Thursday, July 19, 2012

မြန်မာ့ဆက်သွယ်ရေးက ပြန်လည်စစ်ဆေးရမည့် ညပိုင်းဖုန်းခေါ်ဆိုခ နှုန်းထားများ

ဖုန်းဘီလ်စနစ်မှ ငွေဖြည့်ကဒ်စနစ်သို့ ပြောင်းလဲအသုံးပြုနေသော မိုဘိုင်းဖုန်းကဒ်အချို့၏ ညပိုင်းဖုန်းခေါ်ဆိုခမှာကျပ်ငွေ (၅၀)အပြည့် ပေးဆောင်နေရကြောင်း သုံးစွဲသူများထံက သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညပိုင်းမိုဘိုင်းသုံးစွဲခများအား မတ်လ (၁၄) ရက်နေ့မှ စတင်၍ ည (၁၁)နာရီမှ နံနက် (၆) နာရီအတွင်း တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်းဖြင့် သုံးစွဲခွင့် လျှော့ချပေးခဲ့ကြောင်း သိရှိရသည်။

''ဘီလ်စနစ်ကနေ ကဒ်စနစ် ပြောင်းပြီး နှစ်ရက်သုံးရက်လောက် ညပိုင်း (၁၁)နာရီခွဲလောက် ဖုန်းအမြဲပြောဖြစ် တယ်။ ဖုန်းမပြောခင် ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ ကြည့်ပြီးမှ ပြောတာပါ။ ညဘက် (၁၁) နာရီ ကျော်ရင် (၂၅)ကျပ်ပဲ ကျရမှာ အခုတော့ (၅ဝ) အပြည့်ဖြတ်ထားတာ တွေ့ရပါတယ်။'' ဟု ကမာရွတ်မြို့နယ်မှ WCDMAမိုဘိုင်းဖုန်းသုံးစွဲသူ သက်ကိုကိုမြင့်က ပြောသည်။

''ညပိုင်းတော့ ဖုန်းသိပ်မပြောဖြစ်တော့ သတိမထားမိဘူး။ ပြီးခဲ့တဲ့ အပတ်ကသတိထားပြီးဖုန်းပြောတာဘယ်လောက်ကျသလဲဆိုတာ ကြည့်ပြီး ငွေတွက်ကြည့်တော့ တစ်မိနစ်ကျပ် (၅ဝ)ဖြတ်ထားတာ တွေ့ရပါတယ်။'' ဟု ပဲခူးမြို့နယ်ရှိ ကျောင်းဆရာမ တစ်ဦးက ပြောသည်။

ညပိုင်းဖုန်းခေါ်ဆိုခ ထက်ဝတ်လျော့ချထားသော်လည်း လက်တွေ့တွင် ကျပ်(၅၀)အပြည့် ဖြတ်ခံနေရခြင်းနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက MC will ဖုန်းနှင့် တစ်ခါသုံးကဒ်ဖုန်း များမှ လွဲ၍ ကျန်ရှိသည့်မိုဘိုင်းဖုန်း အားလုံး ညပိုင်းခေါ်ဆိုခနှုန်းထားအား ထက်ဝက်လျော့ချသုံးစွဲခွင့် ပေးထား ကြောင်း လက်ရှိဖြစ်နေသည်များအား ပြန်လည်စစ်ဆေးသွား မည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးကဆိုသည်။

“စက်တွေနဲ့လုပ်တာဆိုတော့ နာရီက အရေးကြီးတယ်။  နာရီတစ်လုံးနဲ့တစ်လုံးတောင်တူတာမဟုတ်ဘူး၊ (၁၁)နာရီမထိုးခင် စက္ကန်ပိုင်းအလိုလောက်မှာဆက်လည်း အချိန်မတူရင် (၅၀)ဖြစ်သွားတာပဲ၊ (၁၁)နာရီကျော်မှ (၂၅)ကျပ်ဖြစ်မှာလေ” ဟု မြန်မာ့ ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးရုံးမှ ညပိုင်းမိုဘိုင်းဖုန်းခေါ်ဆိုခနှုန်းထားများအား လျှော့ချပေးရာတွင် FEC တစ်ခါသုံးဖုန်းကဒ်များကိုလည်း လျှော့ချပေးတော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရသည်။

ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup 

ဘကြီးသက်
Unknown at 11:24 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.