Tuesday, July 24, 2012

ဇူလိုင်လ ၂၄ရက်နေ့က ရန်ကုန်မြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အပင်များ ပြိုလဲကာ မော်တော်ယာဉ်များ ထိခိုက်ပျက်ဆီး..



ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း (ရန်ကုန်စာတိုက်ကြီးနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရုံးအကြား) အောက်ဘလောက် လမ်းပေါ်တွင် ယနေ့ ညနေ သုံးနာရီခန့်က လေပြင်း တိုက်ခတ်မှုကြောင့် ပိတောက်ပင် နှစ်ပင် ပြိုလဲခဲ့ရာ ထိခိုက် ပျက်စီးခဲ့ရသော မော်တော်ယာဉ်များအား တွေ့မြင်ရစဉ်။

ဓာတ်ပုံများအတွက် ကိုကျော်လွင်အား ကျေးဇူးတင်ပါသည်..။
http://www.demowaiyan.org/2012/07/blog-post_350.html
ဘကြီးသက်
Unknown at 11:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထိုင်းနိုင်ငံသား ၉၂ ဦးကို မြန်မာတရားရုံးမှ ထောင်ဒဏ်များ ချမှတ်လိုက်

စံခလပူရီ (မဇ္ဈိမ) ။       ။ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း တရားမဝင် ကျူးကျော်ဝင်
ရောက် နေထိုင်သည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ကော့သောင်းခရိုင် တရားရုံးက  ဇူလိုင်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ်ခွဲစီ အမိန့်ချမှတ်လိုက်ကြောင်း မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာနမှ အရာရှိတဦးက ပြောသည်။

“တော်မော် (လဝက) နဲ့ သစ်တောမှုနဲ့ ချလိုက်တယ်။ ကျန်တဲ့ လက်နက်နဲ့ မူးယစ်ဆေးဝါး ပတ်သက်တဲ့ သူတွေကို ထပ်စစ်နေတယ်” ဟု အရာရှိက ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့၊ ၁၇ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် ရုံးထုတ် စစ်ဆေးကာ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ပြီး
ကော့သောင်းမြို့အနီး ၉ မိုင် အကျဉ်းထောင်တွင် ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်သည်။

ရာဘာနှင့် မူးယစ်ဆေးဝါး စိုက်ပျိုး လုပ်ကိုင်နေသည့် အထက်ပါ ထိုင်းနိုင်ငံသားများကို ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ကော့သောင်း အခြေစိုက် ခမရ ၄၃၁ တပ်ရင်းက လက်နက်နှင့်အတူ ဖမ်းဆီးရမိသည်။

ဇူလိုင်လ ၂၃ ရက်နေ့ထုတ် ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာတွင် ထိုင်းနိုင်ငံသား ၉၂ ဦးကို နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှု၊ လက်နက်နှင့် မူးယစ်ဆေးဝါးများ တရားမဝင် ကိုင်ဆောင်မှုများဖြင့် ဖမ်းဆီးထားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် သာနီသွန်ပက်ဒီ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

ဇူလိုင်လ ၁ဝ ရက်နေ့ထုတ် မြန်မာအစိုးရ သတင်းစာတွင်မူ ရာဘာခြံ လုပ်ငန်း လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ကျား ၅၂ ဦး၊ မ ၉ ဦးကို တဲ ၂၃ လုံး၊ M-16 ၅ လက်၊ AR-15 ၂ လက်၊ AK-47 ၂ လက်၊ ဝင်ချက်စတာ ၅ လက်၊ ပွိုင့်-၃၈
ခြောက်လုံးပြူး ၃ လက်၊ ပွိုင့်- ၃၅၇ ခြောက်လုံးပြူး ၁ လက်၊ လုပ်သေနတ်ရှည် ၉ လက်၊ တို ၂ လက်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ၅ ဒသမ ၅၆ ကျည် ၄၂ တောင့်၊ AK-47 ကျည် ၁၁ တောင့်၊ ပွိုင့် ၃၈ ကျည် ၃၆ တောင့်၊ လုပ်သေနတ်ကျည် ၁၂၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၃၂ ခု၊ မြေထိုးစက် ၃ စီး၊ ယာဉ်ငယ်မျိုးစုံ ၁၇ စီး၊ ဘက်ဟိုးယာဉ် ၅ စီး၊ မော်တော်ဆိုင်ကယ် ၂ဝ စီး၊ ရာဘာပင် ဧက ၁၅ဝဝ ဖမ်းဆီးရမိသည်ဟု ဆိုပြီး မူးယစ်ဆေးဝါး စိုက်ပျိုးနေသည် ဟု ဖော်ပြထားခြင်း မရှိပေ။

ဒေသခံများကမူ ဖမ်းဆီးခံရသူများတွင် ထိုင်းနိုင်ငံသားများသာမက မြန်မာနိုင်ငံသား အလုပ်သမားများလည်း ပါဝင်ကြောင်း ၎င်းတို့မှာ ခမောက်ကြီးမြို့ အရှေ့ဘက် မိုင် ၄ဝ ကျော်အကွာရှိ ဆန်မကြီးကျေးရွာ၏ အရှေ့ဘက်
ချောင်ကျသည့် ဒေသတွင် သစ်ခိုးထုတ်ခြင်း လုပ်ငန်းအပြင် ရာဘာစိုက်ခင်း ဧက ၅,ဝဝဝ ကျော်အတွင်း
ဆေးခြောက်ပင်များ စိုက်ပျိုးခြင်း လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိကြောင်း ပြောသည်။

“အဲဒီမှာ ဆေးခြောက် စိုက်လို့ အောင်မြင်နေတာ ၆ နှစ်လောက် ရှိပြီ၊ ဒီနှစ်မှ လာဖမ်းတာ၊ အဲဒီနေရာကို အစိုးရတပ်က လည်း ရောက်တယ်၊ တပ်အာဏာပိုင်တွေလည်း သိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နယ်ခြားမှတ်တိုင်ကို အနည်းဆုံး တနှစ်တကြိမ် သွားကြည့်ရတယ်လေ” ဟု ဆန်မကြီးရွာတွင် ၆ နှစ်ကျော် နေထိုင်လာသည့် ဒေသခံတဦးက ပြောသည်။

စားဝတ်နေရေး အဆင်မပြေသည့် ဒေသခံအချို့မှာ ပွဲစားများ၏ လိမ်လည် ဆွဲဆောင်မှုကြောင့် ဆေးခြောက်စိုက်ခင်း တွင် သွားရောက်လုပ်ကိုင်ကြပြီး နေရပ်သို့ ပြန်လည် ရောက်ရှိသူ မရှိသလောက် နည်းပါးကြောင်း အထက်ပါ ဒေသခံ က ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ခ် ရှင်နာဝပ်ကလည်း အထက်ပါကိစ္စကို သမ္မတ ဦးသိန်းစိန်အား အသိပေး ပြောကြားခဲ့ကြောင်းနှင့် တရားခံများကို အကူအညီပေးရန် ဒေသခံ ထိုင်း-မြန်မာ နယ်စပ်ကော်မတီသို့ တာဝန်ပေးထားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာသာနီ က ပြောသည်။

ဇူလိုင် ၂၇ ရက်တွင် မြန်မာ တရားရုံး၌ ရုံးတင်စစ်ဆေးမည် ဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာတရားစီရင်မှု လုပ်ငန်းစဉ် တွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်းလည်း သူက ဆက်လက်ပြောကြားသည်။

ဘကြီးသက်
Unknown at 10:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လှိုင်သာယာ အလုပ်သမား ဆန္ဒပြ

လှိုင်သာယာ စက်မှုဇုန် (၄) မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် ဟိုင်မို ဟိုက်အာ့တ် (Hi Mo - High Art) ဆံပင်တုစက်ရုံမှာ ဒီကနေ့ မနက် ကိုးနာရီက စတင်ကာ အလုပ်သမား နှစ်ထောင်နီးပါး စက်ရုံတွင်းမှာ အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။

RFA
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမားများ ၂၀၁၂ ခုနှစ် မေလ ၉ ရက်က ဆန္ဒပြနေကြစဉ်။
အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူညီချက်ကို အလုပ်ရှင်ဘက်က ထပ်မံ ချိုးဖောက်တဲ့အတွက် အခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြ အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မယမင်းလွင်က RFA ကို ပြောပါတယ်။
"ဒီနေ့ ၉ နာရီမှာ စပြီးတော့ ပြန်ပြီးတောင်းဆိုတယ်။ တောင်းဆိုတယ်ဆိုတာ အရင်တုန်းကလို အပြင်မှာထွက်ပြီး မနေတော့ဘူး။ အထဲထဲမှာပဲ နေတယ်။ မီးပိတ်ပြီး ငုတ်တုတ်ထိုင်နေကြတယ်။ အလုပ်မလုပ်ဘူး။ ဘယ်လို အချက်တွေလည်း ဆိုတော့ တခြား အချက်တွေကို တောင်းဆိုစရာမရှိဘူး။ အရင်ကတည်းက တောင်းဆိုပြီးသား ဖြစ်တဲ့အတွက် ဒီစာချုပ်တွေကို တရားဝင် လိုက်နာပေးဖို့ပဲ။ အကုန်လုံးပဲ။ တစ်စက်ရုံလုံး။ ၁၉၅၀ လုံး တောင်းဆိုတယ်"
အလုပ်သင် အလုပ်သမားတွေကို သင်တန်း တစ်လပေးပြီးရင် ကျွမ်းကျင်အဆင့်အဖြစ် ခန့်အပ်ဖို့ မူလက သဘောတူညီထားခဲ့ပေမယ့် လက်တွေ့မှာတော့ လျော်ကြေးပေးပြီး အလုပ်က ထုတ်ပစ်မယ်လို့ အလုပ်ရှင်ဘက်က ပြောဆိုခဲ့ကြောင်း ဆန္ဒပြ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီ အလုပ်ထုတ်ခံရမယ့် အလုပ်သင် အလုပ်သမား ၁၀၀ ကျော်ဟာ မြို့နယ် အလုပ်သမားရုံးကို ဒီကနေ့ သွားရောက် တိုင်ကြားခဲ့ကြတယ်လို့ သိရပါတယ်။
အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား နောက်ဆုံးညှိုနှိုင်း သဘောတူညီထားတဲ့ အချက် (၄၄) ချက်ထဲက လုပ်ခလစာ တိုးမြှင့်ရေး အချက်ကလွဲလို့ အချိန်ပို နာရီ (၈၀) အလုပ်လုပ်ခွင့် အပါအ၀င် ကျန်အချက်တွေ အားလုံးနီးပါးကို အလုပ်ရှင်ဘက်က လိုက်နာ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
Hi Mo စက်ရုံရဲ့ အုပ်ချုပ်ရေး မန်နေဂျာ ဦးစံသာထွန်းကတော့ အလုပ်ရှင် အလုပ်သမား သဘောတူညီချက်အတိုင်း အခွင့်အရေးတွေ ရရှိအောင် ဖြေရှင်း ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။
"ကိုးရီးယားဘက်ကိုလည်း မပါဘူး။ ကိုယ့်ရဲ့နိုင်ငံသားပဲ ဦးခံယူထားတာ။ ကလေးတွေကိုလည်း ပြောတယ်။ ကိုယ့်နိုင်ငံသားဘက်က ဘာပဲဖြစ်ဖြစ် လုပ်ပေးမယ်။ ဒါပေမဲ့ မူအတိုင်း ဦးဆောင်ရွက်ပေးမယ်။ အဲလိုပဲ သူတို့ကို ပြောထားတယ်"
ဟိုင်မို ဟိုက်အာ့တ် (Hi Mo - High Art) ဆံပင်တုစက်ရုံဟာ လွန်ခဲ့တဲ့ မေလအတွင်း လနဲ့ချီ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အလုပ်ရှင် အလုပ်သမား သဘောတူညီချက်တွေကိုလည်း အလုပ်ရှင်ဘက်က (၄) ကြိမ်လောက် ချိုးဖောက်ခဲ့တယ်လို့ ဆန္ဒပြ အလုပ်သမားတွေက ပြောပါတယ်။

RFA Burmese

ဘကြီးသက်
Unknown at 10:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အိ


ကံဆိုးမ သွားရာ မိုးလိုက်ရွာနေသလား။ အိတစ်ယောက် မွေးကတည်းက မိဘမိတ္တာကို မခံစားရပဲ စွန့်ပစ်ခံရလို့ မုန့်လက်ဆောင်သည်ကြီးကခေါ်မွေးစားခဲ့တာလေ။ လသားအရွယ်ကတည်းက သူတောင်းစားတွေလက်ထဲကို တနေ့ ၁၀၀၀နှုန်းနဲ့ ထည့်ပြီး ရုပ်ပြတောင်းစားခဲ့ရတဲ့ အိဘ၀။

ကလေးဘ၀တလျှောက်လုံး တောင်းရမ်းစားသောက်ကာ အသက်ရှင်ဖို့ရပ်တည်ခဲ့ရတယ်။ ၁၀နှစ်အရွယ်မှာတော့ မွေးစားဖခင်ရဲ့ စားခြင်းခံခဲ့ရလို့ ပထမဆုံး အပျိုရည်ပျက်ခဲ့ရတာကိုတောင် ဘာမှ မသိနားမလည်ပဲ အဖေအမှတ်နဲ့ ဆက်ချစ်ခဲ့ရတဲ့ အိဘ၀။ ကောင်းကောင်းမနေရ၊ မစားရ၊ ပညာမသင်ရပဲ လေလွင့်ကာ အရပ်တကာလှည့်ပြီး ၀မ်းစာအတွက် တောင်းရမ်းစားရတဲ့ အိဘ၀၊

အသက်၁၃နှစ်အရွယ်တွင် ပထမဆုံး အပျိုရည်ဖောက်မယ်ဆိုပြီး ပွဲစားတွေနဲ့ စပ်ခံရတဲ့ အိဘ၀။ ရသမျှကို အဖေဆီအပ်ကာ ဘ၀ကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းရတဲ့ အိဘ၀။

အသက်အရွယ်နဲ့မမျှ ဘ၀နဲ့ မတန်လောက်အောင် အနစ်နာခံ လုပ်ကျွေးနေသော်လည်း အရက်သောက်၊ ဖဲရိုက်၊ ပွေရှုပ်နေတဲ့ဖခင်အကြွေးတွေကို လည်မျိုနစ်မတတ် ပြန်ဆပ်ပေးနေရတဲ့ အိဘ၀............

ချီးစားလောက်တွေသာ ချီးတွင်းမှာ ပျော်ပါးနေသလို အိတယောက်လည်း အပျက်မ ဘ၀နဲ့ ဘ၀ကို တဖြည်းဖြည်းခုံမင်လာတယ်။
အရွယ်လေးလည်း ရလာတော့ ခန္ဓာကိုယ်လေးကလည်း လှလာတော့ အိတယောက် အချိန်ပြည့် မအားလပ်အောင်ဖောက်သည်တွေတိုးလာတယ်လေ။ ဖောက်သည်တွေနဲ့ ဘ၀တူတွေက ပေးတဲ့ အတွေ့အကြုံ အပြောအဆိုတွေကြောင့် အိတယောက်တဖြည်းဖြည်း လူရည်လည်လာတယ်။ ငွေကို လွယ်လွယ်ရသလို လွယ်လွယ်ပြန်သုံးတတ်လာသည်။ အရက်၊ဆေးလိပ်၊ ဖဲ၊ မူးယစ်ဆေး၊ ကလပ် စတာတွေမှာလည်း ခုံမင်လာတယ်။
အပြောအဆိုကလည်း ညက်သလား မမေးနဲ့။ အမူပိုတတ် အချွဲပိုတတ် အပေးကောင်းလာလို့လဲ အိကို တွေ့တဲ့ ယောကျာ်းသားတိုင်း မသနားပဲ မနေအောင်ဖြစ်ကြရတယ်။သူ့ဘ၀လေးတွေကို ဇာတ်လမ်းလုပ်ပြောပြနေရင်တောင် တချို့ယောကျာ်းတွေ မျက်ရည်ကျကြရတယ်။

ဒီဘ၀ဆိုးကြီးက ရုန်းထွက်ချင်လှပါပြီတဲ့။
ကောင်းတဲ့ဘ၀မှာ ရိုးရိုးသားသားရှာဖွေပြီး ရှိတာလေးနဲ့ပဲ နေချင်လှပါပြီဆိုတဲ့ အိရဲ့ သုံးနေကျလက်သုံး စကားလေးတွေကို ဘယ်ယောကျာ်းသားက မသနားပဲ နေနိုင်ပါ့မလဲ။

အစ်ကိုကသာ အိကို အချစ်ဆုံး၊ အိဘ၀ကို နားအလည်ဆုံး၊ အစ်ကိုကို ဒါကြောင့်လဲ အိ သိပ်ချစ်တာ၊ အိကို နားလည်တဲ့သူ အိအပေါ်ကောင်းအောင် ပြောတတ်တဲ့သူက အစ်ကို တစ်ယောက်ပဲရှိတယ်ဆိုတဲ့ နှုတ်ခမ်းထက်က ဓားသွားတွေရှိတဲ့အပြောမျိုးတွေ...

အစ်ကိုချစ်ချစ်မချစ်ချစ် အိကတော့ နားမလည်ဘူး အိလေ အစ်ကိုကို ချစ်နေရရင်ပြီးပြီ။ အစ်ကို အိဆီကို ဆန္ဒရှိမှ လာလည်း အိကအစ်ကိုလာရင် အရမ်းပျော်နေတာ။ အချိန်တိုင်း အစ်ကို့ကိုပဲ မျှော်နေတာ။ ဧည့်သည်လာတိုင်း အစ်ကိုလားဆိုပြီး အိမှာဖြင့်မျှော်နေရတာအမောပဲ...ဟူသော စကားလှလှလေးတွေကို မျက်ရည်အရွှဲသားလေးနဲ့ ရင်ခွင်ထဲတိုးပြီးပြောနေတဲ့ အိကို ဘယ်လို ယောကျာ်းသားက မချစ်နိုင်ပဲ မသနားနိုင်ပဲနေမှာလဲကွယ်။

အိလေ..အိမ်က အဖေအတွက် ပိုက်ဆံအရမ်းလိုနေတယ်။ ဒါကြောင့် အခုရက်ပိုင်း နေမကောင်းတာတောင် ဧည့်သည်တွေကိုမ၀င်ချင်ပဲဝင်နေရတယ်။ အိ ဒီလကုန်ရင် အလုပ်ကထွက်ချင်ပြီအစ်ကို..အဲဒါအစ်ကို အိ အလုပ်ထွက်တာကို ကြိုက်လားဟင်။ အစ်ကိုကသာ ကြိုက်ရင် အိ ဒီအလုပ်ကို မရရအောင် ထွက်လိုက်တော့မယ်နော်ဟူသော အိရဲ့ အညှာကိုင် ချုပ်နည်းတွေ....

ကာမဆက်ဆံပြီးတိုင်းလည်း အခကြေးငွေကို မတောင်းပဲ အစ်ကိုရယ် အိ အစ်ကို့ပိုက်ဆံတွေ ကုန်မှာစိုးတယ်။ အစ်ကို အိ ဆီလာတာနဲ့တင် အစ်ကို့ပိုက်ဆံတွေ တော်တော်ကုန်နေပြီ။ အိဆီသာ နေ့တိုင်းလာရင် အိ ကျေနပ်ပြီ။ အစ်ကို အိအတွက် ဒါတွေပေးဖို့မလိုပါဘူးနော်။ မပေးပါနဲ့နော်။ အိလေ..အခုရက်ပိုင်း နေမကောင်းဖြစ်လွန်းလို့ ငွေတွေကုန်တာမှ တောက်တောက်လည်း သိလား။ ဆေးခန်းတခါသွားပြရင် ၃၊ ၄သောင်းကုန်တယ်။ ဟိုနေ့ကလည်း အိ ပိုက်ဆံကို ခိုးသွားတာ ၆သောင်းကျော်ပါသွားတယ်။ အိမှာဖြင့် ငိုလိုက်ရတာ မသုံးရက် မစွဲရက်ပဲ မိဘတွေကို ပေးမည့်ပိုက်ဆံတွေ၊ အိလေ.. အဲဒီနေ့က တညလုံးကို အိပ်မပျော်ဘူး သိလား အစ်ကို။ အခုအစ်ကိုလာတော့ အိမှာ ပျော်လိုက်ရတာ။ဘယ်လိုပျော်မှန်းမသိဘူး။ အစ်ကို့ရင်ခွင်ထဲမှာနေနေရရင် အိဘ၀ကြီးတစ်ခုလုံး လုံခြုံသလိုခံစားရတယ်။ အိလေး အစ်ကို ရင်ခွင်ထဲမှာ အဲဒီလိုပဲ အကြာကြီး ရှိနေချင်တယ်။ အစ်ကိုက ဘယ်လိုကြည့်ကြည့် အရမ်းချစ်ဖို့ကောင်းတာ။ အိလေ..အစ်ကို နောက်နေ့တွေ ထပ်မလာတော့မှာ အရမ်းစိုးရိမ်တယ် သိလား။ အိဆီကို အစ်ကို မလာတော့မှာပဲ ကြောက်နေတာ ဆိုတဲ့ အိရဲ့ ယောကျာ်းတွေရဲ့နှလုံးသားအတွင်း ရိုက်ထည့်တဲ့ မြားဆိပ်တွေ...

ဒီလို အပြော ဒီလို အမူအရာ ဒီလို အပြုအစု အယုအယ အကြင်နာတွေနဲ့ ဘယ်ယောကျာ်းက မသနားပဲ နေမလဲ။ ယောကျာ်းတို့ရဲ့ မဟာယောကျာ်သားဆန်တဲ့စိတ်ဓာတ်တွေကို သိတဲ့ အိအတွက် တောင်းသလောက် ရ၊ လိုသလောက် ရဖြစ်နေတော့ ငွေတွေ တဖြည်းဖြည်းနဲ့ လွယ်လွယ်ရလာတာပေါ့လေ။ ငယ်ငယ်ကတည်းက ပညာမသင်ခဲ့ရ၊ ဆုံးမသွန်သင် ထိန်းကွပ်မှုမရှိခဲ့တဲ့ အိတစ်ယောက် သုံးဖြုန်းပျော်ပါးနေရင်းနဲ့ ဖာဘ၀မှာ ပျော်ပါးလာတယ်။ ၀တ်တတ်၊ စားတတ်၊ ပြင်တတ်၊ ဆင်တတ်လာတော့ အိတစ်ယောက် မင်းသမီးရှူံးလောက်အောင် သူဋ္ဌေးသမီးရှူံးလောက်အောင် နေတတ်ထိုင်တတ် ပြောတတ်ဆိုတတ်လာတယ်လေ။ အသက်ကလေးကလည်း ၁၉နှစ်ဆိုတော့ သေခါနီး ရိက္ခာလိုချင်ကြတဲ့ အဘတွေ အကြိုက်ပေါ့။ ငွေရရင် ချူလို့ရရင် ဘယ်သူမဆို ကြင်နာပြမယ်ဆိုတဲ့ အိတစ်ယောက် အဆင့်အတန်းမြင့်လာတယ်ပဲ ဆိုရမလား။ ပိုပြီး ပျက်စီးလာတယ်ပဲ ပြောရမလား မသိတော့ပါဘူး။ အရင်က မာစွတ်တွေမှာ လာပျော်ပါးတဲ့သူတွေကိုသာ ကြင်နာပြခဲ့တာ။ အဲဒီလူတွေရဲ့အိမ်ထောင်ရေးကို သွားနှောင့်ယှက်တာတွေ၊ ဖျက်ဆီးတာတွေ မလုပ်ခဲ့ဘူး။ အခုကျတော့ ပစ်မှတ်တွေထားပြီး ငွေတွေ ရသလောက် ချူဖို့လုပ်တတ်လာတယ်။ မကြာပါဘူး။ အပြင်ထွက်ပြီး အဆောင်လေးငှားနေလိုက်တယ်။ ထောက်ပံ့သူ ကိုကိုတွေကို အလှည့်ကျ အကြင်နာတွေပေးတယ်။ ဘာသင်တန်း ညာသင်တန်းဆိုတာလေးတွေကို တက်ပြီး ချမ်းသာတဲ့ ကောင်လေးတွေနဲ့ ခင်မင်ရင်းနှီးအောင်လုပ်တယ်။ ချမ်းသာတဲ့ ကောင်မလေးတွေနဲ့ ခင်အောင် ပေါင်းပြီး ဦးလေး အစ်ကိုတို့နဲ့ ခင်မင်ရင်းနှီးအောင်လုပ်တယ်။

အထာနပ်ပြီးသား အိတစ်ယောက် ဘာမျက်စိတွေနဲ့သူ့ကို ကြည့်လဲဆိုတာမြင်တာနဲ့ ၀င်ရောပြီးသား။ အလိုလိုက် အကြိုက်ဆောင်ထားပြီးသားလေ။ ပြီးတော့ပြောတဲ့စကားလေးက ရှိသေးတယ်။ ဦးကို ချစ်လို့ သမီး မိုက်မိတာ။ သမီးရှက်လိုက်တာပေါ့။ အစ်ကိုကြီးကို ချစ်လွန်းလို့ ပုံအပ်မိတာပါ ညီမလေ...သေတောင် သေချင်တယ်ပေါ့။ မမြင်ဖူး မူးမြစ်ထင်နေကြတဲ့ ယောကျာ်းဘသားတွေကလည်း ယုံကြတယ်လေ။

သမီးနောက်ဆို ဘယ်လိုမျက်နှာမျိုးနဲ့ တွေ့ရမလဲ ဦးရယ်။ သမီးသူငယ်ချင်းကို သမီး ဘယ်လိုဆက်ပြီး ပေါင်းရတော့မှာလဲ ဦးရယ်။ မီးကိုသနားရင် ဒီနေ့ဖြစ်ခဲ့တာတွေကို ဦး မေ့ထားလိုက်နော်။ သမီးအတွက် ဘာမှမလိုဘူး။ အခုလိုဖြစ်ရတာလဲ ဦးကို ချစ်လွန်းလို့ သမီးဘက်ကနေ ပေးဆပ်လိုက်တာပါ ဦးတဲ့။ အဲလို အပြောတွေကို မခိုက်တဲ့ နွားအိုတွေ ရှိဦးမလား။ ကွယ်ရာမှာ ခိုးစားလို့ လူမသိအောင် နေတတ်သူကို မကျေနပ်တဲ့သူ ရှိဦးမလား။ မြေးအရွယ်သမီးအရွယ် နုနုထွတ်ထွတ်လေးကို ဘာတာဝန်မှ မယူရပဲ စားနေရတော့ လိုချင်သလောက် ငွေတွေ မကျပဲ ရှိပါတော့မလားကွယ်...

လောဘဆိုတာ အတော်မသတ်နိုင်တာ လူ့ဘ၀ပဲလေ။ တဏှာကိလေသာတွေလည်း ထို့အတူပါပဲလေ။ မကောင်းတာကို မကောင်းမှန်းမသိတော့ပဲ။ မကောင်းမှုတွေထဲမှာပဲ ပျော်ပါးမွေ့လျော်လာတဲ့ အိတစ်ယောက်၊ လုပ်ကွက်တွေမှန်နေတော့လည်း အိမ်တစ်ဆောင် မီးတပြောင်နဲ့ဖြစ်လာတာပေါ့။ သူ့အတွက်ကတော့ ဒါတွေဟာ ရသင့်ရထိုက် ဖြစ်သင့်ဖြစ်ထိုက်တယ်ထင်ပြီး စိတ်ကြီးဝင်လာတာပေါ့။

အဆက်အသွယ်တွေရလာ...အပေါင်းအသင်းတွေဆန့်လာပြီး သေခါနီးအဘိုးအိုတွေကိုမှ ပစ်မှတ်ထားပြီး အပိုင်ကြံတော့တာပဲ။
လင်သုံးယောက်အတည်ယူဖြစ်ပြီး အမွေတွေ အများကြီးရခဲ့တယ်။ ငွေကြေးချမ်းသာလာတော့လဲ လူတွေက အိကို အထင်ကြီးလေးစားလာကြတယ်လေ။ ဖာသည်ဆိုတာကို မသိပဲ လာဖားနေကြတာ။ သဘောကလည်း ကောင်း၊ ဆက်ဆံရေးကလည်း သိမ်မွေ့ဆိုတော့လူချစ်လူခင်များတာပေါ့။ အပြောကတော့ ဆင်ကို လိပ်ဖြစ်အောင် ပြောတတ်တာ။ အိဆိုတဲ့ ကောင်မလေးဟာ အခုထက်ထိ ရှိတုန်းပါ။ လက်ရှိမှာလည်း အကောင်အကြီးကြီးရဲ့ အချစ်ဆုံးလေးဖြစ်နေတယ်လေ။

သူ့ဘ၀ဟာ တိုးတက်တာလား၊ အောင်မြင်တာလား၊ အားကျစရာကောင်းသလား ဆိုတာကို စာဖတ်သူတို့ သင်ခန်းစာယူသင့်တယ်နော်။
အကျင့်စရိတ္တတွေ ဆိုးရွားအောက်တန်းကျနေတာတောင် ငွေကြေးဓနပြည့်စုံသွားတာနဲ့ အရာရာကို ဖန်တီးနိုင်တယ်ဆိုတာကို မြင်သွားကြပြီ။ အားလုံးနားလည်သွားကြပြီထင်တယ်။ လူတစ်ယောက်ကို တန်ဖိုးဖြတ်တာဟာ ချမ်းသာကြွယ်ဝမှုနဲ့ လူအများ တိုင်းတာနေကြတယ်ဆိုတာကို သိသွားကြပြီထင်တယ်။

အဲဒါကြောင့်လဲ လောဘသားကောင်တွေဟာ သူတို့ မနစ်နာမချင်း မခံရ မချင်း ကိုယ်ချင်းစာစိတ်မရှိပဲ လူတွေအပေါ်ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ ဆက်လုပ်နေကြတာ။ ဥစ္စာဆိုတာ လူတိုင်း သည်းခြေကြိုက်ပဲလေ။ ငွေရှိရင် လိုချင်တာ အားလုံးမရတာတောင် လိုချင်တာဖြစ်အောင် လုပ်နိုင်တဲ့အစွမ်းတွေ အပြည့်ရှိတယ်လေ။ အဲဒါကြောင့်လည်း လူတွေလောဘဇောတက်ပြီး ကိုယ်ကျင့်တရားတွေ ပျက်ပြားပြီး ငွေနောက်လိုက်ကြတာ။ လိုက်ရင်း လိုက်ရင်း မိုက်ရင်း မိုက်ရင်းနဲ့ နောင်တမရပဲ အပြစ်မမြင်ကြပဲ ကြီးမိုက်တွေဖြစ် သမိုင်းတွင်လူမိုက်ကြီးတွေဖြစ်ကုန်ကြတာပေါ့။ အာဏာနဲ့ ငွေဟာ ယစ်မူးမိရင် ဘယ်လိုမှ ဖြတ်လို့မရဘူး။ ကိုယ်ခံရမှ ကိုယ်နစ်နာမှ ကိုယ်ဒုက္ခခံစားရမှသာ ဥစ္စာရူး၊ အာဏာရူးများ အသိတရားကလေး နည်းနည်းသာ ၀င်တတ်ကြပြီး ဆက်ပြီးမိုက်တတ်ကြသည်ဟူသော သဘောတရားလေးကို လူတိုင်း ထင်သာမြင်သာရှိအောင် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

အောင်ကျော်ဦး
၂၁၊၀၇၊၂၀၁၂
  lu bo

ဘကြီးသက်
Unknown at 10:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လိင်မှူကိစ္စမပါပဲ...ချစ်ခြင်းကို ပြနိုင်သောနည်းလမ်း (၂၅)မျိုး...



ရေးသားသူ mgachitsone on ဇူလိုင်လ 23, 2012 at 8:03pm in
၁)သီချင်းအတူတူသီဆိုခြင်း။
၂)အတူတူအလုပ်လုပ်ခြင်း။
၃)သစ္စာစောင့်သိခြင်း။
၎)အိမ်စာအတူလုပ်ခြင်း။

၅)ဖယောင်းတိုင်ဖြင့်ညစာအတူစားခြင်း။
၆)တစ်ယောက်နှင့်တစ်ယောက်ရယ်မောပျော်ရွှင်အောင်လုပ်ခြင်း။
၇)စိတ်ကူးအိပ်မက်အချင်းချင်းတစ်ယောက်နှင့်တစ်ယောက်ဖလှယ်ခြင်း။
၈)တစ်ယောက်ပြသနာတစ်ယောက်နားထောင်ပေးခြင်း။
၉)အထူးလက်ဆောင်ဝယ်ပေးခြင်း။
၁၀)အုပ်စုနှင့်ပျော်ပွဲစားအတူထွက်ခြင်း။
၁၁)တစ်ယောက်နှင့်တစ်ယောက်ချစ်သ၀ဏ်လွှာပါးခြင်း။
၁၂)အတူတကွချက်ပြုတ်စားသောက်ခြင်း။
၁၃)အတူတကွလက်တွဲပြီး လရောင်အောက်တွင်လမ်းလျှောက်ခြင်း။
၁၄)နှစ်ဖက်သောသူငယ်ချင်းများနှင့်တွေ့ဆုံခြင်း။
၁၅)နေ၀င်ချိန်ကိုအတူတကွစောင့်ကြည့်ခြင်း။
၁၆)သင်နှစ်သက်သော အ၀တ်အစားကို လက်ဆောင်ပေးခြင်း။
၁ရ)ဓါတ်ပုံအတူတကွရိုက်ခြင်း။
၁၈)နာကျင်ခံစားမှူများကို တစ်ယောက်နှင့်တစ်ယောက် ဝေမျှပြောဆိုခြင်း။
၁၉)စာအုပ်အတူတကွဖတ်ခြင်း။
၂၀)အတူတကွအိမ်သန့်ရှင်းရေးလုပ်ခြင်း၊ဆေးသုတ်ခြင်း။
၂၁)ပန်းပင်၊သစ်သီးဝလံပင်များကိုအတူတကွစိုက်ပျိုးခြင်း။
၂၂)တူညီသောဝါသနာများကို ၇ှာဖွေဖော်ထုတ်ခြင်း။
၂၃)အတူတကွ ကစားနိုင်သော နေရာများ
(ကြက်တောင်၊တင်းနစ်၊ဘောင်းလင်း)သို့သွားရောက်ကစားခြင်း။
၂၄)တစ်ယောက်အကြောင်းတစ်ယောက်ကဗျာရေးဖွဲ့ခြင်း။
၂၅)စာပေဗဟုသုတများ အကြားအမြင်အသိဝေဌပေးခြင်း။
အထပ်ပါနည်းလမ်းများက.....
တကယ့်အချစ်စစ်ကို တန်ဖိုးထားပြီး ချစ်ခြင်းရဲ့တန်ဖိုးကို မြှင့်တင်နိုင်သောနည်းလမ်းလေးတွေပါ...
ချစ်သူရှိသော သူငယ်ချင်းနှင့် ချစ်သူမရှိသော သူငယ်ချင်းလည်း သိထားသင့်တယ်ထင်လို့
မျှဝေလိုက်ခြင်းပါ ....အားလုံးသာယာအေးချမ်းဖြူစင်သောချစ်ခရီးလမ်းလေးများစွာကို
ပိုင်ဆိုင်နိုင်ပါစေ၇ှင့်......။
ကျေးဇူးတင်ပါတယ်
True Love Waites Campaign (Precious Stones Youth Center )
နောက်နောက် (peereducator)
http://www.mmitpalace.com/forum/topic/show?id=6456788%3ATopic%3A181141&xgs=1&xg_source=msg_share_topic မှ ...

ဘကြီးသက်
Unknown at 10:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမိုင်းဘူတာရုံရှေ့ မြန်မာ့မီးရထားပိုင်မြေတွင် ကျူးကျော်ဆိုင်ခန်းဖွင့်လှစ်ထားသူများအား စတင်ဖယ်ရှား


ရန်ကုန်၊ ဇူလိုင်-၂၄
ရန်ကုန်မြို့၊ သမိုင်းဘူတာရုံရှေ့ရှိ မြန်မာ့မီးရထားပိုင်မြေများတွင် ကျူးကျော်ဆိုင်ခန်းဖွင့်လှစ်ထားသူ ၂၂ ဦးအား ယနေ့(ဇူလိုင် ၂၄ ရက်) နံနက် ၆ နာရီမှ စတင်ဖယ်ရှားရှင်းလင်းနေကြောင်း မြန်မာ့မီးရထားတိုင်းအမှတ်(၇)မှ မန်နေဂျာကပြောသည်။

မြန်မာ့မီးရထားပိုင်မြေအတွင်း ကျူးကျော်နေထိုင်ကြသူများအား ဖယ်ရှားပေးရန် လွန်ခဲ့သည့် တစ်နှစ်ကပင် သတိပေးစာများ ထုတ်ပြန်ထားခဲ့ ကြောင်း၊ ယခုကဲ့သို့ ရှင်းလင်းမှုများကို အသုတ်လိုက်ခွဲ၍ ဆက်လက်ရှင်းလင်းဖယ်ရှားမည်ဖြစ်ကြောင်း ၎င်းက ပင်ပြောသည်။

ယခုနေရာသည် ကျူးကျော်မြေဖြစ်သည်ကို မိမိတို့အနေဖြင့် သိရှိပါသော်လည်း မြန်မာ့မီးရထားအနေဖြင့် မည်သည့်လုပ်ငန်းမှ ဆောင်ရွက်ခြင်းမရှိသဖြင့် စားဝတ်နေရေးအရ ဆိုင်ခန်းများ လာရောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖယ်ရှားရှင်းလင်းမှုအပေါ် ဌာနဆိုင်ရာမှ တာဝန်အရ လုပ်ဆောင်ခြင်းဖြစ်သည်ဟုသာမြင်ပါကြောင်း ဆိုင်ခန်းရှင်းလင်းဖယ်ရှားခံရသူအချို့ကပြောသည်။

 by 7Day News Journal






ဘကြီးသက်
Unknown at 10:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တစ်ပတ်အတွင်း ဟံသာဝတီ ကားရောင်းဝယ်ရေးစခန်းမှ ကားဈေး အခြေအနေ


လင့်ခရူဇာ ၂၀၀၇ မော်ဒယ် ဒီဇယ်- ၆ဃ ---------------------------- ၈၆၅ သိန်း

ကလူဂျာ---- ၂၀၀၁--- ဓာတ်ဆီ -------- ၆ဃ -------------------၂၅၅ သိန်း

RAV 4-------၂၀၀၂ ဓာတ်ဆီ ------------ ၆ဃ ----------------၂၄၀ သိန်း

RAV4 ------၂၀၀၂ ဓာတ်ဆီ -------------- ၅ဃ----------------၂၀၀ သိန်း

ကိုရိုလာ (မျောက်ခေါင်း) ----၂၀၀၁ ဒီဇယ် --၉က --------------- ၉၅ သိန်း

ပရိုပေါက် -------၂၀၀၇ ဓာတ်ဆီ ----------- ၆ဃ ---------------၁၄၀ သိန်း

နစ်ဆန်း (AD) ----၂၀၀၇ ဓာတ်ဆီ ---------- ၆ဃ ------------- ၁၃၀ သိန်း

ဟွန်ဒါ (Civic) --- ၂၀၀၁ ဓာတ်ဆီ -------- ၆ဃ ---------------- ၂၀၀ သိန်း

ကိုရိုလာ (ဖင်ကောက်) --- ၂၀၀၁ ဒီဇယ် --- ၅ဃ -------------- ၂၂၀ သိန်း

ကိုရိုလာ (ဖင်ကောက်) --- ၁၉၉၉ ဒီဇယ် --- ၅ဃ ---------------၂၀၀ သိန်း

ဆူဇူကီး R+ -------------- ၂၀၀၇ ဓာတ်ဆီ --- ၅ဂ ------------- ၁၂၅ သိန်း

ဆူဇူကီး R+ -------------- ၂၀၀၅ ဓာတ်ဆီ --- ၆ခ ------------- ၉၅ သိန်း

ဆူဇူကီး R-- -------------- ၂၀၀၇ ဓာတ်ဆီ --- ၂ဂ ------------ ၁၀၀ သိန်း

ဆူဇူကီး R -- -------------- ၂၀၀၅ CNG --- ၂ဂ ------------- ၁၂၀ သိန်း

ဖင်မလီယာ၊ မာဇဒါ လေးဘီး လေလံအပ်ကားများ ငွေကျပ် ၅၅ သိန်းပတ်လည် အရောင်းအဝယ်ရှိနေပြီး ယနေ့လက်ခံနေသော “ပ” အက္ခရာများမှာလည်း ငွေကျပ် ၅၅ သိန်းသာ ဈေးရှိနေသည်။

နံပါတ်အနီ AA Taxi ကားများ ပြန်လည် သွင်းနိုင်ရန်အတွက် “ဗ” အက္ခရာ အစ “အ” အက္ခရာ Taxi များမှာ ယနေ့ ပေါက်ဈေး ငွေကျပ် သိန်း ၆၀ ဝန်းကျင်ရှိနေသည်။

ကားစလစ်ဈေးနှုန်း သိန်း ၆၀ 

ဘကြီးသက်
Unknown at 10:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ဖျက်ထိပ်ထား


 -------------------------------------------------------------------------------------------------
တိုင်းရေးမကြွယ်
သူနုနယ်သည်၊ 
အလှမာန်တက်
သူဂုဏ်မက်သည်၊
နောက်ဆုံး နိဂုံး
ပြည်ပျက်သုံးမည်။

 တိုင်းပြည်ရဲ့  ကံကြမ္မာသည် မိမိလက်တွင်းရောက်လာသည့်အခါမှာ...တိုင်းပြည်ရေးရာနှင့်
ပြည်သူပြည်သားတို့  အရေး ကိစ္စများစွာ တို့ကို ပါဝင်လုပ်ဆောင်ရန် အတွေ့အကြုံ အလွန်နုနယ်ချိန်ဖြစ်သည်။     မိမိ အကျိုးစီးပွားကိုသာ မြင်ပြီး ၊ရမက်ကြီးကာ ပတ်ဝန်းကျင်မှ မြှောက်ထိုး သွေးထိုးခြင်းကို အလွယ်တကူယုံကြည်သော သတိ မရှိသူလည်း ဖြစ်သည်။ 

ပညာရှိ လူကြီးသူမအပြင် မိခင်၏ စကားကိုပါ မနာယူခဲ့ပါ။ မဟေသီဂုဏ်ဖြင့် ဓလေ့စည်းကမ်းများကို ချိုးဖောက်ပြီး၊အလိုရမ္မက်ကြီးကာ ကျေးဇူးမသိတတ်သော ကြောင့် .....၊ သူမအား မြောက်ပေးနေသော နောက်လိုက်နောက်ပါတသိုက်နှင့် အတူ အချိန်ဖြုန်းကာဖြင့် အရာ အားလုံး အား လွမ်းမိုးနေပြီးဟု သူစိတ်ကထင်နေသည်၊...လက်တွေ့ ဘ၀တွင် ..ကမ္ဘာ့သမိုင်းနှင့်ယှဉ်လာရသောအခါ လက်ညှိုးထိုးရာ ရွှေမဖြစ်လာရုံသာမက မိမိနှင့် အပါအ၀င် တိုင်းပြည်တစ်ခုလုံးပါ ပျက်သုံးခြင်းဆီသို့ ဆိုက်ခဲ့ရပြီ။

ဘယ်လိုဖြစ်ဖြစ် စုဖုရားလတ်သည် မြန်မာပြည်၏ ရာဇ၀င် သမိုင်းကြောင်းတွင် သူမ၏ အတ္တ၊ မာန တို့ကြောင့် မြန်မာပြည်အား နယ်ချဲ့ လက်သို့ ကျရောက်စေခဲ့သူအဖြစ် မော်ကွန်းရေးထိုးခြင်း ခံခဲ့ရသူပင်ဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံးမိဖုရားဖြစ်သူ၏ သမိုင်းကြောင်းမှာ အလွန်းဆိုးရွားစွာ တွေ့မြင်ရပေသည်။





စုဖုရားလတ်သည် မြန်မာပြည် ပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏ နောက်ဆုံးဘုရင်(
သီပေါမင်း)၏ မိဖုရားဖြစ်သကဲ့သို့ ကုန်းဘောင်ခေတ်၏ နောက်ဆုံး မဟေသီပင်ဖြစ်သည်။ စုဖုရားလတ်အား မြတောင်မြို့ကို စားရ၍ မြတောင်မင်းသမီးဟုလည်း ခေါ်ကြသည်။
မင်းတုန်းမင်း
နှင့် အလယ်နန်းစံမိဖုရားဖြစ်သော ဆင်ဖြူမရှင်မှ စုဖုရားလတ်အား သက္ကရာဇ်၁၂၂၁-ခု၊ နတ်တော်လပြည့်ကျော်(၄)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၈၅၉)တွင် ဖွားမြင်တော်မူသည်။ ဆင်ဖြူမရှင်တွင် သမီးသုံးယောက်ရှိရာ အကြီးဆုံးမှာ မိုင်းနောင် စုဖုရားကြီး၊ အလတ်မှာ မြတောင် စုဖုရားလတ်နှင့် သမီးအငယ်မှာ ရမည်းသင်း စုဖုရားလေးတို့ ဖြစ်ကြသည်။ မြနန်းစံကျော် ရွှေနန်းတော် နန်းသိမ်းပြီးချင်း ပထမဆုံးမွေးဖွားသော သမီးတော်ဖြစ်သည်။ ပထမ ဒီပဲရင်းမြို့၊ မန်လည်မြို့များကို စားခဲ့ရသည်။ မြတောင်မြို့စား မင်းသမီးအဖြစ်နှင့် သီရိပဘာ ရတနာဒေ၀ီ ဘွဲ့ရသည်။
သက်တော်(၁၉)နှစ်အထိ ရတနာပုံနန်းတွင် မင်းတုန်းမင်းတရားကြီး၏ သမီးတော်များတွင် ထိပ်ဆုံးနေရာရခဲ့သည်။ အသက်(၁၉)နှစ်တွင် ထီးနန်းစံရပြီး နန်းမတော်အရှင် မိဘုရားခေါင်ကြီး အဖြစ်နှင့် (၇)နှစ်ပတ်လုံး အတိုင်းအစမရှိသော အာဏာဖြင့် စံစားခဲ့ရသည်။ နန်းကျပြီး သက်တော်(၂၆)နှစ်မှ နတ်ရွာစံသည့် သက်တော်(၆၆)နှစ်၊ နှစ်ပေါင်း(၄၀)တိတိ အထိ စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းနှင့် နေသွားရသည်။ [1]
နန်းတွင်း အရှုပ်တော်ပုံများကြောင့် မင်းတုန်းမင်းသည် မိမိ၏ သားတော်များအား အိမ်ရှေ့စံမတင်ဘဲ တိုင်းပြည်ရေးရာတွင် မိမိနှင့်အတူ တက်ကြွစွာ ပါဝင်လုပ်ဆောင်သော ညီတော် ကနောင်မင်းသားအား အိမ်ရှေ့စံမင်းသားအရာ ပေးအပ်လေသည်။ ဥာဏ်ရည်စွမ်းပကားမြင့်မားမှုရှိသော ကနောင်မင်းသားအား နန်းတွင်း အမတ်များနှင့် မှူးမတ်အချို့မှာ ကျေနပ်မှု မရှိကြပေ။
ဆင်ဖြူမရှင်မိဖုရားသည် မိမိသားသမီးများကောင်းစားရေးနှင့် နန်းတွင်းတွင် လိုသလိုခြယ်လှယ်နိုင်ရန် ၀န်ကြီး မှူးမတ်၊ မင်းသားအချို့တို့ စည်းရုံးသိမ်းသွင်းကာ မင်းတုန်းမင်း၏ သားတော်တစ်ပါးဖြစ်သော၊ စာပေကျမ်းဂန်၌သာ ပျော်မွေ့တတ်သော ဘုန်းကြီးလူထွက် သီပေါမင်းသားအား သမီးကြီး စုဖုရားကြီးနှင့် လက်ဆက်ရန် စီမံသည်။ သို့သော် ထက်မြက်သော စုဖုရားလတ်သည် မိဖုရားခေါင်ကြီးနေရာကို သီရိပဘာ ရတနာဒေ၀ီဘွဲ့ဖြင့် အရယူခဲ့သည်။ ဆင်ဖြူမရှင်မိဖုရားနှင့် စုဖုရားလတ်တို့ကြောင့် သီပေါမင်းသား ဘုရင်ဖြစ်လာပြီး စုဖုရားညီအစ်မ(၃)ယောက်လုံး မိဖုရားအဖြစ် လက်ခံခဲ့ရသည်။ စုဖုရားလတ်သည် သီပေါဘုရင်နှင့် မေတ္တာမျှခဲ့သော အရပ်သူ ဒိုင်းခင်ခင်အား အဓမ္မနည်းဖြင့် ဖြတ်တောက်ကွယ်ပျောက် စေခဲ့သည်။
၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့သည် စစ်ပြုရင်ဆိုင်တိုက်ခိုက်ရခြင်း မရှိဘဲ သီပေါမင်းနှင့် စုဖုရားလတ်တို့အား နန်းချလျက် မြန်မာပြည်တစ်ပြည်လုံးကို သိမ်းပိုက်လိုက်သည်။ သီပေါမင်းမှာ (၇)နှစ် ထီးနန်းစည်းစိမ် ခံစားပြီးနောက် မြန်မာပြည်အား အင်္ဂလိပ်လက်အောက်သို့ ပေးခဲ့ရသည်။ ထိုနှစ် နိုဝင်ဘာလတွင် ဗီရိုလှည်းအသီးသီးဖြင့် ဘုရင်၊မိဖုရား မိသားစုနှင့် အသိုင်းအ၀ိုင်းတို့ကို တင်ဆောင်ကာ မန္တလေး ဂေါဝိန်ဆိပ်မှ သူရိယသင်္ဘောဖြင့် အိန္ဒိယပြည်ရှိ မဒရပ်မြို့သို့ခေါ်ဆောင်ကာ ရတနာဂီရိမြို့တွင် အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့မှာ မန္တလေးမြို့တွင် ဆောက်လုပ်လျက်ရှိသော မြတောင်ဘုန်းကြီးကျောင်းတိုက်ကိုပင် ရေစက်ချခွင့် ရမသွားကြပေ။
၁၈၈၆ ဧပြီလ၊ မဒရပ်မြို့တွင် စုဖုရားလတ်သည် သမီးငယ်တစ်ပါးကို ထပ်ဖွားမြင်ခဲ့သည်။ ထို့နောက် ရတနာဂီရိတွင် သားငယ်တစ်ပါးကို ထပ်ဖွားမြင်ရာ ငယ်စဉ်ကတည်းက သေဆုံးခဲ့သည်။ သမီးတော်ကြီး အရှင်ထိပ်စုမြတ်ဖုရားကြီးက အိန္ဒိယလူမျိုး တံခါးမှူးဖြစ်သူနှင့် အကြောင်းပါပြီး တုတုဆိုသူ ဘိုင်ဆပ်သမီးလေးကို ဖွားမြင်သည်။ ၁၉၁၂ တွင် စုဖုရားလေး ကွယ်လွန်ခဲ့ပြီး ၁၉၁၆တွင် ဒုတိယမင်းသမီး အရှင်ထိပ်စု မြတ်ဖုရားလတ်က သီပေါဘုရင်၏ အမှုထမ်းတစ်ဦးဖြစ်သူ မြန်မာလူမျိုး ခင်မောင်လတ်နှင့် အိမ်ထောင်ပြုခဲ့သည်။
တိုင်းတစ်ပါး၌ သီပေါဘုရင်သည် (၃၁)နှစ်နေထိုင်ခဲ့ပြီး အသက်(၅၈)နှစ် ၁၉၁၆ ဒီဇင်ဘာတွင် ဆီးချိုရောဂါဖြင့် နတ်ရွာစံခဲ့သည်။ စုဖုရားလတ်မှာ မြန်မာပြည်သို့ ပြန်လာခွင့်ရခဲ့ပြီး သာမန်အရပ်သူဘ၀ဖြင့် နေထိုင်သွားကာ ၁၉၂၅၊ ဒီဇင်ဘာတွင် ရိုးစင်းစွာ ဇာတ်သိမ်းခဲ့သည်။
စုဖုရားလတ် ကွယ်လွန်သောအခါ အမျိုးအဆွေများက မိဖုရား မွေးဖွာကြီးပြင်းရာ မန္တလေးမြို့သို့ ယူဆောင်သဂြိုဟ်ခွင့်တောင်းရာ အင်္ဂလိပ်တို့က ခွင့်မပြုခဲ့ပေ။ ယခုအခါ စုဖုရားလတ်၏ သချိင်္ုင်းကို ရွှေတိဂုံ ဘုရားတောင်ဘက်ရှိ ကန်တော်မင်ပန်းခြံထဲတွင် တွေ့မြင်နိုင်ပါသည်။
ကုန်းဘောင်ခေတ်ကာလတွင် အဘွားဖြစ်သူ နန်းမတော်မယ်နု၊ သမီး ဆင်ဖြူမရှင်နှင့် မြေးတော်စပ်သူ စုဖုရားလတ်တို့မှာ ထက်မြက်သော မဟေသီ၊ ဒေ၀ီ၊ ဧကရီများ ဖြစ်ခဲ့ကြသည်။ တိုင်းပြည်ရေး မငြိမ်သက်ဖြစ်နေချိန်တွင် လူလားမြောက်ခဲ့ကြ သူများဖြစ်ကြသည်။
ပြန်ကြည့်လျှင် စုဖုရားလတ်သည် သီပေါဘုရင်၏ မိဖုရားခေါင်ဖြစ်လာချိန်တွင် နန်းတွင်းရေးရာနှင့် ပြည်တွင်းပြည်ပ ကိစ္စများစွာတို့ကို ပါဝင်လုပ်ဆောင်ရန် အတွေ့အကြုံ အလွန်နုနယ်ချိန်ဖြစ်သည်။ မိမိ အကျိုးစီးပွားကိုသာ မြင်ပြီး ပတ်ဝန်းကျင်မှ မြှောက်ထိုး သွေးထိုးခြင်းကို အလွယ်တကူယုံကြည်သော သတိ မရှိသူလည်း ဖြစ်ခဲ့သည်။ ပညာရှိ လူကြီးသူမအပြင် မိခင်၏ စကားကိုပါ မနာယူခဲ့ပါ။ ဘုရင့်မဟေသီဂုဏ်ဖြင့် နန်းဓလေ့စည်းကမ်းများကို ချိုးဖောက်ပြီး၊ အလိုရမ္မက်ကြီးကာ ကျေးဇူးမသိတတ်သော စုဖုရားလတ်သည် ကမ္ဘာ့သမိုင်းနှင့်ယှဉ်လာရသောအခါ လက်ညှိုးထိုးရာ ရွှေမဖြစ်လာရုံသာမက မိမိနှင့် ကြင်ရာတော် သီပေါမင်း အပါအ၀င် တိုင်းပြည်တစ်ခုလုံးကို နယ်ချဲ့လက်သို့ ပုံအပ်ခဲ့ရသည်။
စုဖုရားလတ်သည် မြန်မာပြည်၏ ရာဇ၀င် သမိုင်းကြောင်းတွင် သူမ၏ အတ္တ၊ မာန တို့ကြောင့် မြန်မာပြည်အား နယ်ချဲ့လက်သို့ကျရောက်စေခဲ့သူအဖြစ် မော်ကွန်းရေးထိုးခြင်း ခံခဲ့ရသူပင် ဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံးမိဖုရားဖြစ်သူ၏ သမိုင်းကြောင်းမှာ အလွန်းဆိုးရွားစွာ တွေ့မြင်ရပေသည်။

[ပြင်ဆင်ရန်​] အနောက်တိုင်းမှ မှတ်တမ်း

စုဖုရားလတ်သည် နန်းတွင်းရှိ မိမိနှင့်ပုလဲနံပသင့်သော အမှုထမ်း၊ အရာထမ်းများ အပါအ၀င် ဇာတ်သဘင်၊ မင်းသမီး မင်းသားတို့ကို ငွေကြေးဆုလာဘ်များ များပြားစွာဆုချလေ့ရှိကြောင်းကို အနောက်တိုင်း သုတေသီများက ယခုလို မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။
She has given great quantities of presents to people she liked and one of her amusements on stage occasions or fete days was to sit on the dias, with a great pile of money before her, and to call people up to take as much as they could carry in their two hands. (The Pagoda War,Pg.65)
တစ်လင်တစ်မယားစနစ်ကို ဦးစွာတည်ထောင်ခဲ့သူအမျိုးသမီးမှာ စုဖုရားလတ်ပင်ဖြစ်သည်။ သူမသည် လင်ယောက်ျားဖောက်ပြန်သော အမှုမျိုးများတွင် ပြင်းထန်စွာအရေးယူလေ့ရှိသူပင်ဖြစ်သည်။မိခင် ဆင်ဖြူမရှင် နှင့် နန်းတွင်းမှူးမတ်ပညာရှိတို့ကို အာခံကာ နန်းတွင်လူမိုက်များအားကိုးဖြင့် ငါတကော ကောခြင်း၊ ၁၈၇၉ ဖေဖော်ဝါရီလတွင် သွေးချောင်းစီးသော နန်းတွင်းလုပ်ကြံမှုကြီးအရေးအခင်းတွင် အသက်ပေါင်းများစွာ ပေးခဲ့ရခြင်း၊ တကယ် နားမလည်ဘဲ နိုင်ငံခြားသံတမန်ကိစ္စများတွင် ၀င်ရောက်ခြယ်လှယ်ခြင်း၊ အသုံးအစွဲ ကြီးမားခြင်းတို့ကြောင့် တိုင်းပြည်သည် ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်အဖြစ်သို့ ရောက်ခဲ့ရသည်။ ထို့ကြောင့် ပြည်သူများ ဆင်းရဲ နွမ်းပါးကာ သူခိုး ဓါးမြများ ထကြွသောင်းကျန်း၍ တိုင်းပြည်သည် မငြိမ်မသက် ဖြစ်ခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်တို့ကလည်း ရရှိပြီးသော နယ်မြေထက် ပိုပြီးလိုချင်ကာ ပြင်သစ်ထက် လက်ဦးမှု ရယူလိုနေချိန်ဖြစ်သည်။ တစ်ဖက်တွင်လည်း စုဖုရားလတ်တို့မှာ ပဒေသရာဇ်စနစ်၏ အရသာကို မက်မော နေပြီဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေများကို တတ်ကျွမ်း နားလည်မှုမရှိသော သူမ ၊ ဘာကိုမှ ပြင်ဆင်မှု မရှိခဲ့ပေ။ နွားခြေရာခွက်မှ ဖားသူငယ် ပင်လယ်ကို မမြင်ဖူးသကဲ့သို့ ဖြစ်ချင်ရာဖြစ် မင်းမိန့်အာဏာ အသုံးပြုကာ ဇွတ်အတင်း ဆက်လက်ပြုလုပ်ခဲ့သည်။

[ပြင်ဆင်ရန်​] ဘ၀နိဂုံး

ကန်တော်မင်ပန်းခြံ (ဦးဥတ္တမပန်းခြံ) တွင် စုဘုရားလတ်ကို ဂူသွင်းသဂြိ င်္ုဟ်သည်။
စုဖုရားလတ်သည် (၁၂၈၇) ခုနှစ်၊ နတ်တော် လဆန်း (၁ဝ) ရက်၊ နံနက် (၄)နာရီ မိနစ်(၅ဝ)၊ သက်တော် (၆၆)နှစ်တွင် ရန်ကုန်မြို့၌ နတ်ရွာစံတော်မူ၍ ယင်းနှစ် ပြာသို လဆန်း (၄)ရက်နေ့တွင် သမီးတော်မြတ် နှစ်ပါး၊ သမက်တော်များနှင့် ဆွေတော် မျိုးတော်တို့က ဈာပန အုတ်နန်း ပြာဿဒ်တော် ယာယီ သွင်းထားတော် မူသည်။
http://8888goldfingers.blogspot.com/
ဘကြီးသက်
Unknown at 8:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂျပန် Daiwa နည်းပညာ ကုမ္ပဏီ ဒေါ်လာ သန်း ၃၈၀ ရင်းနှီးမြှုပ်နှံမည်


ရန်ကုန် (မဇ္ဈိမ) ။        ။ ဂျပန်နိုင်ငံ နည်းပညာ ကုမ္ပဏီတခုဖြစ်သည့် Daiwa သည် မြန်မာနိုင်ငံတွင် ကွန်ပျူတာ နည်းပညာဆိုင်ရာ ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၈၀ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း တာဝန်ရှိသူက ပြောသည်။

“Daiwa ရင်းနှီးမြှုပ်နှံမှု အစီအစဉ်မှာ မြန်မာအစိုးရ ရဲ့ အစိုးရပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ ကွန်ပျူတာ နည်းပညာဆိုင်ရာ လုံခြုံရေးဆောင်ရွက်ဖို့နဲ့ ပုဂ္ဂလိက နည်းပညာ ကုမ္ပဏီတွေနဲ့ ကွန်ပျူတာနည်းပညာ၊ ဆော့ဖ်ဝဲနဲ့ ပစ္စည်းကိရိယာ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်မှာ ဖြစ်တယ်” ဟု အသင်း၏ အလုပ်အမှုဆောင် ဦးသောင်းတင် က ပြောသည်။

ရင်းနှီးမြှုပ်နှံမှု၏ ပထမဆုံး အစီအစဉ်အဖြစ် နေပြည်တော်နှင့် ရန်ကုန်မြို့များရှိ မြန်မာနိုင်ငံဗဟိုဘဏ်၏ အွန်လိုင်းဘဏ် စနစ်နှင့် နည်းပညာလုံခြုံရေးဆိုင်ရာ လုပ်ငန်းကို စတင်ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို ၂၀၁၂ ခုနှစ် စက်တင်္ဘာလ ပထမပတ်မှ စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး သြဂုတ်လ နောက်ဆုံးပတ်တွင် Daiwa အုပ်စုနှင့် မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်သော လုပ်ငန်းသဘောတူစာချုပ် လက်မှတ်ရေးထိုးမှု ပြုလုပ်မည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာန သတင်းတရပ်တွင်လည်း ဖော်ပြထားသည်။

ထို့အတူ ဂျပန်ကုမ္ပဏီများဖြစ်သည့် ပင်နာဆိုးနစ် ကော်ပိုရေးရှင်း၊ တိုရှီဘာ၊ ဟီတာရှီ၊ NEC နှင့် KDDI စသည့် ကုမ္ပဏီများကလည်း ပူးပေါင်းပါဝင်ဖို့ရှိကြောင်း သိရသည်။

ယခု ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားအပြီး ပထမဆုံးအကြိမ် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ကွန်ပျူတာလုပ်ငန်းရှင်များ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ဇော်မြင့် က ဆိုသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အတွက် ပြည်တွင်းရှိ ကွန်ပျူတာနှင့် နည်းပညာ ကုမ္ပဏီပေါင်း ၃၀ ကျော်ကို အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကမ်းလှမ်းထားသည်။

“Daiwa အုပ်စုနဲ့အတူ နည်းပညာဆိုင်ရာ အခြားနာမည်ကြီးကုမ္ပဏီတွေလည်း ပါမှာမို့ ကျနော်တို့ဘက်က အကျိုးတူ ပူးပေါင်းတဲ့အခါ နည်းပညာပိုင်း အကျိုးအမြတ် ရှိမှာ သေချာပါတယ်။ ငွေရေးကြေးရေးကတော့ ဖြည်းဖြည်းချင်း
ဆောင်ရွက် အကောင်အထည် ဖော်ရမယ် ထင်ပါတယ်” ဟု ဦးအောင်ဇြော်မင့် က ဆိုသည်။

Daiwa ၏ စီမံကိန်းထဲတွင် ‘cloud’ ခေါ် ကွန်ပျူတာစနစ်သစ်တရပ်ကို အစိုးရ ဝန်ကြီးဌာန အားလုံးအပြင် ကျောင်းများ
နှင့် ဆေးရုံများအား ချိတ်ဆက်ပေးမည့် အစီအစဉ်ဖြစ်ပြီး ၎င်းအတွက် ဒေါ်လာ ၃၈၄ သန်း ကုန်ကျမည် ဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့ လျှပ်စစ်စွမ်းအားနှင့် ကွန်ယက် အင်ဂျင်နီယာ ရှားပါးလှသည့် နိုင်ငံမျိုးတွင် ဤ ‘cloud’ ကွန်ပျူတာ စနစ်သည် အစဉ်အလာ ဆာဗာအခြေခံ စနစ်နှင့်စာလျှင် ပို၍ ဈေးသက်သာ၍ ပိုမိုလျှင်မြန်စွာ ဆက်သွယ်နိုင်မည်ဟု ဆိုသည်။

ဤစနစ်ကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း Daiwa သုတေသနဌာန ဥက္ကဋ္ဌ Takashi Fukai က ထုတ်ဖော် ပြောကြားသွားသည်။
 

ဘကြီးသက်
Unknown at 8:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး မြန်မာနဲ့ ထိုင်းခေါင်းဆောင်တွေ ကတိပြု

သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုင်းနိုင်ငံနဲ့ တည်ဆောက်နေတဲ့ မြန်မာနိုင်ငံက ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ နယ်စပ်ဂိတ်အသစ်တွေ ဖွင့်လှစ်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဒီကနေ့ သဘောတူညီခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇုလိုင်လ ၂၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်၌ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Ms. Yingluck Shinawatra တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် နှစ်နိုင်ငံ နားလည်မှု သဝဏ်လွှာ MOU ကို ဒီကနေ့ လက်မှတ်ရေး ထိုးကြပါတယ်။ ဒီသဘောတူညီချက်မှာ ဒေသလုံခြုံရေး၊ အခြေခံ အဆောက်အဦးတွေ တည်ဆောက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် စီမံခန့်ခွဲမှု ဆိုင်ရာတွေကို ထိုင်းနိုင်ငံက ကူညီမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက ဆက်လက် တာဝန်ယူမှာတွေကို သူ့အနေနဲ့ ထပ်မံကတိပြု ပြောဆိုခဲ့ပါတယ်လို့ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလပ်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးတဲ့နောက် သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
အဲဒီစီမံကိန်းမှာ သံမဏိစက်ရုံ၊ ရေနံချက်စက်ရုံ တည်ဆောက်ရေးတွေ ပါဝင်ပြီး စက်မှုဇုန် ဧရိယာအဖြစ် စတုရန်းမိုင် ၁၀၀ သတ်မှတ်ထားပါတယ်။ မနေ့ကတော့ သမ္မတ ဦးသိန်းစိန်ဟာ ထားဝယ်နဲ့ ဆက်သွယ်မယ့် ထိုင်းနိုင်ငံ Laem Chabang (လန်ချဘန်း) ရေနက်ဆိပ်ကမ်းကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာနှစ်နိုင်ငံကြားမှာ လက်ရှိ ရှိနေတဲ့ နယ်စပ်ဂိတ် ၃ ဂိတ်အပြင် ချင်းမိုင်၊ မယ်ဟောင်ဆောင်နဲ့ ကန်ချနဘူရိ ဒေသတွေမှာ နောက်ထပ် နယ်စပ်ဂိတ်သစ်တွေ ဖွင့်လှစ်ဖို့ကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာကို သတင်းသွားယူခဲ့တဲ့ RFA သတင်းထောက် ဦးအောင်မြတ်စိုးက တင်ပြထားပါတယ်။ နားဆင်ပါ။
RFA

ဘကြီးသက်
Unknown at 8:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံသားတွေ ဝင်ငွေပိုရမယ့် အလားအလာရှိကြောင်း စက်မှုဝန်ကြီးပြောကြား


လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံသား တစ်ဦးချင်းရဲ့ ဝင်ငွေဟာ ကမ္ဘောဒီးယား၊ လာအိုစတဲ့ နိုင်ငံတွေထက် ပိုမိုမြင့်မားလာမယ်လို့ မျှော်မှန်းကြောင်း စက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောဆိုလိုက်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းရေး နောက်ဆုံး အခြေအနေ၊ မြန်မာနိုင်ငံကို အမေရိကန် အစိုးရက ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ထပ်မံ ဖယ်ရှားလိုက်ပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု FDI (Foreign Direct Investment) ကဏ္ဍမှာ အမေရိကန်နဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ ၀င်ရောက် ရင်းနှီးမြှုပ်နှံမယ့် အလားအလာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စု စက်မှုဝန်ကြီး ဦးစိုးသိန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ရန်ကုန်မြို့မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။
အပြည့်စုံကို ဒီမှာ ဆက်လက်ကြည့်ရှုနားဆင်ပါ


ဘကြီးသက်
Unknown at 8:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၈၈ မျိုးဆက်ကျောင်းသားများ သမ္မတနှင့် တွေ့ဆုံမည်

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန်တွေ့ဖို့ ရှိနေပြီး တိုင်းပြည်တည်ဆောက်ရေး ကိစ္စတွေကို ဆွေးနွေးမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ ဖြစ်စဉ်ပေါ့၊ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ဖြတ်သန်းခဲ့တဲ့ ကာလ၊ အနာဂတ်သွားမယ့် ကာလ---




 
Myanmar New Now
ဘကြီးသက်
Unknown at 8:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးနေမျိုးဝေကို ရဲကစစ်ဆေး

ဇေကမ္ဘာကုမ္ပဏီက မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို အသေရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာနဲ့ ပတ်သက်ပြီး မင်္ဂလာဒုံ ရဲစခန်းက ဦးနေမျိုးဝေကို ဒီကနေ့  ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်က မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဦးဆောင်ပြီး တောင်သူလယ်သမားများ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက် ဆန္ဒပြပွဲပြုလုပ်နေစဉ်။
ဒီကနေ့ ခေါ်ယူစစ်ဆေးတာကို ထွက်ဆိုခဲ့တာနဲ့ ပတ်သက်လို့  ဦးနေမျိုးဝေက အာအက်ဖ်အေကို အခုလိုပြောပါတယ်။
"ကျွန်တော်နဲ့ ဇေကမ္ဘာ ကုမ္ပဏီ အကြားမှာ အပြန်အလှန် ပြောဆိုတဲ့ ကိစ္စတွေဟာ ပြည်တွင်းဂျာနယ်တွေမှာ သက်သေအထောက်အထားတွေ အကုန်လုံး အခိုင်အမာရှိပါတယ်။ ဒီနေ့ ၂၃ ရက် ရက်စွဲအထိ ပြောဆိုထားတဲ့ စကားတွေ မှန်ကန်ကြောင်း ကျွန်တော် တာဝန်ခံပါတယ်။ ဒါပေမဲ့ အဲဒီ ကျွန်တော်ထောက်ပြတာတွေက ဂုဏ်သရေ ညှိုးနွမ်းအောင်မျိုး ပြောဆိုတာမျိုး မဟုတ်ပဲနဲ့ ကျွန်တော့်ရဲ့ နိုင်ငံရေးတာဝန်အရ ပြည်သူချင်းပဲ ဖြစ်ဖြစ်၊ ပြည်သူနဲ့ အစိုးရပဲ ဖြစ်ဖြစ် အငြင်းပွားမှုတွေမှာ ကျွန်တော်တို့ မှန်ကန်တယ်လို့ လေ့လာသုံးသပ် ဖော်ထုတ်တွေ့ရှိချက်တွေကို အမှန်အတိုင်း ထောက်ပြခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်အဲဒီလိုမျိုး ရှင်းပြပါတယ်"
အမှုဖြစ်စဉ်မှာ ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန်အဖြစ် ချထားပေးခြင်းမရှိ၊ လန ၃၉ မကျ၊ လယ်ယာမြေ အသုံးပြုခွင့်မရှိပဲနဲ့  အဆောက်အဦးတွေ ဆောက်တာ၊ လမ်းတွေဖောက်တာ၊ အုတ်မြောင်းတွေ ဆောက်တာ၊ မီးတိုင်တွေ စိုက်တာတွေ ဟာ ဥပဒေနဲ့ မညီကြောင်း၊ ဒါ့အပြင် လယ်ယာမြေတွေကို နိုင်ငံတော်က သိမ်းတယ်လို့ တောင်သူ လယ်သမားတွေကို ကုမ္ပဏီက ပြောဆိုနေတာတွေဟာ မမှန်ကန်ကြောင်း ဂျာနယ်တွေကို ဦးနေမျိုးဝေက ပြောခဲ့တယ်လို့  ဆိုပါတယ်။
"ခုလည်း ရဲတပ်ဖွဲ့ကတော့ မြို့န်ာအိုးအိမ်တို့၊ အိုးအိမ်ဦးစီးဌာနမှာ လန ၃၉ ကျ မကျ မေးမြန်းပြီးပါပြီဗျ။ အဲဒီ ထွက်ရှိလာတဲ့ အဖြေကို ကျွန်တော့်ကို ပြောလိုက်ပါတယ်။ ကျွန်တော်တို့နဲ့ အိုးအိမ်နဲ့ သိခဲ့ဟာကတော့ လန ၃၉ မကျဘူးဆိုတာ သိထားပါတယ်။ ရဲတပ်ဖွဲ့ကလည်း သိထားပြီးပါပြီ"
စက်မှုဇုန် ၁ ၊ ၂ ၊ ၃ အဖြစ် လယ်မြေဧက ၃၀၀၀ ကျော်မှာ လန ၃၉ ကျသွားပြီ ဖြစ်ပါတယ်။ စက်မှုဇုန် ၄ ကတော့ လန ၃၉ မကျပဲ သီးစားပြန်ချထားတာ ဖြစ်ပါတယ်။ ဦးနေမျိုးဝေဟာ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမား (၈၀) ကျော်ပိုင်တဲ့ လယ်မြေ (၈၁၅) ဧကကို ဇေကမ္ဘာကုမ္ပဏီ လက်ထဲကနေ လယ်သမားတွေ လက်ထဲ ပြန်လည်ရောက်ရှိရေး၊ ဒါမှမဟုတ် ကာလ ပေါက်ဈေးရဲ့ ၁၀ ရာခိုင်နှုန်းကို နစ်နာကြေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလယ်မြေတွေကို စက်မှုဇုန် တည်ဆောက်ဖို့ဆိုပြီး ဇေကမ္ဘာကုမ္ပဏီက သိမ်းယူခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။ ဦးနေမျိုးဝေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရွှေနံ့သာကျေးရွာက လယ်မြေတွေ သိမ်းယူခံထားရတဲ့ လယ်သမားတွေ အပါအ၀င် တောင်သူ ၂၀၀ လောက်ကို ဦးဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။
 RFA
ဘကြီးသက်
Unknown at 8:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တပ်မတော်သားလေးဦးကို အဓမ္မမှုဖြင့် အမှုဖွင့်စစ်ဆေး

အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သည်ဆိုသော စွပ်စွဲချက်ဖြင့် တပ်မတော်စစ်သည်လေးဦးကို သက်ဆိုင်ရာက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဒလမြို့နယ် တုံးတင်ကန်မြောက် လယ်ကွင်းတွင် အသက် ၂၇နှစ်အရွယ် အိမ်ထောင်သည် မ --- သည် သမီးဖြစ်သူနှင့်အတူ ဇူလိုင် ၁၈ ရက် ည ၇ နာရီတွင် လယ်တဲဈေးဆိုင်သို့ ဈေးဝယ်ပြီး ပြန်လာစဉ် ရခိုင်ချောင်ရေတပ်တိုက်လိုင်းခန်းအနီးအရောက် တပ်မတော်(ရေ)စစ်သည်လေးဦးက သား မယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မ --- (၂၇ နှစ်) နှင့် သမီးဖြစ်သူတို့ သားအမိနှစ်ဦး ဈေးဝယ်ပြန်လာခဲ့ရာ တပ်မတော်ရေမှ စစ်သည်လေးဦးက “ဟေ့ကောင်မ ခဏရပ်ဦး၊ နင့်ကို ငါတို့အရာရှိခေါ်နေတယ် လိုက်ခဲ့”ဟုပြောကာ လက်ဝဲလက်အား လက်ထိပ်ခတ်၍ခေါ်ဆောင်ကာ သမီးဖြစ်သူကို နှင်ထုတ်ပြန်လွှတ်ခဲ့သည်။

တပ်လိုင်းခန်းသို့ ခေါ်ဆောင်လာစဉ် လယ်ကန်သင်းတစ်ခုအရောက် တွန်းလှဲ၍ ၎င်းတို့လေးဦးက သားမယားအဖြစ် တစ်ကြိမ်စီ ပြုကျင့်ခဲ့ပြီးနောက် တပ်လိုင်းထဲရှိ အခန်းထဲထည့်ထားပြီး ည ၉ နာရီအချိန်၌ အထက်ပါလေးဦးက ထပ်မံ တစ်ကြိမ်စီ အဓမ္မပြုကျင့်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ ပြုကျင့်ပြီးနောက် စစ်သည်လေးဦးက နောက်ထပ်လာဦးမည်ဟုဆိုကာ အခန်းအတွင်းမှ ထွက်သွားစဉ် မ--- သည် အခန်းထဲရှိ အုတ်ခဲဖြင့် သော့အား ရိုက်ချိုးထွက်ပြေးရာ ၎င်းတို့လေးဦးက လိုက်လံဖမ်းဆီးပြီး ခြေလက်တို့အား ကြိုးဖြင့်ချည်၍ တပ်လိုင်းခန်းသို့ ပြန်လည်ခေါ်ဆောင်ကာ အဆိုပါလေးဦးထဲမှ တစ်ဦးက သားမယားအဖြစ် တတိယအကြိမ်ပြုကျင့်ခဲ့သည်ဟုဆိုသည်။

ဇူလိုင်လ ၁၉ ရက်တွင် ကြိုးဖြေပေးခဲ့ကာ ထိုလေးဦး၏အထက် အရာရှိအား အမျိုးသမီးက ဖြစ်စဉ်ကို တိုင်ကြားခဲ့သည်။ ထိုအရာရှိက သူမအား လိမ်သည်ဟုဆိုကာ အနီးရှိ ၀ါးလုံးတုတ်ဖြင့်ရိုက်နှက်ပြန်သည်။ ၄င်းအပြင် အဓမ္မပြုကျင့်ရာတွင် ပါဝင်သူတစ်ဦးက ဒူးဖြင့် မျက်နှာအားတိုက်ခြင်း၊ ရိုက်နှက်ခြင်းတို့ပြုလုပ်ကာ မ --- အား နေအိမ်တဲသို့ ပြန်ပို့ခဲ့သည်။

ယင်းသို့ ပြန်ပို့စဉ် နေအိမ်တဲအနီးရှိ လူလေးဦးက တွေ့မြင်သိရှိကြောင်း၊ ၎င်းနောက် ဖြစ်စဉ်ကို တုံးတင်ကန်မြောက်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ပြီး ပျော်ဘွယ်ကြီးရဲစခန်းသို့လည်း တိုင်ကြားပြီးနောက် မ --- သည် ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ပျော်ဘွယ်ကြီးရဲစခန်းက(ပ)၁၆၂/ ၁၂၊ ပုဒ်မ-၃၇၆/၃၄၂/၃၂၅/ ၁၁၄ ဖြင့် ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် အမှုဖွင့်ပြီး အမှုစစ် ရဲအုပ်သိန်းမြင့်ဆွေ(စခမ)က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှသတင်းရရှိသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ပျော်ဘွယ်ကြီးရဲစခန်းသို့ ဇူလိုင် ၂၃ ရက်တွင် 7Day News မှ ဖုန်း ဖြင့်ဆက်သွယ်မေးမြန်းရာ ရဲအုပ်သိန်းမြင့်ဆွေက စွပ်စွဲခံရသူများအား စစ်ဆေးဆောင်ရွက်နေသည်ဟု ပြန်လည်ဖြေကြားသည်။
7 day
ဘကြီးသက်
Unknown at 8:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.