Wednesday, July 18, 2012

မိုဘိုင်းဖုန်းများ၏ လက်ကျန်ငွေရှင်းလင်းပုံကို အသုံးပြုသူအချို့ ကြိုက်နှစ်သက်ခြင်းမရှိ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းများကို Postpaid မှ Prepaid စနစ်သို့ပြောင်းလဲပေးခဲ့သည့်နောက်ပိုင်း ယခင်စနစ်ဟောင်းမှ လက်ကျန်ငွေများကို နည်းလမ်းသုံးခုဖြင့်လွှဲပြောင်း ထုတ်ယူနိုင်သည်ဟုကြေညာခဲ့သည်။ ““ကျွန်တော်တို့ကတော့သိပ်မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ ရုံးသွားပြီးစာတင်နေရလို့။ အရင်တုန်းကတောင် ဘီလ်သွားဆောင်ချင်တာမဟုတ်ဘူး။ သူများတွေလိုပဲ Prepaid နဲ့သုံးချင်တာ။ Prepaid ပြောင်းပြီးမှ ရုံးသွားရဦးမယ်ဆိုတော့ မသွားချင်တော့ဘူး””ဟု Postpaid မှ Prepaid စနစ်သို့ပြောင်းလဲ အသုံးပြုခဲ့သည့် အမျိုးသားတစ်ဦးကဆိုသည်။ယခင်စနစ်ဟောင်းမှ လက်ကျန်ပိုငွေများကို နည်းလမ်းသုံးခုဖြင့် လွှဲပြောင်းထုတ်ယူရာ၌ (၁) လက်ကျန်ပိုငွေကို မိမိပြောင်းလဲလိုက်သည့် Prepaid သို့ဆက်လက်ဖြည့်သွင်းလိုခြင်း၊ (၂) လက် ကျန်ပိုငွေကို ကြိုတင်ငွေစနစ်ထား ရှိသည့် အခြားသောအော်တိုဖုန်းလိုင်းများနှင့် မိုဘိုင်းဖုန်းများ၏ ဘီလ်စနစ်သို့လွှဲပြောင်းပေးလိုခြင်း၊ (၃) လက်ကျန်ပိုငွေ တစ်သိန်းနှင့်အထက်ရှိပါက အထက်ပါအချက်နှစ် ချက်အတိုင်းလုပ်ဆောင်နိုင်သည့်အပြင် ငွေသားအနေဖြင့်လည်းပြန်လည်ထုတ်ယူနိုင်ခြင်းဟူ၍ခွဲခြား သက်မှတ်ထားသည်။ ““စနစ်ပြောင်းသွားတော့လည်း ပိုတဲ့ငွေကို အလိုအလျှောက်လိုက် ပြောင်းပေးလိုက်ရင်ပြီးရောပေါ့။ ကိုယ်ဖုန်းဘီလ်က ကိုယ်ဖုန်းဘီလ်ပဲလေ။ ကျွန်မကတော့ မပြောင်းခင်ကတည်း ပိုက်ဆံကိုတိုင်းပြီးထည့်လိုက်တယ်။ နည်းနည်းတော့ ပိုသွားတယ်။ ဒါပေမယ့်သွားမထုတ်တော့ဘူး””ဟု Postpaid မှ Prepaid စနစ်သို့ပြောင်းလဲ အသုံးပြုခဲ့သည့် အမျိုးသမီးတစ်ဦးကဆိုသည်။ မြန်မာ့ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်အရ လက်ကျန်ပိုငွေများကို လွှဲပြောင်းထုတ်ယူလိုပါက ကန့်သက်ချက်ကာလများအတွင်း ငွေစာရင်းဌာနသို့ ဖုန်းပိုင်ဆိုင်မှုအထောက်အထားများနှင့်အတူ ဆန္ဒပြုလွှာများလာရောက်ပေးပို့ရမည်ဟုသိရသည်။ ရန်ကုန်မြို့နှင့် မန္တလေး မြို့ရှိ Postpaid မိုဘိုင်းဖုန်းလိုင်း များသည် Prepaid သို့ပြောင်းလဲ အသုံးပြုခဲ့ခြင်းမရှိပါက စက်တင်ဘာလမှစတင်၍ဘဏ်များနှင့် ချိတ်ဆက်ကာ အသုံးပြုမှုဘီလ်ကို ပေးဆောင်ရတော့မည်ဖြစ်သည်။
ဘကြီးသက်
Unknown at 10:21 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.