Sunday, July 1, 2012

Elite မှ အရာရှိတဦး ဝန်ထမ်းတစ်ဦးအား ကိုယ်ထိလက်ရောက် ပါးရိုက်စော်ကားခြင်း

FTTX Department မှ S.E.E အဆင့်ရှိ လူကြီးတစ်ဦးမှ လက်အောက် ဝန်ထမ်းများအား မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုတိုင်းထွာပြီး ဝန်ထမ်းတစ်ဦးအား ကိုယ်ထိလက်ရောက် ပါးရိုက်စော်ကားခြင်း။

FTTX Department မှ Head Dep: S.E.E အဆင့်ရှိ ဦးဥာဏ်ဝင်း ဆိုသူသည် လကုန်ရက်(၂၉.၆.၂၀၁၂)နေ့တွင်အစည်းအဝေးရှိသည်ဟုဆိုကာ Department မှ ဝန်ထမ်းများအားလုံးနီးပါးကို ခေါ်ယူကာ အဆိုပါဝန်ထမ်းအား ကျန်ဝန်ထမ်းများအားလုံးရှေ့တွင် မိုက်ရိုင်းစွာ ဆဲဆိုတိုင်းထွာပြီး အရှက်တကွဲဖြစ်အောင် ကိုယ်ထိလက်ရောက် ပါးရိုက်စော်ကားခဲ့ခြင်းဖြစ်သည်။


အဆိုပါဝန်ထမ်းအား ရည်ရွယ်ချက်ရှိရှိဖြင့် သူ၏အနားတွင်ခေါ်ယူထိုင်ခိုင်းပြီး ကိုယ်ထိလက်ရောက်စော်ကားခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဆဲကာလတွင် ယခုကဲ့သို့ဖြစ်ရပ်မျိုးသည် လက်ခံနိုင်သောဖြစ်ရပ်မျိုးလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ အဆိုပါကိစ္စကို Elite မှတာဝန်ရှိသူများက မည်ကဲ့သို့ဆုံးဖြတ်မည်ကို ဝန်ထမ်းများအားလုံး စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြကြောင်း Elite မှ ၀န်ထမ်းတဦးက Myanmar News Now ကို ပြောပြပါသည်။



ဘကြီးသက်
Unknown at 9:37 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.