Sunday, July 8, 2012

ထိုင်းနိုင်ငံရေးခေါင်းဆောင်တွေလို ဂုဏ်သိက္ခာရှိ တဲ့ ခေတ်သစ်နိုင်ငံရေး ယဉ်ကျေးမှုကို ဖြတ်သန်းဖို့ လိုပါတယ်

ရွေးကောက်ပွဲရူံးတဲ့ကျောင်းကလေး
0 Comments
- 08 Jul 2012
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ သား ဦးဖြိုးကိုကိုတင့်ဆန်း ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆွယ်တုန်းကဖြစ်ပျက်ခဲ့တဲ့ ရွေးကောက်ပွဲရူံးတဲ့ကျောင်းကလေးအကြောင်း သံတော်ဆင့် သတင်းစာကဖော်ပြရေးသားထားတာပါ.....Photo...ဒီမိုဖက်တီး Facebook...

More Link


ကျွန်တော်ဖတ်ရတဲ့ သတင်းထဲ မှာထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်နဲ့ လက်ရှိ ဝန်ကြီးချုပ်သစ် ရင်လတ်တို့ အမျိုးသားရေး၊ တိုင်းပြည် အရေး ကို အတူတကွ တဦးနှင့်တဦး လေးလေးစားစား ဆက်ဆံပြီး ပူးပေါင်းဆောင်နေတာတွေ့ရတော့ အထူးဝမ်းသာ ကြည်နူးမိတယ်။ ထိုင်း ပြည်သူတွေကတော့ သူတို့ရဲ့ ခေါင်းဆောင် နှစ်ဦးကို ဂုဏ်ယူကြမှာတော့ ဧကန်မလွဲပါ။

ဒါဟာ ထိုင်း ခေါင်းဆောင်တွေ ခေတ်သစ်နိုင်ငံရေးကို ကျော်ဖြတ်နေကြပြီဆိုတဲ့ သမိုင်းအထောက်အထား တခုပါ။ သူတို့ နှစ်ဦးမှာ အမြင် မတူတာတွေ၊ သဘောထား မတူတာတွေက ရှိနေကြပေမယ့်၊ သူတို့ နှစ်ဦးဟာ ဂုဏ်သိက္ခာ ရှိတဲ့ ထိုင်းနိုင်ငံရေး ယဉ်ကျေးမှုသစ်တရပ်ကို ကျော်ဖြတ်နေကြပြီလို့ အသိအမှတ် ပြုရပါတော့မယ်။


သူတို့ နှစ်ဦးဟာ ဘာသာတူတဲ့ နိုင်ငံရေး ယဉ်ကျေးမှုတွေက ဖြတ်သန်း လာခဲ့ကြလို့ သဘောထားကြီးကြီး၊ သိက္ခာ ရှိတဲ့ နိုင်ငံရေးကို အတူတကွ လျှေက်လှမ်းနိုင်ခဲ့ကြတာလို့ ထိုင်းနိုင်ငံရေး လေ့လာသူတွေက ပြောဆိုကြတယ်။


မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ နိုင်ငံခေါင်းဆောင် လုပ်မည့်သူများ ထိုင်း နိုင်ငံရေးခေါင်းဆောင်တွေလို ဂုဏ်သိက္ခာရှိ တဲ့ ခေတ်သစ်နိုင်ငံရေး ယဉ်ကျေးမှုကို ဖြတ်သန်းဖို့ အဆင်သင့်ရှိ မရှိ၊ အရည်အချင်း ရှိ မရှိ ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်ဖို့လိုနေပါပြီ။


ဂုဏ်သိက္ခာရှိတဲ့ ခေတ်သစ်နိုင်ငံရေး ယဉ်ကျေးမှု ဆီသို့ ဦးတည် ချီတက်ကြမလားဆိုတာကတော့ အနာဂတ်မှာ နိုင်ငံခေါင်းဆောင် လုပ်မည့် သူများ ပြန်လည် ဆန်းစစ်ကြဖို့ လို ပါပြီ ..။

အချင်းချင်းတိုက်ခိုက်နေမဲ့ အစား..အိမ်နီးချင်းနိုင်ငံတွေ က..အတုယူစရာလေးတွေ နဲ့ ဆန်းစစ်ကြည့်ပါလို့ 

ရွှေအိမ်စည်
ဒေါင်းမာန်ဟုန်

ဘကြီးသက်
Unknown at 6:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတ အကြံပေးကောင်စီဖွဲ့လိုက်ပြီ


 အခုတော့ သမ္မတ အကြံပေးကောင်စီဆိုပြီး ဖွဲ့လိုက်ပါပြီ။ အကြံပေးကောင်စီမှာ ပါဝင်တဲ့ လူစာရင်းလည်း ရလို့ တင်ပြပေးလိုက်ပါတယ်။ အရင်ကတော့ သမ္မတရဲ့ စီးပွားရေးအကြံပေးအဖွဲ့၊ နိုင်ငံရေး အကြံပေးအဖွဲ့ဆို တာတွေ ရှိခဲ့ကြပါတယ်။ အခုကတော့ အကြံပေး ကောင်စီဆိုတော့ အရင်ထက်စာရင် ဖွဲ့စည်းပုံတကျ ဖွဲ့စည်းတဲ့ သဘောလည်း ဖြစ်ပါလိမ့်မယ်။


၁။ ဦးမော်သန်း (နာယက)
၂။ ဦးတင်ထွဋ်ဦး (ဥက္ကဋ္ဌ)
၃။ ဒေါက်တာ အောင်ထွန်းသက် (အဖွဲ့ဝင်)
၎။ ဒေါက်တာ ဒေါ်ခင်စန်းရီ (အဖွဲ့ဝင်)
၅။ ဒေါက်တာ ကျော်ရင်လှိုင်(အဖွဲ့ဝင်)
၆။ ဒေါက်တာ ဇော်ဦး (အဖွဲ့ဝင်) ( ယခင် ABSDF ခေါင်းဆောင်ဟောင်း)
၇။ ဦးသီဟံမျိုးညွန့် (အဖွဲ့ဝင်)
၈။ ဦးသန့်မြင့်ဦး (အဖွဲ့ဝင်) ( ကုလ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေး )
၉။ ဦးတင်မောင်သန်း (အဖွဲ့ဝင်)
၁၀။ ဦးဝင်းအောင် (အဖွဲ့ဝင်)
၁၁။ ဦးသောင်းတင် (အဖွဲ့ဝင်)
၁၂။ ဒေါက်တာ ကိုကိုကြီး (အဖွဲ့ဝင်)
၁၃။ ဦးသန်းလွင် (အဖွဲ့ဝင်)
၁၄။ ဦးခင်မောင်အေး (အဖွဲ့ဝင်)
၁၅။ ဦးလှမောင်ရွှေ (အဖွဲ့ဝင်) ( မြန်မာ- အီးဂရက်စ် - ငါးလုပ်ငန်း)
၁၆။ ဦးမိုးကျော် (အဖွဲ့ဝင်)
၁၇။ ဒေါက်တာ ဒေါ်ရင်ရင်နွယ် (အဖွဲ့ဝင်)
၁၈။ ဒေါက်တာ စစ်အောင် (အတွင်းရေးမှူး)

အခု ဖွဲ့စည်းလိုက်တဲ့ သမ္မတ အကြံပေးကောင်စီဟာ ဘာတွေ ဘယ်က စလုပ်မလဲ ဆိုတာလည်း ကြေညာချက် လိုမျိုးလည်း ပေါ်ထွက်မလာသေးသလို၊ သမ္မတရုံးရဲ့ အင်တာနက် စာမျက်နှာပေါ်လည်း တက်မလာသေးပါဘူး။

ဒီသတင်းကို သီးခြား အတည်ပြုချက် ယူဖို့ ဧရာဝတီက ကြိုးစားနေပါတယ်။

http://blog.irrawaddy.org/


ဘကြီးသက်
Unknown at 6:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကွန်ဖူးမင်းသားကြီးဂျက်ကီချန်းမီဒီယာများနဲ့တွေ့

ဇူလိုင်လ ၈ ရက်။
ကမ္ဘာကူဖူးမင်းသာကြီးဂျက်ကီချန်းဟာဇူလိုင်လ၇ရက်နေ့နေလည်၂နာရီခွဲကရန်ုကန်မြို့ရှီဆိုဒိုးနးဟိုတယ်မှာ စာနယ်ဇင်းမီဒီယာများနဲ့ တွေ့ဆုံပြီးသူ့ရဲ့မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။
ဂျက်ကီချန်းက“မြန်မာနိုင်ငံဟာ ကျွန်တော့် အတွက် အလွန်ကို အသစ်အဆန်း ဖြစ်နေပါတယ်။ မြန်မာလို့ဆိုလိုက်တာနဲ့ ကျွန်တော်ဒေါ်အောင်ဆန်းစုကြည်ကိုပဲ သိပါတယ်။ ဒါကြောင့် ဒီမှာ ဘယ်လိုတွေပြောင်းလဲတိုးတက်နေသလဲဆိုတာ ကျွန်တော် တကယ်ကို လာကြည့်ချင်ခဲ့တာပါ”ဟု ဂျက်ကီချန်းက ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှာနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါတယ်။
သူ့အနေနဲ့မြန်မာနိုင်ငံရဲ့သာယာလှပမှုတွေကို သဘောကျမိပါကြောင်း၊ သတင်းမီဒီယာ  များ အနေနဲ့လည်း ကလေးသူငယ်များ လူကုန်ကူးခံနေရခြင်းနဲ့ သက်ဆိုင်တဲ့ သတင်း များကိုဒီထက်ပိုမိုဦးစားပေးရေးသားစေလိုကြောင်း တိုက်တွန်းပြော ဆိုသွားပါတယ်။
အဲဒီနောက်မှာ မြန်မာအမျိုးသမီးများ ကို အဓမ္မထိမ်းမြား လက်ထပ်ရန် တရုတ်နိုင်ငံကို ရောင်းချခြင်းများ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြီးဆုံး လူကုန်ကူးမှုဖြစ်နေခြင်းနဲ့ ပတ်သက်ပြီး တက်ရောက်လာတဲ့မီဒီယာများမှတာဝန်ရှိသူတစ်ဦးရဲ့မေးမြန်းချက်ကို ဖြေကြားရာမှာ“ဒီလို အဖြစ်အပျက်တွေက မြန်မာနိုင်ငံမှာတင် မဟုတ်ဘဲ တစ်ကမ္ဘာ လုံးမှာ ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ မက္ကဆီကိုမှာလည်း မိန်းကလေးတွေကို အမေရိကန်နိုင်ငံကို ရောင်းစားတာပါပဲ။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်ပါတယ်။ ဒါကြောင့်မို့နိုင်ငံတွေရဲ့ နယ်စပ်ကို ပိုမိုကြိုးစားထိန်းချုပ်ဖို့ လိုအပ်နေတယ်လို့ ကျွန်တော် အကြံပေးလိုပါတယ်။ အရေး အကြီးဆုံးကတော့ မီဒီယာတွေအနေနဲ့ တရုတ် နိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေပိုပြီး တိုးမြှင့်ရေးသားကြဖို့ ဖြစ်ပါတယ်”  “ကလေးသူငယ်တွေ လူငယ်တွေအနေနဲ့ မိမိကိုယ်ကို ဘယ်လိုကြိုတင် ကာကွယ်ရမယ်ဆိုတာသိဖို့ အရမ်းအရေးကြီးပါတယ်။ အခြားနိုင်ငံတွေမှာ အလုပ်အကိုင် ကောင်းကောင်းရမယ်လို့ ကတိက၀တ်တွေပေးတဲ့ မည်သူ့ကိုမဆို မယုံကြည်ဖို့၊ မိမိမသိတဲ့ နေရာဒေသတွေ ကို တစ်ဦးတည်းမသွားဖို့၊ ကိုယ့်မိသားစုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိရှိဖို့နဲ့ ကလေးသူငယ်တွေကို လူကုန်ကူးသူတွေရဲ့ အန္တရာယ်ကနေ ဘယ်လိုကာကွယ် ကူညီပေးနေတယ်ဆိုတာတွေကို သိဖို့ လိုပါတယ်” အဲဒီနောက်မှာဂျက်ကီးချန်းအား သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အဓိက လုပ်ဆောင်ပေးရမယ့် အချက်သုံးချက်အား စာနယ်ဇင်းများက မေးမြန်းရာ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးလုပ်ငန်း များလုပ် ဆောင်ရန်၊ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရတဲ့ ကလေးသူငယ်များအား စောင့်ရှောက်ရန်နဲ့ မိဘမဲ့ ကလေးသူငယ်များအား စောင့်ရှောက်ရန် လိုအပ်ကြောင်း ဖြေကြားခဲ့ပါတယ်။
ဂျက်ကီချန်းဟာ ဒီကနေ့ နံနက်ပိုင်းမှာမြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ယူနီဆက် အထူးသံတမန်အဖြစ် ဆက်လက်သွား ရောက်မည်ဖြစ်ကာ ယင်းနောက်  ဟောင်ကောင်နဲ့ အမေရိကန်နိုင်ငံများ ကို သွား ရောက်ဖို့် စီစဉ်ထားပြီးအဲဒီခရီးစဉ်များအပြီးတွင် အာဖဂန်နစ္စတန် နိုင်ငံကို သွား ရောက်ဖွယ်ရှိတယ်လို့သိရပါတယ်။                                      ရတနာပုံသတင်း
Ba Soe at 5:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗကသ ခေါင်းဆောင်များ ပြန်လည် လွတ်မြောက်လာ

ဇူလိုင် (၇) ရက်နေ့ အထိမ်းအမှတ် အခမ်းအနား မကျင်းပနိုင်အောင် နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်တာဟာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှု ဖြစ်တယ်လို့ ကျောင်းသား ခေါင်းဆောင် ကိုစည်သူမောင်က ပြန်လည် လွတ်မြောက်လာအပြီး ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
Photo: 88 Generation Students
၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြန်လည် လွတ်မြောက်လာသော ကျောင်းသား ခေါင်းဆောင် ကိုစည်သူမောင်က ရှင်းလင်းပြောဆိုနေစဉ်။
"ကျွန်တော်တို့ ဟိုမှာကြုံလိုက်ရတာတော့ ဖမ်းဆီး ထိန်းသိမ်းထားတာပါ။ သွားတာ လာတာကို ဘယ်မှ ပေးမသွားဘူး။ အခန်းထဲမှာ ကျွန်တော်တို့ကို ထည့်ထားမယ်။ မနက် ၃ နာရီ ၄ နာရီအထိကို ကျွန်တော်တို့ကို စစ်ဆေးမေးမြန်းပါတယ်။ စိတ်ပိုင်းဆိုင်ရာ အရ ကျွန်တော်တို့ကို ဒါညှဉ်းပန်းနှိပ်စက်မှု တစ်ခုပါ။ နောက်တစ်ခုကလည်း ရုပ်ပိုင်းဆိုင်ရာ အရလည်း ကျွန်တော်တို့ ကျန်းမာရေး ထိခိုက်အောင် ရည်ရွယ်ပုံရပါတယ်"
ကိုစည်သူမောင်ဟာ နှစ်ငါးဆယ်ပြည့် ဇူလိုင် ခုနှစ်ရက်နေ့ အခမ်းအနား ကျင်းပရန် စီစဉ်မှုနဲ့ ဇူလိုင် ၆ ရက် နေ့ညက ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။
သူတို့ လေးဦးစလုံးဟာ ဇူလိုင် (၇) ရက်နေ့ ည (၇) နာရီမှာ ပြန်လည် လွတ်မြောက်လာပြီး နာရီပိုင်းအတွင်းမှာပဲ ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာတွေနဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ တွေ့ဆုံခဲ့ပါတယ်။
တခြားနယ်မြို့တွေ ဖြစ်တဲ့ မန္တလေး၊ ရွှေဘို၊ မြင်းခြံနဲ့ လားရှိုးမြို့တွေမှာလည်း ကျောင်းသားခေါင်းဆောင် (၁၉) ဦး ကို ဇူလိုင် (၆) ရက်နေ့ ညက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက်တစ်နေ့ ညနေမှာ သူတို့အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဘကြီးသက်
Unknown at 4:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂျက်ကီချန်းနှင့် ပြည်တွင်းမှ အနုပညာရှင်များတွေ့ဆုံ


ဇူလိုင်လ ၇ရက်နေ့ ည ၇နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယူနီဆက်ကိုယ်စားလှယ် အဖြစ်ရောက်ရှိနေသော ဂျက်ကီချန်းနှင့်
ပြည်တွင်းမှ အနုပညာရှင်များတွေ့ဆုံပွဲတစ်ခုကျင်းပခဲ့သည်။

Popular Myanmar News Journal
ဘကြီးသက်
Unknown at 4:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

July 9th - ဇူလိုင် ၉ မှာ အမေရိကန်က ပီစီ ၃ သိန်း အင်တာနက်ပြတ်တောက်မည်



ဇူလိုင် ၉ မှာ အမေရိကန်က ပီစီ ၃ သိန်း အင်တာနက်ပြတ်တောက်မည်
မိုးမခအထောက်တော် ၀၀၃၊ ဇူလိုင် ၈၊ ၂၀၁၂
လာမယ့် တနလာင်္နေ့ ဇူလိုင် ၉ မှာ အမေရိကန်မှာ ရှိတဲ့ ကွန်ပြူတာ ၂သိန်း ၇သောင်းကျော်ဟာ အင်တာနက်ပြတ်တောက်မှု ခံရမယ် ဆိုပါတယ်။ အဲသည် ကွန်ပြူတာတွေဟာ Rove Digital လို့ ခေါ်တဲ့ အင်တာနက်အဖျက်သမား (ဟက်ကာ) တွေရဲ့  Botnet  လို့ခေါ်တဲ့ အင်တာနက်ဗိုင်းရပ်စ် ပိုး ဖမ်းစားခံထားရတဲ့အတွက် ဖြစ်ပါတယ်။
အဲသည် ဟက်ကာတွေကို အစိုးရက ၂၀၁၁ ခုနှစ်ကတည်းက ဖမ်းဆီးနိုင်ခဲ့ပေမယ့် သူတို့ဖမ်းစားထားတဲ့ ကွန်ပြူတာတွေက ၃ သိန်းနီးပါး ရှိလို့ အဲသည်ကတည်းက သူတို့တွေရဲ့ အင်တာနက်လိပ်စာ ရှာမတွေ့အောင်လုပ်တဲ့ DNS changer malware တွေ ထကြွခြင်းမရှိအောင် အင်တာနက်ရေးရာအဖွဲ့အစည်းတွေက rove digital ရဲ့ DNS network ကို ပြင်ဆင်ပြီး လည်ပတ်နေခဲ့တာ အဲသည်နေ့ကျရင် အဲသည်စနစ်ကို ရပ်ဆိုင်းလိုက်တော့မှာ ဖြစ်ပါတယ်။
အဲသည်လို အင်တာနက်လိပ်စာ မပျောက်အောင် လမ်းရှာပေးတဲ့ စနစ်ကို ရပ်ဆိုင်းလိုက်ရင် အဲသည်လို ရောဂါပိုးထိထားတဲ့ ကွန်ပြူတာတွေဟာ ထိုအချိန်ကစပြီး သူတို့ကို ၀င်ကူပေးသူ မရှိလို့ အင်တာနက်နဲ့ ပြတ်တောက်သွားမှာ ဖြစ်ပါတယ်။ အဲသည် botnet ကို ကွန်ပြူတာသမားတွေထံ ပြပြီး ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိ သင့်ကွန်ပျူတာမှာ အဲသည် ရောဂါပိုး ရှိမရှိသိချင်ရင် ဟောဒီက လိပ်စာကို နှိပ်ပြီး စစ်ဆေး ကြည့်နိုင်ပါတယ်။
အဲသည်အကြောင်းကို အသေးစိတ် ပိုမိုသိချင်ရင် သည်နေရာကို သွားကြည့်ပါ။

ဘကြီးသက်
Unknown at 4:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘယ်က လာသလဲ (မြန်မာ သို့မဟုတ် ဘားမား)

ကျမ ကိုရီးယားကိုစရောက်ကထဲက အမြဲမေးခံရသောမေးခွန်းက "ဘယ်က လာသလဲ"ဆိုသောမေးခွန်းဖြစ်ပါသည်။ လူတိုင်းသိပြီးသားဖြစ်သဖြင့် ဘာမှမထူးဆန်းဟုဆိုသော်လည်း ကျမအတွက် အတော်စိတ်ညစ်ရသည့်မေးခွန်းဖြစ်ပါသည်။ ကျမကို သူတို့က အမှတ်တမဲ့မို့ထင်သည် တချို့ကလည်း ကိုရီးယားလို့သာ ထင်ကြသည်။  နောက်မှ စကားပြောရင်းမှ နိုင်ငံခြားသားမှန်း သိသွားပြီး ဘယ်နိုင်ငံကလာသလဲဟု မေးတတ်ကြသည်။ တခါတလေ တရုတ်လား ဒါမှမဟုတ် ဂျပန်လားဟုမေးသည်။
"ဘာလူမျိုးလဲ""ဘယ်နိုင်ငံကလာတာလဲ"
"မြန်မာပါ"
"ဘာ..ဘယ်ကလာတာ"
"မီယန်းမာ(သူတို့အသံထွက်)미얀마 မြန်မာ၊ ဘားမား(버마)လို့လည်းခေါ်တယ်"
"မသိဘူး ဘယ်နားကလဲ"

"အရှေ့တောင်အာရှမှာလေ... ယိုးဒယားနားကပ်လျက်ပဲ မြန်မာကို မသိဘူးလား"
"အော် ယိုးဒယားတော့သိတယ်။ အင်းအင်း"..
တချို့ကဒီလောက်နှင့်ပြီးသည်။ တချို့ကတော့ မပြီးနိုင်သောမေးခွန်းတွေတသီကြီးနှင့်မို့ဆက်ရှင်းပြရသည်။
"အရှေ့တောင်အာရှတိုက်ကလူတွေက  နှာခေါင်းပြားတယ်နော် နင်က နှာခေါင်းချွန်တယ် ကိုရီးယားနဲ့ဘာလို့တူတာလဲ၊ မြန်မာတွေက ကိုရီးယားနဲ့တူလား" စသည်ဖြင့် ကျမနေသည့် ရပ်ကွပ်ထဲက တချို့ကမေးသည်။" မြန်မာတွေက အသားမဲတယ်မှလား တီဗွီထဲမှာတွေ့ဖူးတယ် နင်ကမတူပါလား"ဟု မေးသည့်သူက ရှိသေးသည်။ အရှေ့တောင်အာရှကလူတွေကိုဆိုလျှင် တခါတရံ နှိမ်ချင်ကြသည်။ ကျမလည်း စိတ်တိုတော့ "ဦးလေးထက်ဖြူသည့်သူတွေတောင် မြန်မာပြည်မှာတပုံကြီးပဲ"လို့ ပြန်ဖြေလိုက်သည်။ မြန်မာတွေကတော့ ကိုရီးယားတွေကို ရုပ်ရှင်တွေကြောင့် အလွန်ကြိုက်ကာ ကိုရီးယားက မြန်မာကို အရိုင်းလောက်သာ သဘောထားလျှင် ကျမအတော်ဝမ်းနည်းမိသည်။ စိတ်လည်းတိုမိသည်။ ကျမတို့တိုင်းပြည်က ထွက်သည့်သယံဇာတတွေကို သူတို့မှာ ဈေးကြီးစွာတင်သွင်းကာ၊ ၀ယ်ယူသုံးနေရသည်ကို တချို့က နားမလည်ကြပါ။
>>>>>>>>>>>
"မြန်မာလေ မီယန်းမာ ဘာမားလို့လဲခေါ်တယ်"
"အော် ဘားမား ဘားမား သိတယ်သိတယ် အောင်ဆန်းလေ အောင်ဆန်းနိုင်ငံ ဟုတ်တယ်မှလား"
"ဟုတ်တယ် ဟုတ်တယ်"
အောင်ဆန်းကိုသိတယ် ဘာလို့နာမည်ပြောင်းတာလဲ အစက ဘားမားမှလား
"ဟုတ်ကဲ့"
>>>>>>>>>>>
တက်စီပေါ်မှာ အသက်၅၀ကျော်လောက် ကားမောင်းသမားကြီးက ပြုံးရင်းမေးလိုက်သည်
"ဘယ်နိုင်ငံကလာတာလဲ"
"ဘားမား၊ ဘောမား(သူတို့အသံထွက်)버마 ဘောမားလေ"
"အော် ဘာမားဆိုတာ မြန်မာမှလား ခုမြန်မာလို့ပြောင်းထားတယ်မှလား"
"ဘောလုံးနာမည်ကြီးပဲ ဘောလုံးဆို ဘာမားကသိပ်ကောင်းတယ်"
ကျမပင် မသိတော့ပါ ဘောလုံးပွဲတွေလည်း ကျမကတခါမှမကြည့်တော့ သူတို့ခေတ်က နာမည်ကြီးမကြီးမသိပေမယ့် မြန်မာဆို အသက်ကြီးကြီး ကိုရီးယားဦးလေးကြီးတွေက ဘောလုံးနာမည်ကြီးတဲ့ နိုင်ငံလို့ အတော်မျာများကသိကြပါသည်။ သို့သော် ၀မ်းနည်းစရာကောင်းတာက လူငယ်တွေကမြန်မာကို မသိကြခြင်းပင်။ ကျမတို့ အိမ်နီးချင်း ယိုးဒယား သို့မဟုတ် ထိုင်း(Thai) ကိုတော့သိကြသည်။ ရှေးတုန်းကလူကြီးတွေကတောင်သိပြီး ခုခေတ်လူငယ်တွေက မသိဆိုတော့ ကျမမှာ စိတ်ပျက်ရသည်။ တချို့လည်း မြန်မာလူမျိုးကို ကျမကိုသာ ပထမဆုံးမြင်ဖူးသည်ဟုပြောသည့်သူရှိသည်။ တချို့ကျတော့ ငါတို့အိမ်နားက စက်ရုံတွေမှာ အလုပ်လုပ်တဲ့မြန်မာတွေရှိသည်ဟုပြောသည်။ တခြားမြန်မာဆိုလျှင်မသိကြပါ။ ထိုင်း သို့မဟုတ် ယိုဒယားကိုသာရောက်ဖူးပြီး မြန်မာပြည်ကို မရောက်ဖူးပါဟုဆိုသည်။ တကယ်ဆို မြန်မာပြည်တွင် ကိုရီးယားတွေအများကြီးရှိနေပါသည်။
>>>>>>>>>>>>>>
"မြန်မာဆိုတာဘယ်မှာလဲတခါမှမကြားဖူးပါဘူး"ဟု ဈေးဆိုင်ကအဒေါ်ကြီးကပြောသည်။
ကျမကထပ်ရှင်းပြသည် "ချွန်ဒူးဝမ်သမ္မတကြီးလာတုန်းက ဗုံးပေါက်တဲ့ နိုင်ငံလေ"
"အော်သိပြီသိပြီ အောင်ဆန်းဗုံးပေါက်တဲ့ကိစ္စ အော်ဟုတ်သားပဲ၊ ဘားမားမှလား" "ခုမြန်မာလို့ပြန်ပြောင်းထားတာမှလား" ဘေးမှရပ်နေသည့်ဦးလေးကြီးက၀င်မေးသည်။
"မြန်မာလို့ခေါ်တာကြိုက်လား ဘားမားလို့ခေါ်တာကြိုက်လား"
"ဘာဖြစ်ဖြစ်ရပါတယ် ကိစ္စမရှိပါဘူး"
"ငါအောင်ဆန်းကို သိတယ်။ ခုသူ့သမီးကို ငါကြိုက်တယ်၊ စုကြည်အမျိုးသမီး (သူတို့အခေါ်: 수찌여사 Madam/ Ms. Su Kyi)
အဲဒီက၊ ဟုတ်တယ်မှလား"..
"ဟုတ်ကဲ့"
ဒါကရပ်ကွက်တို့ လမ်းတို့က သာမာန်ဖြေရသည့်ကိစ္စ.....
ၥ
အာဇာနီကုန်း ဗုံးပေါက်သည့်ကိစ္စဆိုလျှင် တနိုင်ငံလုံးနီးပါး သူတို့သိကြသည်။ သို့သော်အောင်ဆန်းဗုံးပေါက်သည့်ပြဿနာလို့သာခေါ်ကြသည်မို့ အောင်ဆန်းဆို ကိုရီးယားတော်တော်များများသိသည်။ ဒါမှမဟုတ်တချို့က စုကြည်အမျိုးသမီးနိုင်ငံဟုသိကြသည်။ ဦးသန့်ဆိုလျှင်တော့ မသိကြပါ။ ဒါပေမယ့် မြန်မာနဲ့ ဘာမားကို အကြိမ်ကြိမ်ရှင်းပြရသည် တချို့က ဘားမားကိုသိပြီး တချို့က မြန်မာကိုသိသည်။ ကျန်သည့်ဗမာ သို့မဟုတ်မြန်မာကိစ္စကတော့ ကျောင်းမှာမေးတိုင်းရှင်းရသည်။ ဘယ်ဟာက မှန်သလဲ ဘာကြောင့်ပြောင်းသလဲဆိုတာ ဆရာတွေအပြင် သမိုင်းဘာသာယူသည့်သူငယ်ချင်းတွေက မေးလေ့ရှိကြသည်။
ကျမစာတမ်းဖတ်တော့ ၁၉၅၀နှစ်အတွင်းက အကြောင်းပါတော့ ဆရာတယောက်က အဲဒီတုန်းက ဘားမားလို့ခေါ်ခဲ့တာ ဘားမားဆိုရင် မြန်မာဆိုပြီးမဖတ်ပါနဲ့ပြန်ပြင်ဆိုလို့ ဘားမားလို့ပြန်ပြင်ပြီး ၁၉၉၀နောက်ပိုင်းကျတော့ မြန်မာလို့ပါပြောင်းထည့်ရပါသည်။ နှစ်ခုလုံးပြန်ထည့်ရသည်။ တချို့ကလည်း ဘာကြောင့်ပြောင်းသလဲ ရှင်းပြခိုင်းသည်။ မြန်မာနိုင်ငံနှင့်ပါတ်သတ်သည့် ကိုရီးယားလိုရေးသော ခေတ်သစ်သမိုင်းစာအုပ်များတွင် "ဘားမား သို့မဟုတ် မြန်မာ"ဆိုပြီး တော်တော်များများသူတို့ထင်မြင်ယူဆချက်များကိုရှင်းပြထားပါသည်။ ယန်းဂီဟယွန်း(양길현)ရဲ့ ဘားမား နှင့် မြန်မာ( 버마 그리고 미얀마) ဆိုသော စာအုပ်ထဲတွင် ဦးစွာ ယခုလိုပါပါသည်။
"ဘားမား နှင့် မြန်မာဆိုသည်မှာ တနိုင်ငံထဲဖြစ်သော်လည်း ကွဲပြားသည့်နာမည်ဖြစ်သည်။ ၁၉၈၉ခုနှစ်မှ မြန်မာဟုပြောင်းလဲခေါ်ဆိုခဲ့သည်။ လွန်ခဲ့သည့် အနှစ်၂၀ကထဲက အုပ်ချုပ်ခဲ့သည့် စစ်အစိုးရအား ဥပဒေအရတရားဝင်(legitimacy) အုပ်ချုပ်မူကို မဖြစ်စေသောအလို့ဌာ စစ်အုပ်ချုပ်မူကိုမကြိုက်သော သူများက မြန်မာဟုမခေါ်ဆိုပဲ ဘားမားဟုခေါ်ဆိုသည်။" ဟုဖော်ပြပါသည်။
ကျမကိုမေးလျှင်တော့ နားလည်သလောက်ပင်ရှင်းပြရသည်။ ၁၉၈၉ခုနှစ်ကစ၍ပြောင်းလဲခေါ်ဆိုသည်မှာ အဓိကကတော့ ကိုလိုနီလက်အောက်ကျရောက်သည့်အခါ အင်္ဂလိပ်မှခေါ်သည့်အတွက် စစ်အစိုးရလက်ထက်တွင် ပြောင်းလဲခဲ့ကြောင်း၊ သမိုင်းကြောင်းအရကတော့ မြန်မာဆိုတာလည်း ဗမာ၊ ဗမာဆိုတာလည်း မြန်မာ ဖြစ်ခဲ့တော့ တိုင်းရင်းသား အားလုံးကို ခြုံပြီး မြန်မာလို့ ခေါ်တာမျိုးဖြစ်တယ်လိှု့ နိုင်ငံရေးအရ သတ်မှတ်ချက် အနေနဲ့ဟု လွယ်လွယ်ပဲရှင်းပြရသည်။ ဒါကို သမိုင်းဆရာများက အမျိုးမျိုးယူဆပြီးရေးကြသည်။ ဗမာဟာ ဘားမားဖြစ်သည်။ ဘားမန်း(Burman)လို့ဘာလို့ရေးရသည် အဲလို သူတို့ရှင်းနေသလိုတွေ မြန်မာက မူလ ဗြဟ္မာက လာသည်၊ ဗြဟ္မာ ကနေပြီးတော့ ဗမာ ဖြစ်သွားသည်။ အဲဒါကိုမှထပ်ပြီးတော့ ဗမာ ကို ဗထက်ချိုက်နဲ့ မ နဲ့ ပြောင်းပြီးတော့ မြန်မာ ဖြစ်သွားသည်၊ စသဖြင့် အဲဒီထိရှင်းလျှင် နိုင်ငံခြားသားတွေနားရှုပ်ကုန်မည်။ ဒါပေမယ့် ကျမဖတ်ဖူးတဲ့စာထဲမှာ တယောက်ကခုလို ရှင်းပြထားတာကိုတော့ လက်ခံသည်။
" မြန်မာပြည်ကို Burma လို့ ခေါ်တာ မြန်မာလိုမဟုတ် ကျွန်မတို့ ခေါ်တာ အင်္ဂလိပ်လိုပဲ ဖြစ်ပါတယ်။ နအဖက မြန်မာလိုကိုပဲ ပြောင်းလို့ရပါတယ်။ အင်္ဂလိပ်လိုကို ပြောင်းလို့ မရနိုင်ဘူး သူ့လူမျိုးက သူခေါ်တဲ့အတိုင်းပဲ သူခေါ်မှာ ဖြစ်တယ်။ ကျွန်မတို့ အင်ဒီယန်းကို ကုလား၊ Chinese ကို တရုတ်၊ ထိုင်းကို ယိုးဒယား၊ French ကို ပြင်သစ်၊ ဘေဂျင်းကို ပီကင်းလို့ သူ့လူမျိုး ခေါ်တာနဲ့ရော အင်္ဂလိပ်တွေ ခေါ်တာနဲ့ပါ၊ ဘာမှမဆိုင်ဘဲ ကျွန်မတို့ ခေါ်ချင်သလို ခေါ်ကြတယ်မဟုတ်လား။ အဲဒီတော့ ကျွန်မတို့က China ကို တရုတ်ပြည် ခေါ်တာ Bejinn ကို ပီကင်းခေါ်တာ အင်္ဂလိပ်က လာပြီး မှားတယ်လို့ ပြောလို့ မရသလို အင်္ဂလိပ်ကလည်း မြန်မာလို မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burmaလို့ ခေါ်တာ မှားတယ်လို့ ပြောလို့ မရနိုင်ဘူး။ တရုတ်ပြည် ဆိုတာ မြန်မာလိုကို မြန်မာဘာသာစကားနဲ့ ခေါ်တာ ရေးတာ ဖြစ်လို့ မှန်တယ်။ အင်္ဂလိပ်လိုလည်း ဒီအတိုင်းပဲ သူ့ဘာသာစကားကို သူ့စာနဲ့ ခေါ်တဲ့ရေးတဲ့တိုင်းပဲ ခေါ်မှာ ရေးမှာ ဖြစ်တယ်။
ဥပမာ- အင်္ဂလိပ်လို = China၊  မြန်မာလို = တရုတ်ပြည်၊  ပြင်သစ်လို = Chinoa (ချီးနွားလို့ အသံထွက်တယ်)
အဲဒါတွေကို သူခေါ်တဲ့အတိုင်းပဲ သူ့ဘာသာစကားနဲ့ ရေးရမှာ ဖြစ်တယ်။" ဟု ရှင်းထားသည်။ သူပြောတာမှန်တယ်လို့ ထင်ပါသည်။
ကျမလည်း သူပြောသလိုပင် နားလည်လွယ်ရန် ဟန်းဂု(Hangu: 한국) ဒါမှမဟုတ် ကိုရီးယား (Korea)နဲ့ နမူနာနှိုင်းကာ သူငယ်ချင်းတွေကိုရှင်းပြသည်။ ဘယ်လိုခေါ်တာကြိုက်လဲလို့ ကျမ မဖြေခင်၊ တချို့က " ဒီလိုခေါ်တာပဲ ကောင်းတယ် ဟုတ်တယ်မှလား"လို့ သူတို့ဖာသာ "ဘားမား"၊ တချို့က" မြန်မာ"လို့ခေါ်သည်။
ဘာပဲပြောပြော မြန်မာဖြစ်ဖြစ် ဘားမားဖြစ်ဖြစ် ဗမာဖြစ်ဖြစ် သူများနိုင်ငံရောက်လျှင် ကိုယ့်လူမျိုးကို မချီးမွမ်းခံရသည့်တိုင် ကဲ့ရဲ့စရာမဖြစ်အောင် သတိထားရပါမည်။ လွန်ခဲ့သည့်နှစ်များအတွင်းက မြန်မာတွေ ဘောလုံးတော်ကြောင်း၊ နာမည်ကြီးကြောင်းကို ခုထိကိုရီးယားတွေက မမေ့တာ ဘောလုံးပွဲအကြောင်းမသိသည့် ကျမအတွက်တောင် ဂုဏ်ယူစရာလိုပင်ဖြစ်သည်။ ဘားမားမသိသူနှင့် ဘားမားသာသိပြီး မြန်မာမသိသောသူတွေ ရှိတာကြောင့်ကျမမှာခုထိ ဘယ်ကလာသလဲဆိုလျှင် ရှင်းပြလို့မဆုံးတော့ပါ။
တနေ့တော့ ဘားမားဖြစ်စေ မြန်မာဖြစ်စေ တွေ့လိုက် ပြောလိုက်တာနှင့် အမေရီကန်လိုပင် ယူအက်စ် ဖြစ်ဖြစ် အမေရိကားဖြစ်ဖြစ် အန်ကယ်လ်ဆမ်ဖြစ်ဖြစ် လူတိုင်းသိသလို သိလာလိမ့်မည်ဟု မျှော်လင့်မိပါသည်။
(ကျမ၏ ထင်မြင်ယူဆချက်ကိုသာရေးသားပါသည်။)
အင်ကြင်း
Lu Bo
ဘကြီးသက်
Unknown at 4:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကွန်ပြူတာကို စကားနဲ့ ပြောပြီး အလုပ်ခိုင်း ကြည့်ရအောင်(ဘာ ဆော့ဝဲလ်မှ ထပ်ထည့်စရာမလိုဘူး၊ ၀င်းဒိုးမှာ အော်တိုပါပြီးသားလေးကိုပဲ အသုံးချမှာပါ။)

သူငယ်ချင်းတို့ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်
ကျနော်ဒါကို ကလိနေတာတော့ တော်တော်ကြာပြီး။အဆင်ပြေတယ်ဗျ။ကွန်ပြူတာ ကို စကားပြောပြီး
-သီချင်းဖွင့်ခိုင်းလို့ရတယ်
-စာတွေရေးခိုင်းလို့ ရတယ်
-ဂိမ်းကစားခိုင်းလို့ရတယ်
-အဖွင့် အပိတ် လုပ်ခိုင်းလို့ ၇တယ်
-အင်တာနက်သုံးလို့ရတယ်
-ချက်တင် ပြောလို့ရတယ်
ကျန်တာတွေ အများကြီး ကို လည်သလို ခိုင်းလို့ ရပါတယ်။
တစ်ခုတော့ ရှိတယ်ဗျ။သူ့ကို ခိုင်းမယ်ဆိုရင် အင်္ဂလိပ်လိုပဲ ခိုင်းလို့ရတယ်။။ကိုယ်ပြောတဲ့စကားကို
အင်္ဂလိပ်လိုပီအောင်ပြောရတယ်ဗျ။
မခက်ပါဘူး ကျနော်ဆို အစတုန်းကတော့ ပြောလို့မရဘူးဗျ ကြာလာတော့လဲ သူ့ဘာသာ သူ အဆင်ပြေလာပါတယ်

ကျနော် အကြိုက်ဆုံး အချက် က ဒါလေးကို စကားနဲ့ ခိုင်းနေရလို့ ကိုယ့်ရဲ့ အင်္ဂလိပ်စကားပြောလဲတိုးတက်လာနိုင်ပါတယ်
ကျနော် ကလိနေတဲ့ အတွေ့အကြုံ လေးကို မသိသေးသူများ လည်း ကလိချင်ရင် ကလိလို့ ၇အောင်ပြန်လည်ဝေမျှ ပေးခြင်း
သာဖြစ်ပါသည်။ကျနော့် လို လူပိန်းများ နားလည်အောင်လဲဓါတ်ပုံစခရင် ဖမ်းပြီး ကြိုးစားေ၇းသားထားပါတယ်။
ကဲ စလိုက်ရအောင်
လိုအပ်ချက်များ
-windows 7 x32 (or) x64 တင်ထားသော ကွန်ပြူတာ(XP မှာလဲ ပါတယ်လို့ ကြားတယ် ကျနော့မှာ XP မရှိတော့ မစမ်းကြည့်ရသေးပါ)
-မိုက် ပါသော နားကြပ်
-ရေ တစ်ခွက်(ပြောနေရင်းနဲ့ အာခြောက်လာရင် သောက်လို့ရအောင်လေ)
**အင်္ဂလိပ်စကားနဲ့ အင်္ဂလိပ်စာကို မတောက်တခေါက်တက်သော လူတစ်ယောက်(ကျွမ်းကျင်တဲ့သူဆိုရင်တော့ နောနော် ပေါ့ဗျာ)
ကွန်ပြူတာကို ဖွင့်ပါ ။နားကြပ်နဲ့ မိုက်ကို တပ်လိုက်ပါ
(အောက်ပါရှင်းပြချက်များသည် windows 7 Ultimate sp1 x 64bit ကို အခြေခံပြီး ရေးသားထားပါသည်)
-------အရင်ဆုံး ကွန်ပြူတာကီးဘုတ်ပေါ်က ၀င်းဒိုးပုံပါတဲ့ခလုတ်ကို ကလစ်လိုက် Start menu ပေါ်လာရင် contorl panel
ထဲဝင်လိုက်ပါ။

ပြီးရင် Ease of Access ထဲကို ၀င်ပါ။(စက်တစ်လုံးနဲ့ တစ်လုံးမတူနိုင်ပါဘူး တွေ့အောင် ရှာကြပါ)


Speech Recognition ထဲထပ်ဝင်ပါ။(တစ်ချို့စက်တွေမှာ Ease of Access မရှိပဲ Speech Recognition ကို
တိုက်ရိုက်ရှာပေးရမှာဖြစ်ပါတယ်)


အဲဒါကို ၀င်လိုက်ရင် ဒီလိုမျိုးလေးတွေ့မှာပါ အခုမှစသုံးမယ်ဆိုတော့ လေ့ကျင့်ခန်းအရင်လုပ်ကြည့်ပါ(လေ့ကျင့်ခန်းကို အကုန်
လေ့ကျင့်ကြပါ ဒါမှ တကယ် အသုံးပြုတဲ့ အခါ ကျရင် အဆင်ပြေမှာပါ)
Take Speech Tutotial ကို ကလစ်လိုက်ပါ။


အောက်ကပုံအတိုင်းပေါ်လာမှာပါ


ညာဘက်ဒေါင့်မှာ ကိုယ်ပြောရမယ့်ဟာတွေကို ရေးထားပေးပါတယ် တက်နိုင်သလောက် ပီအောင်ပြောကြည့်ပါ
ကိုယ်ပြောတာ မှားနေရင် ဘယ်ဘက်က player မှာ What is this? လို့ ပြောနေမှာပါ မှန်အောင်ပြောပေးလိုက်ပါ။
(လေ့ကျင့် ခန်း ဖြစ်တဲ့ အတွက် သူပြောခိုင်းသလောက်ပဲပြောပါ။သူပြောခိုင်းတဲ့ အတိုင်း ပြောပါ။ တကယ်သုံးရင်တော့
ကိုယ်ခိုင်းချင်သလို အဆင်ပြေအောင်ပြောလို့ ရပါတယ်)
တစ်ခုသတိပေးချင်တာကတော့ လေ့ကျင့်ခန်းမှာ မောက်စ် နဲ့ ကီးဘုတ်ကို သုံးစရာမလိုပါ စကားပြောသက်သက်နဲ့ပဲ အလုပ်လုပ်မှာပါ
Next့ အစ Ok က အစ အားလုံး စကာပြောနဲ့ပဲ ခိုင်းပါ
လေ့ကျင့်ခန်းအားလုံး လေ့ကျင့်ပြီးသွားရင်တော့ ကွန်ပြူတာကို ဘယ်လိုခိုင်း၇မလဲ သဘောပေါက်လာပါလိမ့်မယ်
လေ့ကျင့်ခန်းကို ကျော်ပြီး မလေ့ကျင့်ပါနဲ့ လိုတော့ ပြောချင်ပါတယ်
အားလုံးပြီးပြီးဆိုရင် အပေါ်ဆုံးက Start Speech Recognition ကို ကလစ်ပြီး Player ပေါ်လာရင် လည်သလို
ခိုင်းပေတော့......မိတ်ဆွေ။။။။
သူငယ်ချင်းတို့ ကို စိတ်ရှည်ပါ လို့ ပြောချင်ပါတယ်
ကျနော် ၂ရက် လေ့ကျင့်တော့ သီချင်းဖွင့်လို့ရလာတယ်
နောက် ၃လလောက်လေကျင့်လိုက်တော့ ချက်စ်ကစားလို့ ရလာပါတယ်
နဲနဲထပ်ကြာလာတော့ အင်တာနက်သုံးလို့ ရလာပါတယ်
အခု Photoshop နဲ့ ဓါတ်ပုံပြင်ကြည့်မလို့ စမ်းနေပါကြောင်း(ကြွားတာ။ ဘာရယ်မဟုတ်ဘူး လူရှိန်တာပေါ့)
အဲ Note pad နဲ့ စာရိုက်တာကတော့ အခုထိ မရသေးပါ ။ကျနော့ အင်္ဂလိပ်စကားပြောညံ့လို့ ပြောချင်တာတခြား ပေါ်လာတာတခြားဖြစ်နေတာပါ :D

.mmitpalace.com/forum/topic/show?id=6456788%3ATopic%3A160074&xgs=1&xg_source=msg_share_topic  မှ ...
  lu bo

ဘကြီးသက်
Unknown at 4:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းပြီး ဝန်ကြီးများ ပြောင်းလဲမည်ဟုဆို



From : ခေတ်လူငယ်
အစိုးရအဖွဲ့ ပိုမိုအားကောင်းလာစေရေးအတွက် ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းပြီး ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲများ ပြုလုပ်မည့်စာရင်းကို စတင်ကျင်းပနေပြီဖြစ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတက ယခုရက်ပိုင်းအတွင်း တင်ပြရန်ရှိကြောင်း အစိုးရအဖွဲ့ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ “ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းဖို့ထက် ဝန်ကြီးအပြောင်းအလဲလုပ်ဖို့ ပိုများမယ်ထင်တယ်။ သမ္မတကြီးရဲ့ သွားနေတဲ့ မူဝါဒနဲ့ မကိုက်ညီတဲ့သူတွေ၊ လိုက်လျောညီထွေ မရှိတဲ့သူတွေ အနားပေးခံရလိမ့်မယ်။ အရည်အချင်းရှိတာ မရှိတာနဲ့ မဆိုင်ဘူး” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက သုံးသပ်ပြောကြားသည်။ အစိုးရအဖွဲ့ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများ၏ အဆိုအရ ဝန်ကြီးဌာနများ ကျစ်လျစ်အားကောင်းလာစေရေးအတွက် လက်ရှိအရေအတွက်ထက် လျှော့ချသွားရန်ရှိပြီး ဝန်ကြီးဌာန စုစုပေါင်း ၂၀ ခန့်သာ ထားရှိသွားရန်ရှိကြောင်း၊ ဝန်ကြီးအပြောင်းအလဲများလည်း ပြုလုပ်ရန်ရှိရာ အချို့ဝန်ကြီးများကို အနားပေးခြင်း၊ အချို့ဝန်ကြီးများကို ပိုမိုကိုက်ညီသော ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ရန်ရှိကြောင်း သိရသည်။ ဝန်ကြီးဌာန ပြင်ဆင်မှုနှင့် ဝန်ကြီးအပြောင်းအလဲမှာ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများတွင ရှေးရိုးစွဲဝါဒီများနှင့် နောက်ကြောင်းပြန်လိုသူများကို ထားခဲ့မည်ကို ပါရှိပြီးဖြစ်ကြောင်း၊ ယင်းမှာ သမ္မတ၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး လွှတ်တော်က သဘောတူလျှင် လုပ်ဆောင်၍ ရကြောင်း၊ လွှတ်တော်ကလည်း အများကောင်းကျိုးအတွက် လုပ်ဆောင်ခြင်းဖြစ်ရာ သဘောမတူနိုင်စရာ မရှိဟုထင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၂ တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကိုပြင်ဆင် သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်းပြုနိုင်သည်။ ပြည်ထောင်စုဝန်ကြီး ဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်းလျှော့ခြင်း ပြုနိုင်သည်ဟု ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 3:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.