Sunday, July 1, 2012

အနုပညာရှင်များ မှ စစ်တွေမြို့ ရှိ ဒုက္ခသည်များသို့ လှူဒါန်း


သရုပ်ဆောင် နေတိုး၊ ပြေတီဦး နှင့် အိန္ဒြာကျော်ဇင် တို့ မှ ဒုက္ခသည်များ
အား တရင်းတနှီး တွေ့ ဆုံနှစ်သိမ့်စဉ် - ဓါတ်ပုံ-Popular Myanmar News Journal
ဇူလိုင် ၁ ရက်နေ့ မနက်၆နာရီက ရုပ်ရှင်အစည်းအရုံးကဦးဆောင်ပြီး အနုပညာရှင်များ မှ စစ်တွေမြို့ ရှိ ဒုက္ခသည်များကို အလှူငွေများနှင့် အ၀တ်အထည်များသွာရောက်လှူဒါန်းခဲ့ပြီး ည ၈နာရီ
တွင် ရန်ကုန်သို့ ပြန်ရောက်ရှိခဲ့ကြသည်။
အလှူငွေ သိန်း ၉၀၀ကျော် နှင့် အ၀တ်အထည် အထုပ် ၉၀ကျော် လှူဒါန်းခဲ့ကြောင်းသိရသည်။ ဓါတ်ပုံ - Popular Myanmar News Journal
ရန်ကုန်၊ ဇူလိုင်-၁
ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအား ကူညီရန်အတွက် ဇွန်-၃၀ ရက်ညပိုင်းက ကပြဖျော်ဖြေခဲ့သော နှင်းဆီရင်ခွင်အဖွဲ့မှ ရရှိသည့် အလှူငွေများအား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းခေါင်းဆောင် သည့် ရုပ်ရှင်လောကသားများက စစ်တွေမြို့သို့ ကမ္ဘောဇလေကြောင်းလိုင်းမှ ကူညီပံ့ပိုးမှုဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

အလှူငွေများ လှူဒါန်းရာတွင် ပြည်နယ်အစိုးရသို့ အလှူငွေကျပ် ၉၅၁ သိန်းနှင့် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်း ၉ ခုသို့ တစ်ခုလျှင် ကျပ်သိန်း ၄၀ ကျော်နှင့် အ၀တ်အထည်၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းသည့်အဖွဲ့တွင် နှင်းဆီရင်ခွင်အဖွဲ့သား နေတိုးအပါအ၀င် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခန့်စည်သူ၊ မင်းသွေး၊ ကြည်ဖြူသျှင်၊ ၀တ်မှုန်ရွှေရည်အစရှိသည့် အနုပညာရှင်များပါဝင်ပြီး ယနေ့ညနေ ၅ နာရီတွင် ကမ္ဘောဇလေကြောင်းဖြင့်ပင် စစ်တွေမြို့မှ ပြန်လည်ထွက်ခွာလာမည်ဖြစ်ကြောင်း 7Day News Journal Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။
ဘကြီးသက်
Unknown at 11:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အချို့က ငွေတွေသုံးမကုန်အောင် ရှိတယ် -- အချို့တော့ ???

 
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အစိုးရ၀န်ထမ်းအိမ်ရာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး ဆေးကုသရန် ငွေကြေးအခက်အခဲကြောင့် ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ်အပါအ၀င် တစ်ပတ်အတွင်း ကြိုးဆွဲချသေဆုံး သည့်ဖြစ်စဉ် ခြောက်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

အဆိုပါကဲ့သို့ ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ်များမှာ တစ်ပတ်ကာလအတွင်း ဖြစ်စဉ်ခြောက်ခု ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့သူခြောက်ဦးသည် အသက်ရွယ်အားဖြင့် ၂၅ နှစ်မှ ၄၇ နှစ်အထိဖြစ်ပြီး သုံးဦးမှာ အမျိုးသမီးဖြစ်ပြီး၊ ကျန်သုံးဦးမှာ အမျိုးသားဖြစ်ကြောင်း သိရှိရသည်။

ယခုရက်ကာလအတွင်း ကြိုးဆွဲချသေဆုံးခဲ့သည့် ဖြစ်စဉ်ခြောက်ခုတွင် အစိုးရ၀န်ထမ်း မိသားစုဝင်နှင့် ပတ်သက်သည့် နှစ်မှုပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါဖြစ်စဉ်များမှာ ၂၀၁၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၁း၄၅ နာရီ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ် သရက်တောမြောက်ရပ်ကွက် သစ်စက်ပင်မ ပစ္စည်းဌာန၀င်းအတွင်း နေထိုင်သူ ဒေါ်စန်းစန်းမော် (၄၄ နှစ်) မှာ နေအိမ်လိုင်ခန်းအတွင်းဘက် မျက်နှာကျက်တန်းအား လေးပေကျော်ခန့်ရှိ အစိမ်းရောင်နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးမှုကြောင့် ကြည့်မြင်တိုင် ရဲစခန်းသေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၂ အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များနှင့် ရင်းနှီးသူတစ်ဦးက ''သေသွားတဲ့သူက သားအိမ်ကင်ဆာရောဂါ ခံစားနေရသူပါ။ ရောဂါဝေဒနာကလည်း ပြင်းထန်လာပြီး နာကျင်ကိုက်ခဲမှုတွေကို ပိုခံစားလာရတယ်လို့ သိရတယ်။ သေတဲ့နေ့ကသူ့ကိုပြုစုတဲ့ သူ့သမီးလေး အိမ်သာသွား နေတဲ့အချိန်မှာ ဖြစ်သွားတာပါ။ သေသွားတဲ့သူက သားအိမ်ကင်ဆာအခြေအနေ တော်တော်ဆိုးရွားနေပါတယ်။ ရောဂါဖြစ်တာက တစ်နှစ်ကျော် ကြာလောက်ရှိပြီ။ ကြာလာတော့ သားသမီးနဲ့ ယောက်ျားကို အားနာလာတယ်။ ၀န်ထမ်းမိသားစုတွေဆိုတော့ ရေရှည်မှာ ဆေးကုသစရိတ်တွေကလည်း ၀န်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ ကိုယ်အတွင်းပိုင်းက နာကျင်မှုတွေလည်း ပိုပြင်းထန်လာတယ်။ ဆရာဝန်နဲ့ပြပြီး ကုတာရှိသလို ဆေးမြီးတိုတွေနဲ့လည်း ကုပါတယ်''ဟု ပြောပြခဲ့သည်။
ထို့အတူ ဇွန်လ ၂၃ ရက်နေ့ နံနက် ၆း၂၀ နာရီ အချိန်တွင် လမ်းမတော်မြို့နယ် ၉ ရပ်ကွက်နေ သတင်းတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦး၏ ဇနီးဖြစ်သူ မမြင့်မြင့်မော်  (၄၇ နှစ်) မှာ နေအိမ် လိုင်းခန်းအပြင်ဘက် အမြင့်ခြောက်ပေခန့်ရှိ အုတ်နံရံတွင်တန်းထားသော ၀ါးလုံးတွင် အရှည် ၂၆ ပေခန့်ရှိ တီဗီအင်တာနာကြိုးအား ခေါက်ချည်ပြီး အမြင့်တစ်ပေခန့်ရှိ ပလပ်စတစ်ထိုင်ခုံပေါ်တက်ကာ လည်ပင်းကြိုးကွင်းဆွဲလျက် သေဆုံးနေမှုကြောင့် လမ်းမတော် ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၅/ ၂၀၁၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များနှင့်အတူ ဇွန်လ ၁၉ ရက်နေ့တွင် သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာတွင် ဦးမြင့်ဦး(၃၇ နှစ်) သန်လျင်မြို့နယ်နေသူမှာ ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေးကိစ္စ စကားများရာမှ ကြိုးဆွဲချ သေဆုံးသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
ဇွန်လ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဆိပ်ကြီးခနောင်တို ဆမာဒူးဝါးအပိုင်း ၄ ရပ်ကွက်နေ ဦးသိန်းဦး (၄၀ နှစ်)မှာ အရက် အလွန်အကျွံ သောက်သုံးသဖြင့် မိန်းမနှင့်စကားများပြီး နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် ကြိုးဆွဲချ သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
ဇွန်လ ၂၂ ရက်နေ့ နံနက် ၈း၁၅ နာရီအချိန်ကလည်း သုံးခွ မြို့ ၇ ရပ်ကွက်တွင်နေထိုင်သူ ကိုမြင့်ဇော်ဦး (၂၆ နှစ်) မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် ဇနီးဖြစ်သူ ဟင်းချက်မထားသည့်ကိစ္စဖြင့် တစ်ယောက်တစ်ခွန်းအပြန် အလှန်စကားများကြပြီး ဇနီးဖြစ်သူ နှင့်ကလေးနှစ်ဦးမှာ နေအိမ်မှထွက်သွားသဖြင့် တစ်ဦးတည်းရှိနေစဉ် ကြိုးဆွဲချသေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဇွန်လ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မှော်ဘီမြို့နယ် ကြက်ဖြူကန်ကျေးရွာနေ ကိုနန္ဒာဝင်းလွင်(၂၅နှစ်)မှာ အရက် အလွန်အကျွံ သောက်သုံးပြီး ကြိုးဆွဲချသေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ သေဆုံးသူမှာ စိတ်မူမမှန်သူတစ်ဦးလည်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ဆင်းရဲတဲ့သူတွေ  အခမဲ့ ဆေးကုသခွင့် (ဒါမှမဟုတ်) အခမဲ့ဆေးရုံတွေအတွက် ပရဟိတ လုပ်ငန်းတွေ လုပ်သင့်နေပြီ။

ဘကြီးသက်
Unknown at 10:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

VOA-BBC-RFA-DVB ကို အရေးယူရန် တောင်းဆို




From : ခိုင်အောင်ကျော် ( နယူးယောက် )

ဇွန်လ-၂၅-ရက်နေ့ က အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို အာမခံပေးလိုက်တယ်ဆိုတဲ
့သတင်းကြားလိုက်ရတယ် ။ ပုဒ်မ္မ-၅၀၅ ( ခ ) နဲ့ စွဲဆိုပြီး ပုဇွန်တောင်မြို
့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးနေတာဖြစ်တယ် ။ ဒီအမှူဟာ အာမခံမပေးသင့်တဲ
့အမှုမို့ လို့  အနည်းဆုံး ထောင်(၂ ) နှစ် ကျခံနိုင်တယ်လို့  ဥပဒေမှာ
ဖေါ်ပြထားတယ် ။ လျှပ်တစ်ပြက်ဂျာနယ်မှာ နိုင်ငံပိုင်သတင်းစာများက ဖေါ်ပြခဲ
့တဲ့  မွတ်ဆလင်ကုလားလို့  သုံးနုံးခဲ့ တာရယ်နဲ့  မည်သူ့ တွင်တာဝန် ရှိသလဲ
ဆိုတဲ့  မျက်နှာဖုံးနဲ့  ကျောက်နီမော်ကျေးရွာက သတ်ဖြတ်ခံရတဲ့ 
မသီတာထွေးဓါတ်ပုံကို ထည့်သွင်းဖေါ်ပြခဲ့ လို့ ဒါဟာ ဆူပူမှူကို
ဖြစ်ပေါ်စေတယ်ဆိုပြီး ဂျာနယ်ထုတ်ဝေခွင့်ကို ပိတ်ပြီး အယ်ဒီတာချုပ်
ဦးမြတ်ခိုင်ကို တရားစွဲဆိုတဲ့ အမှုဖြစ်တယ် ။အာမခံရရှိစေဖို့ 
ရှေ့နေလဲဖြစ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့  ဦးသိန်းညွန့် က
အာမခံလျှေက်ခဲ့ လို့  အိမ်ပေါင်မြေပေါင်ပြီး အာမခံရခဲ့ တယ်လို့ သိရပါတယ်
။ ဇွန်လ ( ၂၉ ) ရက်နေ့ မှာ ပြန်ပြီးတော့ ရုံးတက်ရအုံးမယ်လို့ သိရတယ် ။
ဒီတော့ခါ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာဦးမြတ်ခိုင်က ဂျာနယ်မှာ
မွတ်ဆလင်ကုလားလို့  သုံးခဲ့ တာကို ဖေါ်ပြခဲ့ တာဟာ နိုင်ငံတော်သတင်းစာက
သုံးစွဲခဲ့ တဲ့  အတိုင်းဘဲ သုံးစွဲဖေါ်ပြတာဖြစ်တယ် ။ ပြီးတော့
မွတ်ဆလင်ကုလားကို ရခိုင်ပြည်နယ်မှာ စကားပြောတတ်တဲ့ ခလေးကစ သေခါနီး
သေအံ့မူးမူး ဖြစ်နေတဲ့  အဘိုးကြီးတွေဟာ ကုလားကို ကုလားလို့  ပြောဆိုကြတယ်
။ မြန်မာနိုင်ငံမှာလဲ အစ္စလမ်ဘာသာကိုးကွယ်တဲ့  ကုလားကို ကုလားလို
့ခေါ်ကြတာ နုတ်ကျိုးလို့ လျှာတောင် ခေါက်ရိုးကျိုးကုန်ကြပြီ ။
ဒီအကြောင်းနဲ့ တော့ ပြစ်မှုဆိုင်ရာအရ ဘယ်လိုမှ ဦးမြတ်ခိုင်ကို
ပြစ်ဒဏ်အဖြစ် မသတ်ရဘူးလို့ ထင်တယ် ။ သတ်မှတ်ခဲ့ ရင်တော့ ပြောစရာတွေ
တပုံကြီး ဖြစ်လာမှာပါဘဲ ။ နောက်တချက်က ရမ်းဗြဲမြို့ နယ်က
မသီတာထွေးဓါတ်ပုံကို ဖေါ်ပြရာမှာ ဆူပူမှုဖြစ်စေရန် လှုံ့ ဆော်သည်ဆိုကာ
ဂျာနယ်ထုတ်ဝေခွင့် ပိတ်ပင်ပြီး ဦးမြတ်ခိုင်ကို တရားစွဲဆိုတာကလဲဘဲ
ဘယ်လိုမှ ခိုင်လုံတဲ့  အကြောင်းအရာမဟုတ်ဘူး ။
နိုင်ငံတကာမှာ သတင်းဓါတ်ပုံတွေ ဖေါ်ပြနေကြတာကို တွေ့ မြင်နေကြတာဟာ
သွေးရဲသံရဲတင်မကပါဘူး ။ ကြိုးစွဲချ သတ်ဖြတ်ခံခဲ့ ရတဲ့  ဆက်ဒမ်ဟူစိန် ။
အိပ်ခန်းထဲမှာ ပိုးစိုးပက်စက် သေဆုံးနေတဲ့ တာလီဘန်ခေါင်းဆောင်
အူစမာဘီလာဒင် ၊ လမ်းဘေးမြောင်းထဲမှာ ဖမ်းခံထိပြီး လူအုပ်က သတ်ဖြတ်တာ
ခံလိုက်ရတဲ့ လစ်ဗျားခေါင်းဆောင် ကဒါဖီတို့ ကို ကြည့်ရင် သိသာနိုင်ပါတယ် ။
ဒီလူတွေရဲ့  သတင်းဟာ ကမ္ဘာကို ဆူပူမှုဖြစ်စေရုံတင်မက- ကမ္ဘာကြီး တခုလုံး
ချက်ချင်း ညူကလီယားဗုံးတွေ ဖေါက်ခွဲ ပြီး ကမ္ဘာပျက်ကြီးစေမဲ့ 
သတင်းဓါတ်ပုံတွေ ဖြစ်ပါတယ် ။ ဒါပေမဲ့  ဒီဓါတ်ပုံကြောင့် ကမ္ဘာကြီး
ပျက်စီးခဲ့ ပါသလား ။ ကမ္ဘာကြီးက မပျက်စီးခဲ့ တဲ့ အပြင်
အကြမ်းဖက်သမားတွေအတွက်တောင် နေစရာမရှိတဲ့  ကမ္ဘာကြီး ဖြစ်သွားပါတယ် ။
ဒီကနေ့ ခေတ်ဟာ ဂျာနယ်မှာ မဖေါ်ပြခင်ကတည်းက အင်တာနတ်တွေ ဘလော့တွေ
ဝပ်ဆိုက်တွေမှာ တမိနစ်အတွင်း ပြန့် နှံ့ရောက်ရှိသွားတဲ့ ခေတ်ကာလဖြစ်ပါတယ်
။ လျှပ်တစ်ပြက်ဂျာနယ်ဟာ သူများသုံးပြီးသား ဓါတ်ပုံသတင်းတွေကိုသာ
အကိုးအကားနဲ့ တိကျခိုင်လုံစွာ သတင်းအတည်ပြုပြီး ဖေါ်ပြခဲ့ တာဖြစ်တယ် ။
လုပ်ကြံပြီး သတင်းကို အတည်ပြုချက် မယူဘဲ နိုင်ငံတော်ကို
လူဆူလှုပ်ရှားမှုဖြစ်အောင် လှုံ့ ဆော်ဖန်တီးတဲ့ ဂျာနယ်မဟုတ်ဘူးဆိုတာ
ပြောပြချင်တယ် ။ အတည်ပြုချက် မယူဘဲ နိုင်ငံတော်ကို ဆူပူမှုဖြစ်အောင်နဲ့ 
တစစီပြိုကွဲအောင် လုပ်နေတဲ့  ဂျာနယ်တွေ မီဒီယာတွေဟာ
လျှပ်တစ်ပြက်ဂျာနယ်ထက် ဆိုးရွားနေတာရှိတယ် ။
အဲဒီဂျာနယ်တွေကတော့ အခြားမဟုတ်ဘူး ။ ဧရာဝတီဂျာနယ် နဲ့ 
မီဇျိမ္မသတင်းဋ္ဌာန ရယ် ပြီးတော့ မြန်မာပိုင်းအသံလွှင့်ဋ္ဌါနတွေဖြစ်
တဲ့ 
-VOA-RFA-BBC-DVB -တို့ ဖြစ်တယ် ။ တခုချင်း ပြောပြပါ့မယ် ။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိပါဘူး ။ တိုင်းရင်းသားလူမျိုး (
၁၃ ၅ ) မျိုးထဲမှာ မပါပါဘူးလို့  အစိုးရက တာဝန်ရှိဝန်ကြီးတွေ
-ဋ္ဌါနဆိုင်ရာပုဂ္ဂိုလ်တွေ ပြောဆိုထားပြီး ကြေညာထားပြီးဖြစ်တယ် ။ ဒါကို
အတည်ပြုရမှာက ပြည်သူလူထုတရပ်လုံးဖြစ်တယ် ။ ပြည်သူလူထုတရပ်လုံးက ဒါကို
လေးစားလိုက်နာကြတယ် ။ ဒါပေမဲ့ အခုဖေါ်ပြနေတဲ့  ဂျာနယ်တွေ မီဒီယာတွေက
မလေးစား မလိုက်နာသလို အတည်မပြုသလိုနဲ့  ရေးသားဖေါ်ပြ လွှင့်ထုတ်နေသမျှ
အမေ့လင်လို ရိုဟင်ဂျာကို လျှာအရသာခံ စာအရသာခံနဲ့  လုပ်နေကြတယ် ။ သူတို
့တွေကြောင့်လဲဘဲ နိုင်ငံတော်ဟာ ဆူပူမှုတင်မက တစစီပြိုကွဲရမဲ
့အခြေအနေရောက်နေပါပြီ ။ ဒီလိုမီဒီယာတွေက ရေးလာတိုင်း နိုင်ငံရေးသမားတွေက
အင်တာဗျူးတွေ လုပ်လာတိုင်း တခုခုစကားလုံးတလုံးကအစ အလိုမကျ ဖြစ်လာတဲ
့ကြားက ရိုဟင်ဂျာဆိုတဲ့ နာမည်ကို ရေးသားဖေါ်ပြလာပြီဆိုရင်
ရခိုင်လူမျိုးတွေကို သွေးဆူစေတာအမှန်ဖြစ်တယ် ။ အဲဒီနိုင်ငံရေးသမားတွေ
ပါတီတွေကိုပါ စိတ်ဆိုးမန်ဆိုး ဖြစ်လာစေတယ် ။ ဒါဟာ မြန်မာနိုင်ငံကို
တည်ငြိမ်အေးချမ်းအောင် ပြုလုပ်နေတဲ့  ဂျာနယ်တွေ မီဒီယာတွေ မဟုတ်တာထက်
အနာဂါတ်မှာ တစစီပြိုကွဲသွားစေဖို့  လောင်စာတွေဖြစ်နေတယ်ဆိုတာ
အခုသက်သေပြနေပြီဖြစ်တယ် ။
ခုအချိန်မှာ -၈၈- ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို
ရခိုင်လူမျိုးတွေက သူတို့ ရဲ့ ခေါင်းဆောင်သဘွယ် လေးစားချစ်ခင်သွားကြပြီ ။
ဒေါ်အောင်ဆန်းစုကြည်ထက်တောင် လေးစားအားကိုးသွားကြရပြီ ။ တချိန်တည်းမှာ
အစိုးရနဲ့ ကြံဖွံ့ ပါတီကိုပါ လေးစားသွားကြပါပြီ ။ ဒါဟာ ပြည်သူလူထုဖက်က
ရပ်တည်ရင် လူထုတွေဟာ သူတို့ ရဲ့  ယုံကြည်စိတ်ချမှုကို ဖေါ်ပြခြင်းဖြစ်တယ်
။ ဒါ့ကြောင့်မို့ လို့  ပြည်သူလူထုရဲ့  စိတ်အေးချမ်းသာမှုကို ရရှိစေဖို့ 
အစိုးရက ဒီ့ထက်မက လုပ်ပေးဖို့ လိုတယ် ။ အဲဒီလိုဘဲ
ဒေါ်အောင်ဆန်းစုကြည်ပြောသလို နောက်ကွယ်က လှု့ံ ဆော့်သူနဲ့ 
ကြိုးကိုင်သူတွေ ဘယ်လူတွေလဲ ဆိုတာကို ဖေါ်ထုတ်ကြဖို့ 
မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်တွေ ရှိနေတယ် ။ မြန်မာနိုင်ငံကို
ဆူပူမှုဖြစ်အောင် လှုံ့ဆော်ဖန်တီးနေသူများဟာ အခုဖေါ်ပြထားတဲ့ 
ဧရာဝတီဂျာနယ် နဲ့  မိဇျိမ္မဂျာနယ်ဖြစ်တယ် ။ ဒီဂျာနယ်ရဲ
့ရေးသားဖေါ်ပြချက်တွေဟာ ဆူပူမှုကို ဖြစ်စေဖို့  ရခိုင်လူမျိုးတွေကို နေ
့စဉ်သွေးဆူစေတယ် ။ ဒါ့ကြောင့်မို့ လို့  ဒီဂျာနယ် အယ်ဒီတာချုပ်တွေကို
အမြန်ဆုံးအရေးယူရမှာသာဖြစ်တယ် ။ တချိန်တည်းမှာဘဲ အစိုးရက
မြန်မာပိုင်းဆိုင်ရာအသံလွှင့်ေ
နတဲ့  -VOA-BBC-RFA-DVB- တွေကို
ချက်ချင်းတားမြစ်အမိန့် ထုတ်ပြီး မြန်မာနိုင်ငံမှာ မရှိတဲ့ 
ရိုဟင်ဂျာဆိုသောအသံ ကို မကြေညာဖို့  လုပ်ပေးဖို့ လိုတယ် ။ ဒါဟာ
သတင်းရင်းမြစ်အတိအကျကို အတည်ပြုချက်မယူဘဲ လွှင့်ထုတ်ရေးသားလို
့တားမြစ်ခြင်းသာဖြစ်တယ် ။ တကယ်လို့ တားမရဘူးဆိုရင် နိုင်ငံတော်က
တရားစွဲဆိုရမှာဖြစ်တယ် ။ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ်
ဦးမြတ်ခိုင်ကို တရားစွဲဆိုတာဟာ ဘာမှ အဓိပ္ပါယ်မရှိဘူး ။
နိုင်ငံတော်မှာဆူပူမှုဖြစ်သွားေ
စအောင် လှုံ့ ဆော်ဖန်တီး
လုပ်ကြ့ရေးသားသူတွေဟာ သူတို့ ဘဲဖြစ်တယ် ။ တကယ်ဆူပူမှုလုပ်နေဖန်တီးနေတာက
အခုဖေါ်ပြထားတဲ့  ဂျာနယ်တွေ မီဒီယာတွေသာဖြစ်ပါတယ် ။။။။
Myanmar Express

ဘကြီးသက်
Unknown at 9:54 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆွေကြီး မျိုးကြီး


ဘဝမှာ ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်ခဲ့ရတဲ့ ကာလတွေကို တသက်တာမေ့ပျောက်မရနိုင်ပဲ အမှတ်တရ ဖြစ်နေတတ်တာ လူ့သဘာဝပဲ ဖြစ်ပါလိမ့်မယ်။
၁၉၉၈ မှာ ကျနော်နဲ့ဘဝတူ သူငယ်ချင်းတို့ နယ်တပ်ကနေ ရန်ကုန်မြို့ ဗိုလ်တထောင် လင်းစဒေါင်းလမ်းဆုံ အနီးမှာရှိတဲ့ စစ်မင်းသားတပ်ကို အပြောင်းအရွှေ့ပါလာ ခဲ့တယ်။
စစ်မင်းသားလို့ တင်စားလိုက်ရတာက ဝတ်ဆင်ရတဲ့ ယူနီဖောင်းကို အားနာမိလို့ပါ။ စစ်ရုံးမှာ တာဝန်ထမ်းဆောင်ရသူတောင် အဲဒီတပ်က စစ်သည် လောက် ယူနီဖောင်း တောက်ပြောင်မှု မရှိနိုင်ပါဘူး။
နှစ်စဉ် စစ်သည်တဦးကို ယူနီဖောင်းတစုံကျချုပ်ပေးထားတော့ ဘောင်းဘီဖင်ပြဲ အရောင်မွဲအင်္ကျီ ဘယ်သူမှ မဝတ်ကြပါ။ သွားရောက်တာဝန်ထမ်းဆောင်ရတဲ့ နေရာတွေက ဒိတ်ဒိတ်ကြဲ လူပုဂ္ဂိုလ်တွေ တက်ရောက်တဲ့ ထိပ်သီးအခမ်းအနားတွေ၊ ဗီအိုင်ပီလမ်းကြောင်း ရှင်းလင်းရေး တာဝန်တွေ ဆိုတော့ ဝတ်စားဆင်ယင်မှုမှာ အပြစ်ဆိုစရာမရှိအောင် ဂရုစိုက်ကြရတာ။ ကွန်ဘက်ဖိနပ်ကအစ ဦးထုပ်တံဆိပ်အဆုံး ထိရက်ကိုင်ရက်စရာမရှိ တိုက်ချွတ်သန့်စင်ထားရတာ။ ကျနော်တို့လို ရုံးမှာနေရသူတွေတောင် သူများထက်ပိုပြီး ပြောင်ပြောင် ရောင်ရောင် ဝတ်ဆင်ထားရတယ်။
ဒါပေမဲ့ မိသားစုသက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုအပိုင်းမှာတော့ အတော်ကြီးကို ချာတယ်ပြောရမှာပါ။ တနှစ်ပတ်လည်လို့မှ အပိုငွေ တထောင်ပြည့်အောင် မပေးနိုင်တဲ့ တပ်။ စစ်သည်တွေဟာ မိသားစုဝမ်းရေး အတွက် ဖြစ်သလိုရတဲ့နည်းနဲ့ ကျင်လည်ကြရတာ။ သို့ပေမဲ့လည်း အကန့်အသတ်လေး တွေနဲ့။ ရဲဘော် တယောက် ဆိုက္ကားနင်းတာတွေ့ရင် အဆူခံရတယ်ဗျ။ တပ်ဂုဏ်သိက္ခာကျ တယ်တဲ့။
ဒီတော့ လူသူသိပ်မမြင်တဲ့ လုပ်ကွက်လေးတွေ ရှာလုပ်ကြရတယ်။ တချို့က ဓနိတောရုံးနဲ့ ကညနရုံးမှာ ဝန်ဆောင်မှုလုပ်ငန်းလေးတွေ ကိုယ်စားလှယ်လုပ်ကြ။ ကျန်တချို့လည်း အချိန်ပိုင်းအလုပ်တွေနဲ့ ဝမ်းတူးသရီး စတိုးဆိုင် အရောင်းမြှင့်တင်ရေး ကိုယ်စားလှယ်တွေဖြစ်။ ရသမျှအချိန်ပိုလေးတွေကို တန်ဖိုးရှိရှိအသုံးချရင်း လက်ငင်းငွေရစနစ်လေးတွေ ဖန်တီးထားကြရတယ်။
ရန်ကုန်မှာက စားစရိတ်ထက် သွားစရိတ်က ပိုထောင်းတယ်လေ။ တနေ့တနေ့ အသွားအပြန် လမ်းစရိတ် သက်သက်ကိုပဲ ကျပ်ငါးဆယ် ကုန်တာ။ ကိုယ်ရတဲ့လခ ခရီးစရိတ်သာသာဆိုတော့ စားစရိတ်အတွက် တပ်က ပေးတဲ့ ရိက္ခာကွက်တိကွတ်ကြားနဲ့ ဝန်ထမ်းဆန်လေးပဲ အိမ်ပြန်ပေးနိုင်တယ်။ ဟင်းလျာအတွက် အိမ်က မိန်းမ စက်ချုပ်၊ ဈေးရောင်း။
နယ်မှာတုန်းက ခရီးစရိတ်၊ အိမ်ငှားစရိတ်မရှိ။ စားဖို့အတွက်လည်း ဟောင်ကောင်မှာ ပင်လယ်စာပေါတယ်။ ပြီးတော့ အိမ်နောက်ဖေး ဈေးဆိုင်တည် (မတည်ချင်လည်းတည်) ၁၀ မျိုး ၁၀ ဘောင်စိုက်ခင်းလေးတွေနဲ့ ဆိုတော့ တလ တလ အပိုငွေမရှိလှပေမယ့်။ ပူပူပင်ပင် မနေရ။
ဒါပေမဲ့ အနေကြာတော့ ပင်လယ်အော်သံကို နားခါးလာတယ်။ ခြေကျင်တလှည့် ကုန်းကြောင်းတလှည့် ရွေ့နေရတာကို ငြီးငွေ့လာတယ်။ မြို့မှာဆို အပို အလုပ်တခု လုပ်ရင်အဆင်ပြေနိုင်ပါတယ် ဆိုတဲ့အတွေးနဲ့ ၄ နှစ်အကြာမှာ ပြောင်းရွှေ့ခွင့်တင်လိုက်တာ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရင်း နှဲခွက်ကြီးတက်နင်းမိတဲ့ ကိန်းဆိုက်ပါ လေရောပဲ။
ရန်ကုန်ရောက်ခါစမှာ အတော့်ကို ဒုက္ခရောက်တာဗျ။ တခါတလေ သူငယ်ချင်း နှစ်ယောက်သား ငွေငါးဆယ်ကျပ်တန် တရွက်ကို တဝက်စီခွဲပြီး အိမ်ပြန်လမ်းစရိတ်လုပ်ကြရတာ။ လင်းစဒေါင်းကနေ မြို့ထဲကို ကားခငါးကျပ်၊ မြို့ထဲကနေ ကိုယ်နေတဲ့ ရပ်ကွက်အထိ နှစ်ဆယ်ကျပ် ကွက်တိပဲ။ ကိုယ်စီးတဲ့ကား လမ်းမှာ တစုံတရာဖြစ်ပြီဆိုလို့ကတော့ လမ်းလျှောက် ပြန်ရပြီသာမှတ်။
ကျနော်တို့နှစ်ယောက် ဟိုနေရာရောက် ဒီနေရာရောက် ချောင်းပေါက်အောင် အလုပ်လိုက်ရှာ ပေမဲ့လည်း လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် အဖြစ်နဲ့သာ အချိန်ကုန်လူပမ်း ဖြစ်ခဲ့ရတယ်။ နောက်ဆုံး ကံကောင်း ထောက်မစွာ ဝမ်းတူးသရီး လက်ခွဲဆိုင်လေးရဲ့ အရောင်းမြှင့်တင်ရေးဝန်ထမ်း အလုပ်လေးရခဲ့တယ်။ ကျနော်က ဆိုင်အတွက် လိုအပ်တဲ့ ပရိုမိုးရှင်းပြည့်မီအောင်လုပ်မပေးနိုင်လို့ စောစောစီးစီး အလုပ်အနားပေးခံလိုက်ရပြီး သူငယ်ချင်း ဖြစ်သူကတော့ ဆက်အဆင်ပြေနေလေရဲ့။
ဒါနဲ့ပဲ ရုံးမှာ သူလုပ်ရမယ့်အလုပ်တွေ ကျနော်သိမ်းကြုံးကူလုပ်ပေးရင်း သူကလည်း ကျနော့်ကို တတ်နိုင်သမျှ မုန့်ဖိုးငွေစလေး အနည်းငယ်ခွဲပေးရှာတယ်။ သူပေးတဲ့ငွေကို ကျနော်ယူဖို့ လက်တွန့်နေချိန်မှာ သူက အားပေး စကားတခွန်း ဆိုပြန်သေးတယ်။ “ယူသာယူပါ အကိုရာ... ကျနော်တို့ချင်းက ဘဝတူတွေ.. အေးအတူ ပူထွက်ပြေး ပေါ့ဗျာ... တဲ့။ ညီအကိုသဖွယ် သူငယ်ချင်းကောင်း ပီသပါပေတယ်။
စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်တခုမှာ ကျနော့်သူငယ်ချင်းအိမ်ကို အလည်လိုက်သွားမိတယ်။ သူတို့မြို့က ရန်ကုန် တဘက်ကမ်း ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာ ချစ်ကြိုးသွယ်တဲ့မြို့။ ရုံးပိတ်ရက်ဆိုပေမဲ့ သူကတော့ အလုပ်မအားဘူး ခင်ဗျ။ သူ့ဖောက်သည် ဝယ်ယူအားပေးသူ ကပ်စတန်မာတွေနဲ့ အလုပ်တွေရှုပ်လို့။
ဝယ်သူအလာကျဲသွားလို့ နားချိန်နည်းနည်းရတဲ့အခါ ကျနော်တို့နှစ်ယောက် နီးစပ်ရာ လက်ဘက်ရည်ဆိုင်ကို ချီတက် ကြတယ်။ ဒီတော့မှ လက်ဘက်ရည် ပေါ့ဆိမ့်တခွက်နဲ့ စကားဝိုင်းလေးဖွဲ့နိုင်တာ။
“အကို... ခုန ကျနော့်ဆီမှာလာအားပေးတဲ့ ဘွားတော်ကြီးကို မှတ်မိလား”
“လူတွေက အများကြီး ဘယ်သူ့ကိုပြောတာလဲ ဟ..”
“ဟိုလေ မျက်မှန်ကြီးနဲ့ စီးကရက်သောက်တယ်.. လုံးကြီးပေါက်လှ ဘွားတော်ကြီးလေဗျာ”
“သြော်...အင်း မှတ်မိပြီ”
“အဲဒါ ကျနော်တို့ နံပတ်ဝမ်းကြီးရဲ့ အစ်မတဲ့ ဗျ”
“ဟာ ဟုတ်ပါ့မလားဟ သူတို့အဆင့်နဲ့ ဒီနေရာမှာ ဒီလိုနေပါ့မလား”
“ဟုတ်တယ်အကိုရ သူတို့အဖေက မိန်းမတွေအများကြီးတဲ့... သူတို့နှစ်ဦးက အဖေတူ အမေကွဲမောင်နှမတွေ”
“သြော်... အေး.. ဟုတ်ရင်လည်း ဟုတ်မှာ”
ကျနော့် အတွေးထဲမှာ တခါတုန်းက ကြားဖူးတာလေးနဲ့ တိုက်ဆိုင်ကြည့်မိတယ်။ ကပစ မှာလည်း နံပတ်ဝမ်းကြီး ရဲ့ နှမတဦး ရှိတယ်လို့ ကျနော်ကြားဖူးထားတာ.. သူ့ယောက်ဖ အရာခံဗိုလ် ဆုံးပါးချိန် နံပတ်ဝမ်းကြီး ကိုယ်တိုင် သူ့နှမအိမ်ကို ရောက်လာခဲ့ဖူးတယ် ဆိုပဲ။
ကျနော်ပြောတဲ့ နံပတ်ဝမ်းဆိုတဲ့သူကိုတော့ အားလုံးသိကြမှာပါ။ သူကြီးပြင်းလူလားမြောက်ခဲ့တဲ့ မြို့က “ထီးရိပ်လည်းမခို ထီးရိုးနဲ့လည်းမဝေး” ဆိုတဲ့စကားအတိုင်း အမရပူရ မန္တလေးနေပြည်တော်နဲ့ သိပ်ပြီးအလှမ်း မဝေးလွန်းတဲ့ မြို့အမည်မှာ“ဆည်”ပါတဲ့ မြို့လေးပေါ့။ ဒါကြောင့်လည်း သူ့မိသားစုဟာ နန်းဟန်နန်းသွေး နန်းဓလေ့ကို ထုံမွှမ်းနှစ်သက်လွန်းပြီး ယနေ့တိုင် ကျင့်သုံးနေဆဲလို့ သိရပါတယ်။
ခုနပြောတဲ့ ဘွားတော်ကြီး (သူတို့ရွာကလူတွေအခေါ် မာမီကြီး) ဟာ အနေအထိုင် ဘိုဆန်ပြီး အီးလည်းကောင်း တယ်လို့ လူတွေပြောကြတယ်။ သူက ကိုလိုနီခေတ်နှောင်းပညာရေးမှာ ၁၀ တန်းထိပညာသင်ခဲ့ရတယ်တဲ့။ သူ့ယောက်ျားက ဂျပန်ခေတ်မှာ ဂျပန်စကားပြန်တဦး လို့ဆိုကြတယ်။ အဘွားကြီးက သူနဲ့နံပတ်ဝမ်းကြီး မောင်နှမတော်စပ်တာကို ဘယ်သူ့ကိုမှ စပ်စပ်စုစုပြောမပြဘဲ ခပ်ကင်းကင်းပဲ နေတယ်။
ဒါပေမဲ့ ဘွားတော်ရဲ့သားတယောက်က နည်းနည်းလူရည်လည် လူဝင်ဆံ့တယ်။ နံပတ်ဝမ်းကြီးနဲ့ အချိတ်အဆက်ရဖို့ သူလက်လှမ်းမီသမျှ အဆက်သွယ်တွေကတဆင့် အမေဖြစ်သူမသိအောင် ကျိတ်ကြိုးစား ခဲ့တယ်။ လမ်းကြောင်း နည်းနည်း ချိတ်မိလာတဲ့အခါ သူ့အမေမိသားစု ငယ်ငယ်ကရိုက်ထားတဲ့ဓာတ်ပုံကို နံပတ်ဝမ်းကြီးဆီ အရောက် ပို့လိုက်ပြီး တွေ့ခွင့်တောင်းတဲ့အခါ လူကိုယ်တိုင်တွေ့ခွင့်မရပေမဲ့ ဆွေမျိုးဆက် စာရင်းမှန်ကြောင်း အသိအမှတ် ပြုခြင်း ခံရသတဲ့။
အဲဒီအထောက်အထားရပြီး မကြာမီရက်ပိုင်းအတွင်းမှာဘဲ ဒီပုဂ္ဂိုလ် ကလင်ကလင် ဝန်ကြီးရုံးကို တန်းပြေးတော့ တာပဲ။ ဝန်ကြီးကို စာရွက်လေးထုတ်ပြရုံနဲ့ အမွှေးဆပ်ပြာတုံးလောက်ရှိတဲ့ ဖုန်းနံပတ်တခု သူ့လက်ထဲ ဖတ်ခနဲ ပြုတ်ကျ လာတယ်။ ဒီအချိန်တုန်းက တပ်မတော်ထဲမှာ ဗိုလ်မှူးအဆင့်ရှိသူတွေသာ လျှောက်လွှာတင်နိုင်တဲ့ အခွင့်အရေး တခုပါ။ လူကြီး ပီအက်စ်အိုလုပ်ရတဲ့ ဗိုလ်ကြီးတချို့တော့ ခြွင်းချက်အနေနဲ့ လျှောက်ခွင့်ရှိတယ် ပေါ့ဗျာ။
လက်ကိုင်ဖုန်းရပြီး တလလောက်အထိ ဒီလူ့ခါးကြားမှာ လယ်သာအိတ်လေးနဲ့ ချိတ်ထားတာ တွေ့တွေ့နေကြရ တယ်တဲ့။ နောက်ပိုင်းတော့ ငွေလိုတယ်ဆိုပြီး ထုတ်ရောင်းလိုက်တယ် ဆိုပြန်ရော။ မကြာပါဘူး နောက်တလုံး ထပ်ရပြန် တယ်။ ရှင်ဘုရင်အမျိုးဆိုတော့လည်း တနေ့တမျိုး မရိုးနိုင်တဲ့ အခွင့်အရေးတွေနဲ့ပေါ့ နော။
သူများကောင်းစားတာ မနာလိုလို့ မဟုတ်ရပါဘူးဗျာ။ ကိုယ်တွေမှာ အလုပ်ရှိပါလျက် မလောက်မငဖြစ်နေလို့ မိသားစုတဝမ်းတခါးအတွက် ထောင်နှုတ်ခမ်းနင်းပြီး ကျင်လည်နေရချိန်မှာ ငွေရင်းမပါ ပါးစပ်လေး စိုက်လိုက်ရုံနဲ့ သိန်းဆယ်ဂဏန်းချီတဲ့ ငွေပမာဏကို အလွယ်တကူ ရယူနိုင်တဲ့ ဆွေကြီးမျိုးကြီး မိသားစုအကြောင်း တွေ့မြင် ကြားသိခဲ့ရတာလေး ရင်ဖွင့်ချင်တာ သက်သက်ပါ။
သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေ....
ကျနော်...

နေမင်းသူ
၁-၇-၂၀၁၀

ဘကြီးသက်
Unknown at 9:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Elite မှ အရာရှိတဦး ဝန်ထမ်းတစ်ဦးအား ကိုယ်ထိလက်ရောက် ပါးရိုက်စော်ကားခြင်း

FTTX Department မှ S.E.E အဆင့်ရှိ လူကြီးတစ်ဦးမှ လက်အောက် ဝန်ထမ်းများအား မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုတိုင်းထွာပြီး ဝန်ထမ်းတစ်ဦးအား ကိုယ်ထိလက်ရောက် ပါးရိုက်စော်ကားခြင်း။

FTTX Department မှ Head Dep: S.E.E အဆင့်ရှိ ဦးဥာဏ်ဝင်း ဆိုသူသည် လကုန်ရက်(၂၉.၆.၂၀၁၂)နေ့တွင်အစည်းအဝေးရှိသည်ဟုဆိုကာ Department မှ ဝန်ထမ်းများအားလုံးနီးပါးကို ခေါ်ယူကာ အဆိုပါဝန်ထမ်းအား ကျန်ဝန်ထမ်းများအားလုံးရှေ့တွင် မိုက်ရိုင်းစွာ ဆဲဆိုတိုင်းထွာပြီး အရှက်တကွဲဖြစ်အောင် ကိုယ်ထိလက်ရောက် ပါးရိုက်စော်ကားခဲ့ခြင်းဖြစ်သည်။


အဆိုပါဝန်ထမ်းအား ရည်ရွယ်ချက်ရှိရှိဖြင့် သူ၏အနားတွင်ခေါ်ယူထိုင်ခိုင်းပြီး ကိုယ်ထိလက်ရောက်စော်ကားခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဆဲကာလတွင် ယခုကဲ့သို့ဖြစ်ရပ်မျိုးသည် လက်ခံနိုင်သောဖြစ်ရပ်မျိုးလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ အဆိုပါကိစ္စကို Elite မှတာဝန်ရှိသူများက မည်ကဲ့သို့ဆုံးဖြတ်မည်ကို ဝန်ထမ်းများအားလုံး စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြကြောင်း Elite မှ ၀န်ထမ်းတဦးက Myanmar News Now ကို ပြောပြပါသည်။



ဘကြီးသက်
Unknown at 9:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယနေ့ စစ်တွေမြို့  မင်းဂံရွာကို ဘင်္ဂလီအင်းအား(၂၀၀၀)ခန့် ဝိုင်းရံထား


အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ်
စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂၀၁၂)ရက် နံနက် (၁၁)နာရီဝန်းကျင်တွင် ဘင်္ဂလီ
ရိုဟင်ဂျာ အင်အား(၂၀၀၀)ကျော်ခန့်(ပ)ပုံစံ ဖြင့် ၀န်းရံထားလုံခြုံရေးအင်အား(၂၅၀)မျှသာရှိ
ကြောင်း Myanmar News Now မှ သတင်းရရှိပါတယ်။

လုံခြုံရေးမှ လူစုခွဲမှုမပြုလုပ်နိုင်ဖြစ်နေပြီး မင်းဂံရွာသားများ လုံခြုံရေးစိုးရိမ်နေကြပါတယ်။

အဆိုပါဖြစ်စဉ်မျိုးကြောင့် ရခိုင်ဒေသ ယခုတိုင်မအေးချမ်းနိုင်ဖြစ်နေရ။

ရခိုင်ပြည်သူများက နိုင်ငံတော်အစိုးရ အနေဖြင့် ဒီထက် ထိရောက်မြန်ဆန်စွာ ပြန်လည် အေးချမ်း

လုံခြုံဖို့ မျှော်လင့်နေကြောင်း ရခိုင်ဒေသရောက် မန္တလေးမှ ကူညီရေး အသင်းသားများ
တွေ့ရှိခဲ့ကြောင်း Myanmar News Now ကိုပြောပါတယ်။

(၂၉၊၆၊၂၀၁၂)ရက်နေ့ ကလည်း အဆိုပါရွာအတွင်းသို့ ရိုဟင်ဂျာ(၅)ဦးက စစ်ဝတ်စုံဖြင့်အယောင်ဆောင်

ကာဝင်ရောက်လာတာကြောင့်  ကျေးရွာလုံခြုံရေးမှ လိုက်လံဖမ်းဆီးရာ တစ်ဦးမိပြီး စစ်ဆေးရာမှ လွတ်သွားသူ
(၄)ဦးမှာလည်း ဘင်္ဂလီရိုဟင်ဂျာများဖြစ်ကြောင်းသိရှိရပါတယ်။

ဘကြီးသက်
Unknown at 9:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Myanmar ကို ဘယ်သူ တကယ်ဂုဏ်ဖျက်နေသလဲ...... (အမ် ၀ိုမ် အေ အမ် အမ် အေ အာ)




 

ကျွန်တော်တို့အပါအ၀င် လူငယ်အများစုက မြန်မာဟုသော အမည်နာမ Myanmar ဟုသောအသုံးအနှုန်းကို လက်ခံထားကြသည်..။ တချို့က တန်ဘိုးထားကြသည်။


သို့သော် ..စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သော မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်၏ ကုမဏီခွဲ Myanmar Brewery Ltd က ကိုယ့်နိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေပါ နိုင်ငံတော်၏ တရားဝင်အမည်ကို အရက်သေစာတစ်ခုအမည်အဖြစ် တိုက်ရိုက်ကူးယူအပြီး မြန်မာတိုင်းရင်းသား အမျိုးသမီးငယ်များဖြင့် ကြော်ငြာအသုံးပြုနေသည်.။

မိမိနိုင်ငံ၏ အမည်ကို တန်ဘိုးမထားပဲ အရက်သေစာတစ်ခု၏ အမည်အဖြစ် အသုံးပြုနေသော တပ်မတော်ပိုင် စီးပွားရေးဦးပိုင်ကုမဏီအား .. အခု Myanmar ဟုသော အသုံးအနှုန်းအား အရမ်းအရမ်းတန်ဘိုးထားပြသူများ၊ Myanmar မှ Myanmar ဟု အွန်လိုင်းတွင် အော်နေသူများက အဘယ့်ကြောင့် မကန့်ကွက်ကြသနည်း..။
အစိုးရအဖွဲ့အစည်း အဆင့်ဆင့်ကလည်း အဘယ့်ကြောင့် မသိချင်ယောင်ဆောင်နေကြသနည်း..။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာခေါင်းဆောင်များကြားတွင် Burma ဟု သုံးလိုက်တော့ အားလုံးက နာတတ်ကြသည်..။ သတင်းစာမှ ကြေညာချက်ပင်ထုတ်သည်။ သို့သော် ..ယခု နှစ်ပေါင်း ကြာရှည်စွာ ဘီယာတစ်ဗူးအပေါ်တွင် နိုင်ငံတော်အမည်အား အလွဲသုံးစားပြုလုပ်နေသော ထိုကိစ္စရပ်ကြီးကိုတော့ မည်သူမျှ တရားဝင် မဆွေးနွေးသလို သတင်းစာမှလည်း မည်သည့်ကြေညာချက်မှ မထုတ်ပါ..။

ကမ္ဘာပေါ်တွင် မိမိနိုင်ငံ၏ တရားဝင်အမည်ကို တိုက်ရိုက်သုံးကာ အရက်သေစာထုတ်လုပ်သော နိုင်ငံ မည်သည့်နိုင်ငံမှ မရှိပါ..။ မြန်မာနိုင်ငံတွင် ထိုသို့ လုပ်လို့ရသည်ဟု အခြေခံဥပဒေက ခွင့်ပြုထားသလော..။ ကမ္ဘာ့အလယ်တွင် မျက်နှာရနေသလော..။ ဂုဏ်တက်နေသလော..။ ဒါမှမဟုတ် ဦးပိုင်သည် အခွင့်ထူးခံလော..။

အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံအချို့၏ အနှိပ်ခန်းများ နိုက်ကလပ်များနှင့် ဘားများတွင် Myanmar ဟုသောအမည်သည် အရသာရှိစွာကျော်စောနေတာတော့သေချာသည်..။ Myanmar Beer သည် Export ပြုလုပ်ပါသည်..။ ဆုတံဆိပ်များစွာ ရရှိနေပါသည်။

ထိုကဲ့သို့ ဦးပိုင်လီမိတက်မှ Myanmar ဟုသောဝေါဟာရအား
အညှီနံ့သင်းကာ ကျော်စောစေခြင်းကို အစိုးရနဲ့ အခြေခံဥပဒေက လက်ခံသလားဆိုတာကိုတော့ ကျွန်တော် နားမလည်တော့ပါ..။

 


ကဲပြော ...........


 


ဒီတော့ Myanmar ကို ဘယ်သူ တကယ်ဂုဏ်ဖျက်နေသလဲ......


ဘကြီးသက်
Unknown at 9:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခန့်အပ်မှု ဆီးနိတ်အတည်ပြု


Derek Mitchell
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) အဆိုပြုထားသူ ဒဲရက်မစ်ချဲလ် (Derek Mitchell) ကို အထက်လွှတ်တော်က အတည်ပြု ထောက်ခံလိုက်ပါပြီ။ သောကြာနေ့က အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာ ဖြစ်တဲ့အတွက် မစ္စတာ မစ်ချဲလ် ဟာ ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဖြစ်လာတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ ညှိနှိုင်းရေးမှုးနဲ့ အမေရိကန်သမ္မတရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် တာဝန်ယူခဲ့ရသူ ဒဲရက်မစ်ချဲလ်ဟာ သူရဲ့တာဝန်တွေကို အထူး ကျေပွန်အောင် ထမ်းဆောင်ခဲ့သူတယောက် ဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံတွေက ဒေသတွင်းအမေရိကန်ရဲ့ အကျိုးစီးပွားကို တိုးမြှင့်နိုင်မယ်လို့ ယုံကြည်ကြောင်း အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပက်ပလီကန် အမတ် မစ်ခ်ျမက်ကောနဲလ် (Mitch McConnell) က ပြောပါတယ်။

မစ္စတာ မစ်ချဲလ်ကို သံမတ်အဖြစ် ခန့်သင့် မသင့်ကို ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ စစ်ဆေးကြားနာခဲ့စဉ်တုန်းက မစ္စတာ မစ်ချဲလ် က မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကြား ထိတွေ့ဆက်ဆံရေး မူဝါဒဟာ အကျိုးဖြစ်ထွန်းပြီး ဒီထက်ပို ရှေ့ဆက် လုပ်ဆောင်ဖို့ လိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရဟာ အပြောင်းအလဲတွေ လုပ်ဖို့ သန္နိဌာန်ချထားကြတယ် ဆိုတာ ယုံကြည်တယ်လို့လည်း ကြားနာပွဲမှာ သူက ပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် လူထု အုံကြွမှုကြီးကို စစ်တပ်က ရက်ရက်စက်စက် နှိမ်နှင်းခဲ့တာကြောင့်ရော၊ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲ မပေးတာကြောင့်ပါ ၁၉၉၀ ခုနှစ်ကတည်းက စပြီး အမေရိကန်က မြန်မာနိုင်ငံမှာ သံအမတ်ကြီးအဆင့် ထားရှိမှုကို ရပ်စဲခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်အစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့နောက်ပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) ရဲ့ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိဖို့ ပြန်လည် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

By ဗွီအိုအေ (မြန်မာဌာန)

ဘကြီးသက်
Unknown at 9:03 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.