Monday, July 16, 2012

စင်ကာပူနိုင်ငံရှိ East Village ဟိုတယ်တွင် မီးလောင်မှုဖြစ်ပွား




From : planet

စင်ကာပူနိုင်ငံရှိ East Village ဟိုတယ်တွင် ယနေ့နံနက်ပိုင်းက မ်ီးလောင်မှုဖြစ်ပွားကြောင်း Channel News Asia သတင်းက ပြောကြားသည်။ အမှတ် ၂၅၊ Marine Parade လမ်းပေါ်ရှိ အဆိုပါဟိုတယ်မှ ကြီးမားသည့် မီးခိုးထုကြီးထွက်ပေါ်လာသည်ကို မြင်တွေ့ရကြောင်း မျက်မြင်များကဆိုသည်။

စင်ကာပူအချိန် ယနေ့နံနက် ၉း၀၆ မိနစ်တွင် ဟိုတယ်မီးလောင်မှုသတင်းကို ရရှိခဲ့ကြောင်း စင်ကာပူ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့က အတည်ပြု ပြောကြားသည်။ မီးလောင်မှုမှာ ဟိုတယ်၏ မြေအောက်ထပ်မှ စတင်ခဲ့ကြောင်း သိရှိရသည်။ စင်ကာပူအချိန် မွန်းလွဲ ၁း၀၀ အချိန်အထိ East Village ဟိုတယ်မှ မီးခိုးများထွက်နေဆဲဖြစ်သည်။






မီးလောင်မှုအတွင်း လူ ၅၀ ဦးအား ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရပြီး ကလေး ၄ ဦး၊ လူကြီး ၅ ဦးနှင့် မီသတ်သမား ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။










Channel News Asia ၏ နောက်ဆွဲတွဲသတင်းအရ မီးလောင်ကျွမ်းမှုမှာ စားသောက်ဆိုင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်

Myanmar Express

ဘကြီးသက်
Unknown at 8:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လိင်မှုဆိုင်ရာ စော်ကားသူများကို ဖမ်းမိစေရန် Facebook သုံးစွဲသူများကို ထောက်လှမ်း



From : planet
လူမှုကွန်ရက် ဝက်ဆိုက်ကြီး ဖြစ်သည့် Facebook မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို ဖမ်းမိစေရန် အတွက် အွန်လိုင်း အသုံးပြုသူများကို ထောက်လှမ်းနိုင်မည့် နည်းပညာ တစ်ခုကို အသုံးပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ယင်းသို့ လုပ်ဆောင်မှုကြောင့် အသုံးပြုသူများ၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ပိတ်ပင်သလို ဖြစ်နေရကြောင်းလည်း r t သတင်း တွင် ဖော်ပြသည်။ ယခု နည်းစနစ်ကို ကွန်ပြူတာနှင့်လူသား နှစ်မျိုး ပေါင်းစပ်ပြီး စောင့်ကြည့်သည့် စနစ်ကို လုပ်ဆောင်ထားခြင်း ဖြစ်ကာ အသုံးပြုသူပေါင်း တစ်ဘီလီယံ ပမာဏရှိသည့် လူများကို စောင့် ကြည့်စေမည် ဖြစ်သည်။ ယခုလို ဖြစ်ရပ်အတွက် အသုံးပြုသူများ အနေဖြင့် လွတ်လပ်ခွင့် အတွက် စိုးရိမ်ဖွယ်ရာ မရှိကြောင်းနှင့် လိင်ပိုင်းဆိုင်ရာ သားကောင်ကို ရှာဖွေသည့် ပုံစံ အနေအထားသို့ ရောက်မှသာ ဝန်ထမ်းများမှ စစ်ဆေးစေမည် ဖြစ်သောကြောင့် ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့သည်။

source : rt.com

ဘကြီးသက်
Unknown at 8:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစြုကည်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ယောက်ပါ။ အဲဒီတော့.....


ဒေါ်အောင်ဆန်းစြုကည်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ယောက်ပါ။ အဲဒီတော့ သူ့ကို
မြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့အပြင်မှာ ချန်ထားခဲ့လို့ မရနိုင်ပါဘူး။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နှင့် ဂျာမနီနိုင်ငံ Suddeutsche Zeitung သတင်းစာ အင်တာဗျူး

မေး။ ။သမ္မတကြီးခင်ဗျာ တစ်ကမ္ဘာလုံးက သမ္မတကြီးလုပ်နေတဲ့ ပြုပြင်
ပြောင်းလဲရေးဖြစ်စဉ်ကို အင်မတန်ကြိုက်နှစ်သက်နေကြပါတယ် ။ ကြီးမား
မြင့်မြတ်တဲ့ ပြုပြင်ပြောင်းလဲရေးသမား မြန်မာနိုင်ငံရဲ့ ဂေါ်ဘာချော့ လို့
အခေါ်ခံရရင် ဘယ်လိုခံစားရပါမလဲ ။

ဖြေ။ ။ကျွန်တော်အစောပိုင်း ကပြောခဲ့တဲ့ရှင်းလင်းချက်တွေထဲမှာ အဲဒီအချက်အတော်များများကိုဖြေထားခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်
ပြောသလိုပါပဲ၊ကျွန်တော်တို့အစိုးရဟာ မြန်မာပြည်သူတွေ ရွေးကောက်
တင်မြှောက်ထားတဲ့အစိုးရ ဖြစ်ပါတယ်။ အဲဒီတော့မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့သဘောထားကိုဖြည့်ဆည်းပေးရမယ့်တာဝန်ကျွန်တော်တို့မှာရှိတယ် အဲဒီအတွက်ကြောင့်လည်း ပြည်သူ့ဆန္ဒနဲ့သဘောထားကို ကျွန်တော်တို့က
အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတယ်။ ကျွန်တော်ဟာမြန်မာ
ပြည်သူတွေယုံကြည်စိတ်ချစွာနဲ့ပေးအပ်ထားတဲ့တာဝန်ကို ထမ်းဆောင်နေ
တဲ့သူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ်လက်ခံထားပါတယ်။ကျွန်တော်ဟာ
မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးရမယ့် တာဝန်နဲ့
ဝတ္တရားတွေကိုထမ်းဆောင်နေတဲ့သူတစ်ယောက်ပါ။

မေး ။ ။ ပြည်သူလူထုရဲ့ဆန္ဒတွေကိုသမ္မတကြီးကဖြည့်ဆည်းပေးနေတာ
လို့ဆိုတော့ ပြီးခဲ့တဲ့ ၁၉၉၀ပြည့်နှစ်တုန်းက ပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်
ခဲ့ပြီးပြီမဟုတ်ပါလားခင်ဗျာ။ ဘာကြောင့် ယခုအချိန်မှ သူတို့ရဲ့ဆန္ဒတွေကို
ဖြည့်ဆည်းးပေးရတာလဲ၊ အဲဒီအချိန်တုန်းက ဘာကြောင့် မဖြည့်ဆည်း
ပေးခဲ့တာလဲ။

ဖြေ ။ ။အဲဒီအချိန်တုန်းက ကျွန်တော်တို့တိုင်းပြည်မှာ ယနေ့အချိန်ကာလ
လိုမျိုး ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုမရှိခဲ့ပါဘူး။ အဲဒီတုန်းကပြည်သူတွေရဲ့ဆန္ဒ
ဟာငြိမ်းချမ်းမှုပြည့်ဝတဲ့သဘောနဲ့ထုတ်ဖော်တာမဟုတ်ပါဘူး။ သူတို့က
လိုချင်တာ၊ ရချင်တာ၊ ဖြစ်ချင်တာကိုပဲထုတ်ဖော်ခဲ့တာပါ။ အဲဒါကြောင့်
အဲဒီအချိန်တုန်းက တိုင်းပြည်ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုကိုထိန်းသိမ်းဖို့ ဆို
တာဟာ တပ်မတော်တစ်ခုတည်းအပေါ်မှာသာလုံးလုံးလျားလျားမူတည်
ခဲ့ပါတယ်။တကယ်တော့ ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်း တပ်မတော်အစိုးရ
က တိုင်းပြည်တာဝန်ကိုမလွဲမသွေရယူထားရတဲ့အချိန်မှာတည်းက မြန်မာ
နိုင်ငံမှာဒီမိုကရေစီစနစ်အုတ်မြစ်ချနိုင်ရေးဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့
အမြင်သူ့မှာရှိခဲ့တာပါ။ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးဆိုတဲ့
ဦးတည်ချက် တပ်မတော်အစိုးရမှာရှိခဲ့ပါတယ်။ မည်သို့ပင် ဆိုစေ အဲဒီ
အချိန်တုန်းက တိုင်းရင်းသားလူမျိုးတွေကြားမှာ ညီညွတ်မှုဆိုတာမရှိခဲ့
ပါဘူး။ တိုင်းပြည်ရဲ့အခြေခံအဆောက်အဦတွေဟာလည်းပြည့်ဝမှုမရှိခဲ့
သလို ဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်းမရှိခဲ့ပါဘူး။ တကယ်တော့
အပြောင်းအလဲတွေနဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာယနေ့အချိန်ရောက်မှ
လုပ်ဆောင်တာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀ဝ၃ ခုနှစ်ကတည်းကအကောင်
အထည်ဖော်လာခဲ့တာပါ။ အဲဒီနှစ်မှာ တပ်မတော်အစိုးရက ဒီမိုကရေစီ
ရှေ့ဆက်ဖော်ဆောင်နိုင်မယ့် အဆင့်ခုနှစ်ဆင့်ပါလမ်းပြမြေပုံရေးဆွဲခဲ့ပြီး
တိုင်းပြည်မှာဒီမိုကရေစီဖော်ဆောင်နိုင်ရေးအတွက် အဲဒီလမ်းပြမြေပုံ
အတိုင်းတစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ခဲ့တာကို ခင်ဗျားသိရှိ
ထားပြီးဖြစ်မယ်လို့ထင်ပါတယ်။ လမ်းပြမြေပုံကိုတစ်ဆင့်ချင်း အကောင်
အထည်ဖော်ခဲ့ပြီး နောက်ဆုံးအဆင့်မှာ ဒီမိုကရေစီနည်းလမ်းတကျ
ပြည်သူတွေကရွေးကောက်တင်မြှောက်တဲ့အစိုးရပေါ်ထွန်းခဲ့ပါတယ်။
ဒီမိုကရေစီရှေ့ဆက်ဖော်ဆောင်မယ့်လမ်းပြမြေပုံအကောင်အထည်ဖော်မှု
ရဲ့ ရလဒ်အနေနဲ့ပေါ်ထွန်းလာတာဖြစ်ပါတယ်။

မေး ။ ။ ကျွန်တော်နားလည်သဘောပေါက်တာမမှားဘူးဆိုလျှင် ယနေ့
ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာ ယခင်တပ်မတော် အစိုးရ
ခေါင်းဆောင်ဦးသန်းရွှေ(အင်တာဗျူးလုပ်သူပြောသည့်အတိုင်း)သတ်မှတ်
အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ရေရှည် မဟာဗျူဟာရဲ့ဲ့ တစိတ်တပိုင်း လို့
ဆိုလို့ရမလား ခင်ဗျာ။

ဖြေ ။ ။ မတူညီပါဘူး ။ တပ်မတော်အစိုးရက တိုင်းပြည်မှာ ဒီမိုကရေစီ
ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့တယ်။ကျွန်တော်တို့အစိုးရကပြည်သူတွေ
ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရဖြစ်ပြီးတိုင်းပြည်မှာ ဒီမိုကရေစီစနစ်အောင်မြင်ဖြစ်ထွန်းလာစေရေး၊ ပြည်သူလူထုရဲ့ဆန္ဒ
သဘောထားတွေပြည့်ဝနိုင်ရေး၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ လူမှုစီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုတည်တံ့နိုင်ရေးအတွက် အကောင်းဆုံးဖြစ်အောင်ကြိုးစား
နေတယ်။ ခင်ဗျားအနေနဲ့ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ပြောရမယ်
ဆိုလျှင် " တပ်မတော်အစိုးရက တိုင်းပြည်မှာ ဒီမိုကရေစီစနစ် အုတ်မြစ်
ချနိုင်ဖို့ကြိုးပမ်းခဲ့တယ်။ကျွန်တော်တို့အစိုးရက တိုင်းပြည်မှာ ဒီမိုကရေစီ
စနစ် အောင်မြင်ဖြစ်ထွန်းအောင်လုပ်ဖို့ကြိုးပမ်းနေတယ်" ပေါ့ဗျာ။

မေး ။ ။ သမ္မတကြီးခင်ဗျား၊ဒါဆိုရင် သမ္မတကြီးက တပ်မတော်
အစိုးရရဲ့ဆန္ဒကိုပြီးပြည့်စုံအောင်အကောင်းဆုံးလုပ်ဆောင်ပေးနေတယ်
ဆိုတဲ့သဘောမျိုးဟုတ်ပါသလား။အခု ပြုပြင်ပြောင်းလဲမဲမှုတွေဆိုတာက
အဲဒါနဲ့ဲ့ပဲ အားလုံး ပတ်သတ်နေတာလား။

ဖြေ ။ ။ လုံးဝကွဲပြားခြားနားပါတယ်။ ကျွန်တော်ပြောမယ်၊ အဲဒီမှာ နှစ်ပိုင်း
ရှိတယ်၊ တပ်မတော်အစိုးရကကျွန်တော်တို့ဆီမှာ ဒီမိုကရေစီနိုင်ငံတော်
ပေါ်ထွန်းလာဖို့၊ အုတ်မြစ်ချနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်။ ကျွန်တော့်
အပိုင်းက တိုင်းပြည်မှာ ဒီမိုကရေစီစနစ်အပြည့်အဝအောင်မြင်ဖြစ်ထွန်းရေး
အတွက်လုပ်ဆောင်ပေးဖို့ပါ။ အဲဒီလိုမျိုး အပိုင်းနှစ်ပိုင်းဖြစ်ပါတယ်။ ခင်ဗျား
နားလည်သဘောပေါက်ရဲ့လား။

မေး ။ ။ သမ္မတကြီးက ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းဟာ အင်မတန်
ကျဉ်းမြောင်းပြီး နောက်ပြန်လှည့်လို့မရနိုင်ဘူးလို့ ဖော်ပြပြောဆိုခဲ့တယ်။
ဒါပေမဲ့ တိုင်းပြည်မှာရှိတဲ့လူတိုင်းကသမ္မတကြီးရဲ့လမ်းကြောင်းအတိုင်း
လျှောက်ဖို့ဆန္ဒရှိတယ်လို့အသေအချာပြောနိုင်ပါသလား၊ ဒါမှမဟုတ် မလိုက်ဘဲ တင်းခံနေတာမျိုးရောရှိလား။

ဖြေ ။ ။ ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာနောက်ကြောင်း
ပြန်လှည့်မှာမဟုတ်ပါဘူး။ ဒီမိုကရေစီရှေ့ဆက်ဖော်ဆောင်နိုင်ဖို့ ကျွန်တော်
တို့ ရွေးချယ်ထားတဲ့လမ်းကိုနောက်ကြောင်းပြန်လှည့်အောင်လုပ်လိုတဲ့
ဦးတည်ချက်လည်းမရှိပါဘူး။ အဲဒီတော့ ကျွန်တော်တို့ဟာ ဒီမိုကရေစီ
ဖော်ဆောင်မယ့် လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ ပြောနိုင်ပါတယ်။
ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်တွေနဲ့ ကျွန်တော်တို့ရှေ့ဆက်သွားကြ
မှာပါ။ ကျွန်တော်တို့ရဲ့လမ်းကြောင်းခရီးကိုပြောင်းပြန်ဖြစ်အောင်လုပ်ဖို့
ရည်ရွယ်ချက်ကျွန်တော်တို့မှာမရှိပါဘူး။ ကျွန်တော်တို့မဖြစ်မနေရှေ့ဆက်
လျှောက်ကြရပါမယ်။

မေး ။ ။ ဒါပေမဲ့အစိုးရအဖွဲ့နဲ့စစ်တပ်ထဲမှာ နောက်ကြောင်းပြန်လှည့်
လိုစိတ်ရှိပြီး သဘောထားတင်းးမာတဲ့သူတွေရှိတယ်လို့ ပြောနေတာတွေ
ရပါတယ်။ အဲဒီတော့ " ပြုပြင်ပြောင်းလဲမှုတွေ ခြိမ်းခြောက်မှုတွေ နဲ့ ရင်ဆိုင်ကြုံတွေ့နေရလား " လို့မေးလိုပါတယ်။

ဖြေ ။ ။ ခင်ဗျားကို တစ်ခုအသေအချာပြောနိုင်တာက ကျွန်တော်တို့အစိုးရ
ထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်လိုစိတ်မရှိတဲ့သူ
တစ်ဦးတစ်ယောက်မှမရှိဘူးဆိုတာပါ။ အဲဒီလိုပြောနေတာတွေက
သံသယဝင်ရုံသက်သက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရထဲမှာ
ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို တစ်ပြိုင်နက်တည်းဆက်လက် လုပ်ဆောင်
သွားကြမယ်ဆိုတဲ့ညီညွတ်မှုရှိတယ်လို့ပြောနိုင်ပါတယ်။ တပ်မတော်
ရဲ့အခန်းကဏ္ဍကိုပြောရမယ်ဆိုရင်တပ်မတော်ဆိုတာဟာ အခြေခိုင်ပြီး
ဖြစ်တဲ့အဖွဲ့အစည်းဖြစ်ပြီး အမိန့်နာခံမှုအပြည့်ရှိတယ်ဆိုတာ ခင်ဗျားသိရှိ
ထားပြီးဖြစ်ပါလိမ့်မယ်။ တပ်မတော်ဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်
တွေကို တစ်သဝေမတိမ်းလိုက်နာရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုသမ္မတကခန့်အပ်ရတာဖြစ်ပါတယ်။ အဲဒီ
အတွက်ကြောင့် တပ်မတော်ထဲမှာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို မကြိုက်
မနှစ်သက်ဘဲ ဆန့်ကျင်မှုပြုလုပ်တာမရှိပါဘူး။ တပ်မတော်မှာနိုင်ငံတော်
အရေးကိစ္စတွေအတွက်သီးခြားအခန်းကဏ္ဍရှိထားပါတယ်။ တိုင်းပြည်
အုပ်ချုပ်ရေးမဏ္ဍိုင်ကိုတပ်မတော်ကဝင်ရောက်မစွက်ဖက်ပါဘူး။ တကယ်တမ်းပြောရလျှင် ကျွန်တော်တို့ရဲ့ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်
မှာ ကျွန်တော်တို့တိုင်းပြည်ထဲကစိန်ခေါ်မှုတွေမရှိပါဘူး။ စိန်ခေါ်မှုတွေက
ဘာလဲဆိုရင် ပြည်ပကလာတဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ၊
ဘဏ္ဍာရေးကန့်သတ်ထိန်းချုပ်မှုတွေ နဲ့ နိုင်ငံရေးဖိအားပေးမှုတွေပဲဖြစ်
ပါတယ်။ ပြည်တွင်းကလာတာမဟုတ်ပါဘူး။

မေး ။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြုပြင်
ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီးမေးမြန်းကြတဲ့အခါတုန်းက သူက မဆင်
မခြင်သဘောနဲ့အကောင်းမြင်မှုတွေကိုသတိထားဖို့ု့ပြောခဲ့ပြီးသံသယတွေ
ထားရှိဖို့တိုက်တွန်းခဲ့ပါတယ်။သူ့ရဲ့မှတ်ချက်တွေကို သမ္မတကြီးအနေနဲ့
ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂလအမြင်လို့ကျွန်တော်
ယုံကြည်ပါတယ်။ ပြည်သူလူထုအများစုက ကျွန်တော်တို့တိုင်းပြည်မှာ
ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာတာကိုတွေ့မြင်ချင်ကြတာပါ။ အဲဒါမှ လူအများစုအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေ ကျွန်တော်တို့
ဖန်တီးနိုင်ကြမှာပါ။နောက်ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပိုင်
ပုဂ္ဂိုလ်ရေးအမြင်(သဘောထား)လို့ပဲကျွန်တော်ပြောနိုင်ပါတယ်။ သူ့ရဲ့
အမြင်ကိုသူ့အနေနဲ့လွတ်လပ်စွာထုတ်ဖော်ပြောလို့ရပါတယ်။ ကျွန်တော်
တို့ကဒီလိုမျိုးမှတ်ချက်တွေကြောင့် ပဋိပက္ခလို့မရှုမြင်မိပါဘူး။ နိုင်ငံရေး
နယ်ပယ်မှာဆိုရင် မတူကွဲပြားခြားနားမှုတွေနဲ့အတူညီညွတ်မှုဆိုတာရှိပါ
တယ်။ အဲဒါကြောင့် တူညီတဲ့အမြင်သဘောထားတွေအပေါ်မှာ ကျွန်တော်
တို့ပူးပေါင်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

မေး ။ ။ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ လူမူရေးအရ မြန်မာနိုင်ငံကို
ဘယ်ဆီကို ဦးတည်ဖို့ စီစဉ်ထားပါသလဲ ။

ဖြေ ။ ။ ကျွန်တော်အစောပိုင်း မှာရှင်းပြခဲ့သလိုပါပဲ။ ကျွန်တော်တို့ဟာ
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကိုခဲရာခဲဆစ်လုပ်ကိုင်နေရရုံသာမက
ပြည်သူတွေရဲ့လူမှုစီးပွားရေးအခြေအနေမြှင့်တင်နိုင်ရေးအတွက်
အကောင်းဆုံးဖြစ်အောင်လုပ်ကိုင်နေကြရပါတယ်။ ပြည်သူတွေရဲ့
ကျန်းမာရေး၊ ပညာရေး၊အထွေထွေလူနေမှုအဆင့်အတန်းအပါအဝင်
တရားဥပဒေစိုးမိုးရေးလည်းပါဝင်ပါတယ်။ အဲဒီတော့ကျွန်တော်တို့ဟာ
နိုင်ငံရေးနယ်ပယ်အတွက်ရော လူမှုစီးပွားရေးနယ်ပယ်အတွက်ပါပြိုင်တူ
ကြိုးပမ်းလုပ်ဆောင်နေကြရတာပါ။ နှစ်ခုစလုံးဟာလည်းအနီးကပ်
ဆက်နွှယ်နေကြပါတယ်။နိုင်ငံရေးတည်ငြိမ်မှုမရှိရင် စီးပွားရေးဖွံ့ဖြိုးမှုကို
မရရှိနိုင်ပါဘူး။စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံရေးတည်ငြိမ်မှု
ရှိဖို့ ကျွန်တော်တို့လိုအပ်ပါတယ်။ အဲဒါကြောင့်အဲဒီအရေးကိစ္စကြီးနှစ်ခု
ကို ကျွန်တော်တို့ကတစ်ပြိုင်နက်တည်း ခဲရာခဲဆစ်ကြိုးပမ်းလုပ်ဆောင်
နေကြရပါတယ်။

မေး ။ ။ ၁၀ နှစ်ဆိုတဲ့အချိန်အတိုင်းအတာ ယူမယ်ဆိုရင် မြန်မာနိုင်ငံဟာ
၁၀နှစ်အတွင်း ဘယ်လိုဖြစ်လာမလဲလို့ သမ္မတကြီး ထင်ပါသလဲ ။
ထိုင်းနိုင်ငံလိုလား ။ အင်ဒိုနီးရှားနိုင်ငံလိုလား ။ အနောက်ဒီမိုကရေစီ
နိုင်ငံလိုလား ။

ဖြေ။ ။ဒီကိစ္စဟာ ဖြစ်ရပ်တွေနဲ့ အခြေအနေအရပ်ရပ်ပေါ်မှာမူတည်ပါ
လိမ့်မယ်။ ဥပမာ-တကယ်လို့နိုင်ငံရေးဘက်မှာအစစအရာရာကောင်းစွာ
လုပ်ကိုင်နိုင်တယ်၊ နိုင်ငံရေးတည်ငြိမ်မှုရှိတယ်၊ အနောက်နိုင်ငံတွေက
ပိတ်ဆို့အရေးယူမှုတွေရော နိုင်ငံရေးဖိအားပေးမှုတွေပါ ဖယ်ရှားပေးတယ်
ဆိုလျှင် ကျွန်တော်တို့တိုင်းပြည်မှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ကြွယ်ဝ
ချမ်းသာမှုတွေရရှိလာမယ်လို့ကျွန်တော်ထင်ပါတယ်။ အခုအချိန်မှာတော့
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံဖောင်ဒေးရှင်းတွေရှိလာဖို့
အလားအလာတွေရထားပြီလို့ကျွန်တော်မြင်မိပါတယ် ။

မေး ။ ။ ရိုဟင်ဂျာအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေ အတူတကွ
ငြိမ်းချမ်းစွာနေထိုင်ကြမယ့် ဖယ်ဒရယ်နိုင်ငံမျိုး ဖြစ်မှာလား။

ဖြေ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်တော်တို့တိုင်းပြည်ဟာ
တိုင်းရင်းသားလူမျိုးစုတွေ နယ်နိမိတ်တစ်ခုတည်းမှာအတူတကွ ပါဝင်
နေထိုင်ကြတဲ့ပြည်ထောင်စုတစ်ခုပါ။ အခြေခံဥပဒေအရ ကျွန်တော်တို့
ဆီမှာပြည်နယ်ကြီးခုနစ်ခုရှိပါတယ်။ ကျွန်တော်တို့မှာ ပြည်ထောင်စုအဆင့်
အစိုးရရှိသလိုပြည်နယ် အဆင့်အစိုးရတွေလည်း ရှိပါတယ်။ သူတို့အနေနဲ့
အုပ်ချုပ်ရေးအာဏာကို လွတ်လပ်စွာလုပ်ကိုင်နိုင်ပါတယ်။

မေး ။ ။ လက်ရှိ မြန်မာ့နိုင်ငံရေးစနစ်ဟာ စစ်တပ်ရဲ့လွှမ်းမိုးမှုကို အများကြီး
ခံနေရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုစစ်တပ်
အတွက်ပေးထားပြီးး စစ်တပ်ရဲ့အခန်းကဏ္ဍကြီးမားအောင် အခြေခံဥပဒေ
က အသားပေးထားပါတယ်။ အဲဒီကိစ္စဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်လို
ဖြစ်မနေဘူးလားခင်ဗျာ။ ရေရှည်မှာ စစ်တပ်အနေနဲ့ ဘားတိုက်ကို
ပြန်သင့်တယ်လို့ သမ္မတကြီး ထင်မြင်မိပါသလား။

ဖြေ ။ ။ ကျွန်တော်တို့နိုင်ငံမှာတပ်မတော်ရဲ့အခန်းကဏ္ဍဟာ အခြားနိုင်ငံ
တွေလိုမဟုတ်ဘဲ တစ်မူထူးခြားပါတယ်။ တပ်မတော်ဟာ ကျွန်တော်တို့
ရဲ့အမျိုးသားနိုင်ငံရေးကိုဦးဆောင်လုပ်ကိုင်တဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့
တာပါ။အဲဒီတော့ နိုင်ငံရေးနယ်ပယ်မှာ တပ်မတော်ကို ချန်ထားခဲ့လို့မရ
ပါဘူး။ တပ်မတော်ဟာ ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှု တည်တံ့ခိုင်မြဲရေးအတွက်
အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဥပမာပြောရလျှင်
အင်ဒိုနီးရှားနဲ့တောင်ကိုရီးယားလိုနိုင်ငံတွေရဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာ
သူတို့ရဲ့တပ်မတော်ကဦးဆောင်မှုပြုတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တာကို
တွေ့ရပါလိမ့်မယ်။ အချို့သောအနောက်နိုင်ငံတွေမှာတောင် ပါလီမန်
လွှတ်တော်မှာ ရွေးကောက်တင်မြှောက်မှုမပြုဘဲနေရာရရှိတဲ့ ကိုယ်စားလှယ်တွေရှိပါတယ်။ ကျွန်တော်တို့နိုင်ငံဟာအခြားနိုင်ငံတွေနဲ့
မတူဘဲတစ်မူထူးခြားတဲ့အခြေအနေရှိတာကြောင့် တပ်မတော်ဟာ
တိုင်းပြည်ရဲ့နိုင်ငံရေးမှာ မဖြစ်မနေပါဝင်သင့်ပါတယ်။ ကျွန်တော်တို့
အတွက်ကတော့ ကျွန်တော်တို့ရဲ့ဦးတည်ချက်နဲ့ရည်မှန်းချက်တွေ
အကောင်အထည်ဖော်နိုင်ဖို့ တပ်မတော်နဲ့ မဖြစ်မနေ ပူးပေါင်းလက်တွဲ
သွားရမှာဖြစ်ပါတယ်။အဲဒါမှ ကျွန်တော်တို့ရဲ့ပန်းတိုင်ကိုရောက်ရှိနိုင်မှာ
ဖြစ်ပါတယ်။

မေး ။ ။ သမ္မတကြီးက အင်ဒိုနီးရှားကို ဥပမာပေးဖော်ပြပြောဆိုခဲ့တယ်။
ဒါပေမဲ့ အခု အင်ဒိုနီးရှားမှာ စစ်တပ်က နိုင်ငံရေးအခန်းကဏ္ဍမှာ ဆက်လက်ပါဝင်ပတ်သက်မှုမရှိတော့ပါဘူး။ အဲဒီလို ဥပမာပုံစံမျိုး
သမ္မတကြီးအနေနဲ့လိုက်လုပ်မှာလား။

ဖြေ ။ ။ အင်ဒိုနီးရှားနဲ့တောင်ကိုရီးယားတို့ သူတို့နိုင်ငံတည်ဆောက်ရေး
လုပ်ကြတဲ့အခါမှာသူတို့လေးစားရတဲ့ တပ်မတော်ကသိသာထင်ရှားတဲ့
အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်
လည်း ပေါ်ထွန်းလာချိန်မှာ တပ်မတော်က သူ့ရဲ့အခန်းကဏ္ဍကို
တဖြည်းဖြည်းချင်းလျှော့ချသွားတယ်။ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလို
အလားတူပါပဲ။ ကျွန်တော်တို့ရှေ့ဆက်လျှောက်သွားပြီး တိုင်းပြည်မှာ
စစ်မှန်တဲ့ဒီမိုကရေစီရှိလာတာနဲ့အမျှ အဲဒီနှစ်နိုင်ငံလိုအခြေအနေမျိုးတွေ
ရရှိလာမှာပါ။ကျွန်တော်နောက်ထပ် တွေ့ဆုံရမယ့်ကိစ္စတွေရှိနေသေးတယ်။
အဲဒီတော့ နောက်ဆုံးမေးခွန်းတစ်ခုကိုဖြေပေးပါ့မယ်။

မေး ။ ။ သမ္မတကြီးကဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကိုလာဖို့
ဖိတ်ခေါ်ပြီး မကြုံစဖူး ထူးခြားတဲ့ အဆင့်တစ်ခုကိုရအောင်လုပ်ကိုင်ပေး
ခဲ့တယ်။ ဘာကြောင့်အဲဒီလိုလုပ်တာပါလဲ။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစြုကည်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသား
ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးတစ်ယောက်ပါ။ အဲဒီတော့
သူ့ကိုမြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့အပြင်မှာချန်ထားခဲ့လို့ မရနိုင်ပါဘူး။
အတိတ်ကာလမှာတုန်းကသူဟာ တပ်မတော်အစိုးရအပေါ်ဆန့်ကျင်တဲ့
အမြင်ရှိခဲ့တယ်။ ဒါပေမဲ့နိုင်ငံတော်တာဝန်ကိုကျွန်တော်ရယူလိုက်တဲ့အချိန်
မှာ ကျွန်တော်တို့မျက်နှာချင်းဆိုင်တွေ့ဆြုံပီး ဒိုင်ယာလောခ့်လုပ်ခဲ့ကြတယ်
ကျွန်တော်ပြောခဲ့သလိုပါပဲ။ မတူကွဲပြားခြားနားမှုတွေထဲမှာ ညီညွတ်မှု
ဆိုတာရှိတယ်။ အဲဒီတော့ နိုင်ငံနဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်
"ဘုံ" တူညီမှုရှိတဲ့အနေအထားကိုရောက်အောင်ကြိုးစားခဲ့ကြတယ်။
မတူတာတွေဘေးဖယ်ပြီးတူညီတဲ့အမြင်သဘောထားတွေနဲ့ပူးပေါင်း
ဆောင်ရွက်ဖို့လုပ်ခဲ့ကြပါတယ်။

မေး ။ ။ ဥရောပဒေသကပြည်သူတွေက လာမယ့် ၂၀၁၅ သမ္မတရွေး
ကောက်တင်မြှောက် ပွဲမှာဒေါ်အောင်ဆန်းစြုကည်ဝင်ရောက်ယှဉ်ပြိုင်
နိုင်မလား ဆိုတဲ့အချက်ကို မေးခွန်းတုတ်ကြပါတယ်။ ဒါမှ မဟုတ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ကဝင်ရောက်ယှဉ်ပြိုင်လို့ မရအောင် တားမြစ်
မလားပေါ့ ခင်ဗျာ ။

ဖြေ ။ ။ ဒီမေးခွန်းက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့မပတ်သက်ပါဘူး။ ဥပဒေပြုရေး
မဏ္ဍိုင်နဲ့ပိုပြီးပတ်သက်တာပါ။တကယ်လို့ အများသဘောတူညီမှုရှိတယ်
ဆိုလျှင် အခြေခံဥပဒေကိုပြင်ဆင်လို့ရပါတယ်။ အဲဒီတော့ ဒီကိစ္စဟာ
ပါလီမန်လွှတ်တော်အပေါ်မှာပဲမူတည်ပါတယ်။ ကျွန်တော်လည်းခင်ဗျားကို
မေးခွန်းတစ်ခုမေးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့
့နိုင်ငံရဲ့သမ္မတကြီးအဖြစ် ခင်ဗျားမြင်တွေ့လိုပါသလား။

ဖြေ ။ ။ ဩော.် . ဒါကမြန်မာပြည်သူတွေအပေါ်မှာမူတည်လိမ့်မယ်လို့
ထင်ပါတယ်။ ကျွန်တော်ကနိုင်ငံခြားသားတစ်ယောက်ပါ။ ဒါပေမဲ့ အခု
ဥရောပမှာ ဒေါ်အောင်ဆန်းစုကြည်ကို အထူးအရေးကြီးပုဂ္ဂိုလ်တစ်ဦး
အနေနဲ့ ချီးမြှောက်ဂုဏ်ပြုကြတာတွေကို ကျွန်တော် တွေ့မြင်ရပါတယ်။
နိုင်ငံတော်အကြီးအကဲတစ်ဦးကဲ့သို့သဘောထားပြီး ဂုဏ်ပြုကြတာပါ။
သူက ဝက်မင်စတာမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က
ကိုယ်စားလှယ်တော်ကြီးတွေရှေ့မှာမိန့်ခွန်းပြောတယ်။ သူ့ကို အခုလိုမျိုး
ဆက်ဆံမှုတွေလုပ်ကြတာကိုသမ္မတကြီးအနေနဲ့ ဘယ်လိုမြင်မိပါသလဲ။

ဖြေ ။ ။ ဥရောပခရီးစဉ်အတွင်းဒေါ်အောင်ဆန်းစုကြည်ကို အထူးအရေးကြီး
ပုဂ္ဂိုလ်တစ်ဦးလို မျိုးဆက်ဆံကြတာကိုမြင်ရတာ ကျွန်တော် တကယ့်ကို
ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ဒါပေမဲ့ သူသမ္မတဖြစ်မလား၊မဖြစ်ဘူး
လားဆိုတဲ့မေးခွန်းအတွက်ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာပဲမူတည်
ပါတယ်။ နောက်မေးခွန်းတစ်ခွန်းက ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်
မယ်လို့ထင်တယ်။ ဟုတ်လား။ ကျွန်တော်တို့နိုင်ငံအပေါ်ပိတ်ဆို့အရေးယူ
မှုတွေဟာကောင်းလား၊ မကောင်းဘူးလားဆိုတာကို ခင်ဗျားအနေနဲ့
ဖြေကြားပေးသင့်တယ်လို့ထင်တယ်။ ဒီမေးခွန်းကိုခင်ဗျားဖြေကြည့်
သင့်တယ်။(ရယ်လျက်)

မေး ။ ။ အနောက်နိုင်ငံတွေကသမ္မတကြီးရဲ့ပြုပြင်ပြောင်းလဲမှုတွေကို
အားတက်သရောတုံုံ့ပြန်ခဲ့တယ်လို့ထင်ပါသလား၊ ဒါမှမဟုတ် အနောက်
အနေနဲ့ ယခုထက်ပိုပြီး လုပ်ပေးသင့်တယ်လို့ ထင်လား။

ဖြေ ။ ။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့
နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးရရှိအောင်ထိန်းသိမ်းသွားရေးပဲ
ဖြစ်ပါတယ်။ ကမ္ဘာ့မိသားစုကြီးထဲကအဖွဲ့ဝင်တစ်နိုင်ငံဖြစ်နေတဲ့အတွက်
ပိတ်ဆို့အရေးယူမှုတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ခက်ခဲ
နှောင့်နှေးစေပြီး ပြည်သူတွေကိုလည်းထိခိုက်နစ်နာစေတယ်လို့ရှုမြင်
ပါတယ်။လက်ရှိမှာ အနောက်နိုင်ငံတွေကကန့်သတ်ပိတ်ဆို့မှုထဲက အချို့ကို
ဆိုင်းငံ့ပေးတာ၊ လျှော့ချပေးတာတွေ စတင် လုပ်ဆောင်လာပြီဖြစ်ပေမယ့်
လည်းကျွန်တော်တို့ရဲ့ဆန္ဒက ပြည်သူတွေအကျိုးအမြတ်ရှိအောင်၊ အများ
ကြီးလုပ်ဆောင်ပေးနိုင်အောင် လုံးလုံးလျားလျားဖယ်ရှားပေးတာမျိုးပါ။

နောက်ဆုံးမေးခွန်းပါ ။ ။တကယ် ကြီးရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်
ကို ၁၀ဝ ရာခိုင်နှုန်း ဆိုတဲ့ရည်မှန်းချက်ထားရှိထားတယ်ဆိုလို့ရှိလျှင် ယခုအချိန်မှာ ဘယ်လောက်ပြီးမြောက်နေပါပြီလဲ။ ၅ ရာခိုင်နှုန်းလား၊
၁၀ ရာခိုငိင်န်နှုနှုန်းးလား၊ ၂၀ လား။

ဖြေ ။ ။ ဒါဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ရဲ့ တကယ့်ကို ပထမအဆင့်ပဲ
ရှိသေးတယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။




ဘကြီးသက်
Unknown at 2:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပညာရေး ကျန်းမာရေး ပြုပြင်ဖို့ လွှတ်တော်မှာ ဒေါ်စု အဆိုတင်ပြနိုင်ဖွယ်ရှိ


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကျင်းပ နေတဲ့ စတုတ္ထအကြိမ် လွှတ်တော် ပုံမှန် အစည်အဝေးမှာ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆိုတွေကို တင်ပြသွားနိုင်ဖွယ် ရှိနေပါတယ်။ မနက်ဖြန် ကျင်းပမယ့် လွှတ်တော်အစည်အဝေးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ၀င်ရောက် ဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန် အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က သတင်း ပေးပို့ထားပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကျင်းပနေတဲ့ စတုတ္ထအကြိမ် လွှတ်တော် အစည်အဝေးမှာ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆိုတွေကို တင်ပြကောင်း တင်ပြနိုင်တယ်လို့ သူမရဲ့ လွှတ်တော် ကိုယ်ရေးအရာရှိ ဦးဇေယျာသော်က ပြောပါတယ်။
သူမအနေနဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆိုတွေကို တင်ပြသွားဖို့ ရှိပေမဲ့ လက်ရှိ လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်မှာ အဆိုနဲ့ မေးခွန်းပေါင်း ၄၀၀ ကျော် ရှိနေတာကြောင့် ဆွေးနွေးမေးမြန်းမှုတွေ ဘယ်တော့ ဖြစ်မယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဦးဇေယျာသော်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။
“ကျနော်တို့  အဆိုတွေ၊ မေးခွန်းတွေကိုတော့ တင်ဖို့ အစီအစဉ် ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး၊ ကျန်းမာရေး ကိစ္စတွေ ဆိုတဲ့နေရာမှာ အင်မတန်မှ စိတ်ဝင်စားတယ် ဆိုတာ အားလုံးပဲ သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ အခု လောလောဆယ် အခြေအနေမှာတော့ ပြင်ဆင်ဆဲ အခြေအနေလို့ပဲ ပြောလို့ရပါသေးတယ်။”
လွှတ်တော်အတွင်း ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေဟာ တပတ်တကြိမ် တနင်္လာနေ့တိုင်း နေပြည်တော်မှာ အစည်းအဝေး လုပ်ပြီး တပတ်အတွင်း လွှတ်တော်တွင်း ပြော ဆိုဖို့တွေကို ပြင်ဆင်တယ်လို့ ဦးဇေယျာသော်က ပြောပါတယ်။
“အမေစု အနေနဲ့ သီးသန့် သီးခြား ပြင်ထားတဲ့ အစီအစဉ်မျိုးတွေ မရှိပါဘူးခင်ဗျ။ ကျနော်တို့တွေက လွှတ်တော်ကိုယ်စားလှယ် အားလုံး တနင်္လာနေ့တိုင်း အစည်းအဝေး ထိုင်ပါတယ်။ တပတ် တပတ် အတွင်းမှာ ဘာတွေ လုပ်နိုင်ကြမလဲ ဆိုတာကို အစည်းအဝေး ထိုင်ကြပါတယ်။ အဲဒီတော့ မနက်ဖြန်ကျမှ တနင်္လာနေ့ ကျရင်တော့ မနက်ဖြန်ည အစည်းအဝေး ထိုင်ပြီးတော့မှ တပတ်စာကို ကျနော်တို့က ဆုံးဖြတ်ကြမှာပါခင်ဗျ။”
မနက်ဖြန် ပြန်လည် ကျင်းပမယ့် လွှတ်တော်အစည်အဝေးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ၂ ဦး ၀င်ရောက် ဆွေးနွေးဖို့ရှိတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပြပါတယ်။
“လွှတ်တော် အစည်းအဝေး အစီအစဉ်ကို သောကြာနေ့က နည်းနည်း ကြိုပြီးတော့ပေါ့၊ အဲဒါက tentative ပေါ့ သူတို့ ပေးထားတယ်။ အဲဒီအထဲမှာ ကျနော်တို့ဆီက ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ အကြောင်းအရာ တခု နှစ်ခုလောက် ပါတယ်။ အဲဒီကိစ္စတွေ အတွက် ကျနော်တို့ဆီက ဆွေးနွေးဖို့ စာရင်းတင်ထားတဲ့ ပုဂ္ဂိုလ်များက လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ အဲဒါတွေက လွှတ်တော်စည်းကမ်းအရ ကြိုသိသွားအောင် ပြောလို့မရပါဘူး။ ဒါကြောင့်မိုလို့ ဆွေးနွေးဖို့ကတော့ ကျနော်တို့တွေလည်း ပြင်ဆင်နေကြတယ် ဆိုတဲ့အကြောင်း၊ အဲဒီလောက်ပဲ ပြောနိုင်ပါတယ်။”
သောကြာနေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတော့ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ကွမ်းဟိန်း မဲ ဆန္ဒနယ်က ဒေါ်နန်းဝါနု ရဲ့ အဆိုတခု တင်ပြခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ လွှတ်တော်က ဘာတွေဆက်လက် လုပ်ဆောင်မလဲ ဆိုတာကို စောင့်ကြည့်ရမယ်လို့ NLD ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
 VOA
ဘကြီးသက်
Unknown at 1:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အကျင့်ပျက် တရားစီရင်ရေးစနစ်




လွန်ခဲ့တဲ့ နှစ်လအတွင်း ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီကို ရောက်လာတဲ့တိုင်စာတွေ ထောင်နဲ့ချီရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ဒီအထဲမှာ ဥပဒေရေးရာကော်မတီကို ပေးပို့တဲ့တိုင်စာ တထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။
မမှန်ကန်တဲ့ တရားစီရင်မှုတွေကို စစ်ဆေးဖို့အတွက် လွန်ခဲ့တဲ့ စက်တင်ဘာလမှာ ကန်ပက်လက် မဲဆန္ဒနယ်က သူရဦးအောင်ကို ဥက္ကဌလုပ်တဲ့ တရားစီရင်ရေးနဲ့ ဥပဒေရေးဆိုင်ရာကော်မတီကို ဖွဲ့စည်းပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ အောက်ပိုင်းက တရားရုံးတွေဟာ အဟန့်အတားလို ဖြစ်နေတယ်လို့ သူရဦးအောင်ကို က ပြောင်းပါတယ်။ ခိုင်းသလိုလုပ်တဲ့ တရားသူကြီးတွေပဲလို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဦးအောင်ငြိမ်း ဥက္ကဋ္ဌလုပ်တဲ့ ပြည်သူတိုင်ကြားစာနဲ့ အသနားခံစာဆိုင်ရာ ကော်မတီကို ၂၀၁၁ သြဂုတ်လမှာ ဖွဲ့စည်းပါတယ်။
ဒီကော်မတီတွေမှာ လုပ်နိုင်စွမ်း ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပါဘူး။ တရားရေးဌာနကို ပြုပြင်ဖို့ အရေးတကြီး လိုအပ်နေတာကို အတိုက်အခံဘက်ကရော အစိုးရဘက်ကပါ ထောက်ပြနေကြပါတယ်။ အဂတိလိုက်စားပြီး မတရားလုပ်တဲ့အမှုတွေများလွန်တဲ့အတွက် အခုလို ဥပဒေပြုလွှတ်တော်ကို တိုင်စာတွေ ပေးပို့နေကြတာ ဖြစ်ပါတယ်။

အနှစ် (၄၀) ကျော် အကျင့်ပျက်ခဲ့တဲ့ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးဟာ အချိန်ကြာနိုင်ပါတယ်။ စစ်ကောင်စီက ၁၉၇၂ သြဂုတ်လမှာ ပြည်သူ့တရားရုံးစနစ် တည်ထောင်ချိန်ကစပြီး မြန်မာ့တရားစီရင်ရေးစနစ် ယိုယွင်းပျက်စီးတယ်လို့ ပြောနိုင်ပါတယ်။ ဥပဒေနားမလည်တဲ့ မဆလပါတီဝင်တို့ကို တရားသူကြီးလုပ်ခိုင်းပြီး စီရင်ဆုံးဖြတ်ခိုင်းတဲ့ ကျင့်စဉ်ဖြစ်ပါတယ်။

တကယ့် တရားသူကြီးဟာ အကြံပေးအဆင့်ကို ရောက်သွားပါတယ်။ အဲဒီအချိန်ကစပြီး တရားရုံးတွေဟာ ပါတီကောင်စီလက်အောက်ခံလို ဖြစ်လာတဲ့အတွက် လွတ်လပ်စွာစီရင်ဆုံးဖြတ်ခွင့် မရှိတော့ပါဘူး။ ၁၉၇၄ အခြေခံဥပဒေအရဖွဲ့တဲ့ ပြည်သူ့တရားသူကြီးကောင်စီမှာ ကောင်စီဝင် (၅) ဦးရှိတဲ့အနက် တဦးကသာ ဥပဒေပညာရှင် ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အောက်မှာ တရားစီရင်ရေးစနစ်ဟာ ဖိနှိပ်ရေးယန္တရား ဖြစ်လာပါတော့တယ်။

လွတ်လပ်ရေးရပြီးစ လက်နက်ကိုင်ပုန်ကန်မှု ဖြစ်ပွားနေချိန်မှာ “လူသတ်သမား သခင်နုရဲ့  ဖက်ဆစ်အစိုးရ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကွန်မြူနစ်ပါတီက ဖြန့်ဝေတာကို နိုင်ငံတော်လုံခြုံရေးဥပဒေအရ ဖမ်းဆီးပိုင်ခွင့် မရှိဘူးလို့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တာကို တရားဌာန လွတ်လပ်မှုအဖြစ် ဥပဒေပညာရှင်တွေ ကိုးကားကြပါတယ်။

မျက်မှောက်ခေတ်မှာ ဗမာအစိုးရကို ဝေဖန်လို့ ထောင်အနှစ် (၆၀) ချလိုက်တဲ့ စီရင်ချက်ကိုတော့ တရားဥပဒေဆိုင်ရာဟာသအဖြစ် သတ်မှတ်ကြပါတယ်။ ပြစ်မှုမကျူးလွန်သူကို သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်မှု၊ နှိပ်စက်ညှဉ်းပမ်းပြီးရယူထားတဲ့ ဖြောင့်ချက်ကိုလက်ခံမှုစတဲ့ စီရင်ထုံးမျိုးကြောင့် တရားစီရင်ရေးဌာနဟာ အလွန်နာမည်ပျက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်၊ ရှေ့ နေ နဲ့ တရားသူကြီး စီးဝါးရိုက်၊ အကြံအဖန်လုပ်ပြီး ငွေရှာတာဟာ တရားရုံးရဲ့  လုပ်နေကျအလုပ် ဖြစ်ပါတယ်။

တရားစီရင်ရေးကဏ္ဍ သန့်ရှင်းရေးအတွက် လာဘ်ပေးလာဘ်ယူမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ ကြိုတင်ကာကွယ်မှုနဲ့ အရေးယူမှုဆိုပြီး အပိုင်းနှစ်ပိုင်းခွဲ ဆောင်ရွက်နေတယ်လို့ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ၂၀၁၁ စက်တင်ဘာလ (၂၃) ရက်နေ့က အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။ ဖြောင့်မတ်မှန်ကန်စွာ လုပ်ကိုင်နိုင်ဖို့ အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲမှာဖြစ်ပြီး တာဝန်မဲ့မှု၊ အဂတိလိုက်စားမှု နဲ့ အကျင့်ပျက်မှုတွေကို တွေ့ရှိရင် ကျူးလွန်သူကိုသာမကပဲ အနီးကပ်ကြီးကြပ်သူတွေကိုပါ အရေးယူမယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့  အကြီးအကဲ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို သမ္မတက ခန့်တာကြောင့် တရားစီရင်ရေးဌာနဟာ အုပ်ချုပ်ရေးဌာနလက်အောက်ခံလို ဖြစ်နေတယ်လို့ သုံးသပ်တာမျိုးလည်း ရှိပါတယ်။
အဂတိလိုက်စားတဲ့ အစိုးရဝန်ထမ်းရဲ့  ဘေးရန်က ပြည်သူလူထုကို ကာကွယ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၄၈ မှာ အဂတိလိုက်စားမှု နှိမ်နှင်းရေး အက်ဥပဒေကို ပြဌာန်းပါတယ်။

ပြစ်မှုကျူးလွန်တဲ့ ဝန်ထမ်းကို ထောင် (၇) နှစ်အထိချပြီး သူရယူထားတဲ့ ဓနဥစ္စာကို နိုင်ငံပိုင် ပြုလုပ်နိုင်ပါတယ်။ အစိုးရဝန်ထမ်းတွေ ကျူးလွန်တဲ့ပြစ်မှုကို ရာဇသတ်ကြီးအရ စစ်ဆေးဖို့အတွက် အထူးတရားသူကြီးကို သမ္မတက ခန့်အပ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်မှုထမ်းကျူးလွန်တဲ့ပြစ်မှုကို လွှတ်တော်မှာ ဆွေးနွေးတာမျိုး မကြားရသေးပါ။


တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို သမ္မတ (သို့မဟုတ်) လွှတ်တော်ကိုယ်စားလှယ်တွေက စွပ်စွဲပြစ်တင်နိုင်တယ်လို့ ၂၀၀၈ အခြေခံဥပဒေက ဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက လက်ခံရင် စွပ်စွဲပြစ်တင်ခံရတဲ့ တရားသူကြီးကို ဖြုတ်ပစ်နိုင်ပါတယ်။


တိုင်းဒေသကြီးနဲ့ ပြည်နယ်က တရားသူကြီးတွေကို စွပ်စွဲပြစ်တင်အရေးယူမယ်ဆိုရင်လည်း လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံဖို့ လိုပါတယ်။ တိုင်းနဲ့ပြည်နယ် တရားရုံးတွေအောက်မှာ ခရိုင်နဲ့မြို့ နယ် တရားရုံးတွေ ရှိပါတယ်။ တရားလက်လွတ် စီရင်ချက်ချတယ်လို့ စွပ်စွဲထားတဲ့အမှုတွေ ထောင်နဲ့ချီပြီး ပြည်ထောင်စုလွှတ်တော်ကို ရောက်နေပြီဖြစ်လို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး အရေးယူမယ်ဆိုတာ စောင့်ကြည့်ဖို့သာ ရှိပါတော့တယ်။

ဦးအောင်ခင် & မညိုညိုလွင်
VOA
http://www.voanews.com/burmese/news/news-analysis/news_analysis_07-14-2012-162474846.html

ဘကြီးသက်
Unknown at 10:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် ဗုဒ္ဓဘာသာ ကူးပြောင်း (ရုပ်/သံ)

ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က စပြီး အစ္စလာမ်ဘာသာ
ကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ကြောင်း သူရဲ့ အင်တာဗျူး ရုပ်/သံ တခုမှာ
 ပြောဆိုထားပါတယ်။ အင်တာဗျူး ရုပ်/သံ မှာ ဘာကြောင့် ဘာသာကူးပြောင်းခဲ့
တယ်ဆိုတာကို  အင်တာဗျူး ရုပ်/သံ မှာ ရဲတိုက် ရဲ့ ပြောဆိုချက်တွေကို ဆက်လက်ကြည့်ရှုနားထောင်နိုင်ပါတယ်။ 

ဘကြီးသက်
Unknown at 10:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြိုတင်ကြံစည် ခြုံခိုတိုက်ခိုက်လိုက်တဲ့ လွှတ်တော်ထဲကအဖြစ်အပျက်

မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး ချွတ်ခြုံကျမှုဟာ ဆန်ရှင်ကြောင့်လို့ ဘယ်လိုများလေ့လာ သုံးသပ်လိုက်ပါလိမ့် ကျားဖြူ အမတ်ကြီး ဒေါ်နန်းဝါနု?

သောကြာနေ့ လွှတ်တော်မှာ ကျားဖြူပါတီက ဒေါ်နန်းဝါနု က လွတ်တော် အစီအစဉ်ထဲ ဆွေးနွေးဘို့ ပါဝင်ထားခြင်း မရှိပဲ ရုတ်တရက် အရေးကြီး တင်ပြစရာရှိလို့ပါ ဆိုပြီးပါလာတဲ့ စာရွက်ကို ထုတ်ပြီး စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးအကြောင်းကို ဆွေးနွေးသွားတာပါ။ လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း ဒါ အရေးကြီးတယ် ဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။

ယုဇန ဦးဌေးမြင့်ကလည်း အသင့်ပါလာတဲ့ စာရွက်တွေ ထုတ်ပြီး ထောက်ခံဆွေးနွေးပါတယ်။ ရခိုင်ဘက်က လွှတ်တော်အမတ်ကလည်း ပါလာတဲ့ စာရွက်ထုတ်ပြီး ထောက်ခံ ဆွေးနွေးပါတယ်။ NLD အမတ် ဦးဝင်းထိန်က ထဆွေးနွေးမယ်လုပ်ပြီး မိုက်ကရိုဖုန်း ခလုပ်နိုပ်တာ မီးလင်း မလာခဲ့ပါဘူး။ နောက်က ခုံတွေမှာ သွားလင်းနေတယ် ပြောပါတယ်။ တော်တော်ကြာမှ ဖွင့်ပေးလိုက်၊ ဖွင့်ပေးလိုက် ဆိုပြီး စပီကာက အသံတွေကြားနေရကြောင်း ဦးဝင်းထိန်နဲ့ VOA ဆွေးနွေးခန်းမှာ ဦးဝင်းထိန်က ပြောပါတယ်။

မိုက်ကရိုဖုန်းတွေက အော်တိုမဟုတ်ပဲ စက်ခန်းက လိုသလို ထိန်းချုပ်နေပုံရပါတယ် လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။ ဦးဝင်းထိန် ၀င်ရောက်ဆွေးနွေးခွင့် မရခဲ့ပါဘူး။ NLD ကနှစ်ယောက် ထ ဆွေးနွေးပြီးနောက် အချိန်မရှိတော့ပါဘူး။ အတင်းကြီး အသံနဲ့ မဲခွဲအတည်ပြု လိုက်ပါတယ်။

ရုတ်တရက်ကြီး အခုလိုဆွေးနွေးလိုက်လို့ NLD က လက်တန်းတွေ ထပြောရတော့တာပါ။ စစ်စကားနဲ့ပြောရရင်တော့ ခြုံခိုတိုက်လိုက်တာပေါ့လေ။
DD85 (MMCP)

ဒီအဆိုဟာ နဂိုမူလက အစည်းအဝေးအစီအစဉ်မှာ မပါဘဲ ကြားဖြတ် တင်သွင်းတဲ့အဆိုဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကနေ ဥက္ကဋ္ဌ လုပ်ပိုင်ခွင့် သုံးပြီး အဲဒီအဆိုကို အတည်ပြုလိုက်တာလို့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တက်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

“နားထောင်နေရင်းနဲ့ ပုံစံက မကျဘူး။ ပြောမယ်ဆိုတော့လည်း ပြောလို့မရဘူး။ ကျနော်ပြောချင်တာက မြန်မာနိုင်ငံမှာ စီးပွားရေးပိတ်ဆို့တဲ့ အဓိက အကြောင်းအရင်းက လူ့အခွင့်အရေးတွေ ချိုးဖောက်လို့ စီးပွားရေးပိတ်ဆို့တာ။ အဲဒီအကြောင်းကို မသိဘဲနဲ့။ အဲဒီအကြောင်းတွေကို ကောင်းကောင်း သိချင်ရင် ကောင်းကောင်း လေ့လာဖို့ လိုတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ဘယ်လောက်ချိုးဖောက်တာတွေကြောင့် စီးပွားရေးပိတ်ဆို့တာ။

“အခု ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရက မီဒီယာတွေကိုလည်း အထိုက်အလျောက် လွတ်လပ်ခွင့်ပေးတယ်။ ကျနော်တို့ကိုလည်း ရွေးကောက်ပွဲ ဝင်လို့ရအောင်အထိ ညှိပေးတယ်။ စီးပွားရေးပိုင်းမှာလည်း မော်တော်ကားကိစ္စတွေ အထိုက်အလျောက် လုပ်ပေးတယ်။ နိုင်ငံတကာကလည်း သူတို့ရဲ့ စီးပွားရေး ပိတ်ဆို့တာတွေကို လျော့ပေးတယ်။ ဦးသိန်းစိန်အစိုးရဘက်က အထိုက်အလျောက် လျော့ပေးလို့ စီးပွားရေးပိတ်ဆို့တာတွေလည်း လျော့ပေါ့လာတာ။ ပိုပြီးတော့ လျော့ပေါ့ပေးချင်ရင် ပိုပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို လုပ်ရမယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကို တောင်းဆိုမယ့်အစား ဒီနိုင်ငံမှာ ဦးသိန်းစိန်အစိုးရကနေ လူ့အခွင့်အရေးကို ပိုပြီး ပွင့်ပွင့်လင်းလင်း လုပ်ပေးပါဆိုတဲ့ အဆိုကို တင်ချင်တာ မတင်လိုက်ရဘူး။ အဲဒါပါပဲ။”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ..(DVB)

ဘကြီးသက်
Unknown at 9:42 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.