Sunday, July 15, 2012

အာဇာနည်နေ့ အခမ်းအနား သို့ နိုင်ငံရေး ပါတီ တစ်ပါတီလျှင် ၅ဦး တက်ရောက် ခွင့်ရရှိ


အာဇာနည်နေ့ အခမ်းအနား သို့ နိုင်ငံရေးပါတီများမှတစ်ပါတီလျှင်၅ဦးသာ တက်ရောက်ရ မည်ဖြစ် ကြောင်း သိရသည်။

ရွေးကောက် ပွဲကော်မရှင်မှ အာ ဇာနည်နေ့အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားပြီး ၅ဦးထက်မပိုရန် တားမြစ် ကြောင်း နိုင်ငံရေး ပါတီများထံမှသိရသည်။


''ရွေးကောက်ပွဲကော်မရှင်က အာဇာနည်နေ့အခမ်းအနားတက်ဖို့ဖိတ်ပါတယ်။ သို့သော် ၅ဦး ထက်မပိုရဘူး လို့တော့ပြောတယ်။ အန်ကယ်လ်တို့ပါတီအ နေနဲ့အာဇာနည်နေ့ အခမ်းအနား ကိုတက် ရောက်ဖို့ စာရင်း ပေးပြီးပါပြီ'' ဟုဒီမိုကရေစီ နှင့်ငြိမ်းချမ်းရေး ပါတီအထွေထွေ အတွင်းရေး မှူး ဦးမျိုးညွှန့် ကပြောသည်။

ရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်၁၁ရက်တွင်အကြောင်းကြား ခဲ့ပြီးယမန်နှစ် ကဖိတ်ကြားခြင်း မရှိသော နိုင်ငံရေးပါ တီများ ကိုပါဖိတ်ကြားသည်ဟုသိရသည်။

''မနှစ်ကမဖိတ်ဘူး။ဖိတ်စာ မ ရတာလည်းဖြစ်နိုင်ပါတယ်။အာဇာနည်နေ့ အခမ်းအနား တက်ရောက် ဖို့ဖိတ်ကြား ခံရ တာဝမ်းသာပါတယ်။ အလုပ်တွေအရမ်းရှုပ် နေလို့ အခမ်းအနား ကိုတော့ တက်ရောက် နိုင်မှာ မဟုတ်ဘူး''ဟုချင်းအမျိုးသားပါတီ ဥက္ကဋ္ဌဦးဇိုဇမ်ကပြောသည်။

အာဇာနည်နေ့အခမ်းအနား သို့နိုင်ငံရေး ပါတီတစ်ပါတီလျှင် ၅ဦးတက် ရောက်ခွင့်ရှိသော်လည်း ချင်း အမျိုး သား ပါတီမှာ အခမ်းအနား သို့တက်ရောက်နိုင် မည်မဟုတ်ကြောင်း သိရသည်။

အေးမြမြထွန်း - Yangon Media Group

ဘကြီးသက်
Unknown at 4:41 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.