Tuesday, July 24, 2012

သမိုင်းဘူတာရုံရှေ့ မြန်မာ့မီးရထားပိုင်မြေတွင် ကျူးကျော်ဆိုင်ခန်းဖွင့်လှစ်ထားသူများအား စတင်ဖယ်ရှား


ရန်ကုန်၊ ဇူလိုင်-၂၄
ရန်ကုန်မြို့၊ သမိုင်းဘူတာရုံရှေ့ရှိ မြန်မာ့မီးရထားပိုင်မြေများတွင် ကျူးကျော်ဆိုင်ခန်းဖွင့်လှစ်ထားသူ ၂၂ ဦးအား ယနေ့(ဇူလိုင် ၂၄ ရက်) နံနက် ၆ နာရီမှ စတင်ဖယ်ရှားရှင်းလင်းနေကြောင်း မြန်မာ့မီးရထားတိုင်းအမှတ်(၇)မှ မန်နေဂျာကပြောသည်။

မြန်မာ့မီးရထားပိုင်မြေအတွင်း ကျူးကျော်နေထိုင်ကြသူများအား ဖယ်ရှားပေးရန် လွန်ခဲ့သည့် တစ်နှစ်ကပင် သတိပေးစာများ ထုတ်ပြန်ထားခဲ့ ကြောင်း၊ ယခုကဲ့သို့ ရှင်းလင်းမှုများကို အသုတ်လိုက်ခွဲ၍ ဆက်လက်ရှင်းလင်းဖယ်ရှားမည်ဖြစ်ကြောင်း ၎င်းက ပင်ပြောသည်။

ယခုနေရာသည် ကျူးကျော်မြေဖြစ်သည်ကို မိမိတို့အနေဖြင့် သိရှိပါသော်လည်း မြန်မာ့မီးရထားအနေဖြင့် မည်သည့်လုပ်ငန်းမှ ဆောင်ရွက်ခြင်းမရှိသဖြင့် စားဝတ်နေရေးအရ ဆိုင်ခန်းများ လာရောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖယ်ရှားရှင်းလင်းမှုအပေါ် ဌာနဆိုင်ရာမှ တာဝန်အရ လုပ်ဆောင်ခြင်းဖြစ်သည်ဟုသာမြင်ပါကြောင်း ဆိုင်ခန်းရှင်းလင်းဖယ်ရှားခံရသူအချို့ကပြောသည်။

 by 7Day News Journal






ဘကြီးသက်
Unknown at 10:07 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.