Wednesday, July 18, 2012
မောင်တောမှာ ဆန်ဈေးထိုးတက်
ရခိုင်ပြည်နယ် အဓိကရုဏ်းတွေအပြီး ဒီလဆန်းကစပြီး မောင်တောခရိုင်မှာ ဆန်ဈေးနဲ့ တခြားကုန်ပစ္စည်းတွေပါ ဈေးတက်လာတယ်လို့ သိရပါတယ်။
တာ့ခ်ခနာမြို့မှ ဆန်ရောင်းဝယ်ရေး ဆိုင်တဆိုင် (ဓာတ်ပုံ – ဧရာဝတီ)
အဓိကရုဏ်းတွေ ပြီးသွားပေမယ့် လုံခြုံရေး စိတ်ချရမှု မရှိသေးလို့ စစ်တွေဘက်က ပစ္စည်းတွေ အဝင်နည်းနေတာကြောင့် မောင်တောခရိုင်မှာ အခုလို ဆန်နဲ့ တခြားကုန်ပစ္စည်းဈေးတွေ တက်လာတာဖြစ်ကြောင်း မောင်တောမြို့ ၄ မိုင်ရပ်ကွက်မှ ဒေသခံ ကိုကျော်က ပြောပါတယ်။
“မိုးရာသီဖြစ်ပေမယ့် တံတားပျက်တာတို့၊ ဘာတို့မရှိဘူး။ စစ်တွေဘက်က မဆင်းဘူးလေ။ အဆင်းနည်းတယ်။ ဆန်ဈေးကတော့ အခု နည်းနည်းတက်နေတယ်။ ပြဿနာ မဖြစ်ခင်ကတော့ (ဆန်တအိတ်ကို) ၁၂၀၀၀၊ ၁၃၀၀၀ လောက်ပဲရှိတယ်။ အခုက ဘူးသီးတောင်မှာ ၁၅၀၀၀၊ ၂၀၀၀၀ ဖြစ်နေပါတယ်။ မောင်တောကို ရောက်တဲ့အခါ အခုဆို ၂၃၀၀၀ ပတ်ဝန်းကျင်လောက် ဖြစ်တယ်။ အဲဒါကြောင့် ဆန်ဈေးက တက်လာတယ်။ တခြားကုန်ပစ္စည်းတွေလည်း တက်ကြတယ်။ ဥပမာဗျာ ခြင်္သေသုံးကောင် ဆေးလိပ် ၁၀၀ ထုတ်ကိုဆိုရင် ၁၅၀၀၊ ၁၆၀၀ လောက်ရှိတယ်။ အရင်တုန်းကတော့ ၁၀၀၀ ပတ်ဝန်းကျင်ပဲရှိတယ်” လို့ ကိုကျော်က ဆိုပါတယ်။
စစ်တွေမြို့ဘက်မှ ဆန်တင်ပို့မှု နည်းတဲ့အတွက် အိမ်နီးနားချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ဆန်တွေဟာ မောင်တောကို တရားမဝင်လမ်းကြောင်းက တင်ပို့နေကြောင်း၊ နှစ်နိုင်ငံ နယ်စပ်လမ်းကြောင်းတွေ တရားဝင်ဖွင့်လှစ်ခြင်း မရှိပေမယ့် ဘင်္ဂလာဒေ့ခ်ျ နယ်ခြားစောင့်တပ် (BGB) အနေနဲ့ တရားမဝင်လမ်းကြောင်းကိုတော့ ဒီလ ဒုတိယပတ်လောက်က စပြီး သွားလာခွင့် ပြုထားကြောင်း သိရပါတယ်။
ဆန်လုပ်ငန်း အသိုင်းအဝိုင်းမှ တာ့ခ်ခနာမြို့ခံတဦးက “ဒီဘက်မှာ ဆန်တအိတ်ကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ ၂၀၀ စီ (၁ တာကာလျှင် ၉ ကျပ်ကျော်) ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ကို ပေးရတယ်။ ဟိုဘက်ကို ရောက်ရင် မြန်မာငွေ ကျပ် ၃၀၀၀၀ စီနဲ့ ရောင်းရတယ်တဲ့။ ဟိုဘက်က လှေနဲ့လာယူကြတယ်။ ဒီဘက်က ချပေးကြတယ်။ မြန်မာဘက်ကို ရောက်ရင် မြန်မာ နယ်ခြားစောင့်တပ်ကို တာကာငွေ ၁၀၀ စီပေးရတယ်။ နယ်ရွာတွေကနေ မောင်တောကို ရောက်ဖို့ လမ်းမှာရှိတဲ့ဂိတ်တွေမှာ တအိတ်ကို တာကာငွေ ၅၀ စီပေးရတယ်” လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရိုးရိုးဆန်တအိတ်ကို ပေါက်ဈေး တာကာ ၁၅၀၀ (ကျပ် ၁၃၅၀၀ ကျော်) ရှိပါတယ်။
ကူညီကယ်ဆယ်ရေး အဖွဲ့များကပေးတဲ့ ထောက်ပံ့ရေး ဆန်မှအပေ တခြားဆန်များ မောင်တောသို့ ဝင်ရောက်လာခြင်း မရှိကြောင်းလည်း သိရပါတယ်။
မောင်တောမြို့ရဲ့ အခြေအနေကတော့ ရဲနဲ့စစ်တပ်က ကားနဲ့ ပုံမှန်ကင်းလှည့်ပြီး လုံခြုံရေးတင်းကြပ်နေရဆဲဖြစ်ကြောင်း၊  မောင်တောဈေးကြီး မဖွင့်လှစ်နိုင်သေးပေမယ့် မောင်တောနာရီစင်နဲ့ ရဲစခန်း အနီးတဝိုက်က ဈေးဆိုင်တွေ ပြန်လည် ဖွင့်လှစ် ရောင်းချနေတာကို တွေ့ရကြောင်း ဒေသခံတွေ အဆိုအရ သိရပါတယ်။
အခုလို ဆန်ဈေးနဲ့ တခြားကုန်ဈေးနှုန်းတွေ တက်တဲ့ဒဏ်ကို မောင်တောခရိုင်ထဲက မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ထဲက ပြည်သူတွေ ခံစားနေရတယ်လို့ သိရပါတယ်။
 http://burma.irrawaddy.org/archives/15126
ဘကြီးသက်
Unknown at 6:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
Window XP & 7 အမြန်တင်နည်း
                          မရှင်းပြခင်မှာ ဒီ Post လေးကို MMiTD မှ ဘော်ဒါကြီး ကို Lin Ko Ko ရဲ့ Post မှ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျာ။
                     ဘာလဲဆိုတော့ Window 7 & XP အမြန်တင်နည်းလေးပါ။မသိသေးတဲ့သူတွေအတွက်
ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။ အောက်မှာလည်း ပုံလေးနဲ့တကွ သေချာရှင်းပြထားပါတယ်။
ပုံမှန် ၀င်းဒိုးတင်တဲ့အချိန်ထက် 10မိနစ် 15မိနစ်လောက်သက်သာစေပါတယ်။ ကဲစပြီနော်။ပုံမှန်အတိုင်း Install လုပ်နေကျအတိုင်းဘဲလုပ်ပါ။အောက်မှာ မြင်ရတဲ့အတိုင်း ရောက်ပြီဆိုရင် Shif+F10 ကိုနှိပ်ပါ။
command prompt ကျလာပါလိမ့်မယ် အောက်က လိုပေါ့
  အဲဒီအဆင့်ရောက်ပြီဆိုရင် taskmgr ဆိုတဲ့ command လေးထပ်ရိုက်ပေးပါ။
အဲလိုလေးရိုက်ပြီးသွားပြီဆိုရင် taskmanager box လေးကျလာမှာပါ။
အဲဒီမှာ Install Windows မှာ right click နှိပ် go to process ဆိုပြီးနှိပ်ရမှာပါ။
အဲလိုလေးနှိပ်လိုက်ရင် process tab ကိုရောက်သွားပါလိမ့်မယ် ။ အောက်က ပုံအတိုင်း
သူ auto select မှတ်ပေးထားတဲ့ setup.exe နေရာမှာဘဲ right click နှိပ်ပြီး Set Priority ကို High   ကိုပြောင်းပေးရမှာပါအောက်အကအတိုင်း Box လေးကျပြီး မေးပါလိမ့်မယ်။ change priority  ကိုနှိပ်ပေးပါ
ဒါဆိုရင်လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ။အခုဖွင့်ထားတဲ့ Box တွေအကုန်ပြန်ပြီးပိတ်လို့ရပါပြီ။ ပုံမှန်အတိုင်း
ဝင်းဒိုးတင်လို့ရပါပြီ။ ၀င်းဒိုးကိုထိခိုက်ခြင်းမရှိပါဘူး။ပုံမှန်အတိုင်းသုံးရုံပါဘဲ အခုလုပ်တဲ့priority ကို high လုပ်ပေးရခြင်းဟာ ဒီ Window Install လုပ်ခြင်း ဦးစားပေးအဆင့်ကို မြင့်တင်ပေးတဲ့သဘောပါဘဲ။အား
လုံးဘဲအဆင်ပြေမယ်ထင်ပါတယ်။
Window XP User တွေအတွက်ကတော့ အောက်ကအဆင့်လေးမှာ အထက်ပါအတိုင်း လုပ်ဆောင်ရုံပါဘဲ
ကျန်တဲ့အဆင့်လုပ်နည်းတွေကတော့အားလုံးအတူတူပါဘဲဗျာ။
အားလုံးဘဲအဆင်ပြေကြပါစေဗျာ။
လူဗိုလ် ဟူသည်   မှ
ဘကြီးသက်
Unknown at 6:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မူဆလင် သူဌေးတစ်ဦးကို နစကမှ လာဘ်ငွေ သိန်း ၁၃၀ ယူပြီး ပြန်လွှတ်ပေး
1045716205
ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုတွင် ဘင်္ဂလီများအား ကူညီအားပေးခဲ့သူ ဘင်္ဂလီမူ
ဆလင်သူဌေးတစ်ဦးကို နစက လာဘ်ငွေ သိန်း ၁၃၀ ယူပြီး ပြန်လွှတ်ပေးနေသည်ဟု သိရသည်။
ပြန်လွှတ်ပေးလိုက်သော ဘင်္ဂလီ သူဌေးမှာ မောင်တောမြို့မှ နာမည်ကြီး 7 Stars အလီဖြစ်သည်။
သူ့ကို လွှတ်ပေးလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ နစကနှင့် နီးစပ်သူတစ်ဦးက အာရ်ကန်တိုင်း
သတင်းဌာနသို့ ပြောသည်။
” မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စမှာ အာလီက ကြိုးကိုင်ပြီး လှုပ်ရှားနေသူ တဦးဖြစ်တဲ့အတွက်
သူ့ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ နစက က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ၂၀၁၂ ခု
ဇူလိုင်လ ၁၀ ရက်နေ့မှာ သူ့ ကို နစက ဌာနချုပ်က လာဘ်ငွေ သိန်း ၁၃၀ ယူပြီး ပြန်လွှတ်ပေးလိုက်
တယ်။”ဟု
ပြောသည်။
မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုနှင့် ပတ်သတ်ပြီး စွပ်စွဲချက်များဖြင့် နစက
ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်မှ စစ်ဆေးရန် ခေါ်ယူသွားခဲ့ပြီးနောက်ပိုင်း
တွင် လာဘ်ငွေ သိန်း ၁၃၀ ယူပြီး 7 Starsအလီအား ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
7 Stars အလီမှာ လွန်ခဲ့သော ၅ နှစ်ခန့်က 7 Stars အမည်ဖြင့် တည်းခိုခန်းတစ်ခု ဖွင့်လှစ်ခဲ့ရာ
တည်းခိုခန်းတွင် လူမရောက်သည့် အတွက် ပိတ်ခဲ့ရသည်။ 7 Stars တည်ခိုးခန်းပိုင်ရှင်ဖြစ်ခဲ့သည့်
အတွက် သူ့ကို 7 Stars အလီဟု မောင်တော တမြို့လုံးက ခေါ်ဆိုနေခြင်း ဖြစ်သည်။
မောင်တောမြို့ ဆူပူအကြမ်းဖက်မှုတွင် အဓိက ပါဝင်လုပ်ကိုင်သူအဖြစ် နာမည်ကြီးသူ အသက်
၅၄ နှစ်အရွယ် 7 Stars အလီ မှာ မောင်တောမြို့ အမှတ် ၁ ရပ် ကွက်တွင် အိမ်တလုံး၊ အမှတ် ၅
ရပ်ကွက်တွင် အိမ်တလုံးရှိပြီး ယခုအခါ အဆိုပါ အိမ်များတွင် မရှိဘဲ ထွက်ပြေး တိမ်းရှောင်နေသည်ဟု
သတင်းရရှိသည်။
ယခုကဲ့သို့ လာဘ်ငွေယူပြီး အကြမ်းဖက် သမားများကို ပြန်လွတ်ပေးနေသာ နစက နယ်မြေမှူးများ
တွင် အမှတ် ၇ အလယ်သံကျော် နယ်မြေမှူး၊ အမှတ် ၈ မြင်းလွတ်နယ်မြေမှူးများ အဓိက ပါဝင်
သည်ဟု စုံးစမ်းသိရှိရသည်။
ယခုကဲ့သို့ ဆူပူအကြမ်းဖက်မှုတွင် ဦးဆောင်ပါဝင်သူတချို့ကို ဖမ်းဆီးထားသော်လည်း တချို့ကို
လာဘ်ငွေ ယူပြီး ပြန်လွှတ်ပေးလိုက်သည့်အတွက် အဆိုပါ လွှတ်ပေးသူများက တဖန် ပြန်လာပြီး
အကြမ်းဖက်မှုများ ပြု လုပ်လာမည်ကို ဒေသခံ ပြည်သူများက အထူးစိုးရိမ်နေကြသည်ဟုလည်း
သူက ပြောသည်။
မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ရခိုင် ကျေးရွာအများအပြား
မီးရှို့ခံရပြီး အကြမ်းဖက် ဆူပူသူများကို ထိထိရောက်ရောက် မနှိမ်နှင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု
စွဲချက်ဖြင့် မောင်တောမြို့ အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ဇူလိုင်လ
၇ ရက်နေ့က နေပြည်တော်မှ စစ်ဆေးရန် ခေါ်ယူသွားခဲ့သည်။
 Freedom News Group
ဘကြီးသက်
Unknown at 5:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရန်ကုန်မြို့ ၃၂ လမ်း အောက်ဘလောက်တွင် ဆောက်လက်စ တိုက်တစ်လုံးမှ ငြမ်းများ ပြိုကျ
ရန်ကုန်မြို့ ၃၂ လမ်း အောက်ဘလောက်တွင် ဆောက်လက်စ တိုက်တစ်လုံးမှ ငြမ်းများ ပြိုကျလာသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ဇူလိုင်လ ၁၈ နေ့ မွန်းလွဲ ၁ နာရီကျော် မိုးများသည်းထန်စွာ ရွာသွန်းနေချိန်က တွေ့ရစဉ်
ဘကြီးသက်
Unknown at 3:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကျွန်တော်နဲ့ ဒီမိုကရေစီ ဆိုတာကြီးတို့ မျက်နှာခြင်းဆိုင် တွေ့ကြုံကြပုံ
ဒီနေရာမှာ မြန်မာပြည်အတွက် ဒီမိုကရေစီတောင်းဆိုကြတာနဲ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတဲ့ အတွေ့အကြုံလေး ပြောပြလိုပါတယ်။ ကျွန်တော့်ရဲ့ စိတ်ကူးဖြစ်တဲ့ လန်ဒန်မြို့ကို မြန်မာနိုင်ငံထဲ ရွေ့ပြောင်းရေး (သို့) "ဒီမိုကရေစီ" ကို မြန်မာပြည်သို့ တင်သွင်းရေး အကြံအစီ အကောင်ထည်ဖေါ်မှု အစလို့လည်း ပြောလို့ ရနိုင်ကောင်းရဲ့။ (ခရီးက အခုအထိလည်း မဆုံးသေးသလို .. ပီပီပြင်ပြင် အကောင်အထည်ဖေါ်မှုလည်း သေချာ ပြန်တွေးရင် ဟုတ်တိ ပတ်တိလည်း မရှိသေးပါဘူး။ သို့သော် တနေ့မှာ ဖြစ်ကို ဖြစ်ရမယ်လို့ ယုံကြည်ထားပါတယ်။)
ပြည်တွင်းကို ဒီမိုကရေစီ တင်သွင်းမယ့် လူအတွက် ဒီမိုကရေစီ ပတ်ဝန်းကျင်နဲ့ ထိစပ်ဖို့လိုတယ်။ ဒါဟာ ပထမဆုံး လက်တွေ့လုပ်ရမယ့် အလုပ်။ တွေဝေနေလို့ မရဘူး။
ဒါနဲ့ လန်ဒန်က ဆန္ဒပြပွဲရှိရာ သံရုံးဝန်းကျင်ကို လေ့လာ ခြေဆန့်မှု စခဲ့ပါတယ်။ (ကျွန်တော်နဲ့ ညီအစ်ကိုလို ခင်တဲ့ အစ်ကို တစ်ယောက်ကတော့ .. တတ်ကြွကြွနဲ့ ပါဝင်သူ ဖြစ်လို့ သူ့ကိုတော့ အဲဒီ ဝန်းကျင်းမှာ တွေ့ရပါတယ်။)
"ဒီမိုကရေစီ ရရှိရေး .... ဒို့အရေး" ဆိုတဲ့ ကြွေးကြော်သံကို ကလေးဘဝ အရွယ် ၁၉၈၈ အပြီးကာလနောက်ပိုင်းမှာ လန်ဒန်ရောက်မှ သေချာ ကြားဖူးတာပါ။ ဒီနေရာရောက်မှ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို မြန်မာလူမျိုးတွေ စုစည်းပြီး ရွတ်ဆို ကြွေးကြော်တာကို မျက်မြင်ကိုယ်တွေ့ ပထမဆုံး အကြိမ် လွတ်လွတ်လပ်လပ် ကြားရတာပါ။
ဦးလေး၊ အဒေါ်၊ အစ်ကို၊ အစ်မ အရွယ်တွေက ၁၉၈၈ မှာ ကြွေးကြော်ခဲ့ကြတာကိုတော့ ငယ်ရွယ်စဉ် ကာလကမို့ သေချာ မမှတ်မိပါ။ ၁၉၉၆ လှုပ်ရှားမှုကတော့ မျက်မြင်မတွေ့ခဲ့ရတော့ ဘယ်လို ကြွေးကြော်သံ ရှိခဲ့သလဲဆိုတာ သေချာ မသိပါဘူး။
၂၀၀၀ ခုနှစ်ရဲ့ အစောပိုင်းကာလမှာ နိုင်ငံခြား တိုင်းပြည်ကို ရောက်လာတာမို့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေဟာ နိုင်ငံခြား တိုင်းပြည်တွေမှာ အခုလောက် အားမကောင်းသေးတဲ့ ကာလလည်း ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင်လည်း .. လန်ဒန်သံရုံးရှေ့ ဆန္ဒပြကြတာကို ကြားဖူးပါတယ်။ ကိုယ်တိုင်ဝင်ရောက်ဆင်နွဲဖို့ကတော့ .. တခုခုကို ရှက်နေသလိုလို ... ကြောက်နေသလိုလို၊ စိုးရိမ်နေသလိုလို ခံစားမှု ဖြစ်နေပါတယ်။ ဒီတော့ သံရုံးရှေ့ဆန္ဒပြပွဲတွေကို ခပ်လှမ်းလှမ်းကနေ ချောင်းကြည့်ပါတယ်။ အနီးအနားကို သွားလိုပေမယ့် ဘာမှန်း မသိတာကြီးကို ရှိန်နေ၊ လန့်နေပါတယ်။ (တရက်မှာတော့ ဆိုင်ကယ်စီးပြီး ... ဆိုင်ကယ် ဦးထုတ်မချွတ်ပဲ ဆန္ဒပြသူတွေအနား သွားခဲ့ဖူးပါတယ်။)
အိမ်မှာ လူစုံရင် သူငယ်ချင်းတွေနဲ့ စစ်အာဏာရှင် မကောင်းကြောင်းပြောဆို ဆွေးနွေးတာ ... အနာဂတ် တိုင်းပြည်အကြောင်း၊ ဒီမိုကရေစီ တိုင်းပြည်တွေနဲ့ မြန်မာပြည်ကို နှိုင်းယှဉ်တာတွေကို အာဘောင်အာရင်း သန်သန်ပြောတတ်တဲ့ လူတွေထဲပါတဲ့ ကျွန်တော်က ဒီမိုကရေစီရဖို့ လုပ်ဆောင်နေမှုတွေထဲက တစ်ခု ဖြစ်တဲ့ သံရုံးရှေ့သွားပြီး ဆန္ဒပြသူတွေနဲ့ အတူတူ မက်တပ်ရပ်ဖို့ ခပ်ရွံရွံဖြစ်နေတာက အဓိပ္ပါယ် မရှိသလို ခံစားမိတယ်။ (နောက်ပိုင်းမှာတော့ သံရုံးရှေ့ ဆန္ဒပြတာကို ဒီမိုကရေစီ ရဖို့ လုပ်ဆောင်မှုတွေထဲက တစ်ခုလို့ အဓိပ္ပါယ် သတ်မှတ်နိုင်ဖို့ .. တော်တော်လေး ခဲယဉ်းလာတာကို စကားချပ်အဖြစ် ကြိုပြီး တို့ထား ပါရစေ။)
အဲ .. UK နိုင်ငံကြီးမှာ ကျွန်တော် ခပ်တည်တည်နဲ့ လေ့လာထားတဲ့ အချက်တွေထဲက .. ဒီမိုကရေစီမှာ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်ရှိရမယ် ဆိုတဲ့ စကားလုံး အကြီးအကျယ်တွေကို လက်တွေ့အကောင်အထည် ဖေါ်သင့်တယ်လို့လည်း ယူဆမိပါတယ်။ ယူဆတာဟာ ယူဆတာပါပဲ။ လက်တွေ့မှာ "ဒီမိုကရေစီ ရရှိရေး ... ဒို့အရေး" လို့ ဝင်အော်ဖို့ မရဲတာလည်း မရဲတာပါပဲ။ ဘယ်လို လုပ်ရပါ့။
ဒီတော့ ထိုးမယ့်ဆင် နောက်ခြေလှမ်း တစ်လှမ်းဆုတ်တယ်။ ဖြစ်ပုံက အင်တာနက်ကနေ သတင်းနားထောင်တယ်။ တစ်အိမ်ထဲ အတူနေ သူငယ်ချင်းတွေ အချင်းချင်း စကားလုံး အကြီးကြီးတွေနဲ့ ပစ်ပေါက် ဆွေးနွေးကြတယ်။ (မနက် စောစော အလုပ်ဆင်းမယ့် လူက ဧည့်ခန်းထဲအထိ ဝင်လာပြီး "တိုးတိုး ပြောကြပါ" လို့ လာပြောပြီး တောင်းပန်ရတဲ့ အထိ ဥာဥ့်နက်အောင် ဆွေးနွေးကြတယ်။ .. အဟား ... ဒါဆို နိုင်ငံရေး စိတ်ဝင်စားသူ၊ (သို့) တတ်ကြွ လှုပ်ရှားသူ ဖြစ်သယောင်ယောင်နဲ့ပေါ့။
နှင်းခါးမိုးရဲ့" ပြန်ပေးဆွဲခံထားရသော ဒုက္ခသည် စခန်းကြီးတစ်ခု" ကဗျာထဲကလို "ရေဒီယိုနဲ့ ကောလ ဟာလ ပေါင်းထားတဲ့ မျှော်တလင့်လင့် နိုင်ငံရေးရှိတယ်။" ဆိုသလို .. ရေဒီယိုနဲ့ ကောလ ဟာလတချို့ကို နားထောင်ပြီး အိမ်ထဲကနေ နိုင်ငံရေး တတ်ကြွ လှုပ်ရှားသူ (political activist) အဖြစ် ကိုယ့်ဘာသာ ခပ်တည်တည်နဲ့ ကင်ပွန်းတပ်ထားခဲ့တယ်။ နောက်ပြီး အဲဒီ ကဗျာထဲကလို .... "သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့ တရားဥပဒေ ...၊ စာပေစိစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ....၊ မြို့ပြင်လယ်ကွင်းပြင်ကြီးထဲ ထုတ်ထားတဲ့ တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ် ကင်းစောင့်နေတဲ့ အေးချမ်းစွာ ပညာသင်ကြားရေး" စတာတွေကို ပြောင်းလဲ ပစ်ရမယ်လို့လည်း တပြိုင်နက်မှာ ကြုံးဝါးနေမိတယ်။
ဒါပေမယ့် အကြောက်တရားတစ်ခုက ကျွန်တော့်ကို လွှမ်းခြုံနေပြီး .. "ဒီမိုကရေစီ ရရှိရေး .... ဒို့အရေး" လို့ နိုင်ငံခြား တိုင်းပြည်တစ်ခုမှာတောင် အော်ဖို့ ရွံ့နေတာ ဘာကြောင့်လဲ။ ကြောက်တယ်ဆိုတာကလည်း ကိုယ့်မှာ ဆုံးရှုံးစရာ တစ်ခုခုကို ဆုံးရှုးမှာ စ်ုးရိမ်ရင် .. အဲဒီ ဆုံးရှုံးမယ့် အရာကို ထိန်းချုပ်ထားတဲ့ အာဏာရှိသူကို ကြောက်တာမဟုတ်လား။ ဒီတော့ ကျွန်တော် ကိုယ့်ဘာသာ ကိုယ် ပြန်မေးတယ်။ ငါ ... ဘာကို ဆုံးရှုံးမှာ  ကြောက်နေတာလဲ။
ဒီမေးခွန်းက ခေါင်းထဲ ဝင်လာပြီး .. ဒီမိုကရေစီ ဆိုတာကြီးနဲ့ မျက်နှာခြင်းဆိုင် ဆုံတွေ့ဖို့ ခရီးလမ်း အစမှာပဲ .. ဘာမှ မစရသေးခင် တွန့်နေခဲ့တဲ့ သတ္တိမရှိသူလို့ ကိုယ့်ဘာသာ သမုတ်လိုက် မိတယ်။
.................
ကျွန်တော်နဲ့ ဒီမိုကရေစီ ဆိုတာကြီးတို့ မျက်နှာခြင်းဆိုင် တွေ့ကြုံကြပုံ ... အပိုင်း (၃) ကို ဆက်ပြီး ရေးပါ့မယ်။
လေးစားစွာဖြင့်
ကိုထိုက်
 lu bo
ဘကြီးသက်
Unknown at 12:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လွှတ်တော်အစည်းအဝေးများ ယာယီ ရပ်နားမည်
နေပြည်တော်၊ ဇူလိုင် ၁၈
အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော် ၌ပြုလုပ်နေသည့် လွှတ်တော် အစည်းအဝေး များကို ဇူလိုင် ၁၉ အာဇာနည်နေ့နှင့် ဇူလိုင် ၂၂ရက်နေ့ထိ ခေတ္တရပ်နား ထားမည်ဟု လွှတ်တော် အစည်းအဝေး၌ သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှာ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ယနေ့မွှန်းလွှဲပိုင်းတွင် ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးသို့ တက်ရောက် မည်မဟုတ်ပဲ ၁၂ နာရီခန့်တွင် ရန်ကုန်မြို့ သို့ ပြန်လာမည် ဖြစ်ကြောင်း၊ လွှတ်တော် အစည်းအဝေး ခေတ္တရပ်ဆိုင်းချိန်တွင် သူရ ဦးရွှေမန်းနှင့် ထပ်မံ တွေ့ဆုံခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က သတင်းမီဒီယာများသို့ ပြောကြားသည်။
The Voice Weekly
ဘကြီးသက်
Unknown at 12:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
စစ်တွေ (GTC) မှ ဆရာမများ ဘင်္ဂလီရိုဟင်ဂျာများ၏ တိုက်ခိုက်ခြင်းခံရ
စစ်တွေ (GTC) မှ ဆရာမများ ဘင်္ဂလီရိုဟင်ဂျာများ၏ တိုက်ခိုက်ခြင်းခံရ
ယနေ့ ၁၇.၇.၂၀၁၂ ရက်နေ့ နေလည် ၃ နာရီပတ်ဝန်လောက်တွင် စစ်တွေမြို့
 ရေချမ်းပြင် ကျေးရွာနားတွင် ရှိသော အစိုးရနည်းပညာတက္ကသိုလ်(GTC)မှ
 ကျောင်းပြန်လာသော ဆရာမများ စီးနှင်းလိုက်ပါလာသော သုံးဘီးဆိုင်ကယ်ကို
 လမ်းပေါ်ရှိ ရွာကြီး၊ ရွာငယ် ဘင်္ဂလီကျေးရွာများမှ ဘင်္ဂလီရိုဟင်ဂျာ ၃၀၀
 လောက်က တားဆီပြီး ဒုတ်၊ ဓားများဖြင့် သတ်ဖြတ်ခဲ့---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 စစ်တွေမြို့  ရေချမ်းပြင် ကျေးရွာနားတွင် ရှိသော အစိုးရနည်းပညာ တက္ကသိုလ်(GTC)
 သစ်ထူးလွင်
ဘကြီးသက်
Unknown at 12:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဘုရားဆင်းတုတော်ပေါ်မှရွှေများ ကိုချွတ်ယူ၍ ထင်တိုင်းကြဲနေကြသော သာသနာဖျက်ဘုန်းကြီးများ
ညောင်ရွှေအုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းမှ လာရောက်စစ်ဆေးသည့်အခါ 
ရွှေ ၁ ကျပ် ၃ ပဲ ဘောက်ချာ ကို သက်သေအဖြစ်ရယူခဲ့ပြီးမည်သို့ မျှ 
အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပါ။
အမှန်တကယ် ရှေးဟောင်းဘုရားပေါ်မှာ ချွတ်ယူခဲ့သည့် ရွှေမှာ ၇၀ 
ကျပ်သားကျော်သည်ဟု သိရှိရပါသည်။
မည်သည့် ဒါယကာ အထောက်အပံ့မည်မည်ရရ မရှိပါပဲ ၂၀၁၂ ဂျွန်လ 
တွင် သိန်း ၂၅၀ တန်ကားဝယ်စီးခြင်း၊ ဆိုင်ကယ်အသစ်ဝယ်ခြင်း၊ 
လယ်သစ်ဆရာတော် ဦးကောဝိဒမှ ဆိုင်ကယ်အသစ်ဝယ်ယူခြင်း၊ 
ကွန်ပြူတာ ၀ယ်ယူခြင်း များအပြင် လယ်ယာမြေများအပေါင်ခံခြင်းများ --
ပေးစာအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရွှေများကို သင်းကန်းများကာ၍ ချွတ်ယူခဲ့ပုံ
ရွှေသင်္ဃန်းများ ခွါယူပြီးနောက်တွေ့ ရစဉ်
ရွှေမှင်များဖြင့် ပြန်သုတ်ပြီး ဟန်မပျက် ပြန်လည်ထားရှိခဲ့ပုံ        
Unknown at 11:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မိုဘိုင်းဖုန်းများ၏ လက်ကျန်ငွေရှင်းလင်းပုံကို အသုံးပြုသူအချို့ ကြိုက်နှစ်သက်ခြင်းမရှိ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းများကို Postpaid မှ Prepaid စနစ်သို့ပြောင်းလဲပေးခဲ့သည့်နောက်ပိုင်း ယခင်စနစ်ဟောင်းမှ လက်ကျန်ငွေများကို နည်းလမ်းသုံးခုဖြင့်လွှဲပြောင်း ထုတ်ယူနိုင်သည်ဟုကြေညာခဲ့သည်။ ““ကျွန်တော်တို့ကတော့သိပ်မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ ရုံးသွားပြီးစာတင်နေရလို့။ အရင်တုန်းကတောင် ဘီလ်သွားဆောင်ချင်တာမဟုတ်ဘူး။ သူများတွေလိုပဲ Prepaid နဲ့သုံးချင်တာ။ Prepaid ပြောင်းပြီးမှ ရုံးသွားရဦးမယ်ဆိုတော့ မသွားချင်တော့ဘူး””ဟု Postpaid မှ Prepaid စနစ်သို့ပြောင်းလဲ အသုံးပြုခဲ့သည့် အမျိုးသားတစ်ဦးကဆိုသည်။ယခင်စနစ်ဟောင်းမှ လက်ကျန်ပိုငွေများကို နည်းလမ်းသုံးခုဖြင့် လွှဲပြောင်းထုတ်ယူရာ၌ (၁) လက်ကျန်ပိုငွေကို မိမိပြောင်းလဲလိုက်သည့် Prepaid သို့ဆက်လက်ဖြည့်သွင်းလိုခြင်း၊ (၂) လက် ကျန်ပိုငွေကို ကြိုတင်ငွေစနစ်ထား ရှိသည့် အခြားသောအော်တိုဖုန်းလိုင်းများနှင့် မိုဘိုင်းဖုန်းများ၏ ဘီလ်စနစ်သို့လွှဲပြောင်းပေးလိုခြင်း၊ (၃) လက်ကျန်ပိုငွေ တစ်သိန်းနှင့်အထက်ရှိပါက အထက်ပါအချက်နှစ် ချက်အတိုင်းလုပ်ဆောင်နိုင်သည့်အပြင် ငွေသားအနေဖြင့်လည်းပြန်လည်ထုတ်ယူနိုင်ခြင်းဟူ၍ခွဲခြား သက်မှတ်ထားသည်။ ““စနစ်ပြောင်းသွားတော့လည်း ပိုတဲ့ငွေကို အလိုအလျှောက်လိုက် ပြောင်းပေးလိုက်ရင်ပြီးရောပေါ့။ ကိုယ်ဖုန်းဘီလ်က ကိုယ်ဖုန်းဘီလ်ပဲလေ။ ကျွန်မကတော့ မပြောင်းခင်ကတည်း ပိုက်ဆံကိုတိုင်းပြီးထည့်လိုက်တယ်။ နည်းနည်းတော့ ပိုသွားတယ်။ ဒါပေမယ့်သွားမထုတ်တော့ဘူး””ဟု Postpaid မှ Prepaid စနစ်သို့ပြောင်းလဲ အသုံးပြုခဲ့သည့် အမျိုးသမီးတစ်ဦးကဆိုသည်။ မြန်မာ့ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်အရ လက်ကျန်ပိုငွေများကို လွှဲပြောင်းထုတ်ယူလိုပါက ကန့်သက်ချက်ကာလများအတွင်း ငွေစာရင်းဌာနသို့ ဖုန်းပိုင်ဆိုင်မှုအထောက်အထားများနှင့်အတူ ဆန္ဒပြုလွှာများလာရောက်ပေးပို့ရမည်ဟုသိရသည်။ ရန်ကုန်မြို့နှင့် မန္တလေး မြို့ရှိ Postpaid မိုဘိုင်းဖုန်းလိုင်း များသည် Prepaid သို့ပြောင်းလဲ အသုံးပြုခဲ့ခြင်းမရှိပါက စက်တင်ဘာလမှစတင်၍ဘဏ်များနှင့် ချိတ်ဆက်ကာ အသုံးပြုမှုဘီလ်ကို ပေးဆောင်ရတော့မည်ဖြစ်သည်။
ဘကြီးသက်
Unknown at 10:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မာယာ - သာဌေယျ
မာယာသည် မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း သဘောလက္ခဏာ ရှိ၏။ သာဌေယျကား မိမိ ၌ ထင်ရှားမရှိသောဂုဏ်ကို ချီးမွမ်းခြင်း သဘောလက္ခဏာ ရှိ၏။ ဤမာယာနှင့် သာဌေယျအရ တဏှာလောဘ ကိုပင် တရားကိုယ် ကောက်ယူရ၏။
    မာယာသည် မျက်လှည့်သမားနှင့် တူ၏။ မျက်လှည့်သမားသည် ကျောက်ခဲကို ကောက်ယူ၍ ရွှေတုံးရွှေခဲ ထင်အောင် လှည့်စားနိုင်သကဲ့သို့ ဤမာယာသည်လည်း လူတစ်ဘက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။ မိမိမှာ အပြစ်ရှိပါလျက် မရှိသလို ဟန်ဆောင်တတ်ပေသည်။ ကြောင်သူတော်ဟု လူအများက လောက၌ ခေါ်ဝေါ်သုံးစွဲနေသော စိတ်ဓာတ် တစ်မျိုးပင် ဖြစ်သည်။ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့ကား မိမိ၌ ထင်ရှားရှိသော အပြစ်ကို အပြစ်အားလျော်စွာ ထင်စွာ ပြုခြင်း ကုစားခြင်းကိုသာ နှစ်ခြိုက်တော်မူကြ၏။
    မိန်းမတို့မာယာ သဲကိုးဖျာ --- ရှေးသရောအခါ တက္ကသိုလ်ပြည်ဝယ် ဒိသာပါမောက္ခဆရာကြီး၌ တပည့် တစ်ယောက် ရှိလေသည်။ ထိုတပည့်၏ မိန်းမသည် အခြားယောက်ျားနှင့် ဖောက်ပြားလေ့ရှိ၏။ ထိုဖောက်ပြား သောနေ့၌ကား မိမိ၏ ခင်ပွန်းကို ခါတိုင်းထက် ပို၍ ယုယ၏၊ မဖောက်ပြားရသောနေ့၌ကား ကျွန်ကဲ့သို့ သဘော ထားလျက် စော်စော်ကားကား ပြုမူ ဆက်ဆံလေ့ရှိ၏။ ထိုကဲ့သို့ ထူးခြားသော အမူအရာကို နားမလည်ရှာ၍ စိတ်ရှုပ်ထွေးလာသော တပည့်က မိမိဆရာကြီးကို ပြောပြလေရာ ဆရာကြီးက မိန်းမတို့၏ ပြုမူတတ်ပုံ သဘာဝမှန်ကို ဉာဏ်ဖြင့် နှိုင်းဆ၍ အမှန်အတိုင်း ပြောပြလေသည်။
    ဤဝတ္ထု၌ လာရှိသော အမျိုးသမီးသည် အခြားယောက်ျားနှင့်  ဖောက်ပြားသောနေ့ဝယ် မိမိ၏ အပြစ်ကို ကွယ်ကာလိုသောကြောင့် ခင်ပွန်းရင်းအပေါ်မှာ များစွာကြင်နာဟန်ဆောင်လေသည်။ ထိုကြင်နာဟန်ဆောင်မှုသည် ဤမာယာပင်တည်း။ ဤမာယာကိုပင် အချို့အရာ၌ = တင်္ခဏုပ္ပတ္တိဉာဏ် = ရုတ်တရက် ဖြစ်ပေါ်လာသော ဉာဏ်ဟုလည်း ခေါ်ဝေါ်သုံးစွဲကြ၏။ အမှန်မှာ ဉာဏ် မဟုတ်ပါ။ မာယာပင် ဖြစ်သည်။
    ရသေ့ မာယာ --- အမျိုးသမီးတို့၌သာ မာယာရှိသည် မဟုတ်။ ယောက်ျားယုတ်တို့၌လည်း မာယာရှိသည်သာ ဖြစ်၏။ ရှေးသရောအခါ ရွာတစ်ရွာဝယ် ဒါယကာတစ်ယောက် ကိုယ်းကွယ် ဆည်းကပ်ထားသော ဆရာရသေ့ တစ်ဦး ရှိခဲ့ဖူးလေသည်။ ခိုးသူဘေးကြောင့် ရွှေစင်နိက္ခတစ်ရာကို ရသေ့ကမ္မဋ္ဌာန်းကျောင်း အနီးအပါး၌ မြှုပ်ထား ပြီးလျှင် ''အရှင်ဘုရား ...သတိပြုလိုက်ပါ''ဟု မှာထားသွား၏။ ထိုအခါ ဆရာရသေ့က ''ဟဲ့ ဒါယကာ ... ရသေ့ရဟန်းတို့ကို ယခုလို ကြည့်ရှုရစ်ရန် မမှာကောင်းဖူး။ ငါတို့အဖို့ကား သူတစ်ပါး၏ ဥစ္စာ၌ လောဘမည်သည် မရှိပါ။'' --- ဟု မိန့်ကြားလိုက်လေသည်။
    ထိုနောက် ရသေ့ အကြံဖြစ်သည်မှာ --- ''ရွှေစင်နိက္ခတစ်ရာလောက်ဆိုလျှင် လူ့ဘောင်မှာ ချောင်ချောင် လယ်လယ် ရှိပြီ။'' --- ဟု ကြံလျက် ထိုရွှေများကို မိမိသွားမည့် လမ်းအနီး၌ ရွှေ့ပြောင်း မြှုပ်ထားလိုက်၏။ နောက်တစ်နေ့နံနက် ဆွမ်းစားအပြီးတွင် --- ''ဒါယကာ ...ဒါယကာတို့ကို အမှီပြု၍ နေခဲ့ရသည်မှာ အတော် ကြာညောင်းခဲ့လေပြီ။ ကြာလွန်းတော့လည်း သံယောဇဉ် ဖြစ်တတ်သည်။ သို့ဖြစ်၍ တစ်ခြားအရပ်သို့ သွားဦးမည်'' ဟု ပြောပြလေရာ, ဒါယကာကလည်း အခါခါ တားတော်မူလေရှာသည်။ ဘယ်လိုပင် အခါခါတားသော်လည်း တားမရသောကြောင့် ရွာတံခါးထိအောင်ပင် လိုက်၍ ပို့ရှာလိုက်သေးသည်။
    ထိုနောက် အတန်ကြာအောင် တော်တော်ကလေး ခရီးသွားရောက်ပြီးကာမှ တစ်ဖန်ပြန်လာ၍ --- ''ဒါယကာ သင်တို့အိမ်၏ အမိုးက သက်ငယ်မြက် တစ်မျှင်သည် ငါ၏ ဆံကျစ်အကြား၌ ငြိကပ်၍ ပါလာသည်။ ရသေ့ရဟန်း ဆိုတာ ပိုင်ရှင်တို့က မပေးမလှူအပ်သောအရာကို မြက်တစ်ပင်မျှသော်လည်း မယူကောင်းပါ'' --- ဟု ပြောပြလေ၏။ ရိုးသားရှာသော ဒါယကာကလည်း ''ငါ၏ ဆရာရသေ့သည် သိပ်ပြီး သီလရှိတာဘဲ'' --- ဟု လေးလေးပင်ပင် ကြည်ညိုသွားလေသည်။
    သို့ရာတွင် ထိုအခါ၌ ထိုဒါယကာ၏အိမ်ဝယ် အလောင်းတော်ပညာရှိ ဖြစ်သည့် အတော်ပါးနပ်သော ဧည့်သည်တစ်ယောက် ရောက်ရှိနေသဖြင့် ထိုဧည့်သည်က --- '' မိတ်ဆွေ ...မိတ်ဆွေ၏ ဆရာ့ထံမှာ ဘာများ အပ်နှံထားပါသလဲ။ အပ်ထားလျှင် ထိုပစ္စည်း ရှိသေး၏ မရှိသေး၏ကို သွားကြည့်စမ်းပါ။'' --- ဟု သတိပေးမှ သွား၍ ကြည့်လေရာ ရွှေများ မရှိတော့၍ ဧည့်သည်နှင့်အတူ ရသေ့နောက်သို့ အမြန်လိုက်ကြသောအခါ ရွှေများ နှင့်တကွ ရသေ့ကို လက်ရဖမ်းမိကြလေသည်။ (ဇာတက၊ဋ္ဌ၊၁၊၃၉၈-၃၉၉။ ကုဟကဇာတ်။)
    ဤဝတ္ထု၌ ရသေ့၏ မိမိရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက် တစ်ပင်ကိုပင် ပြန်၍ပေးခြင်းသည် ဤ မာယာပင် ဖြစ်၏။ ဤသို့လျှင် ပရိယာယ်မာယာသည် ရသေ့ရဟန်းအချို့သို့တိုင်အောင် ပျံ့နှံ့လျက် ရှိရကား ယခုကဲ့သို့ ''ပရိယာယ်တစ်ထောင် မာယာတစ်သိန်း, အပလိန်းအနန္တ သဲကိုးဖျာ မလောက်လို့ ရှားကိုးပင်က ရှား ရွက်တွေကို ရောနှောက်၍ ရေတွက်ရသည်။'' ဟူသော ဉာဏ်နီဉာဏ်နက် အပွေအလီတွေ ပေါများလွန်းလှသော မာယာတွေ ရေလိုလေလို ပေါများနေသော ခေတ်ကာလ၌ လုံးဝပုံ၍ ယုံကြည်ထိုက်သူ နည်းပါးသောကြောင့် ရိုးသားဖြောင့်မတ်သူ သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံမိဖို့ အရေးမှာ ပုဗ္ဗေ စ ကတပုညတာ စက် ဟူသော ရှေးကံကောင်း ထောက်မမှသာလျှင် ဖြစ်နိုင်ကြပေလိမ့်မည်။
    သာဌေယျ --- အခြားသူတို့ အထင်ကြီးအောင် မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်တတ်သော လောဘ တစ်မျိုးကိုပင် သာဌေယျဟု ခေါ်သည်။ မာယာကား ရှိသောအပြစ်ကို ဖုံးကွယ်၍ မိမိမှာ အပြစ်ကင်းဟန်ဆောင်၏။ သာဌေယျကား မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်သည်။ ထိုနှစ်မျိုးလုံးပင် အလိမ်ဉာဏ် အပလီဉာဏ် အကောက်ဉာဏ်မျိုးချည်းတည်း။ သီလ မရှိဘဲ သီလရှိဟန်,  သမာဓိ မရှိဘဲ သမာဓိရှိဟန်, ပညာ မရှိဘဲ ပညာ ရှိဟန်, အကျင့် မကောင်းဘဲ အကျင့်ကောင်းဟန်, စာပေကျမ်းဂန် မတတ်ဘဲ စာပေကျမ်းဂန်တတ်ဟန် ဟန် ဆောင်ခြင်းဟူသမျှသည် သာဌေယျချည်းပင်တည်း။
    လူလောက၌လည်း သီလ သမာဓိ ပညာ မရှိပါဘဲလျက် ရှိလေဟန်ဆောင်မှု, ဘွဲ့ မရဘဲ ဘွဲ့ရဟန်ဆောင်မှု, ပစ္စည်းဥစ္စာ မရှိပါဘဲလျက် ပစ္စည်းဥစ္စာ ရှိဟန်ဆောင်မှု, လူတကာအထင်ကြီးအောင် သူတစ်ပါး၏ လက်ဝတ် တန်ဆာ စိန်ရွှေရတနာ အဖြာဖြာတို့ကို ငှားရမ်းဝတ်ဆင်မှု, စွမ်းရည်သတ္တိ မရှိဘဲ သတ္တိရှိဟန်ဆောင်မှု, ဟိတ်ဟန် ထုတ်မှု စသည်တို့သည်လည်း သာဌေယျပင်တည်း။
ဗိဠာရဝတ ဇာတ်တော်
    သုံးလောကထွတ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဇေတဝန်ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေစံပျော်တော်မူဆဲအခါတွင် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ မိမိသန္တာန်ဝယ် ထင်ရှားမရှိပါ ဘဲလျက် ရှိနေဟန်ဆောင်သော ဒါယကာ ဒါယိကာမတို့၏ စိတ်အစဉ်ဝယ် အံ့ဖွယ်သရဲ ဖြစ်စေတတ်သော ရဟန်း တစ်ပါးကို အကြောင်းပြု၍ ဤဗိဠာရဝတဇာတ်တော်ကို ဟောကြားတော်မူလေသည်။
    အတိတ်ဘဝတစ်ခုဝယ် ဘုရားအလောင်းတော်သည် ကြွက်မျိုး၌ ပဋိသန္ဓေ တည်နေရသော် တဖြည်းဖြည်း ကြီးပြင်းလာသောအခါ ခန္ဓာကိုယ်ကား အလွန်ကြီးထွားသဖြင့် ဝက်ငယ်တစ်ကောင်နှင့် တူသည်ဖြစ်၍ များစွာသော ကြွက်အပေါင်း ခြံရံလျက် တောထဲ၌ နေ၏။
    တစ်နေ့တွင် မြေခွေးတစ်ကောင်သည် ထိုထိုဤဤ လှည့်လည်ကျက်စားရင်းပင် ကြွက်အပေါင်းကို မြင်တွေ့ ရ၍ --- ''ဤကြွက်တို့ကို လှည့်ပတ်ဖြားယောင်းလျက် စားပေအံ့'' --- ဟု စိတ်အကြံ ဖြစ်၍ ကြွက်တို့၏ နေရာနှင့် မလှမ်းမကမ်း တစ်နေရာတွင် နေဘက်သို့ မျက်နှာမူလျက် လေကိုသောက်လျက် ခြေတစ်ဘက်တည်းဖြင့် ရပ်တည် နေ၏။
    ဘုရားအလောင်းတော်ကြွက်သည် အစာရှာဖွေရန်အလို့ငှာ လှည့်လည်လတ်သော် ထိုမြေခွေးကို တွေ့မြင် သောအခါ --- ''ဤသူကား သီလရှိသူ ဖြစ်ပေလိမ့်မည်'' --- ဟု ယုံကြည်၍ ထိုမြေခွေးထံသို့ သွားရောက်ကာ - ''အရှင်ဘုရား ...အရှင်ဘုရားသည် အဘယ်အမည်ရှိပါသနည်း'' --- ဟု လျှောက်ထားကြည့်သောအခါ ''ဓမ္မိက'' အမည်ရှိကြောင်း မြေခွေးက ပြန်ပြောလေ၏။ ခြေထောက် လေးချောင်းလုံးတို့ကို မြေကြီးပေါ်၌ ရပ်တည်မထား ဘဲ အဘယ်ကြောင့် ခြေထောက် တစ်ချောင်းတည်းဖြင့်သာလျှင် ရပ်တည်၍ နေပါသနည်းဟု မေးမြန်းသောအခါ  ''ငါ၏ အခြေ လေးချောင်းတို့ကို မြေကြီးပေါ်၌ ချထားလိုက်သော် မဟာပထဝီမြေကြီးသည် ငါ့ကို ရွက်ဆောင် ထားဖို့ရန် မစွမ်းနိုင်သောကြောင့် ခြေထောက် တစ်ချောင်းတည်းဖြင့်သာလျှင် ရပ်တည်နေရပါ၏'' --- ဟု ပြန် ပြောလေ၏။
    ''ပါးစပ်ကို ဖွင့်ဟ၍ အဘယ်ကြောင့် ရပ်တည်နေပါသနည်း''ဟု မေးကြည့်သောအခါ --- ''ငါသည် အခြား သော အစားအစာကို မစားပါ၊ လေကိုသာ စားပါ၏'' --- ဟု အဖြေပေးပြန်၏။
    ထိုသို့ဖြစ်လျှင် အဘယ်ကြောင့် နေကို မျက်နှာမူလျက် ရပ်တည်နေပါသနည်းဟု မေးသောအခါ ''နေကို ရှိခိုးပါ၏''ဟု ဖြေဆိုပြန်၏။
    ဘုရားအလောင်းတော်ကြွက်သည် ထိုမြေခွေး၏ စကားကို ကြား၍ ''ဤမြေခွေးသည် သီလရှိသောသူ ဖြစ်ပေလိမ့်မည်''ဟု နှလုံးပိုက်၍ ထိုနေ့မှ စ၍ ကြွက်အပေါင်းနှင့် အတူတကွ ညဥ့် နံနက် ထိုမြေခွေးအား ဆည်းကပ်ခစား၏။
    ထိုအခါ မြေခွေးအား ကြွက်အပေါင်းက ဆည်းကပ်ခစားလာသောအခါဝယ် မြေခွေးသည် နောက်ဆုံးဘိတ် ကြွက်တစ်ကောင်ကို ဖမ်းစားပြီးနောက် ပါးစပ်ကိုသုတ်၍ ရပ်တည်နေ၏။ တဖြည်းဖြည်း ကြွက်အပေါင်းသည် နည်းပါးလာ၏။ ထိုအခါ ကြွက်တို့က ဤသို့ စဉ်းစားမိကြ၏ --- ''ရှေးယခင်အခါတုန်းက ငါတို့၏ ဤနေရာသည် မဆန့် ဖြစ်နေ၏။ အကြားအလပ်မရှိ တည်နေကြ၏။ ယခုအခါ၌ကား လျော့လျော့ရဲရဲ ကျိုးကျိုးကျဲကျဲ တည်နေ ကြရ၏၊ ဤသို့ တည်နေရသော်လည်း ငါတို့၏ တည်နေရာသည် (= ကြွက်တွင်းသည်) မပြည့် ဖြစ်နေ၏၊ ဤ အကြောင်းကား အသို့နည်း''ဟု စဉ်းစားမိကြ၏။
    ဘုရားအလောင်းတော်အားလည်း ထိုအကြောင်းကို ပြောပြကြ၏။ ဘုရားအလောင်းတော်သည်လည်း စဉ်းစား ဆင်ခြင်တော်မူလတ်သော် မြေခွေးအပေါ်၌ သံသယမကင်း ဖြစ်နေသဖြင့် မြေခွေးကို စူးစမ်းဖို့ရန် ဆုံးဖြတ်ချက် ချလိုက်၏။ မြေခွေးထံသို့ ဆည်းကပ်ခစားရန် သွားသောအခါ၌ အခြားကြွက်တို့ကို ရှေ့က သွားစေ၍ မိမိက နောက်မှ လိုက်သွား၏။ မြေခွေးသည် ထိုဘုရားလောင်းကြွက်၏ အထက်၌ ခုန်အုပ်ဖို့ရန် ဘုရားလောင်း ကြွက်ထံသို့ ပြေးလာ၏၊ ဘုရားလောင်းကြွက်ကလည်း မိမိကို ခုန်ဖမ်းဖို့ရန် ပြေးလာသော ထိုမြေခွေးကို မြင်၍ နောက်သို့ပြန်ဆုတ်ကာ ---
    ''အိုမြေခွေး ...သင်၏ ဤကျင့်ဝတ်ကို ဆောက်တည်ထားခြင်းသည် တရားတော်၏ ကောင်းသော တရား ဓမ္မ ဖြစ်သောကြောင့် ဤကျင့်ဝတ်ကို ဆောက်တည်၍ ကျင့်သည်ကား မဟုတ်၊ သူတစ်ပါးတို့အား ညှဉ်းဆဲလို သည့်အတွက် တရားကို တံခွန်အလံ ပြု၍ လှည့်လည်ကျက်စားဘိ၏။'' --- ဤသို့ ပြောဆို၍ အောက်ပါ ဂါထာကို ရွတ်ဆိုလေ၏ ---
ယော ဝေ ဓမံ္မ ဓဇံ ကတွာ၊ နိဂူဠှော ပါပမာစရေ။
ဝိဿာသယိတွာ ဘူတာနိ၊ ဗိဠာရံ နာမ တံ ဝတံ။ (ဇာ၊ဋ္ဌ၊၁၊၄၈၆။)
    အကြင်သူသည် စင်စစ်အားဖြင့် ကုသိုလ်ကမ္မပထတရား (၁ဝ)ပါးတည်းဟူသော တရားတံခွန် အလံကို တောင်ထွတ်ကဲ့သို့ အလေးဂရုပြုကာ ဆောင်းမိုးစိုက်ထူလျက်, ''ဤသူကား သီလရှိသူတည်း''ဟူသော အမှတ် သညာဖြင့် အကျွမ်းဝင်အောင် ပြုလုပ်၍ မကောင်းမှုကို လျှို့ဝှက်ကာ ပြုကျင့်နေ၏၊ ဤကဲ့သို့ တရားတည်းဟူသော အလံတံခွန်ကို စိုက်ထူဆောင်းမိုးလျက် ဆိတ်ကွယ်ရာ၌  မကောင်းမှုတို့ကို ပြုနေသောသူသည်ကား စင်စစ်အားဖြင့် ကောက်ကျစ်စဉ်းလဲသောအကျင့် ရှိသော ကြောင်သူတော်ပင်တည်း။ (ဇာတက၊ဋ္ဌ၊၁၊၄၈၆။)
    ထိုအခါက မြေခွေးသည်ကား ယခုအခါ၌ သီလ သမာဓိ ပညာ စသည် အကျင့်မြတ် မရှိပါဘဲလျက် ရှိဟန်ဆောင်ကာ ဒါယကာ ဒါယိကာမတို့ အထင်ကြီးအောင် ပြုမိရှာသော ကုဟကဘိက္ခု ခေါ်သော ရဟန်းတော် ပင် ဖြစ်ပေသည်။ ဘဝတစ်ခု၌ လက်ခံ ကျင့်သုံးခဲ့သော ဓာတ်ငွေ့တို့ကား အရှိန်အဝါ မကုန်သေးသမျှ သံသရာ အဆက်ဆက်၌ ကပ်၍ ပါလာတတ်သည်ကို သတိပြုသင့်လှပေသည်။
    ဤ မာယာ သာဌေယျတို့သည် ဖြစ်ရိုးဖြစ်စဉ် လိုချင်မှု လောဘထက်ပင် လောက၌ သာလွန်၍ ဆိုးဝါး၏။ တစ်ဦးတစ်ယောက်ကို ဖြစ်စေ လူအများကို ဖြစ်စေ, တစ်တိုင်းတစ်ပြည်လုံးကို ဖြစ်စေ ဘုရား မဟုတ်ပါဘဲလျက် ဘုရားလုပ်နေသူ တိတ္ထိကြီးများတို့ကဲ့သို့ တစ်ကမ္ဘာလုံးကို ဖြစ်စေ လှည့်ပတ်တတ်လေရကား အလွန်ယုတ်မာ ဆိုးဝါးသောတရားဟု ဆိုထိုက်ပေသည်။ ထိုမျှလောက် ဆိုးဝါးသော်လည်း ယခုကာလ၌ အများအပြားပင် ဖြစ်လျက် ရှိသောကြောင့် မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု ဆုံးဖြတ်ထားသူတို့သည် ထိုမာယာ သာဌေယျသမား လူအများ တွင် မပါဝင်ကြစေဘဲ မရိုးမသား ဆိုးဝါးသောတရားတို့ကို မိမိသန္တာန်မှာလည်း မဖြစ်အောင် မိမိနှင့် ဆက်သွယ်သူ များ၌လည်း မဖြစ်စေရအောင် အထူးသတိထားပြီးလျှင် ဖြူစင် ထက်မြက် သွက်လက် ဖြောင့်မတ် မြင့်မြတ်သော စိတ်ထားရှိသူချည်းသာ ဖြစ်အောင် ကြိုးစားသင့်ကြပေသည်။
ိ                                                                                                 နိဗ္ဗာနဂါမိနိပဋိပဒါ - စတုတ္ထတွဲ-5
   lu bo
ဘကြီးသက်
Unknown at 8:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တရုတ်နိုင်ငံက မြန်မာမှ အမဲသားတင်ပို့မှုကို ပိတ်ပင်လိုက်ပြီ
ရန်ကုန်၊ ဇူလိုင်-၁၇
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသော အသားထွက်ကုန်ပစ္စည်းများတွင်
ခွာနာလျှာနာရောဂါရှိနေသောကြောင့် လက်မခံနိုင်ဟုဆိုကာ အေးခဲအမဲသားများ
တင်ပို့နေမှုကို လုံးဝပိတ်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ အကြောင်းကြားစာသည် ဇူလိုင်လဆန်းတွင် UMFCCI (မြန်မာနိုင်ငံ
 ကုန်သည်/စက်မှုအသင်းချုပ်)သို့ ရောက်ပြီးနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
 ညွှန်ကြားရေးမှူးချုပ်ထံမှတစ်ဆင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က
လက်ခံရရှိထားကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁)
ဦးဝင်းစိန်ကဇူလိုင် ၁၇ ရက်တွင်ပြောသည်။
''တရုတ်ကို တင်ပို့နေတဲ့ အသားတွေ အမဲသားတွေမှာ ခွာနာ လျှာနာရောဂါ
 မကင်းရှင်းတာကြောင့်တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်များ၊ သစ်ပင်၊ ပန်းမန်များ အ၀င်အထွက်
စစ်ဆေးရေး ဥပဒေအရ အခု ကျွန်တော်တို့ဆီက အေးခဲအမဲသားတင်ပို့မှုတွေ ရပ်ဆိုင်း
သွားပါပြီ ''ဟု ၎င်းက ပြောသည်။
အေးခဲအမဲသားအပြင် ကြက်ငှက်တိရစ္ဆာန်များ၏ အသားထွက်ကုန်ပစ္စည်းများပါ
တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းနှင့် အသားထွက်ကုန်များကို အခြားနိုင်ငံမှ ၀ယ်ယူပြီး
တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းကိုပါ ပိတ်ပင်လိုက်ကြောင်း အထက်ပါစာတွင် ပါရှိသည်။
''မြန်မာမှာ ကြက်ငှက်တုပ်ကွေးနဲ့ ခွာနာလျှာနာရောဂါတွေ ကျရောက်နိုင်တဲ့အတွက်
သူတို့ဆီကနေပြီး တော့ ဒီအသားတွေ တင်ပို့ခြင်းကို လက်မခံနိုင်ပါဘူးဆိုပြီးတော့
 မြန်မာသံရုံးကို တရုတ်နိုင်ငံ မွေးမြူရေးဌာနကနေပြီးတော့တရားဝင်အကြောင်းကြားထားတယ်''
 ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ(၃) ဒေါက်တာလှလှသိန်းက
လည်း ပြောသည်။
ထို့ကြောင့် တရုတ်နိုင်ငံသို့ အသားတင်ပို့သော လုပ်ငန်းရှင်များ၏ စက်ရုံ၊ အလုပ်ရုံများလည်း
ရပ်ဆိုင်းသွား၍ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကုန်ကြကြောင်း သတင်းရရှိသည်။
 မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အစ ဧပြီမှ ဇွန် သုံးလအတွင်း
 အေးခဲအမဲသားတန်ချိန် ၄၈၈၄ တန် တင်ပို့နိုင်ခဲ့သည်။ သို့ရာတွင် ပုံမှန်ရက်သတ္တပတ်
တစ်ပတ်လျှင် အေးခဲအမဲသားတန်ချိန် ၄၀၀ ခန့်တင်ပို့နေရာမှ ဇွန် ၂၇ ရက်မှ ဇူလိုင်
၃ ရက်တွင်မူ ၁၄၅ တန်သာ တင်ပို့နိုင်တော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ယခုအချိန်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသော အသားထွက်ကုန်ပစ္စည်း
များအားလုံး လုံးဝရပ်ဆိုင်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal
ဘကြီးသက်
Unknown at 8:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လန်ဒန်အိုလံပစ်ပြိုင်ပွဲ မြန်မာက အားကစားနည်းငါးမျိုး ဝင်ရောက် ယှဉ်ပြိုင်မည်
From : ရန်ကုန်တိုင်းမ်
လန်ဒန်အိုလံပစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံက အားကစားနည်းငါးမျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က ပြောကြားသည်။ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၁၂ ရက်အထိ ကျင်းပမည့် လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် ဗြိတိသျှသံရုံးတို့မှ ဂုဏ်ပြုသည့် Road to London အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ်က “မြန်မာနိုင်ငံ အနေဖြင့် အိုလံပစ်ပြိုင်ပွဲများတွင် စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှ စတင်ပြီး အိုလံပစ်ပြိုင်ပွဲများကို အစဉ်အလာမပျက် ဝင်ရောက်ခဲ့သည့်အပြင် (၁၄) ကြိမ်မြောက် လန်ဒန်အိုလံပစ်ကို လွတ်လပ်ရေးရပြီးပြီးချင်း ဝင်ရောက်ခဲ့သည့်အတွက် ထူးခြားပါကြောင်း၊ ယခုအကြိမ် (၃၀) မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့် လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်းငါးမျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း” ဟု ပြောသည်။ “တတိယအကြိမ် ကျင်းပခွင့်ရတဲ့ လန်ဒန်အိုလံပစ်ကို အားကစားနည်း ငါးမျိုး၊ ကစားသမား ၁၇ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်” ဟု ယင်းက ပြောသည်။ အဆိုပါ အိုလံပစ်ပြိုင်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။ (၂၉)ကြိမ်မြောက် ပြိုင်ပွဲကို တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အပြင် ယခုနှစ် အကြိမ် (၃၀) မြောက် လန်ဒန်အိုလံပစ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံက မြားပစ်၊ ပြေးခုန်ပစ်၊ ဂျူဒို၊ သေနတ်ပစ်၊ လှေလှော် အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
Myanmar Express
ဘကြီးသက်
Unknown at 8:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.