Saturday, August 11, 2012

အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း တိုက်ခိုက်ခံရ

အင်ဒိုနီရှား နိုင်ငံ၏ တောင်ဘက် ဆူလာဝီစီမြို့တွင်ရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်း ကိုအစ္စလာမ်ဘာသာ လူအုပ်စု တစ်ခုမှ သြဂုတ်လ ၁၀ရက်(သောကြာ)နေ့က တိုက်ခိုက်ခဲ့ သည် ဟုJakataglobe ဆိုဒ်တွင် ရေးသားထားသည်။

သောကြာနေ့ ဗလီမှ ဘုရားဝတ်ပြု ဆုတောင်းပြီး အပြန် Islamic Defenders Front (FPI) အမည်ရှိ အဖွဲ့ သည် ဗလီနားမှာ လူစုပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဆူလာဝီမြို့မှာရှိသည့် ကွမ်ကောင်နှင့် ဇီယာမာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်းကို တုတ်တွေ၊ ခဲတွေ နဲ့ပစ်ပေါက် ကြပြီး ကျောင်းတံခါးလမ်းဝတွေကို ရိုက်ပုတ် ဖျက်စီးခဲ့ကြသည်ဟု ၄င်းသတင်းစာ ကဆိုသည်။
ဇီယာမာ ဘုန်းတော်ကြီးကျောင်းမှာ ဆူလာဝီစီအခြေစိုက် Council of Buddhist Communities (walubi) ၏ ဌာနခွဲ အတွင်းရေးမှူးရုံး ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ အကြမ်းဘက် တိုက်ခိုက်မှုအား ရဲတပ်ဖွဲ့မှလွယ်ကူ ချောမောစွာထိန်းသိမ်းနိုင်ခဲ့ပြီး FPI နှင့် Walubi နှစ်ဖွဲ့အကြား ဆက်လက်မဖြစ်ပွားရအောင် သက်ဆိုင်ရာမှ အစည်းအဝေးတခု ပြုလုပ်ကာ ဖြေရှင်းခဲ့ရသည်ဟု ဆိုသည်။
“မြန်မာ-ရခိုင်ပြည်မှာ ရိုဟင်ဂျာ အမည်ခံ မွတ်ဆလင် များးအပေါ် လုံခြုံရေး တပ်ဖွဲ့မှ အကြမ်းဘက် လုပ်ဆောင်မှုအပေါ်  ၀မ်းနည်းမိပါတယ်။ ခုလို မဖြစ်အောင် မြန်မာအစိုးရကို တိုက်တွန်းသွားမှာပါ” ဟု Walubiမှ တာဝန်ရှိပုဂ္ဂိုလ် Yongris က အစည်းအဝေးအတွင်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်မှာ ဖြစ်နေသည့် ပဠိပက္ခအား အဆုံး မသတ်လျှင် မြန်မာ-အင်ဒိုနီရှား နှစ်နိုင်ငံ ကူးလူး ဆက်ဆံရေး အားလုံးကို ဖြတ်တောက်ပေးရန် FPI အဖွဲ့က တောင်းဆိုခဲ့သည်။
http://www.narinjara.com/burmese/?p=1649
ဘကြီးသက်
Unknown at 10:58 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.