Sunday, July 15, 2012

ယနေ့ ထောက်ကြန့်မြို့နယ်တွင် လယ်မြေအသိမ်းခံရသော တောင်သူလယ်သမားများမှ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်

 

  လယ်ယာမြေ အသိမ်းခံရသော လယ်သမားများ ထောက်ကြံ့မြို့ လမ်းသစ်လမ်းရှိ   မတူကွဲပြား ခြားနားခြင်းပါတီရုံးရှေ့မှ ဆန္ဒဖော်ထုတ်ရန် စတင်ထွက်ခွါလာစဉ်..
မတူကွဲပြား ခြားနားခြင်း ပါတီ ဥက္ကဌ ဦးနေမျိုးဝေမှ ဦးဆောင်နေစဉ်ပုံ(၃)လယ်ယာမြေ အသိမ်းခံ လယ်သမားများ ဆန္ဒဖော်ထုတ်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာရန်ကုန်-ပဲခူး ကားလမ်းမပေါ်သို့ ဆန္ဒပြချီတက်လာကြစဉ်..
မင်္ဂလာဒုံ-စက်မှုဇုန်(၁)၊ သင်္ကန်းကျွန်းကြီးရွာမှ လယ်ယာမြေ အသိမ်းခံရသဖြင့် ဆန္ဒဖော်ထုတ်ရန်အတွက် ချီတက်လာကြသော တောင်သူများ
လယ်ယာမြေ အသိမ်းခံ လယ်သမားများ ဆန္ဒဖော်ထုတ်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာရန်ကုန်-ပဲခူး ကားလမ်းမပေါ်သို့ ဆန္ဒပြချီတက်လာကြစဉ်
ဆန္ဒဖော်ထုတ် ပြသကြသော တောင်သူ လယ်သမားများအား လိုက်လံ စောင့်ရှောက် ပေးနေကြသော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ..

လှည်းကူးမြို့နယ်၊ မြနန္ဒာပန်းခြံတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် တွေ့မြင်ရသော ဆန္ဒဖော်ထုတ်ကြသော တောင်သူလယ်သမားများအား တွေ့မြင်ရစဉ်..
"ဥပဒေနှင့်အညီ လုပ်မှာလား ညှိနှိုင်းဖြေရှင်းမှာလား" ဆိုသည့် ဆိုင်းပုဒ် ကိုင်ဆောင်ကာ ဆန္ဒဖော် ထုတ်နေသော လယ်မြေအသိမ်းခံ တောင်သူလယ်သမားတစ်ဦး
လယ်မြေအသိမ်းခံ တောင်သူလယ်သမားများ လှည်းကူးမြို့နယ်၊ မြနန္ဒာပန်းခြံတွင်း စုဝေးရောက်ရှိ နေကြစဉ်...

သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်
ဘကြီးသက်
Unknown at 8:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

SSPP/SSA အဖွဲ့အတွင်း မူးယစ်ဆေးဝါးနှင့် မိန်းမပြဿနာကြောင့် လက်အောက်မှ အထက်ကို ပစ်ခတ်သတ်ဖြတ်



ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ကျေးသီးမြို့နယ်၊ ကျိုင်းလွန်းကျေးရွာနားမှာ SSPP/SSA လက်အောက်အဖွဲ့ဝင်တွေကနေ သူတို့အထက်ကို ပြန်လည်ပစ်ခတ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ SSPP/SSA  တပ်ဖွဲ့ဝင် အိုက်နေနဲ့ အိုက်ယုံ ဆိုသူ ၂ ဦးက ပစ်ခတ်လို့ သူတို့အထက်က ဗိုလ်ကြီးတွန်ခမ်း သေသွားတယ်လို့ ကြားရပါတယ်။ ပစ်ခတ်ခဲ့တဲ့ အိုက်နေနဲ့ အိုက်ယုံတို့ကတော့ သေနတ်တွေယူပြီး ထွက်ပြေးသွားကြတယ်။ ဒီသတင်းကြားတော့ ၀မ်ဟိုင်းက လူကြီးတွေလည်း ခေါင်းမီးတောက်ပြီး ပစ်ခတ်ထွက်ပြေးသွားသူတွေကို အပူတပြင်းလိုက်လံဖမ်းဆီးဖို့ ပြင်ရပါတော့တယ်။ ဒီ ၂ ယောက်က အခြားအဖွဲ့ တစ်ခုဆီရောက်သွားပြီး အခြေအနေမှန်တွေ ဖွင့်ဟလိုက်မှာကို ၀မ်ဟိုင်းက လူကြီးတွေ သိပ်ကြောက် နေကြတယ်။ ထွက်ပြေးသူတွေကို တွေ့တဲ့နေရာမှာ အပြတ်ရှင်းပြစ်ဖို့ လိုက်ဖမ်းတဲ့အဖွဲ့တွေကိုလည်း အမိန့်ပေးထားပြီးဖြစ်တယ်လို့ သိရတယ်။

 

SSPP/SSA အဖွဲ့နဲ့ နီးကပ်ဆက်ဆံနေရတဲ့ ကျိုင်းလွန်းရွာက ကျေးရွာလူကြီး ဦးလုံးလိပ် ပြောပြတာကတော့ ပန်ဖရဲ့အဖွဲ့တွေဟာ မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ပဲ ငွေရှာရပ်တည်နေတာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ ရှာလို့ရတဲ့ ငွေကြေးပမာဏကို လက်အောက်အဖွဲ့ဝင်တွေက ကောင်းကောင်း သိနေကြပြီဖြစ်ကြောင်း၊ ရတဲ့ငွေအားလုံးနီးပါး တပ်မဟာ(၁)ဗဟိုကယူပြီး လက်အောက်အဖွဲ့ဝင်တွေကိုတော့ အရိုးအရင်းလောက်သာ စွန့်ကြဲတာဖြစ်တဲ့အတွက်  အထက်ကို မကျေမနပ်ဖြစ်နေတာလည်း ကြာပြီဖြစ်ကြောင်း၊ အခုဖြစ်ရတာက အဓိက သူတို့တပ်မဟာမှူး ပန်ဖကို  မကျေနပ်လို့ ဖြစ်ကြောင်း ပြောပြပါတယ်။

 

ပြဿနာကတော့ ပန်ဖဟာ သားဖြစ်တဲ့ တပ်ရင်းမှူး ဖုန်းနော်ကို ကျိုင်းလွန်းဘက်ကို စေလွှတ်ခဲ့တာကစတာဖြစ်ပါတယ်။ ကျိုင်းလွန်းနယ်မြေမှာရှိတဲ့ တပ်ရင်း(၆၀၁) တပ်ရင်းမှူး စိုင်းဆိုင်ကို စိတ်မချတဲ့အတွက် စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ စိုင်းဆိုင်ဟာ နောက်ပိုင်းမှာ ရတဲ့ငွေကို ပန်ဖဆီ အပြည့်အ၀မပို့တာရယ်၊ အဓိက သူ့ရဲ့အကျင့်ဆိုးဖြစ်တဲ့ မိန်းမလိုက်စားတဲ့ ကိစ္စတွေကြောင့် စိုင်းဆိုင်ကို ထိန်းသိမ်းနိုင်ရန်ဖြစ်ကြောင်း သိရှိရပါတယ်။

 

စိုင်းဆိုင်ဟာ ကျိုင်းလွန်းရွာက အမျိုးသမီးတစ်ဦးနဲ့ လူမှုရေးဖောက်ပြန်နေတာ အတော်ကြာခဲ့ပါပြီ။ အမျိုးသမီးကလည်း တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ရုပ်ရည်အလွန် ဆွဲဆောင်မှုရှိတာကြောင့် စိုင်းဆိုင်ဟာ ပန်ဖ ခိုင်းတဲ့နေရာကိုတောင်  မသွားတော့ပဲ အဲဒီမိန်းမနားမှာပဲ တွယ်ကပ်နေခဲ့တာ ဖြစ်ပါတယ်။ ဖုန်းနော် ရောက်လာတဲ့အချိန်မှာ ဒီမိန်းမနဲ့ပတ်သက်ပြီး ပြဿနာစဖြစ်လာခဲ့တယ်။ အမျိုးသမီးက ပန်ဖသားဆိုတဲ့အရှိန်နဲ့ ဖုန်းနော်ကို မျက်နှာသာပေးတာတွေရှိတယ်။ ဒါကြောင့် စိုင်းဆိုင်ဟာ နောက်မှရောက်လာတဲ့ ရွှေကြာပင် လက်ထဲကို သူ့ရဲ့အသည်းကျော်မလေး ရောက်မသွားဖို့အတွက် သူ့လူရင်းတွေနဲ့ ဖုန်းနော်ကို အပျောက်ဖျောက်ဖို့ ကြိုးစားခဲ့တယ်။ တပ်သားအိုက်နေနဲ့ တပ်သားအိုက်ယုံတို့ဟာ ဟိုးတုန်းကတည်းက စိုင်းဆိုင်နဲ့ လက်ပွန်းတစ်တီးနေခဲ့ကြတာဖြစ်တယ်။ သူတို့ဟာ နဂိုကတည်းက ပန်ဖနဲ့ သူ့သား ဖုန်းနော်တို့ကို လုံးဝအမြင်ကြည်လင်မှုမရှိခဲ့ကြဘူး၊ သူတို့ရဲ့ဆရာ စိုင်းဆိုင်က တာဝန်ပေးအပ်လာတဲ့အချိန်မှာတော့ ဖုန်းနော်ကို အပြတ်ရှင်းဖို့ကြိုးစားခဲ့ကြတယ်။

 

          အဲ့ဒီနေ့က ဖုန်းနော်ကို ပစ်သတ်ဖို့ ကြိုးစားတဲ့အချိန်မှာ ကံကောင်းထောက်မစွာနဲ့ ဖုန်းနော် အနားက အနီးကပ်အဖွဲ့တွေက ကြိုတင်တွေ့ရှိသွားတဲ့အတွက် သီသီလေးလွတ်သွားခဲ့တယ်။ ဓါးစားခံဖြစ်သွား တာကတော့ ဗိုလ်ကြီး တွန်ခမ်း ပဲဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ SSPP/SSA အဖွဲ့အတွင်း နောက်ပိုင်းမှာ ပိုများလာခဲ့ပါတယ်။

         

          ပန်ဖဟာ "၀" တွေရဲ့ ကြွယ်ဝချမ်းသာမှုကိုမက်မောနေသူဖြစ်ပါတယ်။ "၀"တွေရဲ့လမ်းစဉ်အတိုင်း မူးယစ်ဆေးဝါးနဲ့ ငွေရှာပြီး ရှမ်းပြည်ထူထောင်ရေးလုပ်ဖို့ အိမ်မက် မက်နေတာဖြစ်ပါတယ်။ "၀"တွေကလည်း ပန်ဖကို အကူအညီအချို့ပေးပြီး လိုသလိုအသုံးချနိုင်ဖို့ ကြံစည်ထားပုံရပါတယ်။ ပန်ဖဟာ ပန်ဆန်းကိုလည်း မကြာခဏသွားလေ့ရှိပြီး မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းခဲ့တာတွေလည်း ရှိတယ်။

 

ဖုန်းနော်ရဲ့ မိန်းမလိုက်စားမှု၊ မူးယစ်ဆေးဝါးနဲ့ ငွေရှာမှုတွေကို ကြည့်ရင် သူ့အဖေ ပန်ဖရဲ့ လုပ်ငန်းစဉ်ကို ရှင်းရှင်းမြင်နိုင်ပါတယ်။ ဒီအကြောင်းတွေကိုသိတဲ့ ဒေသခံတွေကတော့ ပန်ဖရဲ့ အဖွဲ့ထဲမှာ ခေါင်းဆောင်တွေ မိန်းမလုပွဲနဲ့ အဝေမတည့်တာတွေကြောင့် အချင်းချင်းသတ်ဖြတ်တာတွေ၊ အောက်ခြေက အထက်ကို ပုန်ကန်တိုက်ခိုက်တာတွေဖြစ်လာပြီး မကြာခင် အဖွဲ့တွေ ကွဲထွက်လာနိုင်တယ် ဆိုတဲ့အကြောင်း၊ ပထမဆုံး ဖြစ်နိုင်တာကတော့ ဖုန်းနော်ဟာ အဖေရဲ့အရှိန်အ၀ါနဲ့  စိုင်းဆိုင်ရဲ့နယ်မြေကို  ၀င်လုပြီး စိုင်းဆိုင်ကို ဘေးဖယ်ဖို့ ကြိုးစားရာကနေ အဖွဲ့ ၂ ဖွဲ့ အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်လာနိုင်ကြောင်း  ပြောဆိုနေကြပါတယ်။

 

မူးယစ်ဆေးဝါး၊ လူမှုရေးဖောက်ပြန်မှုတွေနဲ့ အချင်းချင်းပစ်ခတ်သတ်ဖြတ်မှုတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းက ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်လို့ အမည်ခံထားတာကို ဒေသခံတွေ အတော်ပဲနာကြည်းလျက်ရှိပါတယ်။ အဲ့ဒီနာမည်အစား သူတို့အဖွဲ့ကို "မယားလုမူးယစ် တပ်မဟာ(၁)" လို့ ရွာသားတွေကြားမှာ ကြိတ်ပြီး အမည်ပြောင်(Nick Name)ပေးထားကြောင်း ရင်းနှီးတဲ့ ရွာသားတွေဆီက သိရှိရပါတယ်။


ဘကြီးသက်
Unknown at 8:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဇူလိုင်လ ၁၃ရက်နေ့က အင်ဒိုနီးရှားမှာ ဓာတ်ပုံတွေနဲ့ ထင်ယောင်ထင်မှား ဆန္ဒပြနေကြပါတယ်..


ဓာတ်ပုံ ကိုင်ဆောင် ဆန္ဒပြနေသူ အင်ဒိုနီးရှား နိုင်ငံသားများဟာ အဖြစ်မှန်ကို သိရှိပုံမရပါ။ ဘာသာရေး အသွင်သဏ္ဍာန် ဆန္ဒပြနေကြရာမှာ ဆန္ဒပြသူများဟာ ပြည်ပမှ ဘင်္ဂလီ အဖွဲ့အစည်းများရဲ့ လုပ်ကြံပေးပို့ မှုကြောင့်လို့ ယူဆရပါတယ်..။

ှဆန္ဒပြသူတွေ ကိုင်ဆောင်လာတဲ့ ပုံမှာ စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား နေအိမ်တွေ မီးရှို့ခံရစဉ် ရိုက်ကူးထားတဲ့ ပုံနဲ့ ၂၀၀၇ စက်တင်ဘာ ၂၆ရက်နေ့ ရွှေဝါရောင် တော်လှန်ရေးအတွင်းက ဗဟန်းကြားတောရလမ်းမှာ လုံထိန်းတွေနဲ့ ထပ်တိုက်ရင်ဆိုင်စဉ်က ပုံကို မဆီမဆိုင် ဘင်္ဂလီရိုဟင်ဂျာများ အကြမ်းဖက် တိုက်ခိုက်ခံရသယောင် ဖော်ပြထားပါတယ်..

အဆိုပါ AP သတင်းဋ္ဌာနရဲ့ ဂျကာတာမှ ဆန္ဒပြပွဲ ဓာတ်ပုံများဟာ ပြည်ပက ဘင်္ဂလီ အဖွဲ့အစည်းများမှ လုပ်ကြံဖန်တီး ပေးပို့ထားတဲ့ ပုံများအား အင်ဒိုနီးရှားမှ ဆန္ဒပြသူများမှ အဖြစ်မှန်အား မသိရှိပဲ ကိုင်ဆောင် ဆန္ဒပြနေတယ်လို့ ယူဆရပါတယ်...။

အထက်ပါ AP သတင်းဓာတ်ပုံများဟာ မမှန်မကန် ဖော်ပြထားတဲ့ ပုံတွေ ပါရှိနေတဲ့ အတွက် ပြည်ပ အခြေဆိုက် BBC,VOA,RFA,DVBနဲ့ Irrawaddy သတင်းဋ္ဌာနများမှ မိမိတိုင်းပြည်နဲ့ လူမျိုးအရေးကို ကြည့်ပြီး အမှန်အတိုင်း ပြန်လည် ဖြေရှင်း ဖော်ပြဖို့ လိုအပ်ပါလိမ့်မယ်..။ ဖေ့စ်ဘွတ် ပရိသတ်များ အနေနဲ့လည်း အပြုသဘော ဝေဖန်ရေးသားပြီး English ဘာသာကျွမ်းကျင် သူများမှ ဓာတ်ပုံပါ အဖြစ်မှန်များအား ရေးသားဖော်ပြပြီး သက်ဆိုင်ရာ နိုင်ငံများရှိ အင်ဒိုနီးရှားသံရုံးများသို့ ပေးပို့စေလိုပါတယ်..။ ထို့အပြင် မြန်မာအစိုးရမှလည်း ဓာတ်ပုံပါ အဖြစ်မှန်အား အာဏာပိုင်ချင်း ပေးပို့ဖို့ လိုအပ်ပါလိမ့်မယ်...။

လှုံဆော် ဖော်ပြနေခြင်းမဟုတ်ပါ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အဆိုပါ လိမ်လည် လုပ်ဆောင်ချက်အား ပြန်လည် ဖြေရှင်းနိုင်စေရန် ဖော်ပြရခြင်းဖြစ်သည်..။ ဆဲဆိုနေသည့် ကွန်မာန့်များ ရေးသားနေမည့် အစား အဖြစ်မှန် သတင်းမှန် အတွက် ပူပေါင်းပါဝင် ကူညီလုပ်ဆောင် ကြပါ..။

မူရင်းလင့်ခ် http://www.daylife.com/photo/01jc0fr1Z36jz?__site=daylife&q=Rohingya
ဘကြီးသက်
Unknown at 7:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အာဇာနည်နေ့ အခမ်းအနား သို့ နိုင်ငံရေး ပါတီ တစ်ပါတီလျှင် ၅ဦး တက်ရောက် ခွင့်ရရှိ


အာဇာနည်နေ့ အခမ်းအနား သို့ နိုင်ငံရေးပါတီများမှတစ်ပါတီလျှင်၅ဦးသာ တက်ရောက်ရ မည်ဖြစ် ကြောင်း သိရသည်။

ရွေးကောက် ပွဲကော်မရှင်မှ အာ ဇာနည်နေ့အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားပြီး ၅ဦးထက်မပိုရန် တားမြစ် ကြောင်း နိုင်ငံရေး ပါတီများထံမှသိရသည်။


''ရွေးကောက်ပွဲကော်မရှင်က အာဇာနည်နေ့အခမ်းအနားတက်ဖို့ဖိတ်ပါတယ်။ သို့သော် ၅ဦး ထက်မပိုရဘူး လို့တော့ပြောတယ်။ အန်ကယ်လ်တို့ပါတီအ နေနဲ့အာဇာနည်နေ့ အခမ်းအနား ကိုတက် ရောက်ဖို့ စာရင်း ပေးပြီးပါပြီ'' ဟုဒီမိုကရေစီ နှင့်ငြိမ်းချမ်းရေး ပါတီအထွေထွေ အတွင်းရေး မှူး ဦးမျိုးညွှန့် ကပြောသည်။

ရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်၁၁ရက်တွင်အကြောင်းကြား ခဲ့ပြီးယမန်နှစ် ကဖိတ်ကြားခြင်း မရှိသော နိုင်ငံရေးပါ တီများ ကိုပါဖိတ်ကြားသည်ဟုသိရသည်။

''မနှစ်ကမဖိတ်ဘူး။ဖိတ်စာ မ ရတာလည်းဖြစ်နိုင်ပါတယ်။အာဇာနည်နေ့ အခမ်းအနား တက်ရောက် ဖို့ဖိတ်ကြား ခံရ တာဝမ်းသာပါတယ်။ အလုပ်တွေအရမ်းရှုပ် နေလို့ အခမ်းအနား ကိုတော့ တက်ရောက် နိုင်မှာ မဟုတ်ဘူး''ဟုချင်းအမျိုးသားပါတီ ဥက္ကဋ္ဌဦးဇိုဇမ်ကပြောသည်။

အာဇာနည်နေ့အခမ်းအနား သို့နိုင်ငံရေး ပါတီတစ်ပါတီလျှင် ၅ဦးတက် ရောက်ခွင့်ရှိသော်လည်း ချင်း အမျိုး သား ပါတီမှာ အခမ်းအနား သို့တက်ရောက်နိုင် မည်မဟုတ်ကြောင်း သိရသည်။

အေးမြမြထွန်း - Yangon Media Group

ဘကြီးသက်
Unknown at 4:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာဆေးရုံနှစ်ခုအတွက် GE လျှပ်စစ်ကုမ္ပဏီ ဓာတ်မှန်စက်များ ရောင်း


မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက တရားဝင်ဖယ်ရှားပေးလိုက်ပြီး ရက်ပိုင်း အတွင်းမှာပဲ General Electric – GE ကုမ္ပဏီက ရန်ကုန်က ပုဂ္ဂလိက ဆေးရုံနှစ်ရုံကို ဓာတ်မှန်ရိုက်ကူးစက်တွေ ရောင်းချဖို့ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ Sea Lion ဆိုတဲ့ မြန်မာကုမ္ပဏီကတဆင့် ဒေါ်လာ ၂ သန်းဖိုး အဲဒီ စက်ကိရိယာတွေကို ရောင်းချမှာဖြစ်တယ်လို့ GE ကုမ္ပဏီက ပြောပါတယ်။ အခုဆို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုလည်း မရှိတော့ဘူးဆိုတော့ တခြား စီးပွားရေးလုပ်ငန်းတွေ ဘက်ကိုလည်း ချဲ့ထွင်လုပ်ဆောင်သွားဖို့ ကြည့်နေတယ်လို့ GE ကုမ္ပဏီ အာရှဌာနခွဲရဲ့ အကြီးအကဲ Stuart Dean က ပြောပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဗုဒ္ဓဟူးနေ့ကပဲ  တရားဝင် ရုတ်သိမ်း ပေးလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ပြီး လုပ်ဆောင်နိုင်ရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) ဟာ မြန်မာ သမ္မတဦးသိန်းစိန်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။ မြန်မာအရာရှိတွေဟာ ကုမ္ပဏီကြီးတွေက ကိုယ်စားလှယ် (၇၀) လောက်ကို ဖိတ်ကြားပြီး တွေ့ဆုံနေပေမဲ့ အရင်က စစ်အစိုးရကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြူလုပ်ခံရပြီး နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ခဲ့တာကြောင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်တဲ့နေရာမှာ အခက်အခဲ အများကြီးနဲ့ ကြုံတွေ့နေရပါတယ်။

အခက်အခဲတွေထဲက အဆိုးဆုံးကတော့ ခေတ်မမှီတော့တဲ့ အခြေခံ အဆောက်အအုံတွေပဲ ဖြစ်ပြီး အဲဒီထဲမှာ လျှပ်စစ်ပေးဝေရေး စနစ်က အမြဲတမ်း ပြဿနာပေါ်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ကတော့ ခုလို စက်မှုအင်အားကြီး နိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်တာကနေ မြန်မာနိုင်ငံအတွက် စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာဖို့ မျှော်လင့်ရတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။

By ဗွီအိုအေ (မြန်မာဌာန)
ဘကြီးသက်
Unknown at 4:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆနိးစုကြည်၏ ပြတ်ပြတ်သားသား ဖြေခဲ့တဲ့ ရိုဟင်ဂျာ ပြဿနာ




ဒေါ်စုက I do not know တစ်လုံးတည်း ဖြေခဲ့တယ် လို့ ရွှေဥာဏ်တော် စူးရောက်နေတဲ့ လူတွေ သိစေရန် အလို့ငှာ Oslo Peace Forum မှာ ရိုဟင်ဂျာအကြောင်း ဖြေထားမှုကို ပြန်ဖော်ပြလိုက်ပါတယ် ။ ရှုစားမှတ်သားကြပါကုန် ။ တ၀က်တပျက် အမှန် Half Truth လောက်တောင် မရှိတဲ့ စကားနဲ့ ၀ါဒဖြန့်တဲ့လူတွေကို တော့ မပြောတော့ဘူး ။ ယုံချင်တဲ့လူတွေကိုဘဲ သြချမိပါရဲ့ ။ ဒီစကားတွေကို ပြောသွားတာ တစ်လတောင် မကြာသေးဘူး ၊ မေ့ကုန်ကြပြီလား ။ ( အခုတင်ပြတဲ့ စကားတွေက ဆွေးနွေးပွဲပြီးခါနီးမှာ အမေရိကန် National Public Radio က သတင်းထောက်တစ်ယောက် ထမေးတာပါ ။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာလည်း ဒေါ်စုက ဒီအကြောင်း ညှပ်ပူးညှပ်ပိတ်မေးခွန်းတွေကို အကြိမ်ကြိမ်ဖြေပြီးသွားပါပြီ )

မေး ။ ။ ရိုဟင်ဂျာ ပြသာနာဟာ လူဝင်မှုကြီးကြပ်ရေး မထိရောက်တာကြောင့်လို့ တချို့က ပြောတယ် ။ တချို့ကတော့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားတဲ့ ပေါ်လစီကြောင့် ဖြစ်လာတဲ့ ပြသာနာလို့ ဆိုပြန်တယ် ။ ခင်ဗျားက အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုဟင်ဂျာကို နိုင်ငံသားလို့ သတ်မှတ်သလား မသတ်မှတ်ဘူးလား ။


ဖြေ ။ ။ တရားဥပဒေစိုးမိုးရေးအရေးကြီးပုံအကြောင်းကို ကျမပြောခဲ့ပြီးပါပြီ ။ တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံသားဖြစ်ခွင့်ဥပဒေလည်း အကျုံးဝင်တာပါဘဲ ။ ဒါကြောင့်ဘဲ ပြသာနာရဲ့ အရင်းအမြစ်ဟာလည်း တရားဥပဒေစိုးမိုးမှုမရှိလို့လို့ ကျမပြောခဲ့တာ ။

နိုင်ငံသားဖြစ်ခွင့်ဥပဒေတွေဟာ ဘာတွေလည်းဆိုတာ ကျမတို့သေသေချာချာ မသိကြရဘူး ။ ဒီသေချာမသိရဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်အပျက်တစ်ခုကို ဥပမာပေးချင်ပါတယ် ။ ကျမတို့ပါတီက အမတ်လောင်းတစ်ယောက် လွန်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကနေ အထုတ်ခံရတယ် ။ အကြောင်းကတော့ ရွေးကောက်ပွဲဥပဒေအရ အမတ်လောင်းတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေက မွေးရမယ်လို့ ဆိုပါတယ် ။ အခုထုတ်ခံလိုက်ရတဲ့ အမတ်ကလည်း မြန်မာပြည်သားမိဘတွေက မွေးတဲ့ မြန်မာပါဘဲ ။ ဒါပေမယ့် နောက်တော့ သူ့အဖေက တခြားနိုင်ငံသားခံသွားခဲ့တယ် ။ ဒါကို အကြောင်းပြပြီး ထုတ်ခံလိုက်ရတာပါ ။

ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ နိုင်ငံသားဥပဒေတွေဟာ ဘာတွေမှန်း အတိအကျ မသိရဘူး ။ တကယ်လို့သာ နိုင်ငံသားဥပဒေအောက်မှာ ဘယ်သူတွေဟာ နိုင်ငံသားပါ ၊ ဘယ်လို လိုအပ်ချက်တွေရှိမှ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာ တိတိကျကျ ဖော်ပြလိုက်နာထားရင် ဒီပြသာနာတွေ မတတ်နိုင်ဘူး ။ အခုတော့ လူတချို့ကို ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့လူမဟုတ်ပါဘူး ၊ မြန်မာကလည်း သူတို့လူမဟုတ်ပါဘူး ဆိုပြီး စွပ်စွဲချက်တွေက အမြဲပေါ်နေရတယ် ။

ဘင်းဂလားဒေ့ရှ်ကသူတို့လူမဟုတ်ဘူးလို့ ဆိုတယ် ။ မြန်မာကလည်းငါတို့လူမဟုတ်ဘူးလို့ဆိုတယ် ။ ဒီလိုငြင်းကြတဲ့အထဲမှာ ကြားထဲက လူတွေက ဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်ရတယ် ။ ဒီတော့ ကျမတို့မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိမှကို ဖြစ်မယ် ။ အဲဒီဥပဒေတွေက ဘာဆိုတာလည်း တိတိကျကျ သိမှ ဖြစ်မယ် ။ အဲဒီဥပဒေတွေကိုလည်း တကယ်လိုက်နာသလားဆိုတာ သေချာအောင်လုပ်မှဖြစ်မယ် ။

မေး ။ ။ ( စိတ်မရှည်သံလေးဖြင့် ) ဒါဆို သူတို့ဟာ နိုင်ငံသားဖြစ်သင့်လား ၊ မဖြစ်သင့်ဘူးလား ။

ဖြေ ။ ။ ( ဒေါ်စုကလည်း အနည်းငယ် စိတ်တိုသံဖြင့် ) ကျမ မသိဘူး ။ မသိရတဲ့အကြောင်းရင်းက ရှင်တို့ ရိုဟင်ဂျာ လို့ ပြောနေတဲ့လူတွေဟာ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်းမသိရလို့ဘဲ ။ အရင်ပြောပြီးသလိုဘဲ ဘယ်သူတွေကို ရိုဟင်ဂျာလို့ ခေါ်နေကြမှန်း မသေချာတဲ့ ပြသာနာရှိနေတယ် ။ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်နေတဲ့လူတွေက မြန်မာပြည်ပေါက်တွေမဟုတ်ဘူး ၊ သိပ်မကြာခင်ကမှ ဘင်္ဂလာဒေ့ရှ်က ရောက်လာတာလို့ ပြောတဲ့သူက ပြောတယ် ၊ တချိန်တည်းမှာဘဲ ဘင်္ဂလားဒေ့ရှ်က အဲဒီရိုဟင်ဂျာဆိုသူတွေဟာ သူတို့နိုင်ငံပေါက်တွေမဟုတ်ဘူး ၊ မြန်မာပြည်ကပါလို့ ဆိုပြီး ဒုက္ခသည်အဖြစ် လက်မခံချင်ပြန်ဘူး ။

ဒီပြသာနာကို တရားဥပဒေစိုးမိုးမှုမရှိဘဲ ၊ တိကျမှန်ကန်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမရှိဘဲ ၊ ဥပဒေချိုးဖောက်သူတွေကို စောင့်ကြည့်တဲ့ရဲတွေ မရှိဘဲ ၊ တရားဥပဒေကို သင့်တော်သလို ပြဌာန်းလိုက်နာစေတာမျိုးမရှိဘဲ ကျမတို့ ဘယ်လို ရှင်းမလဲ ။ ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ ဒီပြသာနာတွေရဲ့ အရင်းအမြစ်ဟာ တရားဥပဒေစိုးမိုးရေးပါဆိုတာ ။ဒီဥပဒေပြသာနာဖြစ်နေတာဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ၊ လွန်ခဲ့တဲ့ တစ်လနှစ်လကမှ ဖြစ်တဲ့ ရာဇ၀တ်မှုက စတာ မဟုတ်ဘူးဆိုတာပါဘဲ ။

( ဒီဆွေးနွေးပွဲက မိနစ် ၂၀ ကြာပါတယ် ။ အခုအမေးအဖြေက နောက်ဆုံးပါဘဲ ။ ဒေါ်စုက I do not know တစ်လုံးထဲ ဖြေသွားတာမဟုတ်ဘူးဆိုတာ သတိရလောက်ပါပြီနော် ။ မျက်မှန်စိမ်းများတပ်မကြည့်ဘဲ ဆင်ခြင်စဉ်းစားရင် သူဖြေသွားတဲ့ တရားဥပဒေစိုးမိုးရေး Rule of Law ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ Proper Immigration Process ၊ ဥပဒေချိုးဖောက်သူများကို စောင့်ကြည့်တဲ့ ရဲ Proper Policing ၊ ဥပဒေကိုလိုက်နာစေမှု စသည်တို့ရဲ့ အရေးပါပုံကို သဘောပေါက်လာပါလိမ့်မယ်လို့ မျှော်လင့်လျက် .................။ မကျေနပ်သေးရင် မောင်ဇာနည်တို့က ဒေါ်စုကို ချောက်ချဖို့ စီစဉ်ထားတဲ့ London School of Economics က ဆွေးနွေးပွဲမှာ ဒေါ်စုက Rule of Law ရဲ့ အရေးပါပုံကို ဆွေးနွေးဖို့ request လုပ်ခဲ့တယ် ။ အဲဒါကိုပါ ကြည့်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ် ...........။ )ဒေါ်စုက I do not know တစ်လုံးတည်း ဖြေခဲ့တယ် လို့ ရွှေဥာဏ်တော် စူးရောက်နေတဲ့ လူတွေ သိစေရန် အလို့ငှာ Oslo Peace Forum မှာ ရိုဟင်ဂျာအကြောင်း ဖြေထားမှုကို ပြန်ဖော်ပြလိုက်ပါတယ် ။ ရှုစားမှတ်သားကြပါကုန် ။ တ၀က်တပျက် အမှန် Half Truth လောက်တောင် မရှိတဲ့ စကားနဲ့ ၀ါဒဖြန့်တဲ့လူတွေကို တော့ မပြောတော့ဘူး ။ ယုံချင်တဲ့လူတွေကိုဘဲ သြချမိပါရဲ့ ။ ဒီစကားတွေကို ပြောသွားတာ တစ်လတောင် မကြာသေးဘူး ၊ မေ့ကုန်ကြပြီလား ။ ( အခုတင်ပြတဲ့ စကားတွေက ဆွေးနွေးပွဲပြီးခါနီးမှာ အမေရိကန် National Public Radio က သတင်းထောက်တစ်ယောက် ထမေးတာပါ ။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာလည်း ဒေါ်စုက ဒီအကြောင်း ညှပ်ပူးညှပ်ပိတ်မေးခွန်းတွေကို အကြိမ်ကြိမ်ဖြေပြီးသွားပါပြီ )

မေး ။ ။ ရိုဟင်ဂျာ ပြသာနာဟာ လူဝင်မှုကြီးကြပ်ရေး မထိရောက်တာကြောင့်လို့ တချို့က ပြောတယ် ။ တချို့ကတော့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားတဲ့ ပေါ်လစီကြောင့် ဖြစ်လာတဲ့ ပြသာနာလို့ ဆိုပြန်တယ် ။ ခင်ဗျားက အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုဟင်ဂျာကို နိုင်ငံသားလို့ သတ်မှတ်သလား မသတ်မှတ်ဘူးလား ။

ဖြေ ။ ။ တရားဥပဒေစိုးမိုးရေးအရေးကြီးပုံအကြောင်းကို ကျမပြောခဲ့ပြီးပါပြီ ။ တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံသားဖြစ်ခွင့်ဥပဒေလည်း အကျုံးဝင်တာပါဘဲ ။ ဒါကြောင့်ဘဲ ပြသာနာရဲ့ အရင်းအမြစ်ဟာလည်း တရားဥပဒေစိုးမိုးမှုမရှိလို့လို့ ကျမပြောခဲ့တာ ။

နိုင်ငံသားဖြစ်ခွင့်ဥပဒေတွေဟာ ဘာတွေလည်းဆိုတာ ကျမတို့သေသေချာချာ မသိကြရဘူး ။ ဒီသေချာမသိရဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်အပျက်တစ်ခုကို ဥပမာပေးချင်ပါတယ် ။ ကျမတို့ပါတီက အမတ်လောင်းတစ်ယောက် လွန်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကနေ အထုတ်ခံရတယ် ။ အကြောင်းကတော့ ရွေးကောက်ပွဲဥပဒေအရ အမတ်လောင်းတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေက မွေးရမယ်လို့ ဆိုပါတယ် ။ အခုထုတ်ခံလိုက်ရတဲ့ အမတ်ကလည်း မြန်မာပြည်သားမိဘတွေက မွေးတဲ့ မြန်မာပါဘဲ ။ ဒါပေမယ့် နောက်တော့ သူ့အဖေက တခြားနိုင်ငံသားခံသွားခဲ့တယ် ။ ဒါကို အကြောင်းပြပြီး ထုတ်ခံလိုက်ရတာပါ ။

ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ နိုင်ငံသားဥပဒေတွေဟာ ဘာတွေမှန်း အတိအကျ မသိရဘူး ။ တကယ်လို့သာ နိုင်ငံသားဥပဒေအောက်မှာ ဘယ်သူတွေဟာ နိုင်ငံသားပါ ၊ ဘယ်လို လိုအပ်ချက်တွေရှိမှ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာ တိတိကျကျ ဖော်ပြလိုက်နာထားရင် ဒီပြသာနာတွေ မတတ်နိုင်ဘူး ။ အခုတော့ လူတချို့ကို ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့လူမဟုတ်ပါဘူး ၊ မြန်မာကလည်း သူတို့လူမဟုတ်ပါဘူး ဆိုပြီး စွပ်စွဲချက်တွေက အမြဲပေါ်နေရတယ် ။

ဘင်းဂလားဒေ့ရှ်ကသူတို့လူမဟုတ်ဘူးလို့ ဆိုတယ် ။ မြန်မာကလည်းငါတို့လူမဟုတ်ဘူးလို့ဆိုတယ် ။ ဒီလိုငြင်းကြတဲ့အထဲမှာ ကြားထဲက လူတွေက ဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်ရတယ် ။ ဒီတော့ ကျမတို့မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိမှကို ဖြစ်မယ် ။ အဲဒီဥပဒေတွေက ဘာဆိုတာလည်း တိတိကျကျ သိမှ ဖြစ်မယ် ။ အဲဒီဥပဒေတွေကိုလည်း တကယ်လိုက်နာသလားဆိုတာ သေချာအောင်လုပ်မှဖြစ်မယ် ။

မေး ။ ။ ( စိတ်မရှည်သံလေးဖြင့် ) ဒါဆို သူတို့ဟာ နိုင်ငံသားဖြစ်သင့်လား ၊ မဖြစ်သင့်ဘူးလား ။

ဖြေ ။ ။ ( ဒေါ်စုကလည်း အနည်းငယ် စိတ်တိုသံဖြင့် ) ကျမ မသိဘူး ။ မသိရတဲ့အကြောင်းရင်းက ရှင်တို့ ရိုဟင်ဂျာ လို့ ပြောနေတဲ့လူတွေဟာ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်းမသိရလို့ဘဲ ။ အရင်ပြောပြီးသလိုဘဲ ဘယ်သူတွေကို ရိုဟင်ဂျာလို့ ခေါ်နေကြမှန်း မသေချာတဲ့ ပြသာနာရှိနေတယ် ။ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်နေတဲ့လူတွေက မြန်မာပြည်ပေါက်တွေမဟုတ်ဘူး ၊ သိပ်မကြာခင်ကမှ ဘင်္ဂလာဒေ့ရှ်က ရောက်လာတာလို့ ပြောတဲ့သူက ပြောတယ် ၊ တချိန်တည်းမှာဘဲ ဘင်္ဂလားဒေ့ရှ်က အဲဒီရိုဟင်ဂျာဆိုသူတွေဟာ သူတို့နိုင်ငံပေါက်တွေမဟုတ်ဘူး ၊ မြန်မာပြည်ကပါလို့ ဆိုပြီး ဒုက္ခသည်အဖြစ် လက်မခံချင်ပြန်ဘူး ။

ဒီပြသာနာကို တရားဥပဒေစိုးမိုးမှုမရှိဘဲ ၊ တိကျမှန်ကန်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမရှိဘဲ ၊ ဥပဒေချိုးဖောက်သူတွေကို စောင့်ကြည့်တဲ့ရဲတွေ မရှိဘဲ ၊ တရားဥပဒေကို သင့်တော်သလို ပြဌာန်းလိုက်နာစေတာမျိုးမရှိဘဲ ကျမတို့ ဘယ်လို ရှင်းမလဲ ။ ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ ဒီပြသာနာတွေရဲ့ အရင်းအမြစ်ဟာ တရားဥပဒေစိုးမိုးရေးပါဆိုတာ ။ဒီဥပဒေပြသာနာဖြစ်နေတာဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ၊ လွန်ခဲ့တဲ့ တစ်လနှစ်လကမှ ဖြစ်တဲ့ ရာဇ၀တ်မှုက စတာ မဟုတ်ဘူးဆိုတာပါဘဲ ။

( ဒီဆွေးနွေးပွဲက မိနစ် ၂၀ ကြာပါတယ် ။ အခုအမေးအဖြေက နောက်ဆုံးပါဘဲ ။ ဒေါ်စုက I do not know တစ်လုံးထဲ ဖြေသွားတာမဟုတ်ဘူးဆိုတာ သတိရလောက်ပါပြီနော် ။ မျက်မှန်စိမ်းများတပ်မကြည့်ဘဲ ဆင်ခြင်စဉ်းစားရင် သူဖြေသွားတဲ့ တရားဥပဒေစိုးမိုးရေး Rule of Law ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ Proper Immigration Process ၊ ဥပဒေချိုးဖောက်သူများကို စောင့်ကြည့်တဲ့ ရဲ Proper Policing ၊ ဥပဒေကိုလိုက်နာစေမှု စသည်တို့ရဲ့ အရေးပါပုံကို သဘောပေါက်လာပါလိမ့်မယ်လို့ မျှော်လင့်လျက် .................။ မကျေနပ်သေးရင် မောင်ဇာနည်တို့က ဒေါ်စုကို ချောက်ချဖို့ စီစဉ်ထားတဲ့ London School of Economics က ဆွေးနွေးပွဲမှာ ဒေါ်စုက Rule of Law ရဲ့ အရေးပါပုံကို ဆွေးနွေးဖို့ request လုပ်ခဲ့တယ် ။ အဲဒါကိုပါ ကြည့်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ် ...........။ )
 သံလွင်(blog)
ဘကြီးသက်
Unknown at 12:03 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနဲ့ ဆက်သွယ်မေးမြန်းချက်..



အလယ်သံကျော်ကျေးရွာ၊ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် (၇) နယ်မြေတွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းရှိ မောရ၀တီကျေးရွာမှ ဒုက္ခသည်များကို ဖြေသိမ့်နှစ်သိမ့်ပေးစဉ်။ (ဇူလိုင် ၁၂ရက်၊ ညနေ ၅း၀၀ နာရီ)
88 Generation Students ဖေ့စ်ဘွတ်ခ်
အလယ်သံကျော်ကျေးရွာ၊ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် (၇) နယ်မြေတွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းသို့ ငွေကြေးနှင့် ပစ္စည်းများလှူဒါန်းစဉ်။ (ဇူလိုင် ၁၂ရက်၊ ညနေ ၅း၁၀ နာရီ)
 ရခိုင်ပြည်နယ်သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇူလိုင်လ ၁၃ ရက် ) နံနက် ၇း၀၀နာရီတွင် မြန်မာနိုင်ငံ၏ အနောက်ဘက်စွန်းရှိ မြန်မာ - ဘင်္ဂလားရှေ့ နှစ်နိုင်ငံ နယ်စပ်စည်းရိုးသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ကြသည်။

                                                               အသံဖိုင်
ဘကြီးသက်
Unknown at 11:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီ...ရာဇ၀င် အရိုင်းကိုဖြင့် (မင်းကိုနိုင်)

 



ယနေ့ စာနယ်ဇင်းများ၏ တာထွက်ခရီးမှာ အကျည်းတန်ခဲ့ပါသည်။ မိမိ ရေးသား ဖော်ပြလိုသည်များကို ဖြတ်တောက် ဖြုတ်ပယ်သည့် စိစစ်ရေးဒဏ် ခံရသလို မိမိ မယုံကြည်၊ လက်မခံနိုင်သည့် အယူအဆ၊ လမ်းစဉ်များ အပါအ၀င် ပုဂ်္ဂိုလ်ရေး အသားလွတ် တိုက်ခိုက်သည့် မိုးကျရွှေကိုယ် ဆောင်းပါးများကိုလည်း မဖြစ်မနေ ဖော်ပြခဲ့ကြရပါသည်။ 

ထိုသို့ အနိုင်ကျင့်ခံရစဉ် အယ်ဒီတာ (ခေါ်) စာတည်းတို့ မည်မျှ နာကျင်ခဲ့မည် နည်း။
          ရာဇ၀င်ရိုင်းသည် ဆိုတာ ဒါမျိုး ဖြစ်ပါလိမ့်မည်။
....
ထိုမှသည် စာနယ်ဇင်းတို့ (ဒီဘက်ခေတ်) သမိုင်းမှာ ပွဲတော်ကြီးလည်း တွေ့ခဲ့ပါ သေးသည်။
          ပွဲတော်ကြီး ဆိုသည့်အတိုင်း ရုံသွင်း လက်ဝှေ့စိန်ခေါ်ပွဲများနှယ် ကလောင်ချင်း ထိုးသတ်သည့် ပွဲများကို စာမျက်နှာများ ပေါ်၌ စီစဉ် ရုံသွင်းသူက သွင်း၍ ထိုးသူတွေကထိုး ဗိန်းမောင်းသံတွေ ညံခဲ့ပါတယ်။
          ပြီးတော့ ခေတ်စီးကြောင်းဟု ခေါ်ကြသည့် မြောင်းထဲ မျောလာသည့် ဖက်ရှင်ဒီဇိုင်းများ ပြိုင်ဆိုင်ကြရင်း အစွမ်းကုန် တိုပြတ်လာပုံများ၊
          မှုခင်း ပြစ်မှုဆိုင်ရာများ၌လည်း မည်သည့်အမှုအကြောင်း ခေါင်းစဉ်ပြာ များဖြင့် ရေပန်းစားခဲ့သည်ကို စာဖတ် သူများ အသိခဲ့ဆုံး ဖြစ်ပါလိမ့်မည်။ ငွေကြယ်ပွင့်တို့ အတွင်းရေးကိုမှ မုဆိုး သားကောင်လိုက်သလို တောနင်းရှာခဲ့ ကြသည့် ကျွန်တော်တို့ သတင်းထောက် အယ်ဒီတာများ ရွှေသမင်လိုက်ခန်းတွေ လည်း မှော်ရုံတောမှာ ရှိခဲ့ပါပြီ။
          ချုပ်ပြောရလျှင်တော့ အဲဒီကာလ စကားအတိုင်း “နိုင်ငံရေးမပါလျှင် ပြီးရော” ကျင့်စဉ်ပဲ ဖြစ်ပါသည်။
          ထိုသို့ စာပေ သရောကြီး ခိုင်းမှုကို အတွေးအခေါ်အရ ကြံ့ကြံ့ခိုင် ခုခံခဲ့ကြ သော ကလောင်များကိုတော့ ရာဇ၀င်ထဲ က သူရဲကောင်းများ အဖြစ် မှတ်တမ်း တင်ကြပါလိမ့်မည်။
.....
မကြာမြင့်မီကာလမှာတော့ စာနယ်ဇင်း၏ ရာဇ၀င်အရိုင်းကို ပြင်ခွင့် ကြိုးပမ်းလာကြ ပါသည်။
          ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းသို့ဟု ကျွန်တော်တို့ ကြွေးကြော် ချိန်၊ စာနယ်ဇင်းများကလည်း စာပေ လွတ်လပ်ခွင့်ကို သံကုန်ဟစ်ကြပြီ။
          ပွင့်လင်း လူ့အဖွဲ့အစည်းဆိုသည်မှာ အမှောင်ပိတ်ခေတ်လို ပြစ်ဒဏ်တွေ ပေးလိုက်မည်ဟု ခြိမ်းခြောက်ခံမည် မဟုတ်။ အခွင့်အရေးကိုလည်း သိ၊ တာဝန်ယူမှုလည်း ရှိရမည်။
          စာနယ်ဇင်းတွင်လည်း လွတ်လပ်ခွင့် နှင့် တွဲလျက် ကျင့်ဝတ်ဆိုတာ ယှဉ်လျက် ထင်ရှား လာသည်။
          စကားလုံးတွေ ကွဲသည့်တိုင်၊ သဘောချင်းတော့ တူသည်ပင်။
          စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် အတူ ပရိသတ်၏ အာရုံဩတ်မှုလည်း ပြောင်း လှည့်လာသည်။ ယခင်က လေသံဟခွင့် မရခဲ့သော နိုင်ငံရေးဆိုသည့် စကားလုံး နှင့် ဒီမိုကရေစီ သဘောတရားများ ဟောခွင့် နာခွင့်လည်း ရလာသည်တွင် မူလ လက်ဟောင်း နိုင်ငံရေးသမား ဒီမိုကရေစီ ဘက်တော်သားများသာမက ခါတော်မီ ဂုရုကြီးတွေပါ ထွန်းပခဲ့ပါသည်။
          ဈေးကွက်သဘော နောကျေသည့် ထုတ်ဝေသူများကလည်း မူရင်း အပျော် ဖတ်၊ အပေါ့စား (အပေါစားဟု မဆိုရက်ပါ) အလှအပရေးရာနှင့် ဈေးဝယ်စာစောင်များ မကျန် နိုင်ငံရေးဆိုင်ရာ သတင်း၊ တွေ့ဆုံ မေးမြန်းခန်းတွေ အလုအယက် ထည့်ကြ ရသည့် ကာလတစ်ခုကို ဖြတ်သန်း ရတော့သည်။
          နဂို နိုင်ငံရေး အခြေခံ စာစောင်တွေ ကတော့ ရှင်းပါသည်။ မိမိတို့ လုပ်နိုင် ရေးနိုင်စွမ်းတွေကို ထပ်ချဲ့သည်။ တွေ့ဆုံ မေးမြန်းခန်းတွေမှာ ၀မ်းစာကောင်းသော အမေးအဖြေတွေ ဖတ်ရသည်။ နိုင်ငံရေး တစ်ခေတ်ဆန်းပြီပေါ့။
          ထိုအခြေမှ ပိုအားရစရာကောင်း လာသည်ကတော့ ယခင် အသံလွှင့်ဌာန များမှသာ ထုတ်လွှင့်လေ့ရှိသည့် တိုင်ကြားချက်များ ပြည်သူ့နစ်နာချက်များ မတရားမှုများအကြောင်း စာနယ်ဇင်းတို့ အပြိုင် ဖော်ပြလာခြင်းပင်။ (အမှိုက်ပုံ ရွှေ့ပေးပါ၊ ညှော်နံ့နံတယ် စသည်လောက် ဖော်ပြပေးခဲ့သော တိုင်ကြားချက်မျိုးကို မဆိုလိုပါ)
          သည်တွင် သတိပြုစရာကောင်းသော အချက်ကို တွေ့ရပါသည်။ ဤသည်မှာ (ဌာနဆိုင်ရာများ အပါအ၀င်) မတရား ပြုနေသူတို့သည် အမှောင်ထဲ အသံတိတ် ဒုစရိုက်ပြုနေသူများနှင့် တူလှသည်။
          စာနယ်ဇင်း အပါအ၀င် သတင်း ဌာနတွေမှ မီးမောင်းထိုးလိုက်သည်နှင့် တစ်ပြိုင်နက် အမှောင်ကြိုက် မသမာ သူတို့ လက်တွန့် လက်ရုပ်သွားကြရသည်။ သတင်း မီဒီယာတွေမှ အသံကုန် ဟစ်လိုက်သည်နှင့် မသူတော်တို့ ကိုယ်ရှိန်သတ် သွားရသည်။ စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ၏ စွမ်းအားမှာ အပြစ်ရှိသူကို အပြစ်ဒဏ်မပေးနိုင်သည့် တိုင် အထက်က ဆိုခဲ့သလောက် (ကိုယ်ရှိန်သတ်၊ နောက်ဆုတ်သွားအောင်) တော့ စွမ်းဆောင်နိုင်ကြပါသည်။
          အချို့ မတရားမှုများအတွက် ပွင့်လင်း လူ့အဖွဲ့အစည်းသို့ လာရောက် တိုင်ကြား ရာ၌ တရားစွဲခိုင်းသော်လည်း တိုင်ကြား သူတို့ကပြောတာ စဉ်းစားဖွယ် ကောင်းလှ သည်။
          “တရားရုံးက ကြာဦးမှာ၊ မီဒီယာမှာ ပါသွားရင် သူတို့ ပျာယာခတ်ပြီး လာညှိ ကြတာ များတယ်” ဟူ၏။
          ကျွန်တော်တို့ စဉ်းစားသင့်လှသည် ထင်ပါသည်။
          တရားစီရင်ရေး အာဏာကို ပြည်သူ တွေ မယုံကြည်ကြတာ ကောင်းသော အလားအလာ မဟုတ်ပါ။ အန္တရာယ် အလွန်ကြီးပါ သ ည်။ ထိုမျှမကသေးပါ။
          မဟုတ်မတရား လုပ်နေသူတွေ ကိုယ်တိုင်လည်း တရားရုံးများကို မကြောက်ကြတာ လွန်စွာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။
          တရားစွဲခံရမည် ဆိုတာ သိလျက် ဆက်လက်၍ ဗြောင်ကျကျ မတရား လုပ်ဝံ့သူတွေ တစ်နေ့တခြား ပွားလာ နေခြင်းမှာ တရားစီရင်ရေးကို သူတို့ ချယ်လှယ်နိုင်သည်ဟု ယုံကြည်နေ၍ ဖြစ်ပါသည်။ အဆိုးဆုံးကတော့ အုပ်ချုပ်ရေးအာဏာက တရားစီရင်ရေး အာဏာကို လွှမ်းမိုး ထားနိုင်သည်ဟု အများစုက ယုံကြည်ဆဲ ရှိနေခြင်းပင်။
          တရားမစွဲဘူး အလကားပဲ၊ မီဒီယာက အော်လိုက်မှ အထက်ကသိပြီး အရေးယူ ခံရမှာကြောက်လို့ မတရားမှုတွေ ဇက်ပုပြီး  ရုပ်သိမ်းသွားမည်ဟု အားလုံးနီးပါး ယူဆ မြဲ။ ဒီအချက်က ကျွန်တော်တို့ လူ့အဖွဲ့ အစည်းအတွက် အ်္တရာယ်ကြီးလှပါသည်။
          သို့သော် မတရားလုပ်သူတို့ မီဒီယာ တွေကို ကြောက်တာတော့ တော်သေးရဲ့ ဟု ဖြေသာရမလို ဖြစ်နေသည်။
          စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ တန်ခိုး ထွားလာတာ တရားမျှတမှု ဓားထက် လာတာကို ကြိုဆိုပါသည်။ ပွင့်လင်း လူ့အဖွဲ့အစည်းက မတရားမှု တွေကို ဖော်ထုတ် မီဒီယာတွေက မီးမောင်းထိုး အသံချဲ့စက်တပ် ဟစ်အော်၊ လက်တွဲညီ ဆောင်ရွက်နိုင်ကြတာ တစ်မျိုးတော့ ကောင်းပါသည်။
          သို့သော် သတင်းသမားတွေအနေနှင့် ဖြစ်စဉ်တစ်ခုကို ရေဆုံးရေဖျား လိုက်ဖို့ တော့ လိုပါသည်။ မတရားမှုဖြစ်စဉ်ကို မစို့မပို့လေး တို့ထိပြီး ပစ်ထားမိလျှင် ဆေးယဉ်သွားမှာ ကြောက်ရပါသည်။
          တရားမျှတမှုဘက်မှ ရပ်ခံသူတွေနှင့် သတင်းဌာနတွေ လက်တွဲ ဖော်ထုတ်ခဲ့၍ အကြိမ်ကြိမ် အားပြိုင်ပြီးမှ အမှန်တရား ဘက်က အောင်ပွဲခံခဲ့သည့် သာဓကများ ယခုအခါများမှာ ရှိနေပြီ ဖြစ်ပါသည်။ (ဥပမာ ၀န်ထမ်း လစာထဲမှ အရစ်ကျ ပေးဝယ်ထားသည့် မြေများကို သိမ်းယူမှု၊ မီးသင့်ဈေး ဆိုင်ခန်းများ ပြန်လည် နေရာချထားရာ နစ်နာမှုများကို ဖြေရှင်း ပေးနိုင်ခဲ့ခြင်း အပါအ၀င် များစွာသော ဖြစ်စဉ်များ)
          မကြာမီ စာပေ စိစစ်ရေး ပြုတ်၍ စာနယ်ဇင်းကောင်စီ ကျန်ခဲ့မည်။ ကျန်ခဲ့ သည့် ကောင်စီမှာလည်း ဒိုင်းဝန်းထက် ကဲသည့် မောင်ပုလဲ မဖြစ်ဖို့ အရေးကြီးသည်။
          စာနယ်ဇင်း လောကသားတစ်ယောက်က ဆိုပါသတဲ့၊ စိစစ်ရေး ရှိတာကမှ တော်သေးတယ်၊ ကိုယ့်ဟာ ကိုယ် တာဝန်ခံထုတ်၊ ဖြစ်လာရင် တရားစွဲမယ်ဆိုတော့ ငါ့ထုတ်ဝေခွင့်လေး အသိမ်းခံရမှ ဒုက္ခ ...၊
          အတော် လက်မခံစရာကောင်းသည့် အပြုခံ စိတ်ဓာတ်ဟု မြင်ပါသည်။ ခုချိန်တွင် စာနယ်ဇင်း အချို့ကို ၀န်ကြီး ဌာနအချို့က တရားစွဲဆိုချိန် ဘ၀တူချင်း ကျောချင်းကပ်ကြတာကိုလည်း သိမှတ် ပြုရပါသည်။
          နောက်ဆုံး ပြောခွင့်ပြုစေချင်သည် ကတော့ လူ့အဖွဲ့အစည်းရဲ့ တစ်ထောင့် တစ်နေရာက ကယ်ပါ ယူပါ အသံများ၊ မတရားမှုကို သံကုန်ဟစ် အော်သံများ၊ အမှန်တရား၏ အောင်ပွဲခံသံများ အားလုံး လေထုထဲ ပဲ့တင် မပျောက်ခင် အမိအရ ဖမ်းယူလျက် သမိုင်းနှင့်အတူ ပြေးလွှား ရင်း မှတ်တမ်းတင်ရာတွင်
          ကျယ်ပြန့်လှသော ဖြစ်စဉ်တိုင်းကို စာတစ်မျက်နှာ နေရာကျဉ်းကျဉ်း ကျားကုတ်ကျားခဲ ရေးထွင်း ကမ္ပည်း တင်ရသည့် စာနယ်ဇင်းသမား မှန်သမျှ သည် သမိုင်းမူကြမ်း ရေးရသည့် လက်များ ပီပီ ရာဇ၀င်အရိုင်းကိုဖြင့် ကျက်သရေ ရှိသော သမိုင်းအဖြစ် ရေးထွင်းနိုင်ကြစေ လိုခြင်း ဖြစ်ပါသည်။ ၊၊

မင်းကိုနိုင်
 ၂၃ ဇွန် ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၀၊ ၂၀၁၂ ခုနှစ်၊ဇွန် ၂၈)
ဘကြီးသက်
Unknown at 11:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

UN နှင့် INGOs များအပေါ် သဘောထားကြေငြာချက်ထုတ်ပြန်

14-7-2012 နေ့တွင် စစ်တွေမြို့၊ ရခိုင်တိုင်းရင်းသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး မြို့လုံးကျွတ်ကော်မတီက UN နှင့် INGOs များအပေါ် သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါကြေငြာချက်တွင် ဇူလိုင်လ(၁၁)ရက်နေ့တွင် နိုင်ငံတော်သမ္မကြီးက UNHCR တာဝန်ရှိသူတို့အားပြောကြားသည့် သဘောထားမှတ်ချက်အား ထောက်ခံကြောင်း၊ UN နှင့် INGOs တို့သည် ခေတ်အဆက်ဆက်ကပင် ရခိုင်ပြည်တွင် အခြေတည်ပြီး တရားမ၀င်ကျူးကျော်ဝင်ရောက်လာသည့် နိုင်ငံခြားသား ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီလူမျိုးကိုကိုထောက်ပံ့ခဲ့ကြောင့် ယခုကဲ့သို ဘင်္ဂလီများ၏အကြမ်းဖက်မှုကို ရခိုင်တိုင်းရင်းသားများခံစားခဲ့ရကြောင်း၊ သို့အတွက်ကြောင့် အဆိုပါ UN နှင့် INGOs တို့မှ ရခိုင်တိုင်းရင်းသားများအပေါ် ပေးအပ်မည့်မစို့တပို့အကူအညီကိုလုံးဝငြင်းပယ်မည် ဖြစ်ကြောင်း
 ဖော်ပြထားသည်။
 


ဘကြီးသက်
Unknown at 11:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်မြို့တွင်း (တက္ကစီ) အငှားယာဉ်များ သိသိသာသာ များပြားလာ



From : ခေတ်လူငယ်
ရန်ကုန်မြို့တော်တွင် မော်တော်ယာဉ်နှင့် ပတ်သက်သော စည်းမျဉ်းသတ်မှတ်ချက်များ ပြောင်းလဲအပြီး ၁၀ လတာ ကာလအတွင်း (တက္ကစီ) အငှားယာဉ် သိသိသာသာ များပြားလာပြီး ခရီးသည် ဝေစုရရှိမှုမှာလည်း သိသိသာသာ လျော့နည်းလာသည့်အတွက် (တက္ကစီ) အငှားယာဉ်များ၏ အုံနာခကို ပိုင်ရှင်များက အထိုက်အလျောက် လျှော့ချပေးခဲ့သော်လည်း ယာဉ်ပိုင်ရှင်များအတွက် အခက်အခဲများစွာ ရှိနေကြသည်ဟု ယာဉ်ပိုင်ရှင်များက ပြောသည်။ စီအင်န်ဂျီအငှားယာဉ်များသည် ဈေးနှုန်းအရ တွက်ခြေကိုက်သော်လည်း အသစ်သွင်းလာသော ကားသစ်များပါ (တက္ကစီ) အငှားယာဉ်များအဖြစ် ဝင်ရောက်ပြေးဆွဲလာကြခြင်းကြောင့် ယာဉ်ပိုင်ရှင်အများစုမှာ ယာဉ်စီးခကို ယခင်ထက် လျှော့ယူခဲ့ကြသည်။ သို့ရာတွင် ယာဉ်အတွက် ရင်းနှီးထားရသော စရိတ်၊ အသင်းအဖွဲ့၊ အစုအပိုင်များကဲ့သို့ ငွေကြေးရင်းနှီးမှု အားသာချက်များ မရရှိကြသော အခြေအနေများကြောင့် တစ်ဦးတစ်ယောက်ချင်း ပိုင်ဆိုင်လုပ်ကိုင်နေကြသော စီးတီး(တက္ကစီ) အငှားယာဉ် ယာဉ်ပိုင်ရှင်များမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။ ရန်ကုန်မြို့ရှိ စီးတီးတက္ကစီ ယာဉ်အစီးရေမှာ တစ်သောင်းခွဲကျော်ခန့် ရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 11:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာကို အာဆီယံက စောင့်ကြည့်နေ


Photo courtesy of ASEAN web site

အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်
အာဆီယံ အထွေထွေ အတွင်းရေးမှူး Dr. Surin Pitsuwan က ဘင်ဂါလီ ရိုဟင်ဂျာ အရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံခြားရေးဝန်ကြီးတွေကို ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း တွေ့ဆုံမေးမြန်းလိုက်ပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာ လူမျိုးတွေနဲ့ ပတ်သက်တာကို အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကတိပြုခဲ့ကြပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကိစ္စကို စောင့်ကြည့်ပြီး အစီရင်ခံတင်ပြရန် အာဆီယံ အတွင်းရေးမှူးအဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။

အဲဒီအတွင်းရေးမှူးအဖွဲ့ ရဲ့ လုပ်ပိုင်ခွင့်တွေကို အထွေထွေ အတွင်းရေးမှူး က ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။

လက်ရှိ အထွေထွေအတွင်းရေးမှူး Dr. Surin Pitsuwan က အာဆီယံ နိုင်ငံတွေမှာ ရွေ့ပြောင်း အလုပ်သမားတွေအဖြစ် သွားရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အပေါ် အာဆီယံ ပြည်သူတွေက စိုးရိမ်နေတဲ့ အချက်ကို အလေးအနက် ထားပါတယ် လို့ပြောပါတယ်။

ဒါအပြင် Dr. Surin Pitsuwan က အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကြုံတွေ့နေကြရတဲ့ ဒုက္ခတွေကို မိမိတို့က နား၊ မျက်စိဖွင့်ပြီး စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

RFA Burmese
ဘကြီးသက်
Unknown at 11:07 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Do you know ? သင်မသိလောက်ပါ။




လူသတ်တဲ့လျှပ်စစ်ကုလားထိုင်ကနေ ရာဇပလ္လင်အဖြစ်သို့ 
အပြစ်ရှိတဲ့လူတွေကို သတ်ဖို့အတွက် လျှပ်စစ်ကုလားထိုင်ကို နယူးယောက်မြို့မှာ ၁၈၉၀ သြဂုတ်လ ၆ ရက်နေ့မှာ စတင်အသုံးပြုပါတယ်။ အီသီယိုပီးယားနိုင်ငံဘုရင် ဒုတိယမင်နီလိပ်က အဲဒီသတင်းကို ကြားပြီး တော်တော်သဘောကျသွားပါတယ်။ အဲဒါနဲ့ ခေတ်မှီလျှပ်စစ်ကုလားထိုင်သုံးလုံးကို နယူးယောက်မြို့က ကုမ္ပဏီဆီလှမ်းမှာယူလိုက်ပါတယ်။ ကုလားထိုင်တွေရောက်လာတော့ ဘယ်လိုမှ အသုံးပြုလို့မရတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက အီသီယိုပီးယားနိုင်ငံမှာ လျှပ်စစ်မီးလုံးဝမရှိလို့ပါပဲ။ ဘုရင်ကြီးဟာ ဈေးကြီးပေး ၀ယ်ထားတဲ့ ကုလားထိုင်သုံးလုံးကို နှမျောပြီး အလဟဿမဖြစ်စေဖို့အတွက် တစ်လုံးကို သူထိုင်မယ့် ရာဇပလ္လင်အဖြစ် အသုံးပြုလိုက်ပါတယ်။

မသေချင်ပါဘူးဆိုမှ 
ဂျွန်ဒီလင်းဂါးဆိုတာ အမေရိကန်မှာ နံပတ်တစ် လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ သူ့ကို အသေပဲဖြစ်ဖြစ် အရှင်ပဲဖြစ်ဖြစ် ဖမ်းမိခဲ့ရင် ဆုငွေ ဒေါ်လာတစ်သောင်းပေးမယ်လို့ အစိုးရက ကြေငြာလိုက်ပါတယ်။ စုံထောက်အဖွဲ့ကလည်း သူ့နောက်ကို တကောက်ကောက်လိုက်နေပါတယ်။ အဲဒီအချိန်မှာ လူဆိုးကြီးဟာ ဆရာဝန်တစ်ယောက်ကို ဒေါ်လာငါးထောင်ပေးပြီး သူ့မျက်နှာကို ခွဲစိတ်ပြုပြင်ပါတယ်။ လက်ဗွေရာတွေကိုလည်း ဖျက်ဆီးပါတယ်။ ဆရာက၀န်က အတတ်နိုင်ဆုံးကူညီပေမယ့် မေ့ဆေးပေးတာ လွန်သွားလို့ သေသွားပါတယ်။
ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုးဟာ နော်ဒီဒိမ်းဘုရားကျောင်းက ခါးကုန်းကြီးစတဲ့ စာအုပ်တွေနဲ့ ကမ္ဘာကျော်ခဲ့တာပါ။ သူ့ရဲ့ စာရေးပုံလေးက အတုယူစရာကောင်းပါတယ်။ သူဟာ စာရေးဖို့အရမ်းပျင်းတဲ့လူတစ်ယောက်ပါ။ အဲဒီအခါတိုင်းမှာ သူဟာ စာရေးဖြစ်အောင်အတွက် သူ့မှာရှိတဲ့ အ၀တ်အစားတွေနဲ့ ကိုယ်မှာဝတ်ထားတဲ့အ၀တ်တွေကိုပါ ချွတ်ပြီး သူ့တပည့်ကိုပေးလိုက်ပါတယ်။ အဲဒီအခါ သူဟာ အ၀တ်အစားမရှိတော့တဲ့အတွက် အပြင်ထွက်လို့မရတော့ပါဘူး။ အဲဒီတော့မှ အနားမှာရှိတဲ့ ခဲတံနဲ့ စက္ကူကိုကောက်ပြီး စာရေးနိုင်ပါတော့တယ်။
ယင်ဈာပန 
ရောမနိုင်ငံမှာ ကျော်ကြားခဲ့တဲ့ကဗျာဆရာကြီးဗာဂျီဟာ ဘီစီ ၁၉ ရာစုမှာ ယင်ကောင်တစ်ကောင်ရဲ့ အသုဘကို ဦးဆောင်ခဲ့ပါတယ်။ သာမန်ယင်ကောင်လေးတစ်ကောင်ကို တီးဝိုင်းတွေ ငိုကြွေးသူတွေနဲ့ ယင်ကောင်ရဲ့အိမ်တော်လို့ သတ်မှတ်ထားတဲ့နေရာကနေ အထူးသတ်မှတ်လိုက်တဲ့ ကွင်းပြင်ကြီးဆီ လိုက်ပို့ခဲ့ကြပါတယ်။ အဲဒီယင်ကောင်နဲ့ပတ်သတ်တဲ့ ကဗျာစာတမ်းတွေလည်း ရေးသားခဲ့ပါတယ်။ အသုဘစရိတ်ငွေဟာ တစ်သိန်းတိတိကုန်ကျခဲ့တယ်လို့မှတ်တမ်းတွေက ဆိုပါတယ်။
အဲဒီလိုလုပ်တာဟာ အကြောင်းမဲ့မဟုတ်ပါဘူး။ အဲဒီအချိန်က ရောမနိုင်ငံမှာ ဥပဒေတစ်ရပ်ထုတ်လိုက်ပါတယ်။ အဲဒါကတော့ သူဌေးသူကြွယ်တွေပိုင်ဆိုင်တဲ့မြေအားလုံးကို စစ်ပြန်တပ်မတော်သားတွေကို ပေးရမယ်လို့ပဲဖြစ်ပါတယ်။
ကဗျာဆရာသူကြွယ်ကြီးဟာ အဲဒီလို ယင်ကောင်ရဲ့အသုဘကို လုပ်ပြသရော်လိုက်တဲ့အတွက် အဲဒီဥပဒေကို ပြန်ရုတ်သိမ်းသွားပါတယ်။
ဆွစ်ဇာလန်ရေတပ်မတော်
အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒီလီယန်ဘိုင်ဆိုတဲ့လူဟာ တာဝန်ခံဖြစ်ခဲ့ပါတယ်။ ဆွစ်ဇာလန်ရေတပ်မတော်အား ပနားမားတူးမြောင်းဖွင့်ပွဲသို့ တက်ရောက်ပေးပါရန်ဖိတ်ကြားအပ်ပါသည် ဆိုပြီးသူက သ၀ဏ်လွှာပို့ခဲ့ပါတယ်။ ဒါပေမယ့် ဖွင့်ပွဲရက်မှာ ဆွစ်ဇာလန်နိုင်ငံကတက်ရောက်ခြင်းမရှိခဲ့ပါဘူး။
ဘာလို့လဲဆိုတော့ ဆွစ်ဇာလန်နိုင်ငံမှာ ဘယ်တုန်းကမှ ရေတပ်မတော်ဆိုတာ မရှိခဲ့လို့ပါပဲ။
လက်ရာကောင်း 
အမေရိကန်အမျိုးသားပန်းချီအကယ်ဒမီမှာ အက်အပ်ဒစ်ဆင်ဆိုတဲ့လူ ရေးဆွဲတဲ့ ပန်းချီကားကို ဒုတိယဆုချီးမြှင့်ခဲ့ပါတယ်။ ဆုပေးပြီးမှ ပန်းချီကားဟာ ပွဲစကတည်းက ပြောင်းပြန်ကြီးချိတ်ထားတာကို သိကြရပါတယ်။
သနားစရာဒေါက်တာဝပ်ဆင် 
   စာရေးဆရာ အာသာကင်နင်ဒွိုင်းဟာ ရှားလော့ဟုမ်းဝတ္ထုတွေထဲမှာ ဒေါက်တာဝပ်ဆင်ဆိုတဲ့ ဇာတ်ကောင်ကို အမြဲထည့်သွင်းလေ့ရှိပါတယ်။ဒေါက်တာဝပ်ဆင်ဟာ သူ့ဝတ္ထုတွေထဲမှာ-
- စစ်အတွင်းက သေနတ်ဒဏ်ရာရခဲ့သည်။
- လက်မောင်းမှာ ဒဏ်ရာရခဲ့သည်။
- ခြေထောက်မှာ သေနတ်ဒဏ်ရာရခဲ့သည် စသဖြင့် တစ်ကြိမ်နဲ့တကြိမ် မတူအောင် ရေးသားခံခဲ့ရပါတယ်။
ဆီးနှင်းရှင်းတဲ့စက် 
အာရပ်နိုင်ငံတွေမှာ ဆီးနှင်းဆိုတာ လုံးဝမရှိပါဘူး။ အရမ်းပူတဲ့နိုင်ငံတွေပါ။ ဒါပေမယ့် ဆီးနှင်းရှင်းတဲ့စက်တွေကို သူတို့ အမြဲဝယ်ယူကြပါတယ်။ သဲတွေကိုရှင်းပါတယ်။
Do you know ? သင်မသိလောက်ပါ။ (၂)
http://www.mailsfromfriends.co.cc/2011/12/do-you-
ဘကြီးသက်
Unknown at 11:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.