Wednesday, July 18, 2012

မူဆလင် သူဌေးတစ်ဦးကို နစကမှ လာဘ်ငွေ သိန်း ၁၃၀ ယူပြီး ပြန်လွှတ်ပေး

1045716205

ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုတွင် ဘင်္ဂလီများအား ကူညီအားပေးခဲ့သူ ဘင်္ဂလီမူ
ဆလင်သူဌေးတစ်ဦးကို နစက လာဘ်ငွေ သိန်း ၁၃၀ ယူပြီး ပြန်လွှတ်ပေးနေသည်ဟု သိရသည်။
ပြန်လွှတ်ပေးလိုက်သော ဘင်္ဂလီ သူဌေးမှာ မောင်တောမြို့မှ နာမည်ကြီး 7 Stars အလီဖြစ်သည်။
သူ့ကို လွှတ်ပေးလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ နစကနှင့် နီးစပ်သူတစ်ဦးက အာရ်ကန်တိုင်း
သတင်းဌာနသို့ ပြောသည်။
” မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စမှာ အာလီက ကြိုးကိုင်ပြီး လှုပ်ရှားနေသူ တဦးဖြစ်တဲ့အတွက်
သူ့ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ နစက က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ၂၀၁၂ ခု
ဇူလိုင်လ ၁၀ ရက်နေ့မှာ သူ့ ကို နစက ဌာနချုပ်က လာဘ်ငွေ သိန်း ၁၃၀ ယူပြီး ပြန်လွှတ်ပေးလိုက်
တယ်။”ဟု
ပြောသည်။

မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုနှင့် ပတ်သတ်ပြီး စွပ်စွဲချက်များဖြင့် နစက
ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်မှ စစ်ဆေးရန် ခေါ်ယူသွားခဲ့ပြီးနောက်ပိုင်း
တွင် လာဘ်ငွေ သိန်း ၁၃၀ ယူပြီး 7 Starsအလီအား ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
7 Stars အလီမှာ လွန်ခဲ့သော ၅ နှစ်ခန့်က 7 Stars အမည်ဖြင့် တည်းခိုခန်းတစ်ခု ဖွင့်လှစ်ခဲ့ရာ
တည်းခိုခန်းတွင် လူမရောက်သည့် အတွက် ပိတ်ခဲ့ရသည်။ 7 Stars တည်ခိုးခန်းပိုင်ရှင်ဖြစ်ခဲ့သည့်
အတွက် သူ့ကို 7 Stars အလီဟု မောင်တော တမြို့လုံးက ခေါ်ဆိုနေခြင်း ဖြစ်သည်။
မောင်တောမြို့ ဆူပူအကြမ်းဖက်မှုတွင် အဓိက ပါဝင်လုပ်ကိုင်သူအဖြစ် နာမည်ကြီးသူ အသက်
၅၄ နှစ်အရွယ် 7 Stars အလီ မှာ မောင်တောမြို့ အမှတ် ၁ ရပ် ကွက်တွင် အိမ်တလုံး၊ အမှတ် ၅
ရပ်ကွက်တွင် အိမ်တလုံးရှိပြီး ယခုအခါ အဆိုပါ အိမ်များတွင် မရှိဘဲ ထွက်ပြေး တိမ်းရှောင်နေသည်ဟု
သတင်းရရှိသည်။
ယခုကဲ့သို့ လာဘ်ငွေယူပြီး အကြမ်းဖက် သမားများကို ပြန်လွတ်ပေးနေသာ နစက နယ်မြေမှူးများ
တွင် အမှတ် ၇ အလယ်သံကျော် နယ်မြေမှူး၊ အမှတ် ၈ မြင်းလွတ်နယ်မြေမှူးများ အဓိက ပါဝင်
သည်ဟု စုံးစမ်းသိရှိရသည်။
ယခုကဲ့သို့ ဆူပူအကြမ်းဖက်မှုတွင် ဦးဆောင်ပါဝင်သူတချို့ကို ဖမ်းဆီးထားသော်လည်း တချို့ကို
လာဘ်ငွေ ယူပြီး ပြန်လွှတ်ပေးလိုက်သည့်အတွက် အဆိုပါ လွှတ်ပေးသူများက တဖန် ပြန်လာပြီး
အကြမ်းဖက်မှုများ ပြု လုပ်လာမည်ကို ဒေသခံ ပြည်သူများက အထူးစိုးရိမ်နေကြသည်ဟုလည်း
သူက ပြောသည်။
မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ရခိုင် ကျေးရွာအများအပြား
မီးရှို့ခံရပြီး အကြမ်းဖက် ဆူပူသူများကို ထိထိရောက်ရောက် မနှိမ်နှင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု
စွဲချက်ဖြင့် မောင်တောမြို့ အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ဇူလိုင်လ
၇ ရက်နေ့က နေပြည်တော်မှ စစ်ဆေးရန် ခေါ်ယူသွားခဲ့သည်။


 Freedom News Group
ဘကြီးသက်
Unknown at 5:17 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.