်ငန်းစုသည် မြန်မာနိုင်ငံ၏အကြီးဆုံးသောမဟာလုပ်ငန်းစုကြီး (Conglomerates) ဖြစ်သည် ဟုဆိုရမည်ဖြစ်သည်။ သူ့အနေနှင့် ထူးလုပ်ငန်းစု၏ဦးဆောင်ကုမ္ပဏီ၌အများဆုံးရှယ်ယာ ပိုင်ဆိုင်သူဖြစ်သည်ဟု ဦးတေဇမှဆိုခဲ့သော်လည်း ထူးလုပ်ငန်းစုမှရရှိသည့် အမြတ်အစွန်းပမာဏနှင့်ထိုလုပ်ငန်းစု၏ဥက္ကဋ္ဌအတွက် အသားတင်အကျိုးအမြတ် မည်မျှထပ်တိုးရရှိလာခဲ့သည်ဆိုသည်ကား မသဲကွဲပေ။မြန်မာနိုင်ငံတွင်းရှိ ကုမ္ပဏီအများစုသည် ၄င်းတို့၏ဘဏ္ဍာရေးအချက်အလက်များကို ထုတ်ပြန်လေ့မရှိကြပဲ၎င်းတို့၏အစုရှယ်ယာပိုင်ဆိုင်မှုများကိုလည်း ဖေါ်ပြလေ့မရှိကြပေ။

ပြင်သစ်တိုတယ် (Total) ရေနံကုမ္ပဏီနှင့်ပူးပေါင်း၍ သဘာဝဓါတ်ငွေ့တူးဖေါ်ထုတ်လုပ်နေသော ရှက်ဗရွန်ရေနံကုမ္ပဏီ(Chevron) တခုတည်းအား ချွင်းချက်ပေးထားသည့် အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာမှ မြန်မာပြည်အားပိတ်ဆို့ထားမှုမှန်သမျှကို ခါးသီးစွာဆန့်ကျင်လေ့ရှိသူတဦးဖြစ်သည်။ အနောက်နိုင်ငံများမှအစိုးရများသည် အချက်အလက်မှန်များကို မျက်ကွယ်ပြုထားသည်ဟု ဦးတေဇမှစွပ်စွဲ၏။ သူ့အနေနှင့် မြန်မာစစ်တပ်အား ရဟတ်ယာဉ်များသာရောင်းချခဲ့ပြီး လက်နက်ခဲယမ်းများရောင်းချခဲ့ခြင်းမရှိပဲ အများထင်သလို ဗိုလ်ချုပ်ဟောင်းသန်းရွှေမှ အကြီးအကျယ်မြှောက်စားခံရသူလည်းမဟုတ်သလို ဗိုလ်ချုပ်ဟောင်းသန်းရွှေ၏သားမက်လည်းမဟုတ်၊ လက်နက်ကုန်သည်လည်းမဟုတ်ပဲ နာမည်ကြီးထမင်းငတ်သာ ဖြစ်သည်ဟုဆို၏။ သူပြောသလိုဟုတ်မဟုတ်ဆိုသည်ကားသူနှင့်နီးစပ်သူများ၊ အနောက်နိုင်ငံအစိုးရများနှင့် ၄င်းတို့၏နာမည်ကျော် ထောက်လှမ်းရေးအဖွဲ့အစည်းများမှသာအသိဆုံးဖြစ်ပေမည်။

DK၊     ၊ ဦးတေဇ ဆိုသည်မှာ ဘယ်လိုလူမျိုးဖြစ်ပါသလဲ?
ဦးတေဇအား ဗိုလ်တေဇ ဟူ၍လည်း အမည်ရသော မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် နီးစပ်သော စစ်ဘက်အရာရှိတဦးမှ (၁၉၆၄) ခုနှစ်တွင် မွေးဖွားခဲ့သည်။ တေဇဆိုသည်မှာသင်္ကရိုက် ဘာသာ စကား မှဆင်းသက်လာခြင်းဖြစ်ပြီး လင်းလက်မှု (သို့) တောက်ပမှု ဟုအဓိပ္ပာယ်ရလေသည်။

ဗြိတိသျှ အင်ပါယာမှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခါနီးဆဲဆဲ (၁၉၄၇) ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း အား နိုင်ငံရေးပြိုင်ဘက်တဦး ဖြစ်သည့် ဂဠုန်ဦးစောမှ လုပ်ကြံခဲ့သည်။ သို့သော်လည်းမိသားစုနှစ်စု၏ ဆက်ဆံရေးမှာ ယခင်အတိုင်းပင် ထဲထဲဝင်ဝင် ရှိနေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ မြန်မာ့ ဒီမိုကရေစီရေး နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်မှာမူနောက်ပိုင်းတွင် ဖခင်ဖြစ်သူ ထက်ပင် ကမ္ဘာ တဝှမ်း လုံး ၌ ထင်ရှား ကျော်ကြား လာခဲ့ လေသည်။
စစ်အရာရှိ တဦးဖြစ်သည့် ဖခင်၏ ခြေရာနင်းရန် အတွက် ဦးတေဇသည် စစ်တက္ကသိုလ် (DSA) အားတက်ရောက်ခဲ့သည်။

သို့သော်လည်း စစ်တက္ကသိုလ်၊ တတိယနှစ် အရောက် တွင် နှစ်ဖက်မိဘများကန့်ကွက် နေသည့် ကြားမှ ၄င်း၏ ချစ်သူ ဒေါ်သီတာဇော် အား လက်ထပ်ခဲ့၍ ကျောင်းမှထွက်ခဲ့ရသည်။ (ဦးတေဇသည် ဇနီးဖြစ်သူနှင့် ၂၀၀၀ ခုနှစ်တွင် ကွာရှင်းခဲ့သည်။)
ထို့နောက် ၁၉၈၈ အရေးအခင်းတွင် ပါဝင်ပတ်သက်ခြင်း မပြုမီထိ စီးပွားရေး အနည်းအကျဉ်းလုပ်နေခဲ့၏။ (၁၉၈၈) တွင် မြန်မာနိုင်ငံတွင်း၌ စစ်အာဏာရှင် ဗိုလ်ချုပ်ဟောင်း နေဝင်း၏အုပ်စိုးမှုအား ပြည်သူလူထုမှ အုံကြွတော်လှန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်းအတိုက်အခံအင်အားစု ခေါင်းဆောင်အဖြစ် ပေါ်ထွက်လာခဲ့သည်။ “ အဲဒါကျနော်တို့မျိုးဆက်ပါပဲ ” ဟု လမ်းပေါ်ဆန္ဒ ပြပွဲများတွင် ပါဝင်ခဲ့သူတဦး ဖြစ်သူ ဦးတေဇမှ ဆိုသည်။

နောက်ပိုင်းတွင် (၁၉၈၉ ၌ ဗိုလ်ချုပ်ဟောင်း စောမောင်ဦးဆောင်သော စစ်အာဏာသိမ်းအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား မတရား ဖမ်းဆီးထိန်းသိမ်းခြင်း မပြုမီအချိန်ထိ)ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန်မြို့ပြင် ရှိ ဦးတေဇတို့ မိသားစု၏ နေအိမ်တွင် နေထိုင်ခဲ့ပြီး သူမအား မိမိ၏ကားဖြင့် လိုက်လံ ပို့ဆောင်ပေးလေ့ ရှိခဲ့သည်ဟု ဦးတေဇမှဆို၏။
၁၉၆၂ တွင် စတင်အာဏာသိမ်းကာ လူပေါင်းများစွာကို ဖမ်းဆီး၊နှိပ်စက်၍ ထောင်ချခြင်း၊သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့သော ပထမမျိုးဆက် စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော ဆိုရှယ်လစ် အမည်ခံ စစ်အစိုးရလက်အောက် တွင် မြန်မာ ပြည်သူများ၏ဘဝများ အစစအရာရာ နိမ့်ကျခဲ့ပြီး အတိဒုက္ခရောက်ခဲ့ကြရသည်။ အာဏာရှင် ဦးနေဝင်းသည်လည်း ၄င်းစင်တင်ပေးခဲ့သည့် ဗိုလ်ချုပ်သန်းရွှေ၏ လက်စာမိကာ အသေထွက်ထွက်သွားပြီးနောက် သားမက်ဖြစ်သူ အေးဇော်ဝင်းနှင့် မြေးများဖြစ်သော အေးနေဝင်း၊ကျော်နေဝင်း၊ ဇွဲနေဝင်း တို့အား အင်းစိန်ထောင်တွင်းရှိ သီးသန့်ထောင်၌ ယခုချိန်ထိအကျဉ်းချထိန်းသိမ်း ခံနေရသည်။ တချိန်က မောက်မာလှခဲ့သော ဦးနေဝင်း ၏သမီးဖြစ်သူ စန္ဒာဝင်းသည်လည်း နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး နောက်၊ ယခင်အိမ်မကြီးတွင်ပင် မနေရပဲ အလုပ်သမားတန်းလျားတွင် ဆင်းရဲချို့တဲ့စွာ နေထိုင်နေရသည်ဟုပြည်ပမီဒီယာများတွင် သတင်းထွက်ပေါ်လာခဲ့သည်။

၁၉၈၈ တွင် အနည်းဆုံး မြန်မာပြည်သူ တသောင်းကျော်အား ပစ်ခတ်သတ်ဖြတ်၍ လူပေါင်းများစွာတို့အား မတရားထောင်ချ နှိပ်စက်၍ အာဏာသိမ်းခဲ့သော န.ဝ.တ – စစ်အစိုးရ၏ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်စောမောင်အား ရူးသွပ်နေသည်ဟု ၄င်း၏လက်ထောက်ဖြစ်သူ ဗိုလ်ချုပ် သန်းရွှေမှ ပရိယာယ်ဆင်ဖြုတ်ချခဲ့ပြီး၊ မထင်မရှားဇာတ်သိမ်းခဲ့သည်။ န.ဝ.တ(အတွင်းရေးမှူး-၂) ဖြစ်သူ ဗိုလ်ချုပ်တင်ဦးသည် ရဟတ်ယာဉ် ပျက်ကျပြီး သေဆုံး၍ ၄င်း၏သမီးမှာလည်း ပါဆယ်ဗုံး ကြောင့်သေဆုံးခဲ့ရသည်။

အာဏာ ပါးကွက်သား ဟု နာမည်ဆိုးနှင့် ကျော်ကြားပြီး မြန်မာ ပြည်သူများ၊ အစိုးရဝန်ထမ်းများနှင့် စစ်အရာရှိများ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ကြရသည့် န.ဝ.တ (အတွင်းရေးမှူး-၁) ဖြစ်သူစစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ဝန်ကြီး ချုပ်ဖြစ်သည့် ဗိုလ်ချုပ်ခင်ညွန့်မှာလည်း (၂၀၀၄)တွင် ရာထူးမှဖယ်ရှားခံရပြီး ယခုချိန်ထိနေအိမ်အကျယ်ချုပ် ကျခံနေရပြီး ခြံဝင်းထဲ ပန်းစိုက်၍ရသောဝင်ငွေ နှင့် ခက်ခက်ခဲခဲ အသက်မွေးနေရသည်။ ဖမ်းဆီး ထိန်းသိမ်းခံထားရသော ၄င်း၏သားနှစ်ဦး ဖြစ်သော ဒုဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် ဒေါက်တာရဲနိုင်ဝင်း နှင့် သားမက်ဖြစ်သူ တို့မှာလည်း သတင်း အစအန ပျောက်နေဆဲဖြစ်သည်။

(၁၉၉၀) တွင် လူအများလေးစားမှုရှိသော ကုန်သည်များဖြစ်သည့် ဇနီးဘက်မှမိသားစု၏ နာမည်ကိုယူ၍ ထူးထရေးဒင်းကုမ္ပဏီအား ဦးတေဇမှ စတင်တည်ထောင်ခဲ့သည်။ (ဇနီးဘက်မှမိသားစု၏ စီးပွားရေးလုပ်ငန်းများသည် (၁၉၆၂) နောက်ပိုင်း အတုအယောင် ဆိုရှယ်လစ်ခေတ်တွင် ဆုတ်ယုတ်ခဲ့ရသည်။) ဦးတေဇသည် ယောက္ခမဖြစ်သူ ထံမှ ဆန်စက်တလုံးကို ငှားရမ်း၍ လုပ်ငန်းစတင်ခဲ့သည်။ထို့နောက် ထိုင်းနယ်စပ်အနီးတွင် သစ်ထုတ်ယူခွင့် အား လေလံများချပေးသည့် အချိန်တွင် သစ်လုပ်ငန်းဘက်သို့ ကူးပြောင်းခဲ့သည်။ ထိုင်းနယ်စပ်အနီးရှိ အလွယ်တကူသွားရောက် နိုင်သော နေရာများရှိ သစ်ကွက်များအား ထိုင်းလုပ်ငန်းရှင်များ နှင့်အပြိုင် လေလံ ဆွဲယူခြင်းပြု မည့်အစား ဦးတေဇအနေနှင့် မြန်မာ-ထိုင်းနယ်စပ်နှင့် ဝေးလံသော နေရာများတွင် သစ်ထုတ်ခွင့်ရရန် လေလံဆွဲခဲ့သည်။ ထို့နောက် သစ်လုံးတလုံးလျှင် အမေရိကန် (၁၀) ဒေါ်လာတန်သော ခုတ်လှဲပြီးသစ်လုံးများကို ဒေါ်လာ (၅၀၀) နှင့် အထက်ဈေးဖြင့် သစ်လုံး တလုံးလျှင် ဒေါ်လာ (၄၉၀) နှင့်အထက် အမြတ်တင်၍ ပြန်လည်ရောင်းချ ခဲ့ပြီး၊ မိမိသည် မြန်မာပြည်တွင် အကြီးဆုံး သစ်ထုတ်လုပ်သူလုပ်ငန်းရှင်ဖြစ်လာခဲ့သည်ဟု ဦးတေဇမှဆိုခဲ့သည်။

ဦးတေဇမှ ပါးပါးနပ်နပ်ဖြင့် မြိုးမြိုးမြက်မြက် ဝါးခဲ့ရသော ထိုတပွဲသည် နိုင်ငံရေး အဆက်အသွယ်များ၏ကောင်းမှုကြောင့် ဖြစ်ခဲ့၏။ မြန်မာစစ်တပ်မှ အငြိမ်းစားယူခဲ့သော ဒုဗိုလ်မှူးကြီးဟောင်းနှင့် စက်မှုဝန်ကြီးဋ္ဌာနမှ အရာရှိဟောင်းတဦးဖြစ်သူ ဖခင်မှ ဦးတေဇအား လုပ်ငန်းပါမစ်များကို ရယူရန် တိုက်တွန်းခဲ့သည်။စစ်အစိုးရ၏ သစ်လုပ်ကွက် ကြမ်းခင်းဈေး သတ်မှတ်ချက်သည် ဈေးချိုလွန်း၍ ရှိသမျှငွေအားလုံးကိုရင်းနှီးရန် သူ၏ဖခင်မှ တိုက်တွန်းခဲ့သည်ဟု ဦးတေဇမှပြောပြခဲ့သည်။ သစ်ထုတ်လုပ်ငန်းသည် ဦးတေဇ၏ထူးလုပ်ငန်းစုအတွက် အရေးပါလှသော လုပ်ငန်းတရပ် ဖြစ်နေခဲ့လေ၏။ ဝီကီလိခ်စ်မှ ထွက်ပေါ်လာသောအမေရိကန်အစိုးရ၏ ကြေးနန်းတစောင်အရ (၂၀၀၇) အတွင်း ထူးလုပ်ငန်းစုအနေနှင့် သစ်လုပ်ငန်းမှအမေရိကန်ဒေါ်လာ (၇၅) သန်းခန့် အမြတ်ရခဲ့သည်။ မြန်မာနိုင်ငံ၏ သစ်တောဧရိယာ ကျုံ့ဝင်လာမှုအားအလေးထားမိသောကြောင့် သဘာဝပတ်ဝန်းကျင်အား မပျက်စီးစေရန် ယခုအခါတွင် သူ့အနေနှင့်မြန်မာနိုင်ငံ၏ အကြီးဆုံး သစ်တင်ပို့သူ မဟုတ်တော့ပါဟု ဦးတေဇမှဆိုသည်။ မယုံလျှင်ပုံပြင်လို့မှတ်ပါ။

သစ်ထုတ်လုပ်တင်ပို့ရောင်းချခြင်းမှ အကြီးအကျယ် ပွပေါက် တိုးခဲ့ခြင်းမှ ဦးတေဇအား သူ၏ ပထမဆုံးသောဟိုတယ်အပါအဝင် အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုပြုနိုင်စေခဲ့သည်။ ထို့နောက် စင်္ကာပူနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပြီး  စင်္ကာပူသို့ ရွှေ့ပြောင်း အခြေစိုက်ရန် စိတ်ကူးခဲ့သည်။ သို့သော်လည်း(၁၉၉၇-၉၈) အာရှဘဏ္ဍာရေးအကျပ်အတည်း နောက်တွင် သူ၏အရင်းအနှီးများအား မြန်မာနိုင်ငံ၌သာ မြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။ မိမိအနေနှင့် စင်္ကာပူနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပါက စင်္ကာပူနိုင်ငံသားများသာ အကျိုးရှိမည်ဟု ယူဆမိသော ကြောင့် ဟု ဦးတေဇမှဆိုသည်။

ထိုမှနောက် ဆယ်စုနှစ်အတွင်း အခြားသောလုပ်ငန်းများကိုပါ မျက်စိကျလာသော ဦးတေဇသည် ထူးလုပ်ငန်းစုအား လုပ်ငန်းကွဲအများအပြားပါဝင်သည့် မဟာလုပ်ငန်းစု (Conglomerate) အဖြစ် အသွင်ပြောင်းခဲ့သည်။ (၂၀၀၄) တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်သည့် အဲပုဂံ(Air Bagan) အား စတင်တည်ထောင်ဖွင့်ခဲ့သည်။ ထို့ပြင် ဇိမ်ခံဟိုတယ်အများအပြားအား ဖွင့်လှစ်ခဲ့ပြီး၊အကြီးစား စက်ယန္တရားများကို ငှားရမ်းခြင်းအား စတင်လုပ်ဆောင်ခဲ့သည်။
ဦးတေဇကဲ့သို့ သစ်ကုန်သည်တဦးအနေနှင့် ငွေကြေးအရင်းအနှီးပမာဏ အများအပြားလိုအပ်သောစီမံကိန်းလုပ်ငန်း များကို ရင်းနှီး မြှုပ်နှံ၍ လုပ်ကိုင်နိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံတွင်းရှိ လူတော်တော်များများကို အံ့အားသင့်စေခဲ့လေသည်။ ဦးတေဇသည် စစ်အစိုးရအား ငွေရှာပေးနေသူတဦးဖြစ်ပြီး၊နာမည်ဆိုးနှင့်ကျော်ကြားသော စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေနှင့် နိုင်ငံ့ဘဏ္ဍာများကို အကြီးအကျယ် သုံးဖြုန်းနေသည့် အာဏာရှင်၏မိသားစုနှင့် တိုက်ရိုက် ဆက်ဆံနေသူ တဦးလည်း ဖြစ်သည် ဆိုသော သတင်းများ လည်းထွက်ပေါ် လာခဲ့သည်။

သို့သော်လည်း ထိုသတင်းများသည် ကောလဟလသာဖြစ်ပြီး သူသည် စစ်အာဏာရှင်နှင့် မိသားစုမှရွေးချယ်ခံရသူ မဟုတ် ဟု ဦးတေဇမှ ငြင်းဆိုခဲ့သည်။ ရဟတ်ယာဉ် ပျက်ကျပြီး နောက် စစ်အာဏာရှင်ဗိုလ်ချုပ်သန်းရွှေအား ကျေးဇူးတင် စကား ဆိုသော အချိန်တချိန်သာ ၄င်းနှင့် တဦးချင်း တွေ့ဆုံဖူးသည်ဟု ဦးတေဇမှဆိုသည်။ စစ်အစိုးရနှင့် အလုပ်လုပ်ရာတွင် သူ၏ ရိုးသားမှု၊ တဲ့တိုးပြောဆိုတတ်မှုနှင့်သူ့ဖခင်၏ရာထူးအဆင့်အတန်းတို့ကြောင့် ဦးတေဇအနေနှင့် အဆင်ပြေ ချောမွေ့ခဲ့လေ၏။ မြန်မာစစ်ဗိုလ်ချုပ် များနှင့် တွေ့ဆုံမှုများတွင် ဦးတေဇ အနေနှင့် ပြောလိုသည်အား ဟိတ်ဟန်မပါ၊ လှည့်စားမှုမပါပဲ တဲ့တိုးသာ ပြောဆိုခဲ့ပြီး ဗိုလ်ချုပ်အချို့သည် ထိုသို့ပြော ဆိုမှုအား အလွန်နှစ်သက်ကြသည်ဟု၎င်းမှဆိုသည်။

ဦးတေဇပိုင် ကမ်းခြေအပန်းဖြေဟိုတယ် သို့ အမှတ်မထင်ပဲ ဗိုလ်ချုပ်သန်းရွှေမှ ရောက်လာခဲ့ပြီးဗိုလ်ချုပ်သန်းရွှေ အနေနှင့် ထိုဟိုတယ်အား အကြီးအကျယ်သဘောကျ သွားခဲ့ဖူးသည်ဟု အခြားသတင်းရပ်ကွက် များမှဆိုကြသည်။ ထို့ပြင် ဦးတေဇသည် စစ်အစိုးရ၏ တတိယနေရာသို့ ရောက်ရှိလာခဲ့သည့် ထိပ်တန်း ဗိုလ်ချုပ်တဦး ဖြစ်သူ ဗိုလ်ချုပ်သူရရွှေမန်း (ယခုမြန်မာအောက်လွှတ်တော်ဥက္ကဋ္ဌ) နှင့်လည်း အစောပိုင်းကတည်းက နီးစပ်မှုရယူနိုင်ခဲ့ပြန်သေးသည်။ ဗိုလ်ချုပ် သူရရွှေမန်းမှသာမန်ဗိုလ်မှူးကြီး တဦးအဆင့်သာ ရှိသေးချိန်တွင် ဦးတေဇနှင့် စတွေ့ခဲ့ကြခြင်းဖြစ်သည်။ ထို့နောက်ဗိုလ်ချုပ် သူရ ရွှေမန်း၏ သားဖြစ်သူ အောင်သက်မန်း အား ထူးလုပ်ငန်းစုတွင် ဒါရိုက်တာတဦးအဖြစ်ခန့်အပ်ခဲ့သည်။ (ဗိုလ်ချုပ် သူရရွှေမန်းနှင့် သားဖြစ်သူ အောင်သက်မန်းတို့ နှစ်ဦးစလုံးသည်အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ခံရသူများထဲတွင် ပါဝင်သည်)
ထိုသို့သော အနေအထားနှင့် လမ်းကြောင်း ဝင်ထား မှုသည် သည် မြန်မာနိုင်ငံတွင် ထုံးစံလိုလိုပင်ဖြစ်၏။ ထိုအချိန်က မြန်မာစစ်တပ်မှ ဗိုလ်မှူးကြီးများ၏ သားများသည် ပုဂ္ဂလိက ကုမ္ပဏီများတွင်အလုပ်လုပ်ရသည်ကို သဘောကျကြသည်ဟု ဦးတေဇမှ ဆို၏။

DK၊    ၊၄င်း၏ကုမ္ပဏီများအား အနောက်မဟာမိတ် နိုင်ငံများမှ ပိတ်ဆို့ခဲ့သောကြောင့် ကနဦးပိုင်းတွင်ဦးတေဇမှ အတော်ပင် ပေါက်ကွဲ ခဲ့၏။ ဦးတေဇမှ မဟုတ်ပါ။ ယနေ့ကမ္ဘာ တွင် စီးပွားရေးအင်အားကြီး ဖြစ်ပြီး အခြေခံတန်ဖိုးများ တူညီကြပြီး ညီညွတ်မှုရှိကြသော အနောက်ဒီမိုကရေစီနိုင်ငံများနှင့် ဆန့်ကျင်ဘက် အနေအထား တွင် ရှိနေသူ များအတွက် လှုပ်ရှား နိုင်သော ဂွင်မှာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာလေ၏။
သို့သော်လည်း မြန်မာ စစ်အာဏာရှင် များနှင့် ပူးပေါင်း၍ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်နိုင်စေရန် အနောက်မဟာမိတ်နိုင်ငံများ၏ ပိတ်ဆို့မှုများသည် ၄င်းကို ပို၍အားကောင်းလာစေခဲ့ ပြီး အခြားသော လုပ်ငန်းရှင်များ အား ဈေးကွက်တွင်းသို့ ဝင်ရောက်လာရန်မှာပိုမိုခက်ခဲလာသည် ဟု ဦးတေဇမှ သူ၏အမြင်ကိုပြောသည်။ “ ဒီလိုမျိုး အနောက်တိုင်းပိတ်ဆို့မှု တွေကြောင့် ကျနော် တို့ပိုတောင်မှ ချမ်းသာလာသေးတယ်  ” ဟု ဦးတေဇမှဆိုသည်။

လက်သင့်ရာ စားတော်ခေါ်သော မြန်မာစစ်ဗိုလ်ချုပ် များ၏ အလေ့အထအရ ဦးတေဇ၏စကားသည် ဟုတ်သလိုရှိနေ၏။ သို့သော်လည်း ထိုအနေအထားများသည် အမြဲတစေပြောင်းလဲနေသည်။ အနောက်မဟာမိတ်များ၏ ပိတ်ဆို့မှုများကြောင့် ဦးတေဇအနေနှင့်ပြည်ပအရင်းအနှီးများ နှင့် ချိတ်ဆက်နိုင်စွမ်း နည်းသွားခဲ့ရပြီး မြန်မာနိုင်ငံတွင်း ဖက်စပ်ရင်းနှီးမြှုပ် နှံလိုသူ လုပ်ငန်းရှင်များအတွက် ၄င်းသည် ရှောင်ကြဉ်အပ်သူ ဖြစ်လာခဲ့သည်။
ဦးတေဇအနေနှင့် သူ၏ဂုဏ်သတင်းအား ပြန်လည်တည်ဆောက်ရန် လိုအပ်နေပြီး ၄င်း၏အနေအထားသည် သုညအဆင့် (Zero Level) တွင်တောင်မှမဟုတ်ပဲ အနှုတ်လက္ခဏအဆင့် (Negative Level) တွင် ကျဆင်းနေသည်ဟု နိုင်ငံစုံလုပ်ငန်းကြီးများ(Multinational Firms) အတွက် လုပ်ကိုင်နေသော အကြံပေးပညာရှင် တဦးမှဆိုသည်။

ဦးတေဇအနေနှင့် မြန်မာနိုင်ငံတွင်းရှိ ကမ္ဘာလှည့်ခရီးသွား များ လာရောက်လေ့ရှိသောအချက်အချာ ကျသော နေရာများတွင် ရှိနေသည့် ထူးလုပ်ငန်းစုပိုင် ဟိုတယ်  (၁၇) ခုအားနိုင်ငံတကာ စီမံခန့်ခွဲမှုကုမ္ပဏီတခု အား အသွင်သစ်ဖြင့် လုပ်ကိုင်စေလိုသော်လည်း ၄င်းလိုလားသော အဆင့်ရှိသည့် အကျိုးတူလုပ်ငန်းရှင် များအား မရနိုင်ခဲ့သော ကြောင့် ၄င်းအနေနှင့် အနောက်မဟာမိတ်များ၏ ပိတ်ဆို့မှုများကို အပြစ်တင်ရုံမှ လွဲပြီး ဘာမှမတတ်နိုင်ခဲ့ချေ။ သူ့အနေနှင့် ထိုင်းဟိုတယ်လုပ်ငန်းစု တခုမှ ကမ်းလှမ်းလာမှု ရရှိခဲ့သော် လည်းငြင်းပယ်ခဲ့သည်။အငယ်စား ဟိုတယ် လုပ်ငန်းစု များအား စိတ်မဝင်စားပဲ နိုင်ငံတကာတွင်နာမည်ရပြီးသားလုပ်ငန်းစု များကိုသာ လိုလားသည်ဟု ဦးတေဇမှဆိုသည်။

ကြပ်ပြေးရှိ နေပြည်တော်မြို့ အား ပို၍တန်ဆာ ဆင်နေသော ပညာရေး အားနည်းပြီး မသိသားဆိုးဝါးလှသည့် လူမိုက်များဖြစ်ကြသော မြန်မာ စစ်ဗိုလ်ချုပ် များကြောင့် စီးပွားရေး အရမဟာဗျူဟာ ကျသည့် ပင်လယ်နှင့် နီးစပ်သော နေရာတွင်ရှိသော်လည်း ချောင်ထိုးခြင်းခံရ၍   ရန်ကုန်မြို့တွင် ဦးတေဇ၏ နေအိမ်သည် ထိုအရပ်ရှိ အထင်ကရ အဆောက်အဦပင်ဖြစ်လေသည်။ သူ၏နေအိမ်သည် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်၊ အမေရိကန်သံရုံးတို့ နှင့် သိပ်မဝေးလှပေ။

စစ်အုပ်စု၏ လက်ချက်ကြောင့် စီးပွားရေး ချွတ်ခြုံကျပြီး လူအများစု မှာ ဆင်းရဲမွဲတေ၍ဆင်ခြေဖုံး အရပ်များတွင် ထမင်းပင် ဝယ်မစားနိုင်ပဲ ထမင်းရည်သာ သောက် နေကြရသူများရှိနေပြီး လူအများ ဆင်းရဲ ဒုက္ခရောက် နေကြချိန်တွင် ဦးတေဇ ဝယ်ယူစုဆောင်းထားသော ဖာရာရီ၊ ရိုးလ်စ်ရွိုက်စ် အစရှိသည့် တန်ဖိုးကြီး ဇိမ်ခံကား များမှာ ကားလမ်းပေါ်မှ ပင် မြင်နိုင်ပေသည်။ ကြီးကျယ်ခန်းနား လှသည့် ဦးတေဇ၏ နေအိမ်အားလမ်းပေါ်မှ ဖြတ်သွားသော တက္ကစီဒရိုင်ဘာ များမှ ၄င်းတို့၏ ခရီးသည်များကို လက်ညှိုးထိုးပြ သွားခဲ့ကြသည်။

သြစတြေးလျနိုင်ငံ၊ မက်ကွာရီတက္ကသိုလ် (Macquarie University) မှ မြန်မာစီးပွားရေး နှင့်ပတ်သက်သော ကျွမ်းကျင်သူ ပညာရှင် ရှောင်တာနယ်လ် (Sean Turnell) မှမူ ပါးနပ်သောမျက်လုံးများနှင့် ဦးတေဇသည် ကလေးများအတွက် ပုံပြင်များထဲတွင် ပါလေ့ရှိသော ဗီလိန်လူကြမ်း တဦးကဲ့သို့ ဖြစ်လုနီးနီး အနေအထားတွင် ရှိနေသည်ဟု ဆိုသည်။
မြန်မာစစ်အရာရှိများကမူ ဦးတေဇ၏ ထူးကုမ္ပဏီ ၏ပေါက်ရောက်နေမှုကို ရည်ညွှန်းသည့်အနေဖြင့်ထူးကုမ္ပဏီ အား (ကက-တေ) ဟုဆိုကြသည်။ စီးပွားရေးသမားများကမူ ၄င်းအား မြန်မာစစ်တပ်မှတတိယဗိုလ်ချုပ်မှူးကြီး ဖြစ်သည်ဟု ဆိုကြသည်။ (ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏အောက်ကပ်လျက်တွင်ရှိသည်ဟု ဆိုခြင်းဖြစ်သည်) ၄င်းအား ခရိုနီ (စစ်အုပ်စုနှင့်ပလဲနံပသင့်သူ) အဖြစ်ဆိုကြခြင်းကို မူဦးတေ ဇ အနေနှင့် ဘဝင်ကျပုံ မရပေ။ “ မြန်မာ တွေဟာ ဒါကြောင့် မချမ်းသာကြတာဗျ၊ လူတယောက် တိုးတက်ရင် သူတို့တွေက မနာလိုကြဘူး၊ နည်းမျိုးစုံနဲ့တိုက်ခိုက် နေပြီးအဲလိုပဲ လျှောက်ဖွနေ တော့တာပဲဗျာ..” ဦးတေဇမှ ငြီးငြူလေသည်။

ဦးတေဇအနေနှင့် ဒေါ်လာသန်းဆယ် နှင့်ချီ၍ ရှိသော အခွန်ကြွေးကျန် များကို ပေးဆောင်ရန်ငွေတောင်းခံလွှာ အားရရှိထား ပြီးဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း ၄င်းပိုင် ထူးလုပ်ငန်းစုအောက်ရှိ မည်သည့် ကုမ္ပဏီမှ အခွန်အများဆုံး ဆောင်ရသော ထိပ်တန်း ကော်ပိုရိတ်လုပ်ငန်း (၁၀) ခုထဲတွင် မပါပေ။ ကမ္ဘောဇ ဘဏ်သည် ပထမနေရာတွင် ရှိသည်။ ၄င်းမှအခွန်ရှောင်သည်ဟု ဆိုကြခြင်းများအား ဦးတေဇမှ ငြင်းဆိုခဲ့ပြီး၊ သူ့အနေနှင့် အခွန်ဆောင်သူတဦး ဖြစ်သည်ဟု ဆိုသည်။ လတ်တလော ပေးဆောင်ထားသော အခွန်ပြေစာ များနှင့်ပတ်သက်၍မူ သူ့အနေနှင့် (၂၀၁၁) စက်တင်ဘာလ အစပိုင်းတွင် အမေရိကန်ဒေါ်လာ (၂)သန်းရှိ သော အခွန်ငွေ ပမာဏ အား ပေးဆောင်ရန် ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ဦးတေဇမှဆိုသည်။

ထူးလုပ်ငန်းစု ၏ ကုမ္ပဏီခွဲများအနက် သစ်လုပ်ငန်း၊ အိမ်ခြံမြေ နှင့် ကုန်သွယ်မှု လုပ်ငန်းအချို့တို့မှသာ အကျိုးအမြတ် ရရှိခဲ့ပြီး သူ့အနေနှင့် အလုပ်အကိုင်များ ပိုမိုဖန်တီးနိုင်သည့်လုပ်ငန်းများဖြစ်သော ခရီးသွားလုပ်ငန်း (Tourism) နှင့် ပစ္စည်း မျိုးစုံထုတ်လုပ်သောမြန်မာပြည်၏ လူသုံးကုန်ပစ္စည်း အခြေခံသော စီးပွားရေး လုပ်ငန်းများ ကို လုပ်ကိုင်ရခြင်းအား ပို၍ နှစ်သက်သည်ဟု ဦးတေဇ မှဆိုသည်။ ဦးတေဇသည် ရက်ရောသော လုပ်ရှင်တဦးဖြစ်သည်ဟူသော အများအမြင် ကိုရရှိထားသူ ဖြစ်ကာ ၄င်း၏ အမြဲတမ်း ဝန်ထမ်းပေါင်းလေးသောင်းကျော်၏ သစ္စာစောင့်သိမှုကို ရရှိထားသူ ဖြစ်လေသည်။       

မြန်မာနိုင်ငံ၏ပထမဆုံးသော အမျိုးသမီးလေယာဉ် မှူး အပါအဝင် ထောင်ဂဏန်းခန့် ရှိသော သူ၏ဝန်ထမ်းများအား နိုင်ငံရပ်ခြားသို့ သင်တန်းများ တက်ရောက်ရန်  စေလွှတ်ခဲ့ပြီး၊ အပိုဆုကြေးနှင့် ခံစားခွင့်များ ပေးအပ်သောကြောင့် အလုပ်ကြိုးစားသော မန်နေဂျာများလည်း အရေအတွက် တိုးတက်လာခဲ့၏။ ဦးတေဇသည် သူလုပ်သမျှတွင် အခြားသူများအား လည်း ရှယ်ယာဝေစု များခွဲဝေ ပေးတတ်သူ ဖြစ်ပြီး မျှတသူ တဦးဖြစ်သည်ဟု ပြည်တွင်း ရင်းနှီးမြှုပ်နှံသူ စင်ပြိုင် လုပ်ငန်းရှင် တဦးမှဆိုသည်။
ဘောလုံးဝါသနာအိုး နှင့် ကလပ်အသင်း ပိုင်ရှင်တဦးလည်း ဖြစ်သော ဦးတေဇသည် ၄င်းပိုင်ကလပ်၏ လေ့ကျင့်ရေးကွင်းတွင် သူ၏ဝန်ထမ်းများနှင့် ဘောလုံးကစား လေ့ရှိကာ၊ မြန်မာတေးဂီတ အား ပံ့ပိုးမှုများ ပေးလေ့ရှိသူလည်း ဖြစ်သည်။ FORBES ASIA သတင်းထောက်နှင့်အတူ နေ့လယ်စာ စားပြီးသောအခါ ဦးတေဇသည် သူပိုင်ဂစ်တာ အား ဆွဲထုတ်ကာ ၄င်း၏အမှုဆောင်အရာရှိများကို ခေါ်တော့သည်။ “ ခင်ဗျားတို့ကို ဒီသံစဉ်လေး ကြားဖူးစေချင်လို့ဗျာ ”ဟုဆို၍ ဓါတ်ပြားတချပ်ကိုဖွင့်၍ ဂီတတွင် ဝင်စားကာ တေးသံစဉ်တခုကို လိုက်ပါတီးခတ်ပြခဲ့သည်။ 

Wikileaks မှ ထွက်ပေါ်လာသော အမေရိကန် သံတမန် ကြေးနန်းစာ များအရ ဦးတေဇသည် ယခင့်ယခင်က ၄င်းကျရှုံးနိုင်မည့် အခြေအနေ များကို ကျော်လွှားလာနိုင်ခဲ့သည်ဟုဖေါ်ပြထားသည်။ “ ဦးတေဇ ဒေဝါလီခံရ ပြီဟု မိမိတို့၏ စီးပွားရေးအဆက်အသွယ် မြောက်များစွာတို့မှ ယုံကြည်ကြသည်” ဟု(၂၀၀၉) မတ်လတွင် အမေရိကန် အစိုးရထံသို့ ပေးပို့ခဲ့သောအမေရိကန်သံရုံး၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ (၂၀၁၀) တွင်မှ လုပ်ငန်းရှင် အသိုင်းအဝိုင်း အတွင်း ၌ ဦးတေဇ ဂိန်သွား ပြီ၊ ၄င်းနေရာ အား စင်ပြိုင်နှင့် နောက်တက် ခရိုနီ များမှဝင်ယူနေကြပြီ ဆိုသော သတင်းများ ပျံ့နှံ့ နေခဲ့သည်ဟု ဆိုကြသည်။ ဦးတေဇ ကွယ်လွန်သွားခဲ့ပြီဆိုသော ချဲ့ကားထားသော သတင်းများမှာ ၄င်း၏  ရဟတ်ယာဉ် ပျက်မကျမီကပင်ပေါ်ထွက်နေခဲ့သည်။ ဦးတေဇကတော့ တိတ်တခိုး ကြိတ်ရယ် နေကောင်း ရယ်နေလိမ့်မည် ဖြစ်၏။
DK (Ref: Burma’s Showy Crony)
Freedom News Group မှ ကူးယူဖော်ပြသည်

ဘကြီးသက်
Unknown at 8:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

" ဇိမ် ခန်း "


  
သူတစ်ပါး မိန်းမသားတွေ အိပ်စက်နေတဲ့
ညဉ့် ၁နာရီကျော် သန်းခေါင်ယံ ဟာ
သူတို့တွေအတွက်တော့ နေ၀င်ချိန်မျှသာ
အခုမှ သမုဒ္ဒရာ ၀မ်းတစ်ထွာဇာတ်စတုန်း . . .


သံဇကာကွက်ကာထားတဲ့ တိုးလျှိုးပေါက်အခန်းမှာ
ထိုင်သူထိုင် ထသူထ အိပ်သူအိပ်
ငွေအိတ် ထဲ လက်နိုက်ပြီး လာတော့မယ့်
ရမ္မက်စွယ်တဖြဲဖြဲ နဲ့ ပုရိသ သားရဲတွေကိုလည်း
ဒါဟာ ဘ၀ပါ သီချင်းကို မဆိုပြ
၄၅ မိနစ်မှ ဥုံဖွ ပိုက်ဆံက
စက်ရုံအလုပ်သမ တရက်စာထက်ပိုရတော့ . . .

ဒီဆော် . . . ဆိုပြီး လက်ညိုးထိုးလိုက်တဲ့
အဲ့ဒီ ငတိရဲ့ အရက်ခိုးပြန် မျက်နှာမှာ
နှမချင်းစာနာစိတ်ကို မမြင်ရ
စာနာသနားစိတ်ကို မမြင်ရ
အသာငမ်းငမ်းနဲ့
သုံးထပ်သားပြားကာထားတဲ့အခန်းထဲ

ကို
သွက်သွက်လက်လက်ကြီး တန်းဝင်သွားတယ် . . .

ခိုးခိုး ခစ်ခစ်နဲ့
သူတို့ခမျာ လည်း ဒီနွံမှာ ပျော်ဝင်နှစ်နေကြသလား
သရက်သီးရောင်းသလို
ဒညင်းသီး ရောင်းသလို
ဟင်းရွက် ကန်ဇွန်းရွက် ရောင်းသလို
ပိုင်ဆိုင်သမျှ ဟောဒီကိုယ်ခန္တာကို
ဟောသလို ဟောသလို ဖောဖောသီသီရောင်း
အရင်းအနှီးကလည်း မထူးဇတ်ဖက် ဂရပ်ဖစ်ပြနေတော့ . . .

တချို့က အာသာ ဆာလောင်မွတ်သိပ်မူ့နဲ့ရောက်လာ
တချို့က ငွေကြေး ဆာလောင်မွတ်သိပ်မူ့နဲ့အစောင့်မှ
ာ
ခေတ်အဆက်ဆက်က ရိုက်ခဲ့ကြတဲ့ ဘ၀ဇတ်နာပုံပြင်တွေပဲထွက်လာ
အိုနာ ကျိုးကန်းလာလာ ၊ ခူနာဝဲစွဲလာလာ ၊ အသွင်မတူလူမျိုးခြားလာလာ
ငြင်းဆန်ခွင့်မရှိ ၊ ငွေမျက်နှာတခုထည်း ကြည့်ဖို့
ဟောဒီ လောကဓံ က ထုထောင်းကာ သင်ကြားသဘိ သို့ . . .

ဧည့်ခန်းထဲမှာ ဘီယာတပုလင်းနဲ့
မိတ်ဆွေ ငနဲ့အချို့ကို စောင့်နေတဲ့ကဗျာဆရာလည်း
အရက်သောက်တာများလို့လား
ပျို့တက်စရာ လောကရုပ်ရှင်ကို အကြည့်များလို့လား
အော့အန်ချင်စိတ်နဲ့ ဝေါ့ခနဲ အန်အန် ချလိုက်တော့
ဒီပုတ်ထဲက ဒီပဲ ဆိုတဲ့ စကားလုံးတွေပဲ ထွက်လာ . . .

အော်. . . ကူကယ်နိုင်ရာ မရှိတဲ့ အဲ့ဒီဘ၀တွေမှာ . . .

မာဃလုလင်


  lu bo

ဘကြီးသက်
Unknown at 8:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.