Sunday, July 22, 2012

သုခကုသိုလ်ဖြစ်ဆေးခန်းတွင်အကြောအဆစ်ရောဂါ အခမဲ့စတင်ကုသပေး


ရန်ကုန်၊ ဇူလိုင်-၂၁

နာရေး ကူညီမှု အသင်း (ရန်ကုန်)၏ သုခကု သိုလ်ဖြစ်ဆေး ခန်းတွင် အကြောအ ဆစ်ရောဂါနှင့် ကိုယ်အင်္ဂါ ပြန်လည်သန် စွမ်းရေးဌာန (Derartment of Physical Medicine and Rehabilation) ကို သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီး ခုနစ်ဦးဖြင့် ဇူလိုင်လ ၁၉ ရက်တွင် စတင်ဖွင့်လှစ် ကုသပေးနေ ပြီဖြစ်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးကျော်သူက 7Day News သို့ ပြောသည်။

“ဆရာဝန်ကြီးတွေက အလှည့်ကျ ကုသမှာဖြစ်လို့ တစ်ရက်ကြိုတင်ပြီးတော့ တိုကင်ယူထားဖို့လိုပါတယ်။ နေ့တိုင်း မနက် ၉ နာ ရီကနေ ညနေငါးနာရီခွဲအထိ ဖွင့်လှစ်ကုသမှာပါ။ သုခဆေးခန်းရဲ့ထုံးစံအတိုင်း အားလုံးအခမဲ့ ကုသပေးမှာပါ”ဟု ၎င်းကပြောသည်။

အဆိုပါဌာနကို ဦးဆောင်ကုသမည့် ပါမောက္ခဆရာဝန်ကြီး ဒေါက်တာဦးသန်းတိုးက “လွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းက ကို ကျော်သူနဲ့ အကြောအဆစ်ရောဂါ ဝေဒနာသည်တွေ ပြန်ပြီးသန်စွမ်းနိုင်ရေးအတွက် ကုသခန်းဖွင့်မယ့်ကိစ္စကို ပြောခဲ့ဖူးပါတယ်။ အကြောအဆစ်နာကျင်ရင် တရုတ်အားကိုးပြီး သွားနှိပ်နယ်ကြတယ်။ မဖြစ်သင့်တာတွေဖြစ်တယ်။ အခု ဒီဆေးခန်းမှာ ကုသမှုအပိုင်းအတွက် အထောက်အကူပြုပစ္စည်းတွေအားလုံးကို နာရေးကူညီမှုအသင်းက စီစဉ်ပေးတဲ့အတွက် အရမ်းအဆင်ပြေတယ်”ဟု ပြောကြားသည်။

အဆိုပါဌာနမှ ကုသမှုလုပ်ငန်းများကို နောက်ပိုင်းတွင် လူနာများပေါ်မူတည်ကာ တိုးချဲ့ကုသသွားရန်ရှိကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။ အဆိုပါ ကုသမှုဌာနတွင် ပါမောက္ခဒေါက်တာဦးသန်းတိုး ဦးဆောင်၍ ဒေါက်တာဝါ၀ါအောင်၊ ဒေါက်တာသန်းသန်းဌေး၊ ဒေါက်တာအောင်ကိုဦး၊ ဒေါက်တာမွန်မွန်ခိုင်၊ ဒေါက်တာခင်စောဦးနှင့် ဒေါက်တာသိင်္ဂီလှိုင်တို့က ဝေဒနာရှင်များကို အလှည့်ကျကုသိုလ်ဖြစ် ကုသမှုပြုလုပ်သွားမည်ဖြစ်သည်။

7Day News Journal

ဘကြီးသက်
Unknown at 8:01 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.