Sunday, July 22, 2012

Nation Building Task


Very soon, the days of the president and other ranks of high officers who have to talk and deliver the speech written by other will come to extinction, i hope.
As a matter of ugly fact, it is very shameful.
To avoid this, the young politicians especially from NLD have to, also should, train themselves to be worthy with that position in which the president itself can make remarkable and noteworthy speech that suit to prevailing event.
We also can attain the State man who can keep abreast,in every affair, with the world at large and who is able to wipe out the tears of entire people of BURMA.
Unlike the situations of cronies and dictators , the life of politicians is not bed of roses, for it offers many hardships but few rewards.
Being dictators, they will find it very easy to deliver speech certainly because they just need to read that made by others (ghost writers).
This is some of the tasks to be performed and discharged by young politicians, as the time left for next election is not much. After that they will probably have to rule the country in the foreseeable future.
Above all and after all, the preparation for them is inevitable, reminding themselves that " we can never be too prepared ".

KO SHWE

 ဘကြီးသက်
Unknown at 10:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အပျို၊အပျိုစစ်နှင့် အပျိုစင်........... အကြောင်း.




From : မေသဇင်


အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။
ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။ကဲ...ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူ ညီမငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်....။
အပျို .......
အပျိုဆိုတာ ဘာကို ဆိုလိုသလဲ.....၊။
အားလုံးသိကြမှာပါ...။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ...။ အိမ်ထောင်မရှိဘူး၊လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်...။ ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်...။ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်....။ ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ...။ဒါကို အပျိုလို့ ခေါ်ပါတယ်....။ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံးပါဝင်ပါတယ်...။

အပျိုစစ်.......
အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး...။ သူဟာ ချစ်သူရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိအပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်...။ ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ...။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ ခေါ်ဆိုနိုင်ပါတယ်...။

အပျိုစင်.......
အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး....။ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့ လဲ ပြောလို့ ရပါတယ်...။အပျိုစင် ဆိုတာဘာလဲ...။ အပျိုစင်ဆိုတာ ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်...။ ဒါပေမဲ့ ဘယ်ယောကျာင်္းများနှင့် ထိတွေ့ ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်...။ ယနေ့ လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီး...။

ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ...။အကြွေပန်းကို ကောက်နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်...။ ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့ က ခရေပန်းလို ကြွေခဲ့ပေမဲ့ မွှေးရနံ့ လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်...။ဒါတောင် ဆယ်ပွင့်ကြွေလို့  တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ...။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်...။“မေ့”ညီမတွေ အချစ်နဲ့  ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ...။ ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ...။

Myanmar Express

ဘကြီးသက်
Unknown at 9:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နမ့်ခမ်းမြို့၌ တည်းခိုခန်းပိုင်ရှင်အား မြန်မာစစ်အရာရှိ ရိုက်နှက်၍ ဒါဏ်ရာပြင်းထန်စွာရ

ယခုလ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲခန့်က သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ရှိ သပြေတည်းခိုခန်းပိုင်ရှင် စိုင်းကျော်အေးထွန်းအား မြန်မာစစ်အရာရှိဗိုလ်ဝေမင်းဦးက ပစ္စတို သေနတ်ဖြင့် ချိန်ရွယ်၍ ၅ ချက်တိတိ ပစ်ခတ်ခဲ့ရာ သေနတ်ကျည် မပေါက် သဖြင့် သေဘေးမှလွတ်မြောက်ခဲ့သော်လည်း ၄င်းစစ်အရာရှိ၏ ရိုက်နှက်မှုကြောင့် ခေါင်းကွဲ၊ သွားကျိုးသည့် ဒဏ်ရာ များဖြင့် ပြင်းထန်စွာ ရရှိသွားကြောင်း ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Myanmar News Now





ဘကြီးသက်
Unknown at 8:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လေပုပ်အနံ့ခံ မသတ္တ၀ါတို့အကြံ


လာမည့်အပတ်ကျရင် မြစ်ကြီးနားမှာ ကြံ့ဖွပ်ဇနီး ကချင်အမျိုးသမီးများ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဗိသုကာတစ်စု ကိုယ်ဟန်ပြ စီတန်းလှည့်လည်ဖို့ သတင်းစကား ကြိုတင်ကြားထား ရလို့ အံသြမိပါတယ်။
ဆိုလိုသည်မှာ`ပိုးသာကုန်၊ မောင်ပုန်စောင်းမတတ်` ဆိုတာမျိုး မဖြစ်စေချင်လို့ တစ်နေ့တာ ဖျော်ဖြေရေးမို့ ဈေးကြီးကြီး အလှပြင်စရာတော့ မလိုဘူးထင်ပါရဲ့။ ကချင်အမျိုးသမီးကြီးများရဲ့ မေတ္တာ၊ စေတနာ၊ ဝါသနာ၊ အကြင်နာ၊ ကရုဏာ အစရှိတဲ့ နာကြီးငါးပါးကိုလည်း ချီးကျူး ဂုဏ်ပြုချင်ပေမယ့် ယူကျုံးမရလည်း ဖြစ်မိပါတယ်။
ဆင်ခြင်စရာလေးတစ်ခု မှတ်ကျောက်တင်ဖို့ ထပ်လောင်း ဝေငှချင်ပါသေးတယ်။ ဒေါ်လေးတို့ လိုချင်တောင့်တနေတဲ့ အရာဟာ ငြိမ်းချမ်းရေးဆိုတော့ လွန်ခဲ့တဲ့ (၁၇) နှစ်လုံးလုံး ခံစားခဲ့ရတဲ့ အရသာထူး အခြေအနေမျိုးကို ဆိုလိုသလားမသိ။ ထောက်ပြလိုသည်မှာ လွန်ခဲ့တဲ့ (၁၇)နှစ်တာကာလဟာ အပစ်အခတ်ရပ်ဆိုင်းထားတာကလွဲပြီး ငြိမ်းချမ်းရေး၏ ဆန့်ကျင်ဘက် ဆီသို့ အရှိန်ပြင်းပြင်း ခရီးဝေးနှင်ခဲ့ကြတာ သတိထားမိစေလိုပါတယ်။
အဆိုပါခရီးဝေးမှ မူလနေရာ ပြန်ရောက်ဖို့ရယ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ရယ်၊ ပြည်ထောင်စုကြီး မပြိုကွဲဖို့ရယ်၊ တိုးတက်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာဖို့ရယ် အစရှိတဲ့ အများပြည်သူတွေရဲ့ တကယ့်တကယ် အဓိကလိုအပ်ချက်တွေကို မပျက်ပျက်အောင်ဖျက်ပြီး မပျောက်ပျောက်အောင် ဖျောက်နေသူတွေဟာ KIO/KIA တွေမဟုတ်ကြဘဲ ကြံ့ခိုင်ရေးအမည်ခံ လက်ရှိအကြံအဖန် ရာဇဝတ်သားလက်ကျန် တွေသာဖြစ်ကြောင်း အထူးလေ့လာဆန်းစစ် စေလိုပါတယ်။ ဒေါ်လေးတို့ရယ် - ကချင်အမျိုးသမီးများရဲ့ အနာဂတ်သမိုင်း စန်းပွင့်လှပသင်းပျံ့ မွှေးကြိုင် လိုပါက စစ်မှန်တဲ့ ပန်းတိုင်ကို လှမ်းမြင်တတ်ဖို့လည်း လိုပါလိမ့်မယ်။
ယခုဖြစ်ပုံကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြစတမ်းဆိုရင် ဗိုက်နာနေသူ တစ်စုံ တစ်ဦးက လူကြားသူကြားမှာ တိတ်တိတ်ကလေး လေပုပ်မြူးလိုက်တဲ့ဟာကို ဦးဏှောက် မရှိတဲ့ ခွေးတစ်စုက မစင်တုန်းများတွေ့လိုတွေ့ငြား အလုအယက်အနံ့ခံ စွန့်စားရှာဖွေနေကြသလို ဒေါ်လေးတို့ခမျာ မကြာမီစီတန်းလှည့်လည်မယ့် အစီအစဉ်ဟာလည်းပဲ ကြံ့ခိုင်ရေးဦးကြီးတွေ ဗိုက်နာလို့ လေပုပ်မြူးလိုက်တဲ့ဟာကို `အု အု အု အု - သူ့စကားလူမသိ၊ လူ့စကားသူမသိ၊ သနားပါဘိ` ဆိုတဲ့အဖြစ်မျိုး မရောက်စေလိုကြောင်း စေတနာမွန်ဖြင့် မီးမောင်းထိုးပြလိုက်ရ ကြောင်းပါခင်ဗျား။

ကျေးတောသားမောင်ပေါက်ကြိုင်း
တာလောကြီး။
၂၀၁၂ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်

Lachid Kachin Facebook မှ
 
ဘကြီးသက်
Unknown at 8:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်အရေးခင်းနှင့် ပက်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဘဒ္ဒန္တဝိစိတ္တာဘိဝံသ.အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာ

 
မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးခင်းနှင့် ပက်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ.အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာ အပ်ပါ သည်။

(က) ၈-၆-၂၀၁၂-ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တစ်ပြိုင်တည်း ဖြစ်ပွားခဲ့သော အရေးခင်းသည် ရခိုင်ကုလား အဓိကရုဏ်းလည်း မဟုတ်ပါ။

ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့ အကြားဖြစ်ပွားသော ဘာသာရေးပဋိပက္ခ လည်း မဟုတ်ပါ။

အမှန်အားဖြင့် အစွန်းရောက် အစ္စလာမ်ဘာသာဝင် စစ်သွေးကြွများ ယုံကြည်လက်ခံထားသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။

(ခ) ၃-၆-၂၀၁၂-မှ ၈-၆-၂၀၁၂-အထိ ရက်ပိုင်းအတွင်းသာ ကြာလိုက်သော တောင်ကုတ်အရေးအခင်းကို အကြောင်းပြု၍ မောတော၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော အရေးခင်းကို လူမျိုးရေး အဓိကရုဏ်းဟု ဆိုဖွယ်ရှိသော်လည်း

အကြမ်းဖက် ဘင်္ဂါလီကုလားများသည် ဟိန္ဒူလူမျိုးစုတို့၏ အသက်အိုးအိမ် စည်းစိမ်ကိုပါ ပြောင်ပြောင်တင်းတင်း ပစ်မှတ်ထား၍ ကျူးကျော်တိုက်ခိုက်ကြသည်ကို တွေ့ရသောကြောင့်

ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်းမဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။ မှန်ပါသည်။ ဘင်္ဂါလီကုလားများကို ကာယကံ ဝစီကံတို့ဖြင့် မည်သို့မျှ စော်ကားပြစ်မှားခြင်း မရှိခဲ့သော ဟိန္ဒူလူမျိုးများကိုပါ ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းကြောင့် ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်း မဟုတ်မှန်းသိသာ ထင်ရှားပေသည်။

(ဂ) အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် သောင်းကျန်းသူ ဘင်္ဂါလီကုလားများသည် ဗုဒ္ဓရုပ်ပွားတော်၏ မျက်နှာတော်ကို ကျဆုံးသူ ရခိုင်သွေးဖြင့် သုတ်လိမ်းသွားခြင်း၊ ကျောက်ဆင်းတုများ၏ ဦးခေါင်းတော်ကို ဖြတ်တောက်သွားခြင်း၊ ကြေးဆင်းတုတော်များကို မီးတိုက်ခြင်း၊ နားရွက်တော်ကို ဓားဖြင့်ခုတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးများကို သတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ခြင်းစသည့် အဓမ္မလုပ်ရပ်များကို ကြည့်လျှင် ဘာသာရေးပဋိပက္ခဟု ထင်ရဖွယ်ရှိသော်လည်း၊

အကြမ်းဖက်ဘင်္ဂါလီကုလားများသည် နစက ရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ရဲစခန်းဝင်စီး၍ လက်နက်လုခြင်း၊ ပြည်ပမှလက်နက်များ စုဆောင်းထားခြင်းများ ပြုလုပ်လာကြသောကြောင့် ဘာသာရေးပဋိပက္ခ မဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။

(ဃ) အမှန်အားဖြင့် ရခိုင်အရေးခင်းသည် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့တို့ကို အပိုင်ကြံသော ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်) အစ္စလာမ်မစ်စတိတ် ထူထောင်လိုသော ဂျီဟတ်ဝါဒီ ဘင်္ဂါလီအကြမ်းဖက် စစ်သွေးကြွများ ဆင်နွှဲသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။

ဂျီးဟတ်စစ်ပွဲဖြစ်ကြောင်း ရခိုင်ပြည်သူများ သိမ်းဆည်းရမိသော အချက်အလက်များ၊ ဘင်္ဂါလီကုလားများ၏ မျှော်စင်ဗလီပေါ်မှ အသံချဲ့စက်ဖြင့် ပြိုင်တူအမိန့်ပေးသော စကားများ၊ မော်လဝီဆိုသူ ခေါင်းဆောင်များ၏ ပြောစကားများ၊ ထောင်သောင်းချီ၍ ချီတက်လာသော ကုလားအုပ်ကြီး၏ တပ်လှန့်ကြွေးကြော်သံများကို ကြည့်က သိနိုင်ပါသည်။

ထို့ကြောင့် ရခိုင်အရေးခင်းသည် အများပြည်သူများ ထင်ထားသလို လူမျိုးရေးအဓိကရုဏ်းလည်း မဟုတ်ပါ။ ဘာသာရေးပဋိပက္ခလည်း မဟုတ်ပါ။ အစ္စလာမ်မစ်စတိတ် ထူထောင်ချင်သော စစ်သွေးကြွ အကြမ်းဖက်ဘင်္ဂါလီကုလားများ၏ ဂျီဟတ်စစ်ပွဲသာ ဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။



(င) ရခိုင်အရေးခင်း၌ အဓိကတာဝန်ရှိသော နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးနှင့် တပ်ဖွဲ့ဝင်တို့၏ ပေါ့လျော့မှု၊ ညံ့ဖျင်းမှု၊ သစ္စာဖောက်မှုတို့ကြောင့် ရခိုင်ပြည်သူများသည် သွေးဆာနေသော လူရမ်းကား အကြမ်းဖက်သမားများ၏ ဒဏ်ကို ခါးစီးခံခဲ့ရခြင်းဖြစ်ပါသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွက်သာ မဟုတ်ဘဲ၊ မြန်မာတစ်ပြည်လုံးအတွက်ပါ အရေးပါသော ရခိုင်ခံတပ်ခေါ် ပြည်ထောင်စု တံခါးကြီး လုံခြုံရေးအတွက် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် အပြည်အဝရှိသော ဝန်ထမ်းကောင်းများ ကိုသာ ရွေးချယ်ခန့်ထားဖို့ လိုကြောင်းနှင့် ရခိုင်ပြည်လုံခြုံရေး၊ အမျိုးသားလုံခြုံရေး၊ တိုင်းရင်းသားနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်တို့ လုံခြုံရေးအတွက် စိတ်ချယုံကြည်လောက်သော အစီအမံကောင်းများ စီစဉ်ပေးဖို့ လိုအပ်ပါသည်။

(စ) ဒုက္ခသည် စခန်းများ၌ မီးလောင်အဖျက်ဆီးခံရသော ရခိုင်ပြည်သူများ၊ အထူးသဖြင့် သေဆုံးသွားသူတို့၏ မိသားစုများ စိတ်ဓာတ်ခွန်အား ပြည့်ဝစေဖို့ စိတ်ဓာတ်မြှင့်တင်ပေးရန် အထူးလိုအပ်လှပါသည်။

(ဆ) ရခိုင်ပြည်သူများတွင် ကုလား မရှိသော မြို့ရွာများမှာသာ နေလိုကြသူများ၊ ”လုံခြုံရေး အပြည့်အဝပေးလျှင် ရွာပြန်နေမည်၊” အားကိုးရလောက်သည့် လုံခြုံရေး မပေးနိုင်လျှင် လုံးဝပြန်မနေလိုကြသူများ၊ ”မိဘများခေါင်းချသွားရာ အရပ်မှာပဲ သေချင်သေပါစေ။ ပြန်နေပါမည် ”ဆိုသူများရှိရာ အစိုးရအနေဖြင့် တိုင်းရင်းသားစစ် ရင်သွေးစစ်များ၏ ဆန္ဒကို မိခင်စိတ်အပြည့်အဝထား၍ ဖြည့်ဆည်းပေးဖို့လိုအပ်ပါသည်။

(ဇ) ကုလားရွာများကြားတွင် ပိတ်မိနေသော ရခိုင်ရွာများ၊ နတလ ရွာများတွင် ပြည်သူများသည် အပြင်လည်း မထွက်ရဲ၊ မြို့လည်း မတက်ရဲဘဲ ၊ ရိက္ခာပြတ်လပ်နေသော ဒုက္ခသည် စာရင်းမဝင်သော ဒုက္ခသည်များ ဖြစ်နေကြပါသည်။ အစိုးရ၏ အထောက်ပံ့ကိုလည်း မရ၊ NGO-တို့၏ အထောက်ပံ့ကိုလည်း မရ၊ မည်သည့်အထောက်ပံ့ကိုမျှ မရလျှင်၊ ရေရှည်ရပ်တည်ဖို့ ခဲယဉ်းနေသော ထိုကျေးရွာများအတွက် ထည့်၍စဉ်းစား စီစဉ်ပေးဖို့ လိုပါသည်။



(ဈ) ဟိန္ဒူလူမျိုးများသည် ဘင်္ဂါလီမူဆလင်ကုလားတို့၏ ပစ်မှတ်ထားတိုက်ခိုက်မှုကိုလည်း ခံရ၊ တိုင်းရင်းသား မဟုတ်၍ ပစ်ပယ်မှုကိုလည်း ခံနေရပါသည်။ အချို့ဟိန္ဒူလူမျိုးများမှာ မူဆလင်ကုလားများနှင့် ရောကာရွှေ့ပြောင်းခံရသည်ကို တွေ့ရပါသည်။

နွားကိုးကွယ်သူနှင့် နွားသတ်သူတို့ကို အတူယှဉ်တွဲထားပါက အင်အားနည်းသည့် ဟိန္ဒူလူမျိုးတို့သာ အနိုင်ကျင့်ခံရမည် ဖြစ်ပါသည်။

ထို့ကြောင့် ကုလားများနှင့် ရောပါသွားသော ဟိန္ဒူလူမျိုးများကို အမြန်ဆုံးခေါ်ထုတ်ဖို့ လိုအပ်ကြောင်းနှင့် ဟိန္ဒူလူမျိုးတို့၏ ဒုက္ခကို တိုင်းရင်းသားတို့၏ ဒုက္ခလိုသဘောထားပြီး အလျင်အမြန် ကယ်တင်ဖို့ အကြောင်းသိစေအပ်ပါသည်။



(ည) ကျေးရွာများပြန်လည်တည်ဆောက်ရာတွင် လူနေအိမ်များကိုသာ စနစ်တကျ မြေပုံကြမ်းဆွဲ၍ တည်ဆောက်ဖို့ပြင်ဆင်နေသော်လည်း ၊ မီးရှို့ခံရသော ဘုန်းတော်ကြီးကျောင်းများအတွက် မည်သည့်လုပ်ဆောင်ချက်၊ ပြောဆိုချက်ကိုမျှ မတွေ့ရှိရသေးပါ။



ဝါဆိုဖို့နီးကပ်နေသော်လည်း ဒုက္ခသည်ဘုန်းတော်ကြီးများ၏ အနာဂတ် မရေရာ မသေချာ သေးပါ။

ထို့ကြောင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးဖို့ အထူးလိုအပ်လှပါသည်။

(ဋ) UN-လက်အောက်ခံ NGO-များ INGO-များသည် ကုလားရွာများအတွက်သာ ငွေကြေးသုံးစွဲနေပြီး ၊ ရခိုင်ပြည်သူတို့ အရေးကို အနည်းငယ်မျှပင် ထည့်သွင်းစဉ်းစားမှု မရှိပါ။

အကြမ်းဖက် အစွန်းရောက်များသည် UN-လက်အောက်ခံ အဖွဲ့စည်းများကို အသုံးချကာ ဂျီဟတ်စစ်ပွဲကို ဆင်နွှဲသွားခဲ့ကြသောကြောင့် ၊ UN-လက်အောက်ခံ အဖွဲ့အစည်းများကိုယ်တိုင် လူမိုက်အားပေးလုပ်နေခြင်း၊ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူအရေးကို ပစ်ပယ်ထားခြင်း၊ တရားမျှတမှု မရှိခြင်းကို တွေ့မြင်ခဲ့ရပေသည်။

ထို့ကြောင့် တရားမျှတမှုမရှိသော၊ လူမိုက်အားပေးလုပ်နေသော UN-လက်အောက်ခံ အဖွဲ့အစည်းများကို ပြင်းထန်စွာ ရှုတ်ချအပ်ပါသည်။

(ဌ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူမြင်ကောင်းအောင် ဘင်္ဂါလီဒုက္ခသည်များကို လက်မခံဘဲ၊ ဟန်ဆောင်လုပ်ပြနေသော်လည်း ၊ ရခိုင်အရေးခင်းတွင် အဓိကတရားခံများဖြစ်သော ရိုဟင်ဂျာဆိုသူ စစ်သွေးကြွများကို တိတ်တဆိတ် လက်ခံဝှက်ထားပေးနေသည်ဟု ရခိုင်ပြည်သူတို့ သိမြင်ခံစားနေရပါသည်။



ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာ အစွန်းရောက် အကြမ်းဖက်သမားများကို နှိမ်နှင်းဖို့ အတွက်- မြန်မာအစိုးရနဲ့ရော ရခိုင်ပြည်သူများနှင့်ပါ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါသည်။



(ဍ) ရခိုင်ကို အပိုင်သိမ်းဖို့ ကြံစည်သော အစွန်းရောက်စစ်သွေးကြွတို့၏ ဂျီဟတ်စစ်ပွဲကို ထောက်ခံအားပေးသော မည်သည့်မူဆလင်ကို မဆို ရန်သူအဖြစ် သတ်မှတ်ပါသည်၊



ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ်စီးပွားကိုယ်ရှာ၊ ကိုယ့်တရားနှင့်ကိုယ်၊ ကိုယ့်မိသားစုနှင့်ကိုယ် အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာ ကိုယ်ချမ်းသာနေလိုသော မည်သည့်မူဆလင်ကို မဆို မိတ်ဆွေ အဖြစ် သတ်မှတ်ပြီး၊ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ထို့ကြောင့် ဂျီဟတ်စစ်ပွဲ ဆင်နွှဲသော တိရစ္ဆာန်များလို၊ မင်းမဲ့တိုင်းပြည်လို အုပ်စုဖွဲ့အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့သော ဘင်္ဂါလီအကြမ်းဖက်သမား လူရမ်းကားများနှင့် အဆက်အသွယ်ရှိခဲ့သူများ၊ အဆက်အသွယ်ရှိနေသူများ အဆက်အသွယ် ဖြတ်တောက်ဖို့ သတိပေးအပ်ပါသည်။



(ဎ) မြန်မာအစိုးရအနေဖြင့် ၁၉၄၂-ပုံစံမျိုးဖြင့် ၊နယ်ချဲ့ကျူးကျော်ကာ ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်) ဂျီဟတ်စစ်ပွဲကို တစ်ဖက်သတ် ဦးဆောင်ဆင်နွှဲလာသော ရိုဟင်ဂျာဆိုသူ နာမည်သူခိုး ဖိုးတွန်တီးများဖြစ်ကြသော နယ်မြေဓားပြ အကြီးစားတို့အား ထိရောက်စွာ အရေးယူဖို့လိုသလို၊ ရခိုင်တံခါးလုံခြုံရေးနှင့် လူအုပ်ဖြင့် အနိုင်ကျင့်မှုပပျောက်ရေး၊ ရခိုင်ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို အဓိကထားဆောင်ရွက်ရမည့် အပြင် ၊ အချုပ်အခြာအာဏာကို ကျူးကျော်စော်ကားလာသူ မှန်သမျှကို မည်သည့်ဖိအားပေးမှုကိုမျှ ဂရုမစိုက်ဘဲ ခုခံကာကွယ်ဖို့လိုကြောင်း အသိပေးအပ်ပါသည်။



(ဏ) “ရခိုင်များအား ဘင်္ဂါလီမူဆလင်များ၏ ခြိမ်းခြောက်မှုများ”



၁။ ရခိုင်များ နောက်ထပ် နှစ်လသာ ထမင်းစားနှင့်ကြ၊။ ဗမာများပြန်လျှင် နင်တို့အသားကို ငါတို့စားမည်။
၂။ ဒီနေရာကို ငါတို့ ပိုင်သွားပြီဆိုတာ မသိဘူးလား။
၃။ ငါတို့ကို ကမ္ဘာက ကူညီနေတာ မသိဘူးလား။
၎။ ကမ္ဘာမှာ ငါတို့အမျိုးတွေ(လူမျိုးတွေ)အများကြီးရှိတယ်။ နင်တို့မှာ မရှိဘူး။
၅။ နင်တို့မှာ သွားစရာသေလမ်းသာ ရှိတယ်။ ထမင်းဝဝ စားထားကြ။
၆။ ဗမာအစိုးရကို ငါတို့ဝယ်ထားပြီ။
၇။ ဆော်ဒီမှာ ဗမာသံရုံးကို ငါတို့က လစဉ်ပေးထားတာ၊ နင်တို့ ပေးနိုင်သလား။
၈။ ငါတို့နောက်မှာ ကမ္ဘာကကူညီနေတယ်။
၉။ UN-ဟာ ငါတို့မိတ်ဆွေ၊ အမေရိကမှာ ငါတို့သမ္မတ အုပ်ချုပ်နေတယ်။
၁၀။ နင်တို့ ပါးစပ်ပိတ်ထားကြ။
၁၁။ နင်တို့မိန်းမများ ငါတို့ကို အားကိုးစေရမည်။
၁၂။ ရခိုင်များ သေဖို့ပြင်ထား။
၁၃။ ဗမာပြည်လည်း ငါတို့လူ အုပ်ချုပ်မယ်။
၁၄။ နင်တို့မြေနဲ့ နင်တို့ ပစ္စည်းထားခဲ့။ အခု ထွက်သွားကြ။
၁၅။ မသေချင် ပြန်မလာကြနဲ့။
၁၆။ နောက်ထက် ဒီမြေမှာ မင်းတို့ လုံးဝ မနေစေရ။
၁၇။ အလ္လာဝဂ်ကဘာ၊ အလ္လာဝဂ်ကဘာ၊(အလ္လာသခင်သာ အကြီးမြတ်ဆုံး)
အလ္လာ-ဘီစတိုဘာ၊ အလ္လာ-ဘီစတိုဘာ(အလ္လာသခင် ကောင်းချီးပေးပါ)
၁၈။ နိုင်ငံခြားမှာ စစ်သင်တန်းတက်ထားတဲ့ ငါတို့လူတွေရောက်နေတာ မသိဘူးလား။
၁၉။ နိုင်ငံခြားက ငါတို့အမျိုး (၅၀၀) စစ်သင်တန်း ဆင်းလာတာ မသိဘူးလား။
၂၀။ ဒီနေရာကို ပြန်လာရဲလျှင် လာကြည့်။
၂၁။ ငါတို့မှာ ချမ်းသာတဲ့ မူဆလင်နိုင်ငံတွေ အများကြီးရှိတာ မသိဘူးလား။
၂၂။ နင်တို့ ဘာအားကိုးရှိလို့ ငါတို့ကို နှင်ထုတ်မှာလဲ။
၂၃။ ဗမာအစိုးရလည်း ငါတို့ဘက်က။
၂၄။ ဆော်ဒီဗမာသံရုံးဟာ ငါတို့ငွေကို ယူထားတာ။
၂၅။ အားလုံးမှာ ငါတို့ငွေတွေ။
၂၆။ မင်းတို့မှာ ဘာရှိလို့လဲ။
၂၇။ ဗမာပြည်ကို ငါတို့အုပ်ချုပ်မှာ..။ နင်တို့ကို အရှင်မထားဘူး။



ဦးပဉ္စင်း

ဝီရသူ(မစိုးရိမ်)

ဘဒ္ဒန္တဝိစိတ္တာဘိဝံသ

ဓမ္မသဟာယကျောင်းနာယက

မစိုးရိမ်တိုက်သစ်

မန္တလေး။

Email-wirathu2012@gmail.com

ဘကြီးသက်
Unknown at 8:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သုခကုသိုလ်ဖြစ်ဆေးခန်းတွင်အကြောအဆစ်ရောဂါ အခမဲ့စတင်ကုသပေး


ရန်ကုန်၊ ဇူလိုင်-၂၁

နာရေး ကူညီမှု အသင်း (ရန်ကုန်)၏ သုခကု သိုလ်ဖြစ်ဆေး ခန်းတွင် အကြောအ ဆစ်ရောဂါနှင့် ကိုယ်အင်္ဂါ ပြန်လည်သန် စွမ်းရေးဌာန (Derartment of Physical Medicine and Rehabilation) ကို သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီး ခုနစ်ဦးဖြင့် ဇူလိုင်လ ၁၉ ရက်တွင် စတင်ဖွင့်လှစ် ကုသပေးနေ ပြီဖြစ်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးကျော်သူက 7Day News သို့ ပြောသည်။

“ဆရာဝန်ကြီးတွေက အလှည့်ကျ ကုသမှာဖြစ်လို့ တစ်ရက်ကြိုတင်ပြီးတော့ တိုကင်ယူထားဖို့လိုပါတယ်။ နေ့တိုင်း မနက် ၉ နာ ရီကနေ ညနေငါးနာရီခွဲအထိ ဖွင့်လှစ်ကုသမှာပါ။ သုခဆေးခန်းရဲ့ထုံးစံအတိုင်း အားလုံးအခမဲ့ ကုသပေးမှာပါ”ဟု ၎င်းကပြောသည်။

အဆိုပါဌာနကို ဦးဆောင်ကုသမည့် ပါမောက္ခဆရာဝန်ကြီး ဒေါက်တာဦးသန်းတိုးက “လွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းက ကို ကျော်သူနဲ့ အကြောအဆစ်ရောဂါ ဝေဒနာသည်တွေ ပြန်ပြီးသန်စွမ်းနိုင်ရေးအတွက် ကုသခန်းဖွင့်မယ့်ကိစ္စကို ပြောခဲ့ဖူးပါတယ်။ အကြောအဆစ်နာကျင်ရင် တရုတ်အားကိုးပြီး သွားနှိပ်နယ်ကြတယ်။ မဖြစ်သင့်တာတွေဖြစ်တယ်။ အခု ဒီဆေးခန်းမှာ ကုသမှုအပိုင်းအတွက် အထောက်အကူပြုပစ္စည်းတွေအားလုံးကို နာရေးကူညီမှုအသင်းက စီစဉ်ပေးတဲ့အတွက် အရမ်းအဆင်ပြေတယ်”ဟု ပြောကြားသည်။

အဆိုပါဌာနမှ ကုသမှုလုပ်ငန်းများကို နောက်ပိုင်းတွင် လူနာများပေါ်မူတည်ကာ တိုးချဲ့ကုသသွားရန်ရှိကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။ အဆိုပါ ကုသမှုဌာနတွင် ပါမောက္ခဒေါက်တာဦးသန်းတိုး ဦးဆောင်၍ ဒေါက်တာဝါ၀ါအောင်၊ ဒေါက်တာသန်းသန်းဌေး၊ ဒေါက်တာအောင်ကိုဦး၊ ဒေါက်တာမွန်မွန်ခိုင်၊ ဒေါက်တာခင်စောဦးနှင့် ဒေါက်တာသိင်္ဂီလှိုင်တို့က ဝေဒနာရှင်များကို အလှည့်ကျကုသိုလ်ဖြစ် ကုသမှုပြုလုပ်သွားမည်ဖြစ်သည်။

7Day News Journal

ဘကြီးသက်
Unknown at 8:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉၁ ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦးအား ဖမ်းဆီး


မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း သို့ ၀င်ရောက်လာသည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ၉၁ ဦးနှင့် ထိုင်း နိုင်ငံသား တစ်ဦးတို့ကို မြန်မာ့ တပ်မတော်(ရေ)မှ ဇူလိုင် ၂၀ ရက်က စစ်တွေမြို့ပင်လယ်ပြင် တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။

''စက်လှေက ယိုးဒယားနိုင်ငံ က စက်လှေပါ။ တစ်ဦးကို လေး သိန်းစီနဲ့ မလေးရှားဖက်ကို ပို့ဖို့ ဆိုပြီး တရားမ၀င်သွားရောက် ကြတယ်။ မြန်မာရေပိုင်နက်အ တွင်းမှာ တွေ့လို့ တပ်မတော်(ရေ) က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်"ဟု အဆိုပါ နိုင်ငံခြားသားများကို စစ်တွေမြို့ အကျဉ်းထောင်သို့ ပို့ ဆောင်ရာတွင် လုံခြုံရေးတာဝန် ယူခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၉၁ ဦး၊ ယိုးဒယားနိုင်ငံသား ၁ ဦး၊ မြန်မာ ရေလုပ်သား ၃ ဦး၊ စုစုပေါင်း ၉၅ ဦးပါရှိပြီး ယင်းစက်လှေကို မလေး ရှားနိုင်ငံသို့ သွားရောက်ရန်အတွက် ငှားရမ်းလာခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသူများကို စစ် တွေဆိပ်ကမ်းမှတစ်ဆင့် စစ်တွေ အကျဉ်းထောင်သို့ ကနဦး ပို့ ဆောင်ထိန်းသိမ်းထားပြီဖြစ်ပြီး ဆက်လက်၍ တခြားထောင်များ သို့ ခွဲ၍ပို့ဆောင်မည်ဖြစ်ကာ ၎င်းတို့ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မအရ တရားစွဲဆိုသွားမည် ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ စစ် တွေမြို့ လုံခြုံရေးအတွက် တာ ၀န်ယူထားသော ရဲတပ်ရင်းတစ်ခု မှ အဆင့်မြင့် အရာရှိတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ''ဒီကိစ္စမှန် ပါတယ်။ နိုင်ငံတကာ စံချိန်စံညွှန်း တွေနဲ့ အညီ ဆက်လုပ်သွားမှာ တွေ ရှိလာမှာပါ။ ခိုးသွား ခိုးလာ တွေတော့ ရှိတာပေါ့။ ဒါပေမဲ့ မြန်မာ့ရေပိုက်နက်ထဲ ကျူးကျော် လာတာတော့ မရပါဘူး"ဟု ယင်း က ပြန်လည်ဖြေကြား၍ အတည်ပြုပေးခဲ့သည်။

7Day News Journal
ဘကြီးသက်
Unknown at 7:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လူ့အခွင့်အရေး၊ စီးပွားရေး နိမ့်ကျမှုနှင့် ကလေးလုပ်သား (တင်စိုးမင်း)


ယနေ့ ကမ္ဘာ၌ ခေါင်းအခဲရဆုံး ပြဿနာများထဲ  ကလေးလုပ်သား ပြဿနာ အရေးကလည်း ထိပ်ဆုံး တစ်ဆယ်စာရင်းဝင်နေ၏။ လူ့အခွင့်အရေးနှင့်လည်း တိုက်ရိုက် သက်ဆိုင်နေပြီး တစ်စွန်းတစ်စ မကတော့သော ဆူးချွန်တစ်ခုလည်း ဖြစ်သည်။ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး အခြေခံ စံကြီးများထဲ အတော့်ကို စနိုးစနောင့် ဖြစ်ဖွယ်ကိစ္စ ဖြစ်နေပါသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကပင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေး စစ်သားနှင့် လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာသွားသည်။ ကလေးစစ်သားသည်လည်း ကလေးလုပ်သား တစ်ပိုင်းဖြစ်ပါ၏။ ယခု စာရေးသူတို့ထံ၌တော့ လှုပ်ရှား အရေးယူမည့် စီမံချက်သစ်များ စတင်နေပြီဟု ကြားသိရသောကြောင့် လေလ့ာထားရသမျှထဲမှ ကလေးလုပ်သား ပြဿနာ အက်ဆေးတစ်ပုဒ်ကို ပြန်လည် ဖောက်သည်ချလိုပါသည်။
          ဖွံ့ဖြိုးပြီး ဒီမိုကရေစီ နိုင်ငံကြီးများ၌ သိပ်မပြောသာလှတော့လည်း ဖွံ့ဖြိုးဆဲ၊ ထိုမှတစ်ဆင့် ဆင်းရဲသော နိုင်ငံကြီး၊ ငယ်များအတွက် နိစ္စဓူဝ ဘ၀တွေထဲ လွှဲရှောင်မရ ဖြစ်နေသည်။ ခါးသီးသော အကျပ်အတည်းတစ်ရပ်။ ဖွံ့ဖြိုးဆဲ စာရင်းပေါက် နေသော်ငြား စီးပွားရေး တစ်ဟုန်ထိုး တိုးတက်လာ၍ ကမ္ဘာ့မေဂျာပါဝါထဲ ၀င်လာသော BRICS ငါးနိုင်ငံ (ဘရာဇီး၊  ရုရှား၊ အိနိ္ဒယ၊တရုတ်၊ တောင်အာဖရိက) အတွင်း၌ပင် ရုရှားလောက်မှလွဲ၍ ကျန်နိုင်ငံများ အခက်တွေ့နေကြရသော ပြဿနာ၊ ပဲ့နင်း ဦးထောင် ဦးနင်းပဲ့ထောင် ဖြစ်နေရဆဲဖြစ်၏။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သုံးရပ်လုံး မျှခြေညီ တည်ငြိမ်ပါမှ ဖြေရှင်းပြေလည်နိုင်မည် ဖြစ်ပါသည်။
          အာရှဆင်ကြီးဟု ခေါ်ကြသော မေဂျာပါဝါ အိနိ္ဒယသည် ကလေးလုပ်သား ပြဿနာနှင့် ပတ်သက်၍ အဆိုးဝါးဆုံး ကြုံတွေ့နေရသော နိုင်ငံဖြစ်၏။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အင်အားကြီးမားလှသော်လည်း လူဦးရေ တစ်ဘီလီယံနှင့် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလွန်း၍ဟု ယေဘုယျ ပြောနိုင်သည်။ သို့ဆိုလျှင် အခြား ပိုဆင်းရဲသော ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်ရော...။ စဉ်းစားရုံဖြင့် သိနိုင်လောက်ကြပြီး တကယ်တမ်း ထောင့်စေ့အောင်  ကိုင်တွယ် မဖြေရှင်းနိုင်ကြသေးပေ။ မိမိတို့ နိုင်ငံတွင်လည်း ထိုအရေးမသေး လှကြောင်း လူတိုင်း အသိပင် ဖြစ်ပါ၏။

  ILO အဓိပ္ပာယ် သတ်မှတ်ချက်နှင့် အစ  ပျိုးခြင်း
အသက် ၁၄ နှစ်အောက်အရွယ် ကလေးသူငယ်အားလုံး ပါဝင်သော “ကလေး လုပ်သား” ဆိုသည်ကို နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ ယခုလို အဓိပ္ပာယ် ဖွင့်ဆိုပြထားသည်။
          “ကလေး သူငယ်များဖြင့် ပြီးမြောက်စေသော အလုပ်ပုံစံ၊ ယင်းအလုပ်သည် ကလေးသူငယ်တို့၏ နုနယ်ငယ်ရွယ်သောဘ၀နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသလို ပညာသင်ခွင့် ဆုံးရှုံးခြင်း၊ ကျွမ်းကျင်မှုများ မဆည်းပူးနိုင်စေဘဲ ကလေးများ၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုပါ နစ်နာစေသော အနေအထားတစ်ရပ်၌ လုပ်ကိုင် ကြရသူ ကလေးငယ်များ...”
          ကလေးသူငယ်တို့သည် လူသားဖြစ်စဉ်အတွက် အကြီးမြတ်ဆုံး လောက လက်ဆောင်များ ဖြစ်ကြပြီး ဤလက်ဆောင်ကို ပုဂ္ဂလိက ကြီးပွားရေး တစ်ရပ်တည်း အတွက် ကိုယ်ကျိုးရှာသလို ကလေးလုပ်သားများအဖြစ် မှားယွင်း အယူလွဲစွာ အသုံးချခံနေကြရပြန်၏။ အိနိ္ဒယကို ကြည့်ပါ။ စုစုပေါင်း လူဦးရေ၏ ၃၆ ရာခိုင်နှုန်းသည် ၁၄ နှစ်အောက် ကလေးငယ်များ ဖြစ်ကြပြီး ၅ နှစ်မှ ၁၄ နှစ်ကြား ကလေးငယ် အများစုမှာ အကျပ်အတည်းဆိုက် ဘ၀တွေထဲ ရောက်ရှိနေထိုင်နေကြရဆဲ ဖြစ်သည်။ ကလေးငယ် ၅ ဦးတွင် ၁ ဦးမှာ အလုပ်ခိုင်းစား ခံနေရ၏။ ပန်းများသဖွယ် နုနယ်လှပသော ၎င်းင်းတို့၏ ဘ၀များက မဖူးပွင့်မီ ညှိုးရော်ခံနေကြရပါသည်။

အပြန့်ကျယ်လှသော ပြဿနာ
ကလေးလုပ်သား ကိစ္စသည် မြို့ပြမှာထက် ကျေးလက်၌ ပိုဆိုးဝါးသည်။ ဘ၀ အနေအထားကြောင့်ဖြစ်၏။ နိမ့်ကျ ဆင်းရဲလှသော ကျေးလက်မိသားစုများအနေဖြင့် ၎င်းတို့၏ (အရွယ် မရောက်သေးသူ) ကလေးငယ်များကို စားရေးသောက်ရေးအတွက် မြို့ပြသို့ စေလွှတ်ပစ်လိုက်ရသည်။ မြို့ပြဧရိယာများ၌လည်း ထမင်းတစ်လုပ်အတွက် မနည်း ရုန်းကန်ကြရတော့ရမြဲသာ ဖြစ်၏။ ကလေးသူငယ်များကို မသေရုံ စားလောက် သည့် လုပ်အားပေးခိုင်းစေ၍ ရသောကြောင့် စက်မှုကုန်ထုတ်ကဏ္ဍ၌ အရွယ်ရောက်ပြီး လုပ်သားတို့ကိုပါ လုပ်အားခ လျှော့ချပစ်လာနေကြသည်။ ပြဿနာများကား အလွန် ကျယ်ပြန့် ရှုပ်ထွေးကုန်တော့သည်။ ကလေးသူငယ်များကို အန္တရာယ်အများဆုံး၊ ကျန်းမာရေးအရ မသင့်တော်ဆုံး အလုပ်နေရာများ၌ ခိုင်းစေသည်။ ဤတွင်  ရောဂါပေါင်းစုံ ရရှိကုန်ကြတော့၏။

ကလေးလုပ်သား ဇာစ်မြစ်များ
အလွန် ဆင်းရဲသော အလွှာအောက် လူဦးရေ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းရှိနေသော တိုင်းပြည်များ (ဥပမာ-အိနိ္ဒယ)တွင် ကလေးလုပ်အား ကိစ္စသည် ရှုပ်ထွေးလှသော ပြဿနာကြီး ဖြစ်နေသည်။ ကလေးလုပ်သားဖြစ်စေသော အကြောင်းရင်းထဲမှ ၄ ရပ်ကို ယခုလို တွေ့ရှိဖော်ပြနိုင်၏။
၁။ အလွန်ဆင်းရဲခြင်း (Extreme Poverty) သည် ကလေးလုပ်သား ဇာစ်မြစ်များ၏ ခေါင်ချုပ်ပြဿနာဖြစ်သည်။ ကလေးသူငယ်များသည် မိဘများ အိမ်စရိတ်အတွက် အလုပ်ဝင်လုပ်ရခြင်း၊ မိသားစုအတွက် တစ်ခုတည်းသော ၀င်ငွေဖြစ်နေခြင်းမျိုးတို့ ဖြစ်တတ်ကြ၏။
၂။ ဈေးပေါသော အလုပ်သမားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားခံရခြင်းဖြင့် ကိုယ်ကျိုးသမားများအတွက် စားပေါက်ဖြစ်လာကြသည်။
၃။ မိဘများ၏ ပညာရေးအသိ နိမ့်ကျမှုကြောင့် ကလေးလုပ်သားကိစ္စ ပေါ်လာ ရခြင်းကလည်း အရေးပါသော အချက်တစ်ချက်ဖြစ်သည်။
၎။ မိဘအများစုသည် ကျောင်းစနေရမည့် အရွယ်ရောက်လာသော ကလေးကို အိမ်စရိတ် အပိုဝင်ငွေအလို့ငှာ ကျောင်းသို့ အပ်နှံခြင်းထက် လုပ်ငန်းခွင် ၀င်ကြစေဖို့သာ ပိုအားသန် စိတ်ကူးတတ်ကြသည်။

ကလေးလုပ်သား လျော့ကျ ပပျောက်ရေးအတွက်  တိုင်းတာ တွက်ချက်  ဆောင်ရွက် ကြရန်
ကလေးလုပ်သား ပြဿနာသည် ယူနီဗာဆယ်အသွင် ဆောင်လာနေပြီဖြစ်ပြီး အိနိ္ဒယကဲ့သို့ နိုင်ငံများက သာဓက ဆိုးကြီးဖြစ်နေ၏။ တစ်နိုင်ငံချင်းအလိုက်၊ ဒေသချင်း အလိုက်၊ ဂလိုဘယ်အဆင့်အထိ ကလေးလုပ်သား တိုက်ဖျက်ရေး စနစ်တကျ စီမံ ချမှတ် ဆောင်ရွက်မှုများ လုပ်ကိုင်ကြရတော့ပေမည်။

NGO တို့၏ အခန်းကဏ္ဍ
NGO တို့ အနေဖြင့် ကလေးလုပ်သား ပြဿနာ ကြီးထွားလာနေမှုကို အရေးပါသော နေရာမှ ကာကွယ်စောင့်ရှောက် ပေးနိုင်လာကြပြီဖြစ်၏။ အစိုးရဘက်မှ လက်လှမ်းမမီသော အစွန်အဖျား ဒေသများ၌ နေထိုင်ကြရသူ သန်းပေါင်းများစွာက အထူးပြုရမည့်ကိစ္စ ဖြစ်နေပြီး လူ့အဖွဲ့အစည်းရှိ ကဏ္ဍတိုင်းသို့လည်း ပါဝင်နိုင်မည် မဟုတ်။ NGO များက ထိုဒေသများနှင့် အစိုးရအကြား ပေါင်းကူး ဆက်စပ် လှုပ်ရှား ဆောင်ရွက်ပေးနိုင်ပါသည်။

မီဒီယာ၏ အခန်းကဏ္ဍနှင့် အရေးပါမှု
မီဒီယာက ကလေးလုပ်သား ပြဿနာ ထောက်ပြရုံသာမက ၀ိုင်းဝန်းပေးနိုင်ခြင်းသည် လူသားဖွံ့ဖြိုးမှု ဖြစ်စဉ်ကြီး တစ်ရပ်လုံး၏ အရေးအပါဆုံး အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်လာသည်။ မီဒီယာများအနေဖြင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ပြီး ကလေးလုပ်သား ထားရှိ ခိုင်းစေနေသော လုပ်ငန်းများ၊ စီးပွားရေး ကဏ္ဍများကို ဖော်ထုတ် ထောက်ပြ ဝေဖန်နိုင်၏။ အစိုးရဘက်မှလည်း အကာအကွယ် ပေးသော ဥပဒေများဖြင့် မီဒီယာကို စောင့်ရှောက်ပေးရမည် ဖြစ်သည်။ ဆင်းရဲမျဉ်း မှတ်အောက် အလွှာ (BPL-Below Poverty Line) ရောက် မိသားစုများကို ဘဏ္ဍာရေးအရဖြစ်စေ၊ ငွေကြေး မဟုတ်သော အခြား လိုအပ်ချက်များကို ဖြည့်ဆည်း ပေးခြင်းဖြင့် ဖြစ်စေ စီမံကိန်းတစ်ရပ် ပုံစံဖြင့် ထောက်ပံ့ပါက ထိုအလွှာမှ ကလေးငယ်များ ပညာသင်လာနိုင်ကြပါမည်။ မညီမျှခြင်းများကို ၀င်ရောက် ဖြေရှင်း ပေးရာ၌ ထိရောက် အောင်မြင်သော နိုင်ငံတစ်နိုင်ငံအနေဖြင့်  ကလေးလုပ်သား ပြဿနာ အဆုံးသတ်သွားစေရန် လုပ်သားရေးရာ ၀န်ထုပ်ဝန်ပိုး လျော့ကျစေမှု၊ အခြား ဆက်စပ် ဆောင်ရွက်မှုများ အပါအ၀င် ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ ကဏ္ဍများတွင် အခြား အခွင့်အလမ်းများ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ကြကြောင်း တွေ့ရှိရသည်။
          ကလေးလုပ်သား ပြဿနာသည် နိုင်ငံတကာ နတ်ဆိုးကြီးသဖွယ် ဖြစ်နေပါ၏။ ဖြည်းဖြည်းမှန်မှန် အပြတ်ရှင်း၊ အပြုတ်တိုက်ဖို့လည်း လိုအပ်သည်။ တစ်နပ်စာ ၀မ်းမ၀တ၀ ငွေကြေးအတွက် လုပ်အားကို နာရီပေါင်းများစွာ အရင်းပြု ရောင်းစား နေကြရသော သူများထဲမှ ကလေးသူငယ် အချို့သာ မိသားစုကို ပြန်ထောက်ပံ့နိုင်ကြ ပြန်၏။ အစိုးရအနေဖြင့် ခြေလှမ်း အနည်းငယ်သာ ရွှေ့နိုင်ကြသေးသည်။ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) အနေဖြင့် ၁၉၉၁ ခုနှစ်ကတည်းက ကလေးလုပ်သား  ကာကွယ်ပေးရေးနှင့် ပပျောက်ရေး နိုင်ငံတကာ စီမံချက် (IPECL) ကို ချမှတ်ထားခဲ့ပြီး ဖြစ်ပါသည်။ ထိုစီမံချက်ထဲသို့ အစောဆုံး ပူးပေါင်း ၀င်ရောက်ခဲ့သူများအနက် အိနိ္ဒယ ၁၉၉၂ လည်း ပါဝင်၏။ သို့သော်လည်း စီမံချက်နှင့် အသေးစိတ် စီမံကိန်းများအပေါ် တာဝန်ယူ၊ တာဝန်ခံမှု အားနည်းခြင်းများကြောင့် ခေါင်းကိုက်စရာ ပြဿနာကြီးများ ဖြစ်ပေါ်နေရဆဲပင် ဖြစ်သည်။ အဓိက လိုအပ်ချက်များ ကလေးသူငယ်နှင့် ကလေး လုပ်သားဆိုင်ရာ ဥပဒေများကို အားအင်ပြည့် ပြင်ဆင် ပြဋ္ဌာန်း၍ ထိရောက်သော ဆောင်ရွက်မှု ယန္တရား ထပ်မံ တိုးချဲ့ရေးပဲ ဖြစ်သည်၊ ဥပဒေများ ပြဋ္ဌာန်းပြီး တာဝန်ယူ ဆောင်ရွက်မှု မရှိပါကလည်း အလုပ်မဖြစ်။ ကလေးလုပ်သား ပြဿနာဟု တွင်တွင်  အော်နေရုံပဲ ဆိုလျှင်လည်း မဖြေရှင်းနိုင်။ ကလေးနှင့် မိဘများကြားမှ သဘောဆန္ဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်တို့ကို မမြှင့်တင် မပြုပြင်ပေးနိုင်သရွေ့ ဤခရီးဝေးဦးမည် သာ။ သန်းပေါင်းများစွာသော ကလေးလုပ်သားတို့ ထပ်တိုးပွားလာပေဦးမည်။ တကယ် ပြန်ကြည့်ကြမည်ဆိုပါက “ထောက်ပံ့ ဖြည့်ဆည်းရေး” တစ်ဖက်တည်း လုပ်ပြနေရုံနှင့် လည်း  မတွင်ကျယ်နိုင်ပါ။ “လိုအပ်ချက်” ဘာလဲ၊ တကယ်လိုနေတာ ဘာလဲ ဆိုသည်ကိုလည်း ပေါ်လွင် ထင်ရှားအောင် ဆွဲထုတ်နိုင်ရေး ဆက်လုပ်ကြရဦးမည် ဖြစ်သည်။ ဒီကိစ္စ အိနိ္ဒယ  တစ်နိုင်ငံတည်း မဟုတ်၊ နိုင်ငံများစွာ၏ အရေးကိစ္စလည်း ဖြစ်နေပါပြီ။         
 Ref:Child Labour in India.(IHRB)

တင်စိုးမင်း
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၃၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၁၉)
  lu bo

ဘကြီးသက်
Unknown at 4:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂျပန်တွင် ရှားပါး သတ္တုသိုက်ကြီး တွေ့ရှိ

From : MRTV-4
ဂျပန် သိပ္ပံပညာရှင်များ ပါဝင်သော အဖွဲ့ တစ်ခုမှာ ကြီးမားသည့် ရှားပါး သတ္တုသိုက်ကြီး တစ်ခုကို နိုင်ငံပိုင် အထူး စီးပွားရေးဇုံ တစ်ခုတွင် တွေ့ရှိခဲ့ရပြီ
ဖြစ်သည်။ တိုကျို တက္ကသိုလ် ပါမောက္ခ Yasuhiro Kato မှ ယခု တွေ့ရှိမှု ရလာဒ်ကို ကြေညာခဲ့ခြင်း ဖြစ်ကာ ၎င်းတို့ အဖွဲ့ အနေဖြင့် ပစိဖတ် သမုဒ္ဒရာရှိ မီတာ ၅၆၀၀ အနက်မှ ပင်လယ် ကြမ်းပြင်တွင် ရှိသော မြေကြီး နမူနာကို ရယူပြီး ၄ နှစ်တာ လေ့လာမှုမှ တစ်ဆင့် ယင်းသို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွံ့တွင် dysprosium ခေါ် နှစ်မျိုးစပ် ကားများ၏ မော်တာများတွင် သုံးသည့် ဓါတ်များနှင့် LCD များတွင် လိုအပ်သည့် terbium ခေါ် ဓါတ်များကို တွေ့ခဲ့ ရကြောင်း ဖော်ပြသည်။ အဆိုပါ သဘာဝ တွင်းထွက် ဓါတ်များ ပြည့်ဝနေသည့် ပင်လယ် ကြမ်းပြင်မှာ အကျယ်အားဖြင့် စတုရန်း ကီလိုမီတာ ၁ ထောင်ကျော် ရှိပြီး မီနာမီ ခရီးသွား ကျွန်းအနီးတွင် ရှိကာ တိုကျိုမှ ကီလိုမီတာ ၂၀၀၀ ခန့် ဝေးသည့် နေရာတွင် ရှိကြောင်း သိရသည်။

ယင်းနေရာတွင် အဆိုပါ ရှားပါး သတ္တုတန်ချိန် ၆.၈ သန်း ရှိနိုင်ကြောင်း ခန့်မှန်းထားကာ ယင်းပမာဏမှာ ဂျပန်တို့ သုံးစွဲမှုနှင့် တိုင်းတာပါက နောက်ထပ် ၂၂၇ နှစ် အထိ သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယခုလို တွေ့ရှိမှုမှာ ပထမဆုံး အကြိမ်အဖြစ် ပမာဏ အများဆုံး ဖြစ်ကြောင်းနှင့် ယခုလို ရှားပါး သတ္တုကို တရုတ် နိုင်ငံမှ အဓိက ထုတ်လုပ်နေခြင်း ဖြစ်သည်။

source : NHK news


Myanmar Express
ဘကြီးသက်
Unknown at 4:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တက္ကသိုလ်ဆရာ၊ ဆရာမများအား တာဝန်နှင့်မသက်ဆိုင်သည့် လုံခြုံရေးဝန်ထမ်းသဖွယ် လုပ်ဆောင်စေခိုင်းနေခြင်းများအား တားမြစ်ပေးပါရန်



ဒီမိုဝေယံသို့ ပေးပို့လာတဲ့ တက္ကသိုလ် ဆရာ၊ ဆရာမများရဲ့ သမ္မတကြီးထံပေးစာကို ဖော်ပြလိုက်ပါတယ်..
http://www.demowaiyan.org/2012/07/blog-post_4295.html

သို့
သမ္မတကြီးအား ရိုသေစွာဖြင့် အသိပေးအပ်ပါသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်ဖြင့် မည်သို့သော အခက်အခဲရှိ သည်ဖြစ်စေ ပြည်သူ့အကျိုးအတွက်ဟု ခံစားနားလည်ပေးကာ လုပ်ကိုင် ဆောင်ရွက်ပေးနေပါသော ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား အရိုအသေပြုပါ၏။သို့သော်လည်း သမ္မတကြီးမှ ပြည်သူပြည်သားများအတွက် မည်သို့ပင်ဆောင်ရွက် ပေးနေပါသော်လည်း၊ အလယ်ဆင့်မှသူများ၊ အောက်မှသူများသည် ပြုပြင်ပြောင်းလဲရေး ကိုလိုလားဟန် မတူပေ။ တောင်ကိုရီးယားနိုင်ငံမှ မစ္စတာလီမြောင်ဘတ် လာစဉ်က တောင်ကိုရီးယားနိုင်ငံ သည်လည်း စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ပြီး ဦးစွာပညာရေး ကဏ္ဍကို မြှင့်တင်ခြင်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်ကို သိရှိရပါသည်။ မိမိတို့မြန်မာနိုင်ငံတွင်မူ ပညာရေးကဏ္ဍကို ဦးစားပေးရမည့် အစားဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်လွန်းသည်ဟု ထင်မြင်မိသည်။

သမ္မတကြီးမှ ထိုအကြောင်းများကို အကုန်အစဉ် သိရှိ နိုင်မည် မဟုတ်သောကြောင့် တင်ပြရခြင်းဖြစ်သည်။ တက္ကသိုလ် အသီးသီးတွင် ဖြစ်ပျက်နေသည်မှာ ဆရာ/ဆရာမများသည် မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်များကို ကောင်းစွာ သင်ကြားပေးခြင်းများ ပြုရမည့်အစား သာမန် ရုံးဝန်ထမ်းသဖွယ် ပြုမူဆက်ဆံ ခံနေရပါသည်။ သမ္မတကြီးသည်လည်း တစ်ချိန်က တက္ကသိုလ်များအကြောင်းကို သိရှိကြုံတွေ့ ခဲ့ရမည်ဖြစ်ပါသည်။ ဖြစ်သင့်သည်မှာ ဆရာ/ဆရာမ များသည် အချိန်ရလျှင် မိမိဘာသာရပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို လေ့လာ ဆည်းပူးခြင်း၊ သင်ကြားရေး ပိုမိုတိုးတက်စေရန် မည်သို့ပြုရမည်ကို ရှာဖွေလေ့လာခြင်း၊ မြန်မာ့ပညာရေး အဆင့်အတန်း တိုးတက်လာရန် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရမည် ဖြစ်သည်။

ထို့အပြင် ဆရာ/ဆရာမများဆိုသည်မှာ၊ စိတ်၏လွတ်လပ်ခြင်း၊ ကိုယ်၏လွတ်လပ်ခြင်း ရှိသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ရုံးဝန်ထမ်းများ အနေဖြင့် ရုံးအလုပ်ပြီးကာ အိမ်ပြန်ရောက်သော် ရုံးကကိစ္စကို မစဉ်းစားပဲ နေလို့ရသော်လည်း (အခြေခံ၊ အဆင့်မြင့်) ဆရာ/ဆရာမများသည် ညဘက် အိမ်ရောက်သော်လည်း နောက်တစ်နေ့သင်ခန်းစာအတွက် ပြင်ဆင်ရခြင်း၊ စာဖတ် ရခြင်းများ ပြုရပါသည်။ အနည်းငယ်သော စုန်းပြူးများ ပါကောင်း ပါနိုင်သော်လည်း ၉၉%သော ဆရာ/ဆရာမများမှာ ထိုကဲ့သို့ ကြိုတင်ပြင်ဆင် ပြုလုပ်ကြရသည် ချည်းသာဖြစ်သည်။

ထိုကဲ့သို့သော ဆရာ/ဆရာမများအား သင်ကြားရေးနှင့် မသက်ဆိုင်သည့် တာဝန်များဥပမာ ဂိတ်ပေါက် စောင့်ခိုင်းခြင်း (စနေ၊ တနင်္ဂနွေပါ မကျန်)၊ နာရီဝက်တစ်ဆိုင်းနှုန်းဖြင့် ကျောင်းဝင်းအတွင်း လှည့်ကင်းပတ်ခိုင်းခြင်း၊ နံနက် ၆း၃၀ အရောက်လာစေပြီး အဆောင် အထပ်များကို လုံခြုံရေးဝန်ထမ်း သဖွယ် စောင့်ခိုင်းခြင်း စသည်တို့ကို စေခိုင်းခြင်းခံနေရပါသည်။ ရန်ကုန် နိုင်ငံခြားဘာသာနှင့် ပတ်သက်ပြီး ယခင်လကHot News Journal တွင် ထည့်သွင်း ရေးသားခဲ့ပါသော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါ။ ထိုကဲ့သို့ စာသင်ကြားမှုနှင့် မဆိုင်သည့် ဂျူတီများကို ဆက်လက် ချထားနေခြင်းသည် မည်သို့မျှခေတ်နှင့် ဆီလျော်ခြင်း မရှိသကဲ့သို့ ဆရာ/ဆရာမများ၏ ကိုယ်စိတ် နှစ်ပါးစလုံးကို ဆင်းရဲပင်ပန်းအောင် ပြုမူနေခြင်းဖြစ်သည်ဟု ခံယူကြသည်။

ထိုဆရာ/ဆရာများသည် ဆယ်စုနှစ်၂ ခုတိုင်အောင် ထိုတာဝန်များကိုသာ ထမ်းဆောင်နေခဲ့ရသည်ကို သမ္မတကြီးသိမည် မဟုတ်ပါ။ ထိုခံစားချက်များသည် ကြာလေ ပိုဆိုးလာလေဖြစ်ကာ ပညာရေး ၀န်ကြီးဌာနအားလည်းကောင်း၊ နိုင်ငံတော်အစိုးရအား လည်းကောင်း ကြည်ညိုလေးစား စိတ်များကိုသာ ဖြစ်ပေါ် စေမည်သာဖြစ်ပါသည်။

အမှန်မှာ လုံခြုံရေးဝန်ထမ်းများ တိုးမြှင့်ခန့်ထားခြင်း၊ လုံခြုံရေးအရာရှိမှ အုပ်ချုပ်ရမည့် နယ်မြေ လုံခြုံရေးဌာနများ ထားသင့်ပြီး လိုအပ်မှသာ ဆရာ/ဆရာမများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည် ဆိုလျှင် သင့်တော်သေးသည်။ ယခုအခါဆရာ ဆရာမများ၏ ကိုယ်စွမ်း၊ ဥာဏ်စွမ်းများကို အလဟဿ နင်းခြေဖျက်ဆီးသကဲ့သို့ ခံစားနေကြရပါသည်။ သိုဖြစ်ပါသောကြောင့် နိုင်ငံတော် သမ္မတကြီးမှ ဆရာ/ဆရာမများအား မေတ္တာရှေ့ထားပြီး ထိုကဲ့သို့ ခေတ်နှင့် မကိုက်ညီသည့် ကိစ္စများကို ရပ်တန့်အောင် လုပ်ဆောင်ပေးပါရန် ရိုသေ လေးမြတ်စွာဖြင့် အသနားခံ တင်ပြအပ်ပါသည်။

တက္ကသိုလ်ဆရာ/ဆရာမများ

ဘကြီးသက်
Unknown at 9:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျူးကျော်ရပ်ကွက် ရုတ်တရက်ဝင် ဖျက်သိမ်း

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ ရန်ကြီးအောင်ပတ်လမ်းနားမှာ ရှိတဲ့ ကျူးကျော်တဲ (၁၀၀) ကျော်ကို အာဏာပိုင်တွေက မနေ့က ရုတ်တရက် စတင် ဖျက်ဆီးခဲ့ပြီး၊ အားလုံးကို ဒီကနေ့ အပြီးတိုင်ဖျက်ဖို့ ဆောင်ရွက်နေကြောင်း နေအိမ် ဖျက်ခံရတဲ့ ကာယကံရှင်တစ်ဦးက ပြောပါတယ်။
AFP
ပဲခူးတိုင်းအတွင်းတွင် တွေ့ရသော ကျူးကျော်တဲတချို့ ဖြစ်ပါသည်။
"မနေ့က ဆိုလို့ ရှိရင် လူပေါင်း ၂၀၀ လောက်ရှိတယ်။ ရဲ၊ စစ်တပ်လည်းပါတယ်။ စစ်တပ်က ကုန်းပေါ်က ရပ်ပြီးတော့ ကျနော်တို့ကို ပိတ်ဆို့ပြီးတော့ ဖြတ်သွားတာ။ မနက် ၅ နာရီလောက် ကားနဲ့ ၀င်လာပြီးတော့ အိမ်တွေ ရွှေ့ပေးပါပြောတယ်။ ပြီး ရွှေ့ပေးပါမယ် ပြောတာတောင် မရဘူး။ အခုချက်ခြင်း လူဆင်း၊ အကုန်လုံး ချိတ်တွေနဲ ဆွဲချ၊ ရဲဒင်းနဲ့ခုတ်၊ ပေါက်ဆိန်နဲ့ ပေါက်၊ အကုန် ဆွဲချ ဖျက်ချသွားတယ်။ အခုညဆက်နေမယ်ဆိုလည်း ကျနော်တို့ကို ဖမ်းမယ်။  ဒီထဲမှာလည်း ကွင်းထဲမှာ ပစ္စည်းရော လူရော ဘာတခုမှ မမြင်ချင်ဘူး။ သူတို့က ပြောတယ်။"
အာဏာပိုင်တွေက ကြိုတင်အသိမပေးဘဲ အဲဒီလို မနေ့က မနက်လင်းအားကြီး အချိန်မှာ ရုတ်တရက် ၀င်ရောက် ဖျက်ဆီးခဲ့တာကြောင့် နေထိုင်သူတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရတယ်လို့လည်း သူကပြောပါတယ်။
အဲဒီနေရာဟာ လေကြောင်းပို့ဆောင်ရေးဌာန ပိုင်နက်နယ်မြေဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့ အခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး အာဏာပိုင်တွေက ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ကျူးကျော် နေထိုင်သူတွေက  မိုးတွင်းကာလ လွန်မြောက်တဲ့အထိ ဆက်လက် နေထိုင်ခွင့်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ စာရေးသား အသနားခံခဲ့ကြောင်း သိရပါတယ်။
အခုတော့ ဖယ်ရှားခံရတဲ့ ကျူးကျော် နေထိုင်သူတွေဟာ သူတို့ နေထိုင်ခဲ့တဲ့နေရာတွေ အနီးက လမ်းဘေးနဲ့ ချောင်ခြိုချောင်ကြား ကွက်လပ်တွေမှာ ဖြစ်သလို နေထိုင်နေကြရ ပါတယ်။ အဲဒီ ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူ အိမ်ထောင်စု ၂၀၀ လောက် ရှိပြီး၊ တချို့ဆိုရင် အဲဒီနေရာမှာ နေထိုင်ခဲ့ကြတာ အနှစ် (၂၀) လောက် ရှိပြီလို့ ဆိုပါတယ်။

RFA Burmese

ဘကြီးသက်
Unknown at 9:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

"ပြည်သူတွေက ရူးလို့ပေါ့" ဟု ပြောသော အောင်သိန်းလင်းအတွက်


Aung Phyo



"ပြည်သူတွေက ရူးလို့ပေါ့" ဟု ပြောသော အောင်သိန်းလင်းအတွက် ၁% သော တောင်ဥက္ကလာမှ
သတ္တိရှင်မဲဆန္ဒရှင်မိဘပြည်သူများ ဆောင်ရွက်နိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၉၆








"လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်း

၃၉၆။ (က) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အောက်ပါအကြောင်းတစ်ရပ်ရပ်ကြောင့် တာဝန်မှပြန်လည်ရုတ်သိမ်းခွင့်ရှိသည်။

(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကိုဖောက်ဖျက်ခြင်း

(၂) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊

(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊

(၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ
လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်းပျက်ယွင်းခြင်း၊

(၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။












( ခ ) သက်ဆိုင်ရာမဲဆန္ဒနယ်၏မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး
တစ်ရာခိုင်နှုန်းတို့က တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်
ကိုယ်စားလှယ်နှင့်ပတ်သက်သည့်တိုင်တန်းချက်ကို ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ထံတင်ပြရမည်၊

( ဂ ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်း
စစ်ဆေးရမည်၊

(ဃ) စွပ်စွဲချက်ကိုစုံစမ်းစစ်ဆေးသည့်အခါ သက်ဆိုင်ရာလွှတ်တော်
ကိုယ်စားလှယ်ကိုယ်တိုင်သော်လည်းကောင်း၊ သော်လည်းကောင်း
ချေပခွင့်ပေးရမည်၊

( င ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထိုစွပ်စွဲချက်သည်
မှန်ကန်ပြီး စွပ်စွဲခံရသူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်စေရန်မသင့်ကြောင်း သဘောရရှိလျှင် ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်သည်ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။"









Source;

1.http://blog.irrawaddy.org/2012/07/blog-post_1247.html



2.http://www.facebook.com/ElevenMediaGroup/posts/411442392226723
  lu bo 
ဘကြီးသက်
Unknown at 9:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံခြားရောက်မိန်းခလေးများသတိထားကြပါ


ကျနော.စီရောက်လာသောမေးလေးအားမျှဝေပါသည်
မလေးရှားမှာ မြန်မာမလေးတစ်ယောက် မုဒိမ်းအကျင့်ခံရတဲ့အကြောင်းကို
ကျွန်တော့်ညီမတစ်ယောက်က ကျွန်တော့်ဆီ ရေးတဲ့စာ

ကိုကြီး ....
ညီမတို့ဆီမှာ ဖြစ်ပျက်နေတဲ့ ပြသနာကို ကိုကြီးဆီကို ရေးပေးလိုက်တာ ....
ဒီမှာက ဘယ်သူ့တိုင်လို့ ဘာလုပ်ရမှန်း မသိဘူးဖြစ်နေလို့ ....
ဖြစ်တာက 5-7-2012 ရက်နေ့ ည (၈)နာရီ အလုပ်က အပြန်မှာ ဖြစ်တာ ....
ညီမတို့က မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့၊ စီနိုင်းမြို့နယ်က venture (ges) မှာ အလုပ်လုပ်ကြတာပါ ... ဒီကိုရောက်တာ 2010 ... 12 လပိုင်းကဆိုတော့ နှစ်နှစ် ပြည့်တော့မှာပေါ့ ....
5 ရက်နေ့ အလုပ်က အပြန်မှာ နှစ်ယောက်၊ သုံးယောက်စီ ပြန်ကြတာပေါ့
ကိုယ့်အဖွဲ့နဲ့၊ ကိုယ့်သူငယ်ချင်းနဲ့ ကိုယ်ပေါ့
ဖြစ်တဲ့ ကောင်မလေးက 4 ယောက်အဖွဲ့ပြန်တာ
နှစ်ယောက်တစ်တွဲစီ လမ်းလျှောက်လာတာ ၊ ကားက အနက်ရောက်၊ ကောင်မလေးသူငယ်ချင်းတွေက ပြောတော့ ကားက အနက်ရောင် (၀ီရာ) တဲ့။
ကားက ကောင်မလေးတွေရှေ့မှာ ရပ်ပီး ကားပေါ်ကနေ မလေးလူမျိုးနဲ့ အိနိယလူမျိုး ဆင်းလာပီး ကောင်မလေးနှစ်ယောက်ကို အတင်း ကားပေါ်ဆွဲခေါ်ကြတာ။ ကောင်မလေးတစ်ယောက်က ရုန်းပီး ထွက်ပြေးလို့ လွတ်သွားပေမယ့် တစ်ယောက်ကတော့ ကားပေါ် ပါသွားတယ်။ သူတို့ဆီမှာ ဓားတွေလည်း ပါကြတယ်။ ကောင်မလေးကို ဓားတွေနဲ့ ထောက်ပီး ခေါ်သွားကြတာတဲ့။ ပီးတော့ ညီမတို့ဆီမှာ (မလေးရှားမှာ) ရေစင်ကြီးတွေ ရှိတယ်။ အကြီးကြီးတွေ။ အပေါ်ကို တက်ဖို့ လှေကားတွေလည်း ပါတယ်။ အဲဒီကို ကားမောင်းပီး ခေါ်သွားကြတာ။ လမ်းတစ်လျှောက်မှာလည်း ခေါင်းကို ဖွက်သွားကြတယ်တဲ့။ လမ်းမသိအောင်လို့။ ပီးတော့ ရေစင်ကို ရောက်တော့ အဲဒီအပေါ်ကို တက်ခိုင်းတယ်တဲ့။ ကောင်မလေးက မတက်ဘူးဆိုပီး ရုန်းတော့ ပါးတွေ ရိုက်၊ ကန်ကျောက်ပီး တက်ခိုင်းတယ်။ အဲဒီရေစင်ပေါ်ရောက်တော့ ပါသွားတဲ့ မလေးသုံးယောက်ထဲက နှစ်ယောက်က မုဒိမ်းကျင့်တယ်။ မလေးတစ်ယောက်ကတော့ ကောင်မလေးကို သနားတဲ့ပုံစံနဲ့တဲ့။ သူက ပြောတယ်။ မကြောက်ဖို့နဲ့ ပီးရင် အိမ်ပြန်ပို့ပေးဖို့။ သြော် .... သူတို့ မုဒိမ်းမကျင့်ခင် ကောင်မလေးကို မုန့်တွေ၊ နို့တွေ တိုက်ကြသေးတယ်။ ကောင်မလေးက မစားဘူး။ ထွေးထုတ်ပစ်တယ်တဲ့။ ပီးတော့ ဘီယာတွေ တိုက်တယ်တဲ့။ သူတို့လည်း သောက်ကြတယ်တဲ့။ ဒီပြသနာမှာ အိနိယလူမျိုး တစ်ယောက်လည်း ပါတယ်။ မလေးနှစ်ယေက် မုဒိမ်းကျင့်လို့အပီးမှာ အိနိယလူမျိုးကို ပြောတယ်။ ပိုက်ဆံပေးဖို့။ ပြောရရင် ကောင်မလေးကို ရောင်းစားတဲ့ ပုံစံမျိုးပေါ့။ ပြသနာဖြစ်တဲ့ ကောင်မလေးပြောပြတာပါ။ 70 တောင်းတယ်တဲ့။ အိနိယလူမျိုးဆီက။ 70 မပါဘူးလို့ ပြောတယ်။ ဘယ်လောက်ပေးလိုက်တယ်ဆိုတာတော့ ကောင်မလေး မပြောပြလို့ ညီမတို့ မသိရဘူး။ ပါးတွေလည်း ရိုက်တယ်တဲ့။ ကောင်မလေး ရုန်းရင် ပါးတွေလည်း ရိုက်တယ်။ ကောင်မလေးက သူတို့ မုဒိမ်းကျင့်လို့ အပီးမှာ အဲဒီရေစင်ပေါ်ကနေ ခုန်ချဖို့တောင် လုပ်သေးတယ်။ ပီးတော့ ကောင်မလေးကို ည 12 နာရီမှာ အဆောင်နားကို ကားနဲ့ လာပို့သွားကြတယ်။ ကောင်မလေးရောက်ပီး သိပ်မကြာခင်မှာပဲ ရဲတွေနဲ့ အေးဂျင့် ရောက်လာပီး ကောင်မလေးကို ခေါ်သွားကြတယ်။ ဆေးရုံမှာ ဆေးစစ်ကြတယ်။ ပီးတော့ နောက်တစ်နေ့ နေ့လည် လာပြန်ပို့ပေးတယ်။ ရဲကားနဲ့ပဲ။ ညီမတို့ အခင်းဖြစ်ပီးနောက်နေ့ ညီမတို့ မြန်မာမိန်းကလေးတွေအကုန်လုံး အလုပ်မသွားကြဘူး။ အေးဂျင့်ကို ပြောတာပေါ့။ ပီးတော့ အလုပ်နဲ့ စက်ရုံက မိနစ် 20 ကျော်ကျော် လမ်းလျှောက်ရတယ်။ ဖယ်ရီကား မစီစဉ်ပေးထားဘူးလေ။ အခင်းဖြစ်ပီး နောက်နေ့မှ အေးဂျင့်က ဖယ်ရီကား စီစဉ်ပေးမယ်လို့ ပြောတယ်။ ညီမတို့က ကောင်မလေးအတွက် လျော်ကြေးနဲ့ မြန်မာပြည်ကို ပြန်ပို့ပေးဖို့ ပြောတယ်။ အခုထက်ထိတော့ ဘာမှ မထူးသေးပါဘူး။ ကောင်မလေးက ခုထိ အဆောင်မှာပဲ။ အလုပ်လည်း မဆင်းတော့ဘူးလေ။ ညီမတို့ ဖြစ်စေချင်တာက တစ်ခုခုကို ထိထိရောက်ရောက် ဆောင်ရွက်ပေးစေချင်တာပါ။ တကယ်လို့များ ဘာမှဖြစ်မလာဘူးဆိုရင် အဲဒီမလေးတွေက ထပ်လုပ်မှာပါ။ အလားတူ ပြသနာမျိုးပေါ့။ မြန်မာမိန်းကလေးတွေလည်း တော်တော်ကို လန့်နေကြတယ်။ မလေးရှားအစိုးရကလည်း သူတို့မလေးလူမျိုးတွေဆိုတော့ ဘာမှထိထိရောက်ရောက်လုပ်ပေးမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ဒီစာကို ရေးပီး မြန်မာနိုင်ငံကို ပို့လိုက်တာပါ။
.....................................

အဲဒါက ကျွန်တော့်ဆီကို ပို့လိုက်တဲ့စာပါ။ ညီမ ထပ်ပြောပြတာတွေလည်း အများကြီးပါပဲ။

***အေးဂျင့်က သတင်းထောက် လာရင်တောင် အဆောင်ထဲ အတင်းဝင်ခိုင်းတာ***

***မလေးရှားက လုံးဝ မလုံခြုံတဲ့ နိုင်ငံဆိုတာပါ***

***အစိုးရကလည်း ဒီအတိုင်း ကြည့်နေတယ်****

***ဘာမှ မစီစဉ်ပေးဘူး***

***မိန်းကလေးများအတွက် လုံးဝ မသင့်တော်တဲ့ နိုင်ငံလို့ပါ***

ကဲ ဒီစာကို ဖတ်ရတဲ့သူတွေအကုန်လုံးက မလေးမှာ မြန်မာမလေးတွေကို စောင့်ရှောက်ပါဦးလို့ ပြောချင်ပါတယ်။

ပြီးတော့ ဒီအကြောင်းအရာကိုလည်း ၀ိုင်းပြီး ပြောပေးကြစေချင်ပါတယ်။


အိမ်မက် အိမ်မက်ဆိုး ဆိုး facebook မှ 
ဘကြီးသက်
Unknown at 1:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.