Monday, July 16, 2012

လိင်မှုဆိုင်ရာ စော်ကားသူများကို ဖမ်းမိစေရန် Facebook သုံးစွဲသူများကို ထောက်လှမ်း



From : planet
လူမှုကွန်ရက် ဝက်ဆိုက်ကြီး ဖြစ်သည့် Facebook မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို ဖမ်းမိစေရန် အတွက် အွန်လိုင်း အသုံးပြုသူများကို ထောက်လှမ်းနိုင်မည့် နည်းပညာ တစ်ခုကို အသုံးပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ယင်းသို့ လုပ်ဆောင်မှုကြောင့် အသုံးပြုသူများ၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ပိတ်ပင်သလို ဖြစ်နေရကြောင်းလည်း r t သတင်း တွင် ဖော်ပြသည်။ ယခု နည်းစနစ်ကို ကွန်ပြူတာနှင့်လူသား နှစ်မျိုး ပေါင်းစပ်ပြီး စောင့်ကြည့်သည့် စနစ်ကို လုပ်ဆောင်ထားခြင်း ဖြစ်ကာ အသုံးပြုသူပေါင်း တစ်ဘီလီယံ ပမာဏရှိသည့် လူများကို စောင့် ကြည့်စေမည် ဖြစ်သည်။ ယခုလို ဖြစ်ရပ်အတွက် အသုံးပြုသူများ အနေဖြင့် လွတ်လပ်ခွင့် အတွက် စိုးရိမ်ဖွယ်ရာ မရှိကြောင်းနှင့် လိင်ပိုင်းဆိုင်ရာ သားကောင်ကို ရှာဖွေသည့် ပုံစံ အနေအထားသို့ ရောက်မှသာ ဝန်ထမ်းများမှ စစ်ဆေးစေမည် ဖြစ်သောကြောင့် ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့သည်။

source : rt.com

ဘကြီးသက်
Unknown at 8:46 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.