Sunday, July 8, 2012

July 9th - ဇူလိုင် ၉ မှာ အမေရိကန်က ပီစီ ၃ သိန်း အင်တာနက်ပြတ်တောက်မည်



ဇူလိုင် ၉ မှာ အမေရိကန်က ပီစီ ၃ သိန်း အင်တာနက်ပြတ်တောက်မည်
မိုးမခအထောက်တော် ၀၀၃၊ ဇူလိုင် ၈၊ ၂၀၁၂
လာမယ့် တနလာင်္နေ့ ဇူလိုင် ၉ မှာ အမေရိကန်မှာ ရှိတဲ့ ကွန်ပြူတာ ၂သိန်း ၇သောင်းကျော်ဟာ အင်တာနက်ပြတ်တောက်မှု ခံရမယ် ဆိုပါတယ်။ အဲသည် ကွန်ပြူတာတွေဟာ Rove Digital လို့ ခေါ်တဲ့ အင်တာနက်အဖျက်သမား (ဟက်ကာ) တွေရဲ့  Botnet  လို့ခေါ်တဲ့ အင်တာနက်ဗိုင်းရပ်စ် ပိုး ဖမ်းစားခံထားရတဲ့အတွက် ဖြစ်ပါတယ်။
အဲသည် ဟက်ကာတွေကို အစိုးရက ၂၀၁၁ ခုနှစ်ကတည်းက ဖမ်းဆီးနိုင်ခဲ့ပေမယ့် သူတို့ဖမ်းစားထားတဲ့ ကွန်ပြူတာတွေက ၃ သိန်းနီးပါး ရှိလို့ အဲသည်ကတည်းက သူတို့တွေရဲ့ အင်တာနက်လိပ်စာ ရှာမတွေ့အောင်လုပ်တဲ့ DNS changer malware တွေ ထကြွခြင်းမရှိအောင် အင်တာနက်ရေးရာအဖွဲ့အစည်းတွေက rove digital ရဲ့ DNS network ကို ပြင်ဆင်ပြီး လည်ပတ်နေခဲ့တာ အဲသည်နေ့ကျရင် အဲသည်စနစ်ကို ရပ်ဆိုင်းလိုက်တော့မှာ ဖြစ်ပါတယ်။
အဲသည်လို အင်တာနက်လိပ်စာ မပျောက်အောင် လမ်းရှာပေးတဲ့ စနစ်ကို ရပ်ဆိုင်းလိုက်ရင် အဲသည်လို ရောဂါပိုးထိထားတဲ့ ကွန်ပြူတာတွေဟာ ထိုအချိန်ကစပြီး သူတို့ကို ၀င်ကူပေးသူ မရှိလို့ အင်တာနက်နဲ့ ပြတ်တောက်သွားမှာ ဖြစ်ပါတယ်။ အဲသည် botnet ကို ကွန်ပြူတာသမားတွေထံ ပြပြီး ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိ သင့်ကွန်ပျူတာမှာ အဲသည် ရောဂါပိုး ရှိမရှိသိချင်ရင် ဟောဒီက လိပ်စာကို နှိပ်ပြီး စစ်ဆေး ကြည့်နိုင်ပါတယ်။
အဲသည်အကြောင်းကို အသေးစိတ် ပိုမိုသိချင်ရင် သည်နေရာကို သွားကြည့်ပါ။

ဘကြီးသက်
Unknown at 4:03 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.