Sunday, July 22, 2012

ဂျပန်တွင် ရှားပါး သတ္တုသိုက်ကြီး တွေ့ရှိ

From : MRTV-4
ဂျပန် သိပ္ပံပညာရှင်များ ပါဝင်သော အဖွဲ့ တစ်ခုမှာ ကြီးမားသည့် ရှားပါး သတ္တုသိုက်ကြီး တစ်ခုကို နိုင်ငံပိုင် အထူး စီးပွားရေးဇုံ တစ်ခုတွင် တွေ့ရှိခဲ့ရပြီ
ဖြစ်သည်။ တိုကျို တက္ကသိုလ် ပါမောက္ခ Yasuhiro Kato မှ ယခု တွေ့ရှိမှု ရလာဒ်ကို ကြေညာခဲ့ခြင်း ဖြစ်ကာ ၎င်းတို့ အဖွဲ့ အနေဖြင့် ပစိဖတ် သမုဒ္ဒရာရှိ မီတာ ၅၆၀၀ အနက်မှ ပင်လယ် ကြမ်းပြင်တွင် ရှိသော မြေကြီး နမူနာကို ရယူပြီး ၄ နှစ်တာ လေ့လာမှုမှ တစ်ဆင့် ယင်းသို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွံ့တွင် dysprosium ခေါ် နှစ်မျိုးစပ် ကားများ၏ မော်တာများတွင် သုံးသည့် ဓါတ်များနှင့် LCD များတွင် လိုအပ်သည့် terbium ခေါ် ဓါတ်များကို တွေ့ခဲ့ ရကြောင်း ဖော်ပြသည်။ အဆိုပါ သဘာဝ တွင်းထွက် ဓါတ်များ ပြည့်ဝနေသည့် ပင်လယ် ကြမ်းပြင်မှာ အကျယ်အားဖြင့် စတုရန်း ကီလိုမီတာ ၁ ထောင်ကျော် ရှိပြီး မီနာမီ ခရီးသွား ကျွန်းအနီးတွင် ရှိကာ တိုကျိုမှ ကီလိုမီတာ ၂၀၀၀ ခန့် ဝေးသည့် နေရာတွင် ရှိကြောင်း သိရသည်။

ယင်းနေရာတွင် အဆိုပါ ရှားပါး သတ္တုတန်ချိန် ၆.၈ သန်း ရှိနိုင်ကြောင်း ခန့်မှန်းထားကာ ယင်းပမာဏမှာ ဂျပန်တို့ သုံးစွဲမှုနှင့် တိုင်းတာပါက နောက်ထပ် ၂၂၇ နှစ် အထိ သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယခုလို တွေ့ရှိမှုမှာ ပထမဆုံး အကြိမ်အဖြစ် ပမာဏ အများဆုံး ဖြစ်ကြောင်းနှင့် ယခုလို ရှားပါး သတ္တုကို တရုတ် နိုင်ငံမှ အဓိက ထုတ်လုပ်နေခြင်း ဖြစ်သည်။

source : NHK news


Myanmar Express
ဘကြီးသက်
Unknown at 4:55 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.