Sunday, July 8, 2012

ထိုင်းနိုင်ငံရေးခေါင်းဆောင်တွေလို ဂုဏ်သိက္ခာရှိ တဲ့ ခေတ်သစ်နိုင်ငံရေး ယဉ်ကျေးမှုကို ဖြတ်သန်းဖို့ လိုပါတယ်

ရွေးကောက်ပွဲရူံးတဲ့ကျောင်းကလေး
0 Comments
- 08 Jul 2012
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ သား ဦးဖြိုးကိုကိုတင့်ဆန်း ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆွယ်တုန်းကဖြစ်ပျက်ခဲ့တဲ့ ရွေးကောက်ပွဲရူံးတဲ့ကျောင်းကလေးအကြောင်း သံတော်ဆင့် သတင်းစာကဖော်ပြရေးသားထားတာပါ.....Photo...ဒီမိုဖက်တီး Facebook...

More Link


ကျွန်တော်ဖတ်ရတဲ့ သတင်းထဲ မှာထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်နဲ့ လက်ရှိ ဝန်ကြီးချုပ်သစ် ရင်လတ်တို့ အမျိုးသားရေး၊ တိုင်းပြည် အရေး ကို အတူတကွ တဦးနှင့်တဦး လေးလေးစားစား ဆက်ဆံပြီး ပူးပေါင်းဆောင်နေတာတွေ့ရတော့ အထူးဝမ်းသာ ကြည်နူးမိတယ်။ ထိုင်း ပြည်သူတွေကတော့ သူတို့ရဲ့ ခေါင်းဆောင် နှစ်ဦးကို ဂုဏ်ယူကြမှာတော့ ဧကန်မလွဲပါ။

ဒါဟာ ထိုင်း ခေါင်းဆောင်တွေ ခေတ်သစ်နိုင်ငံရေးကို ကျော်ဖြတ်နေကြပြီဆိုတဲ့ သမိုင်းအထောက်အထား တခုပါ။ သူတို့ နှစ်ဦးမှာ အမြင် မတူတာတွေ၊ သဘောထား မတူတာတွေက ရှိနေကြပေမယ့်၊ သူတို့ နှစ်ဦးဟာ ဂုဏ်သိက္ခာ ရှိတဲ့ ထိုင်းနိုင်ငံရေး ယဉ်ကျေးမှုသစ်တရပ်ကို ကျော်ဖြတ်နေကြပြီလို့ အသိအမှတ် ပြုရပါတော့မယ်။


သူတို့ နှစ်ဦးဟာ ဘာသာတူတဲ့ နိုင်ငံရေး ယဉ်ကျေးမှုတွေက ဖြတ်သန်း လာခဲ့ကြလို့ သဘောထားကြီးကြီး၊ သိက္ခာ ရှိတဲ့ နိုင်ငံရေးကို အတူတကွ လျှေက်လှမ်းနိုင်ခဲ့ကြတာလို့ ထိုင်းနိုင်ငံရေး လေ့လာသူတွေက ပြောဆိုကြတယ်။


မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ နိုင်ငံခေါင်းဆောင် လုပ်မည့်သူများ ထိုင်း နိုင်ငံရေးခေါင်းဆောင်တွေလို ဂုဏ်သိက္ခာရှိ တဲ့ ခေတ်သစ်နိုင်ငံရေး ယဉ်ကျေးမှုကို ဖြတ်သန်းဖို့ အဆင်သင့်ရှိ မရှိ၊ အရည်အချင်း ရှိ မရှိ ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်ဖို့လိုနေပါပြီ။


ဂုဏ်သိက္ခာရှိတဲ့ ခေတ်သစ်နိုင်ငံရေး ယဉ်ကျေးမှု ဆီသို့ ဦးတည် ချီတက်ကြမလားဆိုတာကတော့ အနာဂတ်မှာ နိုင်ငံခေါင်းဆောင် လုပ်မည့် သူများ ပြန်လည် ဆန်းစစ်ကြဖို့ လို ပါပြီ ..။

အချင်းချင်းတိုက်ခိုက်နေမဲ့ အစား..အိမ်နီးချင်းနိုင်ငံတွေ က..အတုယူစရာလေးတွေ နဲ့ ဆန်းစစ်ကြည့်ပါလို့ 

ရွှေအိမ်စည်
ဒေါင်းမာန်ဟုန်

ဘကြီးသက်
Unknown at 6:55 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.