Thursday, July 19, 2012

အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်




အထက်ပါ ခေါင်းစဉ်ရဲ့ စကားလုံးတွေကို အဓိပ္ပါယ်ခွဲကြည့်မယ်ဆိုရင် …………
ပထမဦးစွာ အာဇာနည် ဆိုတာဘာလဲ။
ယနေ့ခေတ် မြန်မာပြည်ရဲ့ မူလတန်းအရွယ်ကလေးတယောက်ကို မေးကြည့်လိုက်တော့ အာဇာနည်ဆိုတာဟာ မြန်မာပြည်မှာ အဆိုတော်တယောက်ရဲ့ နာမည်လို့ ဖြေခဲ့တာကို နားနဲ့ဆတ်ဆတ်ကြားခဲ့ဖူးပါတယ်။ ကျွန်ုပ် မရယ်မိပါ။ 
ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံရယ်လို့ တွန့်တွန့်ကောက်ကောက် မြေပုံတခု တရားဝင် ဆွဲပြနိုင်ဖို့နဲ့ ပြည်ထောင်စုဖွား မြန်မာနိုင်ငံသားအားလုံးဟာ အဲသည့် မြန်မာပြည်ထဲမှာ သိက္ခာရှိစွာ ရပ်တည်နေကြပါတယ်ဆိုတာကို ကမ္ဘာ့အလယ်မှာ ဖေါ်ပြနိုင်ဖို့အတွက် မြန်မာပြည်ဖွား တိုင်းရင်းသား အာဇာနည်ပေါင်းများစွာ မြန်မာ့သမိုင်းမှာ ရှိခဲ့တာကို ယနေ့ခေတ် ကလေးတွေ မသိတော့ပါ။
မြန်မာနိုင်ငံမှာ အာဇာနည်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် လူပုဂ္ဂိုလ်(၉)ဦးတည်း မဟုတ်ပါ။ အောက်မြန်မာပြည်ကို တိုင်းတပါးသားတွေ ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့ အချိန်ကစလို့ ငါတို့ တိုင်းပြည်နဲ့ ငါတို့လူမျိုးအတွက်ဆိုပြီး အသက်ပေးခဲ့ကြတဲ့ အာဇာနည်ပေါင်းများစွာရှိခဲ့ပါတယ်။
ဒီတော့ အာဇာနည်ဆိုတာဟာ ဘယ်လို လူမျိုးကိုခေါ်တာပါလဲလို့ သင့်ကို တစုံတယောက်က မေးလာခဲ့ရင်…
အာဇာနည်လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်ဝေါဟာရ (Martyr)သည် ဂရိတ်ဘာသာစကားက ဆင်းသက်လာခြင်း ဖြစ်ပါတယ်။ A Martyr  means somebody who suffers persecution and death for the people and a country. လို့ အဘိဓါန်မှာဖွင့်ဆိုထားပါတယ်။ (တစုံတယောက်သောသူသည် တိုင်းပြည်နှင့် လူမျိုးအတွက်  ဒုက္ခဆင်းရဲများခံကာ အသက်စွန့်ခြင်းလို့အဓိပ္ပါယ်ရရှိပါသည်။) လို့ အတိုချုပ်ပြီး ဖြေလို့ရပါတယ်။
အောက်မြန်မာပြည်ကို အင်္ဂလိပ်သိမ်းခဲ့တဲ့ ကာလကစလို့ နှစ်ပေါင်း(၁၀၀)နီးပါး သူတပါးကျွန်ဘဝက လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြရာမှာ လွတ်လပ်ရေးရခါနီး နောက်ဆုံးအနေအထားလို့ ပြောလို့ရနိုင်တဲ့ အချိန်အခါမျိုးဖြစ်တဲ့ တိုင်းရင်းသားအားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ရယူနိုင်ခဲ့တဲ့ ပင်လုံစာချုပ်အရ  ‘’မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရန်နှင့် ပြည်ထောင်စုမူဖြစ်တဲ့ ဖယ်ဒရယ်မူကိုသာလျှင်ကျင့်သုံးသင့်တယ်’’လို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များကယုံကြည်ထားခဲ့ကြပါတယ်။
အဲသည်လိုယုံကြည်မျှော်မှန်းချက်တွေကို အကောင်အထည်ဖေါ်နေစဲကာလအတွင်းမှာပဲ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့မနက်(၁၀)နာရီ၃၇မိနစ်အချိန်မှာ နယ်ချဲ့အင်္ဂလိပ်နှင့် အလိုတော်ရိများ၏ ပူးပေါင်းကြံစည်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ သခင်မြ၊ ဒီးဒုတ်ဦးဘချို ၊ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ အတွင်းဝန်ဦးအုန်းမောင်နှင့်လုံခြုံရေးတာဝန်ယူထားရတဲ့ ရဲဘော်ကိုထွေးတို့ကျဆုံးခဲ့ကြရပါတယ်။ 
တနိုင်ငံလုံး ကြိမ်မီးအုံးသလို ဝမ်းနည်းပူဆွေး၊ ဇူလိုင်မိုးနဲ့အပြိုင် မျက်ရည်ဖြိုင်ခဲ့ကြရတယ်။ နှမြောတသခြင်းများစွာနဲ့အတူ တိုင်းသူပြည်သားတို့ ချစ်ကြသော အဆိုပါ ပုဂ္ဂိုလ်ကြီးများကို မြန်မာပြည်ရဲ့ အာဇာနည်များထဲက အာဇာနည်(၉)ဦးဟု တညီတညွတ်ထဲ သတ်မှတ်ကြပြီး၊ ထိုပုဂ္ဂိုလ်များ ကျဆုံးသွားသည့်နေ့ကိုလည်း အာဇာနည်နေ့လို့ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။
အာဇာနည်ဆိုတာရယ်၊ မြန်မာပြည်ရဲ့ အာဇာနည်နေ့ဆိုတာရယ်ကို အကျဉ်းခြုံး ဖေါ်ပြလို့ ပြီးသွားတော့ အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆိုတာကို ကြီးကို ကျွန်ုပ်တို့ တွေးတော မှန်းဆကြည့်ကြရအောင်။
ကျွန်ုပ်တို့နိုင်ငံရဲ့အာဇာနည်ခေါင်းဆောင်ကြီးများက ဘယ်လိုပြည်ထောင်စု မြန်မာနိုင်ငံတော်ကို မျှော်မှန်းခဲ့တာပါလဲ?
အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ခေတ်အဆက်ဆက်ရဲ့ စစ်အစိုးရက တည်ဆောက်နိုင်ခဲ့ပါသလား?
ကျွန်ုပ်တို့ ကဏ္ဍအလိုက်ပြန် သုံးသပ်ကြည့်မယ်ဆိုရင်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၂မတ်လ(၂)ရက်နေ့မှာ အာဏာသိမ်းယူခဲ့တဲ့ ဗိုလ်နေ၀င်းဦးဆောင်တဲ့ စစ်အာဏာရှင်စနစ်ရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာဟာ စာအားဖြင့်သာရှိခဲ့ပြီး၊လက်တွေ့မှာတော့ ပင်လုံစာချုပ်ပါ ဖယ်ဒရယ်မူအရ ပြည်နယ်အုပ်ချုပ်ခွင့် တောင်းသည့် တိုင်းရင်းသားများ၏ တောင်းဆိုမှုများကို တိုင်းပြည်ခွဲထွက်၍ သီးခြားနိုင်ငံထူထောင်ရန် လုပ်ဆောင်မှုအဖြစ် စွပ်စွဲအကြောင်းပြကာ စစ်တပ်မှအာဏာသိမ်းယူလိုက်ပါသည်။ 
ယင်းအချိန်မှစ၍ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များရည်မှန်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် မရောက်ရှိအောင် ဖျက်ဆီးခြင်းခံခဲ့ပါသည်။
နှိမ်နင်းနှိပ်စက်ခံ တိုင်းရင်းသားများဟာ မိမိတို့ရဲ့အိုးအိမ်ပစ်ပြေးပြီး နယ်စပ်ဒေသများ၊ အိမ်နီးချင်းနိုင်ငံများတွင် ဒုက္ခသည်အဖြစ်ခိုလှုံခဲ့ကြရတာဟာဆိုရင် ယနေ့ထက်တိုင်ပါပဲ။ ဒါကြောင့်လည်း မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရခဲ့ရပေမယ့်လည်း ပြည်တွင်းစစ်မီး တောက်လောင်ကာကမ္ဘာ့အလယ်မှာဗမာဆိုရင် မျက်နှာငယ်ရတယ်။ ဂုဏ်သိက္ခာမဲ့ရတယ်။ အာဇာနည်ကြီးများ၏ အသက်စွန့်ကြိုးပမ်းခဲ့မှုကဟာ သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။
နို်င်ငံစီးပွါရေးနှင့် လူနေမှုဘဝ
အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းထားသော နိုင်ငံ့စီးပွါးရေးမှာ နိုင်ငံသားတို့၏အကျိုးစီးပွါးကို ကာကွယ်သော ပြည်တွင်းနှင့် နိုင်ငံခြားကုန်သွယ်မှု ဆိုင်ရာ စီးပွါးရေးပေါ်လစီဖြစ်ပြီး နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့် နှင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ပြီး အခမဲ့ဆေးဝါးကုသခွင့် အခမဲ့ပညာသင်ကြားခွင့်များ ရရှိစေရမည်။ လွတ်လပ်စွာ ကူးသန်းသွားလာခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ပုံနှိပ်ထုက်ဝေခွင့် ရှိရမည်ဟု ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ တိုင်းပြုပြည်ပြု အစည်းဝေးမှတ်တမ်းများ၊ လူထုအစည်းဝေးပွဲများတွင် အတိအလင်းပြောဆိုထားပါတယ်။
ဒါပေမယ့်လည်းဒါတွေကို ယနေ့ခေတ် စစ်အစိုးရအသွင်ပြောင်း ကြံ့ဖွံ့အစိုးရ လက်ထက်အထိ အာဇာနည်ခေါင်းဆောင်ကြီးများ ယုံကြည်မျှော်လင့်ထားခဲ့သမျှ လုံးဝမဖြစ်လာပါဘူး။ နိုင်ငံသားတို့ဟာ အစိုးရ၏လက်ဝါးကြီးအုပ် စီးပွါးရေးစနစ်အောက်မှာ ဆင်းရဲနွမ်းပါးနေပြီး နိုင်ငံသားတို့၏ အကျိုးစီးပွါးကိုကာကွယ်ပေးမှုဆိုတာ အိပ်မက်တောင်ထဲမှာတောင် မရှိပါဘူး။ 
တချို့အချက်တွေကို ထောက်ပြရရင် မိမိနိုင်ငံမှာ စွမ်းအင်လုံလောက်မှုမရှိပါဘဲနဲ့ တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံကို သဘာဝဓါတ်ငွေ့ရောင်းချနေမှုများ၊ အစိုးရ၏ ရေကာတာ စီမံကိန်းများဟာလည်း  တိုင်းရင်းသားတို့၏ အကျိုးစီးပွါးကို ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရပါတယ်။ အချိန်မရွေး အဓ္ဓမလုပ်အားပေးစေခြင်း အဓ္ဓမပြောင်းရွှေ့စေခြင်း အဓ္ဓမစစ်သားအဖြစ် စုစောင်းခံရခြင်းတို့ဖြင့်လည်း နိုင်ငံသားတို့သည် လွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့်ကို လုံးဝမရရှိပါဘူး။ 
လယ်ယာစိုက်ပျိုးရေး
အာဇာနည်ခေါင်းဆောင်ကြီးများက မျှော်မှန်းထားခဲ့သည့် ခေတ်မှီလယ်ယာစိုက်ပျိုးရေးစနစ်ဖြင့် ဆန်စပါးကို ပြည်တွင်း၌ ဖူလုံရုံသာမကဘဲ နိုင်ငံခြားသို့အဓိကပို့ကုန်အဖြစ်ရောက်အောင် အကောင်ထည်ဖေါ်ရေးကိစ္စဟာ ယနေ့အစိုးရလက်ထက်အထိ အောင်မြင်မှုမရရှိသေးပါဘူး။ ပိုဆိုးတာက ယခုအချိန်ထိ မတရား လယ်သိမ်းမှု၊ ယာသိမ်းမှုတွေဟာ မချုပ်ငြိမ်းနိုင်သေးဘဲ လယ်ယာမြေများကိုအဓမ္မသိမ်းယူသဖြင့် လယ်ယာမဲ့ထ္မင်းငတ်တဲ့ဘ၀ကို လက်ရှိအနေအထားမှာပဲ တောင်သူလယ်သမားများရင်ဆိုင်နေကြရပါတယ်။
ပညာရေးစနစ်
ပညာရေးစနစ်မှာ အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သော အမျိုးသားကျောင်းဆရာကြီး ဦးရာဇတ်၏ နိုင်ငံတကာနှင့်အမှီ ရင်ဘောင်တန်းနိုင်သော မြန်မာ့ပညာရေးစနစ်ရည်မှန်းချက်ဟာလည်း ဦးနေ၀င်း၏ မဆလ ပါတီလက်ထက်မှ စတင်ပြီး ပျက်ဆီးခဲ့ရာ ယခုအစိုးရလက်ထက်တွင် မြန်မာ့ပညာရေးစနစ်ကို အတန်းမြှင့်ပညာရေးစနစ်ဆိုတဲ့ ကျရှုံးသူမရှိသော စနစ်ဆိုပြီးနိုင်ငံတကာအဆင့်တန်းလည်းမမှီိသော  ပညာတတ်အမည်ခံများကို အများမွေးထုက်ပေးနေခြင်းဖြင့် မြန်မာ့ပညာရေးကို ဖျက်ဆီးနေပါသည်။ ပညာသင်ကြားရေး စရိတ်များကြီးမြင့်လွန်းတဲ့အတွက် အခြေခံလူတန်းစားအချို့နဲ့ ဝေးလံသောဒေသများမှ ကျွန်ုပ်တို့တိုင်းရင်းသားတွေရဲ့ ရင်သွေးငယ်များဟာ ပညာရေးဆိုတာ လုံးဝမရှိတော့ပါဘူး။
အမျိုးသားကျန်းမာရေး
မိမိစရိတ်ဖြင့် ဆေးဝါးဝယ်ယူပြီး ကုသရသည့်အစိုးရဆေးရုံများ နှင့် ဆေးဝါးကုသခွင့်စရိတ်ကြီးမားပြီး ဖြစ်သလိုလုပ်တတ်တဲ့ အစိုးရနဲ့ပါတ်သက်ဆက်နွယ်နေသူတို့ ပိုင်ဆိုင်ကြတဲ့ ပုဂ္ဂလိက ဆေးရုံများတွင် မိမိတို့အသက်ကို ငွေနှင့်ဆက်နေကြရပြီး အစိုးရ၏ ဆေးကုသခွင့် အာမခံချက်ဆိုတာ ဝေလာဝေး တိမ်းပါးသေဆုံးခဲ့ရင်တောင်အရပ်သားအဖွဲ့အစည်းများ၏ ကူညီစောင့်ရှာက်မှုကိုသာ ရယူနေရပါသည်။ စေတနာအလျောက် ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ စေတနာရှင်တွေကိုလည်း နှောက်ယှက်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းတို့ကို စစ်အာဏာရှင်လက်ထက်က ပြုလုပ်ခဲ့ကြပါတယ်။
လွတ်လပ်စွာကူးသန်းသွားလာခွင့်
ယနေ့ ကြံ့ဖွံ့အစိုးရလက်ထက်အထိ ခွင့်ပြုချက်မရရင် ဆွေမျိုးသွေးသားတော်စပ်သူများ၏ အိမ်မှာတောင် ညအိပ်မနေရပါဘူး။ ချိန်မတော်ကြီး တံခါးခေါက်သံဟာ ခေတ်သစ်အာဇာနည်များအတွက် ငရဲတံခါးဖွင့်သံပါပဲ။
လွတ်လပ်စွာ ပြောဆို ရေးသားခွင့်
နအဖ စစ်အစိုးရ လက်ထက်မှာ ထောင်ကျစေမယ့် အဓိကအချက်ဟာ လွတ်လပ်စွာ ပြောဆိုခြင်း၊ လွတ်လပ်စွာရေးသားခြင်းပဲ ဖြစ်ပါတယ်။ ယနေ့ခေတ် ကြံ့ဖွံ့အစိုးရလက်ထက်မှာတော့ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ကို ပျော်ပျော်ကြီး လုပ်နိုင်တဲ့ နေရာကတော့ အင်တာနက်စာမျက်နှာတွေမှာ ဘယ်သူမှန်းမသိ၊ ဘယ်ဝါမှန်းမသိဘဲ account ဖွင့်ရေးခြင်း၊ (သို့မဟုတ်) ပြည်ပကနေ၍ account ဖွင့်ရေးခြင်း blogger လုပ်၍ ရေးခြင်းပဲ ဖြစ်ပါတယ်။
ဘာဖြစ်လို့ဗိုလ်နေဝင်းရဲ့ စစ်အစိုးရလက်ထက်ကနေစပြီး ယနေ့ခေတ်အထိ အခုလိုဆိုးရွားသထက် ဆိုးရွားမှုတွေဖြစ်နေရတာပါလဲ။ သမိုင်းအစစ်ကိုပြန်ကြည့်မယ်ဆိုရင်…..
အင်္ဂလိပ်ကိုအာဏာဖီဆန်တဲ့ တို့ဗမာအစည်းအရုံးကြီး နှစ်ခြမ်းကွဲစဉ်မှာ သခင်ကိုယ်တော်မှိုင်း ဦးစီးသော သခင်ပေါက်စ ထောင်ခြောက်လဆိုရိုး အတိုင်း အာဏါဖီဆန်သော သခင်အုပ်စုတွင် သခင်အောင်ဆန်း ပါဝင်ခဲ့ပြီး။သခင်လျှောက်လွှာတစောင်ကို တမတ်ဖြင့်ရောင်းချသည့် ဘာမှအာဏါဖီဆန်မှု မလုပ်သည့် ထွန်းအုပ်ဘစိန် ဂိုဏ်းမှ တမတ်သခင်ဘွဲ့ကို သခင်ရူ့မောင် လို့ခေါ်တဲ့ နောင်တချိန်မှာ စစ်အာဏါရှင်ဖြစ်လာမယ့်   ဗိုလ်နေ၀င်းကပါဝင်ခဲ့ပါတယ်။
ဗိုလ်နေ၀င်းဟာ ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးပြီးကာလမှာ သက်ရှိထင်ရှားရှိမယ် ဆိုရင် ရင်မဆိုင်ဝံ့ပါဘူးလို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်ခေတ်အတွင်း ဧရာဝတီတိုင်းမှာ နိုင်ငံရေးတာဝန်ခံအဖြစ်တာဝန်ယူရတဲ့ သခင်စိုးနှင့် စစ်ရေးတာဝန်ခံအဖြစ် တာဝန်ယူရတဲ့ဗိုလ်နေ၀င်းတို့ဟာ မုဒိမ်းကျင့်လူသတ်မှုကို ကျူးလွန်ခဲ့တယ်။ 
အဲသည့်အမှုကိုဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးမှ စစ်ဆေးရန်ဆိုင်းငံ့ထားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ ကျဆုံးပြီးနောက် စစ်ရာဇ၀တ်ကောင် ဗိုလ်နေဝင်းဟာ သူအာဏာသိမ်းပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်တို့ချမှတ်ခဲ့တဲ့၊ မျှော်မှန်းခဲ့တဲ့လမ်းစဉ်တွေကို သွေဖယ်ခဲ့ပါတယ်။
ဒီလိုနဲ့ စစ်အာဏါရူးတွေရဲ့ ဖခင်ကြီးဖြစ်တဲ့ ဗိုလ်နေ၀င်းက မွေးဖွါးလိုက်သော ဘမျိုးဘိုးတူ စစ်အုပ်စုကလည်း ဗိုလ်နေ၀င်း နည်းတူ တိုင်းပြည်အပေါ် ကျေးဇူးတရားကြီးမားသော ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ပြည်သူများ၏ ကြည်ညိုလေးစားမှု အခန်းကဏ္ဍများကိုမှေးမှိန်သွားအောင် မနာလိုစိတ်ကြီးမားစွာ အာဇာနည်နေ့ကိုစနစ်တကျ ဖျောက်ဖျက်ခဲ့ပါတယ်။ 
ပြည်သူလူထုရဲ့ စစ်မှန်တဲ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ NLDပါတီကို အာဏာလွှဲမပေးခြင်း၊ ထိုစဉ်က ပါတီ၏အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ပါတီခေါင်းဆောင်များ၊ ပြည်သူလူထုဘက်မှနေ၍ အမှန်တရားကို ထုတ်ဖေါ်ပြောကြားသော ရဟန်းရှင်လူကျောင်းသားများကို လုပ်ကြံသတ်ဖြတ်ရန်ကြံစည်ခြင်း၊ မတရားဖမ်းဆီးထောင်ချနှိပ်စက်ခြင်း၊ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ(နာဂစ်ဥပဒေ)ကို တဖက်သတ်ရေးဆွဲခြင်း တို့ကိုပြုလုပ်ရုံနဲ့အားမရသေးဘဲ ၂၀၁၀ရွေးကောက်ပွဲကို အတင်းအဓမ္မလုပ်ကြံဖန်တီးမှုများစွာနဲ့ တဖက်သတ်အနိုင်ရအောင် ပြုကျင့်ခဲ့ခြင်းတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးများချမှတ်သွားတဲ့ လမ်းစဉ်တွေနဲ့ လုံးဝလုံးဝကြီးကိုဆန့်ကျင်နေတာကို တွေ့ခဲ့ရပါတယ်။
အာဇာနည်နေ့ ၀မ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲ အလေးပြုခြင်းမပြုခဲ့တာ၊ ရေဒီယိုကနေ(သီချင်း)မကြားရတော့တာ၊ အာဇာနည်နေ့မှာချီတက်အလေးပြုခြင်းနှင့် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနား မှန်သမျှကိုလုံးဝပြုလုပ်မပေးတော့တာ၊ မိမိတို့အစီစဉ်ဖြင့် ပြုလုပ်လျှင်လည်း ဖမ်းဆီးထောင်ချခြင်းတို့ကို နအဖစစ်အာဏာရှင်တွေကို တင်းတင်းကြပ်ကြပ် ပြုလုပ်နေခဲ့တာဟာဆိုရင်နှစ်ပေါင်း(၂၀)ကျော်ခဲ့ပါတယ်။ 
ယနေ့ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ၊(၁၉)ရက်နေ့မှာ ကျရောက်တဲ့ (၆၅)နှစ်မြောက် အာဇာနည်နေ့ဟာ နှစ်ပေါင်း(၂၀)အတွင်းမှာ အပွင့်လင်းဆုံး အာဇာနည်နေ့လို့ ဆိုရပါမယ်။ ဒါတောင်မှ ဥသြသံကတော့ ဆိတ်သုဉ်းနေဆဲ၊ တင်းကျပ်မှုတွေကြားမှာ ပြည်သူလူထု မေတ္တာကို ပြသတဲ့ပွဲလို့တောင် ဆိုနိုင်ပါတယ်။
ကျွန်ုပ်တို့အနေနဲ့ လွန်ခဲ့သော (၆၅)နှစ်က တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ကြသော အာဇာနည်ကြီးများကို တကယ် ချစ်ရင်၊ တကယ်လေးစားရင်၊ တနှစ်မှာ တရက်တည်း ဂုဏ်ပြုရုံနေရုံနဲ့ မလုံလောက်နိုင်ပါ။
ကမ္ဘာ့အလယ်မှာ မြန်မာဟေ့လို့ pass port ပြလိုက်ရင် ဘေးကိုခဏဖယ်ထားခံလိုက်ရတာ၊ အထူးစစ်ဆေးခန်းထဲ ခေါ်သွားခံရတာ၊ ငွေညှစ်ခံရတာ၊ ပြည်ဝင်ခွင့် ဗီဇာမရတော့တာတွေဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးရဲ့ ဖြစ်အင်တွေ မဟုတ်တာတော့ သေချာပါတယ်။ 
ခေတ်အဆက်ဆက်က ဖြစ်ပျက်ခဲ့တာတွေကို သင်ခန်းစာယူရင်း အခြေခံအကျဆုံးဖြစ်တဲ့ အကျင့်ဆိုးတွေ၊ စိတ်ဓါတ်ဆိုးတွေကို အရင်ဆုံးပြုပြင်ကြရင်း၊ တိုင်းပြည်ကောင်းကျိုး သယ်ပိုးနေသူများကို မိမိတို့ စွမ်းနိုင်သလောက် အားပေးထောက်ခံကူညီရင်း ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး တက်ညီလက်ညီ ယနေ့အချိန်မှစပြီး ကြိုးစားလိုက်ကြမယ်ဆိုရင်ေ၇ွှပြည်တော်ကြီးဟာ မျှော်လေတိုင်း မဝေးနိုင်တော့ပါဘူး။
နောက်ဆုံးအနေနဲ့ ကျွန်ုပ်တင်ပြချင်တာကတော့ ပြည်ထောင်စုဖွား တိုင်းရင်းသားများ အားလုံးပါဝင်ဖွဲ့စည်းထားတဲ့ ဖ၊ဆ၊ပ၊လ အဖွဲ့ကြီးရဲ့ (ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံကြီးမှာ) ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသွားခဲ့တဲ့ ကျုပ်တို့လိုချင်တာကတော့ (Greatest  Happiness of the Greatest  Number) လူအများဆုံး အကောင်းဆုံး ချမ်းသာသုခရအောင် လူအများက ကြိုးကိုင်တဲ့ ဒီမိုကရေစီမျိုးကိုသာ ဖြစ်တယ် ဆိုတဲ့မိန့်ခွန်းစကားအတိုင်း ကျမတို့နိုင်ငံတော်ကြီးကို အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့…တိုက်တွန်းနှိုးဆော်ရင်း(၆၅)နှစ်မြောက် အာဇာနည်နေ့ကြီးကိုဂုဏ်ပြုလိုက်ရပါတယ်။

မြန်မာ့လွတ်လပ်ရေးအတွက် ခေတ်အဆက်ဆက် အသက်ပေးလှူသွားခဲ့ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား အာဇာနည်အပေါင်းကို ဤဆောင်းပါဖြင့် ပူဇော်ဂုဏ်ပြုပါ၏။
နန္ဒာ(ဂျပန်)
ကျမ်းကိုးစာရင်း
ဦးပုကလေး (ငါတို့ဗိုလ်ချုပ် ဘာတွေ လုပ်ခဲ့သလဲ)
ဦးအောင်သန်း (အောင်သန်းရဲ့ အောင်ဆန်း)
ဝင်းတင့်ထွန်း (အမှောင်ကြားက ဗမာပြည်)
မှတ်ချက်……အဘသခင်ဦးအုန်းမြင့်(လွတ်လပ်ရေးတိုက်ပွဲဝင်) နဲ့ အဘရဲနီသက်ဝင်း(ခ)သံမဏိစိန်လှ တို့၏ ထောင်တွင်း ကိုယ်တွေ့ ပြောကြားချက်များကို ပြန်လည်ပြောကြားပေးသော၊ ကျွန်ုပ် သိလိုသော မြန်မာ့နိုင်ငံရေးဖြစ်စဉ်များကို သင်ကြားလမ်းညွှန်ပေးသော ခင်ပွန်းသည် ကိုရဲမင်းထွန်းအား ကျေးဇူးတင်ပါသည်။
http://www.manandar.com/2012/07/blog-post_488.html
ဘကြီးသက်
Unknown at 7:20 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ။

၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ

ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း

လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

နောင်တ

နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ

အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ

စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

ရွေးချယ်မှု

နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း

သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး

ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။

ပူပင်သောက

လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု

မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား

အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

—
 face book
ဘကြီးသက်
Unknown at 7:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သဘောထားကြီးပြီး ခွင့်လွှတ်တတ်သော ဗိုလ်ချုပ်


April Maung Maung


အချိန်ကား ၁၉၄၂ ခုနှစ် မိုးဦးကျစ ဇွန်လအတွင်းဖြစ်၏။
ဂျပန်တပ်မကြီးများနှင့် မြန်မာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)တို့
နယ်ချဲ့ဗြိတိသျှတပ်များအား မြန်မာနိုင်ငံတ၀န်းမှ
အပြီးပိုင်မောင်းထုတ်ပြီးနောက် မြို့ပြအုပ်ချုပ်ရေး
အုတ်မြစ်ချကာစအချိန်တွင် တပ်မတော်မှ ရဲဘော်သုံးကျိပ်ဝင်
အရာရှိကြီးအချို့နှင့် တို့ဗမာအစည်းအရုံးဝင်အုပ်ချုပ်ရေး
သက်ဆိုင်ရာတာဝန်ခံတို့မှာ ရွှေတောင်ကြား (ဂိုလ်ဒင်ဗယ်လီ)လမ်းအတွင်း၌
နေထိုင်ကြသည်။

ရွှေတောင်ကြား ခြံအမှတ် ၅၆ (ယခု အီတလီသံအမတ်ကြီးနေအိမ်နှင့်ကပ်လျှက်)
နေအိမ်ခြံဝ၌ ကင်းအစောင့်တာဝန်ကျနေသော ရဲဘော်သည် ထိုအိမ်၌နေထိုင်သော
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်အောင် (နောင်အခါ ပြည့်သူ့လွတ်တော်ဥက္ကဋ္ဌ
ဗိုလ်မှူးအောင်) ထံသို့ ကိစ္စအမျိုးမျိုး အကြောင်းပြလျက်
လာရောက်သမျှဧည့်သည်များကို ၀င်ခွင့်ပေးသင့်၊ မပေးသင့် စဉ်းစားဆုံးဖြတ်နေရ၍
အတော်ဦးနှောက်ခြောက်နေရ၏။
” ဟေ့ ရဲဘော် မင်းတို့ဗိုလ်အောင်ရှိသလား၊ ငါက သူ့ဦးလေးပဲ၊ ငါလာတယ်လို့ သွားပြောလိုက် ”
ဤကဲ့သို့ အမျိုးဂုဏ်ဝင့်၍ အထက်စီးဖြင့် လာသောသူများ။
” ဒီမယ် ဒကာလေး၊ မင်းတို့ဗိုလ်မှူးကို သွားပြောချေစမ်း၊ မန္တလေးက
အာဇာနည်အသျှင်ဓမ္မိသာရကိုယ်တော် ကြွလာတယ်လို့၊သွားသွား မြန်မြန်သွား၊
ငါသူနဲ့ မတွေ့လို့မဖြစ်ဘူး”
ဤသို့ လူမြင်သမျှ ကပ္ပိယကဲ့သို့ ဆက်ဆံသော ဘုန်းကြီးများ။
” ဒါ မောင်စံလှိုင်နေတဲ့အိမ် မဟုတ်လား၊ ပြောလိုက်ပါ ကျုပ်နာမည်က့တဲ့၊ သူသိပါတယ် ”
ဤသို့ အလွန်ရင်းနှီးဟန်ဖြင့် ဘာကောင်မှန်းမသိရသောသူတို့ တစ်နေ့တစ်နေ့
နေ၀င်၍သောသွားကြပြီး ပြန်ထွက်လာသူမရှိသလောက်ဖြစ်နေ၍ ဧည့်ခန်းမဆန့်သော
အခြေအနေရောက်လာသောအခါ တာဝန်ကျကင်းဗိုလ် မနေသာတော့ဘဲ
အပေါက်စောင့်ရဲဘော်ထံပြေးလာကာ-
” ဟေ့ ရဲမောင်၊ ကြည့်လဲလုပ်ပါဦးကွ၊ မင်းဥစ္စာက တွေ့သမျှလူတွေ မလွှတ်နဲ့ကွ၊
ဧည့်ခန်းတောင် မဆန့်တော့ဘူး။ ဗိုလ်မှူးခုထိ ထမင်းမစားရသေးဘူး။ ကြည့်စမ်း
ဘယ်အချိန်ရှိနေပြီလဲ ဒီလိုလူတိုင်းနဲ့ လက်ခံစကားပြောနေရင်သေးတောင်
ပေါက်ရမှာမဟုတ်ဘူး ” ဟု ဆိုပါလေ၏။
ပြောမည်ဆိုလည်း ပြောစရာပင်။ လာသောဧည့်သည်များမှာ အလည်အပတ်သက်သက်၊ သားရေး
သမီးရေးကိစ္စဖြင့် အချိန်ဖြုန်းလာသူများ၊ လက်အောက်ငယ်သား
သူကြီးပုလိပ်တို့နှင့် ပြီးနိုင်သည့်ကိစ္စများကို နယ်မှ တကူးတကနှင့်
လာရောက်ပြီး
အသိပေးတိုင်ကြားသူများ၊ လာရင်းကိစ္စကို တိုတိုတုတ်တုတ်နှင့် မပြောဘဲ
စကားကြောရှည်နေသူများ စသည်ဖြင့် ဧည့်သည် အမျိုးပေါင်းစုံလှပေသည်။
ထို့ကြောင့် ဧည့်သည်များလာလျှင် အရေးကိစ္စကို အမျိုးအစားခွဲလျှက်
ရုံးကိစ္စဖြစ်လျှင် ရုံးသို့စေလွတ်ရန်၊ အိမ်ကိစ္စဖြစ်လျှင် သူ့အား
ဦးစွာအကြောင်းကြားရန် မှာထားသော ကင်းဗိုလ်၏အမိန့်ကို အတိအကျ နာခံရသည်။
ကင်းဗိုလ်၏ အမိန့်အတိုင်း လုပ်လိုက်ပြန်လျှင် ကင်းဗိုလ်ခမျာ
သက်သာလှသည်မဟုတ်။ ဧည့်သည်တစ်ယောက်လာတိုင်း ရဲဘော်က အချက်ပေးလိုက်သည့်အခါ
ကင်းဗိုလ်သည် အိမ်ပေါက်ဝမှ ခြံဝဂိတ်အထိ မီတာ ၂၀ ခန့်အကွာအဝေးကို
ပြေးသွားပြေးလာလုပ်နေရသည်။
ကြာတော့ ကင်းဗိုလ်က တစ်မျိုးစီစဉ်သည်။
” ကဲ ရဲမောင်ရေ နောက်ကို ဒီလိုလုပ်ကြမှထင်တယ်၊ အိမ်ကိစ္စနဲ့ လာတဲ့လူတိုင်းလဲ
ငါ့ကိုမခေါ်နဲ့တော့ကွာ၊ မင်းဖာသာ လူရိပ်လူကဲကြည့်ပြီး
အထဲကိုလွှတ်သင့်တယ်ထင်မှ လွှတ်တော့ကွာ၊ တော်ရုံတန်ရုံကိစ္စနဲ့လာရင်
မင်းသဘောနဲ့မင်းကြည့်ပြီး ကောင်းသလိုရှင်းလိုက် ကြားလား ”
” ဟုတ်ကဲ့ ဗိုလ်လေး စိတ်ချပါ၊ ကျွန်တော် ကြည့်လုပ်လိုက်ပါ့မယ် ” ဟု
ကင်းဗိုလ်အစီအစဉ်အတိုင်း နာခံရန် ရဲဘော်ရဲမောင် ယတိဖြတ် ဆုံးဖြတ်လိုက်သည်။
ရဲဘော်ရဲမောင်သည် ဂိတ်ဝ၌ လှံစွပ်တပ် ဂျပန်ရိုင်ဖယ်သေနတ်ကိုပိုက်လျက်
ဟိုမှသည်မှ လမ်းသလားနေရင်း စိတ်ကလည်း ဂနာမငြိမ်ဖြစ်နေခိုက် လူတစ်ယောက်သည်
ချင်းချောင်း အဲဗင်းနယူး (ယနေ့ကမ္ဘောဇလမ်း) ဘက်မှ ရွှေတောင်ကြားလမ်းအတိုင်း
သူရပ်နေသည့်နေရာသို့ နှေးကွေးစွာလျှောက်လာနေ၏။
အချိန်မှာ ညနေ ၅ နာရီနှင့် ခြောက်နာရီကြား လူလုံးလှချိန်ဖြစ်ငြားလည်း
ဝဿန်ဦးကာလ မိုးကလေးဖွဲဖွဲရွှာနေသဖြင့် မည်သူမည်ဝါဖြစ်သည်ကို မသိနိုင်ပေ။
ထိုသူသည် မိုးကလေးဖွဲဖွဲရွှာနေသည့်ကြားက ထီးမဆောင်း၊ မိုးကာမ၀တ်၊
ဘယ်ကိုမှမကြည့်ဘဲ ဦးခေါင်းငုံ့ကာ တစ်စုံတစ်ခုကို စဉ်းစားပြီးလာနေသည်ကို
မြင်ရသဖြင့် သူ့အနေဖြင့် စိတ္တဇရောဂါသည်တစ်ဦးဖြစ်မည်ဟုထင်သည်။ ထိုသူသည်
တဖြည်းဖြည်းနှင့်လျှောက်လာရာမှ ခြံအမှတ် (၅၆) ကို လွန်သွားပြီး
လမ်းထိပ်သို့ရောက်သောအခါမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရဟန်ုဖြင့် ဖျတ်ခနဲ
ဦးခေါင်းမော့ကာ ခြံအမှတ် (၅၆) ဘက်သို့ တစ်ချက်မျှော်ကြည့်လိုက်သည်။
ကျေနပ်ပြုံးပြုံးကာ ပြန်လှည့်လာသော်လည်း ဦးခေါင်းမှာမူ
ငုံ့မြဲငုံ့နေလျှက်။
ရဲမောင်လည်း ထိုသူကိုကြည့်ရင်း ပို၍ စိတ်ဝင်စားလာသည်။ ထိုသူသည်
ခြံဝင်းထဲသို့ တန်းတန်းမတ်မတ်ဝင်လာသော်လည်း မည့်သူ့ကိုမျှ ဂရုမစိုက်၊
မေးမြန်းခြင်းလည်း မရှိ။ ထိုသူသည် ရဲမောင်ရှေ့မှ ဖြတ်တက်ရန်
ပြင်လိုက်သည်နှင့်တပြိုင်နက် ရဲမောင်၏သေနတ်သည် သူ၏ရင်ဘတ်ကို
ကန့်လန့်ဖြတ်ကာတားထားလိုက်သည်။ ထိုအခါ ထိုသူသည် သေနတ်ကို
တစ်လှည့်ရဲမောင်ကို တစ်လှည့်ကြည့်ပြီးမှ “သြော့်ရဲဘော် ခင်များကို
ကျုပ်မမြင်ဘူး ” ဟု ပြောလိုက်ရာ ကြောင်တောင်ကန်းနေသောလူပဲဟုထင်ပြီး
သူ၏ပုံပန်းသဏ္ဌာန်ကို လေ့လာအကဲခတ်လိုက်သည်။
ခေါင်းမွေးစုတ်ဖွား၊ မေးရိုးကားကား၊ မျက်စိပေါက်ကျဉ်းကျဉ်း၊
စွပ်ကျယ်လက်တို၊ တစ်ပတ်ရစ် ယောပုဆိုး၊ သဲကြိုးနီလေယာဉ်ပျံဖိနပ်နဲ့
ပိန်ကပ်ကပ် မွဲခြောက်ခြောက်လူတစ်ယောက်။
” ခင်ဗျား ဘယ်ကလဲ၊ ဘယ်သူလဲ၊ ဘယ်သွားမလို့လဲ ”
ရဲမောင်က ထိုသူအား သိလိုသောမေးခွန်းများကို ဆက်တိုက်မေးသော်လည်း သူကမူ
မေးခွန်းများကို ပြည့်ပြည့်စုံစုံမဖြေ။ ရဲမောင်က သူ့ကိုစိတ်ဝင်စားနေသလောက်
သူကမူ ရဲမောင်ကို စိတ်ဝင်စားဟန်မတူ။ သူ့ကိုကြည့်ရသည်မှာ
ခပ်ကြောင်ကြောင်ဖြစ်နေ၏။ သူသည် ရဲမောင်ကို မကြည့်ဘဲ ဗိုလ်မှူးအောင်အိမ်ကိုသာကြည့်ပြီ့း
” ဒီကိုပါပဲ၊ ကျုပ်နေတာ ဒီနားမှာပဲ ” ပြောပုံက ငုံးတိတိ ပြည့်ပြည့်စုံစုံမရှိ။
” ဒီမှာ ဗျို့ ဆရာ့ခင်ဗျား ဒီကိုလာတဲ့ကိစ္စ ပြောစမ်းပါ ”
” ကျုပ် ဗိုလ်အောင်နဲ့တွေ့ချင်လို့ ”
” ရုံးကိစ္စလား ၊ အိမ်ကိစ္စလား ”
“ အိမ်မှာတွေ့ပြီး ပြောမှဖြစ်မယ့် ရုံးကိစ္စပဲ ”
” ဟင် ”
သူပြောလိုက်သောစကားကြောင့် ရဲမောင် ကြောင်အမ်းအမ်းဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူကဆက်ပြောပြန်သည်။
” ကျုပ်အဖို့ အိမ်ဟာလဲရုံး၊ ရုံးဟာလဲအိမ်ပဲ။ အိမ်နဲ့ ရုံးကို ခွဲခြားနေလို့ အချိန်မရဘူးရဲဘော်၊ ဒါကြောင့် အခုကျုပ့်”
စကားကို အဆုံးမသတ်ဘဲ ခြံတွင်းသို့ ပြောပြောဆိုဆို ဇွတ်အတင်းဝင်လာသည်။
ရဲမောင်လည်း စက္ကန့်ပိုင်းမျှ သူ၏အပြုအမှုကို အံ့ကားသင့်ကာ ကြည့်နေပြီးမှ
ကပျာကယာ သူ၏လက်မောင်းကို ပြေးကိုင်ပြီး ခြံပြင်သို့ဆွဲထုတ်လိုက်သည်။
သူလည်း ရဲမောင်၏လက်၌ ယက်ကန်ယက်ကန်ဖြင့်ပါလာရင်း ခြံပြင်သို့ ရောက်သည်နှင့်
ရဲမောင်၏မာန်မဲကြိမ်းမောင်းခြင်းကို ခံရတော့သည်။ ရဲမောင်က
ဆူပူကြိမ်းမောင်းသော်လည်း သူကမူအပြုံးမပျက်။ သူအပြုံး မပျက်လေ ရဲမောင်က
ဒေါပွလေဖြစ်တယ်။
“ ခင်ဗျား ဘယ်လိုလူလဲဟင်၊ ခင်ဗျား ဘာကောင်လဲ၊
ဒီလိုဗိုလ်မှူးတစ်ယောက်ရဲ့အိမ်ထဲကို ၀င်ချင်တိုင်းဝင်လို့ရမလား၊ ခင်ဗျား
တယ်ဇွတ်တရွတ်နိုင်တဲ့လူပါလား၊ ခင်ဗျားကို ဘယ်သူကခွင့်ပေးလို့လဲ ”
ရဲမောင်က ဒေါပွပွဖြင့် သူ့အားကြိမ်းမောင်းနေစဉ်မှာပင် သူသည်
ရဲမောင်ကြိမ်းမောင်းသမျှကို စိတ်ရှည်လက်ရှည်နားထောင်ပြီးမှ စကားတခွန်းကို
လေးတွဲ့စွာ ပြောလိုက်သည်။
” မဟုတ်ဘူး ရဲဘော်၊ ကျုပ်ဟာ အောင်ဆန်းပဲ။ ရဲဘော် ကျုပ်ကို မသိလို့
ဖြစ်ပါလိမ့်မယ်၊ ရဲဘော်တို့ ကင်းဗိုလ်ကို ခေါ်လိုက်ပါလေ၊
ကျုပ်သူနဲ့တွေ့ပါ့မယ် ”
ထိုအခါမှ ရဲမောင်ခေါင်းထဲ အကြောင်းတစ်ရပ် ဖျတ်ခနဲဝင်လာသည်။
(ဗိုလ်တေဇခေါ် သခင်အောင်ဆန်း)
ရဲမောင်လည်း သခင်အောင်ဆန်းဟူသော နာမည်ကိုကြားလိုက်သည်နှင့်
ပါးစပ်အဟောင်းသားပွင့်ကာ သူ့အားခြေဆုံးခေါင်းဆုံး စေ့စေ့ကြည့်ရင်း
ယုံရခက်မယုံရခက်ဖြစ်နေတာ့၏။ ဝေခွဲမရသော မျက်လုံးများဖြင့် သူ့အား တဒင်္ဂ
တွေဝေငေးငိုင်၍
ကြည့်နေမိသည်။ သူသည် ရဲမောင်၏ အတွင်းစိတ်ဓာတ်ကို ရိပ်စားမိသည်ထင်ရဲ့။
” ကဲပါလေ ကင်းဗိုလ်ကိုသာ ခေါ်လိုက်ပါရဲဘော်၊ ကျုပ် ချမ်းလှပြီ ” ဟု ဆိုရှာသည်။
သူက ဤသို့ပြောလိုက်မှ ရဲမောင်အနေဖြင့် ဘုမသိဘမသိ ဆုံးဖြတ်လိုက်ခြင်းထက်
ကင်းဗိုလ်၏အကူအညီကိုယူပြီးဆုံးဖြတ်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု
တွေးမိသဖြင့် ကင်းဗိုလ်ထံသို့ ခွန်းဆင့်၍ခေါ်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော်
ကင်းဗိုလ်တာဝန်ယူထားသူ ဗိုလ်ကျော်ဒင်မှာ အရာရှိတစ်ဦးဖြစ်သဖြင့် တပ်မတော်မှ အရာရှိကြီး အတော်များများကို သိထားသူဖြစ်သောကြောင့်ပင်။
ဗိုလ်ကျော်ဒင်လည်း ခေါ်သံကြောင့် ကင်းဂိတ်သို့ ဒရောသောပါးပြေးလာကာသူ့ကိုယ်သူ
” အောင်ဆန်း ” ပါဟုပြောနေသူကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဖျတ်ခနဲ
အလေးပြုလိုက်ရင့်း
” ဟာ ဗိုလ်ချုပ်၊ ရေတွေစိုလို့ပါလား၊ ကြွပါဗိုလ်ချုပ် အထဲကိုကြွပါ ” ဟု ပြောပြောဆိုဆို ခရီးဦးကြိုပြုလိုက်လေသည်။
ရဲမောင်လည်း စောစောက ကြမ်းကြမ်းရမ်းရမ်း ဆက်ဆံလိုက်မိသော အပြုအမှုကြောင့်
ငါမှားလေခြင်း၊ ငါမိုက်လေခြင်းဟု မိမိကိုယ်မိမိ အပြစ်တင်ကာ
နောင်တရလို့မဆုံးဖြစ်နေတော့၏။
သူတို့ထွက်သွားကြပြီး မကြာမီမှာပင် ဗိုလ်ကျော်ဒင် သုတ်သီးသုတ်ပျာနှင့် ပြေးလာ၏။ သူ့နောက်မှာလည်း ရဲဘော်တစ်ယောက် အပိုပါလာ၏။
” ဟေ့ ရဲမောင်၊ မင်း ဗိုလ်ချုပ်ကို ဘာလုပ်လိုက်သလဲ ဟင် ”
” ဟာ ဗိုလ်ချုပ်မှန်း ဘယ်သိမလဲဗျ။ ယူနီးဖောင်းမပါ ဘာမပါနဲ့၊ သူ့ကိုလဲ
ကျွန်တော်သိတာမှ မဟုတ်ဘဲ။ နောက်ပြီး သူကလဲ ဘာမှပြောတာမဟုတ်ဘူး၊ အပြင်ကို
ဆွဲထုတ်ပြီး သူကပြောတာ၊ အဲဒီတော့မှ ကျွန်တော်လဲ ဗိုလ်လေးကို ခေါ်လိုက်ရတာ ”
” အဲဒါမှ စောက်ဂွပဲကွာ၊ အစကဘာလို့ ငါ့ကိုမပြောတလဲ ဟကောင်ရ ”
” နို့ ဗိုလ်လေးက လူကဲခတ်ပြီး ကြည့်လုပ်ရမယ်ဆို ”
” အားပါး ကျွတ် ကျွတ် ကျွတ် ကျွတ် ”
ကင်းဗိုလ်သည် သူ့နဖူးကို လက်ဝါးဖြင့်ရိုက်လျှက် ငရုတ်သီးစပ်သလို ညည်းညူလိုက်ပြီ့း
” ကဲ ဒါဖြင့် ငါနဲ့လိုက်ခဲ့၊ ဗိုလ်ချုပ်က မင်းကို ခေါ်ခိုင်းလိုက်လို့၊ ငါတော့ သေသာသေချင်လိုက်တော့တာပဲ ရဲမောင်ရာ ”
နောက်မှပါလာသော ရဲဘော်အား ရဲမောင်နေရာ၌ ခေတ္တအစားထားပြီး ဗိုလ်ချုပ်ရှိရာ
ဧည့်ခန်းသို့ သူတို့နှစ်ယောက်အတွေးကိုယ်စီဖြင့် ရောက်သွားကြသည်။
ဧည့်ခန်းအတွင်း စန္ဒရားခုံကို ဖင်တစ်ဝက်မှေးကာ မတ်တပ်ရပ် လက်ပိုက်လျက်
ခေါင်းငုံ့ရင်း တစ်စုံတစ်ရာကို စဉ်းစားနေသော သခင်အောင်ဆန်းအနီး၌
ဗိုလ်မှူးအောင်သည် တည်ငြိမ်သောအပြုံးဖြင့် ဆိုဖာတစ်လုံးပေါ်တွင် ထိုင်နေသည်။
ရဲဘော်ရဲမောင်သည် ဧည့်ခန်းဝသို့ရောက်နေသော်လည်း အတွင်းသို့ဝင်ရန် မ၀ံ့မရဲဖြစ်နေသည်။ ခြေနှစ်ဖက်က နောက်သို့ ဆွဲနေသည်။
ဗိုလ်ကျော်ဒင်၏ စစ်သံပါပါ အော်ဟစ်ကာ သတင်းပို့လိုက်သောအသံကြောင့်
ကျောက်ရုပ်ပမာ ငြိမ်ချက်သားကောင်းနေသာ ဗိုလချုပ်သည် တဖြည်းဖြည်း
ခေါင်းမော့လာကာ စောစောက သူ့ကို ရဲမောင်ကြည့်ခဲ့သော အကြည့်မျိုးဖြင့်
ရဲမောင်ကို ပြန်ကြည့်၏။ ၀ဋ်ဆိုသည်မှာ မသေမီကပင် လိုက်တတ်သည်ကို ရဲမောင် ကောင်းကောင်းကြီး နားလည်လိုက်သည်။
ထို့နောက် ဗိုလ်ချုပ်သည် သူ၏ မေးဖျားကို လက်ဖြင့်ပွတ်သပ်နေရင့်း
” အင်း ရဲဘော်နာမည် ”
” ရဲမောင် ”
” တပ်ထဲဝင်တာ မကြာသေးဘူးထင်တယ် ”
” ဟုတ်ကဲ့ ”
” အင်း ”
စကားမဆက်သေးဘဲ စဉ်းစားနေရာက့
” အေးပေါ့ကွာ၊ ရဲဘော်ရဲ့တာဝန်ကျေပွန်မှုကို ချီးကျူးပါတယ် ဟုတ်လား၊
စောစောကကိစ္စကို ဘာမှခေါင်းထဲထည့်ပြီး စဉ်းစားမနေနဲ့ ဟုတ်လား။ ဒီအချိန်မှာ
ဒီလိုလုပ်ရမှာပဲ၊ အဲဒါ ရဲဘော်မှန်ကန်တယ်ဟုတ်လား၊ ကဲကဲ သွားနိုင်ပြီ ”
ဗိုလ်ချုပ်၏နှုတ်ဖျားမှထွက်လာသော စကားကို ရဲဘော်ရဲမောင် သံသယဖြစ်နေရှာသည်။ ဟုတ်မှဟုတ်ပါ့မလားဟု ၀မ်းမသာရဲအောင် ဖြစ်နေလေသည်။
ထို့ကြေင့် ” ခင်ဗျာ ” ဟု နားမရှင်းဟန်ဖြင့် ထပ်မေးတော့မှ ” သြော်
ရဲဘော်မမှားဘူး။ အဲဒါကိုပြောတာ၊ ဒီတော့ လုပ်စရာရှိတာ ဆက်လုပ် ဟုတ်လား။ အေး
တစ်ခုသတိထား၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့ အဲဒါပဲ ”
ရဲဘော်ရဲမောင်လည်း ဗိုလ်ချုပ်စကားဆုံးသည်နှင့်တစ်ပြိုင်နက် မူလတာဝန်ကျရာ
ဂိတ်ဝသို့ ကလေးငယ်ပမာ ခုန်ပေါက်မြူးထူးကာ အပြေးအလွှားရောက်လာသည်။ စောစောက
ရင်းတွင်း၌ ပူလောင်လှသော ဝေဒနာလည်း
ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေပြီ။
ရဲဘော်ရဲမောင်သည် ဗိုလ်ချုပ်၏ လူကြီးဆန်ဆန် လက်အောက်ငယ်သားအပေါ် ခွင့်လွတ်တတ်သော အပြုအမှုကို ကြည်ညိုလေးစားမဆုံး ရှိနေတော့၏။
သူ့လို တပ်ထဲဝင်စ အညတရ ရဲဘော်လေးအား ဗိုလ်ချုပ်၏
လူကြီးဆန်ဆန်ခွင့်လွတ်တတ်သော စိတ်ဓာတ်ကိုကြည့်၍ ဗိုလ်ချုပ်အား
သေတစ်ပန်သက်တစ်ဆုံး လေးစားမဆုံး၊ ကြည်ညိုမဆုံးဖြစ်နေပါတော့သည်။
နယ်ချဲ့စစ်တပ်များမှ ကြေးစား အရာရှိကြီးများနှင့် မြန်မာ့လွတ်လပ်ရေး
တပ်မတော်မှ မျိုးချစ်အရာရှိကြီးများ၏ ခြားနားမှုကိုလည်း စံပြုရန်
နှိုင်းယှဉ်မိတော့သည်။
ရေးသားသူ – တက္ကသိုလ်ခင်မောင်ဇော်
News Watch Weekly ( စောင့်ကြည့်သတင်းဂျာနယ် ) အတွဲ (၅) အမှတ် (၄၃) ဗုဒ္ဓဟူး ၂၆-၅-၂၀၁၀ နေ့ထုတ် ပြည်တွင်းဆောင်းပါးကဏ္ဍမှ တဆင့်ပြန်လည်ဖော်ပြသည်။ -- အိုအေစစ် --
 
  lu bo

ဘကြီးသက်
Unknown at 4:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သူတို့ ပြောတဲ့ သဇင် အကြောင်း






ဗွီဒီယိုဖိုင်ရိုက်ကူးဖြန့်ဝေသူအမျိုးသား

  29/06/12 | Myanmar- Celebrities
အင်တာနက်ပေါ်တွင်ပြန့်နှံ့နေသောဗွီဒီယိုဖိုင်တခုအတွက်နစ်နာရသူကာယကံရှင်အနေဖြင့်ရိုက်ကူးဖြန့်ဝေသူအမျိုးသားအား တရားစွဲဆိုသင့်ပါသည်။ပုဒ်မအများကြီးတပ်လို့ရပါသည်။ဖြန့်ဝေသူအမျိုးသားအားလည်းဒီနေရာမှရှုံ့ချပါသည်၊ထိုသူသည် မည်သူနည်း၊။ရှာဖွေရရှိသလောက်ဖေါ်ပြလိုက်ပါသည်။ http://www.facebook.com/profile.php?id=3233980&sk=photos
၂၀၀၄ ၂၀၀၅ ခုနှစ်လောက်ဖြစ်မယ်ထင်ပါတယ်။ အမျိုးသားက သဇင်ရည်းစားဟောင်း ကျော်သက် ပါ။ အမေရိကန် UC Davis Graduate တစ်ယောက်ပါ။ အခု လယ်ယာစိုက်ပျိုးရေးဒုဝန်ကြီး စိမ်းလန်းစိုပြေပိုင်ရှင် ဒေါ်စန္ဒာခင် (မေသက်) ရဲ့သားပါ။
လူသတ်အစိုး ရ အဖွဲ့ သစ် ဒုဝန်ကြီး သား အမေရိကန်ပြည်ထောင်စုမှာနေထိုင်လျက်ရှိခြင်း

စန္ဒာခင် (ခ) မေသက် (ပန်းရောင်နဲ့ အမျိုးသမီး) ကို သန်းရွှေ ပုဂံခရီးစဉ်မှာတွေ့ ရစဉ် ။
မြန်မာ့လူသတ် အစိုးရသစ်အဖွဲ့  က ယဉ်ကျေးမှု  ဒုဝန်ကြီး ဒေါ်စန္ဒာခင် (ခ) မေသက် ရဲ့ သားဟာ အမေရိကန် နိင်ငံမှာ ရောက်နေတယ်လို့ သတင်းရရှိပါတယ်။ စန္ဒာခင် (ခ) မေသက် ရဲ့ သားဟာ ကျော်သက်ဖြစ်ပြီ အခု အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာနေထိုင်လျက်ရှိတယ်။ သူဟာ   University of California  မှာတက်နေတယ်လို့ သိရပါတယ်။
စန္ဒာခင် (ခ) မေသက် ဟာ မဆလခေတ်က စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာချစ်ရဲ့  သမီးဖြစ်တယ်။ သူအဖေဟာမဆလခေတ်မှာ ပြည်သူဘဏာတွေကို နည်းမျိုးစုံနဲ့ ခိုးယူခဲ့သူ ၊ ချမ်းသာလာသူတဦးဖြစ်တယ်။
အင်လျားကန်ဘောင်က နေရာ ကို ခင်ညွန့် လက်ထက်က စန္ဒာခင်ကရရှိခဲ့ပါတယ်။ အစိုးရဆီက မတန်တဆဈေးနဲ့ ငှားရမ်းခွင့်ရခဲ့တယ်။   စိမ်းလန်းစို ပြေစားသောက်ဆိုင် ကိုဖွင့်လှစ်ခဲ့တယ်။ စန္ဒာခင် (ခ) မေသက် ဟာ သန်းရွှေ ခရီးစဉ်တွေမှာ ချီးဂတုသေး ဂတုလုပ်ဆောင်ပေးခဲ့သူမျှသာဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်မှာသူမဟာ  ရန်ကုန်တက္ကသိုလ်ဓါတုဗေဒဌာနမှာ ကျူတာ လုပ်ခဲ့တယ်။ ၁၉၈၈ ခုနစ်မှာသူဟာ ယဉ်ကျေးမှုဝန်ကြီးဌာနကိုပြောင်းခဲ့တယ်။ သူယောက်ကျား ကျော်မြင့်လှိုင် ဖြစ်တယ်။

ကျော်သက် (ဒေါ်စန္ဒာခင် သား ) (အနက်)
အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပ က မြန်မာ စစ်အစိုးရ နဲ့ ဆွေမျိုးတွေကို စီးပွားရေးပိတ်စို့ ထားတဲ့အတွက် သူတို့ ဟာ အမေရိကန်ပြည်ထောင်စု  ဥပဒေနဲ့ ညိစွန်းနေသူ ဖြစ်ပါတယ်။
သူက လွန်ခဲ့တဲ့ ၂နစ်ကတည်း က ဗီဇာရရှိခဲ့တာလို့ လည်း သိရပါတယ်။  စာဖတ်သူတို့ အနေနဲ့  အမေရိကန် သံရုံ  ကောင်ဆယ်လာကို တိုက်ရိုက်ဆက်သွယ်မေး မြန်း ပါ။ ကန့် ကွက်ပါလို့ တို က်တွန်းလိုပါတယ်။  သူကျောင်းလိပ်စာကတော့ University of California, Davis One Shields Avenue Davis, CA 95616 (530) 752-1011 . သူဟာ နာမည်ပြောင်းနဲ့ ဗီဇာယူပြီးကျောင်းတက်နေပုံရပါတယ်။
ဟန်းနီးမွန်း ထွက်သွားတဲ့ သဇင်
ခင်လေးမြင့်၊ ဧပြီ ၃၀ ရက်၊ ၂၀၁၂ အလင်းတန်း ဂျာနယ်


သဇင်နဲ့ အခန်းတခုမှာ အချစ်သမိုင်း Vodeo မှတ်တမ်းတင် ထားသူနဲ့  သဇင့်အမျိုးသားပါ၊ ပုံကြည့်ရတာ မင်းသားတယောက်ထဲလိုဘဲနော်။



သဇင်နဲ့ ပါတ်သူပါ ၊ခေသူတော့မဟုတ်ဘူး။
နောက်ဆုံးတော့လဲ ရေလျှံသူတွေသာ................





(သဇင်အကြောင်း video အင်တာနက်မှာ ပြန့် လာတာရက်ပိုင်းဘဲရှိသေးတယ်... အမျိုးသားတဦးနဲ့  ချစ်နေတဲ့  ရုပ်သံVodeoလေ၊ မော်ဒယ် သရုပ်ဆောင်ဘ၀ကနေ သရုပ်ဆောင်အဆိုတော်ဖြစ်လာတဲ့ သဇင်ပေါ့..။  ။ဘယ်လိုဘဲဖြစ်ဖြစ် ပါ ၊ခုလိုမကောင်းတဲ့နေရာမှာကျော်ကြားလာတာက ကာရကံရှင်တွေအတွက်တော့ သက်ရောက်မှုတွေ၊လုပ်ငန်းပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်တာပေါ့နော်..၊အဲလို့ အင်တာနက်မှာပြန့် လာတဲ့  ရုပ်ရှင်မင်းသားမင်းသမီးနဲ့  အဆိုတော်တွေ- မော်ဒယ်ကောင်မလေးတွေက သဇင့်ထက်အရင်ရှိပြီးသား။ တင့်တင့်ထွန်း.မျိုးကျော့မြိုင်၊လူမင်း.ကေဒါးဒါး-အစရှိတဲ့ နာမည်ရှိနေတဲ့ အနုပညာရှင်တွေ မကြာခဏ အပြာဝက်ဆိုဒ်တွေမှာ ဖေါ်ပြတာရှိခဲ့တယ်၊တချို့ က သက္ခာချဘို့ ..အရှက်ခွဲမယ် ..ဒါမှမဟုတ် ပိုပြီးနာမည်ကြီးရအောင်လို့ ...စသဖြင့်ပေါလေ..ကိုယ်တိုင်ရိုက် ပြီး ကိုယ့်တိုင်ဖြန့် ဝေခဲ့တာတွေလဲရှိရဲ့ ။



သူမရဲ့ချစ်သူဟာ ဗိုလ်ဇေယျရဲ့မြေး အိန္ဒြာကျော်ဇင်ရဲ့ မောင်တစ်ဝမ်းကွဲ ဖြစ်ပြီး ဇန်န၀ါရီလ ၁ ရက်က ဆီဒိုးနား ဟိုတယ်မှာ လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်မှာတော့ ဆီဒိုးနား ဟိုတယ်မှာ စုလျားရစ်ပတ် လက်ထပ်ပွဲ ဆင်နွှဲမှာဖြစ်ပြီး ယင်းနေ့ညနေမှာ တော့ အင်းလျားလိတ် ဟိုတယ်မှာ ညစာစားပွဲ ကျင်းပ မှာဖြစ်တယ် လို့သိရပါတယ်။ သတို့သမီးအ၀တ် အစားကို ဒီဇိုင်နာ မမဉ္ဇူကစီစဉ်ပေးထားတာဖြစ်ပြီး မိတ်ကပ် ကိုတော့ မိတ်ကပ် စိုးစိုးက ကူညီပံ့ပိုး ပေးမှာဖြစ်ပါတယ်။ လက်ဝတ်ရတနာ အတွက် She Shine ကစပွန်ဆာ ပေးထားပြီး လက်ထပ်ပွဲ နေ့မှာ ရွှေရောင် ၀တ်စုံဝတ်ဖို့ ဆုံးဖြတ် ထားကြောင်း သူမက ဆိုပါတယ်။ ချစ်သူ သက်တမ်း နှစ် နှစ် အကြာမှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ခင်ပွန်း ဖြစ်သူ သက်နိုင်အောင်ဇေယျ နဲ့အတူ သြစတြေးလျ လိုက်နေဖြစ်မှာ တော့ မဟုတ်ဘဲ သွားလိုက်ပြန် လိုက်နဲ့ နေဖြစ်မှာ ဖြစ်ကြောင်း သူမကဆိုပါတယ်။   )


၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ မင်္ဂလာ လက်မှတ်ရေးထိုးခဲ့တဲ့ သက်နိုင်အောင်ဇေယျနဲ့ သဇင်တို့ မင်္ဂလာ ဧည့်ခံပွဲ ပြီးပြီးချင်းမှာ အလုပ်တွေ မအားလပ်တာကြောင့် ဟန်းနီးမွန်းခရီး မထွက်ဖြစ်ခဲ့ပါဘူး။ အလုပ်တွေ အားတဲ့ ဧပြီ ၁၉ ရက်မှာတော့ ဟန်းနီးမွန်း ခရီးအဖြစ် ဒူဘိုင်းကို ထွက်ခွာသွားခဲ့ပါတယ်။ ဒူဘိုင်းကို ပထမဆုံး ရောက်တာဖြစ်တဲ့အတွက် နေရာ တော်တော်များများကို သွားရောက် လည်ပတ်ဖြစ်တယ်လို့ သိရပါတယ်။ သဇင်တို့ ဇနီးမောင်နှံက Jumeirah Hotel မှာ တည်းခိုတာပေါ။ ဒူဘိုင်းက သဲကန္တာရတခုကို သွားလည်တဲ့ နေ့က သဇင်တို့ စီးလားတဲ့ ကားက သဲချောက်ထဲကို ကားခေါင်း ဇောက်ထိုး ကျသွားတာကြောင့် အခြား ခရီးသွားတွေက ကူညီပေးခဲ့ကြတယ်လို့ သဇင်က မေးလ်ကနေတဆင့် အတွေ့အကြုံအချို့ ပြောပြခဲ့ပါတယ်။ သဲတွေက နူးညံ့တာကြောင့် စိတ်ဝင်စားဖို့ ကောင်းသလို ပျော်ဖို့လည်း ကောင်းတယ်လို့ဆိုတဲ့ သဇင်က ကုလားအုတ် (Camel) စီးတာကို အရမ်းသဘောကျခဲ့ရပါတယ်တဲ့။ ကုလားအုတ် (Camel) တွေက Spit (တံတွေး ထွေး) တာကြောင့် ကုလားအုတ် (Camel) ပါးစပ် ပိတ်ထားတဲ့ ပုံနဲ့ စီးနေတဲ့ ပုံကို ပရိသတ်တွေ ကြည့်နိုင်ဖို့ မေးလ်ကနေ ပို့ပေးထားပါတယ်။ ဟန်းနီးမွန်းခရီးအဖြစ် သွားတဲ့ ဒူဘိုင်းကနေ မေလဆန်းမှာ ပြန်လည် ရောက်ရှိလာမှာ ဖြစ်တယ်လို့ သဇင်က ဆိုပါသေးတယ်။


တေးစီးရီးတွေနဲ့ သဇင်

ဒါရိုက်တာ ဦးမီးပွားရဲ့ “အမိမဲ့သား” ဇာတ်ကားမှာ သူရိယရဲ့ ချစ်သူအဖြစ် သဇင်က သရုပ်ဆောင်ပါတယ်။  အမေပျောက်ရှာတဲ့ ဇာတ်လမ်းမို့ ကျောက်စက်ရေနဲ့ ဇာတ်လမ်းဆင်ပေမယ့် မတူတဲ့ ဇာတ်လို့ သိရပါတယ်။ ကျောက်စက်ရေ ရုပ်ရှင်မှာ ထွန်းအိန္ဒြာဗိုလ် ငယ်ဘဝ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့ သဇင်က “အမိမဲ့သား” မှာလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ အမေတွေ အများကြီးကြားထဲက သဇင်အခန်းကဏ္ဍကို မေးကြည့်တော့ “သမီးနဲ့ သူရိယက ငယ်ဘဝကတည်းက သူငယ်ချင်း၊ ကြီးလာတော့ ချစ်သူဖြစ်ကြတယ်။ သူက သရုပ်ဆောင် လုပ်တယ်။ သမီးက ကြည်ဖြူစွာနဲ့ လက်ခံပေးရတယ်။ ချစ်သူရှိတယ် ဆိုတာကိုတော့ သူ့အောင်မြင်မှုနဲ့ ဇာတ်လမ်းကို ကြည့်ပြီး မပြောရဘူးပေါ့။ အဲဒီအတွက် သူနဲ့အတူ အေးအတူပူအမျှ လိုက်ခံစားပေးတဲ့သူ အမေပျောက် လိုက်ရှာပေးတဲ့သူ ပထမရုပ်ရှင်နဲ့ ကာရိုက်တာ လုံးဝကွာပါတယ်” လို့ ဆိုပါတယ်။

သဇင်က နေရဲမာန်နဲ့ ချောစုခင်တို့ရဲ့ စုံတွဲ သီချင်းတစ်ပုဒ်ကို ဇေယျနဲ့ သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ “ဗီစီဒီရိုက်တဲ့ ခံစားမှုက အထူးတော့ မရှိပါဘူး။ ပထမဆုံးသီချင်းကို နားထောင်ပါတယ်။ သီချင်းနဲ့လိုက်မယ့် အဝတ်အစား၊ မိတ်ကပ်၊ ဆံပင်ပြင်ဆင်ပြီး ဒါရိုက်တာ သင်ပေးတဲ့ ပုံစံအတိုင်း ရိုက်တာပါပဲ။ သီချင်းကို ရိုက်ရတာဆိုတော့ ပေါ့ပေါ့ပါးပါးတော့ ရှိပါတယ်။ သဇင်ရဲ့ ပထမစီးရီးက ပရိသတ်ကြား တအားမရောက်ခဲ့တာမို့ အခု ဒုတိယစီးရီးကို ဘယ်လို ပြင်ဆင်နေလဲ မေးတဲ့ အပေါ်မှာတော့ “သမီးရဲ့ ဒုတိယစီးရီးကို ကိုဂျမန်းနဲ့ မနှင်းနှင်းဝေတို့က ဝိုင်းပြီး စဉ်းစားပေး၊ စီစဉ်ပေးပါတယ်။ ကိုဂျမန်း ၅ ပုဒ်လောက် ဝင်ရေးပေးမယ် ပြောပါတယ်။ တခြားသီချင်းတွေလည်း ဝိုင်းရှာပေးကြတယ်။ ဒီဒုတိယစီးရီးမှာ Pop သံစဉ်ချိုချိုလေးတွေ များလိမ့်မယ်။ သီချင်း ၅ ပုဒ် ရပါပြီ။ Lazy Club နဲ့ တီးပါမယ်” လို့ ဒုတိယစီးရီးရဲ့ အပြောင်းအလဲကိုလည်း ပြောလာပါတယ်။ အနုပညာ မောင်နှမဖြစ်တဲ့ အူဝဲရဲ့ ကလေးကို သွားကြည့်ဖို့ လက်ဆောင်တွေ ဝယ်ထားပြီး မကြည့်ရသေးဘူး ပြောတာမို့ အမျိုးတွေ စိတ်ဆိုးနေဦးမယ်၊ သွားကြည့်လိုက်လို့ပြောတော့ ဟုတ်တယ်နော်လို့ ပြောပြီး ရယ်နေပါတယ်။ အချစ်အကြောင်း မေးတဲ့အခါ အေးဆေးပါပဲ။ မကြာမီလာမည်မျှော်လို့  ရယ်ပြောပြောသွားလေရဲ့။ ကြည့်ရတာ၂၀၁၂ နှစ်ဆန်းလောက်များ ဖြစ်မလား မသိပါဘူး။

Ref:YTP  http://www.blogger.com/post-create.g?blogID=4873660030585008232
ဘကြီးသက်
Unknown at 2:11 PM 6 မှတ်ချက်ကလေးရေးပေးနော်.
Share

မန္တလေးတိုင်း ဒေသကြီး တကောင်းဒေသ အတွင်းတရားမ၀င် ကျွဲ နွားရောင်းဝယ်မှုများ လျှော့နည်းအောင် မီဒီယာမှတဆင့် ကူညီပံပိုးပေးပါရန် မေတ္တာရပ်ခံ အကူညီတောင်းခံခြင်း..



ကျနော်တို့ မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးဟာ လယ်ယာစိုက်ပျိုးရေးပါ။ ဆန်ရေစပါးဆိုတာ နိုင်ငံသားတိုင်းအတွက် မရှိမဖြစ် အသက်သွေးကြောပါ။ စက်မှုနိုင်ငံကြီးမဟုတ်တဲ့ အတွက်ကြောင့်လည်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် ထွန်ယက်ရာမှာ ကျွဲ၊နွားများကို စက်ယန္တားများသဖွယ် အဓိကထား အသုံးပြု နေရပါတယ်။ အခုတော့ ကျနော်တို့နိုင်ငံရဲ့စိုက်ပျိုးရေးအရင်းအမြစ် ကျေးဇူးရှင် ထမင်းရှင် ကျွဲ၊နွားတွေဟာ တိုင်းတပါးသား ၀မ်းစာဖြည့်ဖို့ သက်သက် နည်းမျိုးစုံနဲ့ တရားမ၀င် တင်ပို့ရောင်းချခံနေရတဲ့ အဖြစ်တွေကို ၀မ်းနည်းစွာမြင်တွေ့နေရပါတယ်။

ယခုနှစ်ပိုင်းအတွင်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် တကောင်းဒေသ အတွင်းက ကျွဲ၊နွားတွေဟာ တော်တော်များများ တင်ပို့ရောင်းချ ခံနေရပါတယ်။ ဒေသတွင်း ကျွဲ၊နွားတွေအပြငြ် စစ်ကိုင်းတိုင်း ရွှေဘိုနယ်ဘက် ပါမကျန် အနယ်နယ်အရပ်ရပ်က ကျွဲ၊နွားတွေဟာ တကောင်းဒေသမှ တဆင့် ကချင်ပြည်နယ် မန်စီ၊ မန်ဝိန်းကြီး၊ ရှမ်းပြည်နယ် မဘိန်းဒေသတွေကို ဖြတ်ပြီး တရုတ်နိုင်ငံထဲ တရားမ၀င် တင်ပို့ရောင်းချ နေကြတာပါ။

နိုင်ငံရေးအသိမရှိ၊ အမျိုးသားရေး တာဝန်မသိတဲ့ဝန်ထမ်းတွေရဲ့ လာဘ်စားမှု၊ ၀ိသမ လောဘသားတွေရဲ့ ကိုယ်ကျိုးရှာမှု၊ တောင်သူတွေရဲ့ စီးပွါးရေး မပြေလည်မှု၊ စတဲ့ အသိဥာဏ် ချို့တဲ့မှုတွေကြောင့် အနာဂတ် စိုက်ပျိုးရေး လုပ်ငန်းအတွက် ရင်လေးစရာပါ။ နောင်လာမဲ့ ၁၅နှစ်အတွင်း စိုက်ပျိုးရေး ထွန်ယက်လုပ်ကိုင်ရာမှာ လူတဖက် နွားတဖက်တတ်ပြီး ထွန်ယက်စိုက်ပျိုးရမဲ့ အခြေနေဆိုက် ရောက်နေပါပြီ။ အဲဒီ ၁၅နှစ်အတွင်း ကျနော်တို့မြန်မာ နိုင်ငံဟာ စက်မှုနိုင်ငံကြီး ဖြစ်လာရင်တော့ တစ်မျိုးပေါ့လေ။ ခုတော့ မြန်မာတွေမွဲလွန်းလို့ ကိုယ့်ကျေးဇူးရှင် ထမင်းရှင်တွေ ကိုနိုင်ငံခြားရောင်းစား နေရတဲ့အဖြစ် တွေးကြည့်ရင် ရှက်စရာကောင်းလှပါတယ်။ တချို့ပြောပါတယ် မွဲလွန်းလို့မှ ခိုင်းကျွဲ၊နွားတွေကို ရင်နာနာနဲ့ ရောင်းစား နေရပါတယ်ဆိုမှ ဂုတ်သွေးစုတ်တာ ခံနေရသေးတယ်တဲ့။
 တရုတ် တကောင်းတောင် နီကယ်စီမံကိန်းရဲ့ တကောင်း လဝကရုံး..
နွားတစ်ကောင်ဖြတ်သန်းခ တစ်သိန်း အထက်နှုန်းမှာ ရှိပါတယ်။ နေရာအနှံအပြားမှာ နွားကုန်သည်တွေ တောင်သူတွေကို မတရား အနုကြမ်းစီးသလို ဆပ်ကြေးတောင်းသူတွေနဲ့ ရှုပ်ယှက်ခတ်နေတာပါပဲ။ လူကုန်ကူးမှု တားဆီးရေးတွေ အသိပညာပေး ဟောပြောပွဲတွေ လုပ်နေသလို ကျွဲ၊နွားကုန်ကူးမှု တားဆီးရေးတို့ အသိပညာပေး ဟောပြောပွဲတို့ မလုပ်သင့်ဘူးလား။ ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေး ပြည်တွင်းထွက်ကုန် ပြည်ပပို့ကုန်စတဲ့ နိုင်ငံရေး အသိနဲ့ ယှဉ်ပြီး မျိုးချစ်စိတ်ဆိုတာ မရှိကြတော့ဘူးလား။ ဘယ်သူတွေ တဘို့တည်း ကြည့်ကြည့် ကျနော်တို့ကတော့ အမျိုးသားရေး တာဝန်သိသိနဲ့ ဒီအဖြစ်တွေကို လျှော့နည်းအောင် တဖက်တလှမ်းက တတ်စွမ်းသရွေ့ ထိန်းသိမ်း စောင့်ရှောက် ပေးကြဖို့နဲ့ သက်ဆိုင်ရာက သိစေရန် မီဒီယာမှ တဆင့် အကြံပြု တိုင်ကြားလိုက်ရပါတယ်..။

တကောင်းသား

ဒီမိုဝေယံ

ဘကြီးသက်
Unknown at 11:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟန်ချက်

ကျုပ်တို့ တမျိုးလုံး တဆွေလုံးက တောင်သူလယ်သမားတွေဗျ။ ကျုပ်အဖိုးလက်ထက်တုန်းကတော့ ဆီကိုရေချိုး၊ ဆေး ရိုးမီးလှုံ၊ စပါးတောင်လိုပုံတဲ့ ခေတ်ဆိုတော့ ကျုပ်အဖွားဆီမှာ ရွှေစကြေးစတွေ ရှိတယ်ဗျ။ ဒီလိုနဲ့ ကျုပ်အဖေ လက်ထက် လည်းရောက်ရော တာဝန်ကျေစပါးဆိုတာကြီးကြောင့် ကျုပ်အဖွားရဲ့ ရွှေတိုရွှေစတွေ တက်တက်ပြောင်ပါရောလား။

ကျုပ်လက်ထက်ရောက်တော့ ကုန်သယ်တွေဈေးကစားတာရော၊ ရာသီဥတုဖောက်ပြန်တာရောကြောင့် ကျုပ်တို့မိသားစု အကြွေးပင်လယ်ဝေနေတာပဲဗျို့။ ဒါကြောင့် ကျုပ်တို့ရွာမှာ အရွယ်ကောင်းလေးတွေမရှိတော့ဘူး။ မလေးသွားတဲ့လူနဲ့၊ ထိုင်းဘက်ကမ်းကူးတဲ့လူနဲ့ လယ်စိုက်သူဘယ်မှာ ကျန်တော့လို့လဲ။ ကျုပ်ဇနီးကတော့ ကျုပ်ကို ထိုင်းဘက်သွားခိုင်းနေ တာ ကြာလှပေါ့။ ကျုပ်ကမသွားချင်လို့ အချိန်တွေစွဲနေတာ။ ၁၃၇၀ အကုန်၊ ၇၁ အကူးမှာတော့ ကျုပ်မသွားလို့မရတော့ ဘူး။ ကလေးကလည်း ၃ ယောက်တောင် ရှိလာပြီကိုး။
ကျုပ်ထိုင်းကိုရောက်ရောက်ခြင်း ပန်းရံပဲလုပ်တယ်။ တနေ့ကို ၁၀၀ ဘတ်ကစရတယ်။ ကျုပ်မှာ အလုပ်သမား လက်မှတ် မရှိတော့ အလုပ်ရှင်ကလည်း ဈေးနှိမ်တာပေါ့။ ခက်တာက တက်လာချင်းခြင်း အလုပ်ရတာတောင် ကျေးဇူးတင်အုံး ဘယ်သူကမှ ပိုက်ဆံစိုက်ပြီး လက်မှတ်လုပ်မပေးဘူး။ အလုပ်ဆင်းရတဲ့ နေ့တွေဆိုရင် ပိုက်ဆံရတယ် အလုပ်မဆင်းရတဲ့ နေ့ဆိုရင်တော့ ပိုက်ဆံဘယ်ရမလဲ။ မိုးတွင်းဆိုရင်တော့ တလအတွက် ဘတ် ၂၀၀၀ ရဖို့တောင်မှ အနိုင်နိုင်ရယ်။ ကိုယ် စားတာသောက်တာနဲ့ ဘာနဲ့ဆိုရင် အိမ်ကို မြန်မာငွေ ၅ သောင်းလောက်ပို့ဖို့ အသည်းအသန် ကျိုးစားရတာဗျို့။
ကျုပ်ကံကောင်းချင်လာတော့ ၁၃၇၂ ခုနှစ်ထဲမှာ ကျုပ် အလုပ်ပြောင်းလုပ်တယ်။ အဲဒီ့အလုပ်ရှင်က ကျုပ်ကို လူကြမ်းက နေ ဆရာခန့်လိုက်တယ်။ ကျုပ်လည်း အချောထည်ရနေပြီကိုး။ ကျုပ်ကို တနေ့ ဘတ် ၁၅၀ အထိ တိုးပေးတယ်။ ဒီလိုနဲ့ ကျုပ်လည်း ပိုက်ဆံရအောင် ကုတ်ကတ်စုတာပေါ့။ ကျုပ်ဘတ်လုပ်မယ်လေ။ ၁၃၇၂ ခုနှစ်လောက်မှာ ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံနားလည်မှုနဲ့ အလုပ်သမားတွေကို ပတ်စပို့လုပ်ပေးမယ်ဆိုတာကိုး။ အဲဒီ့ပတ်စပို့ရရင် ထိုင်းတနိုင်ငံလုံး သွားခွင့်ရ မယ်တဲ့ တချို့တွေလည်း စလုပ်နေကြပြီ။ စလုပ်လုပ်ချင်းတော့ပွဲစားတွေကဈေးခေါ်တာပဲ။ ဘတ် ၁ သောင်းကျမယ်တဲ့။ ကျုပ်နဲ့ အတူတူအလုပ်လုပ်နေတဲ့ မွန်လေးက ပတ်စပို့လုပ်ပြီးပြီးချင်း ဘန်ကောက်တက်သွားတာ အဆင်ပြေတယ်။ ဒါနဲ့ ကျုပ်လည်း ပတ်စပို့ရောဂါထတာပေါ့။
ဒါကြောင့် ၁၃၇၃ နယုန်လဆန်းမှာ အလုပ်သမားလက်မှတ်တွေလုပ်ပေးပါရောလား။ ကျုပ်လည်း ကိုယ့်ရှိတဲ့ငွေနဲ့ သူဋ္ဌေး ဆီကချေးပြီး အလုပ်သမားလက်မှတ်လုပ်လိုက်တယ်။ လက်မှတ်လုပ်ဖို့အတွက် ကျုပ်သဋ္ဌေးအိမ်ကိုသွားတော့ အားပါးပါး ကျုပ်သဋ္ဌေးအိမ်မှာ ကျွန်းသစ်တွေချည်းသုံးထားတာဗျို့။ အိမ်တိုင်တွေက ကျွန်းတိုင်လုံးကြီးတွေကို ချောပြီး ပေါလစ် တင်ထားတယ်။ ကျွန်းဘီရိုတွေ၊ ကျွန်းထိုင်ခုံတွေနဲ့ ဖိတ်ဖိတ်ကိုတောက်နေတာပဲ။ ကျွန်းနဲ့ ထွင်းထားတဲ့ ပန်းပုရုပ်ထုတွေ တောင် ရှိသေးတယ်။
ကျုပ် အလုပ်သမားလက်မှတ်လုပ်ပြီး နောက်နှစ်ဆိုရင် ပတ်စပို့လုပ်လို့ရပြီ။ ပတ်စပို့လုပ်ပြီးရင်တော့ ကျုပ်လည်း ဘန် ကောက်တက်မယ်။ မွန်လေးက အခုတောင်မှ ကယ်ရီနဲ့တက်လာပါလားလို့ပြောနေတာ။ ကျုပ်က ကယ်ရီခ မတတ်နိုင် တာရော၊ စိတ်မချတာရောမို့လို့ မတက်တာ။ ကျုပ်ဘန်ကောက်တက်ရင် လခပိုရလာမယ်။ ဒါမှ ကျုပ်ရွာကို ပိုက်ဆံပိုပို့ နိုင်မှာ၊ အခုတောင်အကြီးကောင် ကျောင်းစားရိတ်ကထောင်းနေပြီ။
တနှစ်ဆိုတာက ဘာကြာလို့တုန်း ဖင်လှည့်ခေါင်းလှည့်နဲ့ ကုန်သွားတာ။ ကျုပ်တို့ ပတ်စပို့လုပ်ဖို့ အချိန်ကျလာပါရော။ ပတ်စပို့လုပ်ခက ဘတ် ၅၅၀၀ ကျမှာတဲ့။ ကျုပ်တို့ရှေ့အသုတ်တုန်းက ဘတ် ၅၀၀၀ ပဲကျတာ ကျုပ်တို့အလှည့်ရောက်မှ ပိုလာတာလေ။ ကျုပ်လည်း မကြေနပ်တော့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့လူတွေကို မေးကြည့်တာပေါ့။ ပတ်စ ပို့လုပ်ခ အမှန်တကယ်ဘယ်လောက်ကုန်လဲလို့လေ။ သူတို့ပြောတာက အစိုးရကိုပေးရတဲ့ ငွေက ဘတ် ၆၀၀ ကျော်ပဲကျ တာတဲ့။ ဒါဆိုဘာလို့ ကျုပ်တို့ဆီက ၅၅၀၀ တောင်းလဲလို့ ခင်ဗျားတို့ သိချင်မယ်။ ဒီလိုဗျ ပတ်စပို့လုပ်ဖို့ အတွက် ၂ ဖက် အစိုးရ သတ်မှတ်ထားတဲ့ အဆင့်တွေက တော်တော်ရှုပ်ထွေးတယ်တဲ့။ အလုပ်သမားတွေ ကိုယ့်ဖာသာ သွားလုပ်ရင် လုပ်တတ်ဖို့မလွယ်ဘူး။ ဒါကြောင့် အေးဂျင့်လို့ခေါ်တဲ့ ကုမ္ပဏီတွေ က အကျိုးဆောင်ပေးရတယ်။ သူတို့ကလည်း သူတို့ ရဲ့ လုပ်ငန်းလွယ်ကူချောမွေ့ဖို့ ဟိုဘက်၊ ဒီဘက် ၀န်ထမ်းတွေနဲ့ ပေါင်းရသကိုး။ ဒါကြောင့် ပတ်စပို့ရဲ့တန်ဖိုးက ကြီးသွား ရတာ။ ကျုပ်တို့လို အလုပ်သမားတွေအတွက်က ဘတ် ၅၅၀၀ ဆိုတာလွယ်မှမဟုတ်တာ။ ဒီတော့ အတိုးကြီးနဲ့ ငွေဆွဲရ ပြန်ရော။
ကျုပ်ဆိုရင် ပတ်စပို့လုပ်ဖို့အတွက် အရင်ဆုံး ငွေ ဘတ် ၂၀၀၀ ကြိုပေးထားရတာ။ တချို့လည်း ကြိုပေးငွေ ဘတ် ၂၀၀၀ နဲ့ လူပေါင်း ၅၀၀၀ လောက်လဲရှိရော ထွက်ပြေးသွားတဲ့ ကုမ္ပဏီတွေလည်း ရှိတာကြောင့် တချို့အလိမ်ခံရလို့ ငိုသူငို၊ အ ရင်ရုံးခန်းဖွင့်ထားတဲ့နေရာကို သွားဆဲတဲ့ လူဆဲနဲ့။ ကျုပ်လည်း ကျုပ်ရဲ့ အေးဂျင့်အခြေအနေကို မကြာမကြာ သွားကြည့် မိတယ်။ တော်သေးတယ်ပြောရမယ်။ ကျုပ်တော့ အလိမ်ခံမထိလိုက်ဘူး။
ပတ်စပို့သွားလုပ်ရမည့်နေကြတော့ ကျုပ်တို့ မြ၀တီဘက်အခြမ်းကိုသွားရတယ်။ ကျုပ်တို့ ပတ်စပို့လုပ်ရမည့် ၀င်းထဲ ရောက်ပြီးရင် အပြင်မထွက်ရဘူးဗျ။ အဲဒီ့ဝင်းထဲက ဆိုင်တွေမှာပဲ ၀ယ်ခြမ်းစာရတယ်။ မလွယ်ပါဘူးဗျာ ပုံမှန်အချိန်မှာ ၅ ဘတ်တန် သောက်ရေသန့်က အဲဒီ့ဝင်းထဲမှာ ဘတ် ၂၀ ကျတယ်။ ထမင်းတပွဲကို ဘတ် ၅၀ တဲ့။ ပတ်စပို့လုပ်တာကြာ တယ်။ အဲဒီ့ဝင်းထဲမှာ ညအိပ်ရတာများတယ်။ ညမအိပ်ချင်ရင် မြန်မြန်ရအောင် ဘတ် ၂၅၀ ထပ်ပေးရတယ်။ စာအုပ်ရပြီး ရင် စာအုပ်ထည့်ဖို့ လယ်သာအိတ်နဲ့ ကဒ်ပြားဖိုးက ၁၂၀ ဘတ်ထပ်ကျတယ်။ အားလုံးပေါင်းရင်တော့ ဘတ် ၆၅၀၀ လောက်ကျသွားတယ်။
အဲဒါနဲ့လည်း မပြီးသေးဘူးဗျ၊ အလုပ်သမားလက်မှတ်ကို သက်တန်းတိုးရအုံးမယ်။ အထည်ချုပ်ကလူတွေကို ဆေးရုံက ဘတ် ၆၀၀ ပဲယူတယ်။ ကျုပ်တို့လို အပြင်က အလုပ်သမားတွေကြတော့ ဘတ် ၁၉၀၀ ယူတယ်။ ဒါပေမဲ့ နေမကောင်းလို့ ဆေးရုံသွားရင်တော့ ဘတ် ၃၀ ပဲကုန်မယ်လို့ပြောတာပဲ။ ကျုပ်က တစ်ခါမှ ဆေးရုံမသွားဖူးဘူးဗျ။ နောက်ပြီး တောမော ရုံးလို့ခေါ်တဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးကိုတော့ ၂ နှစ်စာ ဘတ် ၁၉၀၀ ပေးရတယ်။ ဒါနဲ့ပြီးလားဆိုတော့ မပြီးဘူးဗျ ကျုပ်ကို အာမခံပေးတဲ့ သဋ္ဌေးကလည်း သဋ္ဌေးခဆိုပြီး ယူတာရှိတယ်။ အားလုံးပေါင်းလိုက်ရင် ဘတ် ၅၀၀၀ လောက် ထပ်ကြပြန်ရော။ ပတ်စပို့နဲ့ အလုပ်သမားလက်မှတ်နဲ့ရဖို့ ဘတ် ၁ သောင်းကျော်ကုန်တယ်ဆိုတော့ ကျုပ်မှာလည်း အကြွေးတွေ လည်ပင်းနစ်တော့မယ်။ ကျုပ်လည်းတော်တော်စိတ်ညစ်သွားတယ်။ ဒီအကြွေးတွေကို ဘယ်လိုလုပ်ဆပ် ရပါ့မလဲလို့ စဉ်းစားမိရင် အိပ်တောင်မှ မပျော်ဘူး။
ဒီကြားထဲ ပတ်စပို့တွေနဲ့ ဘန်ကောက်သွားခွင့်မရှိတော့ဘူးလို့ ပြောနေကြပြန်ပြီ။ ဘာတွေမှန်းလဲကိုမသိတော့ဘူး။ မဲဆောက်မှာ ဆက်အလုပ်လုပ်ရင်လည်း ပတ်စပို့လုပ်ဖို့ချေးထားတဲ့ ငွေကို ဘယ်လိုလုပ်ဆပ်နိုင်ပါ့မလဲ။ မဲဆောက်မှာက ရတဲ့ ပိုက်ဆံကနည်းနည်းလေးရယ်။ အိမ်ကိုပြန်ပို့တာနဲ့၊ ဒီမှာ ကိုယ်စားတာနဲ့ မလွယ်ရေးချမလွယ်ဗျို့။ အခုတလော ကုန်ဈေးနှုန်းတွေကလည်း တက်နေသေးတယ်။ အရင်က ဆိုင်တိုင်းလိုလိုမှာ ဟင်း ၅ ဘတ်ဖိုးဝယ်လို့ရတယ်။ အခု အ ချဉ်ဟင်းတောင်မှ ၅ ဘတ်ဖိုးမရောင်းကြတော့ဘူး။ ကျုပ်တို့လို အလုပ်ကြမ်းသမားတွေက ထမင်းလောက်ကို အဟာရပြု စားရတာလေ။
အခုတလော ကျုပ်တော်တော်စိတ်ညစ်နေတယ်။ ကျုပ်တို့ရဲ့ အလုပ်ဆိုဒ်တွေကလည်း ပိတ်ရက်များနေတာနဲ့ ရွာကိုခဏ ပြန်အုံးမယ်လို့ စိတ်ကူးလိုက်မိတယ်။ ဒါကြောင့် ကျုပ်အိတ်ထဲမှာ ကျန်နေတဲ့ ငွေစနဲနဲနဲ့ ကလေးတွေအတွက် ပစ္စည်း လေးဘာလေး ၀ယ်ဖို့ ဈေးထဲကိုလာခဲ့မိတယ်။ ဈေးထဲမှာ သစ်ခွပင်လေးတွေကို တပင် ၂၀ နဲ့ရောင်းနေတာတွေ့တယ်။ ကျုပ်ရဲ့ အိမ်သူက ပန်းပန်တာဝါသနာပါသလို အပင်လေးတွေစိုက်တာလည်း ၀ါသနာပါတယ်။ ပြီးတော့ ဈေးလည်းပေါ တယ်။ အခုလို ငွေခန်း နေချိန်မှာ သူ့အတွက် လက်ဆောင်အဖြစ် ဒါလေးဝယ်သွားရင် မဆိုးဘူးလို့ တွေးမိလို့ သစ်ခွ တပင် ၀ယ်လိုက်တယ်။
ကျုပ်လည်း သစ်ခွပင်လေးကိုင်ပြီး ဈေးထဲလျောက်နေတုန်း ကျုပ်တို့ ဆိုဒ်ထဲက ထိုင်းမှာနေတာကြာပြီးဖြစ်တဲ့ ကောင်နဲ့ တွေ့တယ်။ သူက ကျုပ်ရွာပြန်မယ်ဆိုတာသိထားတော့ ကျုပ်ကိုမေးတယ်။ လက်ထဲက သစ်ခွပန်းပင်က ဘာလုပ်ဖို့လဲ တဲ့။ ကျုပ်ကတော့ ရိုးရိုးပဲ ကျုပ်အိမ်သူအတွက်လို့ပြောလိုက်တော့ သူက “ခင်ဗျား ထိုင်းဥပဒေကို မသိဘူးလား။ ထိုင်းမှာ က သစ်ပင်တွေခုတ်ခွင့်မရှိဘူး။ သစ်ပင် ခိုးခုတ်တာကိုတွေ့လို့ကတော့ ထောင်ဒဏ် ၁၅ နှစ်အထိချလို့ရတယ်ကွ။ သစ်ခွ ဆိုတာက သစ်တောထွက်ပစ္စည်းမို့လို့ ခင်ဗျားယူသွားလို့မရနိုင်လောက်ဘူးနော်။ ခင်ဗျားကို ဖမ်းနိုင်တယ်။ အရေးယူလို့ရ တယ်” တဲ့။ အလို ဘုရား ဘုရား။
ကျုပ်ဘုရားတပြီး တဆက်တည်း သတိရလိုက်တာက ကျုပ်သဋ္ဌေးရဲ့ အိမ်က သစ်လုံးကြီးတွေ၊ ဘီဒိုတွေ၊ ပန်းပုရုပ်တွေ လုပ်တဲ့ ကျွန်းသစ်တွေဘယ်ကများရလာပါလိမ့်…
ခင်ငြိမ်းသစ်
http://bluelivingideas.com/2009/12/07/seafood-slavery-americans-eat-thai-shrimp-caught-forced-labor/

ဘကြီးသက်
Unknown at 11:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ဆက်သွယ်ရေးက ပြန်လည်စစ်ဆေးရမည့် ညပိုင်းဖုန်းခေါ်ဆိုခ နှုန်းထားများ

ဖုန်းဘီလ်စနစ်မှ ငွေဖြည့်ကဒ်စနစ်သို့ ပြောင်းလဲအသုံးပြုနေသော မိုဘိုင်းဖုန်းကဒ်အချို့၏ ညပိုင်းဖုန်းခေါ်ဆိုခမှာကျပ်ငွေ (၅၀)အပြည့် ပေးဆောင်နေရကြောင်း သုံးစွဲသူများထံက သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညပိုင်းမိုဘိုင်းသုံးစွဲခများအား မတ်လ (၁၄) ရက်နေ့မှ စတင်၍ ည (၁၁)နာရီမှ နံနက် (၆) နာရီအတွင်း တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်းဖြင့် သုံးစွဲခွင့် လျှော့ချပေးခဲ့ကြောင်း သိရှိရသည်။

''ဘီလ်စနစ်ကနေ ကဒ်စနစ် ပြောင်းပြီး နှစ်ရက်သုံးရက်လောက် ညပိုင်း (၁၁)နာရီခွဲလောက် ဖုန်းအမြဲပြောဖြစ် တယ်။ ဖုန်းမပြောခင် ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ ကြည့်ပြီးမှ ပြောတာပါ။ ညဘက် (၁၁) နာရီ ကျော်ရင် (၂၅)ကျပ်ပဲ ကျရမှာ အခုတော့ (၅ဝ) အပြည့်ဖြတ်ထားတာ တွေ့ရပါတယ်။'' ဟု ကမာရွတ်မြို့နယ်မှ WCDMAမိုဘိုင်းဖုန်းသုံးစွဲသူ သက်ကိုကိုမြင့်က ပြောသည်။

''ညပိုင်းတော့ ဖုန်းသိပ်မပြောဖြစ်တော့ သတိမထားမိဘူး။ ပြီးခဲ့တဲ့ အပတ်ကသတိထားပြီးဖုန်းပြောတာဘယ်လောက်ကျသလဲဆိုတာ ကြည့်ပြီး ငွေတွက်ကြည့်တော့ တစ်မိနစ်ကျပ် (၅ဝ)ဖြတ်ထားတာ တွေ့ရပါတယ်။'' ဟု ပဲခူးမြို့နယ်ရှိ ကျောင်းဆရာမ တစ်ဦးက ပြောသည်။

ညပိုင်းဖုန်းခေါ်ဆိုခ ထက်ဝတ်လျော့ချထားသော်လည်း လက်တွေ့တွင် ကျပ်(၅၀)အပြည့် ဖြတ်ခံနေရခြင်းနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက MC will ဖုန်းနှင့် တစ်ခါသုံးကဒ်ဖုန်း များမှ လွဲ၍ ကျန်ရှိသည့်မိုဘိုင်းဖုန်း အားလုံး ညပိုင်းခေါ်ဆိုခနှုန်းထားအား ထက်ဝက်လျော့ချသုံးစွဲခွင့် ပေးထား ကြောင်း လက်ရှိဖြစ်နေသည်များအား ပြန်လည်စစ်ဆေးသွား မည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးကဆိုသည်။

“စက်တွေနဲ့လုပ်တာဆိုတော့ နာရီက အရေးကြီးတယ်။  နာရီတစ်လုံးနဲ့တစ်လုံးတောင်တူတာမဟုတ်ဘူး၊ (၁၁)နာရီမထိုးခင် စက္ကန်ပိုင်းအလိုလောက်မှာဆက်လည်း အချိန်မတူရင် (၅၀)ဖြစ်သွားတာပဲ၊ (၁၁)နာရီကျော်မှ (၂၅)ကျပ်ဖြစ်မှာလေ” ဟု မြန်မာ့ ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးရုံးမှ ညပိုင်းမိုဘိုင်းဖုန်းခေါ်ဆိုခနှုန်းထားများအား လျှော့ချပေးရာတွင် FEC တစ်ခါသုံးဖုန်းကဒ်များကိုလည်း လျှော့ချပေးတော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရသည်။

ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup 

ဘကြီးသက်
Unknown at 11:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယနေ့ကျင်းပသော ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားဓာတ်ပုံများ စုစည်းတင်ပြခြင်း



































































ဘကြီးသက်
Unknown at 10:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.