Sunday, July 15, 2012

ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာကို အာဆီယံက စောင့်ကြည့်နေ


Photo courtesy of ASEAN web site

အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်
အာဆီယံ အထွေထွေ အတွင်းရေးမှူး Dr. Surin Pitsuwan က ဘင်ဂါလီ ရိုဟင်ဂျာ အရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံခြားရေးဝန်ကြီးတွေကို ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း တွေ့ဆုံမေးမြန်းလိုက်ပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာ လူမျိုးတွေနဲ့ ပတ်သက်တာကို အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကတိပြုခဲ့ကြပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကိစ္စကို စောင့်ကြည့်ပြီး အစီရင်ခံတင်ပြရန် အာဆီယံ အတွင်းရေးမှူးအဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။

အဲဒီအတွင်းရေးမှူးအဖွဲ့ ရဲ့ လုပ်ပိုင်ခွင့်တွေကို အထွေထွေ အတွင်းရေးမှူး က ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။

လက်ရှိ အထွေထွေအတွင်းရေးမှူး Dr. Surin Pitsuwan က အာဆီယံ နိုင်ငံတွေမှာ ရွေ့ပြောင်း အလုပ်သမားတွေအဖြစ် သွားရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အပေါ် အာဆီယံ ပြည်သူတွေက စိုးရိမ်နေတဲ့ အချက်ကို အလေးအနက် ထားပါတယ် လို့ပြောပါတယ်။

ဒါအပြင် Dr. Surin Pitsuwan က အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကြုံတွေ့နေကြရတဲ့ ဒုက္ခတွေကို မိမိတို့က နား၊ မျက်စိဖွင့်ပြီး စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

RFA Burmese
ဘကြီးသက်
Unknown at 11:07 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.