Monday, July 16, 2012

ကြိုတင်ကြံစည် ခြုံခိုတိုက်ခိုက်လိုက်တဲ့ လွှတ်တော်ထဲကအဖြစ်အပျက်

မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး ချွတ်ခြုံကျမှုဟာ ဆန်ရှင်ကြောင့်လို့ ဘယ်လိုများလေ့လာ သုံးသပ်လိုက်ပါလိမ့် ကျားဖြူ အမတ်ကြီး ဒေါ်နန်းဝါနု?

သောကြာနေ့ လွှတ်တော်မှာ ကျားဖြူပါတီက ဒေါ်နန်းဝါနု က လွတ်တော် အစီအစဉ်ထဲ ဆွေးနွေးဘို့ ပါဝင်ထားခြင်း မရှိပဲ ရုတ်တရက် အရေးကြီး တင်ပြစရာရှိလို့ပါ ဆိုပြီးပါလာတဲ့ စာရွက်ကို ထုတ်ပြီး စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးအကြောင်းကို ဆွေးနွေးသွားတာပါ။ လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း ဒါ အရေးကြီးတယ် ဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။

ယုဇန ဦးဌေးမြင့်ကလည်း အသင့်ပါလာတဲ့ စာရွက်တွေ ထုတ်ပြီး ထောက်ခံဆွေးနွေးပါတယ်။ ရခိုင်ဘက်က လွှတ်တော်အမတ်ကလည်း ပါလာတဲ့ စာရွက်ထုတ်ပြီး ထောက်ခံ ဆွေးနွေးပါတယ်။ NLD အမတ် ဦးဝင်းထိန်က ထဆွေးနွေးမယ်လုပ်ပြီး မိုက်ကရိုဖုန်း ခလုပ်နိုပ်တာ မီးလင်း မလာခဲ့ပါဘူး။ နောက်က ခုံတွေမှာ သွားလင်းနေတယ် ပြောပါတယ်။ တော်တော်ကြာမှ ဖွင့်ပေးလိုက်၊ ဖွင့်ပေးလိုက် ဆိုပြီး စပီကာက အသံတွေကြားနေရကြောင်း ဦးဝင်းထိန်နဲ့ VOA ဆွေးနွေးခန်းမှာ ဦးဝင်းထိန်က ပြောပါတယ်။

မိုက်ကရိုဖုန်းတွေက အော်တိုမဟုတ်ပဲ စက်ခန်းက လိုသလို ထိန်းချုပ်နေပုံရပါတယ် လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။ ဦးဝင်းထိန် ၀င်ရောက်ဆွေးနွေးခွင့် မရခဲ့ပါဘူး။ NLD ကနှစ်ယောက် ထ ဆွေးနွေးပြီးနောက် အချိန်မရှိတော့ပါဘူး။ အတင်းကြီး အသံနဲ့ မဲခွဲအတည်ပြု လိုက်ပါတယ်။

ရုတ်တရက်ကြီး အခုလိုဆွေးနွေးလိုက်လို့ NLD က လက်တန်းတွေ ထပြောရတော့တာပါ။ စစ်စကားနဲ့ပြောရရင်တော့ ခြုံခိုတိုက်လိုက်တာပေါ့လေ။
DD85 (MMCP)

ဒီအဆိုဟာ နဂိုမူလက အစည်းအဝေးအစီအစဉ်မှာ မပါဘဲ ကြားဖြတ် တင်သွင်းတဲ့အဆိုဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကနေ ဥက္ကဋ္ဌ လုပ်ပိုင်ခွင့် သုံးပြီး အဲဒီအဆိုကို အတည်ပြုလိုက်တာလို့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တက်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

“နားထောင်နေရင်းနဲ့ ပုံစံက မကျဘူး။ ပြောမယ်ဆိုတော့လည်း ပြောလို့မရဘူး။ ကျနော်ပြောချင်တာက မြန်မာနိုင်ငံမှာ စီးပွားရေးပိတ်ဆို့တဲ့ အဓိက အကြောင်းအရင်းက လူ့အခွင့်အရေးတွေ ချိုးဖောက်လို့ စီးပွားရေးပိတ်ဆို့တာ။ အဲဒီအကြောင်းကို မသိဘဲနဲ့။ အဲဒီအကြောင်းတွေကို ကောင်းကောင်း သိချင်ရင် ကောင်းကောင်း လေ့လာဖို့ လိုတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ဘယ်လောက်ချိုးဖောက်တာတွေကြောင့် စီးပွားရေးပိတ်ဆို့တာ။

“အခု ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရက မီဒီယာတွေကိုလည်း အထိုက်အလျောက် လွတ်လပ်ခွင့်ပေးတယ်။ ကျနော်တို့ကိုလည်း ရွေးကောက်ပွဲ ဝင်လို့ရအောင်အထိ ညှိပေးတယ်။ စီးပွားရေးပိုင်းမှာလည်း မော်တော်ကားကိစ္စတွေ အထိုက်အလျောက် လုပ်ပေးတယ်။ နိုင်ငံတကာကလည်း သူတို့ရဲ့ စီးပွားရေး ပိတ်ဆို့တာတွေကို လျော့ပေးတယ်။ ဦးသိန်းစိန်အစိုးရဘက်က အထိုက်အလျောက် လျော့ပေးလို့ စီးပွားရေးပိတ်ဆို့တာတွေလည်း လျော့ပေါ့လာတာ။ ပိုပြီးတော့ လျော့ပေါ့ပေးချင်ရင် ပိုပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို လုပ်ရမယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကို တောင်းဆိုမယ့်အစား ဒီနိုင်ငံမှာ ဦးသိန်းစိန်အစိုးရကနေ လူ့အခွင့်အရေးကို ပိုပြီး ပွင့်ပွင့်လင်းလင်း လုပ်ပေးပါဆိုတဲ့ အဆိုကို တင်ချင်တာ မတင်လိုက်ရဘူး။ အဲဒါပါပဲ။”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ..(DVB)

ဘကြီးသက်
Unknown at 9:42 AM
Share

1 comment:

  1.ုko pyi chitJuly 18, 2012 at 12:01 AM

    ကျွန်တော်ဒီနေရာမှာနဲနဲလောက်ပြောချင်တယ်သိတ်သိလို့ 
    ပြောတာတော့ မဟုတ်ပါဘူး ဦးသိန်းစိန်ဆိုတဲ့သူဟာ
    ဘာဘဲပြောပြော စစ်သားပါ သူဘာပြောပြော ဘာလုပ်
    လုပ် ယုံကြည်လို့ ရပြီလို့ ပြောလို့ ရတဲ့ အချိန်မဟုတ်
    သေးဘူးလို့  ကျွန်တော်က ပြောချင်ပါတယ်။ ဗိုလ်ချုပ်
    အောင်ဆန်းက စတင်တည်ထောင်ခဲ့တဲ့ တပ်မတော်ကို
    နံမည်ပျက်အောင် နံမည်ဆိုးတွေ နဲ့ လူတွေမုန်းအောင်
    လုပ်ခဲ့ တဲ့ အဖွဲ့ ထဲမှာ သိန်းစိန် ဆိုတာလဲတစ်ယောက်
    အပါအ၀င် ဘဲဆိုတာ သူကိုယ်တိုင်လဲ ငြင်းလို့ မရတဲ့
    သမိုင်းအထောက်အထားတွေအရ အထင်အရှားရှိနေ
    ခဲ့ပြီးသားပါ သူတို့ တကယ်ဘဲ သဘောရိုးနဲ့ ပြောနေ
    လုပ်နေတာလား ဆိုတာ သူတို့ ဘဲအသေအချာသိမှာ
    ပါ။ နောက်ထပ် မယုတ်မာဘူး မကောက်ကျစ်ဘူးလို့ 
    အခုထိ ပြောလို့ မရသေးတာကတော့ သေချာပါတယ်

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.